YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

High School Return of a Gangster (2024) E03 WEB-DL 720P (CM).mp4

325.97 MB N/A video/mp4 3234 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kanjoos Majnu Kharchili Laila
2

ပိတ်ရက်မှာဘာကြည့်ရမလဲမသိဖြစ်နေသူတွေအတွက် မင်းသမီးချောလေးSehar Shehnaz ပါဝင်ထားပြီး လောကမှာတွေ့ရလေ့ရှိတဲ့ ကပ်စေးနှဲလူတွေကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အရွှန်းဖောက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ရီသိက်တို့ မိသားမှာရှိတဲ့ ယောက်ျားလေးတွေဟာ ချမ်းသာပေမဲ့ အင်မတန်မှကပ်စေးနှဲကြတဲ့သူတွေဖြစ်ပါတယ်။ အဘိုးကစပြီး မြေးအထိ ရည်းစားထားတာကအစ ဈေးတွက်တွက်ပြီး တစ်ပြားကို နှစ်ပြားဖြစ်အောင်ခွာနေကြတဲ့ ကမ္ဘာကျော်ကော်တရာများဖြစ်ကြပါတယ်ဗျ။ တစ်နေ့မှာတော့ သူတို့မိသားစုက အမျိုးသမီးတွေဟာ သူတို့ကပ်စေးနှဲယောက်ျားတွေကို သည်းမခံနိုင်ကြတော့ဘဲ ကွာရှင်းခွင့်တောင်းကြပါတော့တယ်။ ရီသိက်ဟာ ကပ်စေးအင်မတန်နည်းပေမဲ့ သူနဲ့ အိမ်ထောင်ကျတဲ့ သူ့ဇနီးကတော့ အကောင်းဆုံးတွေကိုမှ ကြိုက်တတ်တဲ့ လက်ဖွာတဲ့မိန်းကလေးဖြစ်နေပါတယ်ဗျ။ ဒါပေမဲ့ ရီသိက်ရဲ့အမျိုးသမီးမှာလည်း လျို့ဝှက်ချက်တွေရှိနေပါသေးတယ်။ ရီသိက်ဇနီးရဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ၊ ကပ်စေးနဲတဲ့ယောက်ျားတွေကရော မိသားစုအပေါ် ပျက်ကွက်မိတာတွေအတွက် သင်ခန်းစာရကြမလား၊ ကပ်စေးနဲ ရီသိက်နဲ့ လက်ဖွာတဲ့ သူ့ရဲ့ဇနီးတို့ ဘယ်လို ဖူးစာပါခဲ့ကြလဲဆိုတာတွေကို ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.57GB / 738MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Zwe Yan Naing~Yunni~  Khin Khin

Action
2 2023 109 mins
Kanjoos Majnu Kharchili Laila
Seven Days
6.7

ရှေ့​နေယူဂျီယောင်းဟာ ရှေ့နေလောကမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး သူ လက်ခံတာဝန်ယူတဲ့ အမှုမှန်သမျှ ရှုံးနိမ့်တာမရှိသလောက်နာမည်ကြီးတဲ့သူ... တစ်ရက်မှာတော့ သူမရဲ့ သမီးလေး အွန်းယောင်းကို အကြမ်းဖက်အဖွဲ့ကနေ ပြန်ပေးဆွဲသွားတယ်... အွန်းယောင်းကို ပြန်ပေးဆွဲသွားတဲ့ အုပ်စုက သူမကို အမှုတစ်ခု တာဝန်ယူပြီး သူတို့ရဲ့ လူကို အပြစ်မရှိကြောင်း သက်သေပြနိုင်မှသာလျှင်  သမီးလေးကိုအသက်ရှင်လျှက် ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်...ယူဂျီယောင်းအတွက် တကယ့်ကို ငရဲခန်းပါပဲ...သူလွတ်အောင်လုပ်ပေးရမဲ့ တရားခံက ခိုင်လုံတဲ့သက်သေတွေကြောင့် သေဒဏ်ကျဖို့ သေချာသလောက်ရှိနေတဲ့အပြင် တစ်ဘက်ကလည်း မိမိရဲ့ ရင်သွေးလေးရဲ့ အသက်ကိုလည်း ကယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့.. ကားဟောင်းဖြစ်ပေမဲ့ အတော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ ကြည့်သင့်ပါကြောင်း.... File Size :(2.6GB) (1.3GB) and (498 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lei Encoded by Phyo Pyae

Mystery • TV Movie • Thriller
6.7 2007 125 mins
Seven Days
Teenage Mutant Ninja Turtles: Out of the Shadows
6

Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint Lwin ပဲဖြစ်ပါတယ်) File size…(982 MB) Quality… WEB.DL 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Translator....Moe Myint Lwin Encoder…Thanhtike Zaw

Action • Adventure • Science Fiction
6 2016 112 mins
Teenage Mutant Ninja Turtles: Out of the Shadows
Art Museum by the Zoo
7

Art Museum by the Zoo (1998) တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်း စိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာ ရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။ တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ ရှိဘူယဘူတာက ဟာချီကိုလို… အရိုးခေါင်းကျွန်းက ကင်းကောင်လို… လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာ အသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။ အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။ သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက် ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။ တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။ တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။ တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။ အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။ လွမ်းတယ်။ မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့… ငါ့ဘဝရဲ့ နေ့တွေလည်း ဒီလိုပဲ…. ဝါဆို။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.5GB | 708MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Crime
7 1998
Art Museum by the Zoo
Cricket & Antoinette
7.2

နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့အကြောင်း ရိုက်ထားတဲ့ 2023 ထွက် animationကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီစွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစားစုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါးအေးအေးလူလူနေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။ ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။သူတို့အနီးအနားမှာတော့ Antoinette လို့ခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဥ်းတွေပဲရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မတော်တဆတွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖို့ကြိုးစားပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီးကျော်ဖြတ်နိုင်တာမရှိခဲ့လို့ပါ။ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေရှိပေမယ့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြပြီးသဟဇာတဖြစ်စွာနေထိုင်နိုင် အောင်ကြိုးစားခဲ့ကြပါတယ်။ ချစ်စရာဇာတ်ကောင်လေးတွေနဲ့ ချစ်စရာဇာတ်ကြောင်းလေးကို စောင်လေးကိုက် ပြုံးပြုံးလေးနဲ့ပဲကြည့်ကြည့် ကိုယ်ချစ်တဲ့သူရဲ့ လက်လေးကို တင်းတင်းဆုပ်ရင်းပဲကြည့်ကြည့် မိုးအေးအေးလေးထဲမှာတော့ နွေးနေစေမှာအမှန်ပါပဲ File size…(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Animation, Advanture, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.2 2023
Cricket & Antoinette
PAW Patrol: The Mighty Movie
6.7

PAW Patrol: The Mighty Movie(2023) ********************************** ရုံတင်ပြသသွားတယ် ခွေးပေါက်လေးတွေ ကာတွန်းအသစ်လာပါပြီ။ နာမည်ကျော် PAW Patrol ကာတွန်းစီးရီးကနေ ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးငယ်လေးတွေကိုပြဖို့ အသင့်တော်ဆုံး ကာတွန်းရုပ်ရှင်ပါပဲ။ ရိုင်ဒါဆိုတဲ့ ကောင်လေးမှာ PAW Patrol ဆိုတဲ့အဖွဲ့လိုက် ခွေးပေါက်လေးလေးတွေရှိပြီး သူတို့တွေဟာ စွန့်စားခန်းမြို့တော်ကြီးကို ကာကွယ်ရတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗန့်စ်ဆိုတဲ့ အရူးသိပ္ပံပညာရှင်တစ်ယောက်က ဥက္ကာခဲတစ်ခုကို ကမ္ဘာပေါ်ကို ဆွဲယူခေါ်လိုက်တဲ့အခါ PAW Patrol တွေက ဥက္ကာခဲကို တားဆီးရင်းနဲ့ စူပါပါဝါတွေ ကိုယ်စီရကုန်ပါတယ်။ အဲဒီ စူပါပါဝါတွေကို သိပ္ပံပညာရှင်ဗန့်စ်ကလည်း လုယူပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါခွေးပေါက်လေးတွေအဖွဲ့နဲ့ တိုက်ပွဲဖြစ်လာပါတော့တယ်.. File size… 1.7GB / 817MB Quality…WEB-D 1080P 5.1CH / 720p Format…mp4 Duration….1hr 28min Genre ….. Animation , Adventure , Action Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson

6.7 2023
PAW Patrol: The Mighty Movie
Spark: L.I.F.E.
9.4

Spark L.I.F.E (2023) IMDb -9.4/10 Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။ အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပွားနေတဲ့အချိန်ပေါ့။ လူလည်းသတ် ဆူဆိုက်လည်းလုပ်တဲ့အတွက် ဆူဆိုက်ကေလာတွေလို့တောင်ခေါ်ကြရတယ်။ ဒီနောက်ကွယ်ကနေ ကြိုးကိုင်နေသူက ဘယ်သူဖြစ်မလဲ ……… လက်ခါလေးရဲ့ အိပ်မက်ချစ်သူနဲ့ရော ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမှာလဲ …….. လက်ခါရဲ့ အိပ်မက်ထဲကချစ်သူက ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေနဲ့ရော ဆက်စပ်နေမှာလား ……. စတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအပြည့်နဲ့ ရိုဆန်ဆန်လေး ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

9.4 2023
Spark: L.I.F.E.
Galileo : Kindan no Majutsu
6

Galileo Kindan No Majutsu 2022 (IMDb 6.0/10) Japanese Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက Silent Parade (2022) ဆိုတဲ့ ဇာတ်ကားမတိုင်ခင် လေးနှစ်အလိုကို အခြေတည်ပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဂျပန်တွေရဲ့ထုံးစံအတိုင်း သူတို့နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာပိုင်းကို အသားပေးဖော်ပြပြီးတော့ မှုခင်းတားဆီးရေးစုံထောက် Character နဲ့ပေါင်းစပ်ထားတဲ့ ဇာတ်ကားအမျိုးအစားလေးပါပဲ ဇာတ်အိမ်လေးကတော့ တိုတေ တက္ကသိုလ်က သုတေသန သိပ္ပပညာရှင် ယူကာဝါ ဆန်ဆဲ ဟာ သူ့ဆီကို သတင်းထောက်တစ်ယောက်ကယူလာတဲ့ ဗွီဒီယိုဖိုင်လေးတစ်ဖိုင်ကနေစပြီး နောက်ဆက်တွဲမှုခင်းတွေကိုဖော်ထုတ်ပါတယ်…… ရဲစုံထောက်ဖြစ်တဲ့ ကူဆန်နာဂီ တို့ရဲ့ဌာနကလည်း အမှုက နည်းပညာပိုင်းဖြစ်နေတော့ ယူကာဝါ ဆန်ဆဲ ရဲ့အကူအညီကုလည်းယူရင်း ယူကာဝါ ရဲ့မှုခင်းအပေါ် သူ့ရဲ့ စုံထောက်ဉာဏ်ကွန့်မြူးတာတွေကိုပါ ပေါင်းစပ်ပြီးတော့ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Mystery, Crime Quality…. 1080p | 720p File size… 1.6GB | 772MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

Comedy • Crime
6 2022
Galileo : Kindan no Majutsu
Double Faced Fox
5.8

နိမိတ်ဆိုးတွေကျရောက်နေတဲ့ ယွင်ရှန့်မင်းဆက်မှာ မင်းသမီး ၂ ပါး ထူးဆန်းစွာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့ ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ ဘုရင်မင်းမြတ်ဟာ ဖူလုံစစ်သူကြီးပိုင်ယိကို နန်းမြို့တော်ကို ပြန်ဆင့်ခေါ်ခဲ့ပြီး တတိယသမီးတော်ဖြစ်တဲ့ ရှန့်နင်မင်းသမီးနဲ့ လက်ဆက်ပေးခဲ့ကာ တိုင်းပြည်ကိုကာကွယ်မယ့်စစ်သူကြီးဘွဲ့ပေးပြီး စစ်တပ် ၃ ခုလုံးရဲ့ အာဏာကို လွှဲပေးခဲ့ပါတယ် အဲဒီနောက်မှာတော့ ဘုရင်မင်းမြတ်လည်း နတ်ရွာစံသွားခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့ သေတမ်းစာအရ အိမ်ရှေ့စံအရွယ်မရောက်ခင် ရှန့်နင်မင်းသမီးနဲ့ စစ်သူကြီးပိုင်ယိတို့က တိုင်းပြည်ကို ထိန်းသိမ်းထားရမှာဖြစ်ပြီး အိမ်ရှေ့စံအရွယ်ရောက်လာတဲ့အခါ တိုင်းပြည်ကို လွှဲပေးရမှာပဲ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ အိမ်ရှေ့စံနဲ့ ရှန့်နင်မင်းသမီးတို့ ၂ ယောက်ထဲက တစ်ယောက်သေဆုံးသွားပါက ကျန်တဲ့တစ်ယောက်က ထီးနန်းအရိုက်အရာကို အလိုလိုရမှာပဲ ဖြစ်ပါတယ် အဲဒီနောက်မှာ လုပ်ကြံသူတွေ ရှိလာတာကြောင့် စစ်သူကြီးပိုင်ယိဟာ မင်းသားရွေ့နဲ့ ပူးပေါင်းပြီး ရှ့န်နင်မင်းသမီးကို တောက်လျှောက်ကာကွယ်ပေးနေခဲ့ပါတယ် ဒါပေမဲ့ ဒီလုပ်ကြံမှုတွေကို နောက်ကွယ်က ကြိုးကိုင်နေသူတွေထဲမှာ မိဖုရားခေါင်ကြီးရော အတွင်းဝန်အမတ်ကြီးပါ ပါဝင်နေတဲ့အပြင် နှစ်တစ်ထောင်မြေခွေးမိစ္ဆာပါ ပါဝင်နေတဲ့အခါ ပိုင်ယိတစ်ယောက် ရှန့်နင်မင်းသမီးကို မြေခွေးမိစ္ဆာလက်ထဲကနေ ဘယ်လိုကာကွယ်ပေးမလဲ ဂင်ကိုပန်းတွေပွင့်တဲ့အခါ ပြန်ဆုံကြမယ်လို့ ပေးခဲ့တဲကတိအတိုင်း စစ်သူကြီးပိုင်ယိနဲ့ မင်းသမီးရှန့်နင်ကရော ပြန်ဆုံနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားကြပါဦး

Animation • Family • TV Movie • Adventure • Comedy • Fantasy
5.8 2020
Double Faced Fox
Revolver LILY
5.2

Revolver LILY (2023) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Revolver Lily ဆိုတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်ကို အခြေတည်ရိုက်ထားတာဖြစ်ပြီး သုံးနှစ်ကျော်အတွင်းလူပေါင်း ၅၇ ယောက်ကို သတ်ခဲ့တဲ့ Yuri ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yuri Ozone ဟာ အသက် ၁၆ နှစ်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ခဲ့ရာကနေ သုံးနှစ်အတွင်းမှာ လူပေါင်း ၅၀ ကျော်ကိုသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် တိုကျိုက ပြည့်တန်ဆာအိမ်ရဲ့ပိုင်ရှင်အဖြစ် နေထိုင်နေခဲ့တာဖြစ်ပါတယ်။ တစ်ရက်မှာတော့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ Hosomi Shinta ဆိုတဲ့ကလေးက သူ့ကိုကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ Shinta ဟာ သူ့အဖေဖြစ်သူ Hosomi Kinya ချန်ထားခဲ့တဲ့ ပျောက်ဆုံးနေတဲ့ရန်ပုံငွေတွေရဲ့ အဓိကသော့ချက်စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရတာပါ။ Yuri ဟာ Shinta ရဲ့တောင်းဆိုမှုကို လက်ခံပြီး Shinta ကိုကာကွယ်ပေးခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း Shinta ရဲ့အဖေဖြစ်သူနဲ့ လူသတ်သမားရဲ့ပတ်သက်ဆက်နွယ်မှုတွေ၊ ဂျပန်စစ်တပ်ကဘာကြောင့်မို့ အဲဒီစာရွက်စာတမ်းတွေကို အသည်းအသန်လိုချင်နေခဲ့ရလဲဆိုတာတွေကို Yuri က ဘယ်လိုတွေစုံစမ်းဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ဇာတ်လမ်းလေးကနေတဆင့် စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ အညွှန်းကိုတော့ Khaing က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Khaing & Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure Quality…. 1080p | 720p File size… 1.3GB | 653MB Format… mp4 Duration….2h 19min Subtitle…. Myanmar Subtitle (Hardsub) Translator …..Khaing & Hmwe Encoder ….. Aaron

Horror • Science Fiction • Mystery
5.2 2023
Revolver LILY
Reservation Road
6.6

Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားက ဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီး သူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျ သွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့ အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူး တွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။ အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူး တွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်း ပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန် ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူ ဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာ ဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန် တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာ ဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့က ကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက် ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေ ထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့…… File size…1.83GB / 908MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Action • Crime • Drama • Thriller
6.6 2007
Reservation Road
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath