YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heart Beat S01E70 1080p YK(CM).mp4

406.17 MB 1080p video/mp4 11 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sharpay's Fabulous Adventure
6

~ Rotten Tomatoes - 60% ~ Disney Musical Movie တွေ ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2011 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ နာမည်ကြီး Musical Movies တွေဖြစ်တဲ့ High School Musical တွေထဲက ကာရိုက်တာတစ်ယောက်ဖြစ်တဲ့ Sharpay Evans ကို မူလသရုပ်ဆောင်နဲ့ပဲ သက်သက်ခွဲထွက်ပြီး ရိုက်ကူးထားတာပါ။ ရှာပေဟာ သူတို့နယ်မြို့လေးက Country Club မှာ ခွေးလေးဘွိုင်နဲ့အတူတကွ ဖျော်ဖြေတာကို Broadway က နာမည်ကြီးဒါရိုက်တာက တွေ့ပြီး သဘောကျတဲ့အတွက် လူရွေးပွဲ ၀င်ပါဖို့ ကမ်းလှမ်းခံရပါတယ်။ Musical အသစ်မှာ ပါ၀င်သရုပ်ဆောင်မယ့် Star က သူအရမ်းကြိုက်တဲ့ Idol အမ်ဘာလီအာဒမ်စ်ပါတဲ့။ ရှာပေက သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ Broadway ပြဇာတ်ရုံကြီးရှိတဲ့ နယူး‌ယော့ခ်မြို့တော်ကြီးကို သွားချင်ပေမယ့် ဖခင်ဖြစ်သူက စိတ်မချပါဘူး။ သူ့သမီးအဆင်သင့်မဖြစ်သေးမှာကို စိုးရိမ်တာလည်းပါတာပေါ့။ ဖခင်သဘောတူအောင် အစစအရာအရာ စီစဉ်ပြပြီးတော့ ရှာပေက အပေးအယူတစ်ခုနဲ့ မိဘတွေရဲ့ခွင့်ပြုချက်ကိုရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ အချိန်တစ်လရမှာဖြစ်ပြီး သူ့အစီအစဉ်မအောင်မြင်ခဲ့ရင် အိမ်ကိုပြန်လာပြီး သူ့အဖေအတွက် အလုပ်လုပ်ပေးဖို့ပါ။ ဒီလိုနဲ့ အပေးအယူလုပ်ပြီး Broadway မှာ လူရွေးပွဲဖြေဖို့သွားတဲ့အခါမှာတော့ သူထင်သလို ဒါရိုက်တာက သူ့ကို သရုပ်ဆောင်အနေနဲ့ လိုချင်တာမဟုတ်ဘဲ ခွေးလေးဘွိုင်ကို လိုချင်တာဖြစ်နေပါတယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ ရှာပေက သူ့ခွေးလေးကို လူရွေးပွဲမှာ ပါခွင့်ပေးမှာလား၊ လူရွေးပွဲမှာရော ဘယ်သူနဲ့ အပြိုင်နေရာလုရဦးမှာလဲ၊ သူ့ Idol အမ်ဘာလီကရော လက်‌တွေ့မှာ သူမလေးစားအားကျရသလိုမျိုးပဲလားဆိုတာကတော့... ပန်းရောင်ကြိုက်တဲ့ကောင်မလေးတွေ အကြိုက် ပန်းရောင်အပြင်အဆင်တွေအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပြီး Disney Style Musical သီချင်းကောင်းလေးတွေကိုပါ ခံစားနားဆင်ကြည့်လို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Comedy, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Romance
6 2011 90 mins
Sharpay's Fabulous Adventure
Girl in the Closet
7.3

"အိမ်တွင်း အကြမ်းဖက်မှု" ဆိုတာ ကြောက်စရာကောင်းပါတယ် အိမ်တွင်းအကြမ်းဖက်မှုတွေဟာ လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီး လူသားတွေဟာဒီလောက်တောင်ရက်စက်တတ်ကြပါလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူတွေဟာဆိုရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပညာတတ် နေနိုင်စားနိုင်သူတွေအများစု ဖြစ်နေကြပါတယ်။ နောက်ပိုင်းမှာလဲ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေဖွဲ့ပြီး ပညာပေးလုပ်ဆောင်နေကြရပါတယ်။ ဒါဟာလူတွေရဲ့ကိုယ်ကျင့်တရားပျက်ပြားလာမှုတွေဖြစ်ပြီး တချို့တွေအတွက် တွေးတောင်မတွေးရဲလောက်တဲ့ အမှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ နိုင်ငံခြားထွက်ပြီအလုပ်လုပ်တဲ့သူတွေ များလာတဲ့နောက် အိမ်တွင်းအကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲ ဆိုတဲ့ ကိစ္စအတွက် ကူညီပေးမဲ့အာဏာပိုင်အဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေမှပညာပေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ပြီး နိုင်ငံတကာ မှလူမှုကူညီရေးအဖွဲ့များရဲ့ အကူညီရယူနိုင်ရန်ပညာပေးဖို့ပိုမိုလိုအပ်လာနေပါပြီ။ ယခုဒီကားလေးမှာလဲ အိမ်တွင်းအကြမ်းဖက်မှုရဲ့အကြောင်းတွေ ကလေးငယ်တွေကို ဘယ်လိုအသုံးချပြီး လုပ်စားကြလဲဆိုတာတွေ လူတွေရဲ့ အမှောင်ခြမ်းကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားတဲ့ ပညာပေးကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက မီယာဆိုသူ မိန်းမတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ ကလေးငယ်တွေကို သွေးဆောင်ပြီး လေဝင်လေထွက်မရှိ အိမ်သာမရှိ ရေချိုးစရာမရှိ တဲ့မြေအောက်ခန်းလေးထဲမှာပိတ်လှောင်ပြီး နှိပ်စက် အစာရေစာ မကျွေး မိန်းကလေးငယ်လေးတွေကိုပြည့်တန်ဆာလုပ်ငန်းပါ အတင်းကျပ်ခိုင်းစေတဲ့ သူတစ်ယောက် ဖြစ်ပြီး အဖမ်းခံထားရတဲ့ ကလေးငယ်တွေရဲ့ဘဝကို ရိုက်ပြထားပြီး ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးစားကြသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တဲ့ အတွက် ကလေးငယ်တွေအတွက် ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုတာ သတိချပ်စေလိူပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 586MB | 275MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Comedy • Drama
7.3 2023 88 mins
Girl in the Closet
Murder 2
5.7

Action, Crime, Drama IMDb 6.3/10 (7.2K) ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါ တစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့... အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ... ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ... အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Adventure • Animation • Comedy • Fantasy
5.7 2011 127 mins
Murder 2
Mamma Mia! Here We Go Again
7.1

IMDb - 6.7/10_____Rotten - 79% ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... 2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး.... အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်... ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ... ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး... အညွှန်း- ရှေ့ဇာတ်လမ်း Mamma Mia အကြောင်းအရင်ပြောမှ ဇာတ်ရည်လည်မှာမို့ အကျဉ်းချုံးလေး ပြောပါရစေ... ဆိုဖီဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူ ဟိုတယ်ပိုင်ရှင် ဒိုနာနဲ့အတူ Kalokairi ဆိုတဲ့ ဂရိကျွန်းတစ်ကျွန်းမှာ နေထိုင်သူပါ... သူ့ရဲ့ ချစ်သူ စကိုင်းနဲ့ လက်ထပ်မဲ့ အချိန်မှာတော့ သူ့မှာ အခက်အခဲတစ်ခုရှိခဲ့ပါတယ်... ဒါကတော့ သူ့မင်္ဂလာပွဲမှာ သူ့လက်ကို ကိုင်ပေးမဲ့ ဖခင်မရှိတာပါ... တစ်နေ့ မိခင်ဒိုနာရဲ့ ဒိုင်ယာရီစာအုပ်ကို ဆိုဖီတစ်ယောက် ခိုးဖတ်ခဲ့ပါတယ်... ဒီစာအုပ်ထဲမှာ ဒိုနာဟာ ချစ်သူ ကောင်လေး သုံးယောက်နဲ့ သူ့ရဲ့ ချစ်ဇာတ်လမ်းအကြောင်း ရေးထားတာပါ... ဆိုဖီဟာ ဒီအကြောင်းတွေဖတ်ပြီး သူ့ရဲ့ ဖခင်ဖြစ်နိုင်တဲ့သူ သုံးယောက်ရှိတာ သိလိုက်ပါတယ်... ဆိုဖီဟာ သူ့မင်္ဂလာပွဲကို ဖခင်ဖြစ်နိုင်ချေရှိတဲ့ လူသုံးယောက်လုံးကို ဒိုနာမသိအောင် မင်္ဂလာဖိတ်စာပို့ပါတော့တယ်... ဒီသုံးယောက်ကတော့ အောင်မြင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်နေတဲ့ ဆမ်ဘဏ်ပိုင်ရှင်တယောက်ဖြစ်နေတဲ့ ဟယ်ရီ ခရီးသွားစာရေးဆရာတယောက်ဖြစ်နေတဲ့ ဘေလ်တို့ပါ... ဒီသုံးယောက်ကို ဒိုနာမြင်တဲ့အချိန်မှာတော့ ပြဿနာတက်ခဲ့ပါတယ်... နောက်ဆုံးမှာတော့ ဒိုနာဟာ သူ့အကြွေရဆုံးသူ ဆမ်နဲ့ ပြန်အဆင်ပြေခဲ့ပါတယ်... ဒါကတော့ ရှေ့ဇာတ်လမ်း အကျဉ်းပေါ့... ဒုတိယပိုင်းမှာတော့ ဒိုနာဆုံးသွားပါပြီ.. ဒိုနာရဲ့ ဆန္ဒကတော့ ဂရိကျွန်းက သူ့ဟိုတယ်ကို အလှဆုံးဟိုတယ်လေးဖြစ်စေချင်တာပါ... ဆိုဖီဟာ မိခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့ပါတယ်... အရင်ဇာတ်လမ်းရဲ့ ဒိုင်ယာရီထဲဖတ်ခဲ့ရတဲ့ ဒိုနာရဲ့ ငယ်ချစ်ဇာတ်လမ်းအကြောင်းကို ဒီဇာတ်လမ်းထဲမှာ ရိုက်ကူးထားပါတယ်... ဒိုနာဟာ သူငယ်ချင်းတွေဖြစ်တဲ့ ရိုဆီ တန်ညာနဲ့ အတူ အောက်စဖို့တက္ကသိုလ်မှာ ဘွဲ့ရခဲ့ပါတယ်.. ဒိုနာဟာကျောင်းပြီးတော့ သူ့ရဲ့ အိပ်မက်အတိုင်း ကမ္ဘာပတ်ပြီး သူ့စိတ်ကူးထဲက နေရာလေးကို ရှာဖွေပါတော့တယ်.. ဒီကမ္ဘာပတ်ခရီးစဉ်အတွင်းမှာပဲ သူနဲ့ ချစ်ကြိုးသွယ်မဲ့ ဆမ် ဘေလ် ဟယ်ရီ တို့နဲ့ တွေ့ဆုံခဲ့တာပါ.... ဒိုနာရဲ့အချစ်ဆုံးသူကတော့ ဆမ်ပါ...ဒါပေမဲ့ ဆမ်က စေ့စပ်ပြီးသားသူတစ်ယောက်ပါ... ဒီလိုနဲ့ ဒိုနာဟာ သုံးယောက်လုံးနဲ့ မတွေ့ဖြစ်တော့ပါဘူး... ဒိုနာဟာ သုံးယောက်ထဲက ဘယ်သူနဲ့ ရမှန်းမသိတဲ့ ကိုယ်ဝန်ကို လွယ်ခဲ့ရပါတယ်... ဒိုနာဟာကိုယ်ဝန်ဆောင်ချိန်အတွင်း သမီးလေး ဆိုဖီကို မိခင်စိတ်အပြည့်နဲ့ တစ်ယောက်တည်း မွေးဖွားခဲ့ပါတယ်... ဆိုဖီဟာ စကိုင်းနဲ့ ကိုယ်ဝန်ရတဲ့အချိန်မှာတော့ မိခင်ရဲ့ မေတ္တာတွေကို နားလည်သွားပါတယ်.... မိခင်မရှိဘဲ ဆိုဖီတစ်ယောက် ဟိုတယ်ကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်မလဲ.... ဒိုနာငယ်စဉ်က ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ဘယ်လိုအကောင်းဆုံးဖြတ်သန်းခဲ့လဲ စတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်... ဂရိကျွန်းမှာ ရိုက်ကူးထားတာကြောင့် သာယာတဲ့ရှုခင်းတွေကို အပြည့်အဝခံစားရမှာပါ... သီချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရတဲ့ ဇာတ်လမ်းဆိုပေမဲ့ ပေါ့ပျက်ပျက်ဇာတ်လမ်းတစ်ပုဒ်တော့မဟုတ်ပါဘူး... CM ပရိတ်သတ်တို့ အားပေးကြည့်ရှုကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသူစိုးပါ) File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 54min Format : Mp4 Genre : Comedy , Musical , Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by May Thu Soe Encoded by Thanhtike Zaw

Crime • Drama
7.1 2018 113 mins
Mamma Mia! Here We Go Again
Before the Devil Knows You’re Dead
7.3

Imdb rating – 7.3/10 ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။ အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ရင်ဆိုင်​ရပါ​တော့တယ်။ Indie ရုပ်ရှင်​ဖြစ်လို့​ လူသိမများပေမဲ့ ဒီရုပ်ရှင်က အရည်​အသွေး​မြင့်မားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မတော်တဆ​တိုက်​ဆိုင်သွားတဲ့ ဖြစ်ရပ်​တစ်ခုက​နေ​ မိသားစု​ပြိုကွဲတဲ့အထိ​ ဆင့်ကဲသက်ရောက်သွားပုံကို​ Pulp Fiction​ ဇတ်​ကားလို​ non-linear စတိုင်နဲ့တင်ဆက်သွားတာဖြစ်ပါတယ်။ ဇာတ်​အိမ်ဖွဲ့စည်းမှုကောင်းမွန်ပြီး Philip Hoffmann နဲ့​ Ethan Hawke​ လို​ ဝါရင့်သရုပ်ဆောင်တွေရဲ့ပုံဖော်တင်ဆက်မှုကလည်း​ပီပြင်​တဲ့အတွက်​ ရုပ်​ရှင်​ဝေဖန်​သူတွေ​ အထူးချီးကျူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အင်​ဒီရုပ်ရှင်​နှစ်သက်​သူများနဲ့ မှုခင်းဒရာမာ​ Thriller ရုပ်ရှင်​များကိုကြိုက်နှစ်သက်သူတိုင်း မဖြစ်​မနေကြည့်ရှုသင့်တဲ့ ဇာတ်​ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ​ အန်ဒီအဖြစ်အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ ဝါရင့်မင်းသားကြီး Philip​ Hoffmann ကတော့​ ၂၀၁၄ မှာကွယ်လွန်သွားခဲ့ပါပြီ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Romance • Comedy • Drama
7.3 2007
Before the Devil Knows You’re Dead
Gurren Lagann the Movie: Childhood’s End
7.7

Gurren Lagann the Movie: Childhood’s End (2008) ==================================== 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Action mecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation quality အရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါ နာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်း ဖြစ်ခဲ့ပါသေးတယ်။ ” ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား ” ဆိုတာကတော့ ….. Giha ရွာက အညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ် Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေ အပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေး တွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြ ပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ” မြေပေါ်ကို တက်လို့မဖြစ်ဘူး ” ဆိုတဲ့ အမှာစကားတစ်ခုပဲ ကျန်ခဲ့တဲ့အပြင် ဘယ်သူကမှလည်း ရွာရဲ့မျက်နှာ ကျက်ကိုဖောက်ပြီး ဘာတွေရှိမှန်းမသိတဲ့ မြေမျက်နှာ​​​ပြင်ဆိုတာကြီးပေါ်ကို တက်ဖို့စိတ်ကူးမရှိကြပါဘူး။ အကြောင်းအရင်း ဂဃနဏမသိရဘဲ မရှိတဲ့အရာကို မှန်းကြောက်ပြီး မြေအောက် ထဲမှာပဲ ပိန်းပိတ်ပုန်းကွယ်နေရတဲ့ဘဝကနေ လွတ်​မြောက်ဖို့ကြိုးစားနေတာ ကတော့ Kamina ပါ။ Kamina တစ်​ယောက် ဘာမထီလောင်းကျော်လုပ်လို့ ကောင်းနေပေမယ့် Simon ကတော့ ငလျင်ကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရသူ ပီပီ စိတ်ဒဏ်ရာကြီးသလို အကြောက်လည်းကြီးပါတယ်။ တစ်နေ့မှာတော့ Simon လွန်သွားကိုအားကိုးပြီး မြေပေါ်ကိုဖောက်တက်ဖို့လုပ်လို့ ရွာလူကြီးနဲ့ Kamina တို့တစ်သိုက် အချေအတင်ဖြစ်နေတုန်း စက်ရုပ်မျက်နှာကြီးတစ်ခုက ရွာပေါ်ကို ဖောက်ဝင်ချလာပါတော့တယ်။ မျက်စိပိတ်နားပိတ်နေခဲ့ကြရလို့ စက်ရုပ်လား၊ သရဲလားမကွဲဖြစ်နေကြ ချိန်မှာ မြေပေါ်ကနေ လက်နက်ဆန်းနဲ့ မိန်းကလေးတစ် ယောက်ရောက်လာပြီး Kamina တို့နဲ့အတူ စက်ရုပ်ကြီးကို ကူတိုက်ပေးပြီးတဲ့ နောက် မြေပေါ်မှာ ရွာသားတချို့ရှိကြောင်းနဲ့ စက်ရုပ်ကြီးတွေကို “Gunmen” လို့ခေါ်ကြောင်းပါ ပြောပြပါတယ်။ သူစိမ်းမိန်းက​လေး Yoko နဲ့အတူ မြေပေါ်ကို လိုက်လာပြီး ကောင်းကင်နဲ့ လေထုကို မြည်းစမ်းကြည့်ဖူးသွားတဲ့ Kamina နဲ့ Simon တို့ လွတ်လပ်မှုအတွက် အားမမျှတဲ့ရန်သူကို တိုက်ထုတ်ရင်းနေသွားကြဖို့ ဖြစ်လာပါတော့တယ်။ ဒီကားလေးနဲ့ Genre တူ “Gundam” နဲ့ “Darling in the franxx” fan တွေ ကြိုက် နှစ်သက်ကြလောက်မယ့် Movie လေးဖြစ်လို့ Brotherhood ၊ Romance ၊ Action နဲ့ Comedy ရသစုံတဲ့ Sci-fi လေးကို Try ကြည့်ကြဖို့ Recommend ပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(2.08 GB) / (890 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Comedy Translator…….Hnin Wut Yi Encoder……….SWM

Action • War • History
7.7 2008 112 mins
Gurren Lagann the Movie: Childhood’s End
Sleep Call
6.7

ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစား အင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကို ခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။ အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲ မနေနိုင်အောင် မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲက ရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ…။ အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲ အလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်…။ အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ် နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံး နေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်း ညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာ ရှိပါတယ်…။ ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်း အမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ… သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ… စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲ ကြည့်ရှုလိုက်ပါတော့ဗျာ။ File size…1.20GB / 520MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.7 2023
Sleep Call
Rahel Makan Kora
7.9

Rahel Makan Kora (2024) “ချစ်ခြင်းတရားမှာ သက်သေတည်” IMDb – 8.1/10 ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။ မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။ အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။ မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။ မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Rahel Makan Kora
Dario Argento: Panico
6.7

Dario Argento Panico (2023) ———————————- Genre – Documentary IMDb – 6.7/10 သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုရေးသားရိုက်ကူးတဲ့ နာမည်ကြီးအီတလီဒါရိုက်တာ Dario Argentoရဲ့ အလုပ်နဲ့ဘဝကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ် သားစဉ်မြေးဆက်ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့သူ့မိသားစုအကြောင်းနဲ့ Darioရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေနဲ့ ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာတွေသေးစိတ်ပါဝင်ပါတယ် Documentaryအမျိုးအစားဆိုတဲ့အတိုင်းစကားပြောခန်းတွေပဲ အများဆုံးပါတယ်ဆိုပေမယ့်လည်းပြည်တွင်းကနေပြည်ပထိကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ဒါရိုက်တာတယောက်ရဲ့အကြောင်းကို သေချာရိုက်ပြထားတဲ့အတွက်ကြည့်ရှုဖိုတော့လက်မလွှတ်သင့်ပါဘူး

6.7 2023
Dario Argento: Panico
Little Children
7.5

Little Children (2006) IMDb Rating (7.5) / Rotten Tomatoes (80 %) မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။ ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ” လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်… စပြောင်းလဲဖို့သာ အဓိကပါပဲ” – Little Children (2006) (အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။)

Horror • Action
7.5 2006 137 mins
Little Children
Metropolis
8.3

Metropolis (1927) ~ IMDb – 8.3/10, RT – 97%, Meta – 98% ~ Fritz Lang ရိုက်တဲ့ မက်ထရိုပိုလစ်ဟာ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ ဂန္ထဝင်အမြောက်ဆုံး Science Fiction ရုပ်ရှင်ဖြစ်ခဲ့တယ်။ အသံတိတ်ခေတ်ပဲလို့တော့ ပြောဖို့ခက်တယ်။ ဒီဘက်ခေတ်အထိလည်း မက်ထရိုပိုလစ်ကို Science Fiction လိုင်းရဲ့ ဘိုးအေကြီးလို့ ခံယူထားကြတုန်းပဲ။ Science Fiction လိုင်းရဲ့ မပြောမဖြစ်တဲ့ Blade Runner (1982) လိုကားမျိုးတောင် သူ့ဆီကပဲ မြစ်ဖျားခံလာခဲ့တယ်။ စတားဝါးတို့ မက်ထရစ်တို့လည်း မကင်းခဲ့ဘူး။ Fritz Lang ဟာ Genre မျိုးစုံမှာ ပိုင်အိုနီးယားလိုဖြစ်နေခဲ့သလို Nosferatu လို၊ The Cabinet of Dr. Caligari တို့လို ကားမျိုးတွေထွက်ခဲ့တဲ့ ဂျာမန်ရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ရုပ်ရှင်လောက အရည်အသွေးက ကြောက်ခမန်းလိလိပါပဲ။ ဂျာမန်ရုပ်ရှင်တွေရဲ့ ရွှေခေတ်ကလည်း ၁၉၁၈ကနေ ၁၉၃၃ကြားကာလဖြစ်ခဲ့တယ်။ မက်ထရိုပိုလစ်က Science Fiction ဘိုးအေကြီးပေမဲ့ ဇာတ်လမ်းပိုင်းမှာတော့ အရမ်းကြီးတော့ အားရစရာမကောင်းနေဘူး။ Visual ကတော့ ခမ်းနားပေမဲ့လို့ ဇာတ်လမ်းက ပေါ်လစီနည်းနည်းတော့ဆန်နေတယ်။ အဲဒီကာလက ဂျာမနီ KPD က ဥရောပမှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်ခဲ့တယ်ဆိုတော့ ဒါက မဆန်းတာလည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးရွားနေတာတော့မဟုတ်ပေမဲ့ Fritz Lang ရဲ့ ဇာတ်လမ်းတင်ဆက်နိုင်စွမ်းနဲ့ဆိုရင်တော့ ဒီအနေအထားက မဖြစ်သင့်တဲ့ အနေအထားလို့မြင်စရာရှိတယ်။ ဒါကြောင့်မို့လည်း မက်ထရိုပိုလစ်ဟာ ချီးကျူးခံရသလို ဝေဖန်ခံရတာတွေလည်းရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ထရိုပိုလစ်ဟာ Sci-Fi လိုင်းရဲ့ အခရာကျတဲ့ရုပ်ရှင်၊ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ ဖယ်ထားလို့မရတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 33Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8.3 1927 153 mins
Metropolis
STRAW
6.7

Tyler Perry ရိုက်ကူးတဲ့ Straw ရုပ်ရှင်ကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး လူမှုရေး မညီမျှမှုတွေ ၊ ဆင်းရဲမွဲတေမှုရဲ့ ဖိစီးနှိပ်စက်မှုတွေနဲ့ လူမည်းအမျိုးသမီးတစ်ဦးရဲ့စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုကို ရိုက်ခတ်စေတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ Janiyah ဟာ ကျန်းမာရေးပြဿနာရှိတဲ့ သမီးဖြစ်သူ Aria နဲ့ အတူ နေထိုင်တဲ့ တစ်ကိုယ်တည်းမိခင်တစ်ဦးဖြစ်ပါတယ်။ Janiyah ဟာ အလုပ်နှစ်ခုမှာကြိုးစားလုပ်ကိုင်နေပေမယ့်လည်း အိမ်ငှားခ၊ ဆေးဖိုးနဲ့ ကလေးစောင့်ရှောက်ရေး ကုန်ကျစရိတ်တွေကြောင့် နေ့စဉ် ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်နေ့မှာတော့ ကားတိုက်မှု၊ အလုပ်ဖြုတ်ခံရတာ ၊ အိမ်ကနှင်ထုတ်ခံရတာနဲ့ သမီးဖြစ်သူကို လူမှုဝန်ထမ်းတွေက ခေါ်ဆောင်သွားတာတွေကြောင့် သူ့ရဲ့ စိတ်ဖိစီးမှုဟာ အကြမ်းဖက်မှုတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ နောက်ဆုံးတော့ ဘဏ်လုယက်မှုတစ်ခုမှာ ဓားစားခံတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဝိုင်းဝန်းကူညီမှုတွေကြားမှာ Janiyah ရဲ့ အခြေအနေဟာ လူမှုရေးဆိုင်ရာ စကားဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံကို ဇာတ်ကွက်အလှည့်အပြောင်းတစ်ခုနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.43 GB) / ( 752 MB) Quality… NF WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 45m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2025 105 mins
STRAW
Naale Raja Koli Maja
6.5

Naale rajaa koli majaa (2024) ကြက်သားဟင်းဂယက် အိန္ဒိယမှာ မဟတ္တမဂန္ဒီရဲ့ သက်ရောက်မှုက ယနေ့အထိ ရှိနေတုန်းပါပဲ။ ဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ ဂန္ဒီဂျယန်တီနေ့သတ်မှတ်ပြီး အဲဒီ‌နေ့မှာ အကြမ်းဖက်မှုကို တားဆီးတဲ့အနေနဲ့ အသားဆိုင်တွေအကုန်ပိတ်ပြီး အရက်ဘီယာဆိုင်တွေဖွင့်တာ အရက်သေစာရောင်းတာကို ပိတ်ပင်ထားပါတယ်။ ဆနေဟာကတော့ ကြက်သားကြိုက်တဲ့ကောင်မလေးဖြစ်ပြီး သူတို့အိမ်မှာ တနင်္ဂနွေနေ့တိုင်းမှာ အမေက ဆနေဟာအကြိုက် ကြက်သားဟင်းအမြဲချက်ပေးနေကြပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ တနင်္ဂနွေနေ့နဲ့ ဂန္ဒီဂျယန်တီနေ့က တိုက်ဆိုင်ပြီး ကြက်သားဝယ်မရတော့ပါဘူး။ အဲဒါနဲ့ တစ်အိမ်လုံးကို ပတ်ပြီးပူဆာတာကလည်း အကြောင်းမထူးတော့ ယမကာလုလင်အဖေရဲ့ ပုလင်းကို ဖျောင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အရက်ရှာပုံတော်ဖွင့်မယ့်အဖေနဲ့ ကြက်သားရှာပုံတော်ဖွင့်မယ့် သမီးတို့ရဲ့ဂယက်ကိုရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမော‌တွေ ဖြေလိုက်ကြပါဦးစို့ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Team မှဖြစ်ပါတယ်)

Drama
6.5 2024 91 mins
Naale Raja Koli Maja