YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Henry Johnson 2025 1080p VMEO WEB-DL HEVC (CM).mkv

1.17 GB N/A video/x-matroska 91 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samrat Prithviraj
7.2

Samrat Prithviraj 2022 IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကား ကြည်တောက်ရှင်းထွက်ရှိလာပါပြီ... ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံ‌ရဲ့ကျော်ကြားတဲ့စစ်သူကြီး Samrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။ IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရာဇဝင်ကားသစ်ဟာဆိုရင်.. ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာ အခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်က ပရစ်ထ‌ဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ် အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamrat ဘယ်လိုဘယ်ပုံဖြေရှင်းရမလဲ ဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ် File size…7.64GB / 2.58GB / 1.2GB Quality…4k HEVC AMZ WBE DL / 1080p TRUE WBE DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Honeyey & Guu Guu Reviewed by : Yunni

Comedy • Drama
7.2 2022 136 mins
Samrat Prithviraj
Forbidden Zone
10

ကောင်းကင်ဘုံကျွန်းမှာ လူသားတွေရဲ့အရှင်သခင်ဖြစ်စေနိုင်တဲ့ အာဏာတည်တဲ့ ဧကရာဇ်ရတနာတစ်ခုရှိခဲ့ပါတယ် ရတနာကိုကာကွယ်ဖို့အတွက် သင်တန်းသားတွေကို စွမ်းအားရှင်ဖြစ်တဲ့အထိကျင့်ပေးတဲ့နန်းတော်တစ်ခုလည်းရှိပါတယ် ဒါပေမယ့် နန်းတော်ထဲကစွမ်းအားရှင်တွေကိုယ်တိုင် ဧကရာဇ်ရတနာကိုတပ်မက်လာတဲ့အချိန်မှာတော့ အဆုံးအဆမဲ့တိုက်ပွဲတွေဖြစ်ပြီး သေကြေခဲ့ကြပါတယ် စွမ်းအားရှင်တွေထဲမှာ ရွှီခုန်းဆိုတဲ့သင်တန်းသားက အဆင့်နိမ့်ဆုံးစွမ်းအားရှင်ဖြစ်ပေမယ့် သူ့ဆရာနဲ့ညီအကိုတွေရဲ့အားပေးမှုနဲ့အတူ ဧကရာဇ်ရတနာကို ရှာဖို့လမ်းစလာခဲ့ပါတယ် ရွှီခုန်း ဧကရာဇ်ကိုရှာရတာက တခြားညီနောင်စွမ်းအားရှင်တွေလို လူ့လောကကိုအုပ်ချုပ်နိုင်တဲ့ အာဏာယူဖို့လား တိုက်ပွဲတွေကိုရပ်တန့်နိုင်ဖို့လားဆိုတာကို လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK

Action & Adventure • Sci-Fi & Fantasy
10 2023 87 mins
Forbidden Zone
Kuttey
6.1

Kuttey (2023) IMDb-6.4/10 ဇိုးတွေကြားကပဋိပက္ခတွေ လှည့်ကွက်ပရိယာယ်တွေ ကြိုက်တဲ့ညိုကီတို့အတွက်ရုံတင်ဇာတ်ကားကောင်း သရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ နာမည်ကြီးတဲ့ အာဂျွန်ကပူးလ်နဲ့ Drishyam ထဲကရဲမေမင်းသမီးကြီးက ဒီထဲမှာလည်းရဲမေအဖြစ်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ Aasmaan Bhardwaj ဆိုတဲ့ တက်သစ်စဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ကားပါ ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ငွေပမာဏကြီးကြီးလိုချင်နေကြသူတွေ ငွေရပေါက်ကြီးကိုမထင်မှတ်ပဲအားလုံးပြိုင်တူလိုက်မိချိန်မှာ..... ဇလည်းရှိ ဉာဏ်လည်းများတဲ့သူတို့တွေ ဒီငွေတွင်းကို ဘယ်လိုအနိုင်တိုက်ယူကြမလဲ မြွေမြွေချင်းခြေမြင်နေကြတဲ့သူတွေအချင်းချင်း ဘယ်လိုတွေအကွက်ကျော်ရိုက်ချကြမလဲခံစားကြည့်ပါဦး File size…1.54GB / 700MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Khin Khin

Comedy • Drama • Romance
6.1 2023 112 mins
Kuttey
Another Round
7.7

IMDb Rating (8.1/10) Rotten Tomatoes (92%) ကြည့်ပါများလို့သတိထားမိသလောက်ပြောရရင် လူကြိုက်များလို့ကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲ တကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့ ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။ ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။ မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။ အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်လွယ်ပါတယ်။ အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲ တစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖို့ခဲပါတယ်။ ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။ အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။ သူတို့မှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။ ဇာတ်အိမ်ကတော့...သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတို့ရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချို့ပေါ်တည်ထားပါတယ်။ သူတို့စကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။ ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ် Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။ ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေ အထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လို့ပဲ အကျဉ်းဆိုရမယ်။ သဘောကျစရာကောင်းတာက သူတို့မူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေက အရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲ ကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့ သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။ ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖို့ဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။ ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။ ဒါရိုက်တာကတော့ The Huntတို့ Celebrationတို့လို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။ မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလို့ပဲလားတော့မသိပါဘူး Cinematography ပိုင်းမှာတော့ သာမန်အမြင်အရ ပြောလောက်စရာ ဘာမှမတွေ့မိပါဘူး။ အော်စကာပွဲမှာ Best International Film ဆုအတွက် ဒိန်းမတ်ပြည်ရဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရထားပါတယ် အော်စကာရချင်ရမယ့် ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရဲ့နာမည်ကိုက "Another round"ပါ။ တစ်ကားလုံးအရက်ကိုပဲအဓိကထားရိုက်ပြထားတာပါ။ ကျန်တာကောင်းတာဘာညာအသာထား အရက်နဲ့ပက်သက်တဲ့ ဗဟုသုတတိုးချင်ရင်တော့ မိတ်ဆွေကြည့်ကိုကြည့်သင့်ပါတယ်။ တွေ့ကြုံဖူးသလောက်ဆို ကျွန်တော်တို့ထဲက အတော်များများကတော့ လူလတ်ပိုင်းလောက်မှာ အရက်သမားဖြစ်မှန်းမသိဖြစ်လာကြမှာပါ။ ဒီတော့ အဲ့ဒီကာလမရောက်ခင် ရှောင်ရန်ဆောင်ရန်သိရအောင်ကြိုကြည့်ထားသင့်တယ်လို့အကြံပေးချင်ပါတယ်။ ဒိုင်တစ်ပေါက်က လျှမ်းလျှမ်းတောက်ပါတယ်။ File size…(1 GB) and (1.7 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by d3mon , Wira Aung , Tin Myo Lwin

Action & Adventure • Crime • Drama
7.7 2020 117 mins
Another Round
Adopting Audrey
5.5

Adopting Audrey ( 2021 ) ဂျစ်ပစီလို လေလွင့်နေတဲ့ ခြေသလုံးအိမ်တိုင်မလေးဟာ အိမ်မပြန်ဘဲ မြိုတကာလှည့် အလုပ်တကာပြောင်းရင်း ကြုံရာကျပန်း ရှင်သန်နေထိုင်လာခဲ့တာ တော်တော်ကြာပြီ။ တစ်နေ့ကျ သူအလုပ်လည်းပြုတ် အိမ်ငှားခလည်းမရှိတော့တဲ့အချိန်မှာ အစီအစဉ်တစ်ခုကိုတွေ့သွားတယ်။ အဲဒီအစီအစဉ်ကတော့ တခြားမဟုတ်ပါဘူး။ လူကြီးမွေးစားတဲ့ အစီအစဉ်တစ်ခုပါ။ ကလေးတွေကို‌ မွေးစားတာမဟုတ်ဘဲ အရွယ်ရောက်ပြီးသား လူတွေကို ကလေးမရှိတဲ့ အဘိုးကြီး အဘွားတွေက မွေးစားပြီး မိသားစုတစ်ခုထူထောင်ကြတဲ့ အစီအစဉ်ပါ။ ဒီတော့ ကောင်မလေးဟာ မွေးစားခံမယ့် မိဘတွေကို ရှာရင်း မိန်းမတစ်ယောက်က သူ့ကိုမွေးစားဖိုလုပ်ခဲ့ပါတယ်။ ထူးတာက အဲဒီမိသားစုမှာ သားရော သမီးရော ရှိပါတယ်။ အဲဒီမိသားစုက သူ့သားနဲ့ သမီးနဲ့ အဖေနဲ့ကြားက မပြေလည်မှုတွေ ၊ ခြေသလုံးအိမ်တိုင်မလေးနဲ့ သူပြန်မရောက်တော့တဲ့ကြားက မပြေလည်မှုတွေအပါအဝင် မိဘနဲ့သားသမီးကြားက အဖုအထစ်တွေကို ပုံဖော်ထားတဲ့ မိသားစုဒရာမာခပ်ဆန်းဆန်းလေးပါပဲ။ File Size__(1.3GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:32:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by — Encoded by Naing Aung Latt

Comedy
5.5 2022 92 mins
Adopting Audrey
Marcel the Shell with Shoes On
8.1

Marcel the Shell with Shoes On (2021) ~ IMDb – 8.1/10, RT- 99%, Meta – 81% ~ A24 ရဲ့ Mockumentary ကားလေးပါ။ မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ… ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်‌တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb – 8.1/10, Rotten Tomatoes – 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ခရုခွံလေးရဲ့တီတီတာတာ စကားတွေကြောင့် လူတိုင်းကြိုက်ကြလောက်မှာပါ။ တော်တော်ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ မာဆယ်ဆိုတဲ့ ဖိနပ်စီးခရုခွံကလေးဟာ သူ့မိသားစုတွေကို ဆုံးရှုံးထားရပြီး သူ့အဖွားနဲ့နေနေရတာပါ။ လူတွေကိုရှောင်ရင်းပေါ့၊၊ တစ်နေ့ကျ ဒင်းန်လို့ခေါ်တဲ့သူက သူနဲ့ခင်သွားပြီး သူ့ကို ဒိုကူမန်ထရီရိုက် ယူကျူ့ပေါ်တင်ရာကနေ မာဆယ်နာမည်ကြီးသွားပါတယ်။ အဲဒီကနေမှ သူ့မိသားစုကို ပြန်ရှာဖို့ ကြိုးပမ်းတဲ့အကြောင်း ရိုက်ပြထားတာပါ။ သူ့အဘွားက မနေရတော့မှာမို့ သူ့မြေးကို ဘဝမှာ ရှင်သန်တတ်အောင် သင်ပေးတာတွေကလည်း အီမိုရှင်နယ်ဖြစ်ပါတယ်။ ချစ်ဖို့လည်းကောင်း ငိုလည်းငိုရမယ့် ခပ်ဆန်းဆန်း A24 ကားပါပဲ။ မဆန်းရင် A24 ဘယ်ဟုတ်ပါတော့မလဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 600MB Quality – 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 30Min Genre – Animation, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Crime • Mystery • Thriller
8.1 2021 90 mins
Marcel the Shell with Shoes On
Poolhall Junkies

ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။ ၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။ ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။ တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ File size…(2.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Drama,Comedy,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Music • Romance
0 2002
Poolhall Junkies
Chéri
6.1

Chéri (2009) =========== IMDb Rating – 6.1/10 “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဒီစကားက လူတိုင်း နီးနီးကြားဖူးတဲ့စကားတစ်ခွန်းပါ။ ရှယ်ရီက ပြည်ကြီးတန်ဆာရဲ့ တစ် ဦးတည်းသောသားဖြစ်တယ်။ နောက်ပြီး ငယ်စဉ်ဘဝကတည်းက မိခင်ကသူ့အနားမှာမရှိပေးခဲ့တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်ပြီး မိန်းမ ပေါင်းစုံနဲ့ပတ်ရှုပ်နေခဲ့တဲ့ ကောင်ဇိုးလေး။ ဒါတွေအားလုံးက လီယာဆိုတဲ့ သူ့အမေရဲ့သူငယ်ချင်းရဲ့ အိမ်ကိုမလိုက် သွားခင်အထိပေါ့လေ။ ရှယ်ရီက လီယာ့ကို ငယ်ငယ်‌လေးတည်းက သိပေမဲ့ အခုအရွယ်ရောက်လာပြီး သူ့အိမ်ကိုလိုက်သွားပြီးတဲ့နောက်မှာ တော့ သူတို့နှစ်ယောက်ကြားမှာ မီးပွားလေးတွေပေါ်လာပါတော့တယ်။ အဲ့မီးပွားလေးတွေကနေ မီးတောက်ကြီးတွေဖြစ်သွားမလား ငြိမ်းသွား မလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်) File Size……….(1.44 GB) / (550 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator……KSN Encoder……….Admin X

6.1 2009 86 mins
Chéri
Dicks: The Musical
5.5

Dicks: The Musical ( 2023 ) A24ကားအသစ်ဆိုတဲ့အတိုင်း A24မှာ အတွေ့ရများတဲ့အတိုင်း ဆန်းဆန်းပြားပြားဇာတ်လမ်းကို ထူးထူးခြားခြားတင်ဆက်ထားတဲ့ ဇာတ်လမ်းပါပဲ။ A24 အနေနဲ့ Comedy အမျိုးအစား သီးသန့်ရုပ်ရှင်မရှိခဲ့သေးသလို Musicalရုပ်ရှင်လည်းမရှိခဲ့သေးပါဘူး။ ဒစ်ကတော့ ဒီသမိုင်းကို ချိုးဖောက်လိုက်ပါတယ်။ A24ရဲ့ ပထမဆုံး မြူဇစ်ကယ်ရုပ်ရှင်ပါပဲ။ မြူဇစ်ကယ်ဆိုပေမဲ့ ပျင်းစရာကောင်းမယ်တော့ မထင်ပါနဲ့။ ပြောခဲ့သလို ဒါက A24က ထုတ်တာပါ။ သမားရိုးကျဖြစ်နေတဲ့အလုပ်မျိုး ဒီကောင်တွေ ဘာမှမလုပ်ပါဘူး။ ဇမ္မူမှာတစ်လူ ငါသာအတော်ဆုံးဆိုတဲ့‌ ကောင်၂ကောင်ရှိတယ်။ သူတို့ဘဝနဲ့သူတို့နေနေကြတယ်။ သူတို့ချင်းတစ်ခါမှလည်းမတွေ့ဖူးကြဘူး။ ရုပ်ချင်းလည်း တစ်စက်မှမတူကြဘူး။ ဒါပေမဲ့ သူတို့က ချွတ်စွပ်တူတဲ့ အမွှာတွေ။ ဘာလို့လဲ မမေးနဲ့ ရုပ်ချင်းမတူပေမဲ့ သူတို့၂ယောက်ကို ချွတ်စွပ်တူတယ်ဆို တူလိုက်လို့ ဒီထဲက ဘုရားသခင်က ထအော်ထားတယ်။ တူတယ်ဆို တူလိုက်။ ဘလင်းဘလင်းတွေအပြည့်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဂေးရုပ်ထွက်နေတဲ့ ဘုရားသခင်ရဲ့အစီအစဉ်တိုင်း တစ်နေ့အလုပ်မှာ သူတို့ချင်းတွေ့ပြီး စကားပြောရင်း သီချင်းတွေဆိုရင်းမှပဲ သူတို့က ကွဲကွာနေတာ နှစ်ပေါင်းများစွာကြာနေတဲ့အမွှာတွေဆိုတာ သူတို့သိလိုက်ရတယ်။ ငယ်ငယ်ကတည်းက အဖော်ကို ငံ့လင့်နေတဲ့ ဘယ်နားမှမတူပေမဲ့ ဘုရားသခင်က တူတယ်လို့ပြောထားတဲ့ အမွှာ၂ကောင်ဟာ သူတို့မိဘတွေကို ပြန်ပေါင်းထုပ်အောင်လုပ်ပေးပြီး မိသားစုတစ်ခုတည်ထောင်ဖို့ ကြံကြတယ်။ အဖေနဲ့ပဲ နေခဲ့ရတဲ့ကောင်က အမေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးနားသွားချ , အမေနဲ့ပဲနေခဲ့ရတဲ့ကောင်က အဖေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးသွားနားသွားချဖို့ ကြံကြတယ်။ ဘာမှတော့ တူမနေပါဘူး။ ဒါပေမဲ့ ဆံပင်တုစွပ်လိုက်ရုံနဲ့ သူတို့အဖေအမေတွေက မမှတ်မိပါဘူး။ အဲဒီလိုနဲ့ သူတို့မိဘတွေကို ပြန်ပေါင်းထုပ်ဖို့လုပ်ရင်း သူတို့သိလိုက်ရတာက သူတို့အဖေက ဂေးနေပြီး သူတို့အမေက ဗဂျိုင်နာကြီးပါ ပြုတ်ထွက်နေတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဇွဲမလျှော့တမ်း ကြိုးစားကြည့်တဲ့ ညီအစ်ကို၂ကောင် သူတို့အဖေနဲ့အမေကို ပြန်ပေါင်းအောင်လုပ်ပေးနိုင်မလား ဆက်ကြည့်ရမယ့်ဇာတ်ပေါ့။ ရိုက်တဲ့ဒါရိုက်တာကလည်း Boratတို့ The Dictatorတို့ရဲ့ ဒါရိုက်တာ Larry Charlesပါ။ အဲဒီကားတွေ ဘယ်လောက်ရယ်ရလဲ အားလုံးအသိပါပဲ။ ဇာတ်ကတော့ ၄ခန်းလောက်ပဲပါသလားမှတ်ရအောင် နှစ်ဖြတ် သုံးဖြတ် လေးဖြတ်ဆိုတာနဲ့ ပြီးသွားတဲ့ ဇာတ်ပါပဲ။ ဇာတ်အိမ်ကတော့ အရမ်းမြန်ပေမဲ့ ဟာသကားက ရယ်ရရင် သူ့တာဝန်ကျေပြီဆိုတော့ ကြည့်လို့ကောင်းတဲ့ဟာသကားလို့ပဲ ပြောရမယ်။ ကြည့်လို့ တော်တော်လည်း ရိုင်းပါတယ်။ မျက်လုံးပေါက်နေတဲ့ အကျိအချွဲတွေနဲ့ ဗဂျိုင်နာကြီး လိပ်ပြာလို ပျံသွားတဲ့ ဇာတ်ဝင်ခန်းကိုတော့ သေချာကြည့်မိတဲ့လူတွေ တော်တော်နဲ့ မေ့နိုင်မယ်မထင်ဘူး။ ဇာတ်ကသာတိုပေမဲ့ ငစားလုပ်ထားတာကတော့ နည်းပေါင်းစုံပါတယ်။ ဘုရားသခင်ကလည်း တော်တော်စားစားပါပဲ။ လခွမ်းဆိုပြီး ထိုင်ထိုင်ရယ်ချင်တဲ့လူတွေအတွက် အံကိုက်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Musical Quality…. 1080p | 720p File size… 1.6GB | 790MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

5.5 2023
Dicks: The Musical
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
Amelia’s Children
5.7

ဒီရုပ်ရှင်လေးကတော့ ပေါ်တူဂီ horror မူဗီလေးဖြစ်ပြီး ဇာတ်လမ်းတစ်လျှောက်လုံး တစိမ့်စိမ့် စီးမျှောကြည့်ရှု သွားရမယ့်ကား‌လေးပါပဲ။ ဇာတ်လမ်းလေးက အက်ဒ်ဝေါ့ဟာ ငယ်စဥ်ဘဝကတည်းက ကွဲကွာသွားခဲ့တဲ့ မိသားစုနဲ့ပြန်ဆုံစည်းရာကနေစပါတယ်။ မိဘမဲ့ဂေဟာမှာပဲ နေထိုင်ခဲ့ရတဲ့ အက်ဒ်ဝေါ့ဟာ မိသားစုတစ်ခုကို အမြဲလိုချင်နေခဲ့ပြီး အခုအခါ အစ်ကိုဖြစ်သူ၊အမေရင်းဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရတော့ သူတို့ရှိရာ ပေါ်တူဂီနယ်က အိမ်ကြီးကိုထွက်လာခဲ့ပါတယ်…။ သို့ပေမဲ့ အဲ့ဒီဒေသမှာက ဒီအိမ်ကြီးကို လူတွေက ရှောင်ကြ ရှားကြပါတယ်..။ ဘာလို့ဆို ဒီအိမ်ကြီးက စုန်းမအိမ်ကြီးလို့ လူပြောများလို့ပါပဲ။ ဒီအကြောင်းကို မသိတဲ့ အက်ဒ်ဝေါ့နဲ့သူ့ကောင်မလေးဟာ ဒီအိမ်ထဲကို ဝင်သွားပြီးနောက်မှာတော့…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File size…1.68GB / 645MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.7 2024 91 mins
Amelia’s Children
Underground
8

IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်…. နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ”မာကို”နဲ့ ”ဘလက်ကီ”(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်….. ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre… Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy

8 1995
Underground
Danshari Paradise
6.5

Danshari Paradise (2024) ~ IMDb – 6.5/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်ကတော့ ဂျပန်သွားတာ တော်တော်ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလောကနဲ့ မကင်းတဲ့လူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်လို့ထင်တာပါပဲ။ ဒီရုပ်ရှင်မှလည်း မဟုတ်ပါဘူး။ အချစ်ကားတွေမဟုတ်ဘဲ ဂျပန်တွေရဲ့ ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေကို ဖော်ပြထားတဲ့ ကားတော်တော်များများ အသစ်ထဲမှာရော အဟောင်းထဲမှာရော တော်တော်များပါတယ်။ မသကာ Yasujirō Ozu တို့၊ Hirokazu Kore-eda ရိုက်တာတွေကိုတော့ ကြည့်သင့်ပါတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့လတွေတုန်းကလို သူတို့ယဉ်ကျေးမှုမသိဘဲ ဆာကူရာကိုင်းသွားချိုးမိနေမှာ စိုးရပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုကို သိအောင်လုပ်ပေးတာနဲ့ ပလိန်းကြီး မလိုအပ်တာတွေပါ စည်းကမ်းတင်းကြပ်တာတွေ မလိုအပ်တာတွေ လုပ်ခိုင်းတာတွေနဲ့တော့ မတူလှဘူးပေါ့။ ဒီနှစ်ခုကြားက စည်းက တော်တော်တော့ ပါးတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုတစ်ခုကို ချစ်တတ်အောင် သင်ပေးလိုက်ရင်တော့ သူ့နှလုံးသားနဲ့သူ ခွဲခြားကြပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အမှိုက်အကြောင်းပါ။ ဂျပန်တွေ အမှိုက်ပစ်တဲ့စည်းကမ်းကပဲ နည်းနည်းလေး အလုပ်ရှုပ်နေလားလို့ ဘာလို့လားမသိပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေက အမှိုက်မပစ်ကြတဲ့လူတွေ၊ မလိုတာတွေ အိမ်မှာ စုပုံထားပြီး အိမ်က အမှိုက်ပုံဖြစ်နေတဲ့လူတွေရဲ့ အကြောင်းပါ။ တစ်အိမ်လုံးအမှိုက်ပုံစစ်စစ်ဖြစ်နေတဲ့ တော်တော်ဆိုးဆိုးလူတွေနဲ့ သူတို့ကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ သန့်ရှင်းရေးကုမ္ပဏီက လူတွေအကြောင်း။ အိမ်သန့်ရှင်းပြီးနောက်နဲ့ အိမ်မသန့်ရှင်းခင်က သူတို့ဘဝတွေ သူတို့အပြောင်းအလဲတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ အကြောင်းအရာလည်းဆန်းသစ်သလို တင်ပြပုံလည်းကောင်းတော့ ကြည့်လို့ကောင်းတယ်။ သူတို့လူနေမှုအကြောင်း နည်းနည်းပါးပါးသိရတော့ မဆိုးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 920MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 41Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.5 2023
Danshari Paradise
Madonna
6.1

Madonna (2015) ***************** IMDb… 6.1 ဒီတစ်ခါမှာတော့ Seo Young Hee, Kwon So Hyun, Byun Yo Han, Kim Young Min အစရှိတဲ့ ကေဒရာမာပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီး သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Madonna ဆိုတဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း- ဟယ်ရင်းဟာ ဆေးရုံတစ်ခုရဲ့ တကယ့်ချမ်းသားကြွယ်ဝသူများအတွက် စီစဥ်ထားတဲ့ VIP လူနာဆောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတစ်ဦးဖြစ်ပါတယ်။ အဲဒီအထဲကမှ နှလုံးအစားထိုးကုသထားတဲ့ ဖခင်ဖြစ်သူကို ဆယ်နှစ်လုံး ဆေးရုံမှာ ပြုစုစောင့်ရှောက်နေတဲ့ သူဌေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ သူဌေးကြီးရဲ့ ဖခင်ဟာ ကျန်းမာရေး ဆိုးရွားလာပြီး နှလုံးထပ်မံအစားထိုးဖို့ မဖြစ်မနေ လိုအပ်လာတဲ့အခါမှာတော့ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံကိုရောက်လာတဲ့ မီနာဆိုသူ မိန်းကလေးရဲ့ နှလုံးကို အသုံးပြုဖို့ ဖြစ်လာပါတယ်။ နှလုံးအစားထိုးကုသမှု ဖြစ်မြောက်နိုင်ဖို့အတွက် မီနာရဲ့အုပ်ထိန်းသူကို ရှာဖွေရင်း ဟယ်ရင်းတစ်ယောက် မီနာတစ်ဖြစ်လဲ မာဒိုနာလို့သိကြတဲ့ မိန်းကလေးရဲ့ သနားစရာကောင်းလွန်းတဲ့ ဘဝဇာတ်လမ်းကို သိလာရတဲ့အခါ…. သူဌေးကြီးရဲ့ ဖခင်ကို ကယ်ဖို့လုပ်တဲ့ရည်ရွယ်ချက်က ရိုးသားမှုနဲ့မဟုတ်ဘဲ တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သိလာရတဲ့အခါ… ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ‘Madonna’ ဆိုတဲ့ ဇာတ်ကားလေးမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Yee Wai ပဲ ဖြစ်ပါတယ်။) File Size : 1.15GB/ 560MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:01:35 Genre : Life, Drama, Psychological Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Tiff

Drama
6.1 2015 121 mins
Madonna
Ant Mutation Crisis
5.8

ကမ္ဘာဦးအစကတည်းကဖြစ်တည်လာခဲ့တဲ့ပုရွက်ဆိတ်တွေမှာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်လို့ဆိုကြပါတယ်။ သိပ္ပံပညာရှင်တစ်စုဟာ အမေဇုန်တောထဲကထူးခြားတဲ့ပုရွက်ဆိတ်မျိုးနွယ်ကိုသွားရှာပြီးတော့ သူတို့ရဲ့ပုရွက်ဆိတ်ဘုရင်မကိုဖမ်းခဲ့ပါတယ်။ အဲဒီပြီးတော့မကြာပါဘူး သူတို့တစ်ဖွဲ့လုံးဒုက္ခရောက်သွားပြီးတော့ ကုမ္ပဏီကလဲဒီစီမံကိန်းကိုဖျက်လိုက်ပါတယ်။ အဲဒီအဖွဲ့ထဲကတစ်ဦးသောအသက်ရှင်ကျန်သူပညာရှင်တစ်ယောက်ဟာ အကုန်ဆုံးရှုံးလိုက်ရပေမယ့် သူ့ရဲ့ရောဂါသည်သားလေးကိုကယ်ဖို့ ဒီစီမံကိန်းကိုလက်မလျှော့ခဲ့ပဲ ဆက်ပြီးသုတေသနလုပ်နေခဲ့ပါတယ်။ လေ့လာရင်းနဲ့ ပုရွက်ဆိတ်ကိုယ်ထဲကနေရတဲ့အရည်ဟာ လူသားတွေရဲ့မျိုးရိုးဗီဇကိုပြောင်းလဲပေးနိုင်တာကို တွေ့လိုက်ရတဲ့အချိန်မှာ အရာအားလုံးကပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့သားလေးကိုကုပေးဖို့ မျှော်လင့်ချက်တွေရှိလာပေမယ့် …… မထင်မှတ်ထားတဲ့ထိန်းချုပ်မရတဲ့နောက်ဆက်တွဲတွေဖြစ်လာတဲ့အခါ……

Drama
5.8 2025
Ant Mutation Crisis