YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heartstopper.S02E08.1080p.CM.mp4

588.29 MB N/A video/mp4 257 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
Detective Dee and the Mysterious City

ထန်မင်းဆက်ရဲ့ဧကရီဘုရင်မ အုပ်ချုပ်တဲ့အချိန်မှာကျိုင်း‌ကောင်ကပ်ဘေးကျရောက်တာကြောင့် ဒုက္ခသည်တွေကိုကယ်ဆယ်ဖို တိုင်းပြည်ဘဏ္ဍာတိုက်ကနေ ရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်၊ဒါပေမဲ့လည်း ငွေတုံးတွေဟာ သယ်ယူပိုဆောင်တဲ့လမ်းခရီးမှာတင် လုယက်ခံလိုက်ရပါတယ်... ဒါပေမဲ့ ထင်သလောက်တော့ သူခိုးဓားပြလုယက်ရုံသာမာန်အမှုလောက်တော့ မဟုတ်ခဲ့ပါဘူး၊အမှုမဖြစ်ခင်မှာ "ယင်းယန်လိပ်ပြာ"လိုခေါ်တဲ့ နှစ်ရောင်ပြန်လိပ်ပြာအုပ်စုပေါ်လာပြီး ငွေသတ္တာတွေဟာ လေထဲမှာရုတ်တရက်ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်... ‌ဒါကြောင့် သံသယဝင်စရာပစ်မှတ်ဟာ "ယင်းယန်လိပ်ပြာ"တွေဖြစ်နေတဲ့အခါ... တကယ်ပဲ ထင်ထားသလိုဖြစ်နေမလား ဆိုရိုးရှိသလို မိစ္ဆာဝိညာဉ်ထက် လူ့မိစ္ဆာစိတ်/မကောင်းတဲ့ လောဘစိတ်ကပိုကြောက်စရာကောင်းတယ်ဆိုသလို နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူများဖြစ်နေမလား? ရည်ရွယ်ချက်အစစ်မှန်ကရော ငွေတွေသိမ်းပိုက်နိုင်ဖိုပဲလား...? "စုံထောက်ကြီးဒီးရန်ကျယ်"ဆိုတိုင်း အမှုတစ်ခုကိုပဟေဠိဆန်ဆန် ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာတွေ့မြင်ရမှာမလို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးရှင့်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK

Science Fiction
0 2021 77 mins
Detective Dee and the Mysterious City

IMDb Rating - 6.5/10 စွန့်စားခန်းကြည့်ချင်လား? သဲထိပ်ရင်ဖိုကြည့်ချင်လား ? ဇာတ်လမ်းအစနေအဆုံးအထိ စီးမြောခံစားပြီးကြည့်ချင်လား ? အများကြီးမစဉ်းစားနေပါနဲ့ တစ်ခါတည်းဒေါင်းပြီး ကြည့်လိုက်တော့ဗျို့... ပိုစတာမြင်တာနဲ့ ဘာကားမှန်းတော့သိကြမှာပါ။ တောမီးလောင်တာကို ငြိမ်းရတဲ့ မီးသတ်ကားလေးပါ။ တစ်ခြားမီးသတ်ကားနဲ့ဘာမတူဘူးလဲဆိုတော့ ဇာတ်အလယ်ရောက်မှ ဇာတ်ရှိန်တက်တာမဟုတ်ဘူးဗျ၊ အစကတည်းက တက်လိုက်တဲ့ဇာတ်ရှိန်၊ တစ်ခါမှကို ပြန်မကျတော့ဘူး။ သရုပ်ဆောင်တွေကလည်း ကွက်တိ။ မီးလောင်နေတဲ့တောထဲ တကယ်ရိုက်ထားသလားတောင် ထင်ရတဲ့အထိပါ။ တကယ်ကောင်းပါတယ်။ ကမ္ဘာကြီးလည်း တစ်ဖြည်းဖြည်းပူလာတာနဲ့အမျှ တောမီးတွေလည်းနေရာစုံက လောင်နေပါတယ်။ ဒါကိုငြိမ်းဖို့ လူအင်အားလည်းမရှိတော့ လူသစ်တစ်ယောက်ကို အပါခေါ်ပြီး စုစုပေါင်းခြောက်ယောက်နဲ့ မစ်ရှင်စပါတော့တယ်။ တောမီးငြိမ်းနေရင်းနဲ့ အနီးအနားကရွာပါ မီးကူးသွားနိုင်တဲ့ အခြေအနေနဲ့ကြုံလာတော့... ဘယ်လိုမျိုးဇာတ်သိမ်း ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.47 GB) / (1.39 GB) / (884 MB) Quality............WebRip 1080p / 720p / 360P Duration.........2Hr 11mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Jo Jo Va Encoder..........SWM

Drama
null 2020
No Escapes
6 Bullets
6

မင်းသားကြီးဗန်ဒိန်းရဲ့ ၂၀၁၂ကထွက်ခဲ့တဲ့ အက်ရှင်ကား​ဟောင်း တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်၊ IMDb မှာ 6 ရထားပြီးငယ်ငယ်ကထဲက ကြိုက်ခဲ့ရတဲ မင်းသားကြီးရဲ့ မပျက်စီး​သေးတဲ့ အက်ရှင်​တွေကို မြင်​တွေ့ရဦးမှာပါ။ ဆမ်ဆန်​​ဂေါလ်က ​ကြေးစားစစ်သား​ဟောင်းဖြစ်ပြီး အနားယူချိန် အလွတ်စုံ​ထောက်အ​နေနဲ့ လူကုန်ကူးမှု​တွေကို အဓိကလိုက်​နေတဲ့ သူပါ၊ ဒါ​ပေမဲ့ သူရဲ့ သတိလက်လွတ်လုပ်လိုက်မိတဲ့ မ​တော်တဆတစ်ခု​​ကြောင့် က​လေးမ​လေး ၂​ယောက် ​​သေရပြီး​နောက် အပြစ်ရှိတဲ့စိတ်နဲ့ အလွတ်စုံ​ထောက်ဘဝကပါနားကာ အသား​ရောင်းသူအဖြစ် ဇာတ်မြုပ်​နေထိုင်ခဲ့ပါတယ်။ တစ်​နေ့မှာ အ​မေရိကန် MMAဖိုက်တာ ချန်ပီယံ​ဟောင်း အန်ဒရူး ​​ဖေဒန်နဲ့မိသားစုဟာ တ​ကျော့ပြန် ထိုးသတ်ပွဲအတွက် ​ဆွေး​နွေးဖို့ ​ဆမ်ဆန်​​ဂေါလ်​နေတဲ့ ​မော်ဒိုဗာနိုင်ငံကို ရောက်လာပါတယ်၊ သူတို့ ​ရောက်ပြီး မကြာခင်မှာ သမီးဖြစ်သူ ဘက်ကီ​ဖေဒန် ရုတ်တရက် ပျောက်ဆုံးသွားပါတယ်၊ ရဲတပ်ဖွဲ့နဲ့ အ​မေရိကန်သံရုံးအထိ သူရဲ့ ​ပျောက်ဆုံးမှုကို အပူတပြင်းစုံစမ်းခဲ့​ပေမယ့် မထူးခြားတဲ့အဆုံး အနားယူ​နေတဲ့ ဆမ်ဆန်​​ဂေါလ်ဆီ ​ရောက်လာခဲ့ပါတယ်၊ ဒီလိုနဲ့ပဲ ​ကြေးစားစစ်သား​ဟောင်းကြီးဟာ ​က​လေးမ​လေးကို လိုက်ရှာဖို့အ​ကြောင်းပါလာပြန်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(2.1GB) / (1GB) Quality__Bluray-1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:59:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Action • Thriller
6 2012 115 mins
6 Bullets
Zanjeer
4.5

တောင်ပိုင်းမင်းသား ရမ်ချရန် Ram Charan နဲ့ ဘောလိဝုဒ်မင်းသမီးချော ပရီရန်ကာချော်ပရာ Priyanka Chopra တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက တောင်ပိုင်းဆန်တဲ့ အက်ရှင်ရဲဇာတ်ကားပါ။ ဇာတ်လမ်းကတော့... ACP Vijay Khanna ဆိုတာ မတရားမှုတွေကို လက်ပိုက်ကြည့်မနေဘဲ ကိုယ်တိုင်ဝင်ပါဖြေရှင်းတတ်ပြီး လက်သံပြောင်လွန်းလို့ ရဲဌာနတွေကနေ ခဏခဏပြောင်းရွှေ့ခံနေရတဲ့ရဲအရာရှိတစ်ဦးပါ...ဒီတစ်ခါ... သူပြောင်းရွှေ့ခံလိုက်ရတဲ့နေရာမှာ ဆီမှောင်ခိုလုပ်ငန်းက အမြစ်တွယ်ကြီးထွားနေပြီး မကောင်းမှုအားလုံးရဲ့မြစ်ဖျားခံရာဆိုတာနဲ့ ဒီမကောင်းမှုတွေမှာ ရဲဌာနက လူကြီးတွေပါပါဝင်နေတာကို သူသိလိုက်တဲ့အခါမှာတော့... ACP Vijay Khanna တစ်ယောက် အမှန်တရားအတွက် ဘာကိုမှ မငဲ့ကွက်ဘဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ........။ File size…(3.9 GB)/(1.4 GB) Quality…WEBHD 1080p HEVC/720p Format…mkv/mp4 Duration….02:09:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Comedy
4.5 2013 138 mins
Zanjeer
Pamfir
7.8

Pamfir (2022) ~ IMDb - 7.6/10, Rotten Tomatoes - 93% ~ " ဝတ်လစ်စလစ်အခန်းအနည်းငယ်ပါဝင်တာကြောင့် အသက်မပြည့်တဲ့ကလေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး " Rotten Tomatoes 93% ရရှိထားပြီး ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့သလို ဆန်ခါတင်တစ်ဆုပါ ဝင်ခဲ့တဲ့ ယူကရိန်းရုပ်ရှင်ဇာတ်ကား‌ကောင်းတစ်ကားပဲဖြစ်ပါတယ်။ ယူကရိန်းဇာတ်ကားတွေက ဟောလိဝုဒ်ကားတွေထက်စာရင် ကျွန်တော်တို့နဲ့နည်းနည်းအလှမ်းဝေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းက ဟောလိဝုဒ်ထက်မသာတောင် ယှဉ်နိုင်တဲ့အခြေအနေတစ်ခုရှိပါတယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုအဆင့်အတန်းတစ်ခုကို ကောင်းကောင်းချပြထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့အစမှာ လီယိုနစ်ဆိုတဲ့ ဖခင်တစ်ယောက်၊ မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ သူ့ရဲ့နယ်စပ်ကဇာတိမြေကိုပြန်လာပြီး သူ့မိန်းမနဲ့ သားဖြစ်သူနဇာကို ပြန်လာတွေ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သား နဇာက သူ့အဖေကြာကြာနေအောင်ဆိုပြီး သူ့အဖေရဲ့ စာရွက်စာတမ်းတွေထားထားတဲ့ ဘုရားကျောင်းကို မီးရှို့ပစ်ပါတယ်။ အဲဒီမှာ ပြန်အလျော်ပေးဖို့ ပိုက်ဆံလိုတာကြောင့် ဖခင်ဖြစ်သူက သူဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ မှောင်ခိုအလုပ်ကိုနောက်တစ်ခါ ထပ်လုပ်ရဖို့ဖြစ်လာပါတယ်။ မှောင်ခိုလောကဆိုတာ အတော်ကိုရက်စက်တဲ့လောကပါ။ ဂွင်မကျော်သင့်တဲ့လူကိုကျော်မိရင် ဘဝပါပျက်တဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီမှာ ဖြစ်ချင်တော့ ပိုက်ဆံရဖို့ တကယ့်ခေါင်ကြီးတစ်ယောက်ကို လီယိုနစ်‌တစ်ယောက် ဂွင်ကျော်ရိုက်ရ‌ပါတော့တယ်။ သူဂွင်ကျော်တာကို အဲဒီလူသိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မှောင်ခိုသမားတွေရဲ့ လုပ်ကွက်တွေ၊ ဘဝတွေကိုမြင်ရမှာဖြစ်ပြီး ဖခင်တစ်ယောက်၊ သားတစ်ယောက်၊ ခင်ပွန်းသည်တစ်ယောက် ဖြစ်တဲ့ လီယိုနစ်အနေနဲ့ သူ့မိသားစုအတွက် ဘယ်လိုတွေပေးဆပ်သလဲတွေ့ရမှာပါ။ ဖခင်တစ်ယောက်ရဲ့ စိတ်ဓာတ်အတိုင်း သူ့သားကိုပညာသင်ဖို့၊ သူ့လို ပညာမတတ်တဲ့လူမဖြစ်ဖို့ အစွမ်းကုန်ဆုံးမတာတွေနဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုပါဖော်ကျူးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Dmytro Sukholytkyy-Sobchuk အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးပြီးစီးဖို့ ၁၀ နှစ်အချိန်ယူခဲ့ရတယ်ဆိုပါတယ်။ ဇာတ်သိမ်းနဲ့ အဓိကသရုပ်ဆောင်ရဲ့ဟန်ပန်ကို သူစိတ်တိုင်းမကျမချင်းကို ရိုက်နေတာကြောင့်ပါ။ အဲဒီလိုရိုက်ကူးခဲ့တာကလည်း အကျိုးရှိခဲ့တယ်ပြောလို့ရမှာဖြစ်ပြီး Pamfir ဟာ နိုင်ငံတကာရုပ်ရှင်ဆုပေါင်း ၁၈ခုနဲ့ ဆန်ခါတင်စာရင်းပေါင်းများစွာဝင်ခဲ့ပါတယ်။ တောင်တန်းတွေရဲ့အလှ၊ ရုပ်ရှင်‌ရိုက်ကွက်အလှအပတွေနဲ့အတူ ဒရာမာကောင်းကောင်းလေးကြည့်ချင်တယ်ဆိုရင်တော့ မြည်းကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama • Mystery
7.8 2022 106 mins
Pamfir
In the Line of Fire
7.2

In the Line of Fire (1993) ~ IMDb – 7.2/10, Rotten Tomatoes – 96% ~ ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကား​တွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ ​ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတ​က​နေဒီရဲ့ သက်​တော်​စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ က​နေဒီလုပ်ကြံခံရတဲ့အချိန် သက်​တော်​စောင့်အဖြစ်ရှိခဲ့တဲ့ ဖရန့်ခ်ဟာ အဲဒီကိစ္စ​နောက်ပိုင်း လျှို့ဝှက်​အေးဂျင့်အ​နေနဲ့ပဲ လုပ်ကိုင်​နေရင်း တစ်​နေ့မှာတော့ လက်ရှိသမ္မတ​ကို လုပ်ကြံမယ်ဆိုတဲ့ ဖုန်း​​​ခေါ်ဆိုမှုတစ်ခု ဖရန့်ခ်ဆီ ရောက်လာပါတယ်။ အဲဒီအချိန်ဟာ ​​ရွေး​ကောက်ပွဲအတွက် မဲဆွယ်မှု​တွေ ပြုလုပ်​နေတဲ့အချိန်ဖြစ်လို့ သမ္မတကလည်း မဲဆွယ်ဖို့ နိုင်ငံအနှံ့ သွားလာ​နေရတဲ့အချိန်ပါ။ က​​နေဒီကို မကာကွယ်နိုင်ခဲ့တဲ့ ဖရန့်ခ်ဟာ လက်ရှိသမ္မတကို ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ကိုယ်ရံ​တော်အဖွဲ့ထဲ ပြန်ဝင်ပြီး လုပ်ကြံမယ်လို့ ခြိမ်း​ခြောက်ထားသူနဲ့ ရင်ဆိုင်ဖို့ ​ရွေးချယ်လိုက်ပါ​တော့တယ်။ မင်းသားကြီး ၂​ယောက်ရဲ့သရုပ်​ဆောင်ပုံ​​တွေက ပီပြင်တာ​ကြောင့် Thriller စစ်စစ် အရသာကို ​ပေးစွမ်းနိုင်ရုံတင်မက သက်​တော်​စောင့်နဲ့ လူသတ်သမားကြား ဘယ်သူအသာရသွားမလဲဆိုတဲ့အားပြိုင်မှုကို ဇာတ်လမ်းပြီးကာနီးအထိ ရင်တထိတ်ထိတ်ကြည့်ရမယ့် ၉၀ခုနှစ် ဝန်းကျင်ရဲ့ အက်ရှင်ကား​ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 8Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by X Encoded by Y

7.2 1993
In the Line of Fire
Priscilla
7

Priscilla (2023) ~ IMDb – 7/10, RT – 82%, Meta – 78% ~ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။ ၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က “Elvis and Me” ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့ Elvis (2022) နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။ ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi… သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny… သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ “Lost in Translation” နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေ‌တော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အမြင်တော့ အဲဗစ်ကို ဆိုဖီယာ ပုံဖော်သွားတဲ့ပုံစံက နားလည်ပေးလို့ရသလို သိပ်အဆိုးကြီးတော့လည်း မဟုတ်တာမို့ အဲဗစ်ဖန်တွေလည်း ကြည့်လို့အဆင်ပြေမှာပါပဲ။ Priscilla ရဲ့ တစ်ထောင့်မှာ အချစ်နဲ့အောင်မြင်ခြင်းဟာ ဘယ်တော့မှ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကိုလည်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ Priscilla Presley အချစ်ဆိုတာ နတ်ပြည်နဲ့ငရဲလက်တွဲထားတဲ့ ကမ္ဘာပဲ Priscilla ရေ မင်းရင်ခုန်ခဲ့တဲ့အချစ်ဟာ မင်းကိုနာကျင်စေခဲ့ပြီ အသက်ရှင်ခြင်းကလည်း ဘယ်လောက်ချစ်နိုင်ခဲ့သလဲ ဘုရားသခင်ပေးတဲ့ ကဗျာပဲ။ ။ ~ သုခမိန်လှိုင် P.S – Special thanks to Sayar Thukhamein Hlaing who wrote this poem exclusively for Channel Myanmar… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.06GB, 2.15GB, 810MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 53Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Action
7 2023
Priscilla
Susuk
5.5

Susuk (2024) အညွှန်း ဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။ Susuk ဆိုတာ ‌ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။ Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။ Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းက ယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။ Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။ Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။ Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း လိုအပ်တာပေါ့။ နဂိုကတည်းက အလှအပအတွက် သုံးတဲ့ Susuk ကို ဖယ်ရှားလိုက်ပါက ခြောက်လအတွင်း သူ၏ နဂိုမျက်နှာကို ပြန်လည်ရောက်ရှိမည်ဟုပြောစမှတ်တွင်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ လာရက်စ်တစ်ယောက် လိင်အလုပ်သမအဖြစ်လုပ်စားနေပြီး သူ့ရဲ့ညီမ ယူ နဲ့လည်း ဆက်ဆံရေးမပြေလည်ပါဘူး။ တစ်နေ့ကျတော့ လာရက်စ်တစ်ယောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရောက်လာတဲ့အခါမှာတော့ သူ့ညီမက အစ်မကို ကယ်တင်ရန်အလို့ငှာ နည်းပေါင်းစုံနဲ့ ကြံလာပါတော့တယ်။ ဖြစ်ချင်တော့ အစ်မခန္ဓာကိုယ်ထဲမှာလည်း Susuk (ဆူဆု) ရှိနေတဲ့အတွက် သေလည်းမသေနိုင်ဘဲ ဆန့်တငင်ငင်ကြီး ဖြစ်နေတဲ့အခါ ဘယ်လိုပယောဂတွေ ဝင်ရောက်လာမလဲ။ ယူ တစ်ယောက် သူ့အစ်မ လာရက်စ်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်လားနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1GB | 562MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

5.5 2024
Susuk
Room 0

Room 0 (2024) အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller, Sci-fi Quality…. 1080p | 720p File size… 749MB | 314MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Room 0
Soul Snatcher
6.2

ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့ နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့ တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့… ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါ ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ ဇာတ်လမ်းလေးနည်းနည်းပြောပြမယ် ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲ ဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်က နတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့ မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ် ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်း ကြည့်ကြည့်လိုက်ပါဦး

6.2 2020
Soul Snatcher
The Great Escape
8.2

၁၉၄၄ ခုနှစ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး ထွက်ပြေးလွတ်မြောက်ဖိုလုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ ဂျာမန်အကျဉ်းစခန်းကနေ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မဟာမိတ်တပ်ဖွဲ၀င်စစ်သားတွေဟာ ထွက်ပြေးဖို ကြိုးစားခဲ့ကြတယ်။ ထွက်ပြေးမယ့်သူကလည်း တစ်‌ယောက်နှစ်ယောက် တစ်ဒါဇင်လောက်တောင်မဟုတ်ဘဲ အယောက် ၂၅၀ ‌ထွက်ပြေးကြမှာ။ ၃ နှစ်ကျော် အကျဉ်းချခံထားတဲ့သူတိုဟာ လိုက်ခေါင်း ၃ ခုတူးပြီး မရရအောင် ထောင်ဖောက်ပြေးကြဖို စီစဉ်ခဲ့ကြတယ်။ ဇာတ်ကောင်တွေ အချိန် နေရာ‌တွေကို အနည်းငယ်ပြုပြင်ထားပေမဲ့ ထွက်ပြေးလွတ်မြောက်ရေးအစီအစဉ်ကတောာ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း အသေးစိတ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာမို စိတ်လှုပ်ရှားဖို အတော်လေးကောင်းပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးတဲ့ ထောင်ဖောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် ဒီဇာတ်ကားကလည်း လက်လွှတ်ခံလိုမဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:52:00 Genre… Adventure, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Horror • Thriller • Drama
8.2 1963 173 mins
The Great Escape
Biaz: Kara İyenin Laneti
5.5

ဒီတစ်ခါမှာတော့ cm ရဲ့ Horror ပရိသတ်တွေ အကြိုက်တွေ့နိုင်မယ့် တူရကီ စကားပြော Horror ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကျောင်းသား လေးယောက်ဟာ စာမေးပွဲအပြီး အောင်ပွဲခံတဲ့အနေနဲ့ တစ်ယောက်ရဲ့အိမ်မှာ မုန့်တွေစား ရုပ်ရှင်အတူကြည့်ဖို့ လူစုခဲ့ကြပါတယ်။ ယူလာခဲ့တဲ့ ရုပ်ရှင်က ထင်သလောက် မကောင်းတော့ အပျင်းပြေ ဂိမ်းတစ်ခု ကစားကြဖို့ ကောင်မလေးတစ်ယောက်က စပြောခဲ့ပါတယ်။ သူဒီအိမ်ကိုပြောင်းလာတုန်းက အရင်အိမ်ရှင်တွေ ကျန်ခဲ့တဲ့ ရှေးဟောင်း စာအုပ်တစ်ခုထဲက ဝိဉာဉ်ခေါ်တဲ့ ကစားနည်း ကစားကြဖို့ပါ။ သူတို့တွေ ဆင့်ခေါ်လိုက်တဲ့ ဝိဉာဉ်ဟာ သာမန်ဝိဉာဉ်မဟုတ်ဘဲ အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့ မှော်ဆရာဝိဉာဉ် ဖြစ်နေတဲ့အခါမှာတော့…။ အသက်အန္တရာယ် ကနေ ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေ ဘယ်လိုရှာဖွေကြမလဲ… နောက်ဆုံးမှာရော သူတို့တွေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာ အားပေးကြည့်ရှု ကြပါဦးလို့ …။ File size… (1.07 GB) / ( 573 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 29m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Romance • Drama
5.5 2024
Biaz: Kara İyenin Laneti