YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Heart Pairing (2025) S01E03 WEB-DL 720p (CM).mp4

657.69 MB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Riceboy Sleeps
7.2

Riceboy Sleeps (2022) IMDb - 7.6/10, Rotten Tomatoes - 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 935MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 57Min Genre - Drama, Family, History Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama • History
7.2 2023 117 mins
Riceboy Sleeps
Lovers Vanished
7

" AIDS ဖြစ်နေတဲ့ထောင်သားတွေကိုဆို ချက်ချင်းလွှတ်ပေးတယ် " ဆိုတာကတော့ ထောင်ထဲမှာကြားနေရတဲ့ ကောလဟာလတစ်ခု...... အပြစ်မဲ့လျက်နဲ့ မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျတာကိုမခံမရပ်နိုင်ဖြစ်နေတဲ့ ထွက်ပြေးဝိဇ္ဇာ Lim Su-In အတွက်တော့ ဒီသတင်းက ထောင်ထွက်လက်မှတ်တစ်ခုလိုပါပဲ။ HIV ပိုးရှိလို့ တစ်ထောင်လုံးကရှောင်ဖယ်ဖယ်လုပ်တာခံရတဲ့ Byung Sang ကတော့ နယ်မျက်လှည့်ဆရာတစ်ဦးဖြစ်ပြီး ထောင်ကျရတဲ့အကြောင်းက ချစ်သူကောင်မလေးရဲ့အပြစ်ကို အစားဝင်ခံပေးတာမို့လို့ Su-In နဲ့ သူမသာကိုယ်မသာပဲဖြစ်ပါတယ်။ ပိုးကူးခံရရင် ထောင်ကထွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Su- In တစ်ယောက်ကတော့ Byung Sang ကိုအရောစဝင်ပြီး နောက်ဆုံးမှာ ပိုးကူးခါမှပဲ ကြားထားတဲ့သတင်းက ဂျင်းကြီးမှန်းသိလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်း လက်မလျှော့သေးဘဲ နောက်တစ်နည်းထပ်ကြိုးစားနေတုန်းမှာ Byung Sang ဘက်ကနေ အကူအညီတစ်ခုတောင်းလာခဲ့ပါတော့တယ်။ " မင်းထွက်နိုင်ခဲ့ရင် Mia ဆိုတဲ့ကောင်မလေးကိုသွားကြည့်ပေးပါလား " . အဲ့ဒီနောက်မှာတော့..... File Size :(3.1GB)(870 MB) and (408MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae

Comedy • Drama
7 2010 104 mins
Lovers Vanished
Daaka
4

ရှင်ဒီ ဟာ အသက် (၃၈) နှစ်အရွယ် လူပျိုကြီး၊ ပိုင်ဆိုင်တာဆိုလို့ ရူပီးနှစ်သိန်းတန် မြေကွက်တစ်ခုရယ်၊ တံခါးပေါက်တွေတောင်မပါတော့တဲ့ အိမ်တစ်လုံးရယ်၊ ခြေသုံးချောင်းပဲ အကောင်းကျန်တော့တဲ့ ကုတင်တစ်လုံးရယ်၊ ဆီအမြဲပြတ်နေတတ်တဲ့ ဆိုင်ကယ်တစ်စင်းရယ်၊ သူ့ကိုသိပ်ချစ်ရှာတဲ့ အထက်တန်းလွှာက ချစ်သူမိန်းမချောလေးရယ်၊ သူဘေးမှာ မခွာတမ်း ခင်မင်ရှာတဲ့ ညီအစ်ကိုတမျှရင်းနီးသူ ဘာလီ ရယ်။ ရှင်ဒီ နဲ့ ဘာလီ တို့နှစ်ယောက်ဟာ ဈေးဆိုင်ကြီးတစ်ခုရဲ့မျက်နှာစာမှာ ဖုန်းပြင်ဆိုင်သေးသေးလေးဖွင့်လို့ စားဝတ်နေရေး ဖြေရှင်းကြရသူတွေပါ။ ရှင်ဒီ က အကြံဉာဏ်ကောင်းတွေနဲ့ စီးပွားရေးလုပ်ကိုင်တတ်သူဖြစ်ပြီး ဘာလီ ကတော့ ရှင်ဒီ ပြောသမျှနားထောင်ပြီး ဒိုင်ခံအလုပ်လုပ်ပေးသူ ဖြစ်ပါတယ်။ ဉာဏ်သမားနဲ့ အလုပ်လုပ်သမားပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က ကျောမွဲလေးတွေပါ။ ဆင်းရဲသား နင်းပြားလေးတွေ။ တစ်နေ့မှာ သူတို့မှီခိုနေရတဲ့ ဈေးဆိုင်ကို သူ့ပိုင်ရှင်က ရောင်းချတော့မယ့်အဖြစ်ကို ရောက်လာခဲ့ပါတယ်။ နောက်ရောက်လာမယ့်ပိုင်ရှင်က ဈေးဆိုင်ရှေ့မှာဖွင့်နေတဲ့ သူတို့ရဲ့ဖုန်းပြင်ဆိုင်လေးကို ကြည်ဖြူပါ့မလား မသေချာတာကြောင့် ရှင်ဒီ နဲ့ ဘာလီ တို့ ဈေးဆိုင်ကြီးကို မဖြစ်မနေ ဝယ်ယူရမယ့်အခြေရောက်လာပါတော့တယ်။ ရှင်ဒီ ဘက်မှာလည်း ချစ်သူရဲ့ဖခင်က အထင်ကြီးမှုကို အသည်းအသန်လိုအပ်နေလို့ ဈေးဆိုင်ကိုဝယ်မှရမယ့်အ‌ချိန်၊ ဘာလီ ဘက်မှာလည်း ချစ်သမီးလေးရဲ့ အစာအိမ်ရောဂါက သိပ်ပြင်းထန်လွန်းလို့ ငွေပုံအောပြီး ကုရမယ့်အခြေရောက်လာတော့ နှစ်ယောက်သား ကြံရာမရဖြစ်ရတာပေါ့။ မတတ်သာတဲ့အဆုံး ရွာထဲကဘဏ်ငယ်လေးတစ်လုံးကို ဓားပြတိုက်ဖို့ ကြံစည်ရပါတော့တယ်။ ရှင်ဒီ ရဲ့ ရွှေချရမယ့်ဦးနှောက်နဲ့ အစီအစဉ်တွေ အားလုံးအဆင်ပြေနေပေမဲ့ လတ်တလောဖမ်းမိထားတဲ့ လူလိမ်ရာဇဝတ်ကောင်ကြီး စူကာချန်း ကို သူ့တပည့်တွေက ရဲစခန်းဝင်စီးပြီး လာကယ်ချိန်နဲ့တိုးလို့ သူတို့ဓားပြမှုလေး အောင်မြင်ကာနီးမှ တစ်ပြားမှမရဘဲပြန်ပြေးခဲ့ရတယ်ပေါ့။ အစိုးရဆီက သန်း (၅၀၀) လိမ်လည်ခဲ့သူကြီး စူကာချန်း ဟာ ကယ်တင်မှု မအောင်မြင်လို့ ရွာထဲမှာပိတ်မိနေပြီး ဓားပြမှုကနေ ပြေးလာတဲ့ ရှင်ဒီ တို့နှစ်ယောက်နဲ့ တိုးမိရာကနေ အပေးအယူတစ်ခုဖြစ်လာပါတယ်။ သူ့ကို ရွာထဲက လွတ်အောင်ထုတ်ပေးနိုင်ရင် ရှင်ဒီ တို့နှစ်ယောက် သန်း (၅၀) ရမယ်တဲ့။ ကဲ ဘာဆက်ဖြစ်မလဲဆိုတာတော့ လူကြီးမင်းတို့ဖာသာ ဆက်ကြည့်လိုက်ပါတော့... (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.3GB, 1.1GB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 2H 16Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Thriller
4 2019 140 mins
Daaka
Red, White & Royal Blue
8

Red, White, and Royal Blue (2023) 2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာ ဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။ LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊ လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။ သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။ အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။ မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။ သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ သူတို့ကိုကြည့်ပြီးခွီရသလို လေးနက်ကြပြန်ရင်လဲ သူတို့နှစ်ယောက်အပြင်မရှိပြန်ပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီးလဲ အဲလက်စ်ရဲ့လူငယ်အမြင်နဲ့ ပေါ့ပေါ့ပါးပါးပါဝင်ထားသေးတာမို့ စိတ်ဝင်စားစရာကောင်းသလို နိုင်ငံရေး စာပေ ရုပ်ရှင် အညွှန်းတွေပါဝင်တာကလဲဇာတ်လမ်းကိုပံ့ပိုးပေးပါတယ်။ 3 CNN entertainment ကတော့ "ဒါက နတ်သမီးပုံပြင်လေးပါပဲ ဒါပေမဲ့ဒီဇာတ်လမ်းမှာ အတားအဆီးက မိထွေးကြီးမဟုတ်သလို ကောက်ကျစ်တဲ့စုန်းမကြီးလဲမဟုတ်ဘူး အချစ်စစ်က မင်းသားတစ်ယောက်ထဲမဟုတ်ပဲ နှစ်ယောက်ကိုတွေ့သွားတဲ့အခါ တွေ့ရမယ့်အတားအဆီးတွေပါပဲ" လို့ညွှန်းဆိုထားပါသေးတယ်။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Mary Christ, Hnin Ei Pai တို့ပဲ ဖြစ်ပါတယ်။

Crime • Drama • Thriller
8 2023 121 mins
Red, White & Royal Blue
Night of the Demons
5.5

Horror/Thriller ကားတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ 2009 ခုနှစ်က Night Of The Demons ဆိုတဲ့ ဇာတ်ကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ဇာတ်ကားနာမည်အတိုင်းပဲ နတ်ဆိုးတွေရဲ့ ညအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဆော်အလန်းစားလေးတွေက ဟောလိုးဝင်းညမှာအန်ဂျလီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ကျင်းပတဲ့ ပါတီမှာ ကဲဖို့အတွက်သွားခဲ့ကြပါတယ်။ တစ်ခုထူးဆန်းတာက ပါတီလုပ်တဲ့အိမ်ကြီးက လူမနေတာ နှစ်ပေါင်းငါးဆယ်လောက် ရှိပြီဖြစ်တဲ့ ခြောက်ခြားစရာအိမ်ကြီးမှာပဲဖြစ်ပါတယ်။ကောင်မလေးတွေကလဲ သူတို့ရဲ့ရည်းစားဟောင်းတွေ Crush တွေနဲ့တွေ့ပြီးရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး ပျော်ပါးနေကြတုန်း သိပ်မကြာခင်မှာပဲ ရဲတွေဝင်လာလို့ပါတီကပျက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ပါတီလာတဲ့လူတွေအကုန်ပြန်သွားပြီး အကြောင်းအမျိုးမျိုးနဲ့အန်ဂျလီနာ အပါအဝင်ကောင်လေး ကောင်မလေး ၇ ယောက်ကကျန်ခဲ့ပါတော့တယ်။ သူတို့အိမ်ထဲက ထွက်ဖို့လုပ်တဲ့အချိန်မှာခြံဂိတ်တံခါးကြီးက လုံးဝကိုဖွင့်လို့မရတာနဲ့ တစ်ညလုံးအဲ့ဒီအိမ်ကြီးထဲမှာနေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့မသိခဲ့တာကတော့ အဲ့ဒီအိမ်ကြီးထဲမှာ သူတို့မသိတဲ့ကြောက်စရာနတ်ဆိုးတွေက သူတို့ကိုစောင့်နေခဲ့တယ် ဆိုတာပါပဲ။ဒီတော့အဲ့ဒီ ၇ ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ သွေးထွက်သံယိုအခန်းတွေနဲ့ကြည့်ရှုရမဲ့ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.94GB / 1.1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2009 93 mins
Night of the Demons
4:4:44
6.7

4:4:44(2022) ************ 1944ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ချစ်သူနှစ်ဦးလက်ထပ်ခဲ့ကြတယ်။ ဒီချစ်သူနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦးအရမ်းကိုချစ်ခင်ကြပြီး မိဘချင်းကလည်းရင်းနှီးတဲ့အတွက် သူတို့နှစ်ဦးရဲ့အနာဂတ်ဟာလှပနေခဲ့တယ်။ ဒါပေမယ့်အငြှိုးရှိသူတစ်ယောက်ကြောင့် ဇနီးသည်ဖြစ်သူ သရီစာဟာ အဲ့ဒီနေ့မှာပဲခဲဆိပ်သင့်ကာ ဦးနှောက်ကစဉ့်ကလျားရောဂါရသွားပါတယ်။ နောက်ဆုံးထွက်သက်အထိ အတူရှိသွားပါ့မယ်လို့ကတိပေးထားတဲ့ ဟီလာရီဟာ ဇနီးသည်အပေါ်မငြိုမငြင်ပြုစုရင်းနဲ့ အခက်အခဲများစွာကြုံလာတဲ့အခါမှာတော့… အဲ့ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းပြီး သူတို့နှစ်ဦးရဲ့ချစ်ခြင်းတွေက ဘယ်လောက်ထိခိုင်မာလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1,6GB& 816MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 51min Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Aung Paing Phyoe

6.7 2022
4:4:44
Friday the 13th
6.4

Friday the 13th (1980) ~ IMDb – 6.4/10, Rotten Tomatoes – 64% ~ ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။ အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။ အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ဆိုတဲ့ကောင်လေး ရေနစ်သေသွားခဲ့တာကစပြီး အဖြစ်ဆိုးတွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။ စခန်းမှာ အကူလေးတွေရှိပေမဲ့ တူနှစ်ကိုယ်ချစ်ရည်လူးနေတဲ့စုံတွဲတွေဖြစ်လို့ ကလေးရေထဲဆင်းသွားတာ မသိလိုက်ကြဘူးတဲ့။ ဂျေဆင်ရဲ့အမေဟာလည်း စခန်းအကူတစ်ယောက်ဖြစ်ပြီး သားသေရတဲ့အဖြစ်ကို ရင်နင့်စွာခံစား အငြိုးတွေဝေခဲ့ရတာပေါ့။ ဒီလိုနဲ့ပေါ့လေ။ အဖြစ်ဆိုးတွေဖြစ်နေလို့ ပိတ်ထားတဲ့စခန်းကို ပိုင်ရှင်က ပြန်ဖွင့်ဖို့ကြိုးစားတယ်။ ရေကန်စခန်းကို လာရောက်လည်ပတ်သူတွေမလာခင်မှာ စခန်းကို လှည့်လည်ပြသလမ်းညွှန်ပေးကြမယ့် စခန်းအကူလေးတွေ လုပ်စရာရှိတာတွေ လုပ်နေဆဲအချိန်ပေါ့။ သူတို့လေးတွေဟာ လူငယ်လေးတွေဖြစ်တာနဲ့အညီ ချစ်မှုရေးရာတွေ၊ အသောက်အစားတွေ၊ လိင်မှုကိစ္စတွေနဲ့ပဲ ၂၄/၇ ဖြတ်သန်းနေကြသူတွေပါ။ ဒါပေမဲ့ သူ‌တို့တွေ လူကြီးဖြစ်ပြီး ရင့်ကျက်ခွင့် မရလိုက်ပါဘူးလေ။ ကာလနာတိုက်ပြီး သေချင်းဆိုးနဲ့ သေကုန်ကြလေရဲ့။ တစ်ယောက်ချင်းစီ ဘယ်လိုသေကုန်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရတာ၊ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေမြင်ရတာကြောင့် 18+ အဆင့် သတ်မှတ်ပါတယ်။ နှလုံးအားနည်းသူတွေ၊ သွေးသံရဲရဲမနှစ်သက်သူတွေ ရှောင်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.3MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance • History
6.4 1980 95 mins
Friday the 13th
Frontiers
5.6

ကိုယ်ချစ်ရတဲ့လူတွေ လောကကြီးထဲကထွက်ခွာသွားရရင် သူတို့မရှိတော့တာကိုစိတ်ထဲကသိနေပေမဲ့ မသိစိတ်ထဲမှာ သူတို့ကိုဆက်ရှိနေစေချင်သေးတဲ့ အခါမှာတော့ ထင်ယောင် ထင်မှားတွေဆိုတာဖြစ်လာတတ်ပါတယ်။ အခုတင်ဆက်ပေးမဲ့ IMDb Rating 5.6 ရရှိထားတဲ့ Frontiers ဆိုတဲ့ဇာတ်ကားလေးမှာလည်းအဲ့လိုအစွဲ အလမ်းကြီးမှုတွေကို ဒရာမာ သည်းထိပ်ရင်ဖိုလေးတွေနဲ့ ပေါင်းစပ်ပြီးရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီရန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က စိုက်ပျိုးမွေးမြူရေး ခြံကြီးတစ်ခုမှာ သမီးလေးနဲ့အတူ နေထိုင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်ကပဲ သူမရဲ့အဖေဆုံးပါးသွားတာကြောင့် စိတ်ဒဏ်ရာတွေကို ခံစားနေရသူတစ်ယောက်လည်းဖြစ် ပါတယ်။အိမ်မှာ တစ်ခါတစ်လေ တကယ်မရှိတဲ့အရာတွေကို မြင်နေတွေ့နေကြားနေရပြီး အဖေဖြစ်သူပြန်လာတယ်လို့ ထင်နေတဲ့အတွက် သူ့ညီမတွေက သူ့ကိုအကူအညီပေးဖို့ အတွက် သူတို့ကိုပစ်ပြီးဖလော်ရီဒါကို ထွက်သွားတဲ့အမေ ဖြစ်သူကို လှမ်းခေါ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ အမေဖြစ်သူ ရောက်လာပြီး သေတမ်းစာကိစ္စတွေဘာတွေစီစဉ်ပြီး သူတို့နဲ့ ရက်ပိုင်းလောက် အတူတူနေပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ အမေရိကန်ထောင်ကနေ လွတ်မြောက်လာတဲ့ ထောင်သားနှစ်ယောက်ကသူတို့ နေထိုင်ရာ ကနေဒါနယ်စပ်ကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေလဲကြားနေရတဲ့အခါမှာ ဒီရန်းတစ်ယောက် ကြုံတွေ့နေရတာတွေက သူ့စိတ်ကူးတွေလား တကယ့် အဖြစ်အပျက်တွေလားဆိုတာကို ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.19GB / 532MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.6 2023
Frontiers
Blade: Trinity Blade 3
5.8

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

5.8 2004
Blade: Trinity Blade 3
Alien: Romulus
7.3

နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ File size…4.49GB /1.83GB / 978MB Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

7.3 2024 119 mins
Alien: Romulus
The Volunteers: The Battle of Life and Death
6.3

သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ… စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ… ဒီဇာတ်လမ်းလေးမှာတော့… စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး… ဘာတွေကြုံတွေ့ခဲ့တယ်… ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်… ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်… တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ… ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်တာမို့… သမိုင်းကြောင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်၊ ဗျူဟာတွေ၊ စစ်မြေပြင်အခြေအနေကို ရုပ်ရှင်ကတစ်ဆင့် ကွင်းဆင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်… စစ်ကားတွေကို ကြည့်ချင်တယ်ဆို… ဒီပေါ်လစီကားကြီးကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက ဦးဆောင်ပြီး ကိုယ်ခံပညာအသားပေးကားမှ ရိုက်တဲ့ ဝူကျင့်၊ ချန်ခိုင်ခယ် ဒါရိုက်တာကြီးရဲ့သား ချန်ဖေးယွီ၊ ကာရိုက်တာတိုင်းကို ရင်ဘတ်ကြီးနဲ့ သရုပ်ဆောင်တတ်တဲ့ ကျူးယိလုံတိုနဲ့အတူ ပေါက်စီမြေက အနုပညာရှင် တစ်ဝက်လောက်ကို ခေါ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

6.3 2024
The Volunteers: The Battle of Life and Death
Bhairathi Ranagal
8

Bhairathi Ranagal (2024) “ရှာမှရှားတဲ့ သူလိုလူ” ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပု‌ဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကို အလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူဆိုးတစ်‌ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့ ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။ သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့ ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။ ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်း အ‌လှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။ အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကို ကံတရားက ဘယ်လိုကျီစားဦးမှာလဲ… တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာ ဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ… ရှေ့ဆက်ပြီး သူ ဘယ်လို ကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Thriller • Action
8 2024
Bhairathi Ranagal
Twelve

Twelve (2010) ************* ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်… အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီး သူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ… သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ… သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်… အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ… အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်… File Size : 1.64GB / 700MB Quality : BluRay 1080p 5.1ch / 720p Duration : 1 hr. 38 min. Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by BZW Encoded by Heather Oo

0 2010 93 mins
Twelve
Tomb of King Chu You
5.8

ဒီတစ်ခါမှာတော့ ချူးယိုးဘုရင်ရဲ့ သင်္ချိုင်းကို ဖောက်တဲ့ ခရီးစဉ်ကို အခြေခံရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ချူးယိုးဘုရင်နဲ့အတူ သူ့ပြည်ထောင်က အမှုထမ်းတွေ ခြွေရံတော်တွေ အားလုံးကို အရှင်လတ်လတ်နဲ့ သင်္ချိုင်းဂူထဲ သင်္ဂြိုလ်ခံခဲ့ရတာပေါ့လေ… အဲ့ သင်္ချိုင်းကို ဘယ်လိုရောက်သွားလဲဆိုရင်တော့ မျက်မမြင် ဗေဒင်ဆရာကြီးကနေစရမယ်… လင်အရာရှိမင်းရဲ့သမီး လင်ကျန်းကျန်းကို ကပ်ဘေးကြုံ သေကိန်းဆိုက်မယ် ဟောပြီး ချစ်သူဖူးစာရှင်ကယ်မှ လွတ်မြောက်မယ် ဟောပြီး… တစ်ဖက်က ဝူချီကိုလည်း သူရှာနေတဲ့ သူ့ပျောက်ဆုံးနေတဲ့ ဆရာကို ရှာတဲ့ ခရီးလမ်းက အစမှာကောင်းပေမယ့်လည်း အဆုံးသတ်က မလှခဲ့ဘူးတဲ့ ဟောပြန်ရော…. ဒီလိုနဲ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာရှာပုံတော်က သင်္ချိုင်းဖောက်ခရီးလိုက်ဖို့ဖြစ်လာပြီး… တစ်ဖက်က လင်ကျန်းကျန်းကလည်း အဆိပ်သင့်ခဲ့တာကြောင့် သူရော သူ့အဖေတင်မကဘူး သူ့အဖေ စစ်သည်တစ်ဖွဲ့လုံးလည်း သင်္ချိုင်းဖောက် ခရီးစဉ်နောက်ပါသွားလေရဲ့… ဒါတွေရဲ့ နောက်ကွယ်ကြိုးကိုင်သူကတော့ ဟုန်လင်ဆိုတဲ့ အမျိုးသမီးပါပဲ… ကဲ ဟုန်လင်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မှာလဲ… နောက်ပြီး ဒီသင်္ချိုင်းဖောက်ခရီးစဉ်ကရော ရိုးရှင်းရဲ့လား… ဝူချီရှာနေတဲ့ ဆရာကိုရော ပြန်တွေ့ပါ့မလား…

Crime • Drama • History
5.8 2025
Tomb of King Chu You
Oshi no Ko -The Final Act-
6.7

Oshi no Ko -The Final Act- (2024) ******************************** ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Mystery. Drama. Supernatural အမျိုးအစား စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ဒေါက်တာဂိုရိုဟာ အလုပ်သင်ဆရာဝန်အနေနဲ့ ဆေးရုံမှာအလုပ်နေသူဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ အအိဆိုတဲ့ အိုင်ဒေါကို အရမ်းသဘောကျနေတဲ့ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့လူနာ ဆာရီနာနဲ့ ရင်းနှီးကျွမ်းဝင်နေသူပါ။ ဆာရီနာ ဆုံးပါးသွားပြီးနောက်မှာ သူလည်း သားဖွားမီးယပ်ဆောင်မှာ အမြဲတမ်းဒေါက်တာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆာရီနာရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ အတွက် ဒေါက်တာဂိုရို ဟာလည်း အအိရဲ့ ပရိသတ်ဖြစ်သွားပါတော့တယ်။ တစ်နေ့ သူ့ဆီကို အအိက ရုပ်ဖျက်ပြီး အမြွှာကိုယ်ဝန်ဆောင်အနေနဲ့ ရောက်လာခဲ့ရာ သူကလည်း ကလေးတွေကို ကျန်းမာစွာ မွေးဖွားပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ လျှို့ဝှက်ချက်များစွာနဲ့ အိုင်ဒေါ အအိ မီးဖွားခါနီးအချိန်မှာ ဆေးရုံထိ နောက်ယောင်ခံ လိုက်လာသူရှိနေမှန်း ဒေါက်တာဂိုရိုသိသွားချိန် ထိုလူနောက်ကို လိုက်သွားရင်း သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးတာကို မသိလိုက်ခင်လေးမှာပဲ ထူးဆန်းစွာနဲ့ သူဟာ အအိရဲ့ အမြွှာကလေးထဲက တစ်ယောက်ဖြစ်နေတာကို ဂိုရိုသိသွားခဲ့ပါတယ်။ ကလေးမွေးထားတာကို လျှို့ဝှက်ထားတဲ့တစ်ကိုယ်တော်မိခင် အိုင်ဒေါ အအိဟာ သူ့မျက်စိရှေ့မှာတင် အသက်ခံလိုက်ရတဲ့အခါ မိခင်ဖြစ်သူ အိုင်ဒေါရဲ့ သေဆုံးမှုကို အကွာ (ဒေါက်တာဂိုရို)က ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.8GB / 947MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Fantasy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo & Char Ou Encoded by AHtet

6.7 2024 129 mins
Oshi no Ko -The Final Act-