တစ်ခေတ်တစ်ချိန်က အောင်မြင်ခဲ့ပြီး ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့ Marry Poppins (1964) ရဲ့ Sequal အဖြစ် အခု ၂၀၁၈ မှာMary Poppins' Return ဆိုပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။
Mary Poppins ဆိုတာ မှော်ဆရာမလေးတစ်ဦး၊ သူဘယ်ကလာလဲ၊ ဘယ်အချိန်ပေါ်လာမလဲ၊ ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။
Mary Poppins' Return အကြောင်းမပြောခင် Mary Poppins (1964) အကြောင်းလေးကနေစပြောမှ ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။
Jane Banks နဲ့ Michael Banks တို့ငယ်ငယ်တုန်းက Mary Poppins က ကလေးထိန်းအဖြစ်နဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။
အဲ့ဒီမောင်နှမနှစ်ယောက် အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊ မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ Mary Poppins ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့် လန်ဒန်မိုးကောင်းကင်ပေါ်ကို ပြန်သွားခဲ့ပါတယ်။
အဲ့အချိန်ကစပြီး Jane နဲ့ Michael တို့နှစ်ယောက် Mary Poppins ကိုပြန်မတွေ့တော့ပါဘူး။
Mary Poppins နဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ အထူးအဆန်းတွေ၊ စွန့်စားခန်းတွေက အိပ်မက်လိုလို စိတ်ကူးယဉ်မှုလိုလိုနဲ့ပဲ ထင်ယောင်ထင်မှားဖြစ်ကျန်ခဲ့ပါတယ်။
အခုဒီ Mary Poppins' Return မှာတော့ ဇာတ်ကားနာမည်အတိုင်းပဲ Mary Poppins ကောင်းကင်ပေါ်က ပြန်ဆင်းလာပါပြီ။
Jane နဲ့ Michael လဲ လူကြီးအရွယ်ရောက်၊ Michael ဆို ကလေးသုံးယောက်တောင်ရနေပါပြီ။
Michael က မိန်းမလဲဆုံးပါးသွားသလိုစီးပွားရေးအကြပ်အတည်းဖြစ်နေတာကြောင့် သူအလုပ်လုပ်တဲ့ဘဏ်မှာပဲ သူ့အိမ်ကို ပေါင်ထားခဲ့ပါတယ်။
ဒါပေမယ့် အတိုးတွေမဆပ်နိုင်ဖြစ်လာတဲ့အခါအိမ်ကို ဘဏ်ကနေ သိမ်းယူတော့မယ့်အခြေအနေမျိုးဖြစ်လာပါတယ်။
အဲ့အချိန်မှာပဲ Mary Poppins ကောင်းကင်ပေါ်ကဆင်းလာပြီးMichael ရဲ့ကလေးသုံးယောက်ကို စောင့်ရှောက်ပေးမယ့် ကလေးထိန်းအဖြစ် ပြန်လာခဲ့ပါတယ်။
ဟိုးအရင်တုန်းကအတိုင်း Banks မိသားစုရဲ့အခက်အခဲတွေကို Mary Poppins တစ်ယောက် ကူညီဖြေရှင်းပေးဖို့အတွက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားက Musical, Comedy, Family, Fantasy အမျိုးအစားဇာတ်ကားဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မိသားစုနဲ့အတူကြည့်လို့ကောင်းမယ့်ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)
File Size : (950 MB) and (400 MB)
Quality : Blu-Ray 720p
Running Time : 2hr 10min
Format : Mp4
Genre : Comedy, Family, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-DRONES
Translated by Hein Min Tun
Encoded by Thanhtike Zaw
Drama
6.5
2018
131 mins