YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heart.Signal.S04E13.720p.CM.mp4

615.89 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Land Of The Sons (La Terra Dei Figli)
6.1

The Land Of The Sons (La Terra Dei Figli) (2021) ~~~~~ Imdb – 6.1 အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အ​မြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။ ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။ ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။ အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံ​ယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။ ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။ ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။ File size…(1.5GB)/(834mb)/(385 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre…Drama / Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sp

Action • Animation • Fantasy
6.1 2021 118 mins
The Land Of The Sons (La Terra Dei Figli)
The Railway Children Return
5.4

ဒီတစ်ခါတော့ မျက်ရည်မခိုင်တဲ့သူတွေမကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် ခင်ဗျာ လူ့တိရစ္ဆာန် အက်ဒေါ့ဖ်ဟစ်တလာ ကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး၅နှစ်ကြာတဲ့အချိန်မှာပဲ ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗြိတိသျှမြို့တွေ့ကို ဗုံးကြဲတိုက်ခိုက်လို့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဗုံးလွတ်တဲ့ကျေးလက်ဒေသတွေဆီပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့ အဲဒီလိုနဲ့ လီလီ, ပတ်တီ နဲ့ တက်ခ် ဆိုတဲ့မောင်နှမ ၃ယောက်ဟာ ရော့ရှိုင်းယားဒေသကိုရောက်ပြီး ၃ယောက်တောင်ဖြစ်နေလို့ဘယ်သူမှ ခေါ်ထားဖို့ မရွေးတဲ့အချိန်မှာပဲ အဲဒီမြို့က ကျောင်းအုပ်ဆရာမကြီးရဲ့အမေက သနားပြီးခေါ်ထားလိုက်တာပါ သူ့ဆီမှာလည်း မြေလေးတစ်ယောက်ရှိတော့ အဖွဲ့ကျပြီး ကစားကြရင်းနဲ့ အမေရိကန်စစ်ပြေးရဲဘော်လေးတစ်ယောက်နဲ့ တွေ့ခဲ့ကြတာပါ အဲဒီအချိန်မှာပဲ ဇာတ်လမ်းလေးက စခဲ့ရတာပေါ့ ဒီကားထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စစ်အနိဌာရုံတွေ ရှင်ကွဲ ကွဲရတဲ့မိသားစုတွေ သေကွဲကွဲရတဲ့ မိသားစုအကြောင်းတွေ ကလေးတွေရဲ့ ဖြူစင်တဲ့မေတ္တာတွေ အမေရိကန်တွေရဲ့ အသားရောင်ခွဲခြားမှုတွေကို တဝကြီးခံစားပြီး တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ တစ်သျှူးလေးဘေးချပြီး ကြည့်ရမဲ့ ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦးဗျာ… File size…(1.53GB)/(817MB)/(414MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Adventure / Drama / family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama • Thriller
5.4 2022
The Railway Children Return
Bruce Lee – The Fighter
5.5

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Action • Adventure • Fantasy
5.5 2015
Bruce Lee – The Fighter
Land of the Lost
5.3

Land of the Lost (2009) ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။ သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 42Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.3 2009
Land of the Lost
Bridget Jones’s Baby
6.5

Bridget Jones’s Baby (2016) ~ IMDb – 6.5/10, RT – 78%, Meta – 59% ~ ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။ 2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။ အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ဒိတ်လွန်နေတော့ ဘရစ်ဂျစ်မှာ ကိုယ်၀န်ရှိလာပါတော့တယ်။ ကိုယ်၀န်က ဘယ်သူ့ဟာလဲဆိုတာ မသိတဲ့အခြေအနေမှာ တစ်ညအတူအိပ်ခဲ့တဲ့သူကလည်း မီလီယံနာသူဌေးတစ်ယောက်ဖြစ်နေပါတယ်။ ကိုယ်၀န်ကိစ္စကို နှစ်ယောက်လုံးသိသွားတဲ့အခါမှာ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ကလေးကို အပြိုင်အဆိုင်ဂရုစိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မာ့ခ်ကတော့ အလုပ်များတာနဲ့ ဘရစ်ဂျစ်လိုတဲ့အချိန်မှာ မလာနိုင်တာမျိုးဖြစ်ပြီး ကတောက်ကဆဖြစ်တာမျိုးရှိပါတယ်။ နောက်ဆုံး DNA စစ်ပြီးတဲ့အခါမှာ ကလေးရဲ့ဖခင်အစစ်က ဘယ်သူဖြစ်မလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဘရစ်ဂျစ် အမှန်တကယ်ချစ်တဲ့သူက ကလေးဖခင်ဖြစ်ပြီး ပျော်ရွှင်စွာအဆုံးသတ်မှာလားဆိုတာ ဟာသလေးတွေပါရောပြီး စိတ်၀င်စားဖွယ်ကြည့်ရမှာပါ။ နာမည်ကျော်အဆိုတော် Ed Sheeran ကလည်း Guest အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.5 2016 123 mins
Bridget Jones’s Baby
Nimona
7.7

Nimona (2023) =========== Genre – Animation, Adventure, Comedy, Drama IMDb Rating – 7.7/10 Netflix ကနေ အသစ်ဆက်ဆက် ထွက်ရှိထားတာ မကြာ သေးတဲ့ Animation ကားကောင်းလေး ဖြစ်ပါတယ်။ တ ကယ်ဆို ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကတည်းက Ice Age တို့ Rio တို့ကို ဖန်တီးခဲ့တဲ့ Blue Sky Studio ကနေ ဖန်တီး နေတဲ့ လက်ရာဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းတောင် ပြီးစီးနေ ခဲ့ပါပြီ ဒါပေမဲ့ Disney က ပိတ်ချလိုက်တဲ့အခါမှာတော့ Netflix ကနေ ပြန်လည်လက်လွှဲယူပြီး ခုမှ ထွက်ရှိလာခဲ့ တာပါ။ အသံသရုပ်ဆောင်ဆိုရင်လည်း ဇာတ်ကောင် Nimona နေရာမှာက ကလေးဘဝကတည်းက ခုထက်ထိ သရုပ်ဆောင် နေပြီး အကုန်ချစ်ရတဲ့ မင်းသမီးလေး Chloe Grace Moretz ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဆိုရင်လည်း Blue Sky Studio က နေ ခွဲထွက်လာပြီး Will Smith နဲ့ Tom Holland တို့ ပါဝင် ထားတဲ့ Spies in Disguise Animation ကို ပွဲဦးထွက် ရိုက် ကူးထားတဲ့ Nick Bruno နဲ့ Try Quane Duo နှစ်ယောက် ဖြစ်ကြပါတယ်။ ဇာတ်လမ်းလေးကတော့ ပြောရမယ်ဆို ခေတ်မှီနေတဲ့ ရှေး ခေတ်ဆန်ဆန် တိုင်းပြည်ကြီးတစ်ခုမှာ အခြေခံထားတာပေါ့။ ရှေးခေတ်ဆန်တယ်ဆိုတာက တိုင်းပြည်မှာ ရဲတွေ စစ်သား တွေမဟုတ်ပဲ ဟိုးအရင်ကတည်းက တိုင်းပြည်တည်ထောင်သူ ဘုရင်မဂလောရက်ရဲ့ တော်ဝင်မျိုးဆက် အစဉ်အဆက် သူရဲ ကောင်းတွေနဲ့ Institute ဆိုပြီး အုပ်ချုပ်ခဲ့တာမျိုး ဆိုပါစို့။ အဲဒီ မှာ လက်ရှိဘုရင်မကြီးက ဒီအစဉ်အလာကို ချိုးဖောက်ပြီး တော် ဝင်သွေးမဟုတ်တဲ့ ဘယ်လီစတာဆိုတဲ့ကောင်လေးကို ဓားပေးပြီး သူရဲကောင်းလုပ်ခဲ့ခိုင်းရာမှာ ဒီနေ့ ဘုရင်မကြီးကိုယ်တိုင် Sir ဆြာ ဘွဲ့ပေးအပ်တော့မယ့် အနေအထားတောင် ရောက်လာပါတယ်။ ဒါပေမဲ့လည်း လူတချို့ကတော့ အညတရပြည်သူတစ်ယောက်ကို လုပ်ခိုင်းစရာလား ဘာလားနဲ့ ကွဲလွဲမှုတွေတော့ ရှိတာပေါ့။ သူတို့ သူရဲကောင်းတွေကြားမှာလည်း ဘယ်လီစတာတစ်ယောက် မျက် နှာငယ်ရပြီး အနှိမ်ခံရတဲ့အချိန် အားကိုးဖော်ဘော်ဒါတစ်ယောက်ပဲ ရှိပါတယ်။ ဒီလိုနဲ့ ဘုရင်မကြီးပေးတဲ့ ဘွဲ့ကို ခံယူနေချိန်မှာပဲ သူ့ရဲ့ဓားက ထဖောက် ပြီး ဘုရင်မကြီးကို သတ်မိသွားကာ အားကိုးရတဲ့ သူငယ်ချင်းကလည်း လက်ကို ခုတ်ဖြတ်လိုက်ပြီး ဘယ်လီစတာတစ်ယောက် ဝရမ်းပြေး ဖြစ် သွားရပါတော့တယ်။ တစ်တိုင်းပြည်လုံးက ဗီလိန်ဆိုပြီး ဝရမ်းပြေးဖြစ် နေတဲ့အချိန် နီမိုနာဆိုတဲ့ လူထူးဆန်းကောင်မလေးကတော့ စိတ်ဝင်စားပြီး ဘယ်လီစတာကို ရှာပြီး ဗီလိန်လက်ထောက် ဖြစ်ချင်လို့ပါ ဆိုတဲ့အခါမှာ တော့… ဘယ်လီစတာ သူ့ နာမည်ပျက်ကိစ္စ ဖြေရှင်းနိုင်မလား၊ ကောင်မလေး နီမိုနာကရော ဘယ်လိုတွေ ထူးဆန်းနေသလဲ စသဖြင့် ရိုးရိုးအေးအေး ဘယ်လီစတာနဲ့ ပေါက်ကရလေးဆယ် နီမိုနာတို့ စွန့်စားခန်းထွက်ကြတာကို ကြည့်ရှုရမယ့် Animation ကားကောင်းလေး ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဟာသလေးတွေ ဝေဝေဆာဆာကြည့်ရမယ့်အပြင် ဒရမ်မာချိုးတာလေး တွေလည်း ခံစားရဦးမှာ ဖြစ်လို့ ပြေးကြည့်ကြဖို့သာ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.4 GB) / (614 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsuba Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thura Aung Encoder……….Zin Phyo Aung

7.7 2023
Nimona
The Substitute
6

IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့…. ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Science Fiction • Comedy • Horror
6 1996 114 mins
The Substitute
Cricket & Antoinette
7.2

နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့အကြောင်း ရိုက်ထားတဲ့ 2023 ထွက် animationကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီစွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစားစုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါးအေးအေးလူလူနေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။ ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။သူတို့အနီးအနားမှာတော့ Antoinette လို့ခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဥ်းတွေပဲရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မတော်တဆတွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖို့ကြိုးစားပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီးကျော်ဖြတ်နိုင်တာမရှိခဲ့လို့ပါ။ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေရှိပေမယ့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြပြီးသဟဇာတဖြစ်စွာနေထိုင်နိုင် အောင်ကြိုးစားခဲ့ကြပါတယ်။ ချစ်စရာဇာတ်ကောင်လေးတွေနဲ့ ချစ်စရာဇာတ်ကြောင်းလေးကို စောင်လေးကိုက် ပြုံးပြုံးလေးနဲ့ပဲကြည့်ကြည့် ကိုယ်ချစ်တဲ့သူရဲ့ လက်လေးကို တင်းတင်းဆုပ်ရင်းပဲကြည့်ကြည့် မိုးအေးအေးလေးထဲမှာတော့ နွေးနေစေမှာအမှန်ပါပဲ File size…(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Animation, Advanture, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.2 2023
Cricket & Antoinette
Pay or Die
7.4

Pay or Die (2023) “ပိုက်ဆံပေးမလား သေမလား” အဲလိုမျိုး ခက်ခဲတဲ့ ရွေးချယ်မှုလုပ်ရမယ့်အချိန်မှာဆိုရင် သင်ဆိုရင်ရော ဘာကို ရွေးချယ်မလဲ။ အဲလိုမျိုး ရွေးချယ်မှုတွေ လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ “Pay or Die” ဆိုတဲ့ Documentary film တစ်ခုပါ။ Rotten Tomatoes 91%, IMDb rating 7.4 ရရှိထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်သလောက် ဈေးကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှင်တွေ အသုံးပြုရတဲ့ အင်ဆူလင်နဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ဈေးကြီးပါတယ်။ ရောဂါရှင် တစ်ယောက်အတွက် တစ်လကို ဒေါ်လာ ထောင်နဲ့ချီပြီး အကုန်ခံမှသာ အသက်မသေမှာဖြစ်ပါတယ်။ အဲလိုနဲ့ အင်ဆူလင်ဖိုးမတတ်နိုင်ဖို့ သေသွားရတဲ့ လူနာတွေလည်း ထောင်နဲ့ချီပြီး ရှိနေပြန်ပါတယ်။ အဲတော့ ပိုက်ဆံပေးမလား သေမလား ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတယ်။ အဲလိုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကို တွန်းလှန်ကြရင်း ဥပဒေပြုဖို့ ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းလေးပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 991MB | 442MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.4 2023 90 mins
Pay or Die
Vengeance
6.5

Vengeance (2009) ~ IMDb – 6.5/10, Rotten Tomatoes – 68% ~ Directed by “Johnnie To” ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။ အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ Simon Yam တို့ကိုထည့်သုံးထားပေမဲ့ အဓိကဇာတ်ကောင်ကတော့ ပြင်သစ်လူမျိုး အဆိုတော်သရုပ်ဆောင် Johnny Hallyday ဖြစ်နေတယ်။ သူ့သမီးနဲ့သမက်ရော မြေးနှစ်ယောက်လုံးကိုရော တရုတ်လူသတ်သမားတွေက သတ်သွားလို့ မကာအိုကို လာပြီး သတ်တဲ့တရားခံကိုရှာပြီး လက်စားချေဖို့ အန်သိုနီဝေါင်တို့ အုပ်ကို သူပိုင်သမျှအကုန်ပေးပြီး ငှားလိုက်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ လက်စားချေတဲ့ဇာတ်ပေါ့။ နာမည်နဲ့တော့ ကွက်တိပါပဲ။ ဒီကားက ဂျွန်နီတိုရဲ့ အကောင်းဆုံး ၇ကားစာရင်းလောက်တော့ ဝင်လိမ့်မယ်။ အန်သိုနီဝေါင်ပါခဲ့ဖူးတဲ့ Exiled က အရသာမျိုးခပ်ဆင်ဆင်ပဲထပ်ရတယ်။ အဲဒီကလိုပဲ အသတ်အဖြတ်တွေကြားက ကကျိုးကကြောင်အဖြစ်တွေလည်း ပါတယ်။ ကကျိုးကကြောင်ဆိုတာက ဒီဂိုဏ်းစတားတွေက အဘိုးကြီးမိသားစုကို သတ်သွားတဲ့ အုပ်ကို လိုက်သတ်တယ်။ ၂ဖက်စလုံးထိခိုက်ပြီး ပြန်လာရတယ်။ သူတို့နားနေတုန်း သူတို့ဘော့စ်က သူတို့ဆီဖုန်းဆက်ပြီး သူ့လူတွေကို လူတစ်အုပ်က တိုက်နေကြောင်းအထိနာနေကြောင်းပြောပြီး သွားကူခိုင်းတယ်။ နောက်ဆုံးပြောသွားတာက တရုတ်လေးကောင်နဲ့ နိုင်ငံခြားသားတစ်ကောင်ပါတဲ့အုပ်တဲ့။ သူတို့ကိုပဲပြောနေတာ။ ဒီတော့ သူတို့က နေရာမေးပြီး သွားသတ်ပစ်လိုက်ရော။ စားတော့စားတယ်။ ဒါပေမဲ့ ဒီလိုကကျိုးကကြောင်တွေက ဂျွန်နီတို့ ဂိုဏ်းစတားကားတွေမှာ ကျွန်တော်တို့မြင်နေကျပဲ။ နောက် ဂိုဏ်းစတားတွေရဲ့ သတ္တိတွေ သစ္စာတွေလည်းပါတယ်။ ပြင်သစ်အဘိုးကြီးက ခေါင်းမှာကျည်ဝင်နေတော့ သူအပ်ထားတဲ့အလုပ်ကို သူမေ့နေတာတောင် သူတို့လက်ခံထားတဲ့အလုပ်အတွက် သူတို့သေနိုင်မှန်းသိပေမဲ့ ရဲရဲကြီး အသေခံသွားတဲ့ ဂိုဏ်းစတားတွေအကြောင်းပေါ့။ ဂျွန်နီတိုရဲ့ ထုံးစံအတိုင်း ပုံမှန်အက်ရှင် ဒါရိုက်တာတွေပြနေကျမဟုတ်တဲ့ ဇာတ်ကွန့်တွေ ကကျိုးကကြောင်အဖြစ်တွေနဲ့ ကြည့်ရမယ့် ဂိုဏ်းစတားအက်ရှင်ကားပဲ။ ဂျွန်နီတို့ရုပ်ရှင်တွေကို ကြိုက်ရင်တော့ Vengeance (2009) ကတော့ လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ ရုပ်ရှင်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 985MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 48Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery
6.5 2009 108 mins
Vengeance
She Hate Me

ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။ သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ဖခင်ကိုတော့ ဂျွန်ကို ဖြစ်စေချင်တာပါ။ ဂျွန်ကလည်း တစ်ဖက်မှာ အလုပ်ကလည်း အဆင်မပြေတာနဲ့ ဖာတီမာနဲ့ သူမ ချစ်သူကို အဆင်ပြေအောင် ကူညီပေးလိုက်ရာကနေ နောက်ထပ် နောက်ထပ်သော လိင်တူချစ်ကြိုက်ပြီး ကိုယ်ဝန်ဆောင်လိုတဲ့ အမျိုးသမီးလေးများက သူ့ဆီသို့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
She Hate Me
The Stepfather
5.6

The Stepfather (2009) မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။ သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်… ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်.. ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ အားပြိုင်မှုတွေကိုကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား.. ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ….။

5.6 2009
The Stepfather
Lions for Lambs
6.2

Lions for Lambs(2007) *********************** IMDb….6.2 ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Tom Cruise ,Robert Redford နဲ့ Meryl Streep တို့ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်… အမှန်ပြောရရင် ကျွန်တော်ကတော့ Meryl Streep ကို The post မှာ ခမ်းနားတဲ့သူ့ရဲ့သရုပ်ဆောင်ဟန်တွေကြောင့်သတိထားမိခဲ့တာပါ. တကယ့်လူတွေ တစ်ပြိုင်နက်သုံးထားတော့ ဒီကားကို နည်းနည်းစူးစမ်းမိသွားတယ်……. ဒီကားဟာ scene (၃) ခုကို အလှည့်ကျပြသွားရင်း ကြီးကျယ်ခမ်းနားတဲ့ ဒိုင်ယာလော့တွေနဲ့ ကြည့်ရှူသူ ပရိတ်သတ်ကိုပခုံးဖက်တွဲခေါ်ပြီး အတွေးအခေါ်တွေ ဖြန့်ကျက်စေတဲ့လိုဆိုရမယ်ထင်တယ်.. အဲဒါတွေကြောင့် တကယ့်လူ ၃ ယောက်ကို သရုပ်ဆောင်ခိုင်းထားတယ်ထင်တယ်… Andrew Garfield လည်းပါသေးတယ်… ပထမ Scene ပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်တွေ့တယ်… အဲ့ဒီကျောင်းသားဟာ ထက်မြက်ပေမယ့် ပရော်ဖက်ဆာ အမြင်မှာ လွဲမှားဟန်ရှိတဲ့အယူအဆတစ်ချို့ကြောင့် ဆွေးနွေးဖို့ခေါ်လိုက်တာပါ…. ဒုတိယ Scene အဖဂန်နစ်စတန်စစ်မြေပြင်နဲ့ပတ်သက်ပြီး အမတ်တစ်ယောက်ဟာ ရှေ့တန်းစစ်မြေပြင်ထိုးစစ်တွေအကြောင်းကို ဂျာနယ်လစ် တစ်ယောက်ကိုခေါ်ပြောပြတယ်…. သူတို့တွေ ဘယ်လိုထိုးစစ်ဆင်တယ် .. ဘယ်လိုတွေအတွက် ဒီတိုက်ပွဲကိုဆင်နွှဲနေတယ်…ဂျာနယ်လစ်ရဲ့ မေးခွန်းတွေနဲ့ အမတ်ရဲ့ အဖြေတွေနဲ့ပေါ့… တတိယ Scene အမေရိကန်ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းတစ်ခုရဲ့ တကယ့်စစ်မြေပြင် ထိုးစစ်အသွင်တွေကို ပြတာပါ…. ဒီကားဟာ ဖျော်ဖြေရေးမဆန်ဘူး…. သူ့ရဲ့ဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ဘူး.. ..ပြောပြဖို့လည်းခက်တာမို့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုစေချင်ပါတယ် .. File Size : (1.71 GB) and (548 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:32:00 Genre : Drama, Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by AHtet

6.2 2007 92 mins
Lions for Lambs
The Other
4.7

The Other (2025) Body Horror ရုပ်ရှင်ကောင်းကောင်းရှာနေသူတို့အဖို့ “ The Other “ ဆိုတဲ့ရုပ်ရှင်ကလည်း ကြည့်ရှုသူတို့အဖို့ Plot twistများစွာ နဲ့ မသတီစရာမြင်ကွင်းများစွာကို ဖွယ်ဖွယ်ရာရာနီးပါးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒန်နီရယ် နဲ့ ရော်ဘင်တို့ ဇနီးမောင်နှံနှစ်ယောက် ကေသေလီယာဆိုတဲ့ ရှစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုမွေးစားပြီးတော့ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေကိုကြုံတွေ့ရမလဲဆိုတာကို ခြောက်ခြားဖွယ်ရိုက်ကူးတင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (1.2 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:39:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Adventure • Family • Western
4.7 2025 99 mins
The Other