YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

High.School.Musical.The.Musical.The.Series.S01E04.720p.CM.mp4

275.15 MB 720p video/mp4 188 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Acidman
5.7

IMDb 5.4/10 ဒီတစ်ခေါက် ရုပ်ရှင်ပရိသတ်ကြီးကို Sci-fi/Drama အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Acidman ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရာစုနှစ်တစ်ခုလောက်ဝေးကွာနေတဲ့ အဖေနဲ့သမီး ပြန်လည်ဆုံတွေ့ကြပြီး ဖြစ်လာတဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ သမီးဖြစ်သူ Maggie ဟာ တစ်နေ့မှာရုတ်တရက်ကြီး သူ့အဖေအိမ်ကို ရောက်ချလာပါတယ်။ သူ့အဖေဆိုသူကတော့ သားသမီးတွေကို တစ်ခါမှမဆက်သွယ်ဘဲ လူသူကင်းမဲ့တဲ့ တောထဲတောင်ထဲမှာ ဂြိုလ်သားတွေအချက်ပြတာလို့ သူထင်နေတဲ့ အလင်းတွေကို စူးစမ်းရင်း ခွေးတစ်ကောင်ကလွဲလို့ တခြားဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်းနေနေတာပါ။ အဲလိုနဲ့ သားအဖနှစ်ယောက် ဆုံတွေ့ကြရင်း သံယောဇဥ်ကြိုးတွေ ပြန်သွယ်နိုင်ပါ့မလား… Maggie တစ်ယောက် ရုတ်တရက်ရောက်လာရတဲ့အကြောင်းရင်းကရော သူပြောသလို သူ့အဖေအဆင်ပြေရဲ့လား လာကြည့်တာဟုတ်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရူခံစားပေးကြပါဦးရှင် File size…(1.8 GB)/(700 MB)/(333 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Drama • TV Movie • Thriller
5.7 2023 87 mins
Acidman
Doctor Zhivago
7.5

IMDb (8/10) / Rotten Tomatoes 84% ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ၊ "အလေးနီ"ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် "ရဲဘော်ဗိုလ်ချုပ်ကြီး"လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။ ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။ မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။ ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က "ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ" ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။) သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ................. ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ "လာရာ" နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။ တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။ အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။ အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။ ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။ အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.6 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:20:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Romance • Science Fiction
7.5 1965 200 mins
Doctor Zhivago
Andy Somebody
4

Andy Somebody (2023) ဒီဇာတ်လမ်းကတော့ သာမန်လူရိုးလူဖြောင့်တစ်ယောက်က ဒုစရိုက်သမားတစ်ယောက်လို ငွေတွေလိမ်လည်ထွက်ပြေးရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ဇာတ်လမ်းပေါ့။ အန်ဒီက စာရင်းကိုင်တစ်ယောက်ပါ။ သူက ပလတ်စတစ်ဆာဂျင်ဒေါက်တာရှစ်ဖလက်ဆီမှာစာရင်းကိုင်လုပ်တယ်။ ဒေါက်တာဆိုလို့အထင်ကြီးမသွားနဲ့ဦး။ ရှစ်ဖလက်ကအခွန်တွေရှောင်တယ် တရားမဝင်ဆေးတွေဖြန့်တယ် ပလတ်စတစ်ဆာဂျင်လုပ်စရာမလိုတဲ့သူတွေကို နတ်သမီးလောက်လှနေရင်တောင် နင်ကဘီလူးမလောက်ပဲလှတယ် ပြင်မှဖြစ်မယ်ဆိုတာမျိုးပြောပြီး ခွဲစိတ်မှုတွေအတင်းလုပ်ခိုင်းတယ်။ အန်ဒီက အဲ့ဒါတွေကိုသဘောမတွေ့ဘူး။ တစ်နေ့တော့ ဒေါက်တာက အခွန်ရှောင်မှုနဲ့ဂျေးထဲအောင်းရခါနီးဖြစ်တော့ အန်ဒီ့ကိုစာရင်းတွေလိမ်လည်ပြီးဆွဲခိုင်း သူလစ်ဖို့ရာကမ်းလွန်အကောင့်တွေအတင်းဖန်တီးခိုင်းလုပ်တယ်။ အဲ့မှာနဂိုထဲကစိတ်ညစ်ပြီးပြေးဖို့ကြံနေတဲ့အန်ဒီက မထူးပါဘူးဆိုပြီး ဒေါက်တာ့ရဲ့ပိုက်ဆံသုံးသန်းကိုယူပြီးပြေးပါလေရော။ ဒေါက်တာကလဲ သူ့တပည့်ကျော်စီအိုင်အေထွက်လူမိုက်ကို အန်ဒီ့နောက်လိုက်ဖို့လွှတ်လိုက်ရာကနေ ဒုစရိုက်သမားမဟုတ်တဲ့ အန်ဒီတစ်ယောက်သူတို့လက်ကဘယ်လိုပြေးမလဲဆိုတာကို ဒီဟာသအက်ရှင်ဇာတ်လမ်းမှာကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p File size… 1.1GB | 515MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
4 2023 83 mins
Andy Somebody
Qimen Flying Armor

အလင်းရောင်အောက်မှာ အရိပ်ရှိလိမ့်မယ်တဲ့။ ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေမယ့် ရုပ်ရှင်လေးရဲ့ အကျဉ်းလေးကတော့- ဝမ်ရှောင်ရှာဆိုသူဟာ မြို့ငယ်လေးတစ်မြို့မှာ မျက်ကန်းအဖေနဲ့အတူ ခြင်းတောင်းတွေ ရက်လုပ်ရောင်းချနေသူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသောဆုတောင်းက သူ့အဖေရဲ့မျက်စိကို ပြန်မြင်စေချင်တာပဲ ဖြစ်ပါတယ်။ သူ့အဖေအတွက် ဆေးကုပေးဖို့ သမားတော်ကို ရှာဖွေရင်း ချီရင်ဂိုဏ်းက ရှန်လန်အာနဲ့ တွေ့ဆုံခဲ့ပြီး အကြံအစည်ကြီးတစ်ခုထဲကို မတော်တဆဝင်ရောက်သွားခဲ့ပါတယ်။ ချီရင်ဂိုဏ်းဟာ လောကကိစ္စတွေမှာ ဝင်မပါပဲ ထျန်းကျွယ်ဝမ်ချဲ့ဆိုတဲ့ နတ်ပစ္စည်းတစ်ခုကို ကာကွယ်စောင့်ရှောက်နေရတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနတ်ပစ္စည်းကို လိုချင်နေတဲ့ မိစ္ဆာအရှင်ကြီး မော်ကျိုကတော့ ဝမ်ရှောင်ရာရဲ့အဖေကိုဖမ်းဆီးထားပြီး သူ့အတွက်ချီရင်ဂိုဏ်းထဲမှ ဝမ်ချဲ့ကိုယူခဲ့ပေးဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ ချီရင်ဂိုဏ်းထဲ ရောက်လာတဲ့ ဝမ်ရှောင်ရှာတစ်ယောက် ဖုံးကွယ်ထားတဲ့ သူ့ဘဝအကြောင်းကို သိပြီးနောက်- သူ့အဖေကို ကယ်တင်နိုင်ပါ့မလား ...... သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ဘယ်လိုရလာပြီး ဘယ်လိုအသုံးချသွားမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon  Encoded by LK

Action & Adventure • Crime • Drama • Mystery
0 2023 77 mins
Qimen Flying Armor
What Do We See When We Look at the Sky?
6.9

ဒီတခါ CM Fan တွေကို မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးတစ်ကားကတော့ ဂျာမန် Drama/Romance ဇာတ်ကားလေးပဲဖြစ်ပါတယ် ထူးခြားဆန်းပြားပြီး ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲမှာ နားလည်ဖို့ခက်ခဲတဲ့ အချစ်ဆိုတဲ့အရာနဲ့ ပေါင်းဖက်မိလိုက်တဲ့အချိန် အံ့ဩစရာဖြစ်ရပ်တွေဖြစ်လာတော့တာပေါ့ လီဆာ ဆိုတဲ့ ဆေးဆိုင်ကဝန်ထမ်းလေးနဲ့ ဂျီအိုဂီ ဆိုတဲ့ ဘောလုံးသမားလေးတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံမှုကနေ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကြားမှာ ဘယ်လိုတွေရုန်းကန်ပြီးမှ အချစ်စစ်တစ်ခုနဲ့ပြန်လည်ပေါင်းစည်းခဲ့တဲ့ အကြောင်းလေးပေါ့ ထူးခြားတာက တခြား Romance ကားတွေလိုမျိုးမဟုတ်ဘဲနဲ့နောက်ခံစကားပြောလေးတွေနဲ့ပတ်ဝန်းကျင်မှာလူသားတွေသွားလာရုန်းကန်နေကြတဲ့ Scene လေးတွေနဲ့ ရိုက်ကူးထားတော့အသွင်အမြင်သစ်လေးတစ်ခုအနေနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.37 GB) Quality….Webrip 720p Format…mp4 Duration….02:30:00 Genre…Drama, Romance, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

6.9 2021
What Do We See When We Look at the Sky?
Disco Inferno
4

Disco Inferno (2023) =============== ဒီဇာတ်လမ်းလေးက Horror ဇာတ်လမ်းတိုအမျိုးအစားလေးပါ။ ဇာတ်လမ်းအစမှာ ကလေးအရမ်းလိုချင်တဲ့ မိန်းမကြီးတစ်ယောက် က သူကလေးမရနိုင်လို့ ဘုရားကျောင်းက စစ်စတာတစ်ယောက် ကိုသတ်ပြီး သူ့ကလေးကို ခိုးသွားခဲ့တယ်။ အဲ့လိုနဲ့ နှစ်နှစ်ဆယ်ကျော် ကြာပြီးနောက် ဘုရားကျောင်းပျက်အစား ကလပ်အသစ်ပေါ်လာပြီး အကပြိုင်ပွဲတစ်ခုကျင်းပကြတယ်။ အဲဒီက ပြိုင်ပွဲဝင်တွေထဲ မယ်လ်နဲ့ ဘရန်ဒန်တို့စုံတွဲလည်း ပါဝင်ပြီး အကပြိုင်ပွဲမစခင်မှာ မယ်လ်တစ်ယောက် သန့်စင်ခန်းခဏဝင်ရင် ပြန်ထွက်လာတော့ ဘုရားကျောင်းပျက်ထဲ ရောက်နေလေရဲ့။ နောက် ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတိုလေးမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(470 MB) Quality…………WEB-DL 1080p Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Thwal Htoo Zin Encoder……….SWM

4 2023 19 mins
Disco Inferno
Precious
7.3

အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း‌ပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down’s Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။ အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ ကျောင်းက အထုတ်ခံခဲ့ရပေမဲ့ ကျောင်းအုပ်က သူ့ကို Alternative School တစ်ခုဆီ ပို့ပေးခဲ့တယ်။ အဲကျောင်းမှာ Precious ဟာ သူ့ဘဝအတွက် အလင်းရောင်ဖြစ်တဲ့သူကို ရှာတွေ့ခဲ့တယ်။ Alternative School မှာတက်ပြီးနောက်ပိုင်း Precious တစ်ယောက် ဒီနွံထဲက သူ့ဘဝကိုယ်သူ ဘယ်လိုမျိုး ရုန်းထွက်မလဲ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi

7.3 2009
Precious
South Wind
7.9

ဆားဘီးယား စကားပြော crime/thriller ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် IMDb 7.9 အထိရထားပြီး ဥရောပဖလင်တွေရဲ့ ထုံးစံအတိုင်း အပိုစာသားသိပ်မပါပဲ လက်တွေ့ အဆန်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းမျိုးပါ ဇာတ်လမ်းကတော့ ပီတာမာရက်ရှ်ဆိုတဲ့ လူငယ်တစ်ယောက်က ဆားဘီးယားနိုင်ငံ ဘဲဂရိတ်ရဲ့ မြေအောက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ပြီး အတူနေချစ်သူ ဆိုဖီယာနဲ့ နေထိုင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်တဲ့ အဖေဖြစ်သူရဲ့လက်အောက်မှာ ကြီးပြင်းလာရပြီး ညီအစ်ကိုလို ခင်တဲ့ ဂိုဏ်းခေါင်းဆောင် Tsar နဲ့ သူ့ရဲ့ ဘော်ဒါတွေကပဲ သူ့ဘဝမှာ မိသားစုဝင်လို ဖြစ်ခဲ့ပါတယ် တနေ့မှာ မာစီးဒီးကားတစ်စီးကို ခိုးရာကနေ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ သွားငြိပါတယ်… သာမန်ကိစ္စလေးကနေ သပွတ်အူလို ရှုပ်ထွေးနက်နဲတဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီး သူချစ်တဲ့သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ လက်မရွံ့တမ်း ဘယ်လိုရင်ဆိုင် ဖြေရှင်းသွားမလဲ စိတ်ဝင်တစားကြည့်ရှုရမှာပါ File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

7.9 2018
South Wind
Our Kind of Traitor
6.2

အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကား ဖြစ်နေလို့ပါပဲ။ ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့ အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက် လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့ အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်း ထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာ ထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီး မိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာ မိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက် လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင် သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီ စတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါ တော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက် အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာ ခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီး ရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ် တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်း အကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာ ဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ် နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre …..Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2016 108 mins
Our Kind of Traitor
Southern Shaolin and The Fierce Buddha Warriors
5.7

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ငယ်ဘဝတုန်းကရှောင်လင်ဇာတ်ကားလေးတွေကြည့်ခဲ့ရတဲ့ ပုံရိပ်ကိုပြန်အမှတ်ရစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းတစ်ပါးသာားတွေစိုးမိုးခြယ်လှယ်လာကြရုံမက ပင်လယ်ဓါးပြတွေပေါများလာတဲ့အချိန်မြောက်ပိုင်းရှောင်လင် ဘုန်းကြီးကျောင်းအဖွဲ့ကနေ အစွမ်းကုန်ကြိုးစားနှင်ထုတ်ခဲ့ကြတယ်။ ပင်လယ်ဓါးပြတွေက အရမ်းဆိုးသွမ်းပေမဲ့ ကျီချင်းဆိုတဲ့လူကတော့ ပင်လယ်ဓါးပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ ဆင်းရဲသူတွေ၊ကိုယ်ဝန်ဆောင် မိခင်တွေကို မတိုက်ခိုက်ပဲ တိုင်းတစ်ပါးသားတွေဆီကနေ လုယူချင်စိတ်သာရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာပေါ့။ ဒါကို မကျေနပ်တဲ့လက်ထောက်ခေါင်းဆောင်ကတော့ သူ့ကိုသတ်လျက် ခေါင်းဆောင်နေရာကိုဝင်ယူခဲ့တယ်။ ဒီလိုနဲ့ကျီချင်းတစ်ယောက် မသေပဲမြောက်ပိုင်း ရှောင်လင်ဘုန်းကြီးကျောင်းကိုရောက်သွားခဲ့တယ်။ ဒီဘုန်းကြီးကျောင်းကရိုးရှင်းပြီးသေးငယ်ပေမဲ့ အင်မတန်မှဆန်းကြယ်မှုတွေပြည့်ဝနေခဲ့တာကို ကျီချင်းတစ်ယောက်သတိထားမိတယ်။ ဒါကိုအမြဲဖော်ထုတ်ဖို့ကြံရွယ်နေတဲ့ကျီချင်းနဲ့ အင်မတန်မှပါးနပ်တဲ့ရှောင်လင်ဘုန်းကြီးတို့ကြားက ရယ်မောစရာတွေနဲ့ အံ့အားသင့်ဖွယ်စရားတွေကို ဒီဇာတ်ကားလေးထဲမှာ အပြည့်အဝခံစားရမှာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Romance • Comedy • Family
5.7 2021
Southern Shaolin and The Fierce Buddha Warriors
Classified
5.5

တစ်ချိန်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး Aaron Eckhart ရဲ့ Classified ဆိုတဲ့အက်ရှင်ဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးပဲ အခုထက်ထိကြမ်းနေတုန်းဆိုတာကို တွေ့ရမှာဖြစ်ပြီး အက်ရှင်ခန်းတွေ ကလည်းအကြမ်းစားတွေပါပဲ။ ကြေးစားလူသတ်သမားတစ်ယောက် နိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်နေတယ်လို့မှတ်ယူပြီး လူတွေလိုက်သတ်ပေးနေရင်းနဲ့ နောက်ပိုင်းမှာ သူ့ကိုအမိန့်ပေးနေတဲ့လူပြောင်းသွားပြီး ပစ်မှတ်တွေ ကလည်းနိုင်ငံအတွက်အကျိုးမရှိဘဲ လိုက်သတ်ပေးနေရတာကိုတွေ့တဲ့ အခါမှာ အဖြစ်မှန်ပေါ်ပေါက်အောင်လိုက်လံစုံစမ်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အဲ့ဒီကြေးစားလူသတ်သမားကတော့ရှောပဲဖြစ်ပြီး သူ့ကိုယ်သူတော့ CIA အတွက်အလုပ်လုပ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကေစီဆိုတဲ့ MI6 ကကောင်မလေးကသူ့ဆီကိုရောက်ချလာခဲ့ပြီး သူထင်နေသလိုမဟုတ်ဘူးဆိုတာကို သက်သေတွေနဲ့တကွလာရှင်းပြ ပါတော့တယ်။ကေစီပြောတာတွေကလည်းယုတ္တိရှိနေတဲ့အတွက် သူ့ကိုအလုပ်ခိုင်းနေတာ CIA မဟုတ်ဘူးဆိုရင် နောက်ကွယ်က ကြိုးကိုင်ထားတဲ့လူဘယ်သူလဲဆိုတာကို အဖြေရှာဖို့အတွက် ကေစီနဲ့ အတူတူစတင်စုံစမ်းခဲ့ကြပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ကိုအလုပ်ခိုင်းနေတဲ့လူကစစ်ဆင်ရေးတွေကို ဆက်လုပ်ဖို့ တွန်းအားပေးတဲ့အနေနဲ့ သူ့နောက်ကိုလူတွေလွှတ်ပြီး တောက်လျှောက်တိုက်ခိုက်ခိုင်းတဲ့အခါမှာတော့ ရှောနဲ့ကေစီတို့ နှစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ကွယ်ကလူကို အဖြေရှာပုံတွေအပြင် တခြားသောမြှုပ်ကွက်လေးတွေကိုပါ စိတ်ဝင် တစားကြည့်ရှုရမဲ့ အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… 1.83GB / 992MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 105 mins
Classified
Aaragan
7.4

Aaragan (2024) “ဆန်းကြယ်သော ဘ၀ခရီး” ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် တမီလ်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်ထောင်တစ်ခုထူထောင်မဲ့ ချစ်သူနှစ်ဦးရဲ့ ရုန်းကန်ရတဲ့ ဘ၀ခရီးလမ်းကို ဒရာမာနှောပြီး ခပ်ဆန်းဆန်း ရိုက်ကူးထားတာပါ။ အခုခေတ်ဇာတ်လမ်းဖြစ်ပေမဲ့ ဇာတ်လမ်းအစမှာတော့ ရာဇ၀င်ဇာတ်ကြောင်းတစ်ခုနဲ့ အစပျိုးထားပါတယ်။ တိုင်းပြည်တစ်ပြည်က ဘုရင်တစ်ပါးမှာ သားတော်နှစ်ပါးရှိပြီး သားတော်ကြီးက လက်ရုံးရည် နှလုံးရည်ပြည့်၀သလောက် သားတော်ငယ်ကတော့ သွေးကြောင်တဲ့ အရည်အချင်းမရှိသူပါ။ တစ်နေ့မှာ စစ်မက်ဖြစ်ပွားရာက ဘုရင်နဲ့သားတော်ကြီး ဆုံးပါးသွားပြီး သားတော်ငယ်ကတော့ တောထဲထွက်ပြေးသွားပါတယ်။ အဲဒီမှာ သားတော်ငယ်ဟာ ပရောဟိတ်ကြီးတစ်ပါးနဲ့ဆုံပြီး တပည့်ခံခဲ့ပါတယ်။ ‌ တစ်နေ့မှာတော့ ပရောဟိတ်ကြီးရဲ့အသက်ကို ကယ်ပေးခဲ့တာကြောင့် ပရောဟိတ်က သားတော်ငယ်ကို လိုရာဆုတစ်ခု တောင်းခိုင်းခဲ့ပါတယ်။ အဲဒီသမိုင်းကြောင်းဟာ ခေတ်သစ်ဘ၀မှာ အိမ်ထောင်ထူထောင်ကြမဲ့ ဆာရ်ဗန်နာနဲ့ မာဂီနီလာတို့ ချစ်သူနှစ်ဦးနဲ့ ဘယ်လိုဆက်စပ်နေမလဲ၊ ချစ်သူနှစ်ဦးရဲ့အိမ်ထောင်ရေးမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ ဘယ်လိုထူးဆန်းတာတွေ တွေ့ရမလဲဆိုတာကို စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်‌တွေကတော့ Cym~KKKZ~ToMo~V တို့ ဖြစ်ပါတယ်။)

Mystery • Thriller • Crime • Drama
7.4 2024 90 mins
Aaragan
Nilavuku En Mel Ennadi Kobam
6

Nilavuku Enmel Ennadi Kobam (2025)”လမင်းလေးရယ် ဘာကြောင့်ထားခဲ့” =========================================================== တမီလ်မင်းသားကြီး ဒနွတ်ရှ် ဒါရိုက်တာလုပ် ရိုက်ကူးထားတဲ့ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီနှစ်တွေထဲမှာ အိန္ဒိယ အချစ်ဟာသ ရုပ်ရှင်တွေ အများကြီးထွက်ထားပေမဲ့ ဒီရုပ်ရှင်လေးကတော့ တစ်ခါကြည့်ရုပ်ရှင်မျိုးမဟုတ်ဘဲ အချိန်ပေးရကြိုး သေချာပေါက်နပ်စေမယ့် ရုပ်ရှင်ကောင်းလေးပါ။ ဇာတ်လမ်းကတော့ ပရာဘူဆိုတဲ့ စားဖိုမှူးလေးဟာ မိန်းကလေးတစ်ယောက်ကြောင့် အသည်းကွဲပြီး ဘဝကို ရေစုန်မျှောနေပါတယ်။ သားဖြစ်သူ လနဲ့ချီပြီး အဲဒီလို မသာမယာဖြစ်နေတာကို ကြည့်မနေနိုင်တဲ့ မိဘနှစ်ပါးက ပရာဘူကို အတင်းအကျပ် မိန်းမပေးစားဖို့စီစဉ်ပါတယ်။ အဲဒီလိုနဲ့ အိမ်ထောင်ဖက်သွားတွေ့တဲ့အချိန် တွေ့ရတဲ့မိန်းကလေးက ပရာဘူရဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းကောင်မလေးတစ်ယောက် ဖြစ်နေပါတယ်။ ခင်မင်စ ရှိတဲ့အတွက် ပရာဘူနဲ့ အဲဒီသူငယ်ချင်းမလေး ရင်းနှီးစပြုနေတုန်းမှာပဲ ပရာဘူရဲ့ ရည်းစားဟောင်း အချစ်ဦးဆီကနေ မမျှော်လင့်ထားတဲ့ ပါဆယ်တစ်ခု ရောက်လာပါတယ်။ ပရာဘူတစ်ယောက် သူငယ်ချင်းမလေး အဆင်ပြေသွားမှာလား၊ ရည်းစားဟောင်း ပို့လိုက်တဲ့ပစ္စည်းက ဘာလဲ၊ ဘယ်လိုအကြောင်းတွေအကြောင့် ပရာဘူ ရှေ့မဆက်နိုင်ဖြစ်နေရလဲဆိုတာတွေကို မင်းသားကြီး ဒနွတ်ရှ်ရဲ့လက်ရာ ဒီရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ KKKZ ~ Cym ~ Julien နဲ့ Yunni တို့ပါ။)

Comedy
6 2025 131 mins
Nilavuku En Mel Ennadi Kobam
Cleaner
5.8

Star wars နာမည်ကြီး မင်းသမီး Daisy Ridley ရဲ့ ထိုင်ရာမထကြည့်ကောင်းမယ့် Non stop action ကားလေးထွက်လာပါတယ် .. စစ်ပြန် မရိန်းအဖွဲ့၀င်ဟာင်း ဂျိုအန်နာဟာ တပ်ထဲမှာ ပြဿနာဖြစ်ခဲ့ပြီး ထွက်လာခဲ့ကာ မစ်တန်ညီအစ်ကိုပိုင်တဲ့ Aangan ဆိုတဲ့ စွမ်းအင်ကုမ္ပဏီကြီးရဲ့ အထပ်မြင့် ပြတင်းပေါက်တွေကိုသန့်ရှင်းရေးလုပ်တဲ့သူ အဖြစ် ဘ၀ကိုရှေ့ဆက်နေပါတယ်… တစ်နေ့ ဒီကုမ္မဏီက အစုရှယ်ယာ၀င်တွေ့ဆုံညစာစားပွဲ လုပ်နေတုန်း သဘာ၀ပတ်၀န်းကျင်လှုပ်ရှားသူ အစွန်းရောက် အဖွဲ့က ပွဲလာတဲ့သူတွေအားလုံးကို ဓားစာခံဖမ်းဆီး ခြိမ်းခြောက်ပြီး ကုမ္ပဏီနဲ့ အစိုးရအဖွဲ့ကြားက အကျင့်ပျက် ခြစားမှုတွေကိုဖော်ထုတ်ဖို့အတွက် အနုကြမ်းစီးပါတော့တယ်… ဒီအဖွဲ့က ခေါင်းဆောင်က ဂျိုအန်နာရဲ့ သူငယ်ချင်းဖြစ်နေတာကို သိလိုက်ရတဲ့အချိန် ဒီလူတွေကိုကယ်တင်ဖို့အတွက် ရဲတပ်ဖွဲ့ SWAT အဖွဲ့တွေရဲ့ တာ၀န်ကို အောက်ခြေသန့်ရှင်းရေးသမား ဂျိုအန်နာက တာ၀န်ယူရပါတော့တယ်…… File size… (1.24 GB) / (728 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Cyberboy

War • Drama • Action
5.8 2025 97 mins
Cleaner
Bobby Aur Rishi Ki Love Story

Bobby Aur Rishi Ki Love Story (2025) “ဘော်ဘီနဲ့ ရစ်ရှီတို အချစ်ဇာတ်လမ်း” ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါး ဟင်ဒီအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအစမှာ စုံတွဲနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် မကျေမနပ်နဲ့ therapist နဲ့ တိုင်ပင်ဖို ရောက်လာပါတယ် ဒီလိုနဲ့ အတိတ်ကိုခြေရာပြန်ကောက်ရင်း သူတိုနှစ်ယောက် အမှတ်မထင် စတင်ဆုံတွေ့တဲ့နေ့လေးကို နောက်ကြောင်းပြန်ပြောရာကနေမှ ရင်ခုန်သံတွေ အသစ်တဖန်နိုးကြားလာမှာလား ကံမကောင်းအကြောင်းမလှစရာ အဖြစ်အပျက်လေးကနေ သူတိုနှစ်ယောက်သား တစ်ရက်တာဘယ်လိုဆုံတွေ့ခဲ့ကြလဲ သူတိုရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းအေးအေးလေးကို ပရိတ်သတ်တိုကပဲ ဆက်လက်ခံစားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe ~ Cym ~ STAR ~ Alex မှ ဖြစ်ပါတယ်

Horror
0 2025 97 mins
Bobby Aur Rishi Ki Love Story