YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Hidden Love E08 1080p WEB-DL CM.mp4

479.23 MB 1080p video/mp4 1415 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Terror on the Prairie
5.6

ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။ တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ? Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။) File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration : 1hr & 47mins Genre : Drama, Thriller, Western Translated by Alias Encoded by Kinnov

Drama • Horror • Mystery
5.6 2022 107 mins
Terror on the Prairie

IMDb...7.5   ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်...   မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့   Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင်   မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ...   ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ   ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်...   Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက   အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့်   မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ... သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ်   တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို   အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် ...   So Young ရဲ့ကလေးကို   ဟို Broker နှစ်ယောက် ကယူသွားပြီး   မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ   ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော   ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့?   ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး IU ပါဝင်တဲ့ကားလေးမိို့ ကလေးအမေအနေနဲ့   ဘယ်လိုသရုပ်ဆောင်ထားလဲ သူ့ရဲ့ Character ကရော   ဘယ်လိုရှိမလဲဆိုတာကြည့်ကိုကြည့်သိပါတယ်နော် ?❤️   File Size : (2.3GB)(855MB) and (240 MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…02:09:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Song Song,So Ri & Nan D Lin Encoded by Phyo Pyae

Horror • Mystery • Thriller
0 2019 22 mins
Broker
Phantoms
5.4

မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။ မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ... လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။ တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl Harbor (2001) ရဲ့ မင်းသားကြီး၊ Good Will Hunting (1997) ရဲ့ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာ၊ ရွှေကမ္ဘာလုံးဆု သုံးဆုရှင်ကြီးက ဦးဆောင်ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Horror Films Queen ဖြစ်တဲ့ သရဲကားထိပ်ခေါင်တင် Rose McGowan ပါပဲ။ Scream (1996) နဲ့ Devil in the Flash (1998) တို့ရဲ့ အကြီးအကျယ်အောင်မြင်ခဲ့သူ မင်းသမီးကြီးပါ။ အခြား သရုပ်ဆောင်များအနေနဲ့ Lawrence of Arabia (1962) ရဲ့ မင်းသားကြီး Peter O'Toole ရယ်၊ Joanna Going တို့လိုသရုပ်ဆောင်များနဲ့ ဝေဝေဆာဆာရိုက်ကူးထားလို့ ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားဟောင်းလေးပါလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 840MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
5.4 1998 91 mins
Phantoms
Apur Sansar
8.2

" အကောင်းဆုံး Art house Trilogyများ " ဆိုတဲ့ IMDb ရဲ့ List တစ်ခုမှာ ထိပ်ဆုံး၆ကားလုံးက ဘင်္ဂါလီဒါရိုက်တာကြီး ဆာတရာဂျစ်ရေးရဲ့ Trilogy နှစ်ခုပါပဲ။ ပထမကတော့ အပု Trilogy ပါ၊ နောက် ကာလကတ္တား Trilogy ကိုမြင်ရမှာပါ။ ရေးရဲ့အပု Trilogy မှာ Pather Panchali, Aparajito, Apur Sansar ဆိုတဲ့ သုံးကားပါပြီး သုံးကားလုံးဟာ IMDb ၈.၅ဝန်းကျင် ရထားတဲ့ ရုပ်ရှင်တွေပါပဲ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုအလီလီ ရရှိခဲ့တယ်။ နောက်ဆုံး ရေးဟာ မာတင်စကောဆေးစိရဲ့ ကမကထပြုမူနဲ့ ၁၉၉၂ အော်စကာဆုပေးပွဲမှာ Honorary Award ကိုတောင် ရခဲ့ပါတယ်။ ကျွန်တော်တို့ဆီက စွယ်စုံရဒါရိုက်တာကြီးဝင်းဖေကတော့ ဝင်းဖေလွယ်အိတ် စာအုပ်မှာ "ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အနေနဲ့ နိုင်ငံတကာရုပ်ရှင်ဆု အများဆုံးရထားသူဟာ ဥရောပကမဟုတ် အမေရိကက မဟုတ်တဲ့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာကြီး ရှော်ဒိုးဂျီးရွိုင်း (ဘင်္ဂါလီသံဖြင့်) ဖြစ်တယ်" လို့ ဆိုထားပါတယ်။ အပု Trilogy ဟာ ဘင်္ဂါလီစာရေးဆရာ ဘီဘုတိဘုဆန် ဘနားဂျေး (Bibhutibhushan Bandyopadhyay) ရဲ့ ပသာပန်ချာလီ (၁၉၂၉)နဲ့ အပရာဇိတ (၁၉၃၂) စာအုပ်၂အုပ်ကို အခြေတည်ပြီး ရေးကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတာပါ။ ရေးရဲ့ ပထမကား ပသာပန်ချာလီကတော့ နာမည်တူစာအုပ်ကိုပဲ အခြေတည်ထားပြီးတော့ ဒုတိယကား အပရာဇိတကတော့ အပရာဇိတစာအုပ်ရဲ့ ပထမတစ်ဝက်ကို ရိုက်ကူးထားတာဖြစ်ပြီး နောက်ဆုံးကား အပုဆန်းဆားကတော့ အပရာဇိတစာအုပ်ရဲ့နောက်ဆုံးတစ်ဝက်ကိုရိုက်ကူးထားတာပါ။ ဒီသုံးကားလုံးဟာ အပုဆိုတဲ့ ဘင်္ဂါလီလူမျိုး အောက်ခြေလူတန်းစားကလေးရဲ့ လူမှန်းမသိတတ်သေးတဲ့ အရွယ်ကနေ ဖခင်ဖြစ်တဲ့အရွယ်အထိ အရွယ်သုံးပါးလုံးကိုပြပြီး ဘင်္ဂါလီမိသားစုတွေရဲ့ ဘဝကို အရိုးရှင်းဆုံးနဲ့အလှပဆုံးပုံဖော်ထားခဲ့တယ်။ နောက်ဆုံးကားအရ ဒီစာအုပ်၂အုပ်ဟာ စာရေးဆရာရဲ့ ဘဝဖြစ်စဉ်တွေလည်း နှောနေမယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့်လည်း ဒီသုံးကားဟာ တော်တော့်ကို ခံစားရ စစ်မှန်နေတာပါပဲ။ ဘယ်လောက်ပဲနည်းပညာတွေဖွံ့ဖြိုးလာပါစေ အရှိတရားကို အရိုးရှင်းဆုံးပြထားတဲ့ ရုပ်ရှင်တွေက ခံစားမှုကတော့ အမြဲတစ်ပန်းသာနေမြဲမို့ ရေးရဲ့ရုပ်ရှင်တွေဟာ ခုလည်း ခေတ်ရဲ့နောက်မှာမကျန်ခဲ့သလို နောင်လည်းကျန်ခဲ့မှာမဟုတ်ပါဘူး။ ရေးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ နယ်ပယ်အစုံမှာ ခြေဆန့်နိုင်တဲ့ အနုပညာသမားပါ။ Screen Writer, Documentary, Filmmaker, Author, Essayist, Lyricist, Magazine Editor, Illustrator, Calligrapher, နဲ့ Music Composer စတဲ့ နယ်ပယ်တွေမှာလည်း ခြေဆန့်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်မှာလည်း လိုင်းပေါင်းစုံကို ခြေဆန့်နိုင်ခဲ့ပါတယ်။ Goopy Bagha ရုပ်ရှင်သုံးကားတွဲနဲ့ အိန္ဒိယ fantasy ကမ္ဘာတစ်ခုကို ဖန်တီးခဲ့သလို စုံထောက်ကြီး Feluda ဇာတ်ကားတွေရိုက်ကူးပြီးလည်း အိန္ဒိယရဲ့ကိုယ်ပိုင်ပုံစံနဲ့ ရှားလော့ခ်ကိုဖန်တီးခဲ့ပါတယ်။ သူ့ရုပ်ရှင်တွေရဲ့ costume ဒီဇိုင်းတွေ နောက်ခံတေးသံတွေကို ကြည့်ခြင်းအားဖြင့် ရေးဟာ အဘက်ဘက်မှာ ပါဖက်ရှင်နစ်ဖြစ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရေးကို အိန္ဒိယရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲပေးခဲ့တဲ့သူလို့လည်း ဆိုကြပါတယ်။ သူ့ရုပ်ရှင်တွေမှာ ဘင်္ဂါလီဓလေ့တွေကို သေသေချာချာပြထားပြီး ကရုဏာသက်စရာ ဘင်္ဂါလီအမျိုးသမီးတွေ ဘဝကိုပါ ပေါ်လွင်အောင်ပြနိုင်ခဲ့ပါတယ်။ ဘယ်မှာဖတ်ခဲ့ဖူးတာလဲ မမှတ်မိတော့ပေမဲ့ ကျွန်တော် ခပ်ရေးရေး မှတ်မိနေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ လူတစ်ယောက်ရှိတယ်။ သူက ဝက်အကြောင်းကလွဲ ဘာမှစိတ်မဝင်စားဘူး။ သို့ပေမဲ့ အိမ်နားက ကလေးမလေးလားမသိ မြူးထူးနေတာကိုကြည့်ပြီး ဒါဝက်မတွေအတွက်ဆို လင်လိုချင်နေတဲ့ အခြေအနေပဲ လို့ပြောတယ်။ နောက်ရက်ကျ အဲဒီကလေးမလေး တကယ် လင်နောက်လိုက်သွားတော့တာပါပဲ။ လောကဟာ ရှုပ်မယောင်နဲ့ အတော်ရိုးရှင်းပါတယ်။ တစ်ခုခုကို အတွင်းကျကျသိသွားပြီး သော့ချက်ရသွားတဲ့အခါ ဘာမဆို သိသွားသလိုပါပဲ။ တစ်ချို့ပြောကြသလို ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းနားလည်လိုက်တာနဲ့ လူတွေအားလုံးကို နားလည်နိုင်သလောက်ပဲမလား။ ဒါကြောင့်လည်း တရားတော်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ မြင်အောင်ကြည့်ဖို့ ဆိုခဲ့တယ်ထင်ပါတယ်။ ရေးဟာ အနုပညာနဲ့ပတ်သက်ရင် ဘက်စုံတော်တဲ့သူ၊ အနုပညာရဲ့သော့ချက်ကိုသိရှိပြီး ဘယ်အနုပညာမှာမဆို အသုံးချနိုင်တဲ့သူပါပဲ။ ဒီလိုလူတွေ မနည်းပေမဲ့ မများလှသလို ရေး‌လောက်လည်း ဘယ်သူမှ နာမည်မကျော်ဖူးကြတာတော့ အမှန်ပါပဲ။ " အပုရဲ့ကမ္ဘာ " အပုသုံးကားဟာ အပုရဲ့ကမ္ဘာပါပဲ။ ဒီသုံးကားဟာ အပုဘဝရဲ့ ရယူခြင်း ဆုံးရှုံးခြင်း၊ အောင်မြင်ခြင်း ကျရှုံးခြင်း၊ ဆုံဆည်းခြင်း ကွဲကွာခြင်းများကို မခြွင်းမချန်ပြထားတဲ့ ရုပ်ရှင်တွေပါပဲ။ ရှေ့၂ကားအကြောင်းရေးခဲ့ဖူးပြီမို့ အပုဆန်းဆားကားကိုပဲ အခုတော့ အပုဆန်းဆားကားကိုပဲ ဦးတည်လိုက်ပါမယ်။ ရှေ့သုံးကားလုံးကိုလည်း အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ ~~ " The Apu Trilogy "  ~~ " Apur Sansar "(1959) " အပုဆန်းဆား " IMDb - 8.5/10 အဖေရော အမေရောမရှိတော့တဲ့ တစ်ကောင်ကြွက် အပုဟာ ကျောင်းပြီးအောင် မတက်နိုင်တော့ပါဘူး။ အပုဟာ သူနဲ့အဆင်ပြေတဲ့အလုပ်ကို ရှာကြည့်ပေမယ့်လည်း အခြေနေအကြောင်းကြောင်းကြောင့် သူနဲ့ အံကိုက်တဲ့အလုပ်ကိုမတွေ့ခဲ့ပါဘူး။ ဒီနောက်မှာတော့ အပုဟာ ပြန်လာရင်အလုပ်သွင်းပေးမယ်ဆိုတဲ့ သူ့သူငယ်ချင်းနဲ့အတူ သူ့ငယ်ချင်းအမဝမ်းကွဲရဲ့ မင်္ဂလာဆောင်ကိုသွားခဲ့တယ်။ ကံဆိုးချင်တော့ သူ့သူငယ်ချင်းအမရဲ့ သတို့သားလောင်းက မင်္ဂလာချိန်နီးမှ ရူးသွားခဲ့တယ်။ ဒုတိယကားမှာ ထုံးတမ်းစဉ်လာအောက်က အိန္ဒိယဇနီးသည်တွေရဲ့ဘဝဒုက္ခကို မြင်သာအောင်ပြသွားပြီးတဲ့နောက် ဒီတစ်ခါတော့ အိန္ဒိယသမီးပျိုတွေရဲ့ ဘဝဒုက္ခကို မြင်သာအောင်ပြတော့တာပါပဲ။ သတို့သားရူးသွားလို့ မင်္ဂလာပွဲကိုဖျက်လိုက်ကြပေမယ့် သတို့သမီးဟာ အဲဒီတစ်နေ့တာရဲ့ ဒုတိယမင်္ဂလာချိန်မှာမှ ခင်ပွန်းလောင်းလုပ်ပေးမယ့်သူကို ရှာမတွေ့ရင် တစ်သက်လုံးလက်ထပ်လို့မရတော့တဲ့ အမျိုးသမီးဖြစ်တော့မှာပါ။ ဒီတော့အပုသူငယ်ချင်းဟာ အပုကို သူ့အမကိုယူပေးဖို့ စကားဆိုလာတယ်။ အဆောင်လခက မပေးနိုင် အလုပ်ကရေရေရာရာမရှိတဲ့ တစ်ကောင်ကြွက် သူ့ဘဝပေးကြောင့် အပုဟာ အစပိုင်းမှာ အင်တင်တင်ဖြစ်နေပေမဲ့ သူ့ကိုသွင်းပေးမယ့် အလုပ်ရမှာသေချာလားမေးပြီးတဲ့နောက် အပုဟာ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ အပုနဲ့ သူ့မိန်းမရဲ့ အိမ်ထောင်ရေးကို ရေးဟာ အတော်ကြည်နူးစရာကောင်းအောင် ပုံဖော်သွားခဲ့တယ်။ အပုမိန်းမရဲ့ကာရိုက်တာဟာ မိန်းမဆန်တဲ့မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာပါပဲ။ ဒီလိုကာရိုက်တာမျိုးကို ကျွန်တော်သေချာရင်းနှီးဖူးတာက Farewell My Concubine ထဲက ဂေါင်လီရဲ့ကျူရှန်းကရယ်၊ မီနရီထဲက Han Ye-Ri ရဲ့ မိုနီကာရယ်မှာပါ။ မိန်းမနဲ့တူတဲ့ မိန်းမအဖြစ်ကောင်းကောင်း ပုံဖော်နိုင်ခဲ့တဲ့ အဲဒီအမျိုးသမီး ၂ယောက်ကြောင့် အဲဒီရုပ်ရှင်၂ကားလုံးဟာ ကျွန်တော့်အတွက် အတော်ညှိလောက်စရာကားတွေဖြစ်ခဲ့တယ်။ အပုဆန်ဆားကတော့ သူတို့ထက် ပိုလှပအောင်ပုံဖော်သွားနိုင်တယ်ပဲ ဆိုရမှာပါ။ ၃၉မိနစ်ကနေ ၁နာရီ၁၃မိနစ်အထိ နာရီဝက်လောက်ပဲမြင်ခဲ့ရတဲ့ ဒီဇာတ်ကောင်ဟာ ဒီရုပ်ရှင်မှာ ရင်ထဲ အရောက်ဆုံး ဇာတ်ကောင်ဖြစ်ခဲ့ရလောက်အောင် သရုပ်ဆောင်ခဲ့တဲ့မင်းသမီးရော ရေးရောရဲ့ ပုံဖော်နိုင်စွမ်းက ပြောင်မြောက်ခဲ့တယ်။ ရေးဟာ ဇာတ်လိုက်‌နေရာမှာသာ အပုကို ထားထားပေမဲ့ သူ့အပုသုံးကားလုံးမှာ အပုဘဝထဲက အမျိုးသမီးဇာတ်ကောင်တွေကို ကြည့်ရှုသူ ရင်ထဲပိုရောက်အောင်၊ သူတို့ကိုစာနာတတ်အောင်၊ အိန္ဒိယယဉ်ကျေးမှုကြီးကို ပြောင်းလဲနိုင်အောင်များ ပုံဖော်သွားသလားတော့ မသိပါဘူး။ ရေးပြောဖူးသလိုပါပဲ။ " ရုပ်ရှင်တစ်ကားက ဘာအကြောင်းကို ရိုက်ထားခဲ့တာလဲဆိုတာကို ဒါရိုက်တာတစ်ယောက်တည်းသိမှာပါ"။ ကြည့်ရှုသူ ခံယူတဲ့အတိုင်းပဲ ဖြစ်သွားမှာပါပဲ။ တစ်နာရီဆယ့်သုံးမိနစ်နောက်ပိုင်းမှာ ရေးဟာ အပုမိန်းမ အပါနာဇာတ်ကောင်ကို စာတစ်စောင်နဲ့တော့ ဆက်ပုံဖော်သွားခဲ့ပါတယ်။ ဒီစာနဲ့တင် ဇာတ်ကောင်ဟာ ဘယ်လိုမျိုးလဲဆိုတာ သိစေနိုင်စွမ်းခဲ့ပါတယ်။ " ပွဲတော်ရှစ်ရက်မြောက်နေ့မှာ ကျွန်မဆီလာမယ်လို့ ရှင် ကျွန်မကို ကတိပေးထားတယ်နော်။ ကျွန်မ အဲဒီနေ့ကိုစောင့်နေမယ်။ ရှင်မလာရင် ကျွန်မရှင့်ကိုလုံးဝမခေါ်တော့ဘူး။ ရှင်ကလူလိမ်ကြီးပဲ။ အရင်လက ရှင်ကျွန်မဆီ စာ၇စောင်ပဲပို့တယ်။ တစ်ပတ်နှစ်စောင်ပို့ရမယ်လို့ ကျွန်မမှာထားတယ်လေ။ ရှင်က ရှင့်ကတိကိုတကယ်မတည်ဘူးပဲ။ ကျွန်မရှင်လာမယ့်ရက်ကို လက်ချိုးရေနေမယ်။ ရှင်မလာဘူးဆိုရင် ကျွန်မရှင့်ကို စကားမပြောဘူး။ ရှင့်အိမ်နားက ကောင်မလေးကို ကျွန်မမနာလိုဘူး။ သူကျ ရှင့်ကို မနက်တိုင်း ညနေတိုင်းတွေ့ရတယ်။ ကျွန်မကျ မတွေ့ရဘူး။ ဒါတော်တော်မတရားဘူး။ ရှင့်အခန်းပြတင်းပေါက်ကို သေချာပိတ်ထားနော်။ ကျွန်မစာလုံးပေါင်းတွေ အများကြီးမှားတယ်မလား။ ရှင် ရယ်တော့မှာ ကျွန်မသိနေတယ်။ ကျွန်မက စာရေးဆရာမှမဟုတ်ဘဲ။ စာရေးတတ်ရုံလောက်ရှိတာ။ ရှင့်ကိုယ်ရှင် ကောင်းကောင်းဂရုစိုက်ပါ။ ကျွန်မက ကျန်းမာပေမဲ့ ကျွန်မနှလုံးသားကတော့ မကျန်းမာဘူး။ ရှင်ရောက်လာမှပဲ ပျောက်မှာ။ ရှင်ရောက်မလာရင် ကျွန်မ ရှင့်ကို ဘယ်တော့မှ မခေါ်တော့ဘူး။ " ရုပ်ရှင်ဟာ စိတ်ရဲ့အစာပဲလို့ ရေးကဆိုပါတယ်။ အပုသုံးကားဟာ ကြည့်ရှုသူရဲ့ စိတ်ကို ဘယ်လိုပုံစံနဲ့ အဆာပြေစေမလဲကတော့ ကြည့်ရှုသူတစ်ယောက်ချင်းအလိုက် မူကွဲသွားမှာပါပဲ။ " ကိုယ်တိုင်တွေ့ရှိတဲ့ အဖြေတွေဟာ အကောင်းဆုံးအဖြေတွေပဲ "လို့ ရေးကိုယ်တိုင်ကပဲဆိုဖူးတော့ ဘယ်လိုအဆာပြေစေမလဲဆိုတာ ကိုယ်တိုင်ပဲအဖြေရှာကြည့်လိုက်ပါတော့။ အမှန်ပြောရရင် ရေးကတော့ အပုသုံးကားကို အနိုင်နဲ့ပိုင်းပြီး ဇာတ်သိမ်းပစ်လိုက်ပေမဲ့ ကျွန်တော်ကတော့ အပုရဲ့ နောက်ပိုင်းဇာတ်ကို ဆက်ကြည့်ချင်မိတာပါပဲ။ သို့ပေမဲ့လည်း သုခမိန်လှိုင်ရေးဖူးတဲ့ စာသားတစ်ခုလို " အနုပညာမှာ ဘဝမှာ အချစ်မှာ အဆုံးသတ်ရန် တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။ " ဘာပြောပြောပါ အပုရဲ့ဇာတ်လမ်းဟာ အဆုံးသတ်သွားပေမဲ့ အပုနဲ့ ရေးနဲ့ ဘနားဂျေးနဲ့ကတော့ ကျွန်တော်တို့ရင်ထဲကျန်နေမှာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.7GB, 1GB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Science Fiction
8.2 1959 105 mins
Apur Sansar
The Menu
7.2

~ IMDb - 7.5/10, RT - 89%, Meta - 71% ~ ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လူတစ်ယောက်ကို ဒေါ်လာ ၁၂၅၀ ပေးရတဲ့ ကျွန်းတစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရှိပါတယ်။ လှေနဲ့သီးသန့်သွားရပြီး တစ်ညလုံး ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းတဲ့ဆိုင်မျိုးဖြစ်ပါတယ်။ အဲဒီစားသောက်ဆိုင်ရဲ့ အထူးည တစ်ညမှာတော့ ဧည့်သည်မျိုးစုံရောက်ရှိလာပါတယ်။ ဝေဖန်ရေးသမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ ဒါပေမဲ့ သူတို့တွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေပြောပြသွားတဲ့အပြင် အသတ်အဖြတ် အကြမ်းပတမ်းတွေနဲ့ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ... Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်းတွေကလည်း နက်နက်နဲနဲစဉ်းစားချင်စရာကောင်းသလို ရယ်ရခက်ငိုရခက်လည်းဖြစ်နေပါသေးတယ်။ အတော်လေးကိုခံစားလို့ကောင်းတဲ့ရုပ်ရှင်ဖြစ်ပြီး Rating ကလည်း 7 ကျော်နေပြီမို့ မလွတ်တမ်း အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 47Min Genre - Comedy, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, Phyo Pyae

Drama
7.2 2022 107 mins
The Menu
Folk Stories: The Tricksters
3.5

တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေ လူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်...? ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့ အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။ စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူ ဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့ အကြောင်း သိရှိသွားတဲ့အခါ....? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။ အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်း ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာ မြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကို သူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ? ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Horror Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action & Adventure • Drama • War & Politics
3.5 2023 76 mins
Folk Stories: The Tricksters
King of Kotha
6.6

King Of Kotha (2023) IMDb – 6.6/10 အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်‌‌ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ် ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ် ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ….. ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်က‌တော့ ToMo, Zwe, Alex, BpL, Dee တို့ပဲ ဖြစ်ပါတယ်)

6.6 2023
King of Kotha
About Him & Her
5.7

About Him and Her (2023) About him and her(2023) ဇာတ်လမ်းကိုဒါရိုက်တာ Ice Mrozek ကဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာပါ။ ၁၉၈၉ ခုနှစ်မှာ ဖုန်းလိုင်းပူးရာကနေဖြစ်တဲ့အချစ်ဇာတ်လမ်းလေးပါ။ကောင်လေးက ချီကာဂိုတွင်နေထိုင်ပြီး ကောင်မလေး မီရှီဂန်တွင်နေထိုင်တာပါ။ တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ဖို့အခွင့်အရေးဆိုတာနည်းပါးလှပြီး ချစ်ကြိုက်သွားဖို့ဆိုတာအတော်လေးကိုမှခဲယဉ်းပါတယ်။ အထူးသဖြင့်အသံပဲကြားရပြီးရုပ်မမြင်ရတဲ့၁၉ရာစု‌နှစ်တွေမှာပေါ့။ လူတွေအနေနဲ့ ဖုန်းစိမ်းတစ်လုံးဝင်လာတယ် “ဖုန်းမှားသွားတာ”ဆိုတဲ့ အသံကြားတာနဲ့ချလိုက်ပါပြီ။ ဇာတ်လမ်းက အစ၊အဆုံးပဲ။ ဒီဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့မက်ဆေ့က “အချစ်ဆိုတာ ရုပ်ရည်သွင်ပြင်ပေါ်မှာ ဖွဲ့စည်းထားတာမဟုတ်ဘူး၊ တစ်ယောက်ကိုတစ်ယောက်ဂ ရုစိုက်မှု၊ နွေးထွေးမှု၊ နားလည်ပေးနိုင်မှုတို့နဲ့ တည်ဆောက်ထားတယ်”ဆိုတဲ့အကြောင်းပါပဲ။ သူဘယ်လိုလေးတင်စားထားသလဲ၊ ဘယ်လိုလေးအချစ်ကိုဖော်ကျူးပြထားလဲ ကြည့်ရှူအားပေးကြပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Romance Quality…. 1080p | 720p File size… 1.2GB | 416MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

5.7 2023
About Him & Her
Rules Ranjann
6.9

Rules Ranjan (2023) “ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း” IMDb 6.9 ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ် အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ခဲ့ရတဲ့ ကောင်မလေးနဲ့ ပြန်ဆုံတဲ့ အခါမှာ နောက်တစ်ကြိမ် ပြန်လည်နီးစပ်နိုင်မှာလား… စက်ရုပ်နှလုံးသားကြီးကို ကောင်မလေးက အရည်ပျော်အောင် ပြောင်းလဲပေးနိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Action • Thriller • Science Fiction • Adventure
6.9 2023
Rules Ranjann
I’m Professional
5.8

ဒီတစ်ခါမှာ CM ပရိသတ်တွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောစဖွယ်ဖြစ်စေမယ့် I’m professional ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ် ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့ အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီး ထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။ အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးက ရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။ အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့ အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင်

Romance • Comedy • Action
5.8 2024
I’m Professional
Marked for Death
5.9

ဒီကားလေးဟာဆိုရင်တော့ မင်းသားကြီး Steven Seagal ရဲ့ ၁၉၉၀ ကထွက်ရှိထားတဲ့ action ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းရဲ့အစမှာတော့ မင်းသားက မစ်ရှင်တစ်လုပ်နေတုန်းမှာ သူ့လုပ်ဖော်ကိုင်ဖက်က သေနတ်မှန်သွားရာကနေ ဒီအလုပ်ကို ဆက်မလုပ်ဘဲအနားယူဖို့ဖြစ်လာပါ တော့တယ် အဲဒီလိုနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရာက သူတို့မြို့မှာ မူးယစ်ဂိုဏ်းတွေက သောင်းကျန်းနေတဲ့အချိန်နဲ့ တိုးပါတော့တယ် မင်းသားကြီးကရော အနားယူနေတဲ့ အတိုင်းပဲနေမှာလား ဘယ်လိုပြသနာတွေကရော ဘယ်လိုလာရှာမလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ဖိုက်တင်ခန်းမိုက်မိုက်လေးနဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်း တစ်ကားမို့ စိတ်ဝင်စားဖွယ် ရင်ခုန်စရာကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ် File size…(1.7 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:33:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat

5.9 1990
Marked for Death
The Shaolin Boy
5.7

ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးမှာတော့ ဇာတ်ကြောင်းလေးကိုမပြောခင် အရင်ဆုံး ဇာတ်ကောင်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ် – ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ – အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့ တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက်၁၅နှစ်အရွယ် ချုံနန် – အထက်တန်းကျောင်းတိုက်ကွမ်ဒိုအဖွဲ့ရဲ့ မန်နေဂျာ အသက်၁၅နှစ်အရွယ် ရှောင်လန် – အသက်၁၀နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး သူတို့ငါးယောက်ရဲ့ တွေ့ဆုံဇာတ်လမ်းစပုံလေးကတော့… ချုံနန်တို့မောင်နှမနှစ်ယောက်နဲ့ ရှောင်လန်တို့ မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီး ရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တို့အိမ်မှာ တည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ ရှောင်ယွီ ရှောင်လန်တို့အိမ်ကိုရောက်လာတဲ့နေ့မှာပဲ ရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ ထူလင်နံပါတ်ကိုးဆိုတဲ့ပစ္စည်းတစ်ခုကြောင့် လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ် ဒါတင်မကသေးသူတို့လိုချင်တဲ့ပစ္စည်းက ရှောင်လန်တို့ မေ ာင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာ လူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖို့ကြိုးစားပါတော့တယ် အဲ့ဒီအချိန်မှာ သူတို့ငါးယောက် လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်ကားလေးကို ပေါ့ပေါ့ပါးပါးလေး ကြည့်ကြရမှာပါနော်

5.7 2021
The Shaolin Boy
Evolution
6.1

Evolution (2001) IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်း ဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။ တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။ ၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။ Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ Nominee ဝင်ခဲ့ပါတယ်။ ဇာတ်ကို ဦးဆောင်လာသူတွေကတော့ The X-Files နဲ့ နာမည်ကြီးလာသူ David Duchovny နဲ့ ဟာသပညာရှင် Orlando Jones တို့ဖြစ်ပါတယ်။ လုပ်ကွက်သိပ်မများပေမယ့် ကောင်းကောင်းဇာတ်ပို့ပေးခဲ့သူတွေကတော့ American Pie သရုပ်ဆောင် Seann William Scott နဲ့ ၂၁ရာစုအကောင်းဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Julianne Moore တို့ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(2.5 GB) / (1.4 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Sci-Fi Duration….01:42:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Drama
6.1 2001 101 mins
Evolution
Analyze This

ယခုအခါတင်တင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy/crime အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….မင်းသားကြီး Robert De Niro နဲ့ Billy Crystal တို့ကအဓိကဇာတ်ကောင်အနေနဲ့သရုပ်ဆောင်ထားပါတယ်…. ဇာတ်လမ်းကတော့ ဘန်ဆိုဗယ်ဆိုတဲ့စိတ်ရောဂါဆရာဝန်ဟာ အဖေဖြစ်သူကတော့အောင်မြင်နေပေမဲ့ သူ့လုပ်ငန်းက‌တော့အဆင်‌မပြေ‌နေပါဘူး…ထို့အပြင်သူဟာ ‌နောက်အိမ်ထောင်ပြုဖို့အတွက်လုပ်နေပါတယ်….. နဂိုထဲကမှအဆင်မပြေတဲ့လူနာတွေအပြင်၊အိမ်ထောင်ပြုဖို့ကလည်းရှိတဲ့ကြားထဲကမှ ပေါလ်ဗီတီဆိုတဲ့ မာဖီးယားခေါင်းဆောင်တစ်ယောက်ဟာ ဘန်ဆိုဗယ်ဆီကိုရောက်ရှိလာခဲ့ပါတယ်….ပေါလ်ဗီတီက panic attack, anxiety attack လို့ခေါ်တဲ့ အလွန်အကြွံအထိတ်တလန့်ဖြစ်တာကိုခံစားနေရလို့ဘန်ဆိုဗယ်ဆီရောက်ရှိလာခဲ့တာပါ…. ဒီတော့ကြမ်းပေ့ရမ်းပေ့ဆိုတဲ့မာဖီးယားခေါင်းဆောင်တစ်ယောက်ကဘာလို့အထိတ်တလန့်ဖြစ်နေရတာလဲ…သူ့မှာဘာပြဿနာ‌တွေရှိနေလဲ….ဘန်ဆိုဗယ်ကရောဘယ်လိုကုသပေးမလဲ…မာဖီးယားလူဆိုးတွေဆိုတော့ ဘယ်လိုအရှုပ်အယှက်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ရှုစားကြပါခင်ဗျာ… File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 1999
Analyze This