YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hightown.S03E04.1080p.AMZN.WEB-DL[CM].mp4

1.32 GB N/A video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
The People vs. Larry Flynt
7

တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ဖလန့်ရဲ့ ဘဝထဲက ဆယ်စုနှစ် ၃ ခုအတွင်းကြုံတွေ့ခဲ့ရတဲ့ ဆူကြုံအနိမ့်အမြင့်တွေ ၊ မဖိတ်ခေါ်ဘဲရောက်လာခဲ့တဲ့ အရှုပ်အထွေးတွေ ၊ ကိုယ်တိုင်သွားရှာလာခဲ့တဲ့ပြဿနာတွေ အားလုံးကို ခံစားချက်ရသမျိုးစုံနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ လယ်ရီဟာ သူမှန်တယ်ထင်တာကို တဇွတ်ထိုးလုပ်ရင်းနဲ့ လူတွေရဲ့ လိင်စိတ်ကူးယဥ်မှုဆိုင်ရာလွတ်လပ်ခွင့်အတွက် တိုက်ခိုက်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီခေတ်အခါက လယ်ရီဖလန့်ဟာ ဘုန်းတော်ကြီး ဂျယ်ရီဖာဝဲလ်ကို သရော်စာရေးခဲ့ပြီး ဗဟိုတရားရုံးအထိ တရားရင်ဆိုင်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်သာ ယခုလက်ရှိကာလရဲ့ အပြာဝက်ဆိုဒ်တွေမှာ အပြာမင်းသားတွေ ဆန်တာကလော့ဒ်ဝတ်စုံကြီးနဲ့ တူနယ်တန့်နယ်နေတာမျိုးကို လွတ်လပ်စွာ ကြည့်ရှုခွင့်ရနိုင်နေတာပါ။ ဒီနိုင်ငံမှာသာ အထင်ကရနတ်မင်းတစ်ပါးရဲ့ ဝတ်စုံဝတ်ပြီး အပြာကားရိုက်မိရင် ရိုက်တဲ့ကောင်ဟာလည်း မစ္စတာ လယ်ရီဖလန့်လိုပဲ ၇ ညအိပ် ၈ ရက် ချားကီးမိပြီး ဂျေးအောင်းမှာပါ။ ဒီတော့ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများ လွတ်လပ်စွာကြည့်ရှုခွင့် ရရှိရေး စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့တဲ့ မစ္စတာ လယ်ရီ ဖလန့်ရဲ့ ဘဝအကြောင်းကို စေ့စေ့ငုံငုံ ရိုက်ပြထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး။ File size…(2.63GB)  / (1.24GB) / (974MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Horror
7 1996 130 mins
The People vs. Larry Flynt
Homecoming

Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။ အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.34GB | 660MB | 304MB Format… mp4 Duration….1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Action • Comedy • Drama • Romance
0 2019 93 mins
Homecoming
Nenjuku Needhi
7.5

“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ” ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ၂ ဦးကို သေဆုံးလျက် တွေ့ရပြီး နောက်ကျန်တဲ့တစ်ဦးကိုတော့ သဲလွန်စ အစတောင် ရှာမရဘဲ ဖြစ်နေပါတယ်။ အာဒီတီဟာ လူ့အခွင့်အရေးအတွက် ဆောင်းပါးတွေရေးတဲ့ အိန္ဒိယအမျိုးသမီးလူငယ်ဖြစ်ပါတယ်။ ဗီဂျာယာရာဂါဗန်ရဲ့ ချစ်ဇနီးဖြစ်ပြီး ဇာတ်နိမ့်အမျိုးသမီး သုံးဦးအမှုမှာ လူ့အခွင့်အရေးအတွက် ရပ်တည်သူပီပီ အမှုမှန်ပေါ်ပေါက်ဖို့အရေး အစွမ်းကုန် ဗီဂျာယာရာဂါဗန်ကို ကူညီပေးမှာ အသေအချာပါပဲ။ ကူမာရန်ကတော့ ဇာတ်နိမ့်လူတန်းစားရဲ့ ခေါင်းဆောင်ဖြစ်ပြီး Revolution ကို ဦးဆောင်နေသူပါ။ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်သုံးဦးထဲမှာ သူ့ရဲ့ ညီမ ပါဝင်တာမို့ ယူကျုံးမရဖြစ်ပြီး ဒီအမှုကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီအမှုက ရိုးရှင်းရဲ့လား…? နောက်ကွယ်မှာ ဘာတွေ ပါဝင်ပတ်သက်နေဦးမလဲ…? တွေးခေါ်စရာတွေ ငြင်းခုန်စရာတွေ အပြည်နဲ့ “ငါရော လူသားဆန်ရဲ့လား” ဆိုတဲ့ အဖြေကို ဖြေကြည့်ဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကြည့်ရှုပြီးရင်တော့ အတွေးအခေါ်ကို တိုးတက်စေမှာ အသေအချာပါပဲ။ File size…1.9GB  / 1GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Kham Mon & OeliuJ & Sora

7.5 2022 140 mins
Nenjuku Needhi
Funny People
5.9

လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊ စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။ အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလို ဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက "ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။ တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့် ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့............... ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။ အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ review ကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။ File Size :(4.05 GB) (1.4 GB) and (445 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:26:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Horror
5.9 2009 146 mins
Funny People
Wolf Creek
6.5

Wolf Creek ========== ဒီဇာတ်ကားဟာ ၁၉၉၉ ခုနှစ် ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု ၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသော လူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကို အခြေတည်ပြီးတော့ ပျောက်ဆုံးသွားတဲ့သူတွေက ဘယ်လိုတွေပျောက်ဆုံးခဲ့လဲဆိုတာကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာကြောင့် horror/thriller ကြိုက်သူတွေ အနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘန်၊ ခရစ်စတီ နဲ့ လစ်ဇီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဥက္ခာခဲကျရောက်ခဲ့တဲ့နေရာကို အပျော်ခရီးအနေနဲ့ လာခဲ့ကြပါတယ်။ အလာမှာ ချောချောချူချူ ရောက်ခဲ့ကြပေမယ့် ပြန်ဖို့ပြင်တဲ့အချိန်မှာ ကားစက်နှိုးလို့မရဖြစ်နေခဲ့ပါတယ်။ သူတို့တွေလည်း အဲဒီညကို ကားပေါ်တင်အိပ်ပြီး ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာနဲ့ ကုန်တင်ကားတစ်စီးက သူတို့နားကို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ ဘေးကင်းပြီလို့ ထင်ခဲ့ကြပေမယ့် သူတို့ဆီကို မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်တစ်ခု ရောက်လာခဲ့တဲ့အခါ ဘယ်သူတွေကလွတ်မြောက်သွားကြမလဲ အကုန်လုံးကရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 3.76 GB ) and ( 1.26 GB) Quality : BluRay 1080p , 720p Running Time : 1hr 39min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jaka Encoded by Min Wai

Action • Adventure • Science Fiction
6.5 2005 104 mins
Wolf Creek
The Cake Dynasty

ကိုယ်ကျရှုံးနေချိန် ၊ အနီးဆုံးလူတွေနဲ့ တဖြည်းဖြည်းဝေးကွာလာတယ်လို့ခံစားရချိန်၊ မသွားသင့်တဲ့ထွက်ပေါက်တစ်ခုဆီသွားဖို့ကြံနေချိန် အနားရောက်လာပြီးကယ်တင်ဖေးမပေးသူနဲ့ကြုံတဲ့အခိုက်အတန့်…. ဒိန်းမတ်နိုင်ငံထုတ် ဒီဇာတ်ကားလေးမှာ အရှုံးပေါ်ခါနီးစက်ရုံပိုင်ရှင်ဖြစ်တဲ့ နီရယ်လ်ရဲ့ဘဝအဆုံးသတ်ခါနီးမှာပေါ်လာတဲ့ကယ်တင်ရှင်မွတ်စလင်အမျိုးသမီးဇိုင်နတ်….. အမျိုးသားဖြစ်သူစိတ်ဓာတ်ကျနေတာမကြည့်ရက်လို့ အဲလ်စ် ကအဝေးရောက်စီးပွါးရေးကျောင်းဆင်း သမီးလေးဂျွန့်ကိုပြန်လာခိုင်းပြီးလုပ်ငန်းကိုဝင်စီမံစေပါတယ်။ တနေ့ထက်တနေ့ပိုနီးစပ်လာတဲ့ နီရယ်လ်နဲ့ ဇိုင်နတ်တို့နှစ်ဦး တားမြစ်ထားတဲ့ဘောင်ကျော်လွန်လာချိန်မှာတော့ သူတို့နှစ်ဦးနဲ့ အဲလ်စ်တို့ဘယ်လိုကျော်ဖြတ်ကြမလဲ၊ ဒီဇာတ်ကားက သာမာန်အချစ်ဇာတ်လမ်းထက်ပိုပါတယ်။ အဝလွန်ရောဂါအကြောင်း၊ စိတ်ဓာတ်ကျမှု၊ဘာသာရေးလူမျိူးရေးခွဲခြားပုံတွေ၊ ဘာသာပြောင်းလဲခံယူမှု သက်ဝင်ယုံကြည်ပုံတွေ၊နိုင်ငံခြားဒုက္ခသည်တို့ရဲ့ဘဝမျိုးစုံတို့ကို တဖဲ့စီ တဖဲ့စီပေါင်းထည့်ပေးထားတာမို့ သုတရသစုံနေမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2022
The Cake Dynasty
Detective Karthik
6.8

Detective Karthik 2023 (စုံထောက်ကြီးကာသစ်) Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb – 6.9 ရထားတဲ့ စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။ တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့ အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။ သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းက ကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက် ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့ အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ… တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက် မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023
Detective Karthik
Night of the Missing

Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာ ရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကို အပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။ စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီး တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာ တစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။ မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့ တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့် သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။ သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့် စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူက သူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ အချက်ပေးခံရသူတစ်ဦးဖြစ်ပါတယ်။ မုန်တိုင်းထန်နေတဲ့ ညကြီးအချိန်မတော် စခန်းကိုလာပြီး စစ်ချက်လာယူရတဲ့ ရဲမှူးဟာ သဘာဝလွန် ဇာတ်လမ်းတစ်ခုပြီးတစ်ခု မရပ်မနားထိုင်ပြောနေတဲ့ အမျိုးသမီးကို သည်းမခံနိုင်တော့တဲ့အဆုံး အချုပ်ထဲထည့်ဖို့ပြင်ဆင်ခိုက်မှာပဲ လူသေဆုံးမှုတွေရဲ့ နောက်ကွယ်က မထင်မှတ်ထားတဲ့ ကြိုးကိုင်သူကို သိလိုက်ရပါတော့တယ်။ တိုင်ချက်ဖွင့်တဲ့အမျိုးသမီးရဲ့ ဇာတ်လမ်းတွေဟာ အမှန်တွေဖြစ်နိုင်ပါ့မလား.. သူပြောသလို သဘာဝလွန်ဖြစ်ရပ်တွေကြောင့်ပဲ လူပျောက်သေဆုံးမှုတွေ ဖြစ်ခဲ့တာလား.. ကွယ်လွန်ပြီးတဲ့ဝိဉာဉ်တွေက ကျန်ရစ်သူတွေကို လာသတင်းပေးတယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား.. တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဘယ်လိုလူမို့လို့ ပျောက်ဆုံးသူတွေရဲ့အကြောင်းစုံကို သိနေရတာလဲ.. နောက်ကွယ်ကကြိုးကိုင်သူကကော ဘယ်သူဖြစ်မလဲ.. စတာတွေကို ပြသချိန် တစ်နာရီကျော်ကျော်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့လို့ တိုတိုတုတ်တုတ်နဲ့ Horror အမျိုးအစား ရုပ်ရှင်ကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size…888MB / 370MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

0 2023
Night of the Missing
The Wall
6.7

ဆောင်းရာသီအေးနေတဲ့အချိန်မှာ Nobody love meဆိုပြီး အထီးကျန်နေတဲ့ ကောင်ဇိုးလေးတွေအတွက် survival movie လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ခုချိန်မှာ ငါတစ်ယောက်တည်းပါလားလို့ ခံစားနေရသူတွေ ဒီရုပ်ရှင်ထဲက အမျိုးသမီးကြီး ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းညရှည်တွေကို Alpsတောင်တန်းကြားမှာ ဘယ်လိုဖြတ်သန်း ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရင်း inspiration ရပါစေလို့ မျှော်လင့်ရင်းနဲ့…. ဒီရုပ်ရှင်လေးမှာ အပိုင်း ၄ ပိုင်းနဲ့မြင်ရမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းက သူငယ်ချင်း ၃ ယောက်နဲ့ခွေးတစ်ကောင် Alps တောင်တန်းမှာ အမဲလိုက်ခရီးထွက်လာချိန်ပေါ့။ နွေးထွေးတက်ကြွတဲ့သူငယ်ချင်းတစ်စုရဲ့ ပျော်ရွှင်တဲ့ခရီးတစ်ခုနဲ့ အစပျိုးထားပြီး ပြဿနာကတော့ ဟူဂိုနဲ့လူးဝစ်က အနီးနားကရွာက ဘားတစ်ခုကိုအသွားမှာ သူကတော့ခွေးတစ်ကောင်နဲ့ အမဲလိုက် တဲမှာ နေရစ်ခဲ့တာပါပဲ။ မနက်မိုးလင်းချိန်မှာ ဟူဂိုနဲ့လူးဝစ်ပြန်မလာလို့ လိုက်အရှာမှာ လမ်းမှာလူရယ်လို့ တစ်ယောက်မှမတွေ့ရဘဲ တစ်နေရာ အရောက်မှာ ထူးဆန်းပြီးမမြင်ရတဲ့နံရံကြီးက သူ့ကိုတားဆီးထားတယ် ဆိုတာပါပဲ။ ဒီနေရာမှာတော့ ‌ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ ဇာတ်လမ်းရဲ့ ဒုတိယအပိုင်းပေါ့။ ကြောက်လန့်ခြင်းရဲ့အထီးကျန်ခြင်းရဲ့ နောက်ကလိုက်လာ တာကတော့ စိတ်ဓာတ်ကျခြင်းဖြစ်ပြီး နေ့ရောညပါ ရာသီဥတုကတစ်မျိုး အတွေးကတစ်ဖုံနဲ့ အိပ်မရတဲ့ညတွေလည်းဒုနဲ့ဒေးပေါ့။ ရင်မောရတဲ့ နေ့ရက်တွေ ရှင်သန်ချင်စိတ်ကုန်နေတဲ့နေ့ရက်တွေကို ခွေးကလေးရယ် ကြောင်ကလေးရယ် နွားတစ်ကောင်ရယ်နဲ့အတူကုန်ဆုံးနေတဲ့သူ နောက်ဆုံးမှာ Acceptance and Adaptation ဆိုတဲ့အဆင့်ကိုရောက်ဖို့ ဘယ်လိုတွေရုန်းကန်သွားရမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်းနဲ့ အထီးကျန်ဘဝကနေ ရုန်းထွက်ဖို့အင်အားတွေရစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်… File size…981 MB Quality…Blu-Ray 720p Format…mp4 Duration….1h 48m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Horror • Mystery • Thriller
6.7 2012
The Wall
Swamp Thing
5.3

ဇာတ်လမ်းလေးဟာ ၁၉၈၂ ကထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး ယခုခေတ်နဲ့မတူတဲ့ ကင်မရာရှုထောင့်တွေစကားလေသံ အပြောအဆိုတွေနဲ့ ရွံ့ညွန်သဘာဝတောကြီးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ ကျွန်တော်တို့ သက်ရှိမျိုးရိုးဗီဇတွေမှာ လူတွေနဲ့ အပင်တွေဟာ မတူကြပါဘူး။ အဲ့ဒါကို ပေါင်းစပ်ပြီးလူတွေရဲ့ ကောင်းကျိုးအတွက် အသုံးချဖို့ ဒေါက်တာ အဲလက်ဟော်လန်၊ သူ့ရဲ့ညီမဖြစ်သူနဲ့ အခြားအစောင့်အရှောက်တွေဟာ ရွံ့ညွန်တောကြီးတစ်ခုမှာ လျို့ဝှက်ပရောဂျက်အဖြစ် လုပ်ကိုင်နေခဲ့ ကြပါတယ်။ တစ်နေ့မှာသူတို့ရဲ့ အစောင့်တွေထဲကတစ်ယောက် မိကျောင်းကိုက်ခံရလို့ဆိုပြီး ကူပေးဖို့ အေးဂျင့်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲလစ်စ် ကေဘယ်လ်ကို ခေါ်ခဲ့ပါတယ်။ သူရောက်လာပြီးမှ ဖော်မြူလာထုတ်တာ အောင်မြင်သွားပြီး အောင်မြင်တဲ့ညမှာပဲ သူတို့ရဲ့ဖော်မြူလာကို လုယူဖို့အကောက်ကြံနေတဲ့ လူတစ်စုရောက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ မတော်တဆ ဖော်မြူလာဟာ ဒေါက်တာဟော်လန့်ပေါ်ကို လောင်းမိသွားပြီး အပင်နဲ့လူသားစပ် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဆိုတော့ အဲလစ်စ်ကေဘယ်လ် ရောက်လာပြီးမှ ဖော်မြူလာရသွားတာဖြစ်သလို ရရချင်းမှာပဲ တိုက်ခိုက်လုယူခံရတာဆိုတော့ အဲလစ်စ်နဲ့ဘာတွေ ဘယ်လိုပတ်သက်နေမလဲ ဘာတွေဆက်မဖြစ်လဲ ဆိုတာကတော့ ဇာတ်ကားလေးကို ဒေါင်းလုဒ်ကြည့်ရှုရင်း ခံစားအဖြေရှာနိုင်မှာပါခင်ဗျာ။ File size… 1.6 GB / 715 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Horror/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Ko Wunna

5.3 1982
Swamp Thing
Batman: Mystery of the Batwoman
6.6

Batman: Mystery of Batwoman(2003) IMDb: 6.6/10 Rotten Tomatoes: 60% Genre: Animation/Action/Crime Batman: Mystery of Batwoman ဟာ ၂၀၀၃ခုနှစ်ထွက် ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ဘတ်မန်းနဲ့ ရော်ဘင်တို့နှစ်ယောက် ပြဿနာတစ်ခုကြုံနေရပါတယ်။ အဲဒါကတော့ စူပါဟီးရိုးအသစ် ဘတ်ဝူးမန်းပေါ်လာတာဖြစ်ပါတယ်။ သူ(မ)ဟာ ဘာဘရာ(ဘတ်ဂဲလ်) မဟုတ်သလို အရင်ကရှိခဲ့ဖူးတဲ့လူလည်းမဟုတ်ပါဘူး။ လုံးဝကိုအသစ်ဖြစ်ပါတယ်။ နာမည်ကျော်လူဆိုး ပင်ဂွင်း၊ ဒစ်ကမ့်နဲ့ ရူးပတ်သွန်းတို့သုံးယောက်ဟာ ကက်ရှ်နီးယားဒေသအတွက် တရားမဝင်လက်နက်များကိုထုတ်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်းတင်ပို့ခါနီးမှာ အမျိုးသမီး စူပါဟီးရိုးအသစ်တစ်ယောက်က သူတို့ကိုလာတားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါပေါ်လာတဲ့ တစ်ယောက်ကဘယ်သူမှမမြင်ဖူးတဲ့ ဟီးရိုးအသစ်ဖြစ်ပါတယ်။ ဘတ်မန်းနဲ့ရော်ဘင်တို့နှစ်ယောက်တောင် ဘယ်သူမှန်းမသိခဲ့ပါဘူး။ တစ်ဖက်မှာက ပင်ဂွင်းတို့အုပ်စု… တစ်ဖက်မှာက ဘတ်ဝူးမန်း… ဘတ်မန်းတစ်ယောက်ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမှာလဲ။ File size… 1.2 GB / 573 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Animation/Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

6.6 2003
Batman: Mystery of the Batwoman
Chain of Fools
6

Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲ အတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့် ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊ Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲ ဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ် ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန် ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။ Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့ တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့ လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီး Avent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲ ဆိုတာကိုတော့ကြည့်လိုက်ကြပါ။ Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah Wood Kresk အဖြစ်မင်းသား Steve Zahn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size… 1.3 GB / 600 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Action
6 2000 96 mins
Chain of Fools