YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heels.S02E04.720p.CM.mp4

475.18 MB 720p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mercy
5.2

Mercy (2023) လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရ‌ပါတော့တယ်။ အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။ National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 670MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 25Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.2 2023 85 mins
Mercy
Making Wolf's Path

Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 19Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama
0 2022
Making Wolf's Path
Bones and All
7.2

Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ ပြန်သုံးထားပါတယ်။ လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင် လူသားစားတဲ့ဇာတ်လမ်းဖြစ်လို့ အသည်းငယ်သူတွေမကြည့်သင့်သလို မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်။ မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်း စာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီး ရိုက်ကူးထားခဲ့တာပါပဲ။ ဇာတ်ပို့အနေနဲ့လည်း Bridge of Spies နဲ့ အော်စကာရခဲ့တဲ့ မင်းသားကြီး Mark Rylance ပါဝင်ထားပါသေးတယ်။ လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့ဝင်မဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်။ ရသမျိုးစုံခံစားရတာကလွဲရင် ဘာမှတော့ ပညာယူစရာ ဗဟုသုတယူစရာမပေးပါဘူး။ ဖီးချင်ရာဖီးဖို့သက်သက်ပဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲမှာ သူတို့ကိုယ်သူတို့ Eater လို့ ခေါ်ပါတယ်။ စားသူပေါ့။ ဒါကို ပါဠိလို အဒ လို့ပဲ ပြန်ပေးထားပါတယ်။ ပေါရိသာဒဆို (ပုရိသ-ယောက်ျား၊ အဒ-စားသူ ပေါင်းထားသလိုပေါ့) File size…1.85GB  / 895MB Quality…1080p WEB RIP / 720p  Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Mr Anderson

Drama • Romance
7.2 2022 131 mins
Bones and All
Maari 2
5.6

မြန်မာစာတန်းထိုး ဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့..... လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။ မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး.... နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။ လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။ သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ ဖိုက်တင်ဆိုရင် လေပေါ်ကို လွင့်မှ ၊ ကားမှန်တွေကွဲ သေနတ်တွေ ပစ်မှ ၊ အားရကျေနပ်တယ်ဆိုရင်တော့..... အသစ်စက်စက် ထွက်ရှိလာတဲ့ ဒီကားနဲ့ ၂၀၁၅ ထွက် Maari ဇာတ်ကားနှစ်ကားလုံးဟာ ပြောစရာ ဟာကွက်မရှိတဲ့ ဇာတ်ကားတွေသာ ဖြစ်ပါတယ်။ File size…3GB / 1.5GB Quality…1080p WEBRIP AAC5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kyal Sin Yati Ko

5.6 2018 150 mins
Maari 2
First Man
7

အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ကြားလိုက်ရတယ်...... အတိတ်ကိုတွေးပြီး လွမ်းဆွေးနေလို့ မဖြစ်တဲ့အချိန်ကို ရောက်နေပြီလေ..... အာရုံကိုစုစည်းပြီး....လက်ရှိပစ္စုပ္ပန်ကိုပဲ ရင်ဆိုင်ဖြေရှင်းမှ ကျွန်တော်တို့ အသက်ရှင်နိုင်မှာပေါ့..... သူ့နာမည်က နေးလ် အမ်းစထရောင်း...တဲ့ ၁၉၃၀ ဩဂုတ်လ ၅ရက်နေ့မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်.. ဝါပါကိုနီတာမြို့မှာ မွေးဖွားခဲ့ပါတယ် လူသားတို့ရဲ့သမိုင်းမှာပထမဦးဆုံးသော လကမ္ဘာပေါ် ခြေချနိုင်ခဲ့သူလဲ ဖြစ်တယ် အဲ့အချိန်ကာလတုန်းက သိပ္ပံပညာရှင်တွေဟာအာကာသအကြောင်းကို အများကြီး သိပ်မသိကြသေးပါဘူး.... လေထဲပျံသန်းတဲ့ နည်းစနစ်ကိုလည်း သူတို့ခေတ်ကာလကနေ တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ခန့်ကမှ စတင်သိရှိခဲ့ကြတာပါ အမေရိကန်ဟာ ဆိုဗီယက်နိုင်ငံကို အနိုင်ရချင်တဲ့ဇောနဲ့သာ အချိန်တိုလေးအတွင်းမှာ ထွက်ခွာနိုင်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့် အရမ်းလွယ်ကူတဲ့ အရာမျိုးတော့ မဟုတ်ခဲ့ပါဘူး လကမ္ဘာပေါ်ခြေချနိုင်ဖို့ ပေးဆပ်ခဲ့ရတဲ့ တန်ကြေးတွေလည်း မနည်းခဲ့ပါဘူး ငွေကြေးတစ်ခုတည်းတင် မကဘဲ အာကာသယာဉ်မှူးများစွာရဲ့အသက်တွေကိုလည်း စတေးခဲ့ကြရပါတယ် နိုင်ငံရေးအရ အဆင်မပြေခဲ့တာတွေလဲ ရှိခဲ့ပါသေးတယ် အောင်မြင်တော့မှသာ ဝိုင်းဝန်းလက်ခုပ်တီးခဲ့ကြတာဖြစ်ပြီး မအောင်မြင်ခင်မှာတော့ အဓိပ္ပါယ်မရှိဘူးလို့ လက်ညှိုးထိုးခံခဲ့ရတဲ့ ကိစ္စတစ်ခုပါ.... သူဟာ အဖက်ဖက်က ထိုးနှက်တိုက်ခိုက်တာတွေကို နာကျည်းစရာလို့မမြင်ဘဲ ခွန်အားအဖြစ်ပြောင်းလဲ အသုံးပြုခဲ့တဲ့သူတစ်ယောက်ပါပဲ ပြီးတော့နောက်တစ်ချက်က " အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ ထက်မြတ်တဲ့မိန်းမတစ်ယောက် ရှိတယ်"ဆိုတဲ့စကားအတိုင်းပဲ သူ့ရဲ့အမျိုးသမီးကလည်း အကောင်းဆုံးသော ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်ခဲ့ပါတယ် ကိုယ့်ယောကျာ်းအပေါ်ကို နားလည်မှု အပေးနိုင်ဆုံး မိန်းမတစ်ယောက်အဖြစ် ဒီရုပ်ရှင်လေးမှာ မြင်ရမှာပါ..... အနှစ်ချုပ်ပြောရရင်တော့ First Man ဇာတ်ကားဟာ IMDB 7.3ရရှိထားပြီး အနှစ်သာရပြည့်ဝတဲ့ လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့သူ "နေးလ် အမ်းစထရောင်း"ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် (ဒီဇာတ်ကားနဲ့အညွှန်းကို Mg King မှရင်နဲ့ခံစားပြီး ဘာသာပြန်ပေးထားပါတယ်...) File Size : (1.2 GB) Quality : BluRay 720p Running Time :2hr 21min Format : Mp4 Genre : Biography , Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King Encoded by Moe Myint Lwin

Crime • Drama
7 2018 141 mins
First Man
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
The Lord of the Monsters
5.8

ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမှာကတော့ မကောင်းဆိုးဝါးနဲ့အမတမျိုးနွယ်ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရတဲ့ အမတဂိုဏ်းက ထက်မြတ်တဲ့ တပည့် မုချင်းတစ်ယောက် ဆရာအတူ တစ်ဖန်ပြန်ပေါ်ထွက်လာတော့မယ့် မ‌ကောင်းဆိုးဝါးဘုရင်ပိုင်ကျယ်ကို ချိတ်ပိတ်ဖို့ ချင်းလွမ်မှန်အပိုင်းအစကိုလိုက်ရှာဖို့ တာဝန်ပေးခံခဲ့ရတဲ့ မုချင်းတစ်ယောက် မကောင်းဆိုးဝါး နယ်မြေဖြစ်တဲ့ ပန့်ပုသောကို ရောက်ရှိလာခဲ့ပါတယ် တကယ့်ကိုမှ ပြင်းထန်ပြီးစိတ်လှုပ်ရှားဖွယ် အချစ်တစ်ခုနဲ့ထိတွေ့ချင်နေတဲ့ စိတ်ကောင်းရှိတဲ့ ကြောင်မကောင်းဆိုးဝါးမလေးကျောင်းယန်ကတော့ ပန့်ပုသောရဲ့တန်ကျင်တောင်မှာ နေထိုင်လာတာ နှစ်ရာချီနေခဲ့ပါပြီ မကောင်းဆိုးဝါးမှန်သမျှဟာ လူ့လောကကို တစ်ချိန်ချိန်မှာဒုက္ခပေးမယ်ဆိုတဲ့ အသိကိုရိုက်သွင်းခံထားရတဲ့ မုချင်းတစ်ယောက် စိတ်ကောင်းရှိပြီး ကူညီပေးတတ်တဲ့ မကောင်းဆိုးဝါးမလေးကျောင်းယန်နဲ့ဆုံတွေ့ပြီးနောက်မှာတော့ အမတမျိုးနွယ်နဲ့ မကောင်းဆိုးဝါးမလေးတို့ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာခဲ့ပါတယ် အမတမျိုးနွယ်နဲ့မကောင်းဆိုးဝါးမျိုးနွယ်ဆိုတာ သူသေကိုယ်သေတိုက်ပွဲဖြစ်ဖို့ပဲ အလားအလာရှိနေတာဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဘယ်လိုတွေဖြစ်လာမှာလဲ လောကမှာ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူပဲရှိတာမို့လို့ ဒီလိုတစ်ယူသန်အတွေးတွေကြောင့် ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမှာလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်

Drama • Romance
5.8 2024
The Lord of the Monsters
The Bad Guys: A Very Bad Holiday

ဒီ ဇာတ်ကားလေးကတော့ ခရစ်စမတ် မနက်ခင်းမှာ ဓားပြမှုကြီးကျူးလွန်ကြမဲ့ လူဆိုးကြီးများအကြောင်း ဟာသလေးနှောပြီးရိုက်ပြထားတဲ့ Animation ဇာတ်လမ်းတိုလေးပါပဲ…… ဝံပုလွေကြီးရယ်၊ ငါးမန်းကြီးရယ်၊ မြွေကြီးရယ်၊ ပုတ်သင်ညိုကြီးရယ်၊ ပင့်ကူလေးရယ် ၅ယောက်သား ခရစ်စမတ်နေ့ တမြို့လုံး ပွဲတော်လုပ် နားကြမဲ့အချိန်မှာ ဓားပြမှုကြီးကျူးလွန်ကြမယ်လို့ တိုင်ပင်ထားကြရင်း အဲဒီနေ့မတိုင်ခင်မှာပဲ တမြို့လုံးက စွဲလန်းနေကြတဲ့ ဘစ်နစ်ဆိုတဲ့ ဆန်တာကလော့ မိုးပျံပူဖောင်းကြီးကို မထင်မှတ်ဘဲ ဖျက်ဆီးလိုက်မိတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးလို့…… File size…(400 Mb)/(230 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:25:00 Genre…Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by….Garfield

0 2023
The Bad Guys: A Very Bad Holiday
The Sin

The Sin (2024) ************** ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ‌ Exhuma ထက် ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Kim Yoon Hye, Song Yi-jae, Park Ji-hoon, Lee Sang-ah တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအညွှန်း- သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က ‌audition တစ်ခုမှာ အောင်သွားပြီး အကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက် ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။ ကျောင်းကို ‌‌ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီး စိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲ မတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့…. အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ ဒီကားလေးက ရိုးရိုး horror ပုံစံမျိုးမဟုတ်ဘဲ ရိုးရာကျိန်စာတွေ ဖုတ်ကောင်တွေ လူဆိုးဂိုဏ်းတွေ အကျင့်ပျက်ခြစားရဲတွေစသဖြင့် genre မျိုးစုံကိုရောယှက်ပြီး အချိတ်အဆက်မိမိနဲ့ ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာကြောင့် အခန်းတိုင်း အခန်းတိုင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Low budget ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရိုက်ချက်တွေက သိပ်မမိုက်ပေမဲ့လည်း Plot twist တွေက အရမ်းမိုက်သလို Interက သူတွေကလည်း အတော်ကို ညွှန်းကြတဲ့အတွက် Exhuma ထက် တကယ်ကောင်းရဲ့လား ကြည့်ရတာတန်ရဲ့လားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File size…1.6GB / 660MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Thriller, Mystery, Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Stary, Hnin Wai, Treasure Htet & Phyu Sin

0 2024 102 mins
The Sin
Tiger Cruise
5.8

Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူ အချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။ အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့ Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကို ခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။ Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကို အပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေ နေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။ ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှု ဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။ သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာ ပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက် ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့ အညွှန်းနဲ့ ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်။ File size… 2.4 GB / 952 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Drama / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

Science Fiction • Drama
5.8 2004 88 mins
Tiger Cruise
Meet Me Next Christmas
5.8

ခရစ္စမတ်အချိန်ကာလရောက်တိုင်း မရိုးရအောင်ကြည့်ကောင်းနေကျ ခရစ္စမတ်အချစ်ကားတွေထဲမှာ ၂၀၂၄ အတွက်အသစ်ထွက်ရှိလာတာ ကတော့ Meet Me Next Christmas ပဲဖြစ်ပါတယ်။ လေဆိပ်ဧည့်စောင့်ခန်းမှာဆုံရင်း စိတ်ချင်းဆက်သွယ်မိခဲ့ကြတဲ့ လေလာနဲ့ဂျိမ်းစ်ဟာ နောက်နှစ်ခရစ္စမတ်မှာ လူလွတ်တွေဖြစ်ခဲ့ကြရင် သူတို့ကြိုက်တဲ့အဆိုတော်အဖွဲ့ရဲ့ရှိုးပွဲမှာပြန်ဆုံတွေ့ကြမယ်လို့ ချိန်းဆိုခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ ခရစ္စမတ်မတိုင်ခင်နှစ်ရက်အလိုမှာ လူလွတ်ဖြစ်သွားခဲ့တဲ့လေလာဟာ ဂျိမ်းနဲ့သွားတွေ့ချင်ပေမယ့် ရှိုးပွဲလက်မှတ်က ဝယ်လို့မရတော့ပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်တာတောင်မရတဲ့အခါမှာတော့ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကိုအကူအညီတောင်းခံခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုပေးသူတတ်ဒီဟာ လေလာနဲ့အတူ လက်မှတ်ရအောင် လိုက်ကြိုးစားပေးရင်း ချစ်ကြိုးသွယ်မိသွားခဲ့တာကြောင့် လေလာတစ်ယောက် တတ်ဒီနဲ့ဂျိမ်းစ်ကြားမှာတစ်ယောက်ကိုပဲ ရွေးချယ်ရဖို့ ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.62GB) / (883MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2024 105 mins
Meet Me Next Christmas
Get Smart
6.5

Get Smart(2008) *************** IMDb…….6.5 ဒီကားကို မကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်… ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံး ရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TV ရှေ့ကို ခေါ်ကြည့်သင့်တယ်….လင်မယား ၂ ယောက်တည်းဆိုလည်း ၂ယောက်လုံး ကြည့်ဖြစ်အောင်ကြည့် တစ်ယောက်တည်း ကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့်ချစ်သူလေးကတော့ “ကို”တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ ပြောသွားတယ်…… ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ … Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေး ဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ….တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့ Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကို လွှတ်လိုက်တယ်….. ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ ကြည့်ရဆိုးမယ်လို့ပေါ့ .. အဲဒါဆို လုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန် လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေးတွေမှာ အပိုအလိုမရှိ ထည့်ထားလေတော့ တခွီးခွီးရယ်ရတာ.. ရိုက်ချက်တွေကလည်း အတော်လန်းတယ်…. ကိုင်း ခံစားကြည့်လိုက်ဦးဗျ မောပန်းနွမ်းနယ်နေတဲ့ ခင်ဗျားတို့ နှလုံးသားနဲ့ ဦးနှောက်ကို လန်းဆန်းစေချင်ရင်တော့ ဒီကားကိုကြည့်လိုက် ကျွန်တော်ပြောတာ မလွန်ဘူးဆိုတာ ခင်ဗျားတို့ ဇာတ်ကားအစ ၁၀ မိနစ် လောက်ကတည်းက သဘောပေါက်သွားလိမ့်မယ်…… File Size… 3.4GB, 0.9GB Quality…BluRay 1080p, 720p Format…mp4 Duration…01:50:00 Subtitle…Myanmar Subtitle(Hardsub) Translated by Aung Myo Thet Encoder… AHtet

Crime
6.5 2008 110 mins
Get Smart
River of Blood
5.5

အခုလက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသား မျိုးနွယ်တွေက တော်တော်တိုးတက်လာပြီဆိုပေမဲ့ ဟိုးအရင်ခေတ်နှောင်းတွေမှာကျန်ခဲ့တဲ့ လူမျိုးနွယ်စု တွေလည်း ကမ္ဘာ့နေရာအနှံ့မှာ ဟိုတစ်ကွက် ဒီတစ်ကွက် အများအပြားတည်ရှိနေပါသေးတယ်။ အဲ့ဒီလူမျိုးနွယ်စုတွေထဲကမှ သူတို့ယဉ်ကျေးမှုနဲ့သူတို့ အေးအေးဆေးဆေးသာသာယာယာ နေထိုင်နေတဲ့ လူမျိုးစုတွေရှိသလို တစ်ခါတစ်လေကြားရတတ်တဲ့ လူသားစားမျိုးနွယ်စုတွေလည်း ပွင့်ပွင့်လင်းလင်းသာ ထုတ်ဖော်မပြောပြပေမဲ့ တကယ်ရှိနေပါသေးတယ်။ ဒီလိုမျိုးနွယ်စုတွေနဲ့ပတ်သတ်ပြီး ကြောက်စရာကောင်းတဲ့ မျက်လုံးနဲ့စေ့စေ့တောင်မကြည့်ရဲအောင်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေလည်းအများကြီးထွက်ရှိခဲ့ပြီး အခုအချိန် မှာလည်း အသစ်ထွက်ရှိလာတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ River Of Blood ဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိ ရရှိထားတဲ့အတွက် မဆိုးလှတဲ့အခြေအနေမှာရှိပြီး အပျင်းပြေကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ တောထဲတောင်ထဲကို အပန်းဖြေ ခရီးထွက်လာတဲ့ စုံတွဲနှစ်တွဲကိုမြင်တွေ့ရမှာဖြစ်ပြီး ဂျက်စမင်နဲ့ ရစ်ချီတို့ကတစ်တွဲ အေဂျေနဲ့မာယာတို့ကတစ်တွဲဖြစ်ပါတယ်။ အေဂျေနဲ့ရစ်ချီတို့က ငယ်ငယ်ကတည်းက ခင်မင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အခုအချိန်အထိလည်း ခင်မင်နေဆဲ သူငယ်ချင်း ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ကနူးလှေလှော်ပြီး မြစ်ကြောင်းအတိုင်းခရီးထွက်ဖို့ စီစဉ်ထားခဲ့ကြပြီး နစ်ခ်ဆိုတဲ့လမ်းပြတစ်ယောက်ကဦးဆောင် လိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမယ့်တစ်ချက်သတိထားရမှာက အဲ့ဒီမြစ်နဲ့ကပ်လျက်တောအုပ်ထဲမှာ လူသားစားလူရိုင်းတွေ ရှိနေပြီး သူတို့ရှိတဲ့နေရာကိုသွားပြီးမကျူးကျော်မိဖို့ပဲ ဖြစ်ပါတယ်။ဒီလိုနဲ့စစချင်းမှာတော့ ပျော်ပျော်ပါးပါးခရီးသွားခဲ့ ကြပြီး ငြိမ်းချမ်းတဲ့သဘာ၀အလှတရားတွေကိုခံစားရာကနေ လူသားစားလူရိုင်းတွေနဲ့ ဘယ်လိုပတ်သတ်မိကုန်ကြမလဲ ဆိုတာကို ရှုစားရဦးမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.98 GB) / (1.19 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Action , Adventure, Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Thriller
5.5 2024 86 mins
River of Blood