YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heart Beat S01E77 1080p YK(CM).mp4

303.64 MB 1080p video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghosts of the Ozarks
5.7

တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ​ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ မြို့လေးတစ်မြို့ ရှိနေခဲ့မယ်ဆိုရင်ရော..။ ဒီနံရံအကာအကွယ်တွေရဲ့ အထဲမှာ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ လူတွေရဲ့ ရင်ထဲက အကြောက်တရားကရော အမှန်တကယ် အစစ်အမှန်ပဲလား..? ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ခြေလေးချောင်းတော်လှန်ရေး (George Orwell) စာအုပ်ကိုတောင် လျှပ်တပြက်သွား သတိရလိုက်သေးတယ်..။ ကြိုက်တယ်.. မကြိုက်ဘူးဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဆိုပေမဲ့ စိတ်ဝင်စားစရာတွေ လွတ်သွားရင်တော့ သိပ်နှမြောဖို့ ကောင်းနေမှာမို့ ဒီဇာတ်ကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ညွှန်းလိုက်ပါ့မယ်..။ အကြောင်းအရာအရ စိတ်လှုပ်ရှားစရာလည်း ကောင်းရမယ်..။ ရင်ထိတ်သည်းဖိုလေးလည်း နည်းနည်းဖြစ်ရမယ်..။ ကျေနပ်စရာကောင်းတဲ့ နှောင်းခေတ်ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးတစ်ခု ကြည့်ဖို့ ရှာနေတယ်ဆိုရင်တော့.. ဒီဇာတ်ကားကိုသာ ရွေးလိုက်တော့.. ရွေးလိုက်တော့လို့ ပြောရတော့မှာပဲဗျား..။ File size…(1.3 GB)/(550 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Drama • Romance
5.7 2022 100 mins
Ghosts of the Ozarks
Ready Player One
7.6

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။ အဲ့ဒီဥကို ရှာဖွေတွေ့ရှိသူဟာ ဟာလီဒေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အိုအေစစ်ကိုထိန်းချုပ်ခွင့်ပါ ရရှိမှာဖြစ်တဲ့အတွက် အိုအေစစ်ထဲက လူအားလုံးက အဲ့ဒီဥကို အသည်းအသန်လိုက်ရှာကြပါတော့တယ်။ အဲ့ဒီလိုလိုက်ရှာနေကြတဲ့သူတွေထဲမှာ Ready Player One ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝိတ်ဝက်စ်လဲ ပါဝင်သလိုIOI ဆိုတဲ့ ကုမ္ပဏီကြီးကလဲ အဲ့ဥနောက်ကိုသဲသဲမဲမဲလိုက်နေတာပါ။ ဥကို ရဖို့အတွက် သော့ ၃ ချောင်းအရင်ရှာရမှာဖြစ်ပြီးသဲလွန်စတွေကို ဘယ်လိုအဖြေဖော်ကြမလဲ၊ ဘယ်သူ အဲ့ဥကိုရသွားမလဲ၊ ဟာလီဒေးရဲ့ အစီအစဉ်ကရော ဘယ်လိုလဲဆိုတာတော့ ပရိသတ်တွေအနေနဲ့ ဖိုင်ဆိုဒ်အကြီးကိုသာဒေါင်းပြီး အလှပဆုံး CGI တွေနဲ့ အမြူးကြွဆုံး 80s Rock သီချင်းတွေပါဝင်တဲ့ ဒီရုပ်ရှင်ကို ဇိမ်နဲ့ခံစားကြည့်ရှူလိုက်ကြပါ။ ဒီရုပ်ရှင်ထဲမှာ 80s, 90s ခေတ်က ရုပ်ရှင်တွေ ဂိမ်းတွေ သီချင်းတွေကို ကိုးကားထားတာတွေ မရေတွက်နိုင်အောင်ပါဝင်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ဒိုင်ယာလော့တွေကအစ ဒီကိုးကားချက်တွေမပါရင် မပြီးဘူးလို့တောင် ပြောလို့ရလောက်တဲ့အထိပါပဲ။ ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကို နှစ်ခေါက်တော့အနည်းဆုံးကြည့်စေချင်ပါတယ်။ ပထမတစ်ခေါက် ဇာတ်လမ်းကိုခံစားပြီးကြည့်ပါ။ ဟောင်းပေမယ့်ကောင်းနေဆဲ သီချင်းတွေကို ခံစားကြည့်ပါ။ ဒုတိယတစ်ခေါက်မှာ သူတို့ရဲ့ကိုးကားချက်တွေကိုခံစားကြည့်ပါ။ ကိုးကားချက်တွေကို ရှာဖွေရလွယ်အောင် ဘာသာပြန်ကတည်းက ကွင်းစကွင်းပိတ်နဲ့ ရှင်းချက်တွေထည့်ပေးထားပြီးရုပ်ရှင်၊ ဂိမ်း နာမည်တွေကို English လိုသာ တမင်ချန်ထားပေးခဲ့ပါတယ်။ အားလုံးပဲ ဒီရုပ်ရှင်ကို ၂ ခါမြောက်ကြည့်ပြီးရင် Google ဂုဏော အနေန္ဒောနိုင်ကြပါစေ။ တစ်ခုတော့ပြောပါရစေ။ Ready Player One ရုပ်ရှင်ဟာ ဖျော်ဖြေရေးဇာတ်ကားသက်သက်မဟုတ်ပါဘူး။ သိပ်မကြာတော့တဲ့အနာဂတ်မှာ ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရနိုင်တဲ့ နည်းပညာလွှမ်းမိုးမှုပြဿနာတွေကို ကြိုပြီး သတိထားကြဖို့အတွက်၊ ကာကွယ်နိုင်ဖို့အတွက်၊ Pop Culture တွေကိုလဲ ထိန်းသိမ်းနိုင်ဖို့အတွက်ရည်ရွယ်ပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ လူကြီးတွေအနေနဲ့ ဒီရုပ်ရှင်ကိုကြည့်ပြီး ဂျိမ်းစ်ဟာလီဒေးကို နှစ်သက်ကြမှာဖြစ်သလို လူငယ်တွေကလဲရဲ ၅ ဖော်ကို သဘောကျသွားကြမှာသေချာပါတယ်။ ပြီးတော့ အမျိုးသမီးချောများ မမေ့ပါနဲ့၊ ဒီရုပ်ရှင်မှာ မိုရီဆာကီဝင်း (အဝင်း) ပါပါတယ်ခင်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုအာကာပါ) File Size : (6.9 GB) / (2.3 GB) / (1.2 GB) Quality : Blu-Ray 4K HEVC /1080p / 720p Running Time : 2hr 20min Format : mkv/mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Arkar Phyo Encoded by Thanhtike Zaw,Nyeinsaeya Aung

Action • Comedy • Crime
7.6 2018 140 mins
Ready Player One
Padmini
8

Padmini(2023) ‌ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အ‌ရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။ လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, Yunniတို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ File size…1.7GB / 768MB Quality…1080p  WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ YH~ V~ Cherry~ BpL~ Yunni

Animation • Sci-Fi & Fantasy
8 2023 120 mins
Padmini
[18+] Kahalili
5.4

Kahalili (2023) သူဌေးရပ်ကွက်က စံအိမ်ကြီးတစ်လုံးကို မာသာဆိုတဲ့ကောင်မလေးတစ်ယောက် အိမ်အကူလုပ်ဖို့ အူလည်လည်နဲ့ ရောက်လာပါတယ်။ အိမ်ရှင်မက ထွက်ကြိုဆိုပြီး နေရာချပေး အိမ်တစ်ခုလုံးကိုလိုက်ပြပြီး နွေးနွေးထွေးထွေးစကားပြောပေမဲ့ မာသာပုံစံက မထုံတက်တေးပါပဲ။ ရောက်ပြီးမကြာခင်မှာဘဲ တကယ်တမ်း ဘာကြောင့် မာသာကိုအလိုရှိတယ်ဆိုတဲ့ အကြောင်းရင်းကို အိမ်ရှင်တွေဘက်ကထုတ်ပြောလာပါတယ်။ အဲဒါကတော့ ကလေးမရနိုင်တဲ့ သူတို့လင်မယားအတွက် မာသာက သဘာဝနည်းနဲ့ အငှားကိုယ်ဝန်လွယ်ပေးဖို့ပါပဲ။ သူတို့လင်မယားဟာ ဘာသာရေးတရားလွန်ကိုင်းရှိုင်းသူတွေဖြစ်ပြီး မာသာဟာ ဘုရားသခင်ကစေလွှတ်လိုက်တဲ့သူ၊ ပြီးတော့ အပျိုစင်တစ်ယောက်လို့ ယုံကြည်နေကြတာပါ။ ဒါပေမဲ့ တကယ်တမ်းတော့ မာသာဟာ သူတို့ထင်နေသလိုရိုးရိုးအေးအေးမဟုတ်ပဲ တကယ့်ကိုပြောင်းပြန်စရိုက်နဲ့ အတိတ်ဆိုးရှိတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ရက်စက်ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေ သွေးသံရဲရဲတွေတင်မက သီရိစံတွေ Orgy တွေ ကြိုးတုပ်တာတွေ ကျာပွတ်နဲ့ ရိုက်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေပါ ပါဝင်တဲ့အတွက် မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းကကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 870MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 45Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.4 2023 103 mins
[18+] Kahalili
Slotherhouse
6.1

Slotherhouse (2023) ~ IMDb – 6.1/10, Rotten Tomatoes – 64% ~ ကာတွန်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေထဲမှာ အရမ်းကို နှေးတဲ့အကောင်လေးတွေအဖြစ် ပုံဖော်ထားတဲ့ စလော့သ်ဟာ ဒီရုပ်ရှင်ထဲမှာ မြန်ဆန်ပြီး လူလို ဉာဏ်ကောင်းနေပါတယ်။ ပြီးတော့မှ စိတ္တဇလည်းဖြစ်နေပြီး လူတွေကို လိုက်သတ်တဲ့ ကားမျိုးပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ သားသတ်ရုံကို slaughterhouse လို့ ခေါ်ပြီး အဲဒီစာလုံးကိုမှ မျောက်မောင်းမတွေနဲ့ ဆင်တဲ့ စလော့သ်အကောင်လေးနာမည်နဲ့ ပေါင်းပြီး Slotherhouse လို့ ပေးထားတာပါ။ ဓားတွေသေနတ်တွေနဲ့ ချတာတွေပါပြီး Scary movie ဆန်ဆန် အခွီတွေလည်းပါပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အထက်တန်းကျောင်းက မိန်းကလေးဆောင်တစ်ခုမှာ နောက်ဆုံးနှစ် တက်နေတဲ့ အမ်မလီဆိုတဲ့ ကျောင်းသူလေးဟာ တောထဲက မုဆိုးတစ်ယောက်ဖမ်းလာတဲ့ စလော့သ်လေးတစ်ကောင်ကို ခေါ်လာမိပါတယ်။ သူ့ကို တစ်ဆောင်လုံးက သဘောတွေကျပြီး နာမည်ကြီးနေပေမဲ့ အမ်မလီရဲ့ ပြိုင်ဘက် မိန်းကလေးတစ်စုကတော့ မကြိုက်ပါဘူး။ ဒါကြောင့် အမ်မလီမသိအောင် သူ့ကို လွှင့်ပစ်ဖို့ ရှင်းပစ်ဖို့ ကြိုးစားပေမဲ့ သူတို့ထင်သလို ရိုးရိုးစလော့သ်မဟုတ်ဘဲ စောင်ဆန်းစလော့သ်ဖြစ်နေတာကြောင့် တစ်ဆောင်လုံးကို တန်းစီပြီးပြန်လိုက်သတ်ပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 700MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 33Min Genre – Comedy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama
6.1 2023 93 mins
Slotherhouse
Beyond Existence
5.7

ဂြိုလ်သားတွေနဲ့ ပတ်သတ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေကို ရှာဖွေကြည့်ရှုနေကြတဲ့လူတွေအတွက် Beyond Existence ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အယ်လန်ဆိုတာ အစိုးရရဲ့သတင်းအချက်အလက်တွေကို ဖလှယ်နေတဲ့ ပါမောက္ခတစ်ယောက်ကို ရှာဖွေသုတ်သင်ဖို့စေလွှတ်ခံထားရတဲ့ အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ အယ်လန်က ပါမောက္ခကို တွေ့အောင်ရှာခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုသတ်ဖို့လုပ်တဲ့အချိန်မှာ ပါမောက္ခကရိုးရိုးသာမန်လူမဟုတ်ပဲနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂြိုလ်သားတစ်ယောက်ဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့တာဝန်က ပါမောက္ခကို သတ်ဖြတ်ဖို့ကနေ သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်တွေ ရန်ကကာကွယ်ပေးရတဲ့ လူဖြစ်သွားပါတော့တယ်။အယ်လန်နဲ့ ပါမောက္ခလည်း အန္တရာယ်တွေရန်က နေထွက်ပြေးပုန်းရှောင်ရင်းနဲ့ ရင်းနှီးလာကြပြီး အယ်လန့်ရဲ့ ဘဝမှာ တစ်ခါမှမမြင်မကြားဖူးတဲ့ အရာတွေကိုသိမြင်လာရပါတော့တယ်။ ပါမောက္ခက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေတဲ့လူမျိုးဖြစ်နေမလဲ သူတို့နောက်ကိုအဆက်မပြတ်လိုက်လာနေတဲ့ အန္တရာယ်ကရောဘာဖြစ်မလဲ သူတို့နှစ်ယောက်အတူတူပူးပေါင်းလာပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ပန်းတိုင်အသစ်ကရော ဘာတွေဖြစ်မလည်းဆိုတာကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.37GB / 588MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2022
Beyond Existence
Superman: Unbound
6.5

Superman Unbound (2013) IMDb: 6.5/10 Rotten Tomatoes: 100% Superman Unbound ဟာ ၂၀၁၃ ခုနှစ်ထွက် DC Animation ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ကာရာ(စူပါဂဲလ်) ဟာကမ္ဘာမြေက်ိုရောက်ကာစအချိန်ဖြစ်ပါတယ်။ လိုးဝစ်စ်ကို လူဆိုးတွေဖမ်းသွားလို့ ကယ်လ်(စူပါမန်း) နဲ့ ကာရာလို့လိုက်ကယ်ကြပါတယ်။ ကာရာဟာ ကမ္ဘာကိုရောက်လာတာအကြောင်းရှိပါတယ်။ ဘရိန်းနီးရာ့ခ် လို့ခေါ်တဲ့ အရာဟာ ဂြိုလ်တိုင်းမှာရှိတဲ့ အဓိကမြို့တွေကိုဖမ်းယူပြီး အသိပညာဉာဏ်ရည်တွေကို စုပ်ယူထားတဲ့ ဉာဏ်ရည်မြင့်သတ္တဝါဖြစ်ပါတယ်။ ကာရာ ကမ္ဘာကိုရောက်လာတာကလည်း ကန်ဒေါလို့ခေါ်တဲ့ ခရစ်ပတွန်က မြို့တော် ဘရိန်းနီးရာ့ခ်လက်အောက်ကို ရောက်သွားတာကြောင့် ကာရာရဲ့မိဘ ကယ်လ်ရဲ့ဦးလေးတွေက စိတ်ပူပြီး ကမ္ဘာကိုလွှတ်လိုက်တာဖြစ်ပါတယ်။ အကြောင်းဖန်လာတော့ ဘရိန်းနီးရာခ့်ဟာ ကမ္ဘာကိုဦးတည်လာခဲ့ပါတယ်။ ကာရာနဲ့ကယ်လ် တို့နှစ်ယောက်ဘယ်လိုမျိုး ဉာဏ်ကြီးရှင် ဘရိန်းနီးရာခ့်ရန်ကနေ ကမ္ဘာကိုကာကွယ်ပေးမှာလဲ။ File size… 1 GB / 515 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Animation / Action / Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

6.5 2013 75 mins
Superman: Unbound
I’m a Cyborg, But That’s OK
7.1

IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံကတော့ သူမတူတဲ့ပုံစံလေးပေါ့.. သူမတူဆို စိတ်မနှံ့တဲ့သူနှစ်ယောက်ကြားမှာ ဖြစ်ပေါ်တဲ့ အချစ်ဇာတ်လေးတစ်ခုပါ… ယောင်းဂွန်းဆိုတဲ့ ကောင်မလေးက ကိုယ့်ကိုယ်ကို စက်ရုပ်လို့ ယုံကြည်နေတဲ့ ကောင်မလေး တစ်နေ့ စိတ္တဇဆေးရုံကို တက်တဲ့အခါ လူတွေရဲ့ အရာအားလုံးကို ခိုးနိုင်တယ်လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ကို ဆေးရုံမှာ တွေ့လိုက်ရတယ်… ဒီအခါမှာတော့ သူ့ဆီက တစ်ခုခုကို ခိုးပေးဖို့အတွက် တောင်းဆိုရင်း ရင်းနှီးမှုတစ်ခုရခဲ့ရာကနေ… စက်ရုပ်လို့ထင်နေတဲ့ ကောင်မလေးကို ဘယ်လိုတွေကူညီမယ်.. ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်

Comedy • Drama
7.1 2006 105 mins
I’m a Cyborg, But That’s OK
Antboy
5.2

Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာ ထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီး စူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။ သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီး ဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့‌ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ် File size… 1.7 GB / 788 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

Drama
5.2 2013
Antboy
Final Fantasy VII: Advent Children
7.2

Final Fantasy VII (Movie) ဟာ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb rating 7.2 ရရှိထားတဲ့ Animation ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မူရင်း video game ဖြစ်ပြီး movie အဖြစ်ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် နောက်ဆုံးတိုက်ပွဲပြီးဆုံးပြီးနောက် နှစ်နှစ်အကြာ ကမ္ဘာကြီးတစ်ခုလုံးပြန်လည်တည်ငြိမ်လာတဲ့အချိန်မှာ နောက်ထပ်အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရပါတော့တယ် လူတွေအားလုံးဟာလဲကမ္ဘာမြေကပ်လို့ခေါ်တဲ့ရောဂါတစ်မျိုးဖြစ်ပွားနေပြီး ကြေးစားစစ်သည်တစ်ဦးဖြစ်တဲ့ ကလောက်ဒ့်ဟာ ကုမ္ပဏီဥက္ကဠ ရုပ်ဖ့် နဲ့တွေ့ပြီး ရုပ်ဖ့်က ဂျီနိုဗာဆဲလ်ကိုလိုက်ရှာနေတဲ့ လူသုံးယောက်ကို တားဆီးဖို့အကူညီတောင်းရာမှာ ငြင်းဆန်ပြီးပြန်လာခဲ့ပါတယ် သူပြန်လာချိန်မှာတော့ သူနဲ့အတူနေထိုင်တဲ့ ရောဂါခံစားနေရတဲ့ မိဘမဲ့ကလေးငယ်တွေကို ဖမ်းခေါ်သွားကြတာကိုသိလိုက်ရပါတယ် တစ်ကိုယ်တည်းနေတတ်တဲ့ ကလောက်ဒ့်မှာလဲ ရောဂါခံစားနေရပြီး သူငယ်ချင်းတွေကိုတောင်မပြောပြခဲ့ပါဘူး ဒါပေမဲ့ သူကလေးတွေကို ကယ်တင်ဖို့ကြိုးစားရင်း ဂျီနိုဗာဆဲလ်ကို ရှာဖွေနေတဲ့ လူသုံးယောက်ကို ကလောက်ဒ့် နဲ့ သူ့သူငယ်ချင်းတွေ ကနောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ကြရပါတော့တယ် Video game ကနေ movie အဖြစ်ထွက်လာတဲ့အတွက် fighting scenes တွေကလဲအမိုက်စားတွေမို့ ကြိုက်ကြမှာပါ။

Comedy • Crime
7.2 2005
Final Fantasy VII: Advent Children
Duresori: The Voice of East
7.3

Duresori: The Voice of East (2012) ********************************* ဒီကားလေးကတော့ ဒူရယ်ဆိုရီလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတွေပါဝင်တဲ့ သံစုံကျူးအဖွဲ့ပေါ်ပေါက်လာပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဆယ်ကီနဲ့အာရမ်ဟာ ရိုးရာတေးဂီတကို ချစ်မြတ်နိုးပြီး ငယ်စဉ်ကတည်းကပဲ ရိုးရာဂီတကိုသီဆိုလာကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ် .. နာမည်ကြီး ရိုးရာတေးသီဆိုသူအဘွားကြောင့် ဘယ်နေရာရောက်ရောက် ကိုယ့်အရည်အချင်းထက် အဘွားကြောင့်အသိမှတ်ပြုခံရသလိုဖြစ်နေတဲ့ ဆယ်ကီ .. ရိုးရာဂီတမှာ ပါရမီပါပေမဲ့ မိဘမဲ့ဖြစ်ကာ အဒေါ်ဖြစ်သူက မရှိတဲ့ကြားကထောက်ပံ့နေရတဲ့အတွက် ကြိုးစားနေရတဲ့ အာရမ် .. ကျောင်းခေါ်ချိန် မပြည့်တဲ့ကလေးတွေစုပြီး ပွဲတစ်ခုမှာ သံစုံကျူးအဖွဲ့အ‌နေနဲ့ ဖျော်ဖြေဖို့ဖြစ်လာတဲ့အခါ .. ရိုးရာဂီတသီဆိုနေကြ ကလေးတွေ အမျိုးအစားမတူတဲ့ဂီတကို သီဆိုနိုင်အောင် ဆရာကဘယ်လိုလေ့ကျင့်ပေးသွားမှာလဲ။ တေးဂီတတွေနဲ့အတူ အထက်တန်းကျောင်း ဆယ်ကျော်သက်အရွယ်ဘဝကို ပြန်လည်ခံစားရမယ့် လူငယ်ဇာတ်ကားလေးမို့ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Shwe Pyae မှ ရေးသားထားပါတယ်) File size…2.07GB / 832MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Music, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Shwe Pyae Encoded by AHtet

7.3 2012 110 mins
Duresori: The Voice of East
Magazine Dreams
6.9

ဒါကတော့ Marvel ရဲ့ Kang မင်းသားကြီး Jonathan Mayor ရဲ့ body building ကားဖြစ်ပါတယ်… ၂၀၂၃ မှာထွက်ခဲ့တယ်ဆိုပေမယ့် Rating ပိုင်းအရလည်း အတော်လေး ကောင်းပြီး လူသိပ်မသိလိုက်တဲ့ ကားကောင်းလေးပါ… ကိုယ်ကာယမောင်တွေအတွက် Mr. Olympia ချန်ပီယံဆိုတာ ကမ္ဘာ့ဖလားလိုပါပဲ… ဒီပွဲမှာ ချန်ပီယံဖြစ်ဖို့ နှစ်ရှည်လများစွာ လေ့ကျင့်နေတဲ့ Psychopath ဆန်ဆန် ဇာတ်ကောင်အဖြစ် Jonathan Mayor ကိုတွေ့မြင်ရမှာပါ… သူ့ရဲ့ အိမ်မက်ကတော့ သူအားကျရတဲ့ Mr. Olympia ဆုရှင် ဘရက်ဗန်ဒါဟွန်းလို အောင်မြင်ပြီး တစ်နေ့ မဂ္ဂဇင်း ဂျာနယ်တွေရဲ့မျက်နှာဖုံးမှာ ဖော်ပြခံချင်တာပါပဲ ဒါပေမဲ့ ဆင်းရဲသားလူဆိုးရပ်ကွက်က လူမည်း Bodybuilder တစ်ယောက်အနေနဲ့ အိမ်မက်တွေက ထင်သလောက် လွယ်ကူနေပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုသွားရမှာပါ… File size…(6.03GB) / (2.43 GB) / (880 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….2h 3m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing

6.9 2023 124 mins
Magazine Dreams
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express
The Priests
6.8

The Priests (2015) ******************* IMDb… 6.8 ရုပ်ရှင်ချစ်သူများနဲ့မစိမ်းတဲ့ ဝါရင့်မင်းသားကြီး Kim Yun-Seok၊ မင်းသားချော Gang Dong-Won နဲ့ Parasite ဇာတ်ကားမှ မင်းသမီး Park So-Dam တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အပနှင်ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်အစပိုင်းမှာ ထွက်ရှိခဲ့တဲ့ မင်းသမီး Song Hye-Kyo ရဲ့ Dark Nuns ဇာတ်ကားကလည်း ဒီကားရဲ့ အဆက်ဖြစ်တာမို့လို့ ဒီကားလေးကြည့်ပြီးတာနဲ့ Dark Nuns ပါ ပြန်ကြည့်မယ်ဆိုရင်တော့ အသင့်လျော်ဆုံးပဲပေါ့ရှင်။ – ဇာတ်လမ်းအကျဉ်း – အထက်တန်းကျောင်းသူလေး ယောင်းရှင်း (Park So-Dam) ဟာ ညဘက်ကြီး ကားတိုက်ခံခဲ့ရပြီးနောက် မကြာခင်မှာပဲ ထူးခြားဆန်းပြားတဲ့ လက္ခဏာတွေ ခံစားလာရပါတယ်။ ဖာသာဂင် (Kim Yun Seok) ဆိုသူက ယောင်းရှင်းရဲ့အသိဖြစ်ပြီး ဆေးရုံကို လာတွေ့ပြီးနောက်မှာ ယောင်းရှင်းကိုယ်ထဲ နတ်ဆိုးစွဲကပ်နေကြောင်း သိရှိသွားပြီး အားလုံးရဲ့ ကန့်ကွက်မှုတွေ သံသယတွေကြားက ယောင်းရှင်းကို အပနှင်ပေးဖို့ အစီအစဉ်ချပါတော့တယ်။ ဒီအတွက် အရည်အချင်းအားလုံးနဲ့ ကိုက်ညီတဲ့ လက်ထောက်ဖာသာတစ်ဦးကို လိုအပ်နေခဲ့ပြီး ကျမ်းစာသင်ကျောင်းသားဖြစ်သူ သင်းထောက် ချွဲဂျွန်ဟို (Gang Dong-Won) က ရွေးချယ်ခံလိုက်ရတော့တာပေါ့။ ဒီလိုနဲ့ ယောင်းရှင်းကို ကယ်တင်ပေးနိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးဖြစ်တဲ့ တစ္ဆေကြီးပွဲတော်နေ့မှာ ဖာသာဂင်နဲ့ သင်းထောက်ချွဲတို့ အသက်ရင်းပြီး အန္တရာယ်များတဲ့ အပနှင်ပွဲကို ပြုလုပ်ကြတဲ့အခါမှာတော့… အန္တရာယ် အခက်အခဲများစွာကြားထဲကနေ ဖာသာဂင်နဲ့ သင်းထောက်ချွဲတို့က ကျောင်းသူလေး ယောင်းရှင်းကို ဘယ်လိုမျိုး ကြိုးစားကယ်တင်ပေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။) File Size : 1.75GB/ 660MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…1hr48m Genre : Thriller, Horror, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

Family • Drama
6.8 2015 103 mins
The Priests