YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heathers.1988.REMASTERED.720p.CM.mp4

1015.85 MB N/A video/mp4 395 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
Keeping Company
5.4

Keeping Company (2021) ~ IMDb – 5.6/10, Rotten Tomatoes – 80% ~ ဦးဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေကြိုက်ကြတဲ့ ဟာသကားကောင်းတစ်ကားပေမဲ့ B အဆင့်ရုပ်ရှင်ပါ။ ဟာသကားကို သူတို့ဘာလို့ကြိုက်ကြလဲဆိုရင်တော့ ရယ်ရလို့ပေါ့ဗျာ။ သူ့တားဂတ်က ဒါပဲကိုး။ ဒါကြောင့်မို့ တခြားစီနီမာတွေ သရုပ်ဆောင်ကောင်းတွေ ဘာဘာညာညာ အလန်းဇယားတွေတော့ မမျှော်လင့်စေချင်ဘူး။ နည်းနည်းပါးပါး ရယ်ချင်ရင်တော့ ကြည့်လိုက်သင့်တဲ့ကားမျိုးပါပဲ။ ဝေဖန်ရေးသမားတွေတောင် ရိတ်တင် ၈၀ရာခိုင်နှုန်းပေးထားတယ်ဆို‌တော့ အတော်မဆိုးတဲ့ အခြေအနေမှာရှိတဲ့ကားမျိုး၊ ပြောရရင် Sitcom ကြည့်နေသလို သဘောတရားမျိုးပေါ့၊ ဒါပါပဲ။ ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေး၊ အာမခံရောင်းတဲ့နှစ်ကောင် လူသတ်သမားအိမ် တံခါး သွားခေါက်တယ်။ သူတို့ကတော့ မသိပေမဲ့ အဲ့အိမ်က လူသတ်သမားက သတ်ရုံတင်မဟုတ် ချက်ပါစားတာဆိုတော့ အသတ်မခံရရုံတင်မဟုတ် ချက်ပါစားမခံရ‌အောင် ပတ်ပြေးရတယ်ပေါ့။ ဟာသကားပေမဲ့ သူက Crime, Horror ဆိုတဲ့ Genre တွေလည်း ပါသေးဆိုတော့ Dark Comedy ကို အသည်းတအေးအေးလည်း ကြည့်ရမှာပေါ့။ ဒီလိုရုပ်ရှင်အမျိုးအစားကို ကြိုက်တဲ့သူတွေအတွက်တော့ စိတ်ပျက်စရာကားတော့ မဟုတ်ဘူးလို့ ပရိသတ်တစ်ချို့က ဆိုပါတယ်။ ၁နာရီခွဲလောက် ကြာချိန်လေးနဲ့ ကျစ်ကျစ်လစ်လစ် ရိုက်ပြထားတဲ့ဇာတ်ကားပါပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size -1.11GB, 480MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 22Min Genre – Comedy, Crime, Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___” Encoded by Y

Drama
5.4 2021 82 mins
Keeping Company
Armageddon Time
6.9

ဒီဇာတ်ကားကို Universal ကုမ္ပဏီက ရိုက်ကူးထားတာဖြစ်ပြီး Anthony Hopkins, Anne Hathawayတို့လို နာမည်ကြီးတဲ့ Cast​တွေအပြင် Succession series မှ Jeremy Strongနဲ့ The Black Phoneနဲ့ The Devil All The Timeမှာပါဝင်ခဲ့တဲ့ က​လေးသရုပ်​ဆောင် Banks Repeta လည်း ပါဝင်ပါတယ်။ ဥ​ရောပမှ ​အ​မေရိကန်ကို​ရွေ့​ပြောင်းလာတဲ့ မိသားစုအ​ကြောင်း ဖြစ်ရပ်မှန် Dramaဇာတ်လမ်းဖြစ်ပြီး RT 75%နဲ့ Metacritic 75% ရထားပါတယ်။ Paul Graff ဆိုတဲ့ ကျောင်းသား​လေးတစ်​ယောက် ​​ကျောင်းနဲ့ မိသားစုကြားမှာကြုံ​တွေ့ရတဲ့ အခက်အခဲ​တွေ၊ လူငယ်ဘဝမှာ ဖြစ်တတ်တဲ့ ဆုံးဖြတ်ချက်အမှား​တွေအ​ကြောင်း အသား​ပေး ရိုက်ကူးထားတာဖြစ်ပါတယ်။ ၆တန်း​ကျောင်းသား​လေးဖြစ်တဲ့ Paulဟာ ​ကျောင်းစာကို စိတ်မပါဘဲ စိတ်ထင်ရာ​လျှောက်လုပ် ​တတ်တဲ့ က​လေးတစ်​ယောက်ပါ။ ပန်းချီပညာကို​တော့ ဝါသနာ ထုံပြီး အား​နေရင် ပန်းချီပဲဆွဲချင်​နေသူ​လေးပါ။ ဒီလိုနဲ့ တစ်​​နေ့ အတန်းထဲက ​ကျောင်းလူမိုက် ဂျိုနသန်​ဒေးဗစ်ဆိုတဲ့ ​က​လေးနဲ့ အဖွဲ့ကျပြီး မ​ကောင်းတဲ့လမ်းမှားထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ​ရောက်လုနီးပါးဖြစ်လာလို့ သူ့ရဲ့မိဘ​တွေ အဘိုးအဘွား​တွေက Paul လမ်းမှန်ပြန်​ရောက်​ဖို့အ​ရေး ကြိုးစားရပါ​တော့တယ်။ File size…(1.35GB) / (635.18MB) / (277.01MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX Chuck

Action & Adventure • Drama • Sci-Fi & Fantasy
6.9 2022 114 mins
Armageddon Time
La Femme Nikita
7.3

La Femme Nikita (1990) ~ IMDb – 7.3/10, RT – 89%, Meta – 56% ~ ဒီတစ်ခါက​တော့ အက်ရှင်ကား​​ကောင်း​ကောင်း​တွေကြည့်ချင်​နေတဲ့ ညီအစ်ကို​တို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆု​​ပေါင်းများစွာပိုင်​ဆိုင်ထားတဲ့အပြင် Critics Rating ​တွေလည်း​ ကောင်း၊ Series ပါပြန်ရိုက်ရ​လောက်​အောင် ​အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။ ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ဆရာတစ်ဆူလို့ပြောလို့ရတဲ့ ဆရာသမားရဲ့ကားဆိုတော့ တကယ့်ကို အက်ရှင်ဇာတ်ကြမ်းအလန်းကားကြီးပေါ့။ သာမန်အ​ပေအ​တေဘဝက​နေ ​ထောင်ထဲပို့ခံရ​ပေမယ့် ​ထောင်ထဲမ​ရောက်ပဲ ​အေးဂျင့်အဖြစ် သင်တန်း​ပေးခံရတဲ့ နီကီတာ တစ်​ယောက် ​အေးဂျင့်ဖြစ်ပြီး​နောက်ပိုင်း မစ်ရှင်​တွေကို ဘယ်လိုဖြတ်​ကျော်ခဲ့ရလဲ… တစ်​ဖက်မှာလည်း သူ့ဘဝ​လောက်ချစ်ရတဲ့သူကို​တွေ့​ပေမဲ့ သူ့ရဲ့အလုပ်​ကြောင့် သူတို့နှစ်​ယောက်ရဲ့ အချစ်​ရေးမှာ​ရော ဘယ်လို​အခက်အခဲ​တွေ​တွေ့ခဲ့ရလဲဆိုတာကို အက်ရှင်ရိုမန့်အကြမ်းအလန်းတွေနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 940MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 57Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 1990 117 mins
La Femme Nikita
Into the Darkness
6.4

Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကို ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိက အသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကို နာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့ အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင် ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရော သူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့ မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ် အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီး ကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ…. File size…2.12GB / 987MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.4 2020
Into the Darkness
Proof
6.7

၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Triller Drama ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anthony Hopkins, Jake Gyllenhaal နဲ့ Gwyneth Paltrow တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စိတ်ပုံမှန်မရှိတဲ့ သင်္ချာပညာရှင်ဖခင်ကို ကူညီစောင့်ရှောက်ရင်း ဖခင်သေဆုံးသွားချိန်မှာ သူမပြီးဆုံးခဲ့တဲ့ သင်္ချာသီအိုရီသက်သေပြချက်ကို ကြိုးစားရှာဖွေနေတဲ့ သမီးဖြစ်သူအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ အဖေတူသမီး ကတ်သရင်းဟာလည်း သင်္ချာပညာရပ်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဗီဇပါတဲ့အတွက် သင်္ချာတွက်ချက်မှုတွေကို ကျွမ်းကျင်တယ်။ ဒါ့အပြင် သူ့အဖေရဲ့တပည့်တစ်ဦးဖြစ်သူ ဟယ်လ်ရိုးဟာ PhD စာတမ်းရေးဖို့အတွက် ကတ်သရင်းရဲ့အိမ်မှာ လာရောက်လေ့လာရင်း သူတို့နှစ်ဦးသား သံယောဇဉ်တွယ်သွားကြတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးသား ကတ်သရင်းအဖေမသေဆုံးခင်က တွက်ချက်ခဲ့တဲ့ပုစ္တာကို ကြိုးစားတွက်ချက်ရင်း သင်္ချာသီအိုရီတစ်ခုကို သက်သေပြချက်ထုတ်ဖို့ကြိုးစားသွားကြတာကို ဇာတ်အေးကြိုက်သူများအနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

Action
6.7 2005
Proof
Northspur
5

2022 တုန်းကထွက်ရှိခဲ့တဲ့ Northspur ဆိုတဲ့ အက်ရှင် ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာတွေ့ရမယ့် ကမ္ဘာကြီးမှာရောဂါပိုးမွှားတွေနဲ့ ပြည့်နှက်နေပြီး ကမ္ဘာ့လူဦးရေကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ကျန်ခဲ့တဲ့ လူတွေကလည်း သင့်သင့်မြတ်မြတ်နေရမဲ့အစား အသက်ရှင်သန်နိုင်ဖို့အတွက် အချင်းချင်းသတ်ဖြတ်ပြီး ကြမ်းတမ်းတဲ့ကမ္ဘာကြီးတစ်ခုဖြစ်နေပါတော့တယ်။ ဒီလိုရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်သန်နိုင်ဖို့ အရေးအကြီးဆုံးအရာကတော့ အစားအသောက်မဟုတ်ဘဲ ဆေးဝါးဖြစ်နေ ပါတယ်။အဲ့ဒီကာလမှာ ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုခုဖြစ်တာနဲ့ ပိုးဝင်ပြီး သေဆုံးမဲ့သေလူလို့ သတ်မှတ်လိုက်လို့ရပါပြီ။အဲ့ဒါကို ကယ်တင်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ပိုးသတ်ဆေးတွေထိုးဖို့ပဲဖြစ်ပါတယ်။ ကယ်လန်နဲ့ မလင်ဒါတို့ကလည်း ဒီလိုကမ္ဘာကြီးထဲမှာနေထိုင်နေကြတဲ့ လူတွေထဲမှာအပါအဝင်ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ တစ်နေ့မှာ မလင်ဒါဒဏ်ရာရခဲ့ပြီး သေလုမြောပါးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ကယ်လန်က သူ့မိန်းမရဲ့အသက်ကို ကယ်တင်ပေးနိုင်ဖို့အတွက် ဆေးရှာပုံတော်ထွက်ခဲ့ပါတော့တယ်။အိမ်မှာ ကျန်ခဲ့တဲ့ မလင်ဒါလည်း ဒဏ်ရာတစ်ဖက်နဲ့ သူတို့အိမ်ထဲ ကျူးကျော်လာရတဲ့ ရန်သူတွေကို ရင်ဆိုင်ရတဲ့အပြင် ကယ်လန်ကလည်း သူ့မိန်းမကိုကယ်ဖို့အတွက် ဆေးတွေကိုရဖို့ နည်းလမ်းတွေ့ခဲ့ပေမဲ့ အရမ်းခက်ခဲနေတဲ့အခါမှာတော့ ကယ်လန်တစ်ယောက် သူ့မိန်းမကို အချိန်မီကယ်တင်နိုင်ပါ့မလား လင်မယားနှစ်ယောက်ဘယ်လိုအခက်အခဲ တွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.69 GB / 736 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Mystery • Thriller
5 2022 100 mins
Northspur
Klaus & Barroso
5.9

ဒီဇာတ်လမ်းလေးဟာ ကလောက်စ် နဲ့ ဘာရိုဆိုတို့ညီအစ်ကို နှစ်ယောက်ကိုအကြောင်းပြုပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ကလပ်တစ်ခုရဲ့အဖျော်ဆရာတစ်ယောက်ဖြစ်တဲ့ ကလောက်စ်ဟာ ငွေတိုးချေးသူတွေထံမှ အကြွေးယူထားသောကြောင့် ကလပ်ပိုင်ရှင်အယောင်ဆောင်ကာ လူပျိုညပါတီတစ်ခုအတွက် အခကြေးငွေယူ၍ ကလပ်ကိုငှါးရမ်းလိုက်ပါတော့တယ်။ ညီအစ်ကိုနှစ်ယောက်တည်း ပြင်ဆင်ရတဲ့ ပါတီမှာ အလွဲမျိုးစုံကြုံတွေ့ရပုံ ကလောက်စ်လိမ်သမျှခံနေရတဲ့ ပါတီကျင်းပသူတွေရဲ့အလွဲမျိုးစုံ ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်နဲ့ သူတို့နှစ်ဦးရဲ့ကိုယ်စီအချစ်ဇာတ်လမ်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Drama • Comedy
5.9 2024 87 mins
Klaus & Barroso
Mystic Singer
7

Sinden Gaib 2024 ကပ်ပါလာသူတစ်ဦး Imdb 7.5 အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာ ဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့ အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်‌ချားစေမှာပါ အာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါ ဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့ အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ် ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ် ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေ ကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါ ဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ် အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်း အစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။ သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် )

7 2024
Mystic Singer
No Time to Spy: A Loud House Movie

IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Action, Animation, Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2024
No Time to Spy: A Loud House Movie
City of Lies
6.5

City of Lies (2018) ******************** Who Shot Biggie??? ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ… အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်… ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်… မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်… 1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ… ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ… နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့ Jackson ဆိုတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်… အမှုတစ်ခုတည်းကို နှစ်ရှည်လများ စုံစမ်းလာခဲ့တဲ့ စုံထောက်တစ်ယောက်နဲ့ လုပ်ငန်းအတွင်း နာမည်ကောင်းတစ်ခုရဖို့ ကြိုးစားနေတဲ့ သတင်းထောက်တို့ ပူးပေါင်းမိချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ရှုစားကြပါဦး… နာမည်ကျော်မင်းသားကြီး Johnny Depp နဲ့ Forest Whitaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် File Size : (1.75GB) and (606 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:52:00 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by AHtet

Action • Thriller
6.5 2018
City of Lies
Kaka Boss
6.9

Kaka Boss (2024) IMDb Rating (6.9) ကာကာဘော့စ်ဆိုတာကတော့ လူမိုက်ကြီးပါ လူမိုက်ကြီးကိုမှ သမီးလေးကိုအရမ်းချစ်တတ်တဲ့လူမိုက်ကြီးပေါ့။ ရုပ်အင်္ဂါကလဲ လူမိုက်တို့ရဲ့ရုပ်ရည်နဲ့ ဘော်ဒီကိုပိုင်ဆိုင်ထားတဲ့လူမိုက်ကြီး။လူတိုင်းကမြင်တာနဲ့တင် ဖြဲခြောက်လို့ရတဲ့ရုပ်မျိုး။ ဒါပေမဲ့အရင်ကလူမိုက်အလုပ်ကိုစွန့်လွှတ်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုထောင်ပြီးမိသားစုနဲ့ဘဝကိုဖြတ်သန်းနေတဲ့သူပါ။ ဖြစ်ချင်တော့ သမီးဖြစ်သူကိုပညာရေးကောင်းကောင်းရစေချင်လို့ သူဌေးတွေတက်တဲ့ကျောင်းမှာထားလိုက်တာ သမီးဖြစ်သူကကျောင်းမှာသူ့သူငယ်ချင်းတွေကို အဖေဖြစ်သူကိုထုတ်မပြရဲရှာဘူး။ လူမိုက်ကြီးဖြစ်နေပေမဲ့ သမီးအတွက် ဖယောင်းလိုပဲ စိတ်ပျော့တတ်တဲ့ကာကာဘော့စ်တစ်ယောက်ကျောင်းကသမီးရဲ့သူငယ်ချင်းတွေ သူ့ကိုလူမိုက်လို့မမြင်တော့အောင်ကြိုးစားရှာပါတော့တယ်။ ဒီလိုအကြမ်းပတမ်းအလုပ်တွေကနေပြီးတော့ သူတစ်ခါမှမလုပ်ဖူးတဲ့ငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ အရာတွေကိုလျှောက်လုပ်နေရင်းနဲ့ပဲ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မယ်ဆိုတာကို ဟာသဆန်ဆန်လေးနဲ့ မိသားစုပုံစံမျိုးလေးကြည့်ရှုရမဲ့ အင်ဒိုနီးရှားကားလေးတင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်။) File size…(2.1 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:01:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by K.Hein

Action • Comedy • Crime • Drama
6.9 2024 120 mins
Kaka Boss
Crows Zero Kurôzu zero
7

Crows Zero (2007) IMDb Rating (7.0) / Rotten Tomatoes (78%) ဘယ်လိုပဲ ခေတ်ကိုစိုးထားစိုးထား ရှေ့သမိုင်းနဲ့တော့ ကင်းကြတာ မရှိဘူးမဟုတ်လား။ ရုပ်ရှင်တွေမှာ ရှေ့သမိုင်းမကင်းကြပုံကလည်း အဆက်ဆက်အနွယ်နွယ်တွေချည်း။ ဂျပန်ရဲ့နာမည်ကျော်မန်ဂါတွေကို ပြန်အသက်သွင်းကြတာတွေလည်းမနည်းဘူး။ အဲဒီမန်ဂါတွေကိုယ်တိုင်ကလည်း တရုတ်ရဲ့ တစ်ချို့ဇာတ်လမ်းတွေက အနည်းနဲ့အများ ပါလာတာလည်းရှိတယ်။ ဟောင်ကောင်တွေကျတော့လည်း အနောက်ကိုယူလိုက် အနောက်ကနေ ဟောင်ကောင်ကိုပြန်ယူလိုက် သံသရာလည်။ ကေတွေကျလည်း စီးရီးတွေဆို အနောက်က နာမည်တွေယူလိုက် ဇာတ်လမ်းကျောရိုးတွေယူလိုက် ဂျပန်တွေရဲ့ ဇာတ်လမ်းကျောရိုးတွေယူလိုက် မူဗီတွေဆိုလည်း အများအားဖြင့် မှုခင်းကားတွေမှာ ဟောင်ကောင်ကိုပြန်ယူလိုက် ။ တရုတ်ကလည်း ဟိုးတုန်းကတော့ ဂျပန်ကနေယူလိုက် ခုတော့ မိန်းစထွမ်းမှာတော့ ကေဟာတွေပါ ပြန်ယူတာလည်းရှိတယ်။ အိန္ဒိယတို့ ဘာတို့ကတော့ ကိုယ်ပိုင်လည်းရှိပေမဲ့ ပတ်ယူတာလည်း ကုန်သလောက်ပဲ။ ဒါက ဒီအရှေ့အာရှနားကိုပဲ ဝေ့ပြီးပြောရုံပါပဲ။ တကယ်တမ်းဆို တစ်ကမ္ဘာလုံးမကုန်ဘူး။ ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် Bōyaမတိုင်ခင် ဖြစ်ခဲ့တာတွေကို ပြထားတာပါပဲ။ မူရင်းမန်ဂါဇာတ်ကို တိုက်ရိုက် ရိုက်ပြထားတာမဟုတ်ဘူး။ ဒါကြောင့်လည်း Crows: Episode 0 လို့ ပေးထားတာနေမယ်။ ဒီ၂ကားက တော်တော်တော့ ကြမ်းတဲ့ လန်းတဲ့ထဲတော့ ပါတယ်ပြောရမယ်။ လန်းဆို ရိုက်တာကလည်းTakashi Miike။ Auditionလို ကားမျိုးရဲ့ ဒါရိုက်တာကိုး။ ၃ကတော့ သူရိုက်တာမဟုတ်တော့သလို အဓိကဇာတ်ကောင်တောင်မတူတော့ဘူး။ ဒီ၂ကားလောက်လည်း မအောင်မြင်ခဲ့ပါဘူး။ ဇာတ်လမ်းကတော့ ဆိုးသွမ်းလူငယ်တွေနဲ့ ပြည့်နေတဲ့ ကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီကျောင်းမှာ ကျောင်းရဲ့ခေါင်းဆောင်နေရာ ထိပ်ဆုံးကိုရောက်ဖို့ တစ်ခန်းပြီးတစ်ခန်း တစ်နှစ်ပြီးတစ်နှစ် လိုက်စိန်ခေါ်ပြီး ချလိုက် အခန်းသိမ်းလိုက် လုပ်ကြတဲ့ ကျောင်းရဲ့ထိပ်ဆုံးဖြစ်ချင်တဲ့ လူငယ်တွေရော။ အခန်းပေါင်းစုံက ဂိုဏ်းပေါင်းစုံရောရှိတယ်။ အဓိကဇာတ်ကောင် ဂန်ဂျိ ကျောင်းကိုအသစ်ရောက်လာပြီး ကျောင်းရဲ့ထိပ်ဆုံးဖြစ်ဖို့ လိုက်တိုက်ခိုက်ရာကနေ ဒီဇာတ်လမ်းကိုစထားတယ်။ ဒီကျောင်းကိုသိမ်းနိုင်ရင် သူ့အဖေယာကူဇာကြီးရဲ့နေရာကို ဆက်ခံရမယ်ဆိုပြီး လာသိမ်းတာပေါ့။ တိုက်ပွဲပေါင်းစုံကို မင်းသားပေါင်းစုံရဲ့ ခပ်မိုက်မိုက်မျက်နှာပေးတွေနဲ့ ကြည့်ရတာ အရသာတော်တော်ရှိတဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်ပုဂ္ဂလိကအမြင်အရတော့ သရုပ်ဆောင်တွေရဲ့ လိုက်ဖက်မှုတင် ကေစီးရီးတွေက ဂျပန်တွေကို ဘယ်လိုမှ မမှီလောက်ဘူး။ ဒီထဲမှာ Crowsမန်ဂါထဲက အဓိကဇာတ်ကောင်တော့ မပါဝင်ပေမဲ့ Crows ယူနီဗာ့စ်ရဲ့ အသန်မာဆုံးလို့ပြောကြတဲ့ Rindamanနဲ့ အခန်းတွေတော့ တစ်ဖြတ်နှစ်ဖြတ်တော့ ထည့်ပေးထားတယ်။ ဆက်ကြည့်ချင်ရင်တော့ ၁၉၉၄မှာထုတ်ထားတဲ့ Original Video Animations၂ကားရှိပြီး ဒါလည်း မန်ဂါမတိုင်ခင်ပဲပြထားတာပါ။ ဒီထက်စိတ်ဝင်စားရင်တော့ မန်ဂါဖတ်ဖို့ပဲရှိပါတယ်။ စာရေးဆရာက သူ့တခြားမန်ဂါတွေနဲ့လည်း ချိတ်ထားတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3.5 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy,Crime Duration….02:10:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Fantasy • Adventure • Drama • Action
7 2007 130 mins
Crows Zero Kurôzu zero
K-19: The Widowmaker
6.7

K-19: The Widowmaker (2002) IMDb Rating (6.7) ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Harrison Ford နဲ့ Liam Neeson တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ၁၉၆၁ မှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ဉရောပကို စစ်အင်အားပြဖို့နဲ့ အာတိတ်သမုဒ္ဒရာထဲ ဒုံးကျည်စမ်းသပ်ဖို့ဆိုပြီး K-19 ဆိုတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစင်းကို ရေချလိုက်ပါတယ်။ ဒါပေမယ့် သင်္ဘောက အဆင်သင့်မဖြစ်သေးဘဲ ပြဿနာတွေ အများကြီးနဲ့ အစောတလျင်စမ်းသပ်စေခဲ့တာဖြစ်ပါတယ်။ K-19 ကို ကပ္ပတိန် ဗော့စထရီကော့ဖ် (Harrison Ford) နဲ့ ဒုကပ္ပတိန် ပိုလီနင် (Liam Neeson) တို့ ဦးစီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။ သင်္ဘောဟာ အဆင်သင့်မဖြစ်သေးတာနဲ့အညီ ရေလယ်ကောင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပြီး အခန့်မသင့်လို့ ပေါက်ကွဲခဲ့ရင် ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လာပါတော့တယ်။ ဒီလိုအချိန်အခါမှာ ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံမရှိတဲ့ကြားက ကပ္ပတိန်နဲ့ သင်္ဘောသားရဲဘော်ရဲဘက်တွေ နျူကလီးယားယိုစိမ့်မှုကြီးကို ဘယ်လို စွန့်စားပြီး ပြင်ဆင်ကြမလဲ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေကို ဗော့စထရီကော့ဖ်နဲ့ ပိုလီနင်တို့ ဘယ်လို စွန့်လွှတ်စွန့်စား ဆုံးဖြတ်သွားကြမလဲဆိုတာ….။ K-19 ဖြစ်ရပ်မှန်ကို ဆိုဗီယက်ဖက်က လုံးဝဖုံးကွယ်ထားခဲ့တာမလို့ အဲ့ဒီတုန်းက ကမ္ဘာကြီးအနေနဲ့ ဒီအကြောင်းတွေကို မသိခဲ့ကြရဘဲ ဆိုဗီယက်ယူနီယံပြိုကွဲတော့မှသာ အံ့ဩဘနန်း သိခဲ့ကြရတာဖြစ်ပါတယ်။

Drama • Comedy
6.7 2002 138 mins
K-19: The Widowmaker
Green Bones
7.2

ဖိလစ်ပိုင်တွေရဲ့ ရိုးရာအယူအဆတစ်ခုရှိတယ်.. လူတစ်ယောက်သေသွားပြီးတဲ့နောက်မှာ သူ့ရဲ့အရိုးပြာတွေထဲမှာ အရိုးစိမ်းလေးတစ်ခုတွေ့ရတယ်ဆိုရင် အဲ့ဒီလူဟာ ဘဝတစ်လျှောက်မှာ ကောင်းတဲ့အရာတွေလုပ်ပြီး ရှင်သန်ခဲ့တဲ့သူပဲတဲ့.. လူကောင်းတစ်ယောက်ပဲတဲ့..။ Green Bones ဆိုတဲ့ ဒီဇာတ်ကားကလည်း ဒီအယူအဆထဲမှာပါတဲ့ အရိုးစိမ်း(Green Bone)ဆိုတာကို အစွဲပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တိုတွေ လူတစ်ယောက်အကြောင်းကို ကြားလိုက်တာနဲ့ အဲ့လူဟာ ဘယ်လိုလူပါဆိုပြီး တန်းပြီးဆုံးဖြတ်လိုက်တဲ့ လုပ်ရပ်မျိုးဟာ တစ်ခါတလေမှာ အကြီးအကျယ်မှားယွင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ အခုလို သတင်းအချက်အလက်စီးဆင်းမှုမြန်ဆန်လွန်းတဲ့ ခေတ်ကြီးမှာပိုတောင်ဆိုးပါသေးတယ်။ သတင်းတစ်ပုဒ်.. စာတစ်ပုဒ်.. လူတစ်ယောက်ရဲ့ဇာတ်လမ်း.. ဒါကိုဖတ်လိုက်တာနဲ့ တန်းပြီး အမှန်လိုမယူဆသင့်ပါဘူး။ တခြားသော အထောက်အထားတွေရှာတာ.. တခြားသူတွေကရော ဒီအကြောင်းအရာအပေါ်မှာ ဘယ်လိုပြောနေကြလဲဆိုတာ နားထောင်သင့်ပါတယ်။ နားတစ်ဖက်ထဲနဲ့ နားထောင်တဲ့အခါမှာ ကိုယ်မကြားနိုင်တဲ့.. ကိုယ်မနိုင်တဲ့တစ်ဖက်မှာ အမှန်တရားရှိနေနိုင်ပါတယ်။ ကိုယ်သိထားတာကြီးကလည်း အမှားကြီးဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် စိတ္တဇဒွန်လိုခေါ်တဲ့ လူတစ်ယောက်က သူ့ညီမအရင်းကိုလည်း သတ်ခဲ့တဲ့အပြင်.. ကောလဟာလတွေအရ သူ့ညီမရဲ့ သမီးလေး.. သူ့တူမလေးကိုပါ သတ်ပြီး မြစ်ထဲမျော..အလောင်းဖျောက်ခဲ့တဲ့ သွေးအေးလူသတ်သမားတစ်ယောက်ပေါ့။ သူ့တူမလေးရဲ့ အလောင်းကို မြစ်ထဲပစ်ချခဲ့တဲ့ တံတားပေါ်မှာပဲ သူ့ကိုဖမ်းမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့အချိန်မှာ သူက စိတ်ရူးဖောက်နေသလိုမျိုး ခြေဟန်လက်ဟန်တွေ မနားတမ်းလုပ်ပြနေခဲ့တယ်။ အဲ့လိုနဲ့ စိတ္တဇဒွန်ကို မနီလာမြိုစင်ထရယ်အကျဉ်းထောင်ကနေ သီးသန်းတစ်ကျွန်းထောင်ဖြစ်တဲ့ ဆန်ဖာဘီယန်အကျဉ်းထောင်ကို လွှပြောင်းထိိန်းသိမ်းထားခဲ့တယ်။ အဲ့လိုနဲ့ ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ မှုခင်းသိပ္ပံကျောင်းဆင်း အကျဉ်းမှူးအရာရှိအသစ်လေး ဂွန်ဂျဂါက အဲ့ဒီဆန်ဖာဘီယန်အကျဉ်းထောင်ကို တာဝန်ကျခဲ့ပါတယ်။ အကျဉ်းမှူးဂွန်ဂျဂါရဲ့ကလေးဘဝမှာတုန်းက သူ့အစ်မကို စိတ္တဇလူသတ်ကောင်တစ်ယောက်သတ်တာကို မေ့မရဘဲ စိတ်ဒဏ်ရာတစ်ခုရှိခဲ့သူပါ။ သူ့အစ်မအသတ်ခံရပြီးနောက်ပိုင်းမှာ “လောကမှာ လူကောင်းနဲ့လူဆိုးနှစ်မျိုးပဲရှိတယ်.. လူကောင်းနဲ့လူဆိုးကြားက တံတိုင်းတစ်ခုအဖြစ် ရပ်တည်မယ်” ဆိုတဲ့ ခံယူချက်နဲ့ မှုခင်းသိပ္ပံဘွဲကိုယူပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့သူပါ။ ဒီနှစ်ယောက်က ဆန်ဖာဘီယန်မှာတွေ့ကြတဲ့အခါ အတိတ်မှာဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကိုပြန်ပြီး တူးဆွမိခဲ့ကြပါတယ်။ အဟောင်းတွေ အသစ်ပြန်ဖြစ်လာတဲ့အခါ.. တိမ်မြုပ်နေတဲ့ အမှန်တရားတွေ.. အကျင့်ပျက်ခြစားမှုတွေ.. ထောင်တွင်းအကြမ်းဖက်မှုတွေရှိနေတဲ့ အကြောင်းတွေကို တစ်ခုပြီးတစ်ခု စုံစမ်းနိုင်ခဲ့တယ်။ ဒီလိုနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းမှာ ဘယ်သူအမှန်.. ဘယ်သူကအမှားလဲ။ ဘယ်သူက လူဆိုး.. ဘယ်သူက လူကောင်းလဲ။ ဇာတ်လမ်းစိတ်ဝင်စားဖိုလည်းကောင်းသလို.. ဝမ်းနည်းဖွယ်ရာဇာတ်ဝင်ခန်းတွေလည်းပါပါတယ်။ လူကောင်းနဲ့လူဆိုးဆိုတာကို ဘာတွေနဲ့သတ်မှတ်ကြတာလဲ။ ဘယ်ပေတံတွေနဲ့တိုင်းတာကြတာလဲ။ ကောင်းမယ်ထင်ပြီး လုပ်လိုက်တဲ့အရာတစ်ခုက လွဲချော်သွားခဲ့ရင်ရော ဆိုးတဲ့အရာတစ်ခုအဖြစ်ပြောင်းသွားနိုင်လား။ အတိတ်မှာမကောင်းခဲ့ဘူးဆိုတာနဲ့ပဲ.. နောင်တစ်ချိန်မှာရော လူကောင်းတစ်ယောက်မဖြစ်နိုင်တော့ဘူးတဲ့လား..။ File Size… (2.00 GB) / ( 857 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

7.2 2025 100 mins
Green Bones