YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Heroes E01 CM.mp4

388.19 MB N/A video/mp4 2930 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Anthropoid
7.1

၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့် ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါက အိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာ အသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့ မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ File Size :(3.8GB) and (1.1GB) Quality : WEB-DL1080p, 720p Format…mp4 Duration…02:00:00 Genre : Action ,Biography ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7.1 2016 120 mins
Anthropoid
Accident Man: Hitman's Holiday
6.5

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Crime • Drama • Thriller
6.5 2022 96 mins
Accident Man: Hitman's Holiday
The Twin
5.9

၂၀၂၂ ခုနှစ်ထွက် Horror ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် မင်းသမီးကတော့ I am Number 4, Warm Bodies, Lights Out နဲ့ Hacksaw Ridge မှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Teresa Palmer ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းကြောင်း မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုးရွားတဲ့ ကားမတော်တဆမှု တစ်ခုမှာ အမြွှာထဲက တစ်ယောက်ဖြစ်တဲ့ နေသန်ကို ဆုံးရှုံးလိုက်ရတဲ့ ရေချယ်နဲ့ အန်တိုနီတို့ဟာ အမြွှာထဲက နောက်တစ်ယောက် အယ်လီရက်နဲ့အတူ ဘဝအသစ်ပြန်စဖို့ နေရာသစ်တစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ‌ရေချယ်ဟာ အယ်လီရက်ကို မျက်စိရှေ့က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေပါတော့တယ်။ နေရာသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အယ်လီရက်ရဲ့ အပြုအမူတွေဟာ ထူးဆန်းလာပါတော့တယ်။ ထို့နောက် ရေချယ်ဟာ ပါတီတစ်ခုမှာ ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထိုမိန်းမကြီးက အယ်လီရက်နဲ့ ပတ်သတ်ပြီး အထူးအဆန်းတွေ ပြောသွားခဲ့လို့ ရေချယ်တစ်ယောက် စိတ်ခုလာပါတော့တယ်။ နောက်တော့ အယ်လီရက်ရဲ့ အပြုအမူတွေဟာ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာပါတော့တယ်။ ရေချယ် တစ်ယောက် နေရာအသစ်တစ်ခုမှာ ဘယ်လို ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှု့ရမယ့် Psychological Horror ကား တစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….1080p | 720p| 480p File size…1.5GB and 788MB and 291MB Format…mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Romance
5.9 2022 109 mins
The Twin
Scream
6.7

Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲ‌တွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ကြိုက်မှာပါ။ Scream ရုပ်ရှင်အကုန်လုံးကိုလည်း Scream Franchise ကနေ ကြည့်ရှုနိုင်ပါတယ် File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Horror, Mystery, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Animation • Comedy • Family • Western
6.7 2022 114 mins
Scream
Three Colors: Blue
7.7

ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော် အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေ အချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကို အပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေ အရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။ မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းက လှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။

7.7 1993 98 mins
Three Colors: Blue
The Harbinger

The Harbinger (2022) ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ ​နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 54Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Fantasy • Horror • Thriller
0 2022 114 mins
The Harbinger
Department Q:The Purity of Vengeance
7.4

Genre – Crime, Mystery, Thriller IMDB – 7.4/10 Q ဌာနရဲ့ ၄ မှုမြောက်နဲ့ နောက်ဆုံးကား ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ ဒီကားရဲ့အစမှာတော့ လူပျော်သဘောရိုး အာဆတ်တစ်ယောက် Q ဌာနကနေ တခြားဌာနကိုပြောင်းတော့မှာပါ အချိန်တစ်ပတ်ပဲ ကျန်ပါတော့တယ် ထုံးစံအတိုင်း ကားလ်နဲ့လည်း ရန်ကတောက်ကဆ ဖြစ်နေရင်းပေါ့လေ။ ဒီလိုအချိန်မှာပဲ မြို့ထဲကတိုက်ခန်းတစ်ခုမှာ ဆောက်လုပ်ရေးသမားတွေက လျှို့ဝှက်အခန်းတစ်ခုကို တွေ့ခဲ့ကြပါတယ်။ အခန်းထဲမှာ ရှိနေတာက ညစာစားပွဲဝိုင်း ပတ်လည်မှာ မံမီလိုမျိုး အလောင်းမပုပ်သိုးအောင်လုပ်ထားပြီး ကိုယ်အင်္ဂတချို့ထုတ်ထားတဲ့ အလောင်း ၃ လောင်းပဲ ဖြစ်ပါတယ် နှစ်ပေါင်းလည်း ကြာနေလောက်ပါပြီ။ အဲဒါ Q ဌာနကိုမရောက်ပါဘူး ဒါပေမဲ့ ကားလ်တစ်ယောက် အတင်းလုယူပြီး အာဆတ်လည်း ဌာနမပြောင်းခင် ဒီကိစ္စကို အတူတူဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ၁၉၆၀ ကျော်ခုနှစ်က လွမ်းမောကြေကွဲဖွယ် ဇာတ်လမ်းတစ်ပုဒ်ကိုလည်း အမှုလိုက်နေရင်း တစ်ချိန်တည်း တင်ဆက်ထားပါသေးတယ် ဘယ်လိုများ သွားချိတ်ဆက် သက်ဆိုင်မလဲပေါ့လေ။ ဒီအမှုမှာကျ အရင်လို တစ်ကိုယ်တော်တွေနဲ့ ယှဉ်ဖိုက်ရတာမျိုး မဟုတ်တော့ပါဘူး ပိုပြီး ရက်စက်လာတယ် ယုတ်မာလာပြီး ထက်မြက်တဲ့ လူဆိုးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာလည်း သမိုင်းတွင်ခဲ့တဲ့ အဖြစ်ဆိုးကြီးတစ်ခု ရှိနေပြီး မလုပ်သင့်တဲ့လုပ်ရပ်တွေကို အစွဲတစ်ခုကြောင့် ကျူးလွန်နေ တာတွေကိုလည်း ဗဟုသုတရဖွယ်ရာ မြင်ရမှာပါ။ ဒီကားထဲမှာတော့ ကိုယ်ဝန်ဖျက်ချခြင်း မုဒိမ်းမှုဆန်ဆန်တွေ ပါဝင်တာကြောင့် ကြည့်ရှုသူတွေ သတိပြုစေလိုပါတယ်။ လူဂွစာ စုံထောက်ကြီး ကားလ်နဲ့ လူပျော်ကြီး မူစလင် အာဆတ်တို့ကို နှုတ်ဆက် လိုက်ရပါပြီ နောက်ပိုင်း ထပ်ထွက်ခဲ့ရင်တော့ တင်ဆက်ပေးပါမယ်လို့ နိဂုံးချုပ်လိုက်ပါရစေ။ File size…1.03GB / 609.1MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 59m Genre ….. Crime , Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Thriller
7.4 2018 118 mins
Department Q:The Purity of Vengeance
The House Among the Cactuses/ La Casa Entre Los Cactus
5.7

september 2022 က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင်ဇတ်ကားဖြစ်ပြီး IMDb rating 5.7/10 ရှိပါတယ်၊ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Carlota Gonzalez-Adrio ဟာ best new director နဲ့ best new film ဆု ၂ဆု အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်၊ ဇာတ်ကားရဲ့နာမည်က ရှားစောင်းပင်တွေကြားက အိမ်…တဲ့ နာမည်ကိုကြည့်လိုက်တာနဲ့တင် ပူပြင်းခြောက်သွေ့နေတဲ့ ပတ်ဝန်းကျင်၊ လူသူအရောက်အပေါက်နည်းတဲ့နေရာက အိမ်တစ်လုံးကို မြင်ယောင်မိမှာပါ၊ အဲ့ဒီအိမ်မှာနေတဲ့ လင်မယားမှာ သမီး ၅ယောက်ရှိတယ်၊ genre က drama, thriller ဆိုတော့ အပေါ်ကမိသားစုနေတဲ့အိမ်လေးမှာ သည်းထိတ်ရင်ဖိုစရာအဖြစ်အပျက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဇာတ်ကားပြီးတဲ့အထိ စိတ်ဝင်တစားနဲ့ဆက်ကြည့်ဖြစ်သွားအောင် ရိုးရိုးလေးပဲ ဆွဲဆောင်သွားပါလိမ့်မယ်၊ ကြည့်ပြီးသွားတဲ့အခါ လူတွေကို အပြင်ပိုင်းအမြင်နဲ့ပဲကြည့်ပြီး လွယ်လွယ်မယုံတတ်ဖို့ကိုလည်း တွေးမိသွားစေလိမ့်မယ်ထင်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး File size…(1.2 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by N1K

5.7 2022
The House Among the Cactuses/ La Casa Entre Los Cactus
Advancing of ZQ
6.1

အားလုံးကိုစိတ်အပန်းပြေစေမယ့် မိသားစုဟာသကားလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက တရုတ်ပြည်မြောက်ပိုင်းမှာက Dilraba Dilmuratလို Uyghurလူမျိုးတွေနေထိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခါရှီချီခါဆိုတဲ့နေရာလေးမှာရိုက်ကူးထားတာဖြစ်တဲ့အတွက် တခြားတရုတ်ကားတွေနဲ့မတူ အမြင်တစ်မျိုးလေးဆန်းနေမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ …… ကျန့်ချန်ဟာ သူ့ရဲ့မပြည့်စုံတဲ့အိမ်ကနေထွက်ပြေးပြီးရှန်ဟိုင်းမှာ HiiiPayဆိုတဲ့Applicationကိုပရိုဂရမ်ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့Appကစပြီးအောင်မြင်လာတဲ့အချိန်မှာ အဖိုးဆုံးပြီဆိုတဲ့သတင်းကြောင့် ခါရှီချီခါကိုပြန်လာခဲ့ရပါတယ်။ အဲဒီအချိန်မှာ ငွေမဲတွေခဝါချဖို့သူ့ရဲ့Appကိုအသုံးချချင်တဲ့ သူဌေးကြီးနဲ့တွေ့ပါလေရော…… အဖိုးရဲ့အသုဘမှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး အ ဖိုးကပြန်ရှင်လာတဲ့အပြင် မိသားစုဝင်တွေဟာ တစ်ယောက်တစ်မျိုးဆီစွမ်းအားတွေရှိသွားပါတယ်။ သူတို့မိသားစုဟာ ဂိုဏ်းစတားသူဌေးကြီးကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ပြန်ပြီး တွန်းလှန်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်လိုက်ပါဦးနော်။

Comedy
6.1 2023
Advancing of ZQ
Thin Ice
6.2

IMDB – 6.2 , Rotten Tomatoes – 70 % ဇာတ်ညွှန်းတောင်သိပ်ဖတ်မနေပဲ ဒေါင်းကြည့်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ဇာတ်လမ်းအကျဉ်းကတော့ မက်ကီက လိုင်စင်ရအာမခံ အရောင်းသမားတစ်ယောက်ပါ။ ဒီနှစ် အာရူဘာကိုအပန်းဖြေခရီးထွက်ရမယ့် ပထမဆုကို ကုမ္ပဏီကပေးမယ့်အတွက် ဒီဆုရရေး သူ့အရေးဖြစ်နေပါတယ်။ တစ်နေ့ ဟိုတယ်မှာ သူဟောပြောပွဲလုပ်ပြီးနောက်မှာ သူ့ဟောပြောပွဲကိုလာတက်တဲ့ ဘော့ဘ်ကို ကုမ္ပဏီမှာ သူကြိတ်ပြိုင်နေတဲ့ ဖီးလ်ပီတာ လက်အောက်မှာမလုပ်စေချင်တဲ့အတွက် ကော်မစ်ရှင်ခ ပိုပေးမယ်ဆိုပြီး ဆွဲစိလိုက်ပါတယ်။ဘော့ဘ် ကလည်းအရမ်းဝမ်းသာသွားပြီးတော့လက်ခံလိုက်တယ်။ နောက်တော့ ဘော့ဘ်က ပိုက်ဆံချမ်းသာတဲ့ လယ်သမား အဖိုးကြီးတစ်ယောက်က ပိုင်ဆိုင်မှုအာမခံလုပ်ချင်နေကြောင်း မစ်ကီကိုပြောပြတယ်။ အစပိုင်းမယုံသလိုနဲ့ နောက်ပိုင်းမှာ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုသိလာတော့ မရရအာင် အာမခံလုပ်ခိုင်းလိုက်တယ်။အဖိုးကြီး အာမခံလုပ်ပြီးနောက်မှာ မထင်မှတ်ထားတဲ့အရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ File size…1.37GB / 669MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Crime • Drama • Action
6.2 2011
Thin Ice
The Christmas Checklist
6.7

The Christmas Checklist (2022) ======================= အမ်မလီ ရောဘတ်ဆန်အတွက်တော့ ခရစ်စမတ်ကို အရမ်းချစ်တဲ့ မိခင်ဖြစ်သူ ရူဘီ ဆုံးပါးသွားပြီးတဲ့နောက် ဒီနှစ် ခရစ်စမတ်ဟာ သူမ အတွက် အခက်ခဲဆုံးနှစ်ပါပဲ။ ဒီလိုမျိုး ကြေကွဲနေရင်းနဲ့ပဲ အမေဖြစ်သူ ရူဘီရဲ့ နောက်ဆုံး တောင်းဆိုချက်အနေနဲ့ ထားခဲ့တဲ့ စာရင်းနဲ့ အချက် ၁၂ချက်ကို ခရစ်စမတ် အကြိုနေ့ အမီလုပ်ဖို့ ဖြစ်လာခဲ့ချိန်မှာ သူမတွေ့ ခဲ့တာကတော့ နိုအာဆိုတဲ့ အလွတ်တန်း သတင်းထောက် တစ်ယောက်ပါ။ ခရစ်စမတ်ရဲ့ ကြည်နူးစရာ‌ ပျော်ရွှင်စရာတွေဆိုတာကို အယုံအကြည် မရှိ‌တော့တဲ့ နိုအာရဲ့ အကူအညီနဲ့အတူ အမ်မလီတစ်ယောက် ခရစ်စမတ် စာရင်းကို ပြီးမြောက်အောင် လုပ်နိုင်သွားမှာလား။ နိုအာနဲ့ အမ်မလီတို့ ကြားမှာရော ဘယ်လိုမျိုး အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာကြ မလဲ။ ဒီစာရင်းရဲ့ ရည်ရွယ်ချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကရော ဘာဖြစ်မလဲဆိုတာကို the Christmas checklist ဆိုတဲ့ Hallmark ဇာတ်ကားလေးမှာ ရှူစား‌အားပေးကြပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်) File Size……….(2.51 GB) / (718 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Brackman Encoder……….SWM

6.7 2022
The Christmas Checklist
How to Have Sex
6.6

How to Have Sex (2023) ~ IMDb – 6.6/10, RT – 95%, Meta – 80% ~ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ British တွေရဲ့ သမားရိုးကျ ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခေတ်ဆန်တဲ့ Plot မျိုးကို British စတိုင်လ်ဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထူးခြားပြီး လက်ရာမြောက်လွန်းတာကြောင့် ဇာတ်ဆောင်မင်းသမီးအပြင် စာရေးသူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူကိုယ်တိုင် British Independent Film Awards နဲ့ Europeon Film Awards မှာပါ အသီသီးဆုတွေရရှိထားကြပါတယ်။ ဒါအပြင် Rotten Tomatoes မှာ 95% ရရှိထားတဲ့အတွက် မခေတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ တာရာ၊ စကိုင်းနဲ့ အမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းစာမေးပွဲအပြီး နွေရာသီအားလပ်ရက်မှာ အပျော်ခရီးထွက်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူငယ်တွေ အထူးသဖြင့် အနောက်တိုင်းသားတွေက ဒီအရွယ်ရောက်ရင် လက်တည့်စမ်းချင်တာတွေရှိကြတာပေါ့။ ဖြစ်ချင်တော့ သူငယ်ချင်းသုံးယောက်လုံးထဲမှာ တာရာတစ်ယောက်တည်းကပဲ အတွေ့အကြုံမရှိသေးတာပါ။ ဒီလိုနဲ့ပဲ ခရီးရောက်ခိုက် သူတို့လိုလူငယ်တစ်သိုက်နဲ့တွေ့တဲ့အခါမှာ “မိုးရွာတုန်းရေခံ” ဆိုသလို တာရာတစ်ယောက်ရေလာမြောင်းပေးလုပ်ဖို့ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ တာရာတစ်ယောက် ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲ၊ “အမှန်တရားက ခါးသီးတယ်” ဆိုတဲ့စကားကို ဘယ်လိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အမျိုးအစားကို ဒရာမာထဲထည့်ထားကြပေမယ့်လည်း ဇာတ်လမ်းရေးသူက Documentary အနေနဲ့ကော တကယ့်လက်တွေ့ လူငယ်တွေအကြားဖြစ်ပျက်နေတာကို မီးမောင်းထိုးထားတဲ့သဘောနဲ့ ရေးသားပြီးထုတ်လုပ်ခဲ့တာပါ။ ဒါ့အပြင် Hollywood ဇာတ်ကားတွေလို American Vibe မျိုးမဟုတ်ဘဲ British တွေရဲ့ Original Vibe ကိုလည်း ခံစားကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 31Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
6.6 2023 91 mins
How to Have Sex
History of Evil

History of Evil (2024) Thriller နဲ့ Supernatural ကို ပေါင်းစပ်ထားတဲ့ ကားတစ်ကားပါ။ အချိန်ကာလအားဖြင့် 2045 ခုနှစ်မှာ ဖြစ်ပျက်ခဲ့သလိုမျိုး ဇာတ်အိမ်တည်ထားတာပါ။ ဘာသာရေးသမား အာဏာရှင်အစိုးရက ဘာသာမဲ့ အယုံအကြည်မရှိသူတွေ တစ်နည်းအားဖြင့် မြောက်အမေရိက ဖက်ဒရယ်အဖွဲ့ကို နှိမ်နင်းနေတဲ့အချိန်ပါ။ နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ အဓိကရုဏ်းတွေ ဖြစ်နေပြီး ကွပ်မျက်တာပါ လုပ်နေတဲ့ကာလဖြစ်ပါတယ်။ ရွန်ရဲ့ဇနီးဖြစ်သူ Activist အလဂရာကလည်း ဖက်ဒရယ်ဘက်ကနေ စာအုပ်ရေးမိလို့ အစိုးရက နိုင်ငံရေးအကျဉ်းထောင်မှာ အကျဉ်းချထားပါတယ်။ သူတို့မှာ ဒါရီရာလို့ခေါ်တဲ့ ၆နှစ်အရွယ်သမီးလေးလည်း ရှိပါတယ်။ အလဂရာက Resistance လို့ခေါ်တဲ့ သူတို့ဘက်က တော်လှန်ရေးသမားတွေ အကူအညီနဲ့ ထောင်ကနေ ထွက်ပြေးလာပြီး ရွန်တို့သားအဖနဲ့အတူ ထွက်ပြေးဖို့ကြိုးပမ်းပါတယ်။ လမ်းတစ်ဝက်မှာ လူသူမနီးတဲ့တောထဲက အိမ်ကြီးတစ်အိမ်ထဲ ခိုနားမိရာကနေ ဇာတ်လမ်းက Supernatural ဘက် ကူးပြောင်းသွားတာလို့ ဆိုရပါမယ်။ လူမရှိတဲ့အိမ်ကြီးမှာ တစ်ချိန်က ဘယ်လိုလူတွေနေခဲ့တာလဲ… သူတို့ရဲ့ အတိတ်သမိုင်းကြောင်းက ဘာများဖြစ်မလဲ… ရွန်က ဒီအိမ်ရှင်တွေနဲ့ ပတ်သက်မိပြီး ဘယ်လို အယုံသွင်းခံရမလဲဆိုတာ… တစိမ့်စိမ့် ခံစားကြည့်ရှုရမယ့် ဇာတ်ကားအမျိုးအစားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 820MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama • Thriller • Mystery
0 2024 97 mins
History of Evil
Operation Crouching Wolf
5.7

သူလျိုအဖြစ်နှစ်ပေါင်းများစွာလုပ်ရတယ်ဆိုတာက တကယ်ကိုခက်ခဲပြီး အဆုံးမှာကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာပါမေ့သွားတတ်ပါတယ်တဲ့ ။ ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးကုန်သွယ်မှုတွေကို ဖမ်းဆီးဖို့အတွက်ရဲတွေနဲ့သူလျိုပူး‌ပေါင်းပြီး အမှုလိုက်ကြတဲ့ မှုခင်းကားမျိုးပဲဖြစ်ပါတယ် ။ မူးယစ်ရာဇာဂိုဏ်းကြီးတစ်ဂိုဏ်းက နိုင်ငံခြားကမူးယစ်ဆေးတွေကို တရုတ်ပြည်တွင်းကိုတင်သွင်းဖို့အတွက် တရုတ်ပြည်တွင်းက သူတွေနဲ့ပူးပေါင်းပြီး နယ်စပ်မှာ ကုန်ရောင်းကုန်ဝယ်လုပ်လေ့ရှိပါတယ် ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူတို့ကုန်သယ်မဲ့သတင်းပေါက်ကြားပြီးတော့ လမ်းမှာပဲ လျို့လောင်စန်းလို့ခေါ်တဲ့သူဆီမှာ အလုခံလိုက်ရပါတယ် ။ နယ်စပ်မှာဖြစ်တဲ့ကိစ္စမလို့ ရဲတွေကလည်းသိသွားပါတော့တယ် ။ အဲဒီလိုနဲ့ရဲမှူးကောင်းလဲချီက လျို့လောင်စန်းရဲ့ငယ်သူငယ်ချင်းဖြစ်သူတဖြစ်လဲ ထောင်ကျ‌နေ (၈) နှစ်ကြာပြီဖြစ်တဲ့ သာ့ဖေးကို ထောင်ကနေထွက်ချင်ရင် လျို့လောင်စန်းလုသွားတဲ့ကုန်တွေကိုပြန်ရှာလာခဲ့ဆိုတဲ့ မစ်ရှင်နဲ့အတူ လျို့လောင်စန်းဆီပြန်လွှတ်လိုက်ပါတော့တယ် ။ ဒီလိုနဲ့ ဇာတ်လမ်းလေးထဲမှာ သူဘယ်လိုမျိုးမစ်ရှင်ကိုပြီးအောင်လုပ်မလဲ ? လျို့လောင်စန်းကိုရော ရဲတပ်ဖွဲ့ကဖမ်းမိနိုင်မလား ? မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းတွေကိုရောဖမ်းမိမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ

5.7 2023
Operation Crouching Wolf
Snake Woman
5.6

ညီအစ်ကိုလေး၂ယောက်ဟာတောထဲကိုသွားရင် ထူးဆန်းတဲ့ တိရိစ္ဆာန်တစ်ကောင်နဲ့တွေ့ပြီး အစ်ကိုဖြစ်တဲ့သူကပျောက်သွားခဲ့ပါတယ်။ ညီဖြစ်တဲ့သူဟာသူ့ဘဝတစ်လျှောက်လုံး အစ်ကို့ကိုလိုက်ရှာနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ရွာလေးတစ်ရွာမှာမြွေသားပေါက်လေးတွေကိုဖမ်းခဲ့မိလို့ မြွေမကြီးလိုက်တဲ့အမှုကိုဖြေရှင်းရင်း မြွေသခင်ကြီးဆိုတဲ့လူနဲ့တွေ့ပါတယ်။ မြွေသခင်ကြီးတို့ရဲ့လူတွေကိုသတ်သွားတဲ့သတ္တဝါရဲ့လုပ်နည်းလုပ်ဟန်တွေက သူ့အစ်ကိုကိုဖမ်းသွားတဲ့သတ္တဝါနဲ့တူတယ်လို့ယူဆတဲ့အတွက် မြွေသခင်ကြီးတို့အဖွဲ့နဲ့အလုပ်အတူတွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တောထဲမှာအဲဒီထူးဆန်းသတ္တဝါနဲ့တကယ်ကြုံကြတော့ အဲဒီသတ္တဝါကမိန်းကလေးတစ်ပိုင်းမြွေတစ်ပိုင်းဖြစ်နေပါတယ်။ ဒီမိန်းကလေးကဘာကြောင့်ဒီလိုမြွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေရတာလဲ….. ကောင်လေးရဲ့အစ်ကိုကရော ဘယ်ကိုရောက်သွားတာလဲ…… ဒီအရာအားလုံးရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……

Fantasy • Comedy • Romance • Science Fiction
5.6 2025
Snake Woman