YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hierarchy 2024 - Episode 01 - 720p NF [RMC].mp4

548.52 MB N/A video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Social Distancing

ဒီတစ်ခါမှာတော့ Covidကာလအစောပိုင်းကိုအခြေခံပြီးရိုက်ထားတဲ့ ဟောင်ကောင်ဟော်ရာကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ Covid pandemicမှာလူတွေအားလုံးအိမ်တွင်းအောင်းကြရတော့ စိတ်ထွက်ပေါက်အဖြစ်နဲ့ လက်ကိုဖုန်းတွေကိုပဲပိုသုံးမိကြတာပေါ့။ နိုင်ငံခြားကပြန်လာတဲ့ချူထုံဟာ Youtube ချန်နယ်ဖွင့်ပြီး ကြည့်ရှုနှုန်းများအောင်ကြိုးစားနေပါတယ်။ သရဲတစ္ဆေအကြောင်းစိတ်လှုပ်ရှားစရာတွေရိုက်ရင် လူကြည့်များတယ်ဆိုကြလို့ သေသွားတဲ့သူတစ်ယောက်ရဲ့ဖုန်းကို Live လွှင့်ပြီးဖွင့်ပြတာပေါ့..... အဲဒီအချိန်ကစပြီးသူ့ဘေးနားမှာထူးဆန်းတာတွေဖြစ်လာပါတော့...... Digital spiritသရဲရှိတယ်ဆိုတာကစပြီးယုံလာပါတော့တယ်...... ဒီကားလေးမှာ လူငယ်တွေလက်ကိုင်ဖုန်းကိုအရမ်းစွဲလမ်းလွန်းလို့ဖြစ်ရတဲ့ဆိုးကျိုးတွေ...... မိသားစုကိုလစ်လျူရှုခဲ့မိလို့နောင်တရခဲ့ရပြီး တကယ်နောက်ပြန်လှည့်ချိန်မှာ ပြန်ဆုပ်ကိုင်ဖို့ အချိန်မမီတော့တာတွေကိုပါဖော်ပြသွားပါတယ်..... ဟော်ရာတွေရဲ့ထုံးစံအတိုင်း တကယ်သရဲလား ဘယ်လိုထူးဆန်းတဲ့အရာတွေကြောင့်ဖြစ်လာတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ကားကောင်းလေးဖြစ်ပါတယ်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK

Drama • Romance
0 2023 91 mins
Social Distancing
The Sky Is Everywhere
5.8

ဒီနေ့အတွက် Apple TV+ ကနေပြသသွားတဲ့ Drama, Music, Romance ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ ပူဆွေးသောကဆိုတာ နေ့တိုင်း တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ပျောက်ကွယ်သွားသလိုပဲ..... ဘဝမှာ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးရရင် ကမ္ဘာတစ်ခုလုံး ပျက်လုမတတ် ခံစားရပါတယ်....... ဒီဇာတ်ကားထဲမှာလည်း 17 နှစ်အရွယ် ကောင်မလေးတစ်ယောက်၊ သူ့အစ်မ ရုတ်တရက် သေဆုံးသွားပြီးနောက်ပိုင်း သောကရောက်နေတဲ့ လင်နီဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းနဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတာပါ။ သူမသိပ်ချစ်ရတဲ့ အစ်မမရှိဘဲ သူမဘဝ ဘယ်လိုရပ်တည်မလဲ သောကရောက်နေတဲ့ သူမဘဝထဲ ကောင်လေး တစ်ယောက်ဝင်လာနိုင်ချိန်မှာတော့ အရင်လို သူမဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... 2022 ထွက် လူငယ်အကြိုက် ဒရမ်မာဇာတ်ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.9 GB) /(855 MB) / (572 MB) Quality – WebDL 1080p / 720p/480p Duration - 1h 43mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Music, Romance Translator – Parris Encoder – SWM

Drama • Music
5.8 2022 103 mins
The Sky Is Everywhere
Batman: The Dark Knight Returns, Part 1
7.7

1986 ခုနှစ်က Frank Miller ရဲ့ Dark Knight Returns Comic ကို 2012 ခုနှစ်မှာ Dark Knight Returns  Part 1 နဲ့ Part 2ရယ်လို့ နှစ်ပိုင်းခွဲပြီး Animated ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ Dark Knight Return comic ဟာ ကမ္ဘာ့အဆင့်သတ်မှတ်တဲ့ top 10 comic booksတွေ စာရင်းမှာ ထိပ်ဆုံးပိုင်းတစ်နေရာမှာ အမြဲပါနေတတ်တာကသူ့ရဲ့ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ သေသပ်ဆွဲဆောင်မှု ရှိတဲ့ story line ကြောင့်ဖြစ်ပါတယ် ဒီလို Comic ကို ပြန်ပြီး ပုံဖော်ထားတဲ့ Animated ကလည်း Rotten Tomatoesရဲ့ rating မှာ အင်မတန်ရှားပါးလှတဲ့ 100% rating အပြည့်ရရှိထားခဲ့တာကြောင့် ဒီ Animatedကောင်းလားမကောင်းလားဆိုတာ သိပ်ပြီး အငြင်းပွားနေစရာ မလိုလောက်အောင်ပါပဲ ဇာတ်လမ်းအညွှန်းဘက် နည်းနည်းသွားရရင် Gotham မှာ Batman ရယ်လို့ ပျောက်ကွယ်သွားခဲ့တာ ဆယ်စုနှစ်တစ်ခုရှိတဲ့ကာလတစ်ခုကနေဇာတ်အိမ်တည်ထားပါတယ် Bruce Wayne ကိုလည်း တွေ့လေ့တွေ့ထရှိတဲ့ အသက်အရွယ်မဟုတ်ပဲ ဇရာထောင်းလို့ စိတ်ထောင်းကိုယ်ကြေ ဆုံးရှုံးမှုတွေ အများကြီးနဲ့ Batman ဘဝက အနားယူထားတဲ့ အဘိုးကြီးတစ်ယောက်အနေနဲ့ ပုံဖော်ထားတာက မြင်နေကျ Batman နဲ့ ခွဲထွက်ထားတဲ့ကွဲပြားမှုတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း အတိတ်က Batman ရဲ့အရိပ်က Bruce တစ်ယောက်ကို အမြဲတစ်စေ ခြောက်လှန့်နေပြီး... Gotham မြို့ကိုကြီးစိုးချယ်လှယ်နေတဲ့ Mutants ဂိုဏ်းကြီး ဟာတစ်နေ့တစ်ခြား ဆိုးဝါးလာတဲ့ အခါမှာတော့ Bat vigilante ဘဝကို မလွှဲမရှောင်သာ ပြန်လည်  လှုပ်ရှား လာရပါတော့တယ်။ Part ( 1 ) ဟာ Batman နဲ့ Mutants ဂိုဏ်းအကြား အားပြိုင် တိုက်ခိုက်မှုတွေကို စိတ်ဝင်စားစရာ တင်ဆက်ထားတာဖြစ်ပါတယ် Zack Snyderရဲ့ Batman VS Superman ဟာ Dark Knight Returns ရဲ့ကျောရိုးကို အများဆုံးအသုံးပြုထားတာ ဖြစ်ပြီး Ben Affleck ရဲ့ Batmanဟာလည်း DKR ရဲ့ Batman နဲ့ အနီးစပ်ဆုံး တူအောင်ရွေးချယ်ထားတဲ့ Batman Character ဖြစ်ပါတယ်။ Review သပ်သပ်ရေးတာမဟုတ်ပဲ ဇာတ်ကားအတွက်အညွှန်းရေးပေးတာဖြစ်လို့ တစ်ချို့မဆိုင်တာလေးတွေနဲ့ မလိုအပ်တာလေးတွေကို ပယ်ပြီး ဇာတ်ကားကိုလည်း Spoil မဖြစ်အောင် ဒီလောက်ပဲညွှန်းပေးချင်ပါတယ်။ ကြည့်ပြီးသားလူတွေကလည်း ပြန်ကြည့်လည်းမရိုးသွားတော့ ထပ်ပြီးပြန်ကြည့်လို့ရအောင် မကြည့်ရသေးသူတွေအတွက်လည်း Animated ကားကောင်းတစ်ကားကို မကြည့်ဖူးတယ် မဖြစ်ရလေအောင် CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (အညွန်းကိုတော့ CM မှ Translator တစ်ဦး ဖြစ်တဲ့ ကို Han Htoo Zaw မှ တင်ဆက် ပေးထားတာဖြစ်ပါတယ်) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BRrip.x264.YIFY Encoded by A_Z

Comedy • Drama
7.7 2012 76 mins
Batman: The Dark Knight Returns, Part 1
Indiana Jones and the Last Crusade
7.8

BluRay 1080p 5.1 Ch နဲ့ပြန်လည်တင်ဆက်ထားပါပြီ။ IMDb Rating (8.2/10) နဲ့  Rotten Tomatoes (89/100)%  ရရှိထားပါတယ်။ (Indiana Jones and the Last Crusade ဆိုတဲ့ဒီဇာတ်ကားထဲက စိတ်ဝင်စားစရာ ပစ္စည်းကတော့ Holy  Grail ပါ။ တော်တော်များများလဲ ကြားဖူးသိဖူးကြမှာပေါ့။ ဒီခွက်ကို ယေရှုနောက်ဆုံးညစာစားပွဲမှာ သုံးခဲ့တယ်လို့ဆိုကြပါတယ်။ နောက်ပိုင်း ကျမ်းစာအလိုအရ ယေရှုရဲ့သွေးကို Josephက ဒီခွက်နဲ့ပဲ ခံယူခဲ့ပါသတဲ့။ ဒါလဲပဲ ဂျေရူစလင် ကျဆုံးချိန်မှာ ပျောက်ဆုံးတဲ့စာရင်းထဲမှာပါပါတယ်။ တချို့မှတ်တမ်းတွေအရ Templar တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို သယ်ဆောင်သွားခဲ့ပြီး လုံခြုံတဲ့ နေရာတခုမှာ ဖွက်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ ဘယ်နေရာလဲဆိုတာတော့ ရေရေရာရာမသိနိုင်တော့ပေမယ့် ဂျေရူဆလင်နဲ့ အနောက်ကမ္ဘာ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာလို့ပဲ ယူဆရပါတယ်။ ဒီခွက်နဲ့ပတ်သတ်ပြီး နောက်ထပ် တော်တော်ခိုင်မာတဲ့ဇာတ်လမ်းတစ်ပုဒ်မှာတော့ Holy Grail ဆိုတာ ခွက်တစ်ခွက်မဟုတ်ပဲ ယေရှုရဲ့ဇနီး Mary Magdaline ကို လျှို့ဝှက်ခေါ်ဆိုတာလို့ ဆိုပါတယ်။ အကျယ်သိချင်ရင်တော့ Da Vinci Code ရုပ်ရှင်ကို ပြန်ကြည့်ကြည့်ကြပါ။ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို phothagyan ဘလော့မှကူးယူဖော်ပြပါသည်။) File size…(2.1 GB) and (1.6 GB) Quality…BluRay 1080p 5.1 DTS Format…mkv Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy
7.8 1989 127 mins
Indiana Jones and the Last Crusade
Christy
5.3

Christy 2023 IMDb-5.7/10 တောင်ပိုင်းမာလာရရမ်မင်းသမီးချော မလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစား ပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ် ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်…. လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ…. မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှ ကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်…. လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ…. မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်း အိမ်ထောင်‌စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ…. တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲ ပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်… ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့် ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါ အိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ် ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေ ဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါ ဆရာဝန်ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက်ပေးပါ ဒူးယားတစ်လိပ်ပေးပါ မမကျွန်တော့်ကိုပြန်ချစ်ပါ ဒီကောင် လက်နက်ချရမယ်တဲ့

Comedy • Romance • Music
5.3 2023
Christy
Baantjer het begin
6.8

Baantjer het begin (2019) ================== IMDb Rating – 6.8/10 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီး ဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ် အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ် ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်း ရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့ စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည် စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက် ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေ လူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေ အလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန် စတွေကိုသိသွားခဲ့ရပါတယ်။ ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူ တွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြ မလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သ လဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.87 GB) / (680 MB) / (364 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 53Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Drama Translator…….Fiona Gillen Encoder……….SWM

Comedy • Drama • Fantasy • Romance
6.8 2019
Baantjer het begin
My Professor’s Guide to Murder
5

အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…TV Movie, Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Zarni

Romance • Comedy
5 2023
My Professor’s Guide to Murder
It’s All My Fault

It’s All My Fault (2022) ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။ တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။ သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း မိခင်ဆီပြန်နိုင်ဖို့ ငွေကူစုပေးခဲ့တာပါ။ ဒီလိုနဲ့ ငွေအတန်အသင့်ရလာလို့ မျှော်လင့်ချက်တွေရှိလာပေမဲ့ ယုတရဲ့ ကံကြမ္မာက သူ့ရဲ့တည်ရှိမှုကိုက အမှားတစ်ခုဖြစ်နေတယ်လို့ သတ်မှတ်လိုက်ချင်စရာဖြစ်နေတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

0 2022
It’s All My Fault
One Cut Two Cut

One Cut Two Cut (2022) One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ…။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။)

0 2022
One Cut Two Cut
Mia and the Dragon Princess

ဒီတစ်ခါမှာတော့ Mia And The Dragon Princess ဆိုတဲ့ Live action ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ဘားဝန်ထမ်းမလေးမီယာဟာ တစ်နေ့မှာ ပဟေဠိဆန်တဲ့မိန်းကလေးတစ်ယောက် သူတို့ဆိုင်နားမှာပုန်းနေတာကိုတွေ့လို့ကူညီပေးခဲ့ပါတယ်။ အဲ့မိန်းကလေးဟာ အင်္ဂလိပ်စကားလည်းမတတ်တာကြောင့် ပြောဆိုဆက်သွယ်ဖို့အခက်အခဲရှိနေပြီး ဘာမှလည်းမေးမရဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ သူမကိုလိုက်ရှာတဲ့ လူမိုက်တစ်ဖွဲ့ရောက်လာပြီး သူတို့ဘားကို လာဖျက်စီးကြပါတော့တယ် အဲ့လူမိုက်တွေဟာ ဟိုးနှစ်ပေါင်းများစွာက ပင်လယ်ဓားပြမလေး ရက်ဒ်ကတ်မော်ဂန်ရဲ့ ရတနာတွေကိုလိုက်လံရှာဖွေနေကြတာပါ သူတို့ရှာနေတဲ့ရတနာနဲ့ ပဟေဠိဆန်တဲ့မိန်းကလေးတို့ကဘယ်လိုပက်သက်နေတာလဲ မီယာတစ်ယောက်လည်း သူမကယ်ဆယ်ခဲ့တဲ့ ထိုမိန်းကလေးကို အဆုံးထိကယ်ဆယ်ပေးနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်… File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Action, Crime, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023 83 mins
Mia and the Dragon Princess
Ardh
7.6

Ardh (2022) IMDb- 7.6/10 ဟာသမင်းသားကြီး Rajpal Yadav ရဲ့ အတည်တစ်ကွက်အောက်မှာ မျက်ရည်ဝေလိုက်ကြပါဦး ချစ်ခြင်းမေတ္တာ ဘဝသရုပ်ဖော်တွေနဲ့ ရင်ထဲထိရတဲ့ ဇာတ်လမ်းရှာနေသူ‌တွေ အကြိုက်တွေ့မဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် အိမ်မက်ဆိုတဲ့အရာက တချို့အတွက်လှေကားတစ်ထစ်ချင်းလျှောက်လှမ်းသွားရင်း ပိုင်ဆိုင်လာရပေမဲ့ တချို့အတွက်တော့ ဘဝတွေအသက်တွေရင်းခဲ့တာတောင် ရမသွားရှာတဲ့လူတွေအပုံကြီးပဲမလား အလှမ်းကွာတဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝကို အမိအရဆွဲညှိပြီး ဘဝကိုဆက်ရှင်သန်နိုင်သူတွေနဲ့ကြုံတွေ့လာခဲ့ရင်တော့ ‌ကောင်းကောင်းကြီးအတုယူသင့်တဲ့သူတွေလို့ပြောရင်လည်း မှားမယ်မထင်ဘူး သရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ မင်းသားရူးရှီဗာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ရှီဗာ သူဘယ်လောက်ထူးချွန် ၊ ကြိုးစားနေပါစေ အခွင့်အရေးက သူ့ဆီရောက်မလာခဲ့ဘူး တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးဆိုတဲ့အရာကရှိနေသေးတယ် အိမ်မက်နောက်ကိုပဲ ရူးရူးမူးမူးဆက်လိုက်ရမလား မိသားစုတာဝန်ပဲကျေပွန်အောင်လုပ်ရတော့မလား ဗျများနေချိန် ရှီဗာချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခု… နဂိုတည်းက ခက်ခဲကြမ်းတမ်းပြီးသားသူ့ဘဝမှာ အများအမြင်နဲ့ ဆန်ကျင်ထူးခြားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရတဲ့အရာတွေကို တကယ့်လက်တွေ့မှာလည်းသရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေအောက် စီးမျောခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.6 2022
Ardh
Ratu Dansa

Ratu Dansa (2022) ငယ်ရွယ်နုပျိုတဲ့တက္ကသိုလ်ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဟန်နာနဲ့ အတိတ်ကနေ အနာဂတ်ကိုရောက်လာတဲ့ ဟန်နာရဲ့မေမေ ဟီရာတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား အချိန်ခရီးသွားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဟန်နာဟာ အနုပညာအလုပ်မှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေရှိထားသူဖြစ်ပြီး အဖေတစ်ယောက်တည်းရဲ့အုပ်ထိန်းမှုအောက်မှာ အလိုမကျမှုများစွာနဲ့ ကြီးပြင်းလာရသူဖြစ်ပါတယ်။ အတိတ်က ဟီရာကလည်း အဆင်မပြေတဲ့မိသားစုဘဝမှာ နေထိုင်ရတဲ့အတွက် သူ့ဘဝအပေါ် စိတ်မကျေနပ်ချက်များရှိနေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဟီရာဟာ သူ့အမေဖြစ်သူကို အဖေကရိုက်နှက်ခဲ့ပြီး အိမ်ကနေ ထွက်သွားလိုက်တဲ့အတွက် မိခင်နဲ့အတူကျန်နေခဲ့ရတဲ့ သူ့ရဲ့မိသားစုဘဝအခြေအနေကို စိတ်ကုန်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ဟီရာဟာ အနာဂတ်မှာ သူ့သမီးဖြစ်တဲ့ဟန်နာဆီကို ရောက်ရှိသွားပါတယ်။ အသက်အရွယ်တူညီကြတဲ့သူတို့နှစ်ယောက်ဟာ ခေတ်ကာလကွာခြားချက်အရ နားမလည်မှုတွေကို အချင်းချင်းလေ့လာကြရင်း သူတို့ရဲ့အနာဂတ်အတွက် အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်။ ဟီရာဟာ သူ့ကို မိခင်မှန်းသိနေတဲ့ ဟန်နာကို သူ့အပေါ် နားလည်အောင် ဟန်နာရဲ့ခံစားချက် အလိုမကျဖြစ်မှုတွေကို ဖြည့်ဆည်းနိုင်ပါ့မလား… မိခင်ရဲ့မေတ္တာကို ဟီရာကရော နားလည်ကာ သားအမိတွေ ပြေလည်သွားကြမလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 893MB | 428MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

Horror • Thriller
0 2022
Ratu Dansa
The Man Who Wasn’t There
7.5

မရှိခဲ့တဲ့သူတစ်ယောက်အကြောင်း မနေ့က လှေကားခွင်မှာ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူရှိမနေပြန်ဘူး ဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။ မနေ့က လှေကားပေါ်တက်လာတော့ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူး ဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။ “Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။ ၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ရုပ်ရှင်တွေနဲ့ လူအများသိကြမှာပါ။ အခြားရုပ်ရှင်ရိုက်ကွင်းတစ်ခုက ခေတ်ဟောင်းဆံပင်ညှပ်ဆိုင် ပိုစတာကို မြင်ခဲ့ရာက ဒီဇာတ်လမ်းကို အတွေးရခဲ့ကြပြီး ခေတ်ဟောင်း film noir ပုံစံအတိုင်း နောက်ခံစကားပြောပုံစံကို အသုံးပြုထားပါတယ်။ ပုံမှန် film noirတွေနဲ့ ကွဲပြားတာကတော့ ဒီရုပ်ရှင်မှာ ဘီသိုဗင်ရဲ့ ဂန္တဝင်တေးသွားတွေကို အသုံးပြုထားခြင်းပဲဖြစ်ပါတယ်။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar Aung

7.5 2001 116 mins
The Man Who Wasn’t There
American History X
8.5

American History X (1998) IMDb 8.5/10 Rotten Tomatoes 83% လူငယ်ဆိုတဲ့အရွယ်က ဂျုံမှုန့်ဖြူကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျိုး ပြောင်းလဲသွားကြတာမဟုတ်ပါလား။ ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျိုးပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုးပါပဲ။ လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ အရွယ်အခါမျိုးမှာ သွေးဆူမှု ကို တွန်းအားပေးစေတဲ့ ဝိဝါဒအမျိုးမျိုးကို လက်သင့်ခံ လိုက်ပါလုပ်ဆောင်ကြတာ အဆန်းမဟုတ်ပါဘူး။ ယခုရုပ်ရှင်မှာလည်း Derek ဆိုတဲ့ အမေရိကန်လူဖြူ လူငယ်ကလေးဟာ neo-Nazi လို့ အမည်ပေးထားတဲ့ ဟစ်တလာရဲ့ဝိဝါဒ အမွှန်းတင်စကားတွေကို အထူးသက်ဝင်ယုံကြည်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ဆံပင်ကို ကတုံးပေါက်ပုံစံပဲ ထားတယ်။တကိုယ်လုံးမှာ နာဇီအမှတ်တံဆိပ်ကို တက်တူးထိုးပြီး ယုံကြည်ကိုးကွယ်ကြောင်း ပြဆိုထားတယ်။သူ့ရဲ့မျက်လုံးတွေ။ နှု တ်ခမ်းတွေက ယင်းအကြောင်းအရာတွေရဲ့ လှုံ့ဆော်နေမှု ကြောင့် ထင်ပါတယ်။အမြဲတစ်စေပဲ ဖိတ်ဖိတ်တောက် တင်းမာစေ့ကပ်လို့နေတယ်။သူ့ရဲ့အနားမှာ Neo-Nazi ဝါဒတွေကို လက်ဆင့်ကမ်းသွန်သင်ပေးနေတဲ့ ပုဂ္ဂို လ်တစ်ဦးလည်း ရှိနေတယ်။သူကိုယ်တိုင်ကလည်း သူလိုသက်တူရွယ်တူအပေါ် အမျိုးသားရေး ဝါဒတွေ ပြည့်နှက်နေတဲ့ စကားလုံးတွေကို ရွှန်းရွှန်းဝေအောင် သြဘာပေးလို့နေပါတယ်။အထူးသဖြင့် သူတို့အမေရိကမှာ တိုင်းတစ်ပါးသားတွေ အခွင့်ကောင်းယူ နေထိုင်နေတာကို တွန်းလှန်ပစ်ဖို့လိုကြောင်း။သူတို့ကသာ အရာရာအသာစီးနေရာကောင်းယူထားပေမယ့် ဇာတိချက်ကြွေ လူမျိုးစစ်စစ်တွေမှာတော့ အောက်ကျစွာနေထိုင်နေရကြောင်း စလို့ အမျိုးသားရေးပါတဲ့ စကားလုံးတွေအများကြီးနဲ့ လှုံ့ဆော်တယ်။အထူးသဖြင့် လူမည်းတွေရဲ့ ကြီးစိုးလာမှု တွေအကြောင်းလည်း ပါတယ်။ဆဲ့ဆိုတဲ့ စကားလုံးတွေနဲ့ တစ်ပြည့်တစ်သိပ်ပြောတယ်။ ပြီးနောက်မှာတော့ သူလို စိတ်ဓါတ်တက်ကြွနေကြတဲ့ လူငယ်တွေဟာ တိုင်းတစ်ပါးသားတွေဖွင့်ထားတဲ့ ဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးကြတယ်။လူမည်းအမျိုးသမီးတွေကို အနိုင်ကျင့်ကြတယ်။လူငယ်လေး Derek ဟာ သူတို့တွေအကြားမှာ သူရဲကောင်းတစ်ယောက်အဖြစ် ထင်ပေါ်နေတော့တယ်။ Derek ရဲ့ အစွန်းရောက်ခါးသီးတဲ့အမုန်းတရားတွေက သူ့ကိုယ်ထဲမှာ အဆိပ်လို စိမ့်ဝင်နေပြီဆိုတာ သူကိုယ်တိုင်တောင်မသိတော့ဘူး။ဒီလို အမျိူးသားရေးဝါဒ နှီးနှောယှက်နွယ်တဲ့ အကြောင်းတရားတွေကို အကြွင်းမဲ့ လိုက်နာယုံကြည်နေတာကလည်း ရဲတစ်ယောက်ဖြစ်တဲ့ ဖခင်ကြီးကို လူမည်းဆေးသမားတွေက သတ်ဖြတ်မှု ကြောင့်လည်းပါသလို ဖခင်ကြီးပြောခဲ့တဲ့ လူမည်းမုန်းတီးရေးစကားတွေကနေ သူ့ရဲ့သင်ယူနေဆဲ စိတ်သဏ္ဍာန်မှာ ကပ်ငြိကြီးထွားနေတာကြောင့်လည်း ဖြစ်ပါမယ်။ တစ်ညမှာတော့ ဘတ်စ်ကတ်ဘောဆော့ကစားရာကနေ အငြိုးအတေးဖြစ်သွားခဲ့တဲ့ လူမည်းအုပ်စုက သူအိမ်ရှေ့ကို ရောက်လာပြီးတော့ မကောင်းမှု တစ်ခုခုကို ကျူးလွန်ဖို့ အားထုတ်နေကြချိန်မှာ သူ့ညီကလေးရဲ့ ပြောကြားမှု ကနေ လူမည်းတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ပစ်မိတော့တယ်။မသေဆုံးဘဲ ကျန်နေသေးတဲ့ လူမည်းလေးတစ်ယောက်ကိုလည်း ပါ့စပ်ကို ပလက်ဖောင်းဘောင်အေစောင်းပေါ်ကို အကိုက်ခိုင်းပြီး အပေါ်ကနေ ဆောင့်နင်းပစ်လိုက်တော့တယ်။အဲဒီအချိန်မှာ သူခန္ဓာဟာ အပေါ်ပိုင်း ဗလာထီးထီးနဲ့ နာဇီ စင်္ကြာတံဆိပ်ကြီးက မီးရောင်အောက်မှာ ထင်းနေတယ်။သူ့မျက်နှာဟာ တိုက်ပွဲတစ်ခုကို အနိုင်ပိုင်းနိုင်သွားလို့ အောင်ပွဲခံနေတဲ့ လူတစ်ယောက်အသွင်မျိုး။ အထူးသဖြင့် Neo-Nazi ဝါဒအပေါ် အထူးလိုက်နာကျင့်သုံးလိုက်နိုင်လို့ ဂုဏ်ယူနေတဲ့ အသင်းသားတစ်ယောက်အသွင်မျိုးပေါ့။ ဒါပေမယ့် သူက ထောင်သုံးနှစ်ပဲ ကျတယ်။ထောင်ထဲကို တကယ်ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူယုံကြည်ခဲ့တဲ့ သဘောတရားတွေဟာ ဘာအဓိပ္ပာယ် ယ်မှ ရှိမလာဘူးဆိုတာ သိလာတယ်။သူ့အနေနဲ့ ရန်သူကြီးတွေသဖွယ် အမုန်းကြီးမုန်းမိခဲ့တဲ့ လူမည်းတွေဟာလည်း သူထင်သလို အခွင့်အရေးတွေ ရနေတာလည်း မဟုတ်ဘဲ ဖိနှိပ်ခံလူသားတွေသာ ဖြစ်ကြောင်း သိရှိလာချိန်မှာတော့ သူ့ဆီက Neo-Nazi ဗိုင်းရပ်စ်တွေဟာ သူ့ညီငယ်ဆီကို ကူးစက်နေပါပြီ။ခေတ်သစ်နာဇီဝါဒကို သိပ်ပြီး အကြို က်တွေ့နေပါပြီ။ သူ့ညီငယ်ကလေးက အကိုဖြစ်သူကို သူရဲကောင်းအရာထားပြီး ခေါင်းစဉ်တစ်ခုပေးပြီး စာတောင်ရေးနေပါရဲ့။ ခေါင်းစဉ်က “American History X “တဲ့။ ___________________________ ယခု ရုပ်ရှင်မှာ Neo-Nazi ဝါဒ သက်ဝင်လူငယ်တစ်ယောက်အဖြစ် Edward Norton ဟာ အကောင်းဆုံး သရုပ်ဆောင်ပြခဲ့တာကို တွေ့ရပါတယ်။အော်စကာဆန်ကာတင်ခြင်း ခံရတဲ့အထိ ထိုက်တန်ပါတယ်။ သူဟာ အရာရာအပေါ် စူးစမ်းချင်ကြ စမ်းသပ်ကိုးကွယ်တတ်ကြတဲ့လူငယ်တွေရဲ့ အနေအထားကို ကိုယ်စားပြု တင်ပြသွားတယ်။လက်တွေ့ဘဝရဲ့ လွှမ်းမိုးခံရမှု အတိုင်း လူငယ်တွေအများစုက ပါဝင်နစ်မြု ပ်သွားနိုင်မှု အပေါ် သတိချပ်မိနိုင်အောင် ယခုရုပ်ရှင်ဟာ မီးမောင်းထိုးပြနိုင်ခဲ့တယ်။သူရဲကောင်းဝါဒ။အထူးသဖြင့် မိမိတို့လူမျိုးကြီးကသာ သာလွန်မြင့်မြတ်တယ်ဆိုသော ပိုမိုလွန်ကဲတဲ့ အမျိုးသားရေး ဝါဒ သဘောတရားတွေဟာ အဆုံးသတ်မှာတော့ သွေးပျက်စက်ဆုပ်ဖွယ်ရာ။ကြေကွဲနာကျင်ဖွယ်ရာတွေကိုသာ ဆောင်ကျဉ်းပေးနိုင်ကြောင်းကို ပြဆိုထားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲကအတိုင်းပါပဲ။ကျွန်တော်တို့ လက်တွေ့ဘဝထဲမှာလည်း ထိုနည်းနှင်နှင်ပင်။အစွန်းရောက် ဝိဝါဒတွေ အမျိုးမျိူးတွေနဲ့ လူသားတွေအကြားမှာ လုံးထွေးရစ်ပတ်လျက်ပဲ ရှိနေဆဲမဟုတ်ပါလား။မိမိရဲ့တကိုယ်ရည်ဝေဖန်ခွဲခြားနိုင်စွမ်းအပေါ် ယင်းအစွန်းရောက်ဝါဒတွေ လွှမ်းမိုးသွားတဲ့အခါမှ အမှားတွေကိုသာ ဂိုဏ်းဂန ကွဲပြားနေသူတွေအားလုံး လုပ်ဆောင်တိုက်ခိုက်နေကြတာ ဒုနဲ့ဒေးပါပဲ။ခုထက်ထိ သွေးချောင်းစီးနေကြတာကို မြင်တွေ့နေကြရမှာပါ။ ထိုအထဲမှာ ဂျုံ မှု န့်ဖြူ ဖြူ ကလေးတွေနဲ့ ပုံသွင်းစပြု မယ့် အရုပ်ကလေးတွေနဲ့ အလားသဏ္ဍာန်တူတဲ့ မျိုးဆက်သစ်လူငယ်ကလေးတွေရော ဘယ်လောက်အထိ အရောင်ဆိုးဆေးချယ် လိုရာပုံသွင်းခဲ့ခြင်းကို မည်မျှခံခဲ့ရပြီးပြီလဲ ဆိုတာကတော့ ယခုထက်တိုင် မီးဟုန်းဟုန်းတောက်နေတဲ့ ဝိဝါဒစစ်သလင်းပြင်တွေက သက်သေခံလျက်ပါပဲ။ ရုပ်ရှည်အညွှန်းအား International Movie News(IMN)မှကူးယူဖော်ပြသည် File Size : 3.63GB & 1.23GB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:59:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Tiff Translated by Eg White vs Aye Mon Kyaw

Horror • Mystery
8.5 1998
American History X