YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heart.Signal.S03E10.1080p.NF.WEB-DL.CM.mp4

1.3 GB 1080p video/mp4 147 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Reunion
5.4

The Reunion (2011) ============== IMDb Rating - 5.8/10 ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကား လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့် အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ် တန်းလုံးကိုဖိတ်ကြားထားပါတယ်။ အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာ ကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေ ပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့် ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။ နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့ စည်းရုံးနေတယ်။ သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေ တာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း သုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာ အတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ် ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့ အခါမှာတော့..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(2.0 GB) / (800 MB) / (472 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Tin Myo Lwin Encoder..........SWM

Drama • Romance
5.4 2011 96 mins
The Reunion
Doctor Zhivago
7.5

IMDb (8/10) / Rotten Tomatoes 84% ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ၊ "အလေးနီ"ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် "ရဲဘော်ဗိုလ်ချုပ်ကြီး"လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။ ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။ မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။ ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က "ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ" ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။) သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ................. ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ "လာရာ" နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။ တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။ အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။ အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။ ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။ အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.6 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:20:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Romance • Science Fiction
7.5 1965 200 mins
Doctor Zhivago
Wolfwalkers
8.3

IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။  အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း  Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Romance
8.3 2020 103 mins
Wolfwalkers
Mastemah

Mastemah (2022) Mastemah ဆိုတဲ့ စကားလုံးကို ခရစ်ယာန်ကျမ်းစာထဲမှာတော့ အနက်မျိုးစုံနဲ့ ဖွင့်ထားကြပါတယ်။ နတ်ဆိုးနဲ့ အဆက်သွယ်လုပ်တဲ့သူ ဒါမှမဟုတ် ကျမ်းစကားအရဆိုရင်တော့ “မိမိကိုယ်ကို သတ်သေသည်အထိ ခဲယဉ်းဆိုးယုတ်သောသူ” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီကားထဲမှာကတော့ နတ်ဆိုးနဲ့ သွားကစားမိလို့ ဘဝကြီးတစ်ခုလုံး ပျက်သွားခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်ကောင်ဖြစ်တဲ့ လူးဝိစ်လေးဟာ သူ ချစ်ရတဲ့သူနဲ့ ဘဝချင်းကွေကွင်းခဲ့ရလို့ ကျေးလက်တစ်နေရာမှာ ဇာတ်လာမြှုပ်သူပေါ့။ ဒါပေမဲ့ သူ ကျေးလက်က အိမ်ကိုပြောင်းပြောင်းပြီးချင်းပဲ အနိဌာရုံတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ အလျောက် စစချင်းမှာ သူက သိပ္ပံနဲ့ အဖြေရှာဖို့ကြိုးစားကြည့်တာပေါ့။ ဒါပေမဲ့ ပြဿနာတွေဟာ ပိုပိုပြီးဆိုးလာပါတယ်။ ဒီပြဿနာတွေကို သူ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို တစ်မေ့တစ်မောကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ခရစ်ယာန်ဘာသာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲက ရူပါရုံတွေအကြောင်းအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါကြောင့် Horror ကြိုက်တဲ့သူတွေအတွက် သုတကော ရသမျိုးစုံပါပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 825MB Quality – 1080p, 720p Format – mp4 Duration – 1H 40Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Romance
0 2022
Mastemah
Wonderwell
4.9

Wonderwell (2023) =============== လွယ်လွယ်ပြောရရင် ၁၂ နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ အိမ်ပြန်နိုင်ဖို့ ကြိုးစားတဲ့ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ဒီကောင်မလေး မှာ ထူးခြားတာက ပန်းပွင့်လေးတွေနဲ့ ပတ်သက်တဲ့ မှော်အစွမ်းတွေ ရှိနေတာပါပဲ။ ပန်းပွင့်လေးတွေကို ထိလိုက်တာနဲ့ သူ့ရဲ့လက်မှာ လာ ရစ်နွယ်သွားပြီး လက်ကောက်လေးတစ်ခုလို ဖြစ်သွားတတ်တယ်။ သူကတော့ ဒီအစွမ်းတွေကို လျှို့ဝှက်ထားရင်းနဲ့ပဲ နေလာခဲ့ပါတယ်။ တစ်ရက်မှာတော့ စုန်းမကြီးရှိတယ်လို့ နာမည်ကြီးတဲ့ တောအုပ်ကြီး ထဲက ရေတွင်းတစ်ခုဆီ ရောက်သွားခဲ့ပြီး အဲဒီရေတွင်းကနေ တခြား ကမ္ဘာတစ်ခုဆီ ရောက်ရှိသွားခဲ့ချိန်မှာတော့….ဒီလိုနဲ့ သူ့ရဲ့ အိမ်အပြန် ခရီးစဉ်ကို စတင်ရတော့တာပေါ့။ အိမ်ပြန်နိုင်ဖို့ ကြိုးစားတယ်ဆိုတော့ သူ့မိသားစုက နွေးထွေးတဲ့ မိသား စုလေးမို့လို့နေမယ်လို့ တွေးလိုက်မိရင်တော့ မှားသွားလိမ့်မယ်။ အချိန်ပြည့် ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အဖေဖြစ်သူရယ်၊ အရယ် အပြုံးမရှိတဲ့ အမေဖြစ်သူရယ်၊ မော်ဒယ်ရူးရူးနေတဲ့ အစ်မဖြစ်သူရယ် ဒီသုံးယောက်ရှိတဲ့ အိမ်ကိုပါတဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.4 GB) / (544 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Fantasy Translator……May Thet Khine Soe Encoder……….SWM

4.9 2023
Wonderwell
Boxing Champion Mother
5.8

ဒီဇာတ်လမ်းလေးကတော့ မိသားစုအတွက် နဲ့ မဆုတ်မနစ်ကြိုးစားတဲ့ မိခင်တစ်ယောက်ရဲ့စိတ်ဓာတ်ကိုဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ… ရှောက်ရှောက်က နေ့တိုင်းပန်းပို့ရင်း အလုပ်ကြိုးစားနေပြီး မိ သားစုကိုထောက်ပံ့နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ…. အသက်ကြီးနေတဲ့ ယောက္ခမ အရက်သမားယောက်ျားနဲ့ စကားပြောမှုမဖွံ့ဖြိုးတဲ့ကလေး ကိုကျွေးမွေးစောင့်ရှောက်နေရသူ မိန်းကလေးတစ်ယောက်အနေနဲ့ အများကြီး ပင်ပန်းဆင်းရဲရပါတယ်… တစ်နေ့မှာ ဘဝရဲ့အချိုးအကွေ့တစ်ခုလို့ခေါ်လို့ရတဲ့အခွင့်အရေးတစ်ခုပေါ်ပေါက်လာခဲ့တယ်…. ရိုက်ကွင်းတစ်ခုကို ပန်းလိုက်ပို့ရင်း ပြသာနာ​တွေဖြစ်ခဲ့ပေမယ့် အရန် ဇာတ်ကောင်နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ ဒါရိုက်တာရဲ့တောင်းဆိုခြင်းခံခဲ့ရတယ်… ဒါရိုက်တာရဲ့သဘောကျခြင်းခံရပြီး နောက်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ‘လက်ဝှေ့ ချန်ပီယံ မေမေ ‘ ဇာတ်လမ်း လူရွေးပွဲ ပြိုင်ဖို့အကြံပေးခံခဲ့ရတယ်… အခက်အခဲ အမျိုးမျိုးကြုံတွေရတဲ့ သူ့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းအတွက် ဝင်ပြိုင် ဆုံးဖြတ်ပြီးနောက် ဘာတွေဆက်ဖြစ်နိုင်မလဲ…. ဘယ်လို အခက်အခဲတွေ ထပ်စောင့်နေဦးမှာလဲ…. အဆင်ပြေလာဖို့ မျှော်လင့်ချက်လေးကရောပြည့်ဝလာနိုင်မှာလားဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်….

Comedy • Action
5.8 2022
Boxing Champion Mother
This Is 40
6.2

This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေ ကောင်း လေဆိုတာကို မြင်ဖူးကြမှာပါ တစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစ ဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်း ထို့အတူ ပိထ် ဆိုတဲ့ Paul Rudd က သီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီး ခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့ တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။ တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။ သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာ ဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။ သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ ကပ်သီးကပ်သပ် ဖြစ်နေပါရော။ ပိထ်မှာ မိဘစရိတ် မနားတမ်း‌ တောင်းဆိုတတ်တဲ့ အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင် အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ပျောက်နေပြီး ၇ နှစ်မှ တစ်ခါပေါ်လာတတ်တဲ့ အဖေရှိ ပါတယ်။ အဲ့တာအပြင် အပျိုဖော်ဝင်စ သွေးသားပြောင်းလို့ ဒေါသ အမြဲတမ်းထွက်နေတဲ့ သမီးရယ်နဲ့ သူ့ညီမလေးရယ် ဘဝက ကကြိုးစုံနေပါတယ်။ ပိထ်ရဲ့ ကုမ္ပဏီဟာ ဒေဝါလီခံရမလို ဖြစ်နေပြီး အိမ်ရဲ့အကြွေးတွေကိုလည်း မဆပ်နိုင် တစ်ဖက်က အဖေဆီလည်း မိန်းမ မသိအောင် ခိုးထောက်ပံ့ရင်း ဗျာများ နေပါတယ်။ ကောင်းမွန်တဲ့ ဘဝဆီကို လျှောက်လှမ်းကြမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ သူတို့လင်မယား နှစ်ဦးဆီ ပြဿနာတွေ ချည်မျှင်တန်းသလို တစ်သီ ချင်းဝင်လာပါတယ်။ ပြဿနာတွေ ‌ကို ရင်ဆိုင်ရင်း ရှည်ကြာတဲ့ အိမ်ထောင်သက်ကို ဘယ်လိုကိုင်တွယ်ကြပုံကို ငိုတစ်လှည့် ရယ်တစ်လှည့် ဟာသနှောရင်း တွေ့မြင်ရမှာပါ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ ပရိသတ်တိုင်း မျက်နှာမစိမ်းတဲ့ Ant-Man မင်းသား Paul Rudd က ပိထ်နေရာက ပါဝင် သရုပ်ဆောင်ထားပြီး Lesile Mann ၊ Maude Apatow ၊ Iris Apatow ဒါရိုက်တာရဲ့ မိန်းမ ၊ သမီးကြီး ၊ သမီးငယ် သုံးယောက်လုံး မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတာကို တွေ့ရမှာပါ။ Euphoria ဖန်တွေ အနေနဲ့လည်း Lexi လေးရဲ့ ငယ်စဉ်တည်းက မခေတဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုခွင့် ရကြမှာပါ။ ရှေ့တစ်ကား Knocked up မှာတုန်းကလည်း အောင်မြင်ခဲ့တဲ့ Director Judd Apatow ရဲ့ နောက်ဆက်တွဲ အောင်မြင်တဲ့ဇာတ်ကား ဆိုလည်း မမှားပါဘူး။ John Lithgow ၊ Melissa McCarthy ၊ Jason Segel တို့လည်းပါဝင်ထားပြီး ဂီတ ဘုရင် Billie Joe Armstrong ပါ ပါဝင်ထားတဲ့ သရုပ်ဆောင်မြိုင် ဇာတ်လမ်းပိုင်တဲ့ကားပါပဲ။ ဂေါင်းကြီးတို့အနေနဲ့ ဘောနပ်စ်ကတော့ Megan Fox ရဲ့ ရင်ဖိုစရာ အခန်းတွေ လှိုင်လှိုင်နဲ့မို့ ဘာမှမ ပြောတော့ဘဲ ဇာတ်လမ်းကိုသာ ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 14m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.2 2012
This Is 40
Lord of Misrule
5.1

Lord of Misrule (2023) ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။ တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ဒီအဖြစ်ကို ခြေရာကောက်ရင်း သူ့သမီးကို သူပြန်ရှာဖို့ကြိုးစားတာကို ကြည့်ရမယ့်ဇာတ်လမ်းပေါ့။ ဒီရုပ်ရှင်က Midsommar နဲ့တောင် နည်းနည်းဆင်တယ်တောင်ပြောရမယ်။ ဟော်ရာပရိသတ်တွေ ကြိုက်လောက်မယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 845MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 44Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Thriller • Mystery
5.1 2023 104 mins
Lord of Misrule
While You Were Sleeping
7.3

While You Were Sleeping (2024) ******************************* နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာ သာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီး တချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက် ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့က ဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာ မတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့ ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့ မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့…။ ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ…။ ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကို ပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Arthdal Chronicles၊ My unfamiliar family တို့ထဲက မင်းသမီး Choo Ja Hyun နဲ့ The Glory၊ Blood Free တို့ထဲက မင်းသား Lee Moo Saeng တို့က နှစ်ယောက်ကြား chemistryကို ထိထိမိမိ သရုပ်ဆောင်ထားလို့ While you were sleeping ရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1GB / 440MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Zuri, Vanessa & Kay Zin

7.3 2024
While You Were Sleeping
The Nature of Love
6.9

2023မှာထွက်ထားတဲ့ The nature of Love ဆိုတဲ့ဇာတ်ကားလေး ကတော့ အချစ်ကြမ်းတဲ့ ပြင်သစ် ကနေဒါ ကားလေးဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကိုမသိစိတ်ကငြီးငွေ့နေတဲ့ ဆိုဖီယာဆိုတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက် ဝယ်ထားတဲ့ ကျေးလက်ဒေသက အပန်းဖြေအိမ်လေးကိုစစ်ဆေးဖို့ သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အိမ်ဆောက်လုပ်ပြုပြင်ရေးသမား ဆာဗိန်းနဲ့တွေ့တဲ့အခါ သူမသိစိတ်ကပွင့်ထွက်သွားပြီး မလုပ်သင့် တာတွေကိုလုပ်မိပါတော့တယ်။ နောက်ပိုင်းမှာတော့ မလုပ်သင့်တာတွေခိုးမလုပ်ပဲပေါ်တင်လုပ်လာ ပါတော့တယ်။ အိမ်ထောင်ရေးတစ်ခုမှာဖောက်ပြန်တာကအမှားတစ်ခုလား ဒါမှမဟုတ် အချိန်တွေမပေးနိုင် စိတ်ပိုင်းဆိုင်ရာမထောက်ပံ့ပေးနိုင် တာဝန်တွေမကျေနိုင်တဲ့ သူရဲ့အပြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အတွေးအခေါ်ပညာရှင်တွေရဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံ အမျိုးမျိုးကို လေ့လာနိုင်မှာဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်း မတူတဲ့ လူနှစ်ယောက်ဟာချစ်မိသွားတဲ့အခါ အချစ်ရေးကအဆုံးထိ မြဲမလား ဘယ်လိုနာကျင်မှုတွေခံစားရမလဲဆိုတာကိုခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ File size… (1.89GB) / (975MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Drama • Romance
6.9 2023 110 mins
The Nature of Love
All About My Mother
6.3

Fall in Love ထဲက မင်းသမီးလေးရဲ့ All about my mother ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက နာမည်အတိုင်းပါပဲ အမေအကြောင်းပါ…ဘယ်လောက်နားလည်အောင်ကြိုးစားပါစေ နားမလည်နိုင်တဲ့ အမေ့အကြောင်းပါ….ဒီကားလေးကို တကူးတက ဇာတ်လမ်းအကျဉ်းမပြောပြတော့ပါဘူး အမေလုပ်ပေးတာကို ဇိမ်ခံတတ်တဲ့ အဖေကိုယ်တိုင်မလုပ်ရရင် စိတ်တိုင်းမကျ ပြီးမှ ငါပဲလုပ်ရတယ် ငြီးတတ်တဲ့အမေ ငယ်ငယ်က မေမေ တဆာဆာခေါ်ကပ်ခဲ့ပြီး ကြီးမှာ ငြိုငြင်လာကာ သူစိမ်းရဲ့ တစ်ခဏကောင်းပေးတာကို သာယာယုံကြည် အားကိုးချင်မိတဲ့ ကိုယ့်ကိုယ်ကို ပုံဖော်ခံစားလိုက်ရင် ဒီကားလေးနဲ့ စိမ်းမနေပါဘူး… ဇာတ်လမ်းအကျဉ်းအစား စပွိုင်းပါမယ် ဘာသာပြန်ရင်းငိုရတဲ့အခန်းတွေ ကြည့်ရင်း ငိုလိုက်တယ် ဒါ ရင်ဘတ်ချင်းတူလို့ပဲပထမဆုံး ငိုမိတဲ့အခန်းကတော့ အမေလုပ်သူက သမီးချစ်သူရဲ့သရုပ်မှန်ကို သိသွားတဲ့အချိန်ပါ ( အရမ်းspoil ဖြစ်သွားမယ်ဆိုလို့ဘာကြောင့်လဲဆိုတာကိုတော့ထည့်မရေးတော့ပါဘူး ဒုတိယက အမေ က အလုပ်ခွင်က သမီးကို မြင်ရချိန် တစ်ချိန်တည်း သမီးအတွက် တတ်နိုင်တဲ့ဘောင်ထဲက ကာကွယ်ပေးတဲ့အချိန်ပါ တတိယကတော့ ” အမေ မစောင့်နိုင်တော့ဘူး” ကနေ ” သမီးကြောက်တယ်” အထိ ကဲ မိသားစုနဲ့ တူတူကြည့်ပြီး ခံစားလိုက်ကြပါ.မိသားစုနဲ့ ပတ်သက်ရင် အရမ်းအီမိုတတ်တဲ့ ရင်ဘတ်ချင်းတူတဲ့သူရှိရင်တော့တစ်သျှူးဆောင်ကြည့် မျက်ရည်သုတ်ပေးမယ့်သူမရှိရင်ပြောတာပါ

6.3 2021
All About My Mother
Hitman’s Wife’s Bodyguard
6.9

Hitman’s Wife’s Bodyguard (2021) IMDb Rating (6.9) ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကား The Hitman’s Bodyguard (2017) ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီး ဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ ဝါရင့်တွေချည်း အခွီတွေထိုင်လုပ်နေတာမလို့ ကြည့်ရတာ လုံးဝမိုက်တဲ့ အက်ရှင်ဟာသကားကြီးပါပဲ။

6.9 2021 99 mins
Hitman’s Wife’s Bodyguard
Like Friends
6.5

Like Friends (2025) IMDb Rating (6.5) အာချီလီလို့ခေါ်တဲ့ စတော့ကစားသမားတစ်ယောက်ဟာ ကမ္ဘာ့စတော့ကစားသမားထဲမှာ ထိပ်တန်း ၁၀ ဝင်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်တစ်ခုက လူမှုဆက်ဆံရေးမကောင်းတာပါ။ သူ့နားကို တော်ရုံမိန်းမတွေကပ်တာမခံသလို သူနဲ့ဇာတ်လမ်းဖြစ်ခဲ့ဖူးတဲ့မိန်းမတွေဆိုရင်လည်း သူနဲ့ကြာကြာမခံပါဘူး။ ဒါပေမဲ့ တစ်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူ့ဆီကိုအီးမေးလ်တစ်စောင်ရောက်လာပါတယ်။ အီးမေးလ်ထဲမှာ သူ့ကို လူသားတုပဉာဏ်နဲ့ပြုလုပ်ထားတဲ့ အဖော်မွန်စက်ရုပ်တစ်ရုပ်ကို လက်ဆောင်ရထားကြောင်းပြောလာပါတယ်။ ဒါကိုတွေ့ပြီး စိတ်ဝင်စားသွားတဲ့ အာချီလီဟာ အတည်ပြုလိုငြားဆိုပြီးတော့ အီးမေးလ်ပို့လာတဲ့ကုမ္ပဏီကိုပြန်ဆက်သွယ်ပြီး ရက်ချိန်းယူခဲ့ပါတယ်။ တကယ်လည်း စက်ရုပ်ကြီးတစ်ရုပ်သူ့အိမ်ရောက်လာတဲ့အချိန် အာချီလီတစ်ယောက် အံ့အားသင့်သွားရပါတယ်။ ဒီလိုနဲ့ အာချီလီနဲ့ သူ့အတွက်အဖော်မွန်ဖြစ်မယ်လို့ ကြော်ငြာခံထားရတဲ့ စက်ရုပ်မတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.1 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:24:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Action • Thriller
6.5 2025 83 mins
Like Friends