YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Heroes Next Door (2025) E05 1080p WEB-DL [RMC].mp4

943.41 MB 1080p video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Reunion
5.4

The Reunion (2011) ============== IMDb Rating - 5.8/10 ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကား လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့် အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ် တန်းလုံးကိုဖိတ်ကြားထားပါတယ်။ အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာ ကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေ ပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့် ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။ နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့ စည်းရုံးနေတယ်။ သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေ တာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း သုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာ အတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ် ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့ အခါမှာတော့..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(2.0 GB) / (800 MB) / (472 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Tin Myo Lwin Encoder..........SWM

Drama • Romance
5.4 2011 96 mins
The Reunion
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Drama
7.3 2014 109 mins
How to Steal a Dog
The Lost Girls
4.9

Drama, Fantasy ငယ်ငယ်က ကျနော်တို့အားလုံးကြိုက်ခဲ့ကြတဲ့ Peter Pan & Wandy , Peter Pan & Captain Hook တို့ဇာတ်လမ်းတွေကို အားလုံးကြည့်ဖူးကြမှာပါ။ ကြယ်တွေ စုံတဲ့တစ်ညမှာ ပီတာပန်ဆိုတဲ့ နတ်သူငယ်လေးက ၀န်ဒီဆိုတဲ့ ကောင်မလေးကိုလာ ခေါ်လေ့ရှိတယ်။ ၀န်ဒီရဲ့အဖွား၊ ၀န်ဒီရဲ့ ‌အမေတို့ တုန်းကလည်း ပီတာပန်ဟာ နဲဗားလန်းဆိုတဲ့ စိတ်ကူးယဉ်ကျွန်းကြီးကိုခေါ်သွားလေ့ရှိတယ်။ နွေဦးရဲ့ ကြယ်တွေစုံတဲ့တစ်ညမှာ ပီတာပန်ဟာ ၀န်ဒီ့ဆီရောက်လာပြီး ကတိတစ်ခုတောင်းခဲ့တယ် ။ " မင်း ဘယ်တော့မှ ကြီးပြင်းမလာပါနဲ့ ၀န်ဒီ နောက်နှစ်နွေဦးမှာ ကိုယ်လာခေါ်မယ်" ၀န်ဒီဟာလည်း ပီတာအလာကို စောင့်နေခဲ့တာ နှစ်တွေအကြာကြီး ကြာခဲ့ပါပြီ ။ ပီတာကရော ပြန်ရောက်လာပါ့မလား....? ၀န်ဒီရဲ့ ဘဝကရော ဘာတွေဆက်ဖြစ်သွားမလဲ...? Cast တွေအနေနဲ့လည်း Preter Pan နေရာမှာ Sherlock Holmes ထဲက လူတိုင်းကြိုက်ခဲ့တဲ့ လူငယ်သရုပ်ဆောင် Louis Partridge နဲ့ Game of thrones ထဲက Iain Glen တို့က Captain Hook နေရာက ပါ၀င်ထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) Genre..... Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.1GB | 574MB | 293MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Action • Adventure • Fantasy
4.9 2022 107 mins
The Lost Girls
The Talented Mr. Ripley
7.2

နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။ Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။ Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ 1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Matt Damon,Jude Law, Gwyneth Paltrow,Cate Blanchett, Philip Seymour Hoffman တို့ပါ၀င်ထားပါတယ် Matt Damon ရဲ့စိတ်မသက်မသာဖြစ်စရာ သရုပ်ဆောင်မှုကိုကြည့်ရမှာပါ။ File size…(3.23gb)/(1.GB)/(680MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:19:00 Genre...Crime /Drama/Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Thriller
7.2 1999 139 mins
The Talented Mr. Ripley
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
Your Name.
8.5

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့... အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်.. ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား?? ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်က ရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့... ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့ အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ.. ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင် (ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်.. ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်း Weathering With You (2019) မှာ cameo အဖြစ် ပြန်လည်ပါဝင်ကြပါသေးတယ်.. သေချာလေးကြည့်ကြနော် ?...ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး) File Size :  1.49 GB Quality : Bluray 1080 (5.1) Running Time : 1hr 46minutes Format : Mp4 Genre : Animation, Drama, Fantasy Translated By Ye Kyaw Htet & Mko Encode By YK

Drama • Mystery • Sci-Fi & Fantasy
8.5 2016 106 mins
Your Name.
Sakura
6.3

Sakura (2020) မင်းသမီးလေး Nana Komatsu ပါဝင်ထားပြီး iMDB rating 6.3/10 ရရှိထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ အိုဆာကာမှာနေထိုင်ကြတဲ့မိသားစုလေးတစ်ခုမှာ သားသမီး၃ယောက်ရှိပါတယ်။ ဆာကူရာဆိုတာကတော့ သူတို့ငယ်ငယ်တည်းကမွေးထားတဲ့ခွေးလေးရဲ့နာမည်ပါ။ အကြီးဆုံးသား ဟာဂျိမဲ၊သားလတ် ခအိုရုနဲ့ အငယ်ဆုံးကတော့ သမီးလေး မိခိပါပဲ။ အငယ်ဆုံးကျမှ သမီးလေးမွေးတာမို့ မိဘတွေရော အစ်ကိုတွေကပါချစ်ပြီးအလိုလိုက်ကြပါတယ္။ ဒါကြော်င့မိခိက တစ်ကိုယ်ကောင်းဆန်ပြီး တဇွတ်ထိုး သူဖြစ်ချင်တာပဲသိပါတယ်။ အစ်ကိုကြီး ဟာဂျိမဲက အားကစားထူးချွန်ပြီး ဂုဏ်ယူရတဲ့သားတစ်ယောက်ပါ။ သားလတ် ခအိုရုကတော့ သူ့လောက်မတော်ဘဲ အစ်ကိုကြီးနဲ့အမြဲနှိုင်းယှဉ်ခံရပေမဲ့ မနာလိုစိတ် အလျဉ်းမရှိခဲ့သူပါ။ အစ်ကိုကြီးရည်းစားထားတော့လည်း မိခိက သဘောမကျဘဲ ကလန်ကဆန်တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပွင့်လင်းနွေးထွေးတဲ့ အားကျစရာမိသားစုလေးလိုပါပဲ။ ဒီလိုနဲ့ အားလုံးက အားကိုးချစ်ခင်ရတဲ့ သားကြီး ဟာဂျိမဲကို taxiတစ်စီးကဝင်တိုက်ပြီး အောက်ပိုင်းချိ မျက်နှာထိခိုက်သွားတဲ့အခါမှာတော့ မိသားစုအခြေလေး ပျက်ခဲ့ရပါတော့တယ်။ ဒီလိုမထင်မှတ်ထားတာတွေနဲ့ မိသားစုလေးက ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ကုစားခဲ့ကြလဲဆိုတဲ့အကြောင်းတွေကို ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.1GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:59:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Thriller
6.3 2020
Sakura
The Last Manhunt
4.2

1909 ခုနစ်က အမေရိကန်ဖြစ်ရပ်မှန် လူဖမ်းပွဲအကြောင်းကိုရိုက်ပြထားတာပါ။ Cowboy ကားတွေမှာပါလေ့ရှိတဲ့အတိုင်း ပြည်သူထဲစေတနာ့၀န်ထမ်းတွေကို Sheriff တစ်ယောက်ကဦးစီးပြီး လူဆိုးဖမ်းတဲ့စနစ်ကိုနောက်ဆုံးကျင့်သုံးခဲ့တဲ့အမှုပါ။ Willie Boy ဟာ Native American တစ်ယောက်ဖြစ်ပြီး Carlota ဆိုတဲ့သူ့ချစ်သူကိုခိုးပြေးပါတယ်။ ကောင်မလေးရဲ့ဖခင်ဖြစ်သူ က သဘောမတူဘဲပိတ်ပင်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Willie Boy ဟာမတော်တဆ သူ့ချစ်သူရဲ့ဖခင်ကိုသတ်လိုက်မိပါတယ်။ ထွက်ပြေးသွားတဲ့Willie Boy တို့စုံတွဲကို လိုက်ဖမ်းဖို့ Sheriff Frank Wilson လည်း လူစုပြီး ခြေရာခံဖို့ကြိုးစားရာက‌နေ ပြင်ပပယောဂတွေကြောင့် အခြေအနေကပိုရှုပ်ထွေးလာရပါတယ်။ နာမည်ကျော်မင်းသားကြီး Jason Mamoa ကိုယ်တိုင်ပူးတွဲရေးသားပြီး ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အရည်အချင်းရှိတဲ့ Native American သရုပ်ဆောင်များစွာလည်း ပါ၀င်ထားတဲ့ Western ကားလေးပါ။ File size…(1.96GB) / (1.01GB) / (493MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre…Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama
4.2 2022 103 mins
The Last Manhunt
TEKKEN: The Motion Picture
5.2

ဒီဇာတ်ကားက 1998က ထွက်ရှိခဲ့တဲ့ Tekken gameရဲ့ anime ဇာတ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ DVD ခွေကို အိမ်ကလူကြီးတွေ မရှိတုန်း ထိုးကြည့်ပြီး မပေါ့်တပေါ်လေးတွေ ခိုးကြည့်တာ သတိရကြမှာပါ ? Version ကလဲ DVD Version ကို 720p လောက်လေးပဲ ရလို့ လောလောဆယ်တော့ ဒီဗားရှင်းလောက်နဲ့ပဲ ကျေနပ်လိုက်ကြပါဦး IMDb 5.2နဲ့ RTမှာ 5.3ရထားပါတယ်။ ဒီဇာတ်လမ်းက မိရှီိမာမိသားစု​တွေရဲ့ ရန်ငြိုးကို အဓိကဇာတ်လမ်း တည်ထားတာပါ။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်တဲ့ ဟဲဟချိမိရှိမာ ​ချောက်ကမ်းပါး​ပေါ်က​ ပစ်ချတာခံခဲ့ရပြီး ​သေရာပါဒဏ်ရာ​တွေနဲ့ ​သေကံမ​ရောက်ခဲ့တဲ့ ခါဇုယ မိရှီမာဟာ အ​ဖေကို ကလဲ့စား​​ချေဖို့ မိရှီမာလုပ်ငန်းစုက ပြုလုပ်တဲ့ တိုက်ခိုက်​ရေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ လုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မိရှီမာလုပ်ငန်းစုရဲ့တရားမဝင် စမ်းသပ်ချက်​တွေကို ​ထောက်လှမ်းချင်​နေတဲ့ အစိုးရအဖွဲ့​တွေက ဒီကိစ္စကိုစုံစမ်းဖို့ ​အေးဂျင့် ၂ယောက်ကို အဆိုပါပြိုင်ပွဲမှာ ပြိုင်ဖို့ ​စေလွှတ်လိုက်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဘာ​တွေဆက်ဖြစ်ကြမလဲ၊ ခါဇုယက သူ့အ​ဖေကိုလက်စား​​ချေနိုင်မလား၊ မိရှီမာလုပ်ငန်းစုရဲ့ မသမာမှု​တွေကို ​ဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 300 mb Quality… DVDrip 720p Format… mp4 Duration…. 57m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

5.2 1998 57 mins
TEKKEN: The Motion Picture
Subject 101

ဆီးရီးယားက ဒုက္ခသည်ဖြစ်သူ ဘန်နီက ဥရောပကို ခြေလှမ်းသစ် စတင်ဖို့ ရောက်ရှိလာခဲ့ပြီး အလုပ်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ အိမ်ခြေမဲ့ဖြစ်နေတာမို့ အလုပ်ရနိုင်ဖို့ အခက်အခဲဖြစ်နေခဲ့ပါတယ်။ အမြဲတမ်းနေရပ်လိပ်စာ မရှိလို့ အခက်တွေ့နေတဲ့ သူ့ကို အလုပ်အကိုင် ရှာဖွေရေး အင်ဂျင်စီက သူတို့ရဲ့အိမ်ရာစီမံကိန်းတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ နေစရာရသွားပြီး အလုပ်လည်းရသွားလို့ ကြိုးစားပမ်းစားနဲ့ နေ့ရက်တိုင်းကို ကြိုးစားဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ သူ နေနေတဲ့အခန်းက ထင်သလောက် မရိုးရှင်းမှန်း ရိပ်စားမိသွားပါတော့တယ်။ အဲဒါကတော့ သူ အိပ်ရာက နိုးလာရင် ညဘက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက အိပ်မက်လိုလို တကယ်လိုလိုနဲ့ မရေမရာဖြစ်ဖြစ်နေပြီး သူ မရောက်ခင် အခန်းမှာ နေခဲ့တဲ့ သူကလည်း စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးပြီး အစအန ရှာမရအောင် ပျောက်ဆုံးသွားခဲ့တယ်ဆိုတာပါပဲ။ အလုပ်ထွက်လိုက်ရင်လည်း နေစရာကဆုံး၊ အဲဒီမှာပဲ ဆက်နေရင်လည်း သူ့အတွက် အန္တရာယ်ရှိလာနိုင်တာမို့ ဆုတ်လည်း စူး၊ စားလည်း ရူး အခြေအနေကနေ လွတ်မြောက်အောင် သူ ဘယ်လိုရုန်းထွက်မလဲ.. ပျောက်ဆုံးသွားတဲ့ အရင်နေခဲ့တဲ့သူကရော ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတာလဲ.. အဲဒီအခန်းရဲ့ လျှို့ဝှက်ချက်ရော ဘာများလဲ.. သူကရော နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.4 GB)/(650 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror • Thriller
0 2022 86 mins
Subject 101
Kaazh

Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Drama တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။ သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ)

0 2024
Kaazh
[18+] Pwede G, Pwede B
4.5

ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(810 MB) / (360 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:51:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024
[18+] Pwede G, Pwede B
America Is Sinking

ဒေါက်တာ ချေ့စ် ဟေးဘာ့စ်၊ မစ်ရှယ် ရော်ဂင်ဆန်နဲ့ ရော်ဘင်တို့ဟာ မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ ပြိုကျလာမှုကို လေ့လာဆန်းစစ်နေတဲ့ သုတသနပညာရှင်တွေဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဒဗလျူအာ ၆၃ ဆိုတဲ့ ရေခဲကျောက်ဆောင်ကြီးက ပြိုကျသွားတဲ့အခါမှာ သမုဒ္ဒရာအတွင်းမှာ ဆူနာမီရေလှိုင်းကြီး ဖြစ်ပေါ်လာပြီး အမေရိကတိုက်ကို ဦးတည်လာခဲ့ပါတယ်။ ဒီဆူနာမီရေလှိုင်းကြီးက ဒီရေအမှတ် ရှစ်ထက် အများကြီး ကျော်လွန်ပြီး သိပ္ပံနည်းကျတွက်ချက်မှုအရ ၄၈ နာရီအတွင်း အမေရိကတိုက်ကို ရေလွမ်းမိုးသွားတော့မှာပါ။ ဒီတော့ သိပ္ပံပညာရှင်တွေ စစ်တပ်နဲ့ အမေရိကတစ်နိုင်ငံလုံး ရေလွမ်းမိုးခံရမဲ့အရေးက ကယ်တင်နိုင်ဖို့ ဘယ်လိုများ သက်စွန့်ဆံဖျား ကြိုးစားအဖြေရှာသွားမလဲဆိုတာက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2023
America Is Sinking
Never Let Go
5.8

ဟော်ရာရုပ်ရှင်ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ The Hills have eyes တို့ Oxygen တို့ကို ရိုက်ခဲ့တဲ့ Alexandre Aja ပါပဲ။ Catwoman မင်းသမီး Halle Berry နဲ့ ကလေးသရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Percy Daggs IV ရယ် Anthony B. Jenkins တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ရုပ်ရှင်ကတော့ အရင်က ထွက်ဖူးတဲ့ကားတွေလိုပဲ သရဲအစစ်လား စိတ္တဇလားဆိုတာကို ဇာတ်ကားအဆုံးထိ စဉ်းစားရအောင် ပဟေဠိနဲ့ ပြထားတဲ့ ကားမျိုးပါပဲ။ တောနက်ကြီးထဲမှာ အမေတစ်ယောက် သားနှစ်ယောက်နေကြတယ်။ သူတို့မိသားစုဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်နေတဲ့ မိသားစုအဖြစ် အချင်းချင်းသိကြပါတယ်။ ကျန်တဲ့လူတွေအားလုံးကို မိစ္ဆာတစ်ကောင်က အချင်းချင်း သတ်အောင်လုပ်လိုက်ပြီလို့ ပြောပါတယ်။ သူတို့တွေကိုလည်း ရှေးဟောင်းသစ်သားနဲ့အိမ်က ကာကွယ်ထားလို့သာ မိစ္ဆာက မလာနိုင်တာပါတဲ့။ ဒီတော့ သူတို့က အပြင်ကိုထွက်ရင်လည်း အိမ်နဲ့ တွဲချည်ထားတဲ့ ကြိုးအရှည်ကြီးနဲ့ပဲ ထွက်လို့ရပါတယ်။ အဲဒီကြိုး ပြုတ်တာနဲ့ မိစ္ဆာက သူတို့ကို ပြုစားပြီး အချင်းချင်းသတ်ခိုင်းမှာလို့ သိထားကြပါတယ်။ ဒီတော့ ဝေးဝေးလံလံသွားမရတဲ့ သားအမိ သုံးယောက် အသက်ရှင်ဖို့အတွက် အနီးအနားမှာ ခွေးလေး ကိုဒါကို အမဲလိုက်ခိုင်းရင်း အပင်စိုက်စား အသီးရှာစားနဲ့ အသက်ရှင်နေရ ပါတယ်။ ဒီလိုနဲ့ အစာရေစာပြတ်ပြီးခက်ခဲလာတဲ့အချိန်မှား သား နှစ်ယောက်ထဲက တစ်ယောက်က ကြိုးကို လက်လွှတ်ပြီး စားစရာရှာဖို့ ကြိုးစားလာတဲ့အခါ သူတို့တွေ စိတ်ပူနေတဲ့ မိစ္ဆာနဲ့ တကယ်ရင်ဆိုင်ရမလား ဆိုတာ… File size…4.6 GB / 1.84GB / 895MB Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

5.8 2024
Never Let Go