YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

High & Low The Movie 2 _ End of Sky.720P{CM}.mp4

1.14 GB N/A video/mp4 1586 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Adventures of Sharkboy and Lavagirl
5.1

ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို လျော်ပြီး ကားကို အပိုင်သိမ်းထားပြီးကို ကြည့်ခဲ့ကြတယ်။ နောက်ပိုင်း သူ့ထက်တော့ ပိုကောင်းတဲ့ ဘရန်ဒန်ဖရေဆာပါတဲ့ Looney Tunes: Back in Actionတို့ ဂျင်ကာရေးရဲ့ A Series Of An Unfortunate Eventsတို့ ကြည့်ခဲ့ရပေမဲ့ သူတို့ကိုကျော်ပြီး Sharkboy and Lavagirlက ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ DVD ခေတ်မှာ မတူတဲ့ ကားတွေ ဖောခြင်းသောခြင်းကြည့်လာရတဲ့အချိန်ကျတော့ Harry Potter တို့ Lord Of The Ring တို့လိုကားတွေကလွဲ ရုပ်ရှင်တစ်ကားတည်းကို ခဏခဏပြန်ပြန်မကြည့်ဖြစ်ခဲ့ဘူး ဒီလိုနဲ့ အဲဒီကနေ အခုထိ ဒီရုပ်ရှင်ကို ကျွန်တော်ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီကားက မှတ်ဉာဏ်ထဲကတော့ ပျောက်မသွားဘူး။ ဒါပေမဲ့ အမှတ်ရစရာကောင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲ ဒီကားကို ပေါတယ် CGI တွေ ညံ့တယ်ဆိုတဲ့ အသိကြီးက မသိမသာကြီးစိုးနေခဲ့တယ်။ ဒီလိုနဲ့ သတိရပေမဲ့ ပြန်ကြည့်လိုက်ရင် မှတ်ဉာဏ်တွေ ပျက်စီးသွားမှာစိုးတာကြောင့် ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ဒီကားကို ပြန်ရေးရင်း ပြန်ကြည့်ဖြစ်တော့ ထင်ထားတာနဲ့ တက်တက်စင်အောင်တော့လွဲနေတယ်။ ကျွန်တော့်ကိုယ်ပိုင်အမှတ်တရကြောင့်လားတော့မသိပေမဲ့ ဒီကားကို ပြန်ကြည့်ရတဲ့ အရသာက အစောကထင်ခဲ့သလို ပေါလည်းမပေါသလို စုတ်လည်း မစုတ်ပြတ်နေခဲ့ဘူး။ ဇာတ်လမ်းဇာတ်အိမ်ကိုပြောပါတယ်။ ဟိုးတုန်းက အရသာမျိုးရှိနေတုန်းပဲလို့ ပြောရမှာပဲ။ တော်တော်လေးလည်း သဘောကျသွားခဲ့တယ်။ အခုအချိန်ထိလည်း ကျွန်တော်က စိတ်ကူးယဉ်တတ်ဆဲမို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ အားလုံးတော့ ကြိုက်ကြမှာမဟုတ်ပေမဲ့ ၉၇ ၉၈ ၉၉ကာလက ကလေးတော်တော်များများအတွက်တော့ ဒီရုပ်ရှင်ဟာ အမှတ်တရတစ်ခုဖြစ်နေမှာပါပဲ။ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့စိတ်ကူးယဉ်တွေထဲက ကမ္ဘာကြီးမှာ သူ့မှာသူငယ်ချင်း၂ယောက်ရှိတယ်။ Sharkboy နဲ့ Lavagirlပေါ့။ ဆရာတွေ မိဘတွေကတော့ သူ့ကို စိတ်ကူးမယဉ်ဘဲ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ ပြောကြပေမဲ့ သူက သူ့စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်နိုင်တော့ အားလုံးကြားထဲ ငကြောင်လိုလိုဖြစ်နေခဲ့တာပေါ့။ တစ်နေ့ လက်တွေ့ဘဝနဲ့ သူ့စိတ်ကူးယဉ်တွေက အသားကျမနေတဲ့အခါ သူ့ဟာ သူ့စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲဒီမှာ Sharkboy နဲ့ Lavagirlဟာ ကမ္ဘာပေါ်ရောက်လာပြီး သူ့ကို သူ့စိတ်ကူးယဉ်တွေကနေ ဖြစ်တည်လာတဲ့ ဂြိုဟ်ကြီး ပျက်စီးတော့မှာမို့ လာပြန်ပြင်ပေးဖို့ ခေါ်သွားကြတယ်။ ဒီလိုနဲ့ သူ့စိတ်ကူးတွေက တကယ်ဖြစ်နေတာကို သူမျက်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့.... အသစ်ပြန်ဖြစ်တတ်တဲ့ နှလုံးသားတွေအတွက်တော့ ဒီရုပ်ရှင်ဟာ မအိုမင်းနိုင်တဲ့ နေ့ရက်တွေအကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Actino, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2.4GB | 1.1GB | 515MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Drama
5.1 2005 92 mins
The Adventures of Sharkboy and Lavagirl
The Taming of the Shrewd
5.3

Netflix ကနေ အသစ်ထွက်ရှိလာတဲ့ romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရည်းစားက သစ္စာဖောက်လို့ အသည်းကွဲလာတဲ့ သိပ္ပံပညာရှင် ကတ်စ်ကာဆိုတဲ့ ပိုလန်သူလေးက ချီကာဂိုကနေ သူ့ရဲ့မွေးရပ်မြေ ပိုလန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ ပိုလန်က သူ့အစ်ကိုဖြစ်သူ ရန်ဒရုရှ် ကတော့ သူတို့နှစ်ယောက်ပိုင်တဲ့ မိဘပိုင်မြေကို ရောင်းထုတ်ချင်နေတာပါ။ သူမပြန်ရောက်လာတော့ ကတ်စ်ကာက သဘောမတူတာကြောင့် အစ်ကိုဖြစ်သူက ညီမကို လင်ပေးစားဖို့ ကြံစည်ပါတော့တယ်။ ပိုလန်ရောက်တော့ သူမ ဘဝသစ်ကို စတင်ဖို့ ကြိုးစားရင်း ခပ်လန်းလန်းကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံတာ ကနေပါ Romance ဇာတ်လမ်းလေးဖြစ်လာတယ်ဆိုပါတော့။ အဲ့တော့ ကတ်စ်ကာဟာ ပိုလန်မှာပဲ အခြေချဖြစ်မှာလား၊ ခပ်လန်းလန်း ကောင်လေးကရော သူမနားကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာ ဒီ Comedy, Romance ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.71 GB) / (877 MB) / (568 MB) Quality – WebRip 1080p / 720p / 480P Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Romance Translator – Parris Encoder – SWM

Horror • Thriller
5.3 2022 112 mins
The Taming of the Shrewd
The Black Phone
7.3

(imdb 7.3 / 26k) ဟော်ရာကားကောင်းကောင်းတွေ ရှားနေတုန်းမှာ ကောင်းတာလေး ထွက်လာပါပြီ။ စိတ္တဇလူသတ်သမားဇာတ်လမ်းကို ပရလောကနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းပါပဲ။ မူရင်းရုပ်ရှင်ဇာတ်လမ်းတိုလေးကို ပြန်ရိုက်ကူးထားတာပါ။ ဇတ်လမ်းအကျဉ်းကတော့ ဂရက်ဘာ (ဖမ်းဆီးသူ)လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ ကလေး ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီးခဲ့ပေမဲ့ ဘယ်သူမှ တရားခံကိုရော အလောင်းတွေကိုရော ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၆ ယောက်မြောက်ကလေးကို ဖမ်းမိချိန်မှာတော့ ထူးခြားမှုတွေဖြစ်လာပါတော့တယ်။ ဖမ်းခံရတဲ့ ကလေး ဖင်း ရဲ့ ညီမဟာ လူသတ်ကောင်အကြောင်းအိပ်မက်တွေမက်နေပြီး အဲဒီကနေသဲလွန်စတွေနဲ့ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ကနေ အရင်အဖမ်းခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငါးယောက်က တလှည့်စီဖုန်းဆက်လာတာကိုကြုံလာရပြီး သူတို့လွတ်မြောက်အောင် ကြိုးစားခဲ့တဲ့နည်းတွေ အသတ်ခံရပုံအမှားတွေကို တစ်ခုပြီးတစ်ခု ပြောပြလာပါတော့တယ်… ဒီဝိညာဉ်တွေရဲ့အကူအညီနဲ့ ဖင်းတစ်ယောက် စိတ္တဇလူသတ်သမားလက်ကနေ ဘယ်လိုအလွတ်ရုန်းမလဲဆိုတာ

Action • Drama • Thriller
7.3 2021 103 mins
The Black Phone
Cheppalani Undhi
8.5

Cheppalani Undi 2022 IMDb-8.6/10 လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ် အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ် တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီ ချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး

Animation • Family
8.5 2023
Cheppalani Undhi
Grow Up, Tony Phillips
6.5

Grow Up, Tony Phillips (2013) ====================== IMDb Rating – 6.5/10 Grow Up Tony Phillips ဆိုတဲ့ Comedy, Drama ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ဟောလို ဝင်းကို သဘောကျတဲ့ တိုနီက ၁၈ နှစ်သားအရွယ်ရောက်တာတောင် ဟောလိုဝင်း ဝတ်စုံဝတ် Trick or Treat ဆော့ပြီး ချိုချဉ်လိုက်တောင်း ချင်နေတုန်းပေါ့။ အရပ်စကားနဲ့ဆို နည်းနည်း ကလေးစိတ်မကုန်သေးတာ ပေါ့ဗျာ။ ကျွန်တော်တို့တောင် နည်းနည်းအသက်လေးရလာရင် သီတင်း ကျွတ်လို ရာသီမှာတောင် ရပ်ကွက်ထဲအိမ်စေ့ပတ်ပြီး လိုက်ကန်တော့ဖို့ ရှက်စပြုလာပြီမလား။ တိုနီကတော့ သူမြတ်နိုးရတဲ့ ပျော်ပွဲရွှင်ပွဲလေးကို အရွယ်ရောက်လာပေမဲ့ ဆက်ဆင်နွှဲဖို့ကြိူးစားနေတုန်းပါ။ ဒီတော့ အပေါင်းအသင်းတွေက ငကြောင် ကောင် ဘာညာနဲ့လှောင်တာခံရတာပေါ့။ တိုနီတစ်ယောက် သူမြတ်နိုးရတဲ့ ဟောလိုဝင်းကို စွန့်လွှတ်ပြီး တခြားသူတွေလို ကလပ်တက်ပါတီတက်ပဲ လုပ်မှာလား၊ ဆက်လက်ဆုပ်ကိုင်ထားပြီး သူ့ရဲ့ယုံကြည်မှုနဲ့ပဲ တခြားသူတွေရဲ့ အမြင်ကို ပြောင်းလဲပစ်လိုက်မလားဆိုတာရယ် တိုနီရဲ့ ဘဝလေးရယ်ကို ဆက် လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(2.13 GB) / (512 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thetti Tun Encoder……….Zin Phyo Aung

6.5 2013
Grow Up, Tony Phillips
The Snow Walker
7.3

၂၀၀၃ ခုနှစ်က ထွက်​ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ ကနေဒါနိုင်ငံအနောက်​မြောက်ပိုင်းက ရာသီဥတု​အေးစက်​ကြမ်း​တမ်းပြီး သစ်ပင်​တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း​ အအေးပိုင်းစိမ့်မြေတွေကို ကျော်​ဖြတ်​ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူ​လေယာဉ်မှူး​နဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်​ကူးထားတာဖြစ်ပါတယ်။ ၁၉၅၂ ကာလတွေကို တည်​ထားတာဖြစ်ပြီး ဖြစ်​ရပ်​မှန်​ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother​ ဆိုတဲ့​ ဝတ္ထု​တိုကို ရုပ်​ရှင်​အဖြစ်​ အသက်​သွင်း​ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းက ချာ​လီ​ဟောလီးဒေးက ဒုတိယ​ကမ္ဘာ​စစ်အတွင်းက ကနေဒါ​လေတပ်မှာ ဗုံးကြဲ​လေယာဥ်​မှူးအဖြစ် ထမ်း​ဆောင်​ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ​ အလုပ်​ကိစ္စ​တစ်ခုအတွက် လေယာဥ်​မောင်း​လာရင်း လမ်းခုလတ်မှာ ဒေသခံ​ Inuk အက်​စကီး​မိုး​လူမျိုး​တစ်စုနဲ့တွေ့ပြီး ဖျားနာ​နေတဲ့ ဒေသခံ​မိန်းကလေးတစ်ဦးကို ဆေးရုံ​ပို့ဖို့ Yellowknife မြို့​ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။ လမ်း​မှာ လေယာဉ်​ပျက်ကျပြီး ကျယ်​ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်​သား သောင်​တင်နေပါတော့တယ်။ အင်္ဂလိပ်​စကား​ကောင်းကောင်းမပြောတတ်တဲ့ အက်​စကီး​မိုးမလေး Kanaalaq နဲ့ အကျိုး​အမြတ်​လိုချင်​လို့သာ မိန်း​ကလေး​ကို ဆေးရုံ​ပို့ပေး​ဖို့ဆုံးဖြတ်ခဲ့တဲ့ မောက်​မာရိုင်းစိုင်းပြီး ကျွတ်​ဆတ်ဆတ်နိုင်တဲ့ လူဖြူ​ပိုင်း​လော့​ ချာ​လီတို့​နှစ်ဦး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ကြီးမှာ အသက်​ရှင်​သန်ဖို့ကြိုးစားကြပုံကို တင်​ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်​က Leo Awards ၆ ခု​အပြင်​ တခြား​ဆုများစွာ ဆွတ်​ခူး​ခဲ့ပြီး ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။ အက်စကီးမိုးအမျိုးသမီးငယ်နေရာမှာ သရုပ်ဆောင်​တဲ့ မင်း​သမီးကိုယ်တိုင်ကလည်း ဒေသခံ​ Inuit တိုင်း​ရင်း​သူဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ နာမည်ကြီး​ Dance​s with Wolves​ လို အငွေ့​အသက်​မျိုးတွေ့ရပြီး Kannalaq နဲ့ ခင်​မင်​ရင်းနှီးလာပြီးနောက် ​ဒေသခံ​တိုင်းရင်း​သားတွေအပေါ် ချာ​လီရဲ့အမြင် တွေပြောင်းလဲလာပုံက Dances with Wolves ရုပ်ရှင်​က ဗိုလ်​လေးဒန်ဘာနဲ့ လူနီအင်​ဒီးယန်း​လူမျိုး​တွေအကြား သံယောဇဉ်​ဖြစ်တည်လာပုံနဲ့ ဆင်တူပါတယ်။ နောက်​ဆုံး​ဇာတ်​သိမ်းလေးကလည်း ဆွတ်​ပျံ့ကြည်နူးဖွယ်ကောင်းပြီး ကြည့်လိုက်​လို့ အရှုံး​မရှိတဲ့ရုပ်ရှင်မျိုးလို့မြင်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

TV Movie • Comedy • Romance • Crime
7.3 2003
The Snow Walker
The White Storm 3: Heaven or Hell
6.3

The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

6.3 2023
The White Storm 3: Heaven or Hell
Akkaran
6.8

Akkaran (2024) “ကလဲ့စား” စိတ်ဝင်စားစရာ တမီးလ်မှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဗီရာပန်ဒီဆိုတာ မိတဆိုးသမီးနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နေတဲ့ ဖခင်တစ်ယောက်။ အကြီးမလေးက ဆယ်တန်းပြီးတော့ အဖေဖြစ်သူ ပင်ပန်းမှာစိုးပြီး ကျောင်းဆက်မတက်တော့။ အငယ်မက ဆယ့်နှစ်တန်းတက်နေပြီး ဆရာဝန်ဖြစ်ချင်တဲ့သူ။ သမီးတွေ စိတ်တိုင်းကျ နေထိုင်ခွင့်ပေးပြီး ညနေစောင်းရင် အရက်ကလေးတမြမြနဲ့ သေသွားတဲ့ ဇနီးဖြစ်သူရဲ့ဓာတ်ပုံကို စကားထိုင်ပြောနေတတ်တယ်။ သမီးငယ်ဖြစ်သူ ပရီယာအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဗီရာပန်ဒီတစ်ယောက်အရူးမီးဝိုင်းဖြစ်ရပါတော့တယ်။ သမီးငယ်ကိုသတ်သွားတဲ့ တရားခံတွေကို စုံစမ်းပြီး လက်စားချေဖို့ကြိုးစားချိန်မှာတော့ မထင်မှတ်ထားတဲ့အကြောင်းအရာတွေနဲ့ တွေ့ကြုံလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Science Fiction • Adventure
6.8 2024
Akkaran
Flying Swords of Dragon Gate
5.9

Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။ တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။

5.9 2011
Flying Swords of Dragon Gate
Not Another Teen Movie
5.8

ကပ္ပတိန်အမေရိကားကြီး Chris Evans ပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသ ဇာတ်ကားအမြူးလေးပါ။ ဘတ်ဂျက် ၁၅သန်းပဲကုန်ကျခဲ့ပေမယ့် Box Office 66.5 သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ American Pie ကားတွေလိုမျိုး ကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း ၁၈+အခန်းလေးတွေလဲ အများအပြားပါဝင်တယ်။ ရယ်လည်းရယ်ရတယ်ပေါ့နော်။ ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ ကျောင်းမှာနာမည်ကြီး Cheer leader ဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက် ရုတ်တရက် အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။ အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ကကျောင်းမှာ ရိုးအအနဲ့ လူရာသိပ်မသွင်းတဲ့ ဂျေနီဘရစ်ဆိုတဲ့ ကျောင်းသူတယောက်ကို Queenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။ အဲဒီကစပြီးဂျိတ်တယောက် ဂျေနီဘရစ်နဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။ ဒါပေမယ့်ကြားထဲမှာ အစ်မဖြစ်သူကတ်သရင်းကြောင့်ရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်း ရစ်ကီလစ်မန်းရော၊ သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးတာကို ကြုံရပါတော့တယ်။ အစ်မဖြစ်သူကတ်သရင်းကတော့ သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်း ဂျေနီကို ပုံစံလုံးဝပြောင်းပေးပြီး အလန်းလေးဖြစ်အောင်လုပ်ပေးလိုက်တဲ့အခါမှာတော့…. Chirs Evan အပါအဝင် တကျောင်းလုံးကကောင်တွေ ဘယ်လိုကြွေကျပြီး ဘယ်လိုသောက်တလွဲတွေနဲ့ အခွီတွေလုပ်ကြမလဲဆိုတာ……။ “Not another teen movie” ဆိုတဲ့အတိုင်း ခင်ဗျားတို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားမျိုးလို့တော့ မထင်လိုက်နဲ့ဆိုပြီး အချီကြီးနဲ့စထားပါတယ်… ဒါပေမဲ့ ကျွန်တော်တို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားတွေဖြစ်တဲ့ Bring It On, American Pie, Cruel Intentions, American Beauty, Never Been Kissed, Ferris Bueller’s Day Off, Can’t Buy Me Love, Jawbreaker, Sixteen Candles, Dazed and Confused, Lucas, Rudy, The Breakfast Club, Risky Business ဘာညာဇာတ်ကားတွေနဲ့မထူးခြားနား ကျောင်းသားဟာသအခွီကားပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကပ္ပတိန်အမေရိကားကြီး စတိဗ်ရော်ဂျာ (Chris Evans) နဲ့ အဆိုတော်မလေး Chyler Leigh တို့နဲ့ပဲ ဒီဇာတ်ကားက ကြည့်ထိုက်တယ်ဆိုပါတော့လေ။ (ရုံတင် Version မဟုတ်ဘဲ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

5.8 2001 89 mins
Not Another Teen Movie
A Strange House
5.5

The Floor Plan – A Strange House (2024) IMDb – 5.5 Mysteryကြိုက်နှစ်သက်သူတွေအတွက် Uketsuရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုတစ်ပုဒ်ကို Junichi Ishikawaက ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ၂၀၂၄ထွက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်ကြောင်းနဲ့ တင်ဆက်ပုံကြောင့် box office မှာ 30 millionsကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အမဲမိရ လို့ခေါ်တဲ့ လူသိနည်းတဲ့ YouTuber တစ်ယောက်က သူ့ရဲ့အလုပ်အတွက် contentရှာရင်းနဲ့ ထူးဆန်းတဲ့အခန်းဖွဲ့ပုံရှိတဲ့ အိမ်တစ်အိမ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီအိမ်ရဲ့ အခန်းတွေက ပုံမှန်မဟုတ်တဲ့ နေရာအစီအစဉ်တွေရှိနေပြီး ဘာရည်ရွယ်ချက်နဲ့ ထည့်ဆောက်ထားမှန်းမသိတဲ့ အခန်းလွတ်တစ်ခန်းလည်း ပါနေခဲ့ပါတယ်။ အဲဒီအခန်းငယ်ဟာ ပြတင်းပေါက်လည်း မရှိဘဲ အိမ်သာနဲ့လည်းတွဲထားသလို အလွယ်တကူရှာမတွေ့နိုင်လောက်အောင် လှည့်ကွက်များနဲ့ ရှိနေခဲ့တာပါ။ အမဲမိရက ဒီအိမ်အကြောင်း တွေ့ပြီးတဲ့နောက်မှာတော့ သူ့အသိ ဗိသုကာပညာရှင်နဲ့အတူ ဒီအိမ်ရဲ့ လျှို့ဝှက်ချက်အကြောင်း Videoတစ်ပုဒ်ဖန်တီးဖို့ ဖြစ်လာပါတယ်။ အစကတော့ လူသတ်ဖို့ရည်ရွယ်ချက်နဲ့ စီစဉ်ထားတဲ့အိမ်လို့ ထင်ကြေးပေးခဲ့ပေမဲ့ တကယ်တမ်း သေချာလေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးတဲ့ဖြစ်ရပ်တွေ အကြောင်းအရင်းတွေဖြစ်နေတာမို့ mystery thriller ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။ File Size ~~~ 2.14 GB/ 644 MB Quality ~~~WED-DL 1080p/ 720p Duration~~~ 1:51:55 Format~~~mp4 Genre ~~~ Thriller, Mystery Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Roseline Encoded by~~~ Treasure Htet

Horror
5.5 2024 110 mins
A Strange House
When the Light Breaks
6.7

Ljósbrot ရုပ်ရှင်ဟာဆိုရင် indie drama film လေးဖြစ်ပြီး Cannes ရုပ်ရှင်ပွဲတော်မှာ အဖွင့်ရုပ်ရှင်အဖြစ် ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ရုပ်ရှင်ဆုပေးပွဲပေါင်းများစွာမှာ Best Nordic film ဆုအပါအဝင် ဆုပေါင်း 14ခုရရှိထားခဲ့ပါတယ်။ အနုပညာကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ Una မှာ Diddy ဆိုတဲ့ တိတ်တခိုးတွဲရတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ Diddy မတော်တဆမှုကြောင့် သေဆုံးသွားတဲ့နောက် Una ရဲ့ စိတ်အတက်အကျပြောင်းလဲပုံကို ဇာတ်ကားတစ်လျှောက်အတူခံစားရမှာဖြစ်ပါတယ်။ တိတ်တခိုးတွဲခဲ့ရတာဖြစ်တဲ့အတွက် ရဲရဲတင်းတင်း ဝမ်းနည်းမပြနိုင်ပဲ ပူဆွေးနေရပုံ၊ မနာလိုမှု ကြေကွဲမှုတွေကြားက တစ်ချက်တစ်ချက်ပေါ်ထွက်လာတဲ့ လူငယ်သဘာဝပျော်ရွှင်မှုတွေကို Iceland ရဲ့လှပတဲ့ရှုခင်းတွေနဲ့အတူ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သင်က အနုပညာနဲ့ စိတ်ခံစားချက်အသားပေးတဲ့ indieရုပ်ရှင်တွေကြိုက်နှစ်သက်သူဆိုရင်တော့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားမို အတူကြည့်ရှုလိုက်ကြရအောင်… File Size… (1.53 GB) / ( 624 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 22m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki

6.7 2024 80 mins
When the Light Breaks
Saint Catherine
5

Saint Catherine (2024) ဒီကားထဲမှာဆိုရင်တော့ အယ်လီဆိုတဲ့အမျိူးသမီးလေးဟာ တစ်အိမ်ပြီးတစ်အိမ်ပြောင်းနေနေရတဲ့ မိဘမဲ့လေးပါ။ တရက်ကျတော့ စိန့်ကယ်သရင်းဆိုတဲ့ ကျောင်းကိုရောက်သွားခဲ့တယ် အဲ့ကျောင်းမှာကျောင်းသူတွေကို မကောင်းဆိုးဝါးတွေကို ဘယ်လိုဆန့်ကျင့်ရမလဲ trainပေးကြတယ်။ အယ်လီတစ်ယောက်လည်း အဲ့ကျောင်းမှာ သူနောက်တကောက်ကောက်လောက်နေတဲ့ မကောင်းဆိုးဝါးကို ပြန်တွန်းလှန်နိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ သဲထိတ်ရင်ဖို ရင်ထဲတမျိုးကြီးကျန်ခဲ့ချင်တာမျိုးကြိုက်ရင်တော့ ဒီကားကြည့်ကြပါလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (840 MB) / (510 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:28:19 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw

Drama
5 2024 86 mins
Saint Catherine
A Brother and 7 Siblings aka 1 Kakak 7 Ponakan
8.6

1 Kakak 7 Ponakan (2024) “မောင်နှမ ၇ ယောက်၊ အစ်ကိုကြီး ၁ ယောက်” ================================== 2024 ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား မိသားစုဒရာမာလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ မိုကိုဆိုတဲ့ ကောင်လေးဟာ ဗိသုကာမေဂျာနဲ့ မာစတာဆက်တက်ဖို့ပြင်ဆင်နေတဲ့ ပူပူနွေးနွေး ဘွဲ့ရစာတော်ကျောင်းသားတစ်ယောက်ပါ။ သူ့မှာ သူနဲ့အသက်ကွာတဲ့အစ်မကနေမွေးတဲ့ တူ၊ တူမ ငါးယောက်ရှိပြီး သူ့အစ်မကလည်း နောက်တစ်ဗိုက်ထပ်လွယ်ထားရပါသေးတယ်။ သူတို့မိသားစုလေးဟာ အဲဒီလိုပျော်ပျော်နေလာရင်းနဲ့ ရုတ်တရက် ယောက်ဖဖြစ်သူ ဆုံးသွားခဲ့ပြီး အစ်မဖြစ်သူကလည်း ကလေးမွေးပြီးပြီးချင်း တဖန်ထပ်ဆုံးသွားတဲ့အခါမှာတော့ မိုကိုတစ်ယောက် အိပ်မက်တွေအားလုံးကို လက်လျှော့ကာ မိဘမဲ့ဖြစ်သွားတဲ့ တူ၊ တူမတွေရဲ့ဝန်တွေကိုထမ်းပေးရင်း အရွယ်မတိုင်ခင် ဖခင်တစ်ယောက်သဖွယ် ရုန်းကန်ရပုံတွေကို ဒီရုပ်ရှင်လေးထဲမှာ ရင်မောကြည်နူးဖွယ်ရာတွေ့မြင်ရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။)

Horror
8.6 2025 131 mins
A Brother and 7 Siblings aka 1 Kakak 7 Ponakan
Twelve O’Clock High
7.7

ဒုတိယကမ္ဘာစစ်ကြီးမှာ ၂၁သန်းကနေ ၂၅သန်းကြားရှိ စစ်သားတွေ ကမ္ဘာတစ်ဝှမ်းအများအပြား အသက်ပေးခဲ့ကြရပါတယ်။ စစ်ပွဲမှာ ယောက်ျားအရင့်အမာကြီးတွေ အနေနဲ့ ဘယ်လောက်စိတ်ဓာတ်မာကြောနိုင်ကြနိုင်မလဲဆိုတာ တစိမ့်စိမ့်ခံစားကြည့်ရှုနိုင်မယ့် IMDb 7.7 ရထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း လေတပ်ဗိုလ်ကြီး ဒဗန်ပေါ့ဦးဆောင်တဲ့ အင်္ဂလန်ကိုရောက်ရှိနေတဲ့ အမေရိကန်လေတပ် တပ်ရင်းအမှတ် ၉၁၈ဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး အကျအဆုံးနဲ့အထိအခိုက် များလာတဲ့အတွက် ဗိုလ်ကြီး ဒဗန်ပေါ့ အထောင်းခံနေရပါတယ်။ တပ်သားတွေကို မိသားစုဝင်လို ချစ်ခင်ဆက်ဆံတတ်ပြီး သက်ညှာတတ်တဲ့ ဗိုလ်ကြီး ဒဗန်ပေါ့ကို အေးဆေးတည်ငြိမ် ခက်ထန်လွန်းတယ်လို့နာမည်ကြီးတဲ့ သူငယ်ချင်းဖြစ်သူ ဗိုလ်ချုပ် ဖရန့်ခ်ဆားဗေ့နဲ့ အထက်က အစားထိုးလိုက်ပါတယ်။ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလိုပဲ မိန့်ခွန်းပြောအပြီးမှာတင် တပ်သားအားလုံးက ဖရန့်ခ်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘဲ ရွှေ့ပြောင်းမိန့်အတွက် အားလုံးတစ်ညီတည်း စာတင်ကြပါတော့တယ်။ ဒီလိုအခြေအနေကနေ ဖရန့်ခ်တစ်ယောက် ဒီတပ်ရင်းကို လိုချင်တဲ့ပန်းတိုင် ရောက်အောင် ဘယ်လိုကြိုးစားမလဲ။ တပ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုရော ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ ကြည့်ရမှာပါ။ မျက်ရည်မချူ မျက်ရည်မကျစေဘဲ ကမ္ဘာစစ်တွေအတွင်းက ယောက်ျားသားတွေရဲ့ မျိုးစုံသော ဖိအားကို လက်တွေ့ဘဝမှာ အနုပညာဆန်ဆန် တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 4.1 GB GB / 2.62 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 12m Genre ….. Drama / War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mahaw Htike Lay

Drama • Thriller
7.7 1949 132 mins
Twelve O’Clock High