YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hightown.S03E03.1080p.AMZN.WEB-DL[CM].mp4

1.44 GB 1080p video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Curve
5.7

အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ horror/thriller ဇာတ်ကားကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လက်ထပ်ခါနီး သတို့သမီးလောင်းတစ်ယောက်ဖြစ်တဲ့ မယ်လိုရီဟာ လက်ထပ်ပွဲလုပ်မယ့် ဒန်ဗာမြို့ကို ဆန်ဖရန်စစ်စကိုမြို့ကနေ တစ်ယောက်တည်း ကားမောင်းလာခဲ့ပါတယ်။ မောင်းနေရင်းနဲ့ လမ်းခွဲတစ်ခုကိုရောက်တော့ ‌လင်ကိုစိတ်ကောက်နေတဲ့ မယ်လိုရီက လမ်းအတည့်ကမသွားပဲ တကွေ့တပတ်သွားဖို့ ဆုံးဖြတ်လိုက်ပါ‌တယ်။ လမ်းတစ်၀က်အရောက်မှာ ကားက စက်ထိုးရပ်သွားပြီးတော့ အကူအညီတောင်းဖို့ လူတွေမရှိတဲ့အပြင် ဖုန်းလိုင်းကပါမမိနေတဲ့အတွက် မယ်လိုရီတစ်ယောက်တိုင်ပတ်ပါတော့တယ်။ ဒါပေမယ့် ကံကြမ္မာကပဲ အကြောင်းဖန်လေသလားတော့မသိ၊ ယောက်ျားတစ်ယောက်ဟာ ရုတ်တရက်ဆိုသလို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ဆုံတွေ့ကြတာဟာ ရေစက်တစ်ခုလား။ ကောင်းသောဆုံတွေ့ခြင်းလား။ မြို့တွေရဲ့အဝေးမှာ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာကို ကြည့်ရှုခံစားပြီး လင်ကိုစိတ်ကောက်တာ ကောင်းလားမကောင်းလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှု ဆုံးဖြတ်လိုက်ကြပါခင်ဗျာ။ File Size          : 1.20GB, 535MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & 25mins Genre              : Horror , Thriller Translated by Jaka Encoded by Thit San Khant

Action • Adventure • Fantasy
5.7 2015 86 mins
Curve
RocknRolla
6.9

နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်း ကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။ လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်း အကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက် ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့ တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့် ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေး တစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့ တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက် တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှု တွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့ သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက် တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin

Action • Crime • Thriller
6.9 2008 114 mins
RocknRolla
The Rugrats Movie
5.9

ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ် ၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင် ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည် းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူ လောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲ သူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ် ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီး ဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့…. ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲ ဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကို ပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်

Action • Adventure • Science Fiction
5.9 1998
The Rugrats Movie
Escape from L.A
5.7

ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ် အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ် ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ် အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ် တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ် အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ပလစ်စကင်ကို စေလွှတ်ဖို့ အစိုးရလူတွေက ကြိုးစားပါတော့တယ် စနိတ်ခ်က သွားယူပေးဖို့ စိတ်မဝင်စားတဲ့အခါမှာ သမ္မတက စနိတ်ခ်ရဲ့ကိုယ်ထဲမှာ အာရုံကြောအဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွားစေမယ့် ဗိုင်းရပ်စ်ပိုးရောက်နေကြောင်း ပြောခဲ့ပါတယ် နောက်ပြီး မပျက်စီးခင် အချိန် ၁၀ နာရီရမှာဖြစ်ပြီး အဲဒီအချိန်အတွင်း ပစ္စည်းကိုသွားယူပြီး ပြန်လာမှ ဖြေဆေးထိုးပေးမယ်လို့ အကြပ်ကိုင်ခဲ့ပါတယ် ဒီလိုနဲ့ စနိတ်ခ်လည်း သွားပေးဖို့ သဘောတူလိုက်ရပြီး လက်နက်ကိရိယာအစုံအလင်နဲ့ ဒုစရိုက်မြို့တော် အယ်လ်အေကို ထွက်ခွာခဲ့ပါတယ် သွားယူတဲ့တစ်လျှောက် စနိတ်ခ်ရဲ့ အယ်လ်အေမြို့ထဲမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ သူယူပေးရမယ့် လျှို့ဝှက်ပစ္စည်းရဲ့ အရေးပါပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(1.59GB) / (812MB) / (546MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:41:00 Genre…Action / Adventure / Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

5.7 1996 96 mins
Escape from L.A
Maya Petika
6.2

Mayapetika ( 2023) IMDb 7/10 နေဟာ နေ့ဘက်မှာထွက်ပြီး လဟာညဘက်မှာထွက်ပါတယ် ဖုန်းတွေဈေးကွက်ထဲရောက်လာပြီးနောက် ဒီသဘောတရားကိုမေ့လျော့နေသူတွေကတော့ ဖုန်းကိုဆေးစွဲသလိုစွဲနေတဲ့ လူသားတွေပါပဲ လူတစ်ယောက် ဘာလုပ်တယ် ဘာကိုင်တယ် ဘာစားတယ်ကအစ ဆိုရှယ်မီဒီယာမှာတင်နေကြတဲ့ ဒီကမ္ဘာကြီးက လမ်းကိုတည့်မတ်စွာလျှောက်ဖို့တောင် မေ့လျော့နေလေရဲ့လေ ကံကြမ္မာက လူသားတွေလက်ထဲမှာပဲရှိပေမဲ့ လူသားတွေလက်ထဲမှာ ဖုန်းတွေကနေရာယူနေကြပါပြီ ဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ ဖုန်းတစ်လုံးရဲ့ အတ္ထုပ္ပတ္တိကိုကြည့်ရှုရမှာပါ လူတစ်ယောက်ပြီးတစ်ယောက်ရဲ့လက်ထဲ ကူးပြောင်းနေတဲ့ဒီဖုန်းက ဖုန်းပိုင်ရှင်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ပါတယ် ပါယယ်ဆိုတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖုန်းကျကွဲသွားလို့ သူ့ပရိုဂျူဆာက နောက်ဆုံးပေါ် အမိုက်စားဖုန်းတစ်လုံးဝယ်ပေးလိုက်ပါတယ် နောက်ဆုံးပေါ်ဆိုတာနဲ့အညီ ကင်မရာကောင်းကောင်းလှတပတဒီဖုန်းရောက်လာပြီးနောက်မှာတော့ ပါယယ်နဲ့ သူ့ဘေးကလူတွေရဲ့ကံကြမ္မာ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲ ဘယ်လိုဖြစ်ရပ်တွေ တွေ့ကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V တို့ပဲဖြစ်ပါတယ် )

Comedy
6.2 2023
Maya Petika
The Five Venoms
7

The Five Deadly Venoms (1978) Genre – Action, Drama, Mystery IMDB – 7.0/10 သိုင်းလောက မိတ်ဆွေတွေအတွက် ရှေးဟောင်းဂန္ဓဝင် သိုင်းကားတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သိုင်းလောကထဲမှာ အဆိပ် ၅ ဖော်ဂိုဏ်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားလျက် ရှိပါတယ်။ အဆိပ် ၅ ဖော်ဆိုတဲ့အတိုင်း သိုင်းသမားတွေဟာလည်း အစဉ်လိုက်ပြောရမယ်ဆို ကင်းခြေများ၊ မြွေ၊ ကင်းမြီးကောက်၊ ဖားပြုပ်နဲ့ တောက်တဲ့ဆိုပြီး အသီးသီး ရှိကြပါတယ်။ သူ့ သိုင်းပညာနဲ့သူပေါ့ ဇာတ်လမ်းအစပျိုးထားပုံကတော့ ဒီ အဆိပ် ၅ ဖော်ဂိုဏ်းရဲ့ ဆရာကြီးဟာ သေဆုံးခါနီး ဖြစ်ပြီး ဂိုဏ်းရဲ့နာမည်ပျက်ကို ချေဖျက်ချင်နေတဲ့လူဖြစ်ပါတယ်။ ဒ ါကြောင့် နောက်ဆုံးတပည့်လေးဖြစ်တဲ့ ယန်ထေးကို ဒီ ဂိုဏ်းတူညီအစ်ကိုတွေကို လိုက်ရှာပြီး ကောင်းတဲ့လူဆို လွှတ်ထားပြီး မကောင်းတဲ့လူဆို အပြစ်ပေးသုတ်သင်ဖို့ရယ် ဆရာဖြစ်သူနဲ့ တူတူ သိုင်းပညာသင်ကြားခဲ့တဲ့ ဦးလေးဖြစ်သူဆီကနေ ရတနာတွေကို ယူပြီး လှူဒါန်းဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို စေလွှတ်လိုက်ပြီး နောက်ဆုံးဆန္ဒလေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါ့မလား ဒီလို အသီးသီး ဇာတ်မြုပ်နေကြတဲ့ အဆိပ် ၅ ဖော်က ဘယ်သူတွေ ဖြစ်မလဲ စသဖြင့် လျှို့ဝှက်ချက်တွေနဲ့အတူ သိုင်းပညာတွေကို ပြန်လည်ရှုစားရမှာပဲ ဖြစ်ပါတယ်ဗျာ။ File size… 1.48 GB / 737 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

7 1978
The Five Venoms
The Imperial Cat
5.7

ပေါင်ချိန်ပရိသတ်တွေကတော့ တော်ဝင်ကြောင်ဆိုတာနဲ့ ကိုလူချောကိုယ်ရံတော် ကျန်ကျောင်းကိုပြောတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျန်ကျောင်းတစ်ယောက်ထဲ ခိုင်ဖုန်းမဟုတ်တဲ့ တခြားပြည်နယ်တစ်ခုမှာအမှုလိုက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ အမှုကတော့ အန်းလီခရိုင်မှာ အမျိုးသမီးပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ ကျန်ကျောင်းဟာ ပန်းပဲဖိုမှာလက်နက်ထားတာသွားယူတဲ့အချိန်မှာ ပန်းပဲဆရာနဲ့ သူ့မိန်းမဟာပျောက်နေပြီး သမီးငယ်လေးနဲ့ အဖွားအိုတစ်ယောက်ပဲ အိမ်မှာရှိတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကျန်ကျောင်းဟာ ပန်းပဲဆရာလူပျောက်မှုကိုလိုက်စုံစမ်းရင်း ဒီအမှုဟာ အမျိုးသမီးတွေပျောက်တဲ့အမှုနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ အန်းယန်ကအင်အားကြီးအိမ်တော်တစ်ခုကဒီကိစ္စနဲ့ပါဝင်ပတ်သက်နေလို့ သံသယတွေရှိပေမယ့် ဘာသက်သေမှမရနိုင်ဘူးဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ အထက်ကလဲဖိအားပေးလာတော့ ကျန်ကျောင်းတို့ဒီအမှုကိုဘယ်လိုပေါ်အောင်စုံစမ်းပြီးဖော်ထုတ်ကြမလဲ။ ဒီကားလေးမှာတော့ ကျန်ကျောင်းဟာသူ့ရဲ့ထောက်လှမ်းရေးစွမ်းရည်နဲ့ အမှုဖော်တဲ့စွမ်းရည်ကိုထုတ်ပြသွားခဲ့ပါတယ်။ ပေါင်ချိန်ဇာတ်လမ်းတွဲအလွမ်းပြေကြည့်ရမယ့် ဇာတ်ကားလေးပါပဲ။

5.7 2021
The Imperial Cat
Bound to Vengeance
5.6

ဘယ်နေရာမှန်း မသိတဲ့အိမ်ကြီးတစ်လုံးရဲ့အခန်းထဲမှာ အဖမ်းခံထားရတဲ့ ကောင်မလေးတစ်ယောက်။သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိဘူး.. သူဒီကို ရောက်နေတာဘယ်လောက်ကြာပြီဆိုတာကိုလည်း မသိဘူး. သူသိတာဆိုလို့ သူ့ကိုဖမ်းထားတဲ့လူတွေက သူ့ကိုမဖွယ်မရာတွေပြုလုပ်တယ် အစာကျွေးတယ် ရေတိုက်တယ်ဆိုတာပဲသိတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ အဲ့လိုမတော်မတရားအလုပ်ခံနေရာကို စိတ်ကုန်နေတဲ့ ကောင်မလေးက သူ့ကိုဖမ်းထားတဲ့ လူကိုတိုက်ခိုက်ပြီးထွက်ပြေးလာပါတော့တယ်။ ဒါပေမယ့် သူ့လိုမျိုးတခြားအဖမ်းခံထားရတဲ့ ကောင်မလေးတွေရှိသေးတယ်ဆိုတာကို သိရတဲ့အခါမှာ သူ့ကိုဖမ်းထားတဲ့ လူကိုသတ်ဖို့ကလည်းမဖြစ်နိုင်တဲ့အတွက် အဲ့ဒီလူကို ပြန်ဖမ်းထားပြီးတော့ တခြားကောင်မလေးတွေကို လိုက်ကယ်ပါတော့တယ်။ ဒါပေမယ့် အဲ့လိုသူရဲကောင်းလုပ်ရတာက ထင်သလောက်မလွယ်ကူဘဲ တခြားခက်ခဲတဲ့ အရာတွေလဲ အများကြီးရှိနေတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ Bound To Vengeance ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.03GB / 492MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.6 2015 80 mins
Bound to Vengeance
Irish Wish
5.5

၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohan ဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့ Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲ ရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ Kirsten Hansen ရေးသားပြီး Janeen Damian ရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာ အိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့ လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီး Lindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့ လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာ သူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာ ပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာ အိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကို လိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာ ပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါ မတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။ File size…1.96GB / 949MB Quality…NF. WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 94 mins
Irish Wish
All That Heaven Allows
7.6

All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romance အရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး “နှစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာ သူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။ သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာ နေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာ လိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့် လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်း သေချာတွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Douglas Sirkက ရိုက်ကူးထားပြီး မင်းသမီး Jane Wymanနဲ့ မင်းသား Rock Hudsonတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဝင်းဦးကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ဘယ်လောက်လက်ရာမြောက်လဲဆိုတာတော့ ပြောဖို့လိုမယ်မထင်ပါဘူးဗျ။ အရမ်းကောင်းတဲ့ classic romanceရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ File size… 2.7 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Spencer Potato

7.6 1955
All That Heaven Allows
The Little Rascals Save the Day
5.1

The Little Rascals ဆိုတာကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့တစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ The Little Rascals ခေါင်းစဉ်နဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ အဲထဲမှာ The Little Rascals Save The Day (2014) လည်းတစ်ကားအပါအဝင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူကို အတော်လေး Comfort ဖြစ်စေပါတယ်။ ကလေးတွေကို ဦးစားပေးရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တာမလို့ ကလေးချစ်သူတွေကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဒါ့အပြင် Wednesday သရုပ်ဆောင် Jenna Ortega ငယ်ငယ်က ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ဇာတ်ညွှန်း The Little Rascals ဇာတ်လမ်းတိုင်းမှာ အဓိကနေရာကပါဝင်တဲ့ Alfalfa တို့အဖွဲ့တစ်သိုက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ ကျောင်းလစ်လာခဲ့ပါတယ်။ ကျောင်းလစ်ပြီး အလွဲတွေလုပ် နောက်ဆုံးမှာတော့ သူတို့ ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်ကိုရောက်သွားပါတယ်။ အရသာမှာ ပြိုင်စံရှားဖြစ်တဲ့ ဖွားဖွားလက်ရာတွေကိုမြည်းပြီးတော့ ကလေးတစ်သိုက်ဟာ သစ်ပင်အိမ်ပေါ်ကိုတက်ပြီး လာမယ့်အရည်အချင်းပြပြိုင်ပွဲအတွက် သီချင်းတိုက်ပါတော့တယ်။ ခေါင်းဆောင်အဆိုတော်ကတော့ Alfalfa ဖြစ်ပြီး သိတဲ့အတိုင်း Alfalfa ကလည်း Darla မှမရှိရင် မိုက်ကိုလက်နဲ့တောင်မထိချင်တဲ့လူဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ တီးဝိုင်းလေးကလည်း တစ်ယောက်တမျိုး တိုင်ပတ်နေပါတော့တယ်။ တစ်ဖက်မှာလည်း ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်လေးက အကြွေးကြောင့် ဘဏ်ကသိမ်းတော့မှာဖြစ်ပါတယ်။ အဲဒီကိစ္စကိုသိသွားတဲ့ ကလေးတစ်သိုက်ကတော့ ဖွားဖွားအကြွေးတွေကို ကူဆပ်ဖို့ ကလေးအသိဉာဏ်နဲ့ တတ်နိုင်တဲ့ဖက်ကနေ ကူညီဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှတစ်ခါ မလွဲရရင် မနေနိုင်ပါဖူးဆိုတဲ့ Alfalfa တို့ကလေး တစ်သိုက် ဘယ်လိုများ ဖွားဖွားကိုကူညီမှာလဲ။ File Size : 1.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

5.1 2014
The Little Rascals Save the Day
Pasahero
6.9

Pasahero (2024) IMDb Rating (6.9) မနီလာမြို့တော်ရဲ့ MMR နောက်ဆုံးရထားရဲ့တွဲတစ်တွဲအတွင်းမှာ အရောင်းစာရေးမလေးတစ်ယောက် မတော်မတရားပြုကျင့်ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်အတွင်း မိန်းကလေးငယ်ဟာ မုဒိမ်းကောင်နဲ့တစ်ယောက်တည်းရှိနေခဲ့တာမဟုတ်ပဲ တွဲပေါ်မှာတစ်ခြားခရီးသည်တွေပါရှိနေခဲ့ပေမယ့် သူတို့ဟာ သားကောင်ရဲ့အကူအညီတောင်းသံကို မကြားချင်ယောင်ဆောင် တက်ညီလက်ညီလျစ်လျူရှူခဲ့ကြတာပါ။ အဲ့ဒီဖြစ်ရပ်တွေဖြစ်ပြီး တစ်လအကြာမှာတော့ အဲ့ဒီခုနှစ်ယောက်ထဲမှာ ပါဝင်ခဲ့တဲ့သူတွေဟာ တစ်ယောက်ပြီးတစ်ယောက် မကောင်းတဲ့ အရိပ်အယောင်တွေ၊ခြောက်လှန့်မှုတွေ၊ နိမိတ်ဆိုးတွေကို စတင်ရင်ဆိုင်လာခဲ့ရပြီး တစ်ချို့တွေဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်လာတဲ့နောက်မှာတော့ သူတို့လုပ်ခဲ့ဖူးတဲ့အမှားအယွင်းတွေကိုပြန်သုံးသပ်ဖို့ဖြစ်လာပါတော့တယ်။ ကျူးလွန်သူဟာ သူတို့မဟုတ်ပေမယ့် လျစ်လျူရှုမိခြင်းဟာ အပြစ်တစ်ခုလား? သူတို့ရင်ဆိုင်နေရတဲ့ လတ်တလော အနိဌာရုံတွေဟာ အဲ့ဒီဖြစ်ရပ်နဲ့ဆက်စပ်နေမလား? အစရှိတာတွေကို သဲထိတ်ရင်ဖိုလိုက်လံအဖြေရှာကြရမှာဖြစ်ပါတယ်။ Pasahero ဟာ ဟော်ရာရုပ်ရှင်တစ်ခုသက်သက်မဟုတ်ပဲ တကယ်တမ်းလက်တွေ့ကမ္ဘာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေ၊ဖြစ်စဉ်တွေကိုပါ သဲထိတ်ရင်ဖိုနဲ့ ပေါင်းစပ်ပြီး ထင်ဟပ်ဖော်ပြထားတဲ့ social commentary တစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.5 GB) / (800 MB) / (450 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:30:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Action • Horror
6.9 2024 120 mins
Pasahero
Kudumbasthan
7

Kudumbasthan (2025)”အိမ်ထောင်ဦးစီး” \================================ အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မိသားစုဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဇာတ်မြင့်ကောင်လေး နာဗင်းန်နဲ့ ဇာတ်နိမ့်ကောင်မလေးဗန်နီလာကို ကောင်လေးရဲ့သူငယ်ချင်း ယစ်ထုပ်ကြီးတွေက မိဘသဘောမတူဘဲ လက်ထပ်ပေးလိုက်ရာကနေစပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါ နာဗင်းန်ရဲ့မိဘတွေအိမ်မှာနေကြပါတယ်။ ဒါပေမဲ့ နာဗင်းန်ရဲ့အမေက ယောက္ခမအများစုရဲ့ထုံးစံ ချွေးမဖြစ်တဲ့ ဗန်နီလာကို ကြည့်မရပါဘူး။ အဲဒီလို မိန်းမနဲ့ အမေကြား လိုက်ညှိပေးရင်းဗျာများနေတဲ့အပြင် အစ်မရဲ့ယောက်ျားဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့လည်း မတည့်တဲ့နာဗင်းန်ဟာ အလုပ်မှာပါပြဿနာတက်ပြီး အလုပ်ပြုတ်သွားတဲ့အချိန် ဖိအားပေါင်းစုံခံစားရပုံကို တမင်ရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

TV Movie • Drama • Romance
7 2025 153 mins
Kudumbasthan