YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Healed.2023.1080p.(CM).mp4

1.52 GB N/A video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Blue Caftan
7.6

ဒီနေ့မှာတော့ Morocco နိုင်ငံမှာ အခြေတည်ထားပြီး ဆုတွေလည်း အများကြီးရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ Halim နဲ့ Mina တို့ ဇနီးမောင်နှံဟာ စျေးထဲမှာ Caftan လို့ ခေါ်တဲ့ရိုးရာဝတ်စုံတွေချုပ်တဲ့ အပ်ချုပ်ဆိုင် တစ်ဆိုင်ဖွင့်ထားပါတယ်။ Caftan ဆိုတာ ပိုးစ၊ ဖဲစတွေကို ရွှေချည်တွေ အနုစိတ်ထိုးပြီး အမျိုးသမီးတွေ မင်္ဂလာပွဲလို ထူးခြားတဲ့ အခမ်းအနားမျိုးမှာ ဝတ်ဆင်ကြတဲ့ ဝတ်ရုံတစ်မျိုးပါ။ ရွှေချည်ထိုးတွေ အနားကွပ်တွေကို တစ်ထည်လုံး လက်နဲ့ အနုစိတ်လုပ်ရတာမလို့ လက်ဝင်ပြီး အချိန်လည်း ကုန်ပါတယ်။ စက်နဲ့ချုပ်တာတွေလည်း ရှိလာပေမဲ့ Mina ရဲ့ ခင်ပွန်း Halim ကတော့ လက်မှုပညာကို တန်ိဖုးထားပြီး လက်နဲ့ အသေးစိတ်ချုပ်တတ်တာကြောင့် သူတို့ဆိုင်က သူများထက် အချိန်ကြာပြီး နောက်ကျလေ့ရှိပါတယ်။ အပ်ထည်တွေကို အချိန်မီပေးနိုင်ဖို့ တပည့်တွေ မွေးပြီးသင်ပေးပေမဲ့ ရောက်လာလိုက် ထွက်သွားလိုက် ဖြစ်နေရာက Youssef လို့ ခေါ်တဲ့ လူငယ်တပည့်တစ်ယောက် ရောက်လာချိန်မှာတော့ Mina တို့ ဇနီးမောင်နှံရဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာပြီး Halim တစ်ယောက် ဖုံးကွယ်ထားတာတွေ တဖြည်းဖြည်း ပေါ်လာပါတော့တယ်။ ဇနီးဖြစ်သူ Mina ရဲ့ ကျန်းမာရေးကလည်း တစ်စတစ်စ ယိုယွင်းလာချိန်မှာတော့…. File size…(1.9 GB)/(900 GB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:02:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phuu Myat

Action & Adventure • Crime • Drama
7.6 2023 122 mins
The Blue Caftan
Burn Notice: The Fall of Sam Axe
6.5

2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာက ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEAL ရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိ ရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့ သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီ စစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေ ချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက် ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲ သူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီ အစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံ နှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီး ဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။ အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်း သူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ် ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေ မလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရော သူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ် ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံ တွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုက ဘယ်လိုရှိမှာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရူလိုက်ပါ။ နယ်စပ်ဒေသတွေ မှာဖြစ်လေ့ဖြစ်ထ ရှိတဲ့ဖြစ်ရပ်တွေကို ထင်ဟပ်ရိုက် ပြထားတာဖြစ်တဲ့အတွက် ဗဟုသုတလည်း အတော်ရမဲ့ဇာတ်လမ်းပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ ဆမ်အဖြစ် Bruce Campbell နဲ့ RonReaco Lee၊Kiele Sanchez၊ Ilza Ponkoတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…2.47GB / 1.09GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Thriller
6.5 2011 120 mins
Burn Notice: The Fall of Sam Axe
Bestseller
5.9

သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.. အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာ သူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။ အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။ သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလို တစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။ စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်က လွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ.... လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ...... တရားခံက ဘယ်သူဖြစ်မလဲ...... အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား..... လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။ File Size :(2.7GB) and (929MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

Drama • Romance
5.9 2010 117 mins
Bestseller
Accident Man: Hitman's Holiday
6.5

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Crime • Drama • Thriller
6.5 2022 96 mins
Accident Man: Hitman's Holiday
Frankenweenie
6.9

~ IMDb - 6.9/10, Rotten Tomatoes - 87% ~ ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ခွေးလေးကို အခြေတည်ပြီး သရုပ်ဖော်ထားတဲ့ ခွေးကလေးဖြစ်ပါတယ်။ ဘာတန်အရသာအပြည့်နဲ့ တင်ဘာတန်ကားမို့ ဘာတန် ပရိသတ်တွေ သဘောကျကြမှာပါ။ နောက် ဒီကားဟာ 1984 မှာ ပွဲဦးထွက်အနေနဲ့ ဖရန်ကင်ဝီနီဆိုပြီး ရိုက်ခဲ့တဲ့ လူကားရဲ့ အန်နီမိတ်ဗားရှင်းလည်း ဟုတ်ပါတယ်။ ဘာတန်ဟာ လက်ရှိအထိ ကား၂၀ ရိုက်ခဲ့ပြီး ၂၀၁၉ ရဲ့ ဒမ်ဘိုကလွဲ ကျန်တဲ့ကားတွေအကုန် ရှယ်တွေပဲလို့ ပြောလို့ရပါတယ်။ Edward Scissorhands, Big Fish, Charlie and the Chocolate Factory, Corpse Bride တို့ကတော့ သူ့ရဲ့ လူသိအများဆုံးကားတွေဖြစ်ပါလိမ့်မယ်။ ဖရန်ကင်စတိန်းကိုမှ Pet Semetary ပေါင်းပြီး ဘာတန်စတိုင်အပြည့်နှောရိုက်ထားတဲ့ကားဖြစ်သလို ခွေးချစ်တဲ့သူတွေအတွက်လည်း ရင်ထဲ တော်တော်ထိမယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 27Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.9 2012 87 mins
Frankenweenie
Plan A
6.1

ဇာတ်လမ်းအစမှာတည်းက မေးထားတာလေးက ကိုယ့်မိသားစုဝင်တွေအကြောင်းပြချက်မရှိ အသတ်ခံလိုက်ရတာမျိုးနဲ့ ကြုံလာရတဲ့အခါမှာ ဘာလုပ်မှာလဲတဲ့။ ဘယ်လိုလုပ်မယ်လို့စိတ်ကူး ထားကြလဲ? ဒီမေးခွန်းလေးကိုကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပြီးမှ ဇာတ်ကားလေးကိုဆက်ကြည့်ပါ။ ဇာတ်လမ်းလေးက နာဇီတွေရဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုကနေလွတ်မြောက်လာကြတဲ့ ဂျူးတွေ... ကိုယ့်မိသားစုဝင်တွေ ချစ်ရတဲ့သူတွေက ကိုယ့်အရှေ့မှာရက်ရက်စက်စက်သတ်တာကို ကြုံခဲ့ရတဲ့ သူတို့တွေ..ဒုတိယကမ္ဘာစစ်မီးကြီးကပြီးသွားပေမယ့် သူတို့ရဲ့ရင်ထဲကမီးတောက်ကတော့မပြီးသေးပါဘူး။ သူတို့မိသားစုဝင်တွေကိုသတ်ခဲ့တဲ့ဂျာမာန်တွေကိုလက်စားချေမယ်ဆိုပြီး သူတို့တွေကြံစည်ကြပါတော့တယ်။ သူတို့အကြံအစည်က ဘာကိုဦးတည်မလဲဆိုတာကိုတော့ ပရိသတ်ကြီးရိပ်ခြည်ဖမ်းမိနိုင်လောက်မှာပါ။ ဒါပေမယ့် ဒီအကြံအစည်ကဘာလဲဆိုတာရယ်..အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ သူတို့ ဘယ်လိုတွေလုပ်ပြီး သူတို့ရဲ့အဲ့ဒီအကြံအစည်ကရောဖြစ်မြောက်သွားမှာလား.. အစကပရိသတ် ကြီးစိတ်ကူးထဲမှာဖြေထားတဲ့အဖြေနဲ့ သူတို့နဲ့တူပါရဲ့လားဆိုတာကိုစောင့်ကြည့်သွားရမယ့် Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။) File Size - (1.8 GB) / (975 MB) / (500 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 49min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee, Thiha Yan Naing Encoder – San Win Maung

Horror • Thriller
6.1 2021 109 mins
Plan A
Terrorizers
5.5

ဒီကားကပြောရမယ်ဆိုရင်တော့ မိဘတွေဆီကအချစ်မခံရတဲ့ broken familyတွေက ကလေးတွေအကြောင်းပေါ့ ကျောင်းမင်လန်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက အိမ်မှာမနေချင်ဘူး သူ့မိဘတွေကပိုက်ဆံချမ်းသာပေမဲ့အိမ်ထောင်ရေးအဆင်မပြေဘူး သားဖြစ်သူကိုအရမ်းချစ်အရမ်းအလိုလိုက်ပေမဲ့ သူလိုချင်တဲ့မေတ္တာတော့မပေးနိုင်ကြဘူး ချန်ယွီဖုန်းကလည်းအဲ့လိုပဲ ကျောင်းမင်လန်နဲ့မောင်နှမဝမ်းကွဲ သူ့အမေကသူငယ်ငယ်ထဲကထားသွားတယ် အဖေကလည်းရာထူးနေရာအတွက်ပဲဂရုစိုက်ပြီး သူ့လက်ထောက်နဲ့နောက်အိမ်ထောင်ပြုသွားတယ် အမေလည်းမရှိ အဖေလည်း နောက်အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်ထဲအထီးကျန်ပြီး မေတ္တာငတ်နေခဲ့တယ် မောင်နှမနှစ်ယောက်တစ်အိမ်ထဲအတူနေကြပေမဲ့စကားမပြောကြဘူး ဒါပေမဲ့ကျောင်းမင်လန်ကြိုက်နေတဲ့သူက porn star ယွီဖုန်းရဲ့သူငယ်ချင်း... အဲ့သူငယ်ချင်းကိုလည်းယွီဖုန်းက မေတ္တာငတ်နေမှာ ဒုက္ခရောက်နေမှာစိုးပြီး ကူညီပေးဂရုစိုက်ပေးရင်း ချစ်မိသလိုဖြစ်သွားတဲ့အခါ... ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အစ်မကသူ့ချစ်သူကိုခိုးတယ်ထင်ပြီး ထင်ရာတွေလုပ်ရင်း ဘာတွေဆက်ဖြစ်သွားလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုပေးပါနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ ) File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:07:00 Type__Drama, Romance, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt

Drama • History • Romance
5.5 2021 127 mins
Terrorizers
Dharala Prabhu
6.9

ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ IMDb Rating (6.8)ရရှိထားတဲ့ Romance/ Comedy ကားလေးပဲဖြစ်ပါတယ်။ သန္ဓေသားအစားထိုးဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကန်နာဒါဆန်ဟာ လူနာတွေအများကြီးလက်ခံပြီး ကတိတွေတစ်ခုပြီးတစ်ခုပေးထားပေမယ့် သုတ်ပိုးအလှူရှင်လုံးဝရှာမတွေ့သေးပါဘူး။ ဘဝရဲ့အနိမ့်ဆုံးအချိန်ရောက်တဲ့ ဘောလုံးသမားလေး ပရာဘူဟာလည်း အလုပ်တစ်ခုကိုမရမကလိုက်ရှာနေသူပါ။ ဒီလိုနဲ့ ဒေါက်တာကန်နာတစ်ယောက် ပရာဘူရဲ့ကျန်းမာ‌မှုအခြေအနေကိုသဘောကျသွားပြီး သူ့ဆေးခန်းရဲ့သုတ်ပိုးအလှူရှင်အဖြစ်နေပေးဖို့ မရမက ကမ်းလှမ်းပါတော့တယ်။ အစပိုင်းအဆင်ပြေချောမွေ့ခဲ့ပေမယ့် ပရာဘူမှာ ချစ်သူရှိလာတဲ့အချိန်မှာတော့ ဘယ်လိုတွေပြဿနာတက်မလဲဆိုတာကို ပရိသတ်များကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုပေးပါဦး File size…2.5GB / 1.1 GB Quality…1080p Tamil AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Comedy • Drama
6.9 2020 152 mins
Dharala Prabhu
Superman I
7.4

Superman I (1978) Extended Cut =============================== ~ IMDb – 7.4/10, RT – 93%, Meta – 82% ~ ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။ အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် နောက်ခံ‌တေးသံကိုဖန်တီးခဲ့တာက စပီးဘာ့ခ်လက်စွဲတော် ဂန္ထ၀င်မြောက် Music Composer ကြီး ဂျွန်ဝီလီယမ်။ ဒါရိုက်တာက ရစ်ချက်ဒွန်နာ။ မင်းသားက စူပါမန်းဆိုတာနဲ့ သူ့ပဲပြေးမြင်ကြတဲ့ Charming အပြည့်နဲ့ ခရစ္စတိုဖာရိဗ်။ Line up ကြီးက ဂေါ်ထွက်နေရုံတင်မဟုတ်ဘဲ Rating တွေကလည်း ဟိုးထိပ်မှာရှိတယ်။ အကောင်းဆုံးမဟုတ်ရင်‌တောင် သမိုင်းအတွင်ခဲ့ဆုံး စူပါမန်းကားပါပဲ။ ခရစ်ပတွန်ဂြိုဟ်ကြီး မပျက်ခင်မှာ စထားပြီး စူပါမန်းအဖေ Jor-El တဖြစ်လဲ မာလွန်ဘရန်ဒိုကြီးရဲ့ ခရစ်ပတွန်ဂြိုဟ်ပေါ်က ဘ၀ကို အရင်ပြထားတယ်။ ခရစ်ပတွန်ဂြိုဟ်ကြီး ပျက်ရပုံတွေ၊ ဗိုလ်ချုပ်ဇော့ဒ်‌တို့ကို နယ်နှင်လိုက်ပုံ‌တွေ၊ စူပါမန်းကို ကမ္ဘာပေါ် လွှတ်လိုက်ပုံ၊ သူတတ်ထားတဲ့ ပညာတွေအကုန် အမွေထည့်ပေးလိုက်ပုံတွေနဲ့ စထားတယ်။ ဒီမှာထူးတာက မာလွန်ဘရန်ဒိုကြီးရဲ့ ဒိုင်ယာလော့တွေနဲ့တင် ခရစ်ပတွန်ဂြိုဟ်ဟာ ဘယ်လောက်ထိ အသိပညာအတတ်ပညာရှေ့တန်းရောက်နေတဲ့ ဂြိုဟ်ကြီးလဲဆိုတာ သိသာအောင်ပြထားတယ်။ ဒီဂြိုဟ်ကြီးပျက်ရခြင်းကိုလည်း ဒဿနိကဆန်ဆန်ပြထားတယ်။ နောက်ကမ္ဘာပေါ် စူပါမန်းရောက်လာပုံတွေ သူ့စွမ်းအားတွေကို ထိန်းချုပ်တတ်အောင် လူတွေအကြောင်းသိအောင် သင်ယူရပုံတွေ ပြထားတယ်။ ထူးတာက စူပါမန်းကားပေမဲ့ မသိမသာနဲ့ ဟာသတွေ တော်တော် ဖောဖော‌သီသီကို ထည့်ထားတယ်။ မသိရင် ဟာသကားလိုလိုပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒဿနိကတွေကိုလည်း မြင်နိုင်တယ်။ မာရီယိုပူဇိုကြီး The Godfather ဇာတ်ညွှန်းရေးပြီး ‌စိတ်အရမ်းလေးနေလို့များ ဖြေချလိုက်‌တယ်လို့ကို ထင်ရတယ်။ ဟာသတွေရော တချို့ဇာတ်၀င်ခန်းတွေကရော ဒီခေတ်နဲ့ဆို နည်းနည်းတော့ တစ်မျိုးဖြစ်ပေမဲ့ Iconic ဇာတ်၀င်ခန်းတွေဆိုတာကိုလည်း တစ်ချိန်တည်းမှာပဲ ခံစားမိနေတယ်။ သူ့ဟာသတွေက အတင်းကြီးလည်းမဟုတ်ပေမဲ့ စူပါမန်းက ဘာကောင်လဲသိနေတဲ့လူတွေအတွက် တော်တော်ရယ်ရတဲ့ဟာသတွေဆိုလည်းမမှားဘူး။ ကလာ့ခ်ကန့်ကိုရော စူပါမန်းကိုရော တော်တော်လေး လူဆန်ဆန်ပုံဖော်ထားတယ်။ ရယ်လည်းရယ်ရ မာစတာပိစ်လည်းဖြစ်သလို Iconic ဖြစ်တဲ့ စူပါဟီးရိုးရုပ်ရှင်မို့ စူပါဟီးရိုးကားကြိုက်ရင်ပဲဖြစ်ဖြစ် ငယ်ဘ၀ကကြည့်ဖူးတာကို ပြန်သတိရချင်ရင်ဖြစ်ဖြစ် ကလပ်စစ်ကားအရသာကို ခံစားချင်ရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ဂန္ထဝင်ရုပ်ရှင်ပါပဲ။ #Christopher Reeve (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.6GB Quality – Extended Cut 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration -3H 8Min Genre – Action, Adventure, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.4 1978
Superman I
Hell House LLC II: The Abaddon Hotel
5.3

Hell House LLC II: The Abaddon Hotel (2018) ဒီကားက Hell House Franchise ရဲ့ ဒုတိယကားဆိုပေမဲ့ ပထမနဲ့ တတိယကားကို ကြည့်ပြီးရင်တော့ ပိုနားလည်လွယ်ပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ Abaddon Hotel အကြောင်း အဓိကပါဝင်ထားပါတယ်။ Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခု… ခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ်တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုးဝင်လေ့ရှိတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက်ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်းကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်းထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ်ထစ်ချ‌ငြင်းတယ်။ သူတို့ရဲ့ အငြင်းအခုံတွေ ထွက်ပေါ်လာတဲ့ Leaked Video တွေနဲ့အတူ မစ္စဖောက်စ်ဟာ ဒီဟိုတယ်ရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ သဲလွန်စ‌တချို့ အမည်မသိတစ်ဦးဆီက ရရာက ဟိုတယ်ထဲ ခိုးဝင်ဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ ညဘက် မီးပိတ်ကြည့်နေရင်းတောင် မီးထဖွင့်ရလောက်တဲ့အထိ ကျောချမ်းဖို့ ကောင်းလှပါတယ်။ ဇာတ်ကား ၃ကားလုံးကိုလည်း ဇာတ်အိမ်ခိုင်ခိုင် လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တာမို့ Horror Fans တွေအတွက် သိပ်ကောင်းတဲ့ရုပ်ရှင်ဖြစ်မှာ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 29Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

5.3 2018
Hell House LLC II: The Abaddon Hotel
Beast Master
5.6

ဒီတစ်ခေါက် CM ကတင်ဆက်ပေးမှာကတော့ ရှေးခေတ်လူသားနဲ့ မကောင်းဆိုးဝါးရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဇာတ်လမ်းထဲမှာတော့ ရှေးဟောင်းနတ်သားရဲဖြစ်တဲ့ ပိုင်ဖေးလျန်က နှစ်တစ်ထောင် ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်ဖို့အတွက် မတတ်သာပဲ မိန်းကလေးအများကြီးကိုဖမ်းခေါ်ပြီး အချစ်စစ်ရှာဖွေတဲ့ပုံပြင်လေးပါ လူသားမိန်းကလေးဖြစ်တဲ့ရှီးရှက ငယ်ဘဝတုန်းက လူ့ပြည်မှာဒဏ်ရာရနေတဲ့ပိုင်ဖေးလျန်ကို မထင်မှတ်ပဲကယ်တင်ခဲ့ပြီး ဆယ်နှစ်ကြာပြီးနောက် ပိုင်ဖေးလျန်က ကျေးဇူးဆပ်ဖို့အတွက် ရှီးရှမင်္ဂလာဆောင်တဲ့ရက်မှာပဲ အချစ်ရှာတောင်ကြားသို့ခေါ်သွားခဲ့လေတယ် နောက်တော့ ပိုင်ဖေးလျန်ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ ချူးချီးက ကောင်းကင်အတိဒုက္ခဖြတ်သန်းပြီး နတ်အဆင့်တက်နိုင်ဖို့အတွက် နတ်သွေးကျောက်နဲ့ပိုင်ဖေးလျန်ရဲ့အမြုတေကိုလုဖို့ကြိုးစားရာက သူငယ်ချင်းနှစ်ယောက် ရန်သူတွေဖြစ်သွားရလေတယ် နောက်ဆုံးသေရေးရှင်ရေးအခြေအနေမှာ မိသားစုသံယောဇဉ် သူငယ်ချင်းသံယောဇဉ် အချစ်သံယောဇဉ်တို့က ကောင်းကင်အတိဒုက္ခဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါစို့

Thriller • Horror
5.6 2024
Beast Master
The Settlers
7

The Settlers (2023) Western, Crime အမျိုးစားရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် IMDb rating – 7.1, Rotten Tomatoes – 93% ရရှိထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်ပြပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့အပြင်၊ ၉၆ ကြိမ်မြောက် Academy Awards ပွဲမှာလည်း ချီလီနိုင်ငံကတင်သွင်းတဲ့ အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၈၉၃ ခုနှစ်၊ ချီလီနိုင်ငံနဲ့ အာဂျင်တီးနား ၂ နိုင်ငံကြား နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ချိန်မှာ စပိန်သူဌေးတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမန်နမ်ဒက်ဟာ နိုင်ငံတော်ကနေ သူ့ကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်နိမိတ် အကျယ်အဝန်းကို သိဖို့နဲ့ ပြန်တောင်းဖို့အတွက် ဗြိတိသျှစစ်သားဟောင်း မက်ကလန်နမ်၊ ချီလီနိုင်ငံသား ဆယ်ဂွန်ဒို၊ အမေရိကန်လူမျိုး ဘေလ်တို့ကို လွှတ်လိုက်ပါတယ်။ ထိုခေတ်က အသစ်အခြေချ နေထိုင်သူတွေနဲ့ ဒေသခံ အင်ဒီးယန်းလူမျိုးတွေကြားမှာ မကျေနပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ပြဿနာတွေ အလွန်ကိုများပြားနေတဲ့အချိန်ပါ။ ဒီလိုနဲ့ မြင်းကိုယ်စီနဲ့ထွက်လာကြတဲ့ သူတို့သုံးယောက်နဲ့ ဒေသခံ အိုနာ လူမျိုးကြား ပြဿနာတွေတက်ပြီးတော့ သွေးစွန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ချိန်မှာတော့…..။ အများကြီးမညွှန်းတော့ဘဲ ကျန်တာကို ဇာတ်လမ်းမှာ ဆက်ပြီး ကြည့်ရှုကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, History Quality…. 1080p | 720p File size… 1.6GB | 927MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Western • Thriller • Action
7 2023
The Settlers
The Most Beautiful Day (aka) De mooiste dag
6

‘ဂျက်စမင်ဟယ်လ်မက်’က နာမည်ကျော်စာရေးဆရာမတစ်ဦးဖြစ်ပြီးတော့ ဆုပေးပွဲတစ်ခုက အပြန် ကားမောင်းနေစဉ် ဖုန်းပြုတ်ကျတာကိုကုန်းကောက်ရင်း သူမကားက တစ်ဖက်လမ်းပေါ်ကို တက်သွားတဲ့အတွက် မျက်နှာချင်းဆိုင်ကကားနဲ့ ဝင်တိုက်မိပါတယ်။ တစ်ဖက်ကားပေါ်မှာပါလာတာကတော့ ‘ဝင်မ်’နဲ့ ‘အယ်လန်’ဆိုတဲ့ အသက် ၆၀ ကျော် အဘိုးကြီး အဘွားကြီးစုံတွဲတစ်တွဲပါ။ ကားအက်ဆီးဒန့်မှာ အယ်လန်ကအသက်ဆုံးရှုံးသွားပြီးနောက် ခင်ပွန်းဖြစ်သူ ဝင်မ်အတွက် အဆင်မပြေတော့သလို စာရေးဆရာမကလည်း နောက်ထပ်စာအုပ်အသစ်ကို မရေးနိုင်လောက်အောင် စိတ်ထိခိုက်သွားပါတယ်။ ဒါနဲ့ စာရေးဆရာမလည်း ဝင်မ်ရှိရာ မော်ရိုကို,ကို လိုက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားကြည့်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size…(1.5 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Drama
6 2024
The Most Beautiful Day (aka) De mooiste dag
Over The Red River
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Western အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် လင်ဖြစ်သူက အသတ်ခံရ ညီမဖြစ်သူကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုး သမီးတစ်ယောက်ရဲ့ ညီမပျောက်ရှာဖွေရေး ကန္တာရစွန့်စားခန်း ခရီးကို ရှုစားရမှာဖြစ်ပါတယ်.. Worthinton ဟာ ကံကောင်းစွာလား ကံမကောင်းစွာ လားမသိဘဲ ခြောက်လုံးပြူးကိုင်လူရမ်းကားများလက်ကနေ အသက်ဘေးလွတ်ကင်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ် သို့သော်လည်း သူဟာ ယောက်ျားဖြစ်သူရဲ့ရှေ့မှာတင် အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံရပြီး ယောက်ျားဖြစ်သူဟာလည်း ထိုမြင်ကွင်းကို မြင်အပြီးမှာပဲ နားထင်ကိုဖောက်ဝင်လာတဲ့ ကျည်တစ်တောင့်ကြောင့် အသက်ပျောက်ခဲ့ရပါတယ်.. မပဋာတစ်ယောက်ဟာ လင်ကိုဆုံးရှုံးရရုံနဲ့ မပြီးသေးဘဲ ညီမ ဖြစ်သူကိုပါ လူရမ်းကားများက ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အရူးမီးဝိုင်းနေခဲ့ရပါတယ်.. ဒေသခံအာဏာပိုင်ဟာလည်း လူအင်အား လက်နက်အင်အား မမျှသဖြင့် အာဏာမပိုင်ဘဲဖြစ်နေရာ သနားဖွယ်အမျိုးသမီးကို ကူညီပေးနိုင်ဖို့မဆိုထားဘိ သူ့အသက်သူတောင် ရှင်အောင်မွေး နေရသူပီပီ အမျိုးသမီးရဲ့ တိုင်တန်းမှုကို အန်ကယ်ကတော့ နိုးပါ တစ်ခွန်းနဲ့ ပြောရိုးပြောစဉ်ပြုကာ အကူအညီမဖြစ်စွာဘဲ ကူညီ ပေးလိုက်ပါတယ်.. သို့သော်လည်း ကူညီပါရစေ ဆိုတဲ့ အာဏာ ပိုင်ဟာ နည်းနည်းဖြစ်ဖြစ်အသုံးဝင်လိုစိတ်ရှိတာကြောင့် သူ့မှာတော့ အသက်အပိုမပါလို့ မကူညီနိုင်ဘူး သေမှာမကြောက်လို့ ပေတစ်ရာ လျှောက်ချင်တယ်ဆိုရင်တော့ နင့်ဘာသာနင်သွားလို့ ဆိုကာ ခြောက်လုံးပြူးကိုင်ဒေသခံ လူရမ်းကားများအခြေချရာဆီရောက်ဖို့ မြစ်နီမြစ်အထက်က Jackson Trail လမ်းအတိုင်းလိုက်ဖို့ ညွှန်ပေး လွှတ်လိုက်ရာမှာတော့ မပဋာတစ်ယောက် သွေးရူးသွေးတမ်းနဲ့ ကန္တာရခရီးကို ထွက်ခွာဖို့ဖြစ်လာပါတယ်.. ကန္တာရခရီးမှာတော့ အောင်လသီချင်းလို တံလျှပ်တို့ရေထင်ပြီး မှားခဲ့တဲ့ မပဋာဟာ အပူရှိန်ပြင်းပြင်း နေရောင်အောက်မှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် သွေးရူးသွေးတမ်းဖြစ်လျက် တောမြင်တောင်မြင်တွေမြင်ပါတော့တယ်… ထိုသို့ဖြစ်ရင်း ခရီးတစ်နေရာအရောက် လူရမ်းကားအဖွဲ့ထဲမှာ ပါခဲ့သူ အင်ဒီးယန်းတစ်ယောက်နဲ့ပက်ပင်းတိုးတဲ့အခါမှာတော့… ဒီကားလေးဟာဆိုရင် Western အမျိုးအစားရုပ်ရှင်ချစ်သူများအတွက် ဆက်တင်အသွင်အပြင်တွေကို အာသာပြေရုံကြည့်ရှုနိုင်မှာဖြစ်ပြီး အတိုက်အခိုက်အသတ်အပုတ်တချို့လည်း တွေ့မြင်ရမှာဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ဖွယ် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.83 GB) / (987 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Adventure
5 2024 84 mins
Over The Red River
Ask Me What You Want Pídeme lo que quieras
3.8

Ask Me What You Want (2024) IMDb Rating (3.8) ကိုဂရေးရဲ့အကွက်ငါးဆယ်လို ကားမျိုးပါ။ မင်းသမီးကတော့ ဒါကိုတာဂျွန်ဆန်လောက်တော့ မလှပေမဲ့ တော်တော်တော့ လှတယ်။ ပိုမိုက်တာက သရမ်းဆီးတွေ လူရှေ့သူရှေ့လုပ်တာတွေ ခိုးကြောင်ခိုးဝှက်လုပ်တာတွေ ကြိုးချည်ပြီးလူစားလဲတာတွေအပါအဝင် ဂရေးထက် ကွက်ကွက်ကွင်းကွင်းပြထားတဲ့အကွက်ပေါင်းစုံကို ရက်ရက်ရောရာပေးကြည့်ထားတဲ့မင်းသမီးနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းသွားလေးကလည်း အချစ်ကိုရှာတွေ့သွားတဲ့ ဇာတ်လမ်းမျိုးဆိုတော့ ရိုမန့်တစ်လည်း မဆန်တဆန်နည်းနဲ့ ဆန်ပါသေးတယ်။ ဇာတ်အိမ်ကတော့ ကုမ္ပဏီကြီးတစ်ခုက လောလောလတ်လတ်အမွေဆက်ခံထားတဲ့ သူဌေးသားလေးနဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်းမလေးတို့ တခြားဝန်ထမ်း၂ယောက်လုပ်နေတာကို ချောင်းရာကနေ စငြိသွားတဲ့ ဇာတ်လမ်းပါပဲ။ မချစ်တတ်တဲ့သူဌေးသားလေးနဲ့ အချစ်ငတ်တဲ့ကောင်မလေးတို့ရဲ့ အပြာရောင်မျက်ရည်တွေနဲ့ အပြာရောင်အချစ်ညတွေကို ဖြတ်သန်းခဲ့ကြပုံတွေကို ကြည့်ရမှာပါ။ ဝတ်လစ်စလစ်အခန်းတချို့ နှင့် 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ M ဖြစ်ပါတယ်။) File size…(1.6 GB) / (840 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:54:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by M

Thriller • Action • Crime
3.8 2024 114 mins
Ask Me What You Want Pídeme lo que quieras