YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heartstrings(2011)EP5.NF.WEB-DL.720P(CM).mp4

701.82 MB 720p video/mp4 181 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Everything Is Illuminated
7.2

အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ် ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။ စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊ အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။ အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင် လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။ File Size :(2.02GB) and (982MB) Quality : BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy • Drama
7.2 2005 106 mins
Everything Is Illuminated
Camellia Sisters 5 - Living Like Royalty
5.5

ဒီဇာတ်ကားလေးကတော့ မတည့်အတူနေညီမ ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဟာသဆန်ဆန်ဗီယက်နမ်ရုပ်ရှင်လေးပါ ကမဲလီးယားပန်းဥယျာဥ်အိမ်ရာမှာ နေထိုင်ကြတဲ့ လိုင်မိသားစုက မိန်းမတွေက ဥယျာဥ်ထဲမှာ ကမဲလီးယားပန်းအနီပွင့်မှသာ လက်ထပ်နိုင်မယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိလေတယ်၊ အစ်မကြီးအမိရာဖြစ်တဲ့ "ဟာ" လည်း အပျိုကြီးဖြစ်သလို အစ်မလတ် "ဟုန်" နဲ့ အငယ်ဆုံး "လင့်" ပါ အပျိုကြီးတွေ ဖြစ်ကြတာပေါ့ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့စည်းမျဥ်းဟာ နောက်ကွယ်က လျှို့ဝှက်ချက်‌တွေကို ဖုံးဖိထားဖို့ အပေါ်ယံမျက်နှာဖုံးဆိုတာကို သိလိုက်ရတဲ့အခါ.... အတွင်းရေးပြဿနာကိုယ်စီရှိကြတဲ့ ညီအစ်မ ၃ယောက်အကြောင်းကို ဟာသနှောရိုက်ကူးပြသထားလို့ အပျင်းလည်းပြေသလို မိန်းမတွေက အချစ်ရေးဘဝမှာ အရှုံးဘက်ကသာ ဖြစ်တယ်ဆိုတာကိုလည်း ခံစားထိမိအောင် ရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.6GB | 948MB | 418MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jinzel Encoder ..... August

Horror
5.5 2021 115 mins
Camellia Sisters 5 - Living Like Royalty
Googly
7.2

IMDb 7.5/10 (2.8K) အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ KGF မင်းသားချောလေး ယာရှ်ရဲ့ အချစ်ဟာသဇာတ်မြူးကားကောင်းလေးပဲ ဖြစ်ပါတယ်..။ ဒီကားထဲမှာလည်း ယာရွ္ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်...။ ခပ်ပြတ်ပြတ် လူမှန်စိတ်တိုကြီးဖြစ်တဲ့ ကောလိပ်ကျောင်းသားလေး ရှရသ်..တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်ဖြစ်နေပေမယ့် ကျောင်းက ပထမအဆင့်ကျောင်းသားတစ်ယောက်..။ သူဟာ မိန်းမတွေနဲ့ အချစ်ကိုမုန်းတီးနေတဲ့ သူတစ်ယောက်ပေါ့.. ကျောင်းပြပွဲတစ်ခုမှာ ဆြာတီဆိုတဲ့ ကောင်မလေးနဲ့ဆုံပြီး သူတစ်သဝေမတိမ်းလိုက်နာလာခဲ့တဲ့ သူ့ရဲ့ဒဿနတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ဆွာတီအပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ သက်ဝင်လာခဲ့ပါတော့တယ်...။ ဆွာတီဟာလည်း ရှရသ်အပေါ် စိတ်ဝင်စားလာပြီး သူတို့နှစ်ဦးဟာ သူတို့ရဲ့အချစ်တွေကို အပြန်အလှန် ဖွင့်ဟလာတော့မယ့်အချိန်မှာပဲ ကံကြမ္မာဟာ သူတို့ကို လှည့်စားသွားခဲ့ပါတော့တယ်...။ ဒီလိုနဲ့ ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ္လို ဘယ်ပုံ ဇာတ်သိမ်းခန်းဝင်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ပြီးရှုစားပေးကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…3.2GB / 1.5GB Quality…1080p WEB RIP Uncut /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action
7.2 2013 144 mins
Googly
In Dream
4

In Dream (2023) လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ် ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီ ဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ် ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ် နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

Action & Adventure • Crime • Drama
4 2023 90 mins
In Dream
All the World Is Sleeping
5.3

All the World Is Sleeping (2023) ======================= သာမန်လူတွေလို မြေပြင်မှာ ရပ်နေတာမဟုတ်ဘဲ ဟိုးက မှောင်မဲ နေတဲ့ တွင်းနက်ကြီးထဲ ကျနေတဲ့သူတွေရှိတယ်။ တကယ်ကျမကျ မသေချာရင်တောင် အဲ့လိုကျနေတယ်လို့ ခံစားရတဲ့သူတွေပေါ့လေ။ ကျတဲ့ပုံစံအမျိုးမျိုး၊ ကျတဲ့တွင်းအမျိုးမျိုးလည်းရှိသေးတယ်။ ဒီဇာတ် ကားထဲမှာတော့ မူးယစ်ဆေးဝါးတွင်းကြီးထဲကို ကျနေတဲ့ မြေအောက် ကမ္ဘာကလူတွေကို တွေ့ရမှာပါ။ မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်၊ မသိလိုက်ခင်မှာပဲဖြစ်ဖြစ်၊ စိတ်ထွက် ပေါက်အနေနဲ့ဖြစ်ဖြစ်၊ ကြိုက်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့ဖြေရှင်းနည်း တစ်ခုအနေနဲ့ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်၊ ကြီးပြင်းလာရတဲ့ပတ် ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် အမျိုးမျိုးသောမြစ်ဖျားခံရာ အကြောင်းအ ရင်းတွေဆီကနေ မှားယွင်းနဲ့နည်းလမ်းတွေနဲ့ သုံးစွဲမိပြီး ထိုတွင်းနက် ကြီးထဲကို ကျသွားရသူတွေ။ ပြန်တက်နိုင်ကြပါလေမလား။ ဘယ်သူ့အမှားလို့ အပြစ်တင်ရပါ့လေမလဲ။ မွေးဖွားလာခဲ့ရတဲ့ ပတ် ဝန်းကျင်ကို လက်ညှိုးထိုးမလား။ ကံကိုပဲပုံချမလား။ တစ်ပါးသူအမှား ကြောင့်ဖြစ်နိုင်မလား။ ကိုယ့်ကိုယ်၌မှာသာ ဖြစ်နေတဲ့အရာမို့လို့ ကိုယ် ကိုယ်တိုင်ပဲ ကြိုးစားရုန်းထွက်မှဖြစ်တော့မှာပါ။ ဒီဇာတ်ကားထဲမှာတော့ သမီးကိုချစ်တဲ့စိတ်ကြောင့် မူးယစ်ဆေးနွံထဲကနေ မရ,ရအောင် ရုန်း ထွက်ပြခဲ့တဲ့ သန်မာတဲ့ မိခင်ငယ်တစ်ယောက်ကို မြင်တွေ့ရပါလိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.62 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Comedy • Drama
5.3 2023
All the World Is Sleeping
Down Low
5.5

ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့ ဇာတ်အိမ်တည်ထားပါတယ်…။ Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ‌ဂေးတို့ဘဝကို ပီပီပြင်ပြင် မြင်တွေ့ရဦးမယ့်ကားလေးပါပဲ…။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့ ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီး‌ပါ…။ သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်…။ ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့…။ ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး…။ တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး ‌ ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်….။ ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ…။ အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လို ဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ….။ File size…1.17GB / 469MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2023 95 mins
Down Low
Wall Street
7.3

IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်ချင်စိတ်နဲ့ အလားအလာကိုမြင်တဲ့ ဂတ်ကိုကလည်း ငွေဖြစ်လွယ်တဲ့နည်းတွေ သင်ကြားပေးခဲ့တာပေါ့လေ။ ဒါပေမဲ့ ဂတ်ကို့ရဲ့နည်းလမ်းတွေက ဖြတ်လမ်းနည်းဆိုတဲ့အတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေရှိလာခဲ့ချိန်မှာတော့ ဘတ်ဒ်ဖော့စ်တစ်ယောက် ကြုံတွေ့လာတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အောင်မြင်အောင်ကျော်လွှားနိုင်ပါ့မလားဆိုတာ.. Old but Gold ကားမို့ အသေးစိတ်ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာထွက်တဲ့ ဇာတ်ကားနဲ့ မတူတဲ့ရသကို ပေးစွမ်းနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.7 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Comedy • Crime
7.3 1987
Wall Street
The 6th Day

ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။ လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။ လူသားတွေ မွေးထားတဲ့ အိမ်‌မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။ သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။ လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ကိုယ်ပွားဆိုတာရှိလာရင် ဥပဒေအရ ပိုင်ဆိုင်ခွင့်တွေ နေထိုင်ခွင့်တွေမရှိဘဲ ဖျက်ဆီးသတ်ဖြတ်တာခံကြရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူ သူဌေးကြီးတစ်ဦးနဲ့ လူသားပုံတူကူးခြင်းကို အပြည့်အဝ လုပ်ဆောင်နိုင်သူ သိပ္ပံပညာရှင်တစ်ယောက်တို့ ပူးပေါင်းပြီး ဇာတ်ရှုပ်ကြီး လုပ်လိုက်တဲ့အခါ အဒမ် ဂစ်ဘ်ဆင် (အာနိုး) နှစ်ယောက်ဖြစ်လာတဲ့အကြောင်းတွေကို ကြည့်ရှုရမယ့် Old but Gold တစ်ကားဖြစ်ပါကြောင်း။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Science Fiction, Action, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

0 2000
The 6th Day
Sunshine

အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ် ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ် အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး File size…(1.7 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Thriller
0 2007
Sunshine
Silent Love
6

Silent Love ( 2024 ) ဇာတ်အိမ်လန်းလန်းနဲ့ ဂျပန်ရိုမန့်တစ်ရုပ်ရှင်ပါ။ ပုံမှန်ဂျပန်ရုပ်ရှင်တွေလို အရမ်းငြိမ်နေတဲ့ပုံစံနဲ့သွားတာမဟုတ်လို့ ဂျပန်ရုပ်ရှင်ပရိသတ်မဟုတ်တဲ့ အာရှရုပ်ရှင်ပရိသတ်တွေအတွက်လည်း အကြိုက်တွေ့လောက်မယ့် ရုပ်ရှင်ပါပဲ။ ရိုမန့်ကားတွေမှာ ပြဿနာက မတူတဲ့ပုံစံတစ်ခု အသစ်ထွက်လာဖို့ တော်တော်ခက်ခဲတာပါပဲ။ ဖြစ်နိုင်သလောက် အကုန်လုံးရိုက်ပြပြီးပြီ။ ထပ်ကျော့လည်း ရိုက်ပြခဲ့ပြီးပြီ။ အသစ်ကောင်းကောင်းတစ်ခုခုပေါ်လာဖို့က တော်တော်ကြုံတောင့်ကြုံခဲလိုဖြစ်နေတယ်။ ဒါက ဇာတ်အိမ်ကို အဓိက အခြေအတည်တဲ့ အမျိုးအစားအတွက်ပဲ ပြောတာပါ။ ပြောရရင် ဒီကားကို စစဖွင့်ချင်းတုန်းက ကျွန်တော်လည်း မျှော်လင့်ချက်မထားထားတော့ စစအခန်းနဲ့တင် နာမည်ကြီးရိုမန့်ကားထဲက အခန်းပဲဟ။ ဒါထပ်ရိုက်ပြဦးမှာလားတွေးမိပေမဲ့ ထင်တာနဲ့တော့ လွဲသွားတယ်။ ဒီတော့ ရိုးအီနေမှာစိုးလို့ ရိုမန့်မကြည့်ဖြစ်တော့ရင်တောင် ဒီကားတော့ စမ်းကြည့်သင့်တယ်ထင်တာပါပဲ။ ဇာတ်ကတော့ ပီယာနိုတီးတာက ဘဝတစ်ခုလို့ ခံယူထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့ သူက မျက်စိကွယ်သွားတော့ သတ်သေဖို့လုပ်တယ်။ ဒါကို သန့်ရှင်းရေးသမားကောင်လေးက ကယ်လိုက်တယ်။ အဲဒီကောင်လေးကလည်း စကားမပြောနိုင်ဘူး။ ဒီကနေသူတို့ရေစက်စတယ်ပေါ့။ ဒီလိုနဲ့ ကောင်မလေးက ပြန်ကောင်းဖို့လမ်းစလည်းရတော့ ဆက်ရှင်သန်ဖို့ကြိုးစားတယ်။ ကောင်လေးကလည်း ကောင်မလေးကျောင်းမှာ အလုပ်လုပ်နေတော့ သူတို့ ရေစက်ထပ်ဆုံဖို့ဖြစ်လာတယ်။ ဒီကနေ မတူတဲ့ဘဝနှစ်ခု ရေစက်ဆုံရာက အိပ်မက်တွေသက်သက်ပဲဖြစ်သွားမလား။ တကယ်ဖြစ်လာမလား တခြားအကွေ့အချိုးတွေနဲ့ ဆက်ကြည့်ရမှာပါ။ နောက်ထပ်ကာရိုက်တာ တစ်ယောက်နဲ့အချိတ်အဆက်လုပ်ထားတာလည်း ရှိသေးတာမို့ ဇာတ်လမ်းအစစ်က ကျွန်တော်အကျဉ်းပြောခဲ့သလောက်တော့ ပျင်းဖို့မကောင်းပါဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းက ကမ္ဘာချင်းမတူတဲ့ မျက်မမြင်ကောင်မလေးနဲ့ အအကောင်လေးရဲ့ မဖြစ်နိုင်တဲ့အချစ်တစ်ခုကို ဖြစ်အောင်လုပ်ကြည့်ကြတဲ့အကြောင်းပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ထားသူကတော့ WiRa Aung ပါ ) File size_(1.9GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

6 2024
Silent Love
Suffocating Love
6.2

ဒီနေ့မှာတော့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…. “ကြေကွဲလွယ်တဲ့ငါ့ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို ချစ်ရတဲ့ နင် ပင်ပန်းမှာပဲ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ… အချစ်နဲ့ပတ်သက်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ… ဗီဇမတူ… ခံယူချက်ချင်းမတူ.. အမြင်တွေမတူကြတဲ့အခါမှာတော့… ချစ်စခင်စမှာတော့ တွယ်တာမြတ်နိုးပြီး အပြန်အလှန် နားလည်ပေးနိုင်သလောက်… တဖြည်းဖြည်း အနေကြာလာရင် ပိုချစ်ရတဲ့သူက ပိုပြီး ခံစားရတတ်ပါတယ်…. ဒီကားလေးထဲက ဇာတ်လိုက်မင်းသားလည်း ဒီလိုပါပဲ… သဘာဝတရားကြီးကို မြတ်နိုးတဲ့ သက်သတ်လွတ်ပဲစားတဲ့ ပိုင်ကျားချီဆိုတဲ့ ကောင်မလေးကို ချစ်တုန်းက… သူအရမ်းကြိုက်လွန်းတဲ့ ကြက်သား ဝက်သားတွေကို စတေးနိုင်ခဲ့တယ်… သူမကြိုက်တဲ့ စာအုပ်တွေကို ဖတ်လာပြီး… ပိုင်ကျားချီနဲ့အတူ ဘုရားကျောင်းတက်ဖို့ထိကိုလည်း ဝန်မလေးခဲ့ဘူး… ဒါပေမယ့်လည်း… တဖြည်းဖြည်း ကြာလာတော့ ပိုင်ကျားချီတောင်းဆိုတာတွေက သူ့အတွက် ဖိအားတွေဖြစ်လာပြီး… ဖိအားပြေလျော့ဖို့အတွက် ကျောင်းနေဖက်ဟောင်း လင်အန်းရွှမ်နဲ့ ဖောက်ပြန်တဲ့ အဆင့်ထိဖြစ်လာတော့တယ်… သိတဲ့အတိုင်းပဲ ခြံခုန်တဲ့နွားဆိုတာက စည်းဘယ်လောက်ပဲ တားထားပါစေ ခြံပြင်မရောက်ရောက်အောင် ခုန်ထွက်တဲ့အမျိုး… ဒါပေမယ့် ပိုင်ကျားချီကို အသိမပေးဘဲတွဲလာပြီး… နောက်ဆုံး အသိပေးလမ်းခွဲဖို့လုပ်တဲ့နေ့မှာတော့…. မင်းသားဘဝမှာ မယုံကြည်နိုင်လောက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီးတော့… သူဟာ မျဉ်းပြိုင်လောကမှာ နောက်အမျိုးသမီးတစ်ယောက်ရဲ့ ရည်းစားအဖြစ် နိုးထလာခဲ့ပါတယ်… ကဲ ဒီအချစ်ဝင်္ကပါထဲက သူရုန်းထွက်နိုင်မှာလား… နောက်ပြီး ဘာလို့ မျဉ်းပြိုင်လောကကို ရောက်သွားတာလဲ…. နောက်ပြီး ဒီအမျိုးသမီး ၃ ယောက်ကရော ဘယ်လိုတွေပတ်သက်နေတာလဲ…. ဒီကားလေးကြည့်ပြီး ဘာအတွေးလေးရနိုင်မှာလဲ… ဆိုတာ သိရအောင် CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

Thriller • Crime • Drama
6.2 2024
Suffocating Love
Future Date
6.7

Future Date (2024) IMDb Rating (6.7) လက်ရှိခေတ်ကာလကို နှစ်ပေါင်းများစွာကျော်လွန်သွားတဲ့အခါမှာ ကမ္ဘာကြီးဟာ မပျက်စီးရုံတမယ် ကပ်ဘေးဆိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ရာသီဥတုနဲ့ ကပ်ဘေးမျိုးစုံဆိုက်ခဲ့တဲ့ကမ္ဘာကြီးရဲ့ မျက်နှာပြင်ပေါ်မှာ လူတွေဟာမနေနိုင်တော့ဘဲ မြေအောက်မှာ ထောင်အလား အခန်းငယ်နဲ့ ကိုယ်စီနေကြရပါတယ်။ တစ်ချိန်ထဲမှာ ရိုင်းနဲ့ ရီယာဆိုသူဟာ အချင်းချင်း ကိုယ်စီစိတ်ဒုက္ခဖြစ်နေကြတဲ့ လူငယ်လေးတွေပါ။ အလုပ်အဆင်ပြေပေမယ့် သောကပြည့်နေတဲ့ ရီယာ၊ ဂေါ်မစွံတဲ့ ရိုင်းတို့ဟာ အွန်လိုင်းဒိတ်လုပ်တဲ့ အက်ပ်တစ်ခုရဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေအဖြစ်ရွေးချယ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရိုင်းနဲ့ ရီယာတို့ ပြိုင်ပွဲမှာအနိုင်ရသွားပြီး ပြိုင်ပွဲရဲ့မထင်မှတ်ထားတဲ့ဆုကို ရသွားကြမလား ဒါမှမဟုတ် toxic relationship နဲ့ပဲ ဘဝကို ခါးခါးကြီးဖြတ်သန်းရမလားဆိုတာ ဒီဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ဒရာမာဆန်ဆန် ​မျှော်လင့်စောင့်စားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(990 MB) / (490 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance, Sci-Fi Duration….01:21:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Action
6.7 2024 81 mins
Future Date
M
8.3

M (1931) ~ IMDb – 8.3/10, Rotten Tomatoes – 100% ~ M သာမရှိခဲ့ရင် Psycho တို့ Silence of the Lambs တို့ Se7en တို့ဟာ အခုလက်ရှိ ရှိရင်းစွဲအတိုင်း ပြည့်စုံမှာမဟုတ်ဘူးလို့ ဆိုကြတယ်။ M ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဂျာမန်ဒါရိုက်တာ Fritz Lang ဟာ ဒီဘက်ကာလတွေရဲ့ Sci-fi တွေအကုန်လုံးကို လွှမ်းမိုးမှုကြီးခဲ့တဲ့ Metropolis (1927) ကိုရိုက်ခဲ့တဲ့သူလည်းဟုတ်သလို M ကလည်း Crime Drama Thriller တွေကို လွှမ်းမိုးမှုကြီးခဲ့တော့ အသံတိတ်ခေတ်ကတည်းက ဒါရိုက်တာဖြစ်ခဲ့တဲ့ Lang ရဲ့ တင်ဆက်ပြသနိုင်စွမ်းဟာ အံ့ဩဖို့ကောင်းတယ်ပြောရမယ်။ Lang ရဲ့ ရုပ်ရှင်ဒါရိုက်တာသက်တမ်းတစ်လျှောက်မှာ အကောင်းဆုံးလို့ပြောကြတဲ့ကားတွေ အပြည့်ရိုက်ခဲ့ပေမဲ့ Lang ကတော့ အဲဒီထဲ M က အသေသပ်ဆုံးလို့ ပြောခဲ့ဖူးတယ်။ မြို့တစ်မြို့က ကလေးတွေဟာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ခြင်းမလှပျောက်ပြီး အသတ်ခံနေရတယ်။ မိဘတွေကလည်း သူတို့သားသမီးတွေကို ကျီးလန့်စာစား‌ စောင့်ကြည့်နေရတယ်။ ဒီပြဿနာက ဘယ်လောက်ထိကြီးလာလဲဆို နိုင်ငံတော်အတွင်းရေးမှူးက ရဲမင်းကြီးကို ဖုန်းဆက် ကြိမ်းရတဲ့အထိ ပြဿနာကြီးလာခဲ့တယ်။ ရဲတွေကလည်း မသင်္ကာတဲ့နေရာအကုန် လူတိုင်းရဲ့အိမ်မကျန် လိုက်ရှာခဲ့သလို ပြည်သူတွေကလည်း လမ်းပေါ် မသင်္ကာတဲ့လူတွေ့ပြီဆိုတာနဲ့ ဖမ်းပြီး ရဲလက်အပ်ကြတယ်။ နောက်ဆုံးလူဆိုးတွေကပါ ရဲတွေ ပတ္တရောင်ညတိုင်းလှည့် ဟိုတယ်တွေပါ လိုက်စစ်နေတာက သူတို့စီးပွားရေးကို ထိခိုက်လာလို့ လူဆိုးတွေကပါ အဲဒီကိုလူဆိုးကောင်ကို ဖမ်းဖို့လုပ်ခဲ့ကြတယ်။ တစ်မြို့လုံးကလူတွေအကုန် ပိုက်စိတ်တိုက်ရှာနေတဲ့ ဒီလူဟာ သူတို့ထဲက သာမန်လူတစ်ယောက်ပဲဖြစ်နေတဲ့အခါ ပင်လယ်ထဲရောနေတဲ့ ရေချိုကို ပြန်ရှာနေရသလို ဖြစ်နေတော့ တရားခံကို မတွေ့နိုင်ဖြစ်နေခဲ့တယ်။ ဒါကို Lang က ကိုနင်ဒွိုင်းရဲ့ လွှမ်းမိုးမှု နည်းနည်းပါတယ်ထင်ရတဲ့ Elements တွေသုံးပြီး ပုံဖော်သွားတယ်။ တရားခံကို မတွေ့ခင်မှာလည်း ဇာတ်က တော်တော်စိတ်ဝင်စားစရာကောင်းခဲ့သလို တရားခံကိုတွေ့ပုံကနေ တရားခံရဲ့ တုံ့ပြန်မှုတွေအထိ အရာရာပြည့်စုံနေတဲ့ Crime Thriller မာစတာပိစ်လို့ပြောလို့ရတယ်။ M က ကျွန်တော့်ကို ကောင်းကောင်းကြီးအမြင်ကျယ်စေခဲ့တာကတော့ အနုပညာကစလို့ သိပ္ပံပညာအထိ ဒီလောကကြီးမှာ ဘာတစ်ခုမှအသစ်မရှိဘူးဆိုတာ အတိုင်းအတာတော်တော်ဝေးဝေးထိတော့ မှန်ကောင်းမှန်နေတယ်ဆိုတာပါပဲ။ Thriller လိုင်းဘက်က ပုံမှန်ရုပ်ရှင်တွေကနေ ကွဲပြားတယ် သစ်တယ်လို့ တချို့ရုပ်ရှင်တွေမှာ ကျွန်တော်တို့တွေ့ခဲ့ရတဲ့ တက္ကနစ်တွေကို M မှာ မြင်နေရတယ်။ ယုတ်စွအဆုံး ခရိုရှိကူရိုဆာဝါရဲ့ ဒီနှစ်ထွက်တဲ့ Chime လိုမျိုး ခိရိုရှိအတွက် အမြင့်ဆုံးအဆင့်ဖြစ်သွားတယ်လို့ ကျွန်တော်မြင်တဲ့ Thriller တင်ဆက်ပုံမျိုးတောင် M ရဲ့ ဇာတ်လမ်းထဲမှာ ခိုတွဲနေတယ်။ ဘာတစ်ခုမှ အသစ်မရှိတဲ့ကမ္ဘာကြီးမှာ ဖန်တီးမှုအတွက် အခရာအကျဆုံးက ရိုးသားမှုဖြစ်ကောင်းဖြစ်နိုင်တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 865MB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 1H 39Min Genre – Crime, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Music
8.3 1931 111 mins
M