YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heartstrings(2011)EP15.END.NF.WEB-DL.1080P(CM).mp4

1.55 GB N/A video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My One True Love
6.8

Review- မိတ်ဆွေတို့ရဲ့ဘဝမှာအဆင်မပြေတာတို့ ခက်ခဲတဲ့အချိန်တို့ကြုံတွေ့ရတဲ့အချိန်တွေမှာ တသ်နေရာမှာတစ်ယောက်တည်းနေပြီး ဒီအခက်အခဲတွေအကြောင်းစဉ်းစားကြည့်ဖူးမယ်ထင်ပါတယ်, ဒါမှမဟုတ် အခြားသူတစ်ယောက်အခက်အခဲြစ်နေတာတွေကိုကြည့်ပြီးတော့ သူ့နေရာကိုခဏဝင်ကြည့်ပြီး စဉ်းစားဖြစ်လားဗျ, လူတိုင်းကတော့ ရှင်းပြလို့မရတဲ့ကိုယ်အခက်အခဲနဲ့ကိုယ်ပါ, ဒီကားကတော့ Nightclub က အပျော်မယ်လေး Aoi ရဲ့ခက်ခဲတဲ့ဘဝအကြောင်းပါ, Aoi ဟာ ဘဝပေးအခြေအနေကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ အသက်မပြည့်သေးဘဲ ဒီအလုပ်တွေနဲ့ရှာဖွေစားသောက်လျက်ရှိပါတယ်, ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ပြီး ဘာမှလက်လုပ်လက်စားမရှိ ရှိသမျှပိုက်ဆံကိုသုံးဖြုန်းတတ်တဲ့ ယောကျာ်းMasaya နဲ့ 2နှစ်အရွယ်သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်, ပိုက်ဆံမပေးနိုင်ရင်လည်း ယောကျာ်းဆီမှာထိုးကြိတ်ခြင်းခံရပါသေးတယ် တစ်နေ့မှာ အသက်မပြည့်သေးတဲ့လူတွေနဲ့လုပ်ကိုင်စားသောက်တဲ့ Club တွေကို ရဲတွေကဝင်ဖမ်းပြီးပိတ်သိမ်းလိုက်တာကြောင့် Aoi တစ်ယောက်အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး အခြားကလပ်တွေပါအလုပ်မခံ့ကြတော့ပါဘူး, ဒီကြားထဲ Masaya တစ်ယောက်ရန်ဖြစ်ပြီး အချုပ်ထဲရောက်သွားလို့ လျော်ကြေးပေးရမယ်အခြေအနေတွေဖြစ်လာတာကြောင့် Aoi မှာပိုက်ဆံလိုလာခဲ့ပြီး သူ့မှာရွေးချယ်စရာတစ်ခုပဲရှိလာပါတော့တယ်, ဒါကတော့ ဒိတ်လိုက်တဲ့ဝန်ဆောင်မှုပါ, သာမန်နေ့ပိုင်းအလုပ်ကလည်း လစာပိုက်ဆံနည်းပါးလွန်းတာကြောင့် Aoi ဟာ ဒိတ်လုက်တဲ့ဝန်ဆောင်မှုနဲ့ ဒီအခက်အခဲတွေကိုဘယ်လိုဖြေရှင်းရမလဲ အကျိုးဆက်တွေဘယ်လိုတွေဖြစ်လာမလဲဆိုတာကြည့်ရှုရမှာပါ (မင်းသမီးကတော်တော်လှတယ်) ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__7/10 Format__mp4 Duration__02:04:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama • Mystery • Thriller
6.8 2022 88 mins
My One True Love
Species II
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 2 (1998) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်....ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:33:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy • Crime
5.2 1998 93 mins
Species II
Indiana Jones and Raiders of the Lost Ark
8.4

Indiana Jones and Raiders of the Lost Ark (1981) IMDb Rating (8.4) / Rotten Tomatoes (93%) ++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) ~ Y ~ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။

8.4 1981 115 mins
Indiana Jones and Raiders of the Lost Ark
Cricket & Antoinette
7.2

နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့အကြောင်း ရိုက်ထားတဲ့ 2023 ထွက် animationကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီစွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစားစုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါးအေးအေးလူလူနေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။ ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။သူတို့အနီးအနားမှာတော့ Antoinette လို့ခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဥ်းတွေပဲရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မတော်တဆတွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖို့ကြိုးစားပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီးကျော်ဖြတ်နိုင်တာမရှိခဲ့လို့ပါ။ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေရှိပေမယ့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြပြီးသဟဇာတဖြစ်စွာနေထိုင်နိုင် အောင်ကြိုးစားခဲ့ကြပါတယ်။ ချစ်စရာဇာတ်ကောင်လေးတွေနဲ့ ချစ်စရာဇာတ်ကြောင်းလေးကို စောင်လေးကိုက် ပြုံးပြုံးလေးနဲ့ပဲကြည့်ကြည့် ကိုယ်ချစ်တဲ့သူရဲ့ လက်လေးကို တင်းတင်းဆုပ်ရင်းပဲကြည့်ကြည့် မိုးအေးအေးလေးထဲမှာတော့ နွေးနေစေမှာအမှန်ပါပဲ File size…(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Animation, Advanture, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.2 2023
Cricket & Antoinette
Just For Meeting You
5.8

ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် ကျောင်းသား အချစ်ရုပ်ရှင်ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကျောင်းပြောင်းလာတဲ့ ရွှီညန့်ညန့်ဟာ ယန်ရိနဲ့ အထင်လွှဲမှုတစ်ခုကြောင့် ရန်ငြိုးထားခံရပြီး ပြဿနာလုပ်ခံရပါတယ်။ မတည့်အတူနေ နှစ်ယောက်ဟာ အချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ အနိုင်လိုချင်စိတ်ကြောင့်လို့ ထင်နေကြပေမယ့် မသိမသာအတွင်းမှာ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ ကောင်မလေးနဲ့ ကောင်လေးတို့ဟာ ဒီလိုနဲ့ တက်ကြွတောက်ပပြီး မေ့လို့မလွယ်တဲ့ အထက်တန်းအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့်လဲနောက်ဆုံးမှာတော့ ခွဲခွါခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ အချင်းချင်းမေ့မရတဲ့ နှစ်ယောက်သား ပြန်တွေ့တဲ့အချိန်မှာ သတ္တိရှိစွာနဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး ကိုယ့်ရင်ထဲက အချစ်တွေကို ရင်ဆိုင်နိုင်ကြမလား ဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.8 2023
Just For Meeting You
Blackthorn
6.5

IMDB rating – 6.5 Rotten Tomatoes- 75% Rating မြင့်တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါတယ်။ ၁၉၀၈ ခုနှစ် ဝန်းကျင်မှာဇာတ်အိမ်တည်ထားပြီး တစ်ချိန်က နာမည်ကြီး သရုပ်ဆောင် Sam Sherpard က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Blackthorn နေရာမှာသရုပ်ဆောင်ထားပြီး Blackthorn ရဲ့ငယ်ဘဝကို Game of Throne ဇာတ်လမ်းတွဲထဲက ဂျိန်းလန်နစ်စတာကြီး (Nikolaj Coster-Waldau) ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က နာမည်ကြီး တောပုန်းလူဆိုးကြီး ဘုချ်ကတ်စစ်ဒီ ဟာ ဂျိန်းစ်ဘလက်သွန်းဆိုတဲ့နာမည်နဲ့ ဘိုလီဗီးယားနိုင်ငံက မထင်မရှားရွာလေးမှာ မြင်းမွေးပြီးအသက်မွေးနေထိုင်တယ်။ တစ်နေ့သူချစ်ရတဲ့ အမျိုးသမီးတစ်ယောက်က သေဆုံးသွားပြီးဆိုတဲ့သတင်းကိုကြားတဲ့အတွက် ကျန်ခဲ့တဲ့သားကိုစောင့်ရှောက်ဖို့ဆိုပြီး အမေရိကန်နိုင်ငံကိုပြန်ဖို့ပြင်ဆင်ပါတော့တယ်။ ဘဏ်မှာအပ်ထားတဲ့ သူ့ပိုက်ဆံတွေကိုအကုန်ထုတ်ပြီး မြင်းတစ်ကောင်နဲ့ ထွက်လာပြီး လမ်းမှာ ထွက်ပြေးလာတဲ့အယ်ဂွာဒိုဆိုတဲ့ စပိန်သားတစ်ယောက်က သူ့ကိုလူမှားပြီးသေနတ်နဲ့ပစ်လိုက်တာ လူတော့မထိပေမယ့် မြင်းကတော့ထွက်ပြေး သွားပါတယ်။ ရှိသမျှအကုန်ထုတ်ထားတဲ့ပိုက်ဆံတွေ ပါသွားတဲ့အတွက် အယ်ဂွာဒိုကို သတ်မယ်အလုပ်မှာသူ့မှာ ပိုက်ဆံတွေအများကြီးရှိကြောင်း ၊ သူ့ကိုကယ်ပေးရင်ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေပြန်ပေးနိုင်ကြောင်းပြောတဲ့အခါမှာ ဇာတ်လမ်းကစတင်ပါတော့တယ်။ File size…2.02GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.5 2011
Blackthorn
Frozen River
7.1

Frozen River ဆိုတဲ့ဇာတ်ကားက 2008 ခုနှစ်မှာထွက်ရှိထားပြီး rating 7.1 ရထားတဲ့ Crime နဲ့ Mystery အမျိုးအစားဖြစ်ပါတယ်။ ယောကျာ်းဖြစ်သူက စုထားတဲ့ငွေတွေအကုန်ယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်နဲ့အမေဖြစ်သူဟာ ကလေးတွေကို သေချာတောင်မကျွေးမွေးနိုင်တော့လို့ဒုက္ခရောက်ရပါတော့တယ်။ အရေးတကြီးပိုက်ဆံလိုနေတဲ့ အမေဖြစ်သူဟာ ပိုက်ဆံကိုရတဲ့နည်းနဲ့ရှာမှရမဲ့ အခြေအနေဖြစ်နေတာမလို့လူမျိုးခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး နိုင်ငံခြားသားလူမျိုးခြားတွေကို နိုင်ငံထဲလူမှောင်ခိုခေါ်သွင်းဖို့ဖြစ်လာရပါတော့တယ်။ အဲဒီနောက်ပိုင်း ဘာတွေ့ကြုံလာရမလဲ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး………. File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

7.1 2008
Frozen River
The Courier
4.5

The Courier (2012) ============== ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။ လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.4 GB) / (608 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Drama Translator…….Thetti Tun Encoder……….SWM

4.5 2012
The Courier
[18+] The Sex Film

************************ ဂန်ဂျင်ဂယူဆိုတဲ့ သူဟာ အပြာကားကုမ္ပဏီတစ်ခုရဲ့ လက်ထောက်ဒါရိုက်တာဖြစ်တယ် .. ဒါပေမဲ့သူက အပြာကားကို ရိုးရိုးတန်းတန်း မင်းသားနဲ့ မင်းသမီး ဆုံကြ ဆန်မှုန့်ထောင်းကြတာမျိုးချည်း မရိုက်ချင်ဘဲ မင်းသားနဲ့ မင်းသမီးရဲ့ အချစ်စိတ်တွေ ခံစားချက်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြချင်နေတယ် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အထက်လူကြီးဖြစ်တဲ့ ဒါရိုက်တာနဲ့လည်း အမြဲပြဿနာ တက်နေရသူဖြစ်တယ် ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အပြာကားရုပ်ရှင်လောကရဲ့ ရိုက်ချက်တွေကို ဂျင်ဂယူတစ်ယောက် ပြင်နိုင်မလား သူရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေကို ရိုက်လာနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် အပြာကားရုပ်ရှင် ရိုက်ကူးတဲ့ ဇာတ်ကွက်တွေ အများကြီးပါတာမို့ မင်းသားနဲ့ မင်းသမီးတို့ ဆန်မှုန့်ခဏခဏထောင်းတာကို မြင်‌တွေ့ကြရမှာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါနော်… File Size : 1.1GB & 597MB Quality : WEB-DL1080p, 720p Format…mp4 Duration…01:13:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2007
[18+] The Sex Film
Premalu
8.2

Premalu (2024) “စမ်းတဝါးဝါး” IMDb – 8.3/10 အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပေါ့။ ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကို ဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊ တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့ စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ ခံစားကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

8.2 2024 155 mins
Premalu
Loving Leah
7.1

ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေး ဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့ အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုး တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူ ဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကို နာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာ အစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင် အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့ လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်း ဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့ သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခု အထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ File size…2.01GB / 986MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 35m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7.1 2009 97 mins
Loving Leah
The Man with the Answers
6.8

The Man with the Answers ( 2021 ) ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ လူတစ်ယောက်အကြောင်း ဖြစ်နေခဲ့တယ်။ သူ့သူငယ်ချင်းပြောသလို ကမ္ဘာကြီးက ရိုးရှင်းတဲ့အဖြေတွေနဲ့ ဖြေမရအောင် ရှုပ်ထွေးလွန်းနေတယ်ဆိုတော့ ဒီဟာတွေရဲ့ အဖြေကိုသူတွေ့မတွေ့ မရေရာနိုင်ဘူး။ ရေရာတာကတော့ ဒီရုပ်ရှင်ဟာ လူနှစ်ယောက်နဲ့ ခရီးတစ်ခုကို သေချာလေးသက်ဝင်ခံစားနိုင်အောင်ပြထားတဲ့ ခရီးတစ်ခုအကြောင်း အလှပဆုံးရုပ်ရှင်တစ်ကားဆိုတာပါပဲ။ စိတ်ဟာ မငြိမ်းနိုင်တဲ့အခါ ကြည့်လိုက်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 671MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.8 2021
The Man with the Answers
The Marginalized La marginale
5.8

La marginale (2023) IMDb Rating (5.8) ဒီကားလေးကတော့ ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ပြင်သစ် comedy/drama ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Michele ဆိုတဲ့အမျိုးသမီးကလေဆိပ်မှာနေနေပြီးသူ့သားပြန်လာတာကိုစောင့်မျှော်နေတဲ့အိမ်ခြေမဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာသူပိုက်ဆံတွေအများကြီးရသွားတော့ Theo လို့ခေါ်တဲ့စိတ်ကျန်းမာ‌ရေးမကောင်းတဲ့ကောင်လေးတစ်ယောက်ကို Lisbon မှာရှိတဲ့သူ့သားကိုရှာဖို့လိုက်ပို့ခိုင်းရင်း Theo ကမသိဘဲလက်ခံလိုက်ရာမှသူတို့ခရီးတစ်လျှောက်ကြုံတွေ့ပြီးသံယောဇဥ်ရှိလာတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shin ဖြစ်ပါတယ်။) File size…(1.6 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:38:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Shin

Horror • Thriller
5.8 2023 97 mins
The Marginalized La marginale
Arrest Yang Qiangqiang
5.8

ဒီတခါတင်ဆက်ပေးမှာကတော့ မူခင်းရုပ်ရှင်ဇာတ်ကားလေးပါပဲ သည်းထိတ်ရင်ဖိုကြိုက်သူတွေ မူခင်းစုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မဲ့ဇာတ်ကားတစ်ကားလို့ထင်မြင်မိပါတယ် ဇာတ်လမ်းအညွန်းကတော့ ရှင်းပြလို့မရနိုင်တဲ့ မီးလောင်မှုတစ်ခု၊ ဘယ်သူမှန်းမသိရတဲ့ အမျိုးသမီး အလောင်းတစ်လောင်း နဲ့ ဘယ်ကလာမှန်းမသိတဲ့ ငွေညှစ်စာတစ်စောင်တို့က အပြစ်ကင်းတဲ့ ဟိုတယ်ပိုင်ရှင် တုန်းဟုန်လျှန်ရဲ့ ငြိမ်းချမ်းတဲ့ ဘဝကို အဆုံးမရှိတဲ့ အနက်ရှိုင်းဆုံး တွင်းထဲကိုဆွဲချသလိုဖြစ်သွားခဲ့တယ် ဒီအမှုကို ရဲအရာရှိ ရဲဝမ်ထောင်ရဲ့ ပါဝင်ပတ်သက်မှုကတဆင့်ပြီးတော့ သဲလွန်စတွေက အခုထိကို မဖြေရှင်းရသေးတဲ့ အမှုဟောင်းတခုဆီကိုပါ ဆက်လက်ဦးတည်သွားခဲ့ပါတော့တယ် ဒီလိုအရှုပ်အထွေးတွေရဲ့ နောက်ကွယ်က အမှန်တရားကဘာများဖြစ်နေမလဲ သတ်ဖြတ်မှုတွေကရော အဆုံးသတ်နိုင်ပါ့မလား ???

5.8 2024
Arrest Yang Qiangqiang
Twelve O’Clock High
7.7

ဒုတိယကမ္ဘာစစ်ကြီးမှာ ၂၁သန်းကနေ ၂၅သန်းကြားရှိ စစ်သားတွေ ကမ္ဘာတစ်ဝှမ်းအများအပြား အသက်ပေးခဲ့ကြရပါတယ်။ စစ်ပွဲမှာ ယောက်ျားအရင့်အမာကြီးတွေ အနေနဲ့ ဘယ်လောက်စိတ်ဓာတ်မာကြောနိုင်ကြနိုင်မလဲဆိုတာ တစိမ့်စိမ့်ခံစားကြည့်ရှုနိုင်မယ့် IMDb 7.7 ရထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း လေတပ်ဗိုလ်ကြီး ဒဗန်ပေါ့ဦးဆောင်တဲ့ အင်္ဂလန်ကိုရောက်ရှိနေတဲ့ အမေရိကန်လေတပ် တပ်ရင်းအမှတ် ၉၁၈ဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး အကျအဆုံးနဲ့အထိအခိုက် များလာတဲ့အတွက် ဗိုလ်ကြီး ဒဗန်ပေါ့ အထောင်းခံနေရပါတယ်။ တပ်သားတွေကို မိသားစုဝင်လို ချစ်ခင်ဆက်ဆံတတ်ပြီး သက်ညှာတတ်တဲ့ ဗိုလ်ကြီး ဒဗန်ပေါ့ကို အေးဆေးတည်ငြိမ် ခက်ထန်လွန်းတယ်လို့နာမည်ကြီးတဲ့ သူငယ်ချင်းဖြစ်သူ ဗိုလ်ချုပ် ဖရန့်ခ်ဆားဗေ့နဲ့ အထက်က အစားထိုးလိုက်ပါတယ်။ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလိုပဲ မိန့်ခွန်းပြောအပြီးမှာတင် တပ်သားအားလုံးက ဖရန့်ခ်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘဲ ရွှေ့ပြောင်းမိန့်အတွက် အားလုံးတစ်ညီတည်း စာတင်ကြပါတော့တယ်။ ဒီလိုအခြေအနေကနေ ဖရန့်ခ်တစ်ယောက် ဒီတပ်ရင်းကို လိုချင်တဲ့ပန်းတိုင် ရောက်အောင် ဘယ်လိုကြိုးစားမလဲ။ တပ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုရော ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ ကြည့်ရမှာပါ။ မျက်ရည်မချူ မျက်ရည်မကျစေဘဲ ကမ္ဘာစစ်တွေအတွင်းက ယောက်ျားသားတွေရဲ့ မျိုးစုံသော ဖိအားကို လက်တွေ့ဘဝမှာ အနုပညာဆန်ဆန် တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 4.1 GB GB / 2.62 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 12m Genre ….. Drama / War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mahaw Htike Lay

Drama • Thriller
7.7 1949 132 mins
Twelve O’Clock High