YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heaven & Hell [2018] (MM Sub).mp4

1.46 GB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Æon Flux
5.6

၂၀၁၁ ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုက ကမ္ဘာ့လူဦးရေရဲ့ ၉၉ရာခိုင်နှုန်းကို သေဆုံးစေခဲ့ပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ ထရေဗာဂွတ်ချိုင်းလ် က ကုသနည်းကို တီထွင်ခဲ့ပါတယ်။ ငါးသန်းသော အသက်ရှင်ကျန်ရစ်သူတွေက ကမ္ဘာမှာ တစ်ခုတည်း ကျန်တဲ့မြို့ ဘရက်ဂ်နာမှာ နေထိုင်ကြပါတယ်။ ဂွတ်ချိုင်းလ်ဟာ နှစ် ၄၀၀ လောက်အထိ အုပ်ချုပ်ခဲ့ပြီး နှစ်တွေကြာလာတာနဲ့အမျှ နိုင်ငံဟာ တဖြေးဖြေးနဲ့ ပြိုလဲလာပါတယ်။ ဂွတ်ချိုင်းလ်အစိုးရဟာ လူပျောက်မှုတွေကို လစ်လျူရှူရုံတင်မက သူတို့ကို အာခံသူတွေကိုပါ သုတ်သင်ကြပါတယ်။ ပြည်သူတွေဟာ သူတို့မတွေ့ကြုံဖူးတဲ့ ပုံရိပ်တွေ ခြောက်လှန့် တာလည်း ခံစားနေရပါတယ်။ ဒီတော့ ဂွတ်ချိုင်းလ်အစိုးရကို ဆန့်ကျင်ဖို့ မော်နီကန်ဆိုတဲ့ လက်နက်ကိုင်ဆန့်ကျင်သူအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ File size…1.43GB / 594MB Quality…BluRay 1080p5.1CH  / 720p Format…mp4 Duration….1h 33m Genre ..... Action , Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Drama • Thriller
5.6 2005 93 mins
Æon Flux
The Boss Baby: Christmas Bonus
6.8

အသဲကျော် Boss Baby လေးရဲ့ Christmas အတွက် အသစ်ထွက် ရှိလာတဲ့ အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီအပိုင်းရဲ့ အားရဖို့အကောင်းဆုံးကတော့ family business လို့ အမည်ခံပြီး အလုပ်သမားအခွင့်အရေး ပိတ်ဆို့ခံထားရတာတွေကို သာသာနဲ့ နာနာလေး နှပ်ပြထားတာပါပဲ။ အခုခေတ် စီးပွားရေးလုပ်ငန်းရှင်တွေ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ကြတာတွေကို စကား တစ်ခွန်းချင်းစီ ပစ်ထည့်ပေးသွားတာမျိုးမို့ တိုက်ဆိုင်မှုရှိရင် ပြေး သတိရကြဦးမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းအကျဉ်း .............................. ဒီအပိုင်းမှာတော့ Boss Baby လေး တစ်နှစ်သားအရွယ် ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ ခရစ်စမတ်ကာလကို နောက်ကြောင်းပြန်ပုံဖော်ပေး ထားပါတယ်။ ခရစ်စမတ်မတိုင်ခင် နာရီပိုင်းလေးအလိုမှာ ဆန်တာ့ရဲ့ အားအကိုးရဆုံး နတ်သူငယ်လေး နဲ့ Boss baby တို့ နေရာချင်းလွဲသွားပြီး Boss baby တစ်ယောက် ဆန်တာရှိရာ မြောက်ဝင်ရိုးစွန်းဆီ ရောက်ရှိ သွားခဲ့ပါတယ်။ အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ် ယောက် ဆန်တာရဲ့ ခရစ်စမတ်လက်ဆောင်စက်ရုံကြီးထဲကို ရောက်ရှိ သွားပြီး ကလေးတွေအတွက် အရုပ်တွေ လုပ်ပေးရတဲ့အခါမှာ ဘုနဲ့ဘောက် တွေ စတင်လာတာပါပဲ။ ဒီတော့ ဆရာ့ဆရာကြီး Boss baby တို့ ဆန်တာ့ ဆီမှာ ဘယ်လိုတွေသွားဆရာကျဦးမလဲ တစ်ဖက်က Boss baby‌ နေရာကို ရောက်သွားတဲ့ နတ်သူငယ်ကရော ဘာတွေ ကြုံတွေ့ရမလဲ ဆိုတာကို Christmas theme လေးနဲ့အတူ မြင်တွေ့ရမဲ့ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှ ရေးသားပေးပြီး၊ ဘာသာပြန် ပေးသူများကတော့ May Thet Khine Soe, Finoa Gillen တို့ဖြစ်ပါတယ်) File Size..........(675 MB) / (310 MB) Quality............WEB-RIP 1080p, 720p Duration.........45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Family Translator.......May Thet Khine Soe, Finoa Gillen Encoder..........SWM

Action • Adventure • Comedy • Thriller
6.8 2022 47 mins
The Boss Baby: Christmas Bonus
The Fifth Element
7.5

IMDb - 7.6/10, Rotten Tomatoes - 71% ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်က ကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။ တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်း အောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File Size : (5.1GB) (1.1 GB) and (348 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:06:00 Genre : Action , Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Crime • Drama • Thriller
7.5 1997 126 mins
The Fifth Element
Our Huff and Puff Journey
3

ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ.... သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (420 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Jo Jo Va Encoder..........SWM

Comedy • Drama
3 2015 91 mins
Our Huff and Puff Journey
Neon Lights
4.8

ဒီရုပ်ရှင်ကားဟာ ၂၀၂၂ ခုနှစ်ထွက် Thirller ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ Thriller ကားချစ်မြတ်နိုးသူပရိသတ်တွေ ခံစားကြည့်ရှုသင့်တဲ့ သည်းထိတ်ရင်ဖိုကားလေးတစ်ကားဆိုရင်လည်း ဒီကားကိုသာ ညွှန်းရပါဦးမယ်။ Clay ဆိုတဲ့ ဉာဏ်ကြီးရှင်ဟာ ကမ္ဘာ့ခေတ်ပြောင်းတော်လှန်ရေးကျန်းမာရေး စောင့်ရှောက်မှုနည်းပညာကို တီထွင်ခဲ့တဲ့နည်းပညာရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ Clay ဟာ သူ့မှတ်ဉာဏ်ထဲမှာ သူပိတ်မိနေတဲ့ စိတ္တဇရောဂါတစ်မျိုးရရှိနေသူ လည်းဖြစ်ပါတယ်။ လူတစ်‌ယောက် ဒီလိုမျိုးကိုယ့်စိတ်ထဲမှာကိုယ် ပိတ်လှောင် မိဖို့ဆိုရင် ဘယ်လောက်များတဲ့ စိတ်ဒဏ်ရာတွေကြောင့်လဲ၊ ဘယ်သူက Clay ကို ဒီလိုဖြစ်စေခဲ့တာလဲ၊ Clay တစ်ယောက် ဘယ်လိုတွေ ထပ်မံတွေ့ကြုံခံစားရမလဲ ဆိုတာကို ခံစားရင်ခုန်ပေးလို့ရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာရှင်ကြီး Clay ဘယ်လိုတွေဖြစ်လာမှာလဲ၊ သူ့ရဲ့ကိုယ်ပိုင်စိတ် အကျဉ်းထောင်ကနေ လွတ်မြောက်နိုင်မလားဆိုတာကိုတော့ Neon Lights 2022 ကားလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.26 GB) / (509 MB) / (290 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......San Thu Aung Encoder..........SWM

4.8 2022 90 mins
Neon Lights
[19+] White Night
6.4

"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်" - ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။ သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။ "ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ" ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ဆုံးရှုံးမှု ကြီးကြီးမားမားကြုံလိုက်ရပါတယ်။ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား အဖြေကိုရှာမရခဲ့တဲ့ အမှုဟာ ပဟေဠိဆန်ဆန်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ (၁၄)နှစ်ကြာတဲ့အခါမှာ ကင်ယိုဟန်ရဲ့ အမေနဲ့ ဖောက်ပြန်ခဲ့တဲ့ လူသတ်မှုနဲ့ ဆက်နွယ်နေသူ ကန်ဂျယ်ဒို သေဆုံးခဲ့ရာကနေ လွန်ခဲ့တဲ့(၁၄)နှစ်က အမှုဟာ တစ်ပတ်ပြန်လည်လာခဲ့ပါတယ်။ ဒီအမှုကို လက်လျှော့ထားခဲ့တဲ့ စုံထောက်ဟန်တစ်ယောက် ဒီတစ်ကြိမ်မှာရော အမှုကို ဖြေရှင်းနိုင်မလား၊ တရားခံကိုရော ဖမ်းနိုင်မလား၊ (၁၅)နှစ်ပြည့်တဲ့အခါ ပြန်ဆုံကြဖို့ ကတိထားခဲ့တဲ့ လီဂျီအာနဲ့ ကင်ယိုဟန်တို့ရော ကတိအတိုင်း ပြန်ဆုံနိုင်ကြပါ့မလား၊ ဒီမေးခွန်းကိုတော့ ဒီကားလေးမှာ ကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတွေဖြစ်တဲ့ မမ Son Ye Jin၊ Lee Min-jung၊ မင်းသားကြီးတွေ ဖြစ်တဲ့ Han Suk-kyu နဲ့ Go Soo တို့ ပါဝင်ထားတာ ဖြစ်ပါတယ်။ Nude scene တွေ ပါဝင်တဲ့အတွက် R-19+ အဖြစ် သတ်မှတ်ခံထားရတဲ့ ကားလည်း ဖြစ်ပါတယ်။ IMDB rating - 6.5/10 ရရှိထားပြီး Blue Dragon Award နဲ့ အကောင်းဆုံး အမျိုးသမီး မျက်နှာသစ် သရုပ်ဆောင်ဆုတို့ကို ရရှိထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milo ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Romance, Thriller Quality…. 1080p | 720p | 480p File size…  2.47GB | 920MB | 517MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Milo Encoder ..... Blank

Drama
6.4 2009 135 mins
[19+] White Night
Valerian and the City of a Thousand Planets
6.6

IMDb - 6.5/10_____Rotten - 48% 2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့  ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။   ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 million အထိ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ဘတ်ဂျက်အမြင့်ဆုံး အသုံးပြုထားတဲ့ဇာတ်ကားပါ။ အဓိကဇာတ်ဆောင် အာကာသစစ်တပ်ရဲ့ ဗိုလ်မှူး ဗဲလ်လာရီယမ် အဖြစ် Amazing spider man-2 မင်းသား Dane DeHaan နဲ့ တပ်ကြပ်ရင်းလော်ရင်းအဖြစ် Suside squid မင်းသမီးလေး Cara Delevingne ပါဝင်ထားပြီး တခြားနာမည်ကျော်တွေဖြစ်တဲ့ Clive Owen, Rihanna တို့ပါဝင်သလို နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ကိုးရီးယားအဆိုတော်- Exo Kris Wu လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ ခုနှစ်မှာ အမေရိကန်က အာကာသစခန်းငယ်တစ်ခု ဆောက်လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နည်းပညာဗဟုသုတတွေ မျှဝေပူးပေါင်းကြဖို့ပါ။ ၂၀၂၀ မှာ တရုတ်နိုင်ငံကလည်း ဒီအာကာသစခန်းကိုလာရောက်ပူးပေါင်းပါတယ် ။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ တခြားနိုင်ငံအများအပြားလည်း တဖြည်းဖြည်း ပူးပေါင်းလာကြသလို စကြာဝဠာထဲမှာရှိတဲ့ တစ်ခြားဂြိုဟ်တွေကလည်း လာရောက်ပူးပေါင်းလာကြပါတယ်။ ဒီလိုနဲ့ အာကာသစခန်းက အချင်းတဖြည်းဖြည်း ကြီးမားလာပြီး ကမ္ဘာ့ဆွဲအားနဲ့ နီးလာတာကြောင့် ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတော့တယ်။ ဒါကြောင့် ဗဟိုကောင်စီက ဒီအာကာသစခန်းကို ကမ္ဘာ့ဆွဲအားနဲ့ဝေးရာကို တွန်းပို့လိုက်ပို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီ အဲလ်ဖာ အာကာသစခန်းငယ်ကတော့ စကြာဝဠာစီးကြောင်းထဲမှာ စီးမျောနေရင်းနဲပဲ တခြားဂြိုဟ်တွေ မျိုးစိတ်တွေနဲ့ ပူးပေါင်းပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ နည်းပညာတွေ ဗဟုသုတတွေ မျှဝေရင်းနဲ့  နှစ်ပေါင်းများစွာအကြာမှာတော့ ဂြိုဟ်ပေါင်းများစွာတို့ရဲ့ မြို့တော်ကြီးဖြစ်လာပါတော့တယ်။ အေးဂျင့် ဗဲလ်လာရီယမ် နဲ့ အေးဂျင့်လော်ရင်းတို့ကတော့ အင်ထရူဒါးလို့ခေါ်တဲ့ ယာဉ်ပျံကြီးပေါ်မှာ အတူတွဲတာဝန်ထမ်းဆောင်နေကြတဲ့ တွဲဖက်တွေပါ။ … အေးဂျင့် ဗဲလ်လာရီယမ်နဲ့ အေးဂျင့်လော်ရင်းတို့ အတူလက်တွဲရင်း ဘာတွေကို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Little Twinlay ပါ) File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 17min Format : Mp4 Genre :Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Little Twinlay Encoded by Thanhtike Zaw

Comedy • Thriller
6.6 2017 136 mins
Valerian and the City of a Thousand Planets
Justin Bieber: Never Say Never

Belieber တို့ရဲ့ အသည်းကျော် Justin Drew Bieber ဟာဆိုရင် March လ ၁ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အစက မွေးရက်မှာဒီ film ကို တင်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ မနှစ်ကလည်း ဒီလိုအချိန်မှာ Birthday အမှတ်တရအဖြစ် Believe Documentary ကို တင်ဆက်ပေးခဲ့သလို ဒီနှစ်မှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ထွက်ရှိခဲ့တဲ့ Never Say Never Documentary လေးကို တင်ဆက်ပေးချင်ပါတယ်။ Believe က အောင်မြင်မှုရဲ့ အစကို ရိုက်ကူးတင်ဆက်ခဲ့တာဆို ရင် Never Say Never ဟာ အရာအားလုံးရဲ့စတင်ရာပါပဲ။ Justin Bieber ဆိုပြီး ဖြစ်တည်လာဖို့ ဘယ်လိုအကြောင်းဖန်ခဲ့လဲဆိုတာတွေ၊ ငယ်ဘဝ ပါရမီပါလာခဲ့ပုံတွေကို အသေးစိတ်ချပြထားမဲ့အပြင် My World Tour ဖျော်ဖြေမှုတွေကိုပါ မပျင်းမရိ ကြည့်ရှုရမှာပါ။ အိမ်ထောင်ကျပြီး မိန်းမနားပဲကပ်နေတဲ့ Justin ရဲ့ လူပျိုပေါက်စဘဝက ကလေးဆန်ဆန် အမူအရာလေးတွေနဲ့ အသံချိုချိုလေးကို သတိရလွမ်းဆွတ်နေတယ်ဆိုရင်တော့ဒီ Documentary ကို ကြည့်ပြီးမျက်ရည်လည်ရဦးမှာ သေချာပါတယ်။ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ သီချင်းလေးတွေကို ပြန်လည်နားဆင်ရင်း နောက်နှစ် ထိပ်စီးပြောင်းတော့မဲ့ Justin Bieber အတွက် ဒီ documentary နဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ Clarification – Artist အတွက် အမှတ်တရလက်ဆောင် ပေးချင်သည့် ဆန္ဒကလွဲ၍ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ (အညွှန်းနဲ့ ဇာတ်လမ်းကို Thet Hnin Hsu က ဘာသာပြန်ဆိုရေးသားထားပါတယ်) File size… 1.2 GB Quality…Blu-Ray 720p Format…mp4 Duration….1h 45m Genre ….. Documentary / Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

0 2011
Justin Bieber: Never Say Never
Noah
5.8

Noah (2014) နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Noah” နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။ ~ ဖန်ဆင်းခြင်း အကျဉ်း ~ သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို စတုတ္ထနဲ့ ပဉ္စမနေ့ရက်တို့မှာ ဖန်ဆင်းခဲ့ပါတယ်။ ဆဌမနေ့ ရောက်တဲ့အခါမှာ ဘုရားသခင်က​ ကမ္ဘာမြေပေါ်မှာရှိသမျှအရာအားလုံးကို အုပ်စိုးစေဖို့အတွက် သူ့ရဲ့ သဏ္ဌာန်တော်နဲ့အညီ မြေမှုန့်ကနေလူရဲ့ရုပ်လုံးကိုဖန်ဆင်းပြီး နှာခေါင်းထဲဇီဝကိုအသက်မှုတ်သွင်းကာ ပထမဆုံးသက်ရှိလူသားယောက်ျားကို ဖန်ဆင်းခဲ့ပါတယ်။ ဒီအချိန်မှာ အခြားသက်ရှိတွေအတွက် အထီးအမဆိုပြီးရှိခဲ့ပေမယ့် လူယောက်ျားအတွက် အထောက်အမမရှိသေးတဲ့အတွက် ဘုရားသခင်ဟာ လူယောက်ျားကို ကြီးသောအိပ်စက်ခြင်းနဲ့အိပ်စေပြီး သူရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဆိုပြီး လူမိန်းမကိုဖန်ဆင်းခဲ့ပါတယ်။ နောက်မမှာ ဒီလူယောက်ျားနဲ့လူမိန်းမနှစ်ယောက်တို့ဟာ အာဒံနဲ့ ဧဝ (a.k.a ဒုတိယအာဒံ) ဆိုပြီး လူသိများခဲ့ကြပါတယ်။ ~ ပထမဆုံးသောအပြစ် ~ အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာ မြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကို မြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့ အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့ အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း” အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီး အတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ ဒီ Noah ဇာတ်ကားမှာ အဓိကသရုပ်ဖော်ချင်တာကတော့ လူတွေရဲ့ရက်စက်ယုတ်မာမှုကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဆေးကြောပစ်ဖို့အတွက်လုပ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ Cinematic ဆန်အောင်ဆိုပြီး ဒါရိုက်တာ Darren Aronofsky က ကျမ်းစာကနေသွေဖယ်ပြီး လိုတိုးပိုလျှော့လေးတွေလုပ်ထားတာရှိပါတယ်။ ဒါကြောင့်မလို့ ကြည့်ရှုသူတွေအတွက် ဒီဇာတ်ကားထဲက အကြောင်းအရာမှန်သမျှက သမ္မာကျမ်းစာထဲကအကြောင်းတွေဖြစ်တယ်လို့ မမှတ်ယူဘဲ သုတရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကို သိထားစေချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)

5.8 2014
Noah
Collision
5.1

Collision (2017) **************** ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် Collision ဆိုတဲ့ဇာတ်ကားလေးထဲမှာ .. သရုပ်ဆောင်တွေအနေနဲ့ ထယ်ဟွာအဖြစ် အီဆွန်းဂျွန်း၊ ဂျောင်ဆူအဖြစ် အီအိဂျွန်တို့က ပါဝင်ထားတဲ့ Crime, Thriller ဇာတ်လမ်းအမျိုးစားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ငွေမည်းရနိုင်မယ့်အချက်လက်ကို ရလာတဲ့ထယ်ဟွာက ညီဖြစ်သူတွေနဲ့အတူ အစီစဉ်ကို စတင်အကောင်ထည်ဖော်ပါတော့တယ် .. အဲဒီအချိန်မှာပဲ သူတို့ရှိရာအိမ်ကိုရောက်လာတဲ့ သူငယ်ချင်းအုပ်စုနဲ့ဆုံပြီး ကိစ္စတွေက ထင်သလိုဖြစ်မလာဘဲ လူသေဆုံးမှုတွေပါ ပါဝင်လာတဲ့အခါမှာ‌တော့ .. ထယ်ဟွာတို့ငွေမည်းတွေကို ဘယ်လိုနည်းနဲ့ရအောင်ယူသွားမလဲ၊ ဒီကိစ္စတွေရဲ့နောက်ကွယ်ကလူက ဘယ်သူဖြစ်နေမလဲ၊ ဘယ်သူကလူဆိုး ဘယ်သူကလူကောင်းဖြစ်နေမလဲဆိုတာကိုတော့… Collision ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ရင်း အတူတူအဖြေရှာလိုက်ကြပါစို့နော် .. File size…2.21GB / 712MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Thriller, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

5.1 2017
Collision
10 Days of a Curious Man
5.8

2023တုန်းက ထွက်ရှိခဲ့တဲ့ 10 Days of a Good Man နဲ့ 10 Days of a Bad Man တို့ရဲ့ sequel ရုပ်ရှင်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ အရှေ့နှစ်ကားရဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ဆာဒစ်ဟာ ဘဲလက်ဆိုတဲ့မြို့လေးမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေး စာလေးတွေရေးရင်း နေထိုင်နေပုံကနေ ဇာတ်လမ်းကိုစတင် ထားပါတယ်။ ရှေ့မှာသူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို စာမူရေးပြီး ပုံနှိပ်တိုက်‌ တွေကို ပေးပို့ခဲ့ပေမဲ့ အယ်ဒီတာဘက်ကသဘောမကျဘူးပေါ့လေ။ ဒီလိုနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ရေးမယ်ဆိုပြီး အကြံ ထုတ်နေတုန်း ဆာဒစ်ရဲ့ အိမ်ရှေ့နားမှာ ကြောင်လေးတွေကို အစာလာကျွေးနေကျအဘွားကြီးက အစာလာမကျွေးတော့တာကို သတိထားမိသွားပါတယ်။ အဘွားကြီး ဘာလို့မလာတော့လဲဆိုတာကို သွားစုံစမ်းရင်း ‌ကြောင်စာတွေထောက်ပံ့နေကျဖြစ်တဲ့ မူတဲနာဆိုတဲ့ ကောင်မလေးရဲ့ပျောက်ဆုံးမှုကိုသိလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရပ်ကွက်ထဲမှာ အိမ်တွေကိုမီးလိုက်ရှို့နေတဲ့ လူတစ်စုလည်းရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ စာမူရေးဖို့ ဇာတ်အိမ် ကုန်ကြမ်းရှာနေတဲ့ ဆာဒစ်တစ်ယောက် မူတဲနာဆိုတဲ့ကောင်မလေးရဲ့ ပျောက်ဆုံးမှုကို စတင်စုံစမ်းပါတော့တယ်။ Crime/mystery အမျိုးအစားဖြစ်တာကြောင့် မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းချိတ်ဆက်ပုံတွေကို ကောင်းကောင်းကြီးကြည့်ရှုရမှာပါ။ လူကောင်းရော လူဆိုးပါဖြစ်ခဲ့ပြီးတဲ့ ဆာဒစ်တစ်ယောက် လူပျောက်မှုကို စပ်စုမိတဲ့အခါမှာတော့ ဘာတွေဖြစ်ဦးမလဲဆိုတာ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (1.89GB) / (979MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024
10 Days of a Curious Man
Children of Men
7.9

Children of Men (2006) ************************ IMDb….7.9,,,,,Rotten…..92% ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့ RTကလည်း အမြင့်ဆုံး အနေအထားလောက်မှာရှိတယ်… လူသားတွေ ကလေး မရနိုင်တော့တာဟာ ၁၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် .. ကမ္ဘာကြီးဟာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့ .. အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာလည်း အင်မတန်မှ များပြားနေပါတယ် .. အင်္ဂလန်ကလည်း ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘဲ၊ ရှိပြီးသား ဒုက္ခသည်တွေကိုလည်း ဖိနှိပ်လျှက်ရှိတယ် .. ဖိနှိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ဖို့ ကြိုးစားကြတာပေါ့ .. အဲဒီအချိန် ဒုက္ခသည် ကောင်မလေးတစ်ယောက်ဆီမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် .. နေ့စေ့လစေ့ ကိုယ်ဝန်အပေါ် နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာတယ် .. အဲဒီလူတွေရဲ့ လက်ကနေ ကိုယ်ဝန်သည်မလေး ဘယ်လိုလွတ်မြောက်သွားမလဲ .. ဆိုတာ ဇာတ်လမ်းထဲ ကြည့်ရှုခံစားလိုက်ပါဦးနော် .. ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီး Clive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pyae Sone ပဲ ဖြစ်ပါတယ်… File Size : 1.53GB/ 1.04 GB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:49:00 Genre : Drama , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pyae Sone Encoded by AHtet

Action • Thriller • Crime
7.9 2006 109 mins
Children of Men
Pal Pal Dil Ke Paas
4.5

Pal Pal Dil Ke Paas (2019) “အချစ်ခရီးလမ်း ကြမ်းချင်ကြမ်းပါစေ…” ဒီတစ်ခါတော့ ရိုချင်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အကြည်ဓာတ်လေးပေးမဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ခရီးသွားလုပ်ငန်းပိုင်ရှင်လူငယ်လေးနဲ့ ဘလော့ဂါကောင်မလေးရဲ့ အချစ်ဇာတ်လမ်းလေးမို ခရီးသွားဇာတ်၀င်ခန်းနဲ့ ရေခဲတောင်ရှုခင်းအလှအပတွေကလည်း healing ဓာတ်လေးတစ်မျိုးလည်း ရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ရေခဲတောင်ပေါ်မှာ ကြီးပြင်းလာပြီး တောင်တန်းတွေကိုချစ်တဲ့ ကာရန်ဟာ အူဂျီဒဟာစခန်းချခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် လူငယ်လေးပေါ့။ တစ်နေ့တော့ သူတိုရဲ့ခရီးသွားစခန်းကို ဆာဟေးဆိုတဲ့ မြိုကြီးသူ ဘလော့ဂါချောချောလေး ရောက်လာပါတယ်။ တကယ်တော့ ဆာဟေးတစ်ယောက် တကယ်ခရီးထွက်ချင်တာထက် ခေါင်းခြောက်စရာ ဆွေမျိုးတွေနဲ့ဝေးရင်ပြီးရောဆိုပြီး ထွက်လာခဲ့တာပါ။ အစပိုင်းမှာတော့ ဆာဟေးက အူဂျီဒဟာစခန်းချခရီးလုပ်ငန်းကို ဂျင်းလိုထင်နေခဲ့ပါတယ်။ ထုံးစံအတိုင်း ခရီးစဉ်ကို အယုံအကြည်မရှိတဲ့ မြိုကြီးသူဆာ‌ဟေးနဲ့ ခရီးကိုဦးဆောင်မဲ့ ကာရန်တိုရဲ့ တွေ့ဆုံမှုဟာ ဘုဘောက်ကျရင်း အစပြုခဲ့ကြတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတူထွက်ရင်း ရင်းနှီးမှုတွေ ရလာတဲ့အခါ…. ကာရန်နဲ့ဆာဟေးတိုရဲ့ တောင်တက်ခရီးစဉ်မှာရော ဘ၀ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဘာတွေကြုံရမလဲဆိုတာကို ကြည်နူးစရာတွေနဲ့အတူ ဒရာမာလေးပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Drama • Romance
4.5 2019 144 mins
Pal Pal Dil Ke Paas
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Day of Reckoning
5.5

Vampire Diaries နဲ့လူသိများကြတဲ့ မင်းသားချော Zach Roerig ကြမ်းကြမ်းတမ်းတမ်း အက်ရှင် မင်းသားကြီး Scott Atkins နဲ့ Rapper ကြီး Yelawolf တို့ကပါ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့် ပေးထားတဲ့ Day Of Reckoning ဆိုတဲ့ အက်ရှင် ဇာတ်ကားကြမ်းအသစ်တစ်ကားကိုတင်ဆက်ပေး လိုက်ပါပြီ။ရဲနဲ့လူဆိုးတို့ယှဉ်ဖိုက်တဲ့ အက်ရှင်ကားဆိုပေမဲ့ မမျှမတကြီးတွေမဟုတ်ဘဲ နှစ်ဖက်လုံးမျှမျှတတ သူ တစ်ပြန်ကိုယ်တစ်ပြန်ကြုံးတဲ့ဇာတ်ကားမျိုးဖြစ်တဲ့အတွက် အက်ရှင်ချစ်သူတွေအတွက်ကတော့ ရှယ်မိုက်မဲ့ကား တစ်ကားပါပဲ။ ဂျွန်ဆိုတဲ့ နယ်မြို့လေးတစ်ခုရဲ့ ရဲမှူးတစ်ယောက်က သူရထားတဲ့ ရဲမှူးဆိုတဲ့ဂုဏ်ပုဒ်နဲ့သေချာကိုက်ညီအောင် မထိန်းသိမ်းနိုင်တဲ့အတွက် အခက်အခဲကြုံတွေ့နေရသူ တစ်ယောက်ဖြစ်ပါတယ်။မိန်းမကလည်း အားမလိုအားမရ တွေဖြစ်ပြီး ဘ၀မှာအဖက်ဖက်ကရှုံးနိမ့်နေသူတစ်ဦး ဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ဘ၀မှာ တောက်ပရမဲ့အခွင့်အရေးတစ်ခုကိုရလာခဲ့ပါတော့တယ်။ အဲ့ဒါကတော့ သူနေနေတဲ့မြို့လေးမှာ ဘဏ်ဓားပြ ၀ရမ်းပြေးရဲ့ကောင်မလေးရှိနေတာပါပဲ။ အဲ့ဒီဓားပြကိုလိုက်ဖမ်းတဲ့ အရာရှိကြီးတွေက အဲ့ဒီ ကောင်မလေးကိုဓားစာခံဖမ်းထားလိုက်ပြီး ဘဏ် ဓားပြလာမှာကိုစောင့်နေတဲ့အချိန်မှာဂျွန်ကလည်း နယ်ခံရဲမှူးအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီ အားဖြည့်ပေးရင်းနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘဏ် ဓားပြကြီးကို အမိဖမ်းနိုင်ပါ့မလားဆိုတာတွေကိုရှုစားရမဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.27 GB) / (808 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre …..Action , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2025 106 mins
Day of Reckoning