YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Hidden.Face.2024.1080p.HEVC.WEB-DL.[RMC].mp4

2 GB 1080p video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
Whitney Houston: I Wanna Dance with Somebody
7.1

Whitney Houston ရဲ့ I Wanna Dance With Somebody ဆိုရင်တော့ စာသားဖတ်လိုက်တာနဲ့ခေါင်းထဲမှာသံစဥ်နဲ့အလိုက် ဆိုမိပြီးသားနေမှာပါ။ Whitney က သူ့ခေတ်သူခါမှာအဆိုတင်မဟုတ်ပဲ သူသရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကောင်းတွေလဲရှိခဲ့ပါသေးတယ်။ ဥပမာ ပြောရရင် The Bodyguard ပါ။ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးရော တစ်ကမ္ဘာလုံးမှာပါ သတင်းတစ်ခုရိုက်ခတ်ခဲ့တယ်။ အသက် ၄၈ နှစ်အရွယ်မှာတော့ Whitney တစ်ယောက်ဟာ အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးရခြင်းအကြောင်းကတော့ ဂရမ်မီဆုပေးပွဲမတိုင်ခင်တစ်ရက်မှာ ကိုကင်းသုံးစွဲမှုကြောင့် နှလုံးရောဂါဖောက်ခဲ့ပြီး ရေချိုးကန်ထဲမှာရေနစ်သေဆုံးခဲ့ရတာပါ။ Whitney က ဆိုးသွမ်းတဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေမယ့် အောင်မြင်မှုရဲ့ရိုက်ခတ်မှုဒဏ်တွေ ဝေဖန်မှုဒဏ်တွေ ကိုယ်ရေးကိုယ်တာပြသနာတွေကြောင့် လမ်းတွေအများကြီးထဲက မကောင်းတဲ့လမ်းတွေကို Whitney ရွေးချယ်ခဲ့မိတယ် လို့ စိတ်မကောင်းစွာ ဆိုလိုက်ပါရစေ။ ဒီ အတ္ထုပ္ပတ္တိဇာတ်လမ်းမှာတော့ Whitney ကို ဘုရားပေးတဲ့အသံကိုပိုင်ဆိုင်ထားပေမယ့် ဘာမှမသိသေးတဲ့ မျက်စိသူငယ်နားသူငယ် ဆယ်ကျော်သက်အရွယ်လေးကနေ သူ့ဘဝအနိမ့်အမြင့်အတက်အကျ အောင်မြင်မှုကျရှုံးမှုတွေကို လိုက်ပါကြည့်ရှုရမှာပါ။ အဲ့ဒါအပြင် သီချင်းတွေအားလုံးနီးပါးကိုလဲ Whitney နေရာမှာ သရုပ်ဆောင်တဲ့မင်းသမီးလေးက သရုပ်ပဲဆောင်ပေးထားပြီး Whitney အသံတွေကိုပဲထည့်ထားတာကြောင့် Whitney ရဲ့သီချင်းကောင်းတွေကိုလဲ Whitney အသံစစ်စစ်နဲ့ တစ်ဝကြီးနားဆင်ရဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 525MB Format… mp4 Duration…. 2h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Drama • Horror • Mystery
7.1 2022 144 mins
Whitney Houston: I Wanna Dance with Somebody
One Fine Spring Day
7

Christmas in Augustတို့ April Snowတို့ The Last Princessတို့ Lost (TV series)တို့ရိုက်ခဲ့တဲ့ Hur Jin-hoရဲ့ Christmas in August အပြီး ဆက်ရိုက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ လက်ရှိ Money Heist: Korea – Joint Economic Areaထဲက ပရော်ဖက်ဆာအဖြစ် လူသိများလောက်မယ့် ပတ်ချန်းဝုရဲ့ Oldboyတို့ Lady Vengeanceတို့ Hong Sang-sooရဲ့ Woman Is the Future of Manတို့ Dittoတို့လို ကိုရီးယားရဲ့မာစတာပိစ် ကားတွေမှာ အဓိကကျတဲ့ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့ Yoo Ji-taeပါ။ မင်းသမီးကတော့ ငယ်ငယ်က ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ ပတ်ချန်းဝုရဲ့ Lady Vengeanceတို့ Joint Security Areaတို့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Lee Young-aeပါပဲ။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ဘာမှပြောစရာမရှိသလို ဇာတ်ကလည်း Christmas in Augustကို သဘောကျတဲ့လူတွေ သဘောကျမယ့် ဇာတ်ပါပဲ။ အဲဒီထက်တော့ ပိုရိုမန့်ဆန်ပေမဲ့ သူရိုက်နေကျအတိုင်း သူ့ရိုမန့်တွေက သဘာဝကျကျလေးနဲ့ကို အရမ်းငြိမ်ပါတယ်။ တစ်ခါတလေ ဘဝမှာ ရိုမန့်တစ်အဆန်ဆုံး ဘာတွေရှိဖူးလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တော့ ရိုမန့်တစ်ကွေကွင်းခြင်းတွေကို အိပ်မက်မက်တယ်။ ကွေကွင်းခြင်းဟာ ရိုမန့်တစ်ဖြစ်ဖို့ တစ်ခါတလေလည်းခက်တယ်။ အချစ်ဟာ အဆုံးသတ်တစ်နေရာမှာ ကွေကွင်းကြဖို့ပဲမလား။ ကွေကွင်းခြင်းသာ ရိုမန့်တစ်မဆန်ဘူးလို့ ငြင်းလာရင်လည်း အဲဒီအချစ်က ရိုမန့်တစ်ဆန်ပါဦးမလား။ ထားပါတော့။ လူ့ကမ္ဘာဟာ ငရဲပဲဆိုပါစို့။ သေကွဲဟာ အကောင်းဆုံး ဇာတ်ပေါင်းခန်းလို့ရော တစ်ခါတလေ မြင်မိကြလား။ ကံကောင်းထောက်မခဲ့ရင်တော့ ရှင်ကွဲလည်း ဇာတ်ပေါင်းခန်းဖြစ်သွားနိုင်တာပါပဲ။ ကံကောင်းထောက်မခဲ့ရင်ပေါ့။ ဒီရုပ်ရှင်ဟာ ရိုမန့်တစ်ဆန်တဲ့အချစ်နဲ့ ရိုမန့်တစ်ဆန်တဲ့ ကွေကွင်းခြင်းအကြောင်း ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 880MB | 385MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder ..... August

Drama
7 2001 106 mins
One Fine Spring Day
Boogie Nights
7.6

မင်းသား Mark Wahlberg ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားကို တင်ပေးထားလိုက်ပါပြီ ဒီကားကတော့ အက်ဒီအဒမ်စ်ဆိုတဲ့ကောင်လေးကို ညစ်ညမ်းကားဒါရိုက်တာဂျက်ခ်ဟော်နာက တွေ့ရှိသွားပြီး ခေါ်လာခဲ့ရာမှ နာမည်ကြီးအပြာမင်းသားဖြစ်သွားတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ Pornography ဖန်တီးတဲ့အကြောင်းတွေ ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့အပြင် အဖော်အချွတ်အခန်းတွေအများကြီးပါတဲ့အတွက် ကလေးတွေနဲ့ကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး.. Imdb 7.9/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း Masterpiece ကားလို့တင်စားခံနေရတုန်းပါ။ File size…(3.08GB)  / (`1.54GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:35:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Comedy • Horror
7.6 1997 156 mins
Boogie Nights

အာဂျွန်ဆိုတဲ့လူငယ်လေးတစ်ယောက်က ဇာတ်လိုက်မင်းသား(ဟီးရိုး) ဖြစ်ဖို့ အိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့ အာဂျွန်နဲ့ ဆာ့ဘူတို့က ချစ်သူတွေပါ ဆလင်းဘိုင်ဆိုတဲ့ လူဆိုးဂိုဏ်းချုပ်ကြီးဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို ရှေးဟောင်းသေနတ်တစ်လက်နဲ့ ပစ်သတ်လိုက်ပြီး အဲ့ဒီသေနတ်ကို ဟိုင်ဒရာဘတ်မြို့ထဲက သူ့ရဲ့ကျေးစားလူသတ်သမား တစ်ယောက်ဆီကို ပို့ပေးလိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီးတစ်ယောက်ကို သတ်ခိုင်းဖို့ပေါ့။ တစ်ချိန်တည်းမှာပဲ လှချင်ခန့်ချင်တဲ့ အာဂျွန်တစ်ယောက်က ဆံပင်ကျွတ်နေလို့ တီဗီမှာတွေ့တဲ့ ဆံပင်ခေါင်းလိမ်းဆီကို အွန်လိုင်းကနေမှာလိုက်ရာကနေ သူ့အိမ်ရောက်လာတဲ့ပါဆယ်ထုပ်ထဲမှာက ခေါင်းလိမ်းဆီမဟုတ်ဘဲ အဲ့ဒီရှေးဟောင်းသေနတ်ဖြစ်နေခဲ့ပါတယ်။ ကဲ အာဂျွန်တစ်ယောက် အဲ့ဒီသေနတ်တစ်လက်နဲ့ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦး မလဲ။ သူ့သမီးနဲ့ကန့်ကွက်နေတဲ့ လျှို့ဝှက်တဲ့ အာဂျွန့်ယောက္ခမကြီး ကကော ဒီအမှုအခင်းတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေမလဲ။ IMDb Rating 8.2/10 ရထားတဲ့ ဟာသ စွန့်စားခန်း ဇာတ်ကားကောင်းလေးမလို့ လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ် File size…3.06GB / 1.4GB / 500MB Quality…1080p WEBDL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Eliza

Drama • Thriller
null 2022 132 mins
Hero
The Midnight Sky
5.8

IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။ အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင် အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင် တဲ့သူတစ်ယောက်ပါ။ ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ် ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်း ကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့် အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။ တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ် တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်က အခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် အဆက်အသွယ်ကမရနဲ့ ဒီဇာတ်လမ်းဟာ စိတ်ဝင်စားဖွယ်ရာကြည့်ရှူရမှာပါ။ လက်ရှိမှာ IMDb Rating 5.6 ရရှိထားပြီး . တဖြေးဖြေးနဲ့ တတ်လာနေတာကို လည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ George Clooney, Kyle Chandler, Demian Bichir, Felicity Jones အစရှိတဲ့ လူများစွာလည်းပါဝင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung ကရေးသားပေးထားပြီး၊ Yoon Sandi Aung, Jerrica, MTA တို့မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 58min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Fantasy, Sci-Fi Source : 1080p.WebRip Translator – Yoon Sandi Aung, Jerrica, MTA Encoder – SWM

Comedy • Drama
5.8 2020 118 mins
The Midnight Sky
Terminator: Dark Fate
6.5

အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။ အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။

Comedy • Crime • Thriller
6.5 2019 128 mins
Terminator: Dark Fate
Anna
6.5

Anna (2013) ~ IMDb rating - 6.4/10 ~ Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။ အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်... ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ... တကယ်ပဲအန်နာက Victim လား... လူသတ်သမားလား... ဆိုတာ ​​​ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 2H 1Min Genre - Drama, Mystery, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action & Adventure • Animation • Sci-Fi & Fantasy
6.5 2013 99 mins
Anna
The Addams Family
6.6

တလောက ရုံတင်သွားခဲ့တဲ့ အဒမ်စ်မိသားစု ကာတွန်းလေး လာပါပြီ။ ဇာတ်လမ်းကတော့ ဟိုတယ်ထရန်ဆဗေးနီးယား နဲ့ နည်းနည်းဆင်ပါတယ်။ အဒမ်မိသားစုဟာ သီးခြားဆန်စွာ ထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။ အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ထောင်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ ဒီကာတွန်းလေးကတော့ သရော်ကာတွန်းအမျိုးအစားပါပဲ။ အချို့သောလူတွေရဲ့အူကြောင်ကြောင်စိတ်ကူးတွေ၊ ဆိုရှယ်မီဒီယာ အယုံလွယ်တာတွေ စတာမျိုးတွေကို အတည်ပေါက်နဲ့ ထိထိမိမိလေးလှောင်ထား တွယ်ထားပါတယ်။ ရယ်လည်းရယ်ရသလို ဆွဲဆောင်မှုလည်းရှိပါတယ်....Animation ကားကြိုက်သူတွေအတွက် လွန်စွာစိတ်ကျေနပ်စေမယ့် ကားလည်းဖြစ်ပါတယ်..

Comedy • Drama
6.6 2019 86 mins
The Addams Family
The Handmaiden
8.2

မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။ The Handmaiden တဲ့... IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ် ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။ စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။ 8.8 millions သုံးခဲ့ပြီး box office မှာတော့ 38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။ 16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့် ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။ သိမ်မွေ့တယ်ပေါ့။ လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့ မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။ သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့ Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့ လူလိမ်မိသားစုက ကောင်မလေးကို အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။ Hideko ဟာ ဂေးရှားမယ် တစ်ယောက်လို ပုံသွင်းခံထားရတဲ့သူ။ လိင်အာသီသတွေ တလှိုက်လှိုက် တစ်လွှာချင်းပွင့်ထွက်လာဖို့ ဖျော်ဖြေပေးရတဲ့ Entertainer .. ။ တစ်ခုပဲ ... သူ ဘာကိုမှ ဖော်ချွတ်နေစရာ မလိုအပ်ဘဲ ရှေးဟောင်းစာအုပ်တွေကို ဖတ်ပြရုံပဲ။ သူ့ကို ထိန်းချုပ်ထားခဲ့တာက သူ့ ဦးလေး။ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ဖြူဖြူနွဲနွဲ့ Hideko ရဲ့အတွင်းစိတ်... သူတကယ်ရော သူ့အပြင်ပုံပန်းသဏ္ဍာန်ကလေးလို သူ့စိတ်၊ သူ့နှလုံးသားက လီလီပန်းပွင့်ကလေးနဲ့ တူရဲ့လား။ Sook Hee ကရော မြို့စားမင်းကို လက်ထပ်ချင်လာအောင် တကယ်ပဲ သိမ်းသွင်းနိုင်ခဲ့ပါ့မလား။ ချစ်ခြင်းမေတ္တာနဲ့ လိင်စိတ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးမှာပဲ သီးသန့်ဖြစ်တည်နိုင်တာလား။ မိန်းကလေးချင်းရော ချစ်လို့မရဘူးလား။ သူတို့နှစ်ယောက်ကို ခွဲမယ့် Hideko ဦးလေးနဲ့ Fujiwara လက်ကရော သူတို့ လွတ်ပါ့မလား။ အလိမ်အညာနဲ့ တည်ဆောက်ထားတဲ့၊ တည်ဆောက်တော့မယ့် ဘဝထဲကနေ မာယာနဲ့ ဘယ်လိုပြန်ရုန်းထွက်မလဲ။ Lesbian ဇာတ်ဝင်ခန်းတွေ၊ Bdsm ဆန်ဆန် အခန်းတစ်ချို့နဲ့ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တည်ဆောက်ထားတဲ့ ဒီဇာတ်လမ်းဟာ IMDb rating 8.1 ရနေတာဟာ အဆန်းတော့ မဟုတ်ဘူး။ မိန်းမမာယာဆိုတာ ‌သွားရှုပ်လို့တော့ မရဘူးပဲ... #ပြာ  #ကြည့်ဖြစ်သောရုပ်ရှင်များ Review Credit : Myat Thet Chell File Size - 1.5 gb Quality - Bluray 1080p Subtitle -  burmese Translator - Myo Myint Maung Fix - Dolly Encoder - Thit San Khant

Horror • Mystery
8.2 2016 145 mins
The Handmaiden
D.E.B.S.
5.3

အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။ အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။ တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။ လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။ D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။ (တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ရဲ့စီးကရက်ခဲပြီး သေနတ်တွေပစ်နေတဲ့ video clip လေးကလည်း ဒီကားထဲကပါပဲ)

5.3 2004 91 mins
D.E.B.S.
Our Idiot Brother
6.4

ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

6.4 2011
Our Idiot Brother
[18+] Ahasss

Ahasss (2023) ဂျိတ်ခ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ခိုကိုးရာမဲ့ အိမ်စေကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘော့စ်ဖြစ်သူ မစ္စတာစတုန်းဟေးလ်ကတော့ ချမ်းသာပြီး အပေးအကမ်းရက်ရောပေမယ့် အရက်မူးတဲ့အခါ သွေးဆိုးတတ် သူ့ဇနီးဖြစ်သူကိုနှိပ်စက်ပြီး အကြမ်းပတမ်း လိင်ဆက်ဆံတတ်သူပါ။ သူ့ဇနီးတင်မက သူနဲ့ဘဝတူအိမ်ဖော်အမျိုးသမီး ဂျန်နီကိုလည်းအလွတ်မပေးပါဘူး။ စတုန်းဟေးလ်ကို သူတုန်နေအောင်ကြောက်ပေမဲ့လည်း စတုန်းဟေးလ်ရဲ့ဇနီးသည် အိမ်ရှင်မ အယ်ဒလင်းက သူ့ကိုအထာပေး အစာကျွေးလိုက်တဲ့အခါမှာတော့ အရူးအမဲသားစားမိသလို တန်းတန်းစွဲသွားတဲ့ ဂျိတ်ခ်ဟာ အချစ်အတွက် အသက်ပင်သေသေ ဖင်ညှောင်ရိုးပင်ကျိုးကျိုး စွန့်စားရဲတဲ့သတ္တိတွေရှိလာပြီး မမအယ်ဒလင်းကို ဒီဘဝကြီးက ကယ်တင်ဖို့အတွက် သူ့ဘော့စ် စတုန်းဟေးကိုသတ်ဖို့ကြံပါတော့တယ်။ သူ့အကြံအစည်အောင်မြင်မလား… သူနဲ့အယ်ဒလင်းတို့လွတ်မြောက်ရာမှာနှစ်ကိုယ်တူဘဝထူထောင်နိုင်မလား… ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Science Fiction • Horror
0 2023
[18+] Ahasss
Knuckle Girl
5.2

Knuckle Girl (2023) Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ခြေစုံပစ်ဝင်သွားတယ်။ အဲဒီနောက် သူ့ညီမ ကားထဲ မီးလောင်ပြီးသေသွားတဲ့ သတင်းကြားတော့ သူ့ညီမအလောင်းကိုလာကြည့်တယ်။ ရဲတွေက သူ့ညီမပါလို့ အခိုင်အမာပြောနေပေမဲ့ သူကတော့ သူ့ညီမ မဟုတ်တာ သေချာနေခဲ့တယ်။ဒီလိုနဲ့ သူ့ညီမ ဘယ်ရောက်သွားလဲရှာရင်း အကြမ်းစားလူဆိုးဂိုဏ်းတွေနဲ့ ရင်ဆိုင်ရဖို့အကြောင်းဖန်လာတယ်။ ဇာတ်ကလည်း မဆိုးသလို အက်ရှင်ခန်းတွေလည်းများတာမို့ အက်ရှင်ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဒီစာရေးဆရာရဲ့ကားတွေနဲ့ပဲ ပြန်ယှဉ်ရရင်‌တော့ Carter ထက်တော့ကောင်းပါတယ်။ The Villainess ရဲ့အရသာကိုတော့ မမီပါဘူး။ ဘာလို့ဆို မသကာ The Villainess ရဲ့ဇာတ်က Carter ထက် စုတ်ခဲ့တယ်ဆိုရင်တောင် Kim Ok-bin နဲ့ Shin Ha-kyun တို့က ကောင်းကောင်းကြီး ကယ်နိုင်မှာမို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 910MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 47Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.2 2023
Knuckle Girl
I Spit on Your Grave Day of the Woman
5.6

I Spit on Your Grave/ Day of the Woman (1978) I Spit on Your Grave ဟာ အဓမ္မမှုကိုရက်ရက်စက်စက်လက်စားပြန်ချေတဲ့ဇာတ်ကားတွေထဲမှာ အထင်ကရဖြစ်ဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး 2010 မှာပြန်ရိုက်ခဲ့တဲ့ remake ဇာတ်ကားတွေဟာလည်းအောင်မြင်မှုရခဲ့ပါတယ်။ ခုတင်ဆက်လိုက်တာကတော့ မူရင်း အော်ရဂျင်နယ် ၁၉၇၈ ခုနှစ်က ရုပ်ရှင်ကားဖြစ်ပါတယ်။ ပထမဆုံးဇာတ်ကားစတင်ထွက်ရှိချိန်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းပေါင်း မြောက်များစွာတွေကြောင့် ရုံမတင်ခင်ကတည်းက အငြင်းပွားမှုတွေပြဿနာတွေမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဇာတ်ကား ရုံတင်ချိန်မှာလည်းဝေဖန်ရေးဆရာတွေရဲ့ရှုံ့ချမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ cult classic ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့… စာရေးဆရာမပေါက်စလေး ဂျနီဖာဟေးလ်ဟာ နယ်စွန်နယ်ဖျားက လူသူဝေးလံတဲ့ တောအုပ်ထဲက အိမ်တစ်လုံးကို စာရေးဖို့ရည်ရွယ်ချက်နဲ့ငှားရမ်းခဲ့ပါတယ်။မြို့အဝင်ဆီဆိုင်မှာတွေ့ခဲ့ရတဲ့ လူရွယ်တစ်စုကို မြို့ကြီးသူပီပီ မိတ်ဖွဲ့ပြီးရင်းရင်းနှီးနှီးစကားဆိုခဲ့မိရာကနေ တောသားငစနူတွေက သူ့ရဲ့ ဖော်ရွေမှုကိုအထာပေးတယ်လို့ယူဆပြီး သူငှားနေတဲ့ အိမ်ကိုလာအုပ်စုဖွဲ့မုဒိမ်းကျင့်ရာကနေ နောက်ဆုံး လက်စဖျောက်ပစ်ဖို့အထိကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာသေကံမရောက်ခဲ့တဲ့ ဂျနီဖာဟာ သူ့ကိုအဓမ္မကျင့်ခဲ့တဲ့မုဒိမ်းကောင်တွေကို ရက်ရက်စက်စက်ပြန်ပြီးကလဲ့စားချေပါတော့တယ်။ Horror,Thriller အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းရက်စက်တဲ့သတ်ခန်းဖြတ်ခန်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။

5.6 1978 101 mins
I Spit on Your Grave Day of the Woman