YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Head.Count.2018.WEBRip,1080p(CM).mp4

1.09 GB N/A video/mp4 127 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
M. Butterfly
6.6

ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ------------- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း " ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ " တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 660MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 1993 101 mins
M. Butterfly
Daeng Phra Khanong
6.1

Daeng Phra Khanong (2022) ဒန် အဖြစ် Melix Efe Aygun မလီ အဖြစ် Machida စီ အဖြစ် Phuwarak Khamsing ဆမ်လီ အဖြစ် Mboke Medad Epie ဟင် အဖြစ် Surachai Borsuwan ဇာတ်လမ်းအကျဉ်း လူတွေက နာမည်ကြီးသရဲဇာတ်လမ်းတစ်ခုဖြစ်တဲ့ မက်နဲ့နတ်ရဲ့အကြောင်းကိုသာ မှတ်မိကြပြီး နတ်ရဲ့ သေဆုံးသွားခဲ့တဲ့ သားလေး ဒန်ကိုတော့ သိပ်မသိနေခဲ့ကြပါဘူး ဒီဇာတ်လမ်းမှာတော့ မိဘတွေမရှိဘဲ ကျန်ရစ်ခဲ့တဲ့ ဒန်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် လူတွေကို ရန်ပြုလိုစိတ်မရှိဘဲ ခင်မင်ချင်ပြီး မိဘတွေကိုပဲ အမြဲလိုက်ရှာချင်ခဲ့တဲ့ ဒန် တစ်နေ့ ရွာမှာ ညတိုင်းခြောက်လှန့်နေပြီး လူပါသတ်တယ်လို့ စွပ်စွဲခံလာရတဲ့အခါ ဒန့်ကို နှိမ်နင်းဖို့ ပယောဂဆရာတစ်ယောက်ပါ ရောက်လာတဲ့အခါ လူသားတွေနဲ့ ခင်မင်မှုမပျက်ချင်တဲ့ ဒန်တစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ မျှော်လင့်နေခဲ့တဲ့ မိဘတွေနဲ့ရောဆုံနိုင်မလားဆိုတာ ဟာသနှောရိုက်ကူးထားတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ N ပဲ ဖြစ်ပါတယ်။ Genre…..Thriller Quality…. 1080p | 720p | 480p File size…1.5GB | 845MB | 291MB Format… mp4 Duration….1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. N Encoder ….. August

Action • Thriller
6.1 2022 110 mins
Daeng Phra Khanong
Amma I Love You (2018) Siddhu The Warrior
7.4

Amma I Love You (2018) Siddhu The Warrior “မိခင်တစ်ယောက်က ကျွန်တော်တို့အတွက် တံမြက်စည်းလှည်းသမား…သန့်ရှင်းရေး…စားဖိုမှုး..စားပွဲထိုး…ဆရာမလည်း ဖြစ်တယ်… ပွဲစီစဉ်သူ …အလှဆင်တဲ့သူ….ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင် ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ် စျေးဆစ်တတ်တဲ့သူ….ငွေကိုင်…စီးပွားရေးအကြံပေး…ထောက်ပံ့ပေးတဲ့သူ… စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ် ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ် ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့် မိခင်ကို‌တော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်” ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့် အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ…. ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ… တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်…. အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။ သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်… မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်… ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ဆုံတွေ့လိုက်မိပါတယ်။ ကံဆိုးချင်တော့ သူ့အမေပြန်ကောင်းလာဖို့ဆိုရင် သူ့အနေနဲ့ သူတောင်းစားအဖြစ် ၄၈ ရက်တိတိနေထိုင်ရမယ်လို့ ရှေ့ဖြစ်ဟောခံရပါတယ်။ အမေ့အတွက်ဆို မြင့်မိုရ်တောင်ပါဖြိုချမယ့်သား ဆစ်ဒူကတော့ သူတောင်းစားလုပ်ဖို့လက်မတွန့်ခဲ့ပါဘူး… ဒီလိုနဲ့ သူတောင်းစားလုပ်နေစဉ်မှာပဲ လူသားတို့သဘောတွေ အလိုလောဘတွေအကြောင်းတွေကို သိမြင်လာရသလို သူရင်ခုန်ရတဲ့ကောင်မလေးကိုတွေ့ရှိသွားတဲ့အပြင် သူ့ကုမ္ပဏီကိုလုမယ့် ရန်သူတွေပါ သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့….။ ဆစ်ဒူတစ်ယောက် အမေ့အတွက် အခက်အခဲတွေတပြုံကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ….။ IMDb Rating (7.4) ထိရရှိထားတာမလို့ အက်ရှင်ဒရမ်မာကြိုက်တတ်တဲ့ တောင်ပိုင်းပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားဖြစ်ပါကြောင်း။

Romance • Comedy
7.4 1900
Amma I Love You (2018) Siddhu The Warrior
Hideaways
6.1

လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့ အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာ လိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့ Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့ အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့ သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက် သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့် စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။ လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီး ကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့ စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။ အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစ လူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲ မိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့် မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီး ဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်း များစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေ ထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့ အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2011
Hideaways
Do the World Darts 8
5.7

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၈ ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီတစ်ခေါက် CMကတင်ဆက်ပေးမှာကတော့ ထျန်းရှပို့ဆောင်ရေးအဖွဲ့ အစည်းသခင်ငယ်ဖြစ်တဲ့ ဝမ်ကျန့်ဝေးက စီးပွားရေးသူဌေးတစ်ယောက်ဖြစ်တဲ့ ကွမ်ချင်းရှန်းရဲ့ ထန်ခေတ်အမျိုးသမီးပိုးချည်ပြင်ပန်းချီပို့ဆောင် ကာကွယ်ရေးအလုပ်ကိုလက်ခံခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် အဲ့ဒီပန်းချီဟာ ထန်ခေတ်နာမည်ကျော်ပန်းချီတစ်ခုဖြစ်ပြီး ဒီပန်းချီကိုမကောင်းသူတွေမျက်စောင်းထိုးမှာစိုးလို့ ကွမ်ချင်းရှန်းက ပန်းချီပြပွဲကျင်းပပြီး အလျင်အမြန်ရောင်းထုတ်ချင်ခဲ့တယ် သိုင်းလောကနာမည်ကျော်ဓားပြဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလဲ ဒီပန်းချီကိုမျက်စောင်းထိုးခဲ့လေရာ ဖေးယန့်ကလက်ခံဖို့တွန့်ဆုတ်ခဲ့ပေမဲ့ ဝမ်ကျန့်ဝေးကအတင်းလက်ခံခဲ့တယ် အဲ့ဒီနောက်မှာတော့ကွမ်ချင်းရှန်းအိမ်တော်မှာ ဓားပြရန်ကာကွယ်ဖို့အတွက် ထောင်ချောက်မျိုးစုံ ပြင်ဆင်ခဲ့တယ် ဒါပေမဲ့ ပန်းချီက နောက်ဆုံးမှာအခိုးခံလိုက်ရလို့ ပန်းချီကိုပြန်ရအောင်ကြိုးစားရင်းက လိမ်ညာမှုကြီးတစ်ခုကို တွေ့ရှိခဲ့ကြပေတယ် ဒီဇာတ်လမ်းလေးမှာ ဝမ်ကျန့်ဝေးတို့က ဘယ်လိုလိမ်ညာမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်

5.7 2007
Do the World Darts 8
Apocalypse Now
8.4

Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%) ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။ Apocalypse Now (1979) ရုပ်ရှင်ကားကြီးက Theatrical Version, Final Cut Version, Redux Version ဆိုတဲ့ Version ၃ မျိုးလောက်ရှိပြီး ခုကတော့ 4K Final Cut Version နဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော် Greatကြီး‌တွေမဟုတ်ဘူး။ တကယ့်စစ်ပွဲထဲက စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့ဗီယက်နမ်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။ စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်… လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်…. အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင် ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာ တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့ အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီး တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့ အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ် နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။ ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။ တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့ ကျွန်တော်ကြားနေရတယ်။ အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင် အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။ နေရောင်ခြည်မရှိ‌‌တော့တဲ့နောက်ကို တရွေ့ရွေ့လိုက်ကြည့်မိတယ်။ အလင်းမရှိတဲ့အခါ အခန်းဟောင်းရဲ့ ဟင်းလင်းပြင်နံရံမှာ “Apocalypse Now” လို့ တိုးတိုးလေးရေးထားတာကိုလည်း ငါမြင်နေရတယ်။ မရေရာခြင်းနဲ့ ဝေဝါးမှုနဲ့ မသေချာတဲ့အကြောင်းတရားနဲ့ ‌ကောက်ကွေ့တဲ့မြစ်ကြီးဆီ ဦးတည်နေတဲ့ လူတစ်ယောက်ကလည်း တရွေ့ရွေ့ချင်းမျောနေပြီ။ မြစ်ကမ်းတစ်လျှောက်မှာ… မြစ်ရေထဲမှာ… ခက်ထန်သော ကြမ်းကြုတ်သော အနိဋ္ဌာရုံများ။ အဲဒီမြစ်ရဲ့ အဆုံးသတ်မှာ အဖြေဟာ တကယ်ရှိပါ့မလား။ ရှိခဲ့ရင်ရော အဲဒီအဖြေဟာ အဖြေအစစ်ဖြစ်ပါ့မလား။ လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲ။ သူများရဲ့ အထင်အမြင်ကနေ လွတ်မြောက်တာလား။ ကိုယ်တိုင်ရဲ့အထင်အမြင်ကနေ လွတ်မြောက်တာလား။ ဒီလိုနဲ့ ဒုတိယအဖြေဟာ မေးခွန်းအသစ်တွေကိုပဲ ထပ်လောင်းပေးခဲ့တာပါပဲ။ အနိဠာရုံအပြည့်နဲ့ ဗီယက်နမ်ကို အိမ်အဖြစ်သတ်မှတ်ပြီး မစွန့်ခွာနိုင်ခဲ့တဲ့ ပြင်သစ်တွေလိုပဲ ဘဝမှာ ငါမစွန့်ခွာနိုင်တဲ့ အရာတွေသိပ်များခဲ့တယ်။ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြည့်ဖြစ်တဲ့ Apocalypse Nowရဲ့အဆုံးသတ်မှာ “အဖြစ်အပျက်တစ်စုံတရာကို ပုံစံသဏ္ဍာန်တူဖြစ်ရပ်တစ်ခုကို ဖြတ်မသန်းဖူးဘဲ သိခြင်းဟာ အဲဒီအဖြစ်အပျက်ရဲ့ သရုပ်မှန်ကိုသိခြင်းနဲ့ ကွဲလွဲတယ်”ဆိုတာ သိလိုက်ရတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဒီရုပ်ရုင်ကို ကျွန်တော်ကြည့်တုန်းက ခံစားမိရုံဆိုပေမဲ့ အခုတော့ ကွက်ကွက်ကွင်းကွင်းကို နားလည်လာရတယ်။ အားလုံးလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ ကျွန်တော်တို့အဖြစ်အပျက်တွေကလည်း ပျက်ကပ်ထဲကို ရှားလော့ဟုမ်းနဲ့ မိုရီရာတီ ရိုင်ချန်ဘတ်ရေတံခွန်အောက် ပြုတ်ကျသလို ထိုးဆင်းနေခဲ့တာ ကြာပြီ။ အနိဋ္ဌာရုံဆိုတဲ့ စကားလုံးကို ဒိုင်ယာလော့တွင်တွင်သုံးထားတဲ့ Apocalypse Nowကိုရော အနိဋ္ဌာရုံ(Ran)ဆိုတဲ့ စကားလုံးကို နာမည်တပ်ထားတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကိုရော ကြည့်ခဲ့ဖူးတယ်။ အနိဠာရုံဆိုတဲ့ တူညီချက်တစ်ခုကလွဲ ဘာတစ်ခုမှမတူညီတဲ့ ရုပ်ရှင်နှစ်ကားဟာ ဒီပြင်တူညီတဲ့တစ်စုံတရာတော့ ရှိနေခဲ့တယ်။ ရခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မပေးတတ်ဘူး။ ဇာတ်သိမ်းမှာ Willardက ကာနယ်Kurtzကို ကျွဲတစ်ကောင်ကို ဓားနဲ့ခုတ်ပြီးပေါ်သလို အားရပါးရခုတ်သတ်ပြီးတဲ့နောက် ကာနယ်Kurtzရဲ့ စာအုပ်ကိုလှန်ကြည့်တဲ့အချိန် ” ဗုံးကြဲပြီး အားလုံးကို မျိုးဖြုတ်ပစ်လိုက် “လို့ ရေးထားတာကို တွေ့ခဲ့တယ်။ အားလုံးကိုဆိုတာ အဲဒီမှာရှိနေတဲ့ သူ့ကိုနတ်ဘုရားလိုကိုးကွယ်နေတဲ့ သူ့နောက်လိုက်တွေတစ်ဖြစ်လဲ သူ့စစ်တပ်ကို ရည်ညွှန်းထားတာပေါ့။ သူသေမှာကို သူကြိုသိခဲ့သလို သူမရှိတော့ရင် ဒီစစ်တပ်လည်း လမ်းပျောက်သွားမှာကို မြင်ခဲ့လို့ အကုန်လုံးရှင်းပစ်ခိုင်းခဲ့တယ်လို့ပဲ ပြောရမယ်။ ကိုယ့်ကိုယ်ကိုယ်ပျောက်ရှခြင်းနဲ့ သေခြင်းမှာ ဘယ်အရာက အထိအခိုက်ပိုများလဲတော့ မသေချာဘူး။ ဒီရုပ်ရှင်မှာ တစ်ကားလုံးကအရာတွေနဲ့ ကွဲထွက်နေတဲ့တစ်စုံတရာပါခဲ့တယ်။ မြစ်ရဲ့တစ်နေရာက လှေကလေးတစ်စင်းပေါ်မှာ ခွေးပေါက်ကလေးအတွက် အသက်ပေးခဲ့တဲ့ ဗီယက်နမ်သူတစ်ယောက်ပေါ့။ တော်တော်မထင်မရှား ဇာတ်ဝင်ခန်းပါပဲ။ ဒါပေမဲ့ ဒီမှောင်အတိကျနေတဲ့ အနိဋ္ဌာရုံတွေကြားမှာတော့ တစ်စင်းပဲရှိတဲ့ကြယ်ဟာ ပြက်ပြက်ထင်ထင် လင်းခဲ့တယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

Action • Thriller • Crime
8.4 1979 147 mins
Apocalypse Now
Paparazzi

Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ…ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ… ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ…သူဟာမိသားစုကိုအလေးထားသူပါ….ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်….အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်… တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်…. ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ… ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2004
Paparazzi
Secret Passion aka Taynoe vlechenie
5.3

Taynoe Vlechenie (2023) CM ပရိသတ်ကြီးအတွက် ရုရှားစကားပြော ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် Veta ဆိုတဲ့ ကောင်မလေးက တစ်ခုခုအသိအမှတ်ပြုခံရဖို့ ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ် သရုပ်ဆောင်သင်တန်းမှာ ဆရာသဘောကျတဲ့လူ မဟုတ်ပေမယ့်လည်း ဇွဲတော့မလျှော့ပါဘူး ဘာကိုမှ အလေးအနက်မထားတဲ့လူတွေကြားမှာ အိပ်မက်တစ်ခုကို ယုံယုံကြည်ကြည်ဆက်မက်နေတဲ့သူ သူ့ဘဝအတွက် ပြဇာတ်ရုံက အိပ်မက်ပါပဲ တစ်နေ့မှာ ပိုလန်ကလာတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အမှတ်မထင် ခင်မင်ခဲ့ပြီး သူလိုချင်တာကို ပြောပြတဲ့အခါမှာတော့ … ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အဖော်အချွတ်အနည်းငယ် ပါတဲ့အကြောင်းတော့ ကြိုတင်သတိပေးပါရစေ အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပါ

Horror
5.3 2023
Secret Passion aka Taynoe vlechenie
Helen
7.7

Helen (2019)”ဟယ်လန်” =================== ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေက ဘာမှတရားဝင်မပြောထားပေမဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တွေအပေါ်မှာအခြေခံရိုက်ကူးထားတာလို့ ပရိသတ်တွေကဆိုကြပါတယ်။ ဇာတ်လမ်းကတော့.. အဖေတစ်ခု သမီးတစ်ခုဘဝမှာနေရင်း သူနာပြုဘွဲ့ရထားပြီး ကနေဒါကိုအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ ဟယ်လန်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက်။ သူဟာ ကနေဒါကိုမသွားနိုင်ခင် ကြက်ကြော်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေရင်း ရုတ်တရက် ခြေရာလက်ရာမရှိပျောက်ဆုံးသွားတဲ့အခါမှာတော့..။ တိုက်ပွဲတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ ဟယ်လန်ရဲ့ ရုန်းကန်မှုတွေ၊ ဖခင်ဖြစ်သူရဲ့ ပူပင်သောကတွေ၊ ဗျာများရပုံတွေကို အချိတ်အဆက်မိမိနဲ့ မွန်းကျပ်စရာကောင်းလောက်အောင် ပုံဖော်ပြထားတာမလို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်ကြတဲ့ပရိသတ်တွေအတွက် အချိန်ပေးရတာတကယ်တန်စေမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.7 2019 117 mins
Helen
Kali: Avenging Angel
5.8

ဒီတစ်ခေါက်မှာတော့မင်းသမီး‌တစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။ သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့ နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။ တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။ သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ‌ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်း သလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင် မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့ နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။ လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့်‌‌ ဖော်ထုတ်ရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာ အမှုကြီးကရော ဘာများဖြစ်မလဲ၊ ‌ဒီကိစ္စကိုဘယ်သူက ကြိုးကိုင် ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်း ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.44GB) / ( 835MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Drama
5.8 2024
Kali: Avenging Angel
Ko Village West
5.5

တရုတ်နိုင်ငံတော်လှန်ရေးခေတ်မှာမြေရှင်သူဌေးတွေက ရွာသူရွာသားတွေကို ဖိနှိပ်ခေါင်းပုံဖြတ်နေပြီးတော့ ကူမင်တန်အာဏာရှင်တွေနဲ့ပူးပေါင်းပြီး လက်ဝါးကြီးအုပ်ထားကြတယ်။ ကူမင်တန်အာဏာရှင်ကိုတော်လှန်ဖို့ အောက်ခြေလူတန်းစားတွေကို ကွန်မြူနစ်တွေကဦးဆောင်ပြီးလှုံ့ဆော်ပေးခဲ့ကြတယ်။ ပြည်သူတွေကိုဖိနှိပ်မှုတွေအောက်ကလွတ်မြောက်အောင် ရပိုင်ခွင့်ပြည်သူ့အခွင့်အရေးတွေကို ပြန်ရအောင် တော်လှန်ရေးစိတ်ဓာတ်ကိုနှိုးဆော်ပေးပြီး တော်လှန်ရေးမီးပွှားလေးတွေတောက်လောင်လာအောင် တိုင်းပြည်အတွက်အသက်စွန့်ပြီးတော့ ကြိုးစားသွားတဲ့ရဲဘော်တွေရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Drama • Crime
5.5 2025
Ko Village West
Year of the Widow
6.4

Year of the Widow (2024) IMDb Rating (6.4) ဒီဇာတ်လမ်းလေးကတော့ Respekt မဂ္ဂဇင်းမှာရေးခဲ့တဲ့ Zuzana Pokorná ရဲ့ ဆောင်းပါးကို Veronika Lišková က ရိုက်ကူးခဲ့တဲ့ Czech ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ခင်ပွန်းသည် သေဆုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပူဆွေးလွမ်းဆွတ်မှု၊ သေစာရင်းလုပ်ငန်းစဉ်နဲ့ ကိုယ်ပိုင်ဘဝပြောင်းလဲမှုတွေကို ခံစားချက်အလိုက် ပေါ်လွင်အောင်ဖော်ပြထားပါတယ်။ Plot review ဘာသာပြန်တစ်ယောက်ဖြစ်တဲ့ Petra တစ်ယောက် ရုတ်တရက် သူ့အမျိုးသားဆုံးပါးသွားလို သူ့ဘဝကြီး အချိုးအကွေ့ပြောင်းလဲသွားခဲ့တယ်။ သူ့ခင်ပွန်းအပေါ် လွမ်းဆွတ်ပူဆွေးမှုတွေကို ခံစားနေရတဲ့ကြားက ကြီးမားတဲ့ သေဆုံးမှုလုပ်ငန်းစဉ် ဝန်ထုတ်ဝန်ပိုးတွေဖြစ်တဲ့— ဘဏ်၊ အမွေခံမှု၊ ဥပဒေ စာရွက်စာတမ်းနဲ့ ရှေ့နေကိစ္စတွေအပြင် ဆယ်ကျော်သက် သမီးလေးနဲ့ သားသမီးဆက်ဆံရေးကိုပါ ကိုင်တွယ်ဖြေရှင်းရင်း သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မပြိုလဲသွားအောင် ဘယ်လိုကြိုးစားတောင့်ခံမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Romance • Drama
6.4 2024 109 mins
Year of the Widow
Clay Pigeons

ဒီတစ်ခါမှာတော့ Joker ထဲကမင်းသားကြီး Joaquin Pheonix နဲ့ Vince Vaughnတို့ပါဝင်ထားတဲ့ Clay Pigeon ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် “အားလ်”ဆိုတဲ့လူဟာ သူ့မိန်းမ”အမန်ဒါ”နဲ့ သူငယ်ချင်းဖြစ်သူ”ခလေး”တို့ဖောက်ပြန်နေကြတယ်ဆိုတာကိုသိသွားပြီး မခံမရပ်နိုင်ဖြစ်ကာ သူ့ကိုယ်သူသတ်သေသွားပါတယ် ဒါပေမဲ့ ရိုးရိုးသတ်သေတာမဟုတ်ဘဲ သူငယ်ချင်းဖြစ်သူ”ခလေး”က သတ်ခဲ့တာလို့ထင်ရအောင်တမင်အကွက်ချခဲ့ပါတယ် “ခလေး”ကလည်း သူမကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်ထောင်ကျမခံချင်တာကြောင့်အလောင်းဖျောက်ခဲ့ပါတယ် ပြီးတော့ သူ့ကြောင့် သူ့သူငယ်ချင်းကကိုယ့်ကိုကိုယ်သတ်သေခဲ့ရတဲ့အတွက်လည်း ယူကြုံမရဖြစ်နေရပါတယ် အဲ့ဒါကြောင့်ပဲ အမန်ဒါနဲ့ထပ်မပက်သက်တော့ဘဲအဆက်ဖြတ်လိုက်တော့တယ် ဒါပေမဲ့ အမန်ဒါဘက်ကတော့မရပ်ဘဲဆက်လက်ကပ်တွယ်နေပါတယ် အဲ့အချိန်မှာပဲ ခလေးက “လက်စတာလောင်း”ဆိုသူနဲ့ ခင်မင်လာခဲ့တယ် ဒါပေမဲ့ လက်စတာလောင်းဟာ သာမန်လူမဟုတ်ဘဲ ကွင်းဆက်လူသတ်သမားဖြစ်နေပြီး အမန်ဒါကိုပါသတ်ပစ်လိုက်တဲ့အခါ…… လူပေါင်းမှားမိတဲ့ခလေးတစ်ယောက် ဘယ်လိုဒုက္ခတွေရင်ဆိုင်ရဦးမလဲ File size…(2.5 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane

0 1998
Clay Pigeons