YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hasta.la.madre.del.dia.de.las.madres.2023.480p.(CM).mp4

500.67 MB N/A video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Death of a Fisherman
5.9

မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။ သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်) File Size..........(1.7 GB) / (727 MB) / (423 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Jaka Encoder..........SWM

Action • Adventure • Crime • Thriller
5.9 2015 105 mins
Death of a Fisherman
Darby and the Dead
6.1

Aဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်ကတည်းအမေ့ခြေရာအတိုင်း လိုက်နင်းပြီး ပန်းပွားအကမယ်ဖြစ်ချင်တဲ့ ဒါဘီဟာ ပါဟာကမ်းခြေမှာ သူ့အမေနဲ့အတူကမ်း‌ခြေမှာ ရေဆော့နေတုန်း လှိုင်းပုတ်လိုက်မှုကြောင့် နှစ်ယောက်လုံးသေဆုံးသွားပါတယ်။ ဝိုင်းဝန်းအသက်ကယ်ကျပေမယ့် ဒါဘီတစ်ယောက်တည်းကိုသာ တမလွန်ကနေပြန်ခေါ်လိုက်နိုင်ပါတယ်။ အသက်မသေတဲ့အပြင် သေပြီးအသက်ပြန်ရှင်လာတဲ့ဒါဘီမှာ သေပြီးသား ဝိဉာဉ်တွေကိုမြင်ရတဲ့ စွမ်းအားတစ်ခုပါထပ်ဆောင်းအပိုရရှိခဲ့ပါတယ်။ ဒီလိုနဲ့ လူသေဝိဉာဉ်တွေရဲ့ လူ့ဘဝမှာမပြီးပြတ်‌‌သေးတဲ့ကိစ္စ‌တွေကို လိုက်လံကူညီ‌ပေးရင်းနဲ့ နောင်ဘဝသစ်ကိုကူးနိုင်‌အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးတာပေါ့။ ဒီလိုနဲ့ဒါဘီရဲ့ဘဝဟာ တစ်ဖြည်းဖြည်းနဲ့ လူ အများက ငကြောင်မလို့ပြောဆိုခံရရင်း လူမသိသူမသိအနှိမ်ခံဘဝနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူ့ကိုမုန်းပါတယ်ဆိုတဲ့ ကျောင်း မှာ နာမည်ကြီးပန်ပွားမယ်အဖွဲ့ခေါင်းဆောင်ကာပရီဟာ လျှပ်စစ်ဆံပင် ကောက်စက်ကြောင့်သေဆုံးသွားပါတယ်။ ကာပရီကို ဒါဘီတစ်ယောက် တည်းမြင်ရတာရယ်ကြောင့်ရယ် ကာပရီရဲ့မပြီးပြတ်သေးတဲ့ ၁၇နှစ်ပြည့် မွေးနေ့ပါတီကိုဆက်လုပ်ချင်တာကြောင့်နောင်ဘဝသစ်ကိုမကူးနိုင်ဘဲ ဒါဘီကို အတင်းအကြပ်အကူအညီ‌တောင်းလို့လက်ခံလိုက်ရပါတယ်။ ကျောင်းမှာရှိလို့ရှိမှန်းတောင်မသိတဲ့လူမသိသူမသိ ငကြောင်မလေး ဒါဘီဟာ သေသွားပြီးဖြစ်တဲ့နာမည်ကြီး ကာပရီမွေးနေ့ပွဲပါတီကို ကျင်းပဖို့ အတွက်ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့မလဲဆိုတာဆက်လက်ကြည့်ရှု ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(2.13 GB) / (854 MB) / (493 MB) Quality............WEB 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Fantasy Translator.......Tin Myo Lwin Encoder...........Zin Phyo Aung

Science Fiction
6.1 2022 100 mins
Darby and the Dead
The Domestic
3.7

ကြည့်ဖူးသလောက် Horrorကားတွေမှာ စုန်းတွေ အောက်လမ်းတွေ ဝိညာဉ်တွေပါနေတဲ့ ဟော်ရာကားတွေက တော်တော်ကြည့်ကောင်းတတ်ပါတယ်။ အိမ်တစ်လုံးထဲ ဇာတ်အိမ်တည်တာတို့ လူမဲတွေချည်း အဓိကထားရိုက်ပြတဲ့ ဟော်ရာကားတွေဆို ဂန္တဝင်တွင်တဲ့အထိကိုကောင်းတတ်ပါတယ်။ ဒီတစ်ကားက ထူးထူးခြားခြား မြင်နေကြုံနေရတဲ့ဇာတ်ကောင်တွေထဲ လူဖြူပါကိုမပါတဲ့ဟော်ရာကားပါ။ မဆီမဆိုင် ဇာတ်ကားထဲ လူဖြူတွေထည့်ထည့်တာ ထုံးစံလိုဖြစ်လာတဲ့ အနောက်ရုပ်ရှင်လောကကြီးမှာ ဒီလိုကားမျိုးမြင်ရတာလည်း ခပ်ကောင်းကောင်းပါပဲ။ လင်မယား၂ယောက်တည်း နေတဲ့အိမ်တစ်လုံးရှိတယ်။။ မိန်းမက အယူသီးတာတွေ မယုံပေမဲ့ သူကိုယ်တိုင်က နတ်ဆရာဖြစ်ရမယ့် ဘိုးဘေးဝိညာဉ်တွေရဲ့ကောင်းချီးပေးခံထားရတဲ့သူ။ ဒါကိုငြင်းဆန်ပြီး သူတစ်သက်လုံးနေလာခဲ့တယ်။ ၂ယောက်စလုံးက သူ့အလုပ်နဲ့သူမအားကြတော့ အိမ်မှုကိစ္စမနိုင်ကြဘူး။ ပထမအိမ်အကူကလည်း သေသွားတော့ အိမ်အကူအသစ်ရှာဖို့ဖြစ်လာတယ်။ ဒါပေမဲ့ အိမ်အကူက သူတို့ကို အောက်လမ်းနည်းတွေသုံးပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ မဖြစ်မနေ ဘိုးဘေးဝိညာဉ်တွေရဲ့ အကူအညီယူဖို့ဖြစ်လာခဲ့တယ်။ File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p Format__mp4 Duration__01:50:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Comedy • Drama
3.7 2022 110 mins
The Domestic
The Princess
6.9

The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်း လှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ‌ချော‌လေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်... အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ် ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့ မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။ File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt

Drama • War
6.9 2022 94 mins
The Princess
Reign of Fire
6.2

Game of Thrones ထဲက နဂါးကြီးတွေကို သဘောကျ နှစ်ခြိုက်ကြတဲ့သူတွေ အများအပြားရှိပါလိမ့်မယ်။ ဝံ့ကြွားလှပတဲ့ကိုယ်ဟန်နဲ့၊ ဝါညီးထွန်းတောက်တဲ့ မီးတောက်တွေ မှုတ်ထုတ်လို့ ခံ့ညားလှတဲ့ သတ္တဝါကြီးတွေပေါ့။ ဒီတော့ လူကြီးမင်းရဲ့ အိမ်အောက်မှာ အ‌ပေါက်တစ်ခုတွေ့လို့ ဆင်းကြည့်ရင်း နဂါးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုပါစို့။ အကြံပေးချင်တာကတော့ Game of Thrones ကို မေ့လိုက်ပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်သာပြေးပါ။ ဘာလို့လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုစားနိုင်ပါတယ်။ ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောက် အန္တရာယ်မ‌ျားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ရေခဲခေတ်ကိုရောက်၊ သူတို့က သက်ရှိမှန်သမျှ စားပစ်ကြပြီး စားစရာမရှိ ငတ်မွတ်လာတဲ့အခါမှာ မြေအောက်ကိုဝင်ပြီး တစ်ရေးအိပ်နေကြပါသတဲ့။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ပြန်ပြည့်လာမယ့်အချိန်ကို စောင့်နေကြတာပေါ့။ နဂါးကြီးဟာ အဖော်အပေါင်းတွေနဲ့ ပြန်လည်နိုးထလာပြီး လူ့လောကကို သိမ်းပိုက်လိုက်ပါတယ်။ တွေ့သမျှကို မီးလောင်တိုက်သွင်း၊ အသက်ရှိသမျှ စားလာလိုက်တာ လူ့ပြည်ပျက်တဲ့အထိပေါ့။ ရှိသမျှလက်နက်တွေ နျူတွေနဲ့ ခုခံခဲ့ပေမဲ့ သူတို့ဘက်ကနေ ကမ္ဘာကို ကူဖျက်ပေးမိသလိုပဲ ဖြစ်ခဲ့တယ်ဆိုပဲ။ ဂွတော့အကျသားဗျ။ ဒီတော့ လူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်လာပြီး အကာအကွယ်နေရာတွေမှာ စားစရာကြံဖန်ပြီး မြေအောင်းကြွက်တွေလို နေရတဲ့ခေတ် ရောက်သွားတာပေါ့လေ။ ဒီတော့ နဂါးအုပ်စိုးတဲ့ နဂါးတို့ပလ္လင်ကို လူတွေ ဘယ်လိုပြန်လုကြမလဲဆိုတာ ကြည့်ရမယ့် ဇတ်ကားတစ်ကားပါ။ ခေတ်မီကာလမှာ ခေတ်ဟောင်းသတ္တဝါကို ထည့်ရိုက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ကားပေါ့။ Cast တွေကလည်း မညံ့လှဘူးဗျ။ Interstellar ဇာတ်ကားရဲ့မင်းသားကြီး McConaughey က အဓိကသရုပ်ဆောင်ထားပြီး ၊ Christian Bale , Gerard Butler တို့လို မင်းသားကြီးတွေနဲ့ အလန်းပါပဲ။ IMDb 6.2 ဆိုတော့ apocalypse ကားတစ်ကားအတွက် တော်တော်မြင့်နေပါပြီ။ ပြန်လည်ရှုစားကြပါစို့။ File size…(2.4 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Romance
6.2 2002 101 mins
Reign of Fire
Lamya’s Poem

ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ အခဲယဉ်းဆုံးဖြစ်တဲ့ ကိုယ့်ရဲ့အတ္တနဲ့ မာနကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာ တင်ပြထားတဲ့၊ IMDB 7/10, Rotten Tomatoes 90% ရရှိထားတဲ့ Lamya’s Poem ဆိုတဲ့ ကာတွန်းကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာကြိုးစားပြီး စကားနားထောင်တတ်တဲ့ လန်မ်ရာက Syria က ၁၂အရွယ်ကလေးမလေးပါ။ စာတော်တဲ့သူ့ကို ဆရာဖြစ်သူက ရှေးရှေးတုန်းက ကဗျာပညာရှင် ဂျလာအာဒင်ရူမီရဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကို ပေးခဲ့ပါတယ်။ စာပေကိုမြတ်နိုးသူ လန်မ်ရာလေးက ရူမီ့ရဲ့ကဗျာစာအုပ်လေးကို ရရှိအပြီးမှာပဲ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ အဲဒါကတော့ ကဗျာစာအုပ်လေးကတစ်ဆင့် လန်မ်ရာက ညစဉ်ညတိုင်း အိပ်မက်ထဲမှာ ၁၃ ရာစုနှစ်က လူငယ်လေး ရူမီနဲ့ တွေ့ဆုံခဲ့တာပါပဲ။ သူနဲ့ အိပ်မက်ထဲမှာတွေ့တဲ့ ကဗျာဆရာလေး ရူမီကတော့ သူတို့နေတဲ့မြို့ကို မွန်ဂိုတွေဝင်တိုက်လို့ ဒုက္ခသည်လေးဖြစ်နေရှာသူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမှတ်မထင်ဘဲ လန်မ်ရာ့ဆီကိုလည်း တူညီတဲ့ကံကြမ္မာက ကျရောက်ခဲ့ပါတော့တယ်။ အဲဒါကတော့ Syria ပြည်တွင်းစစ်ပါပဲ။ နေ့ချင်းညချင်း အိမ်ခြေရာမဲ့ဖြစ်သွားရှာတဲ့ လန်မ်ရာတို့သားအမိနှစ်ယောက်က နယ်မြေသစ်ကိုသွားရင်း တကွဲတပြားစီဖြစ်သွားခဲ့ရပြီး လန်မ်ရာ့အတွက် အားထားစရာဆိုလို့ ရူမီ့ရဲ့ကဗျာစာအုပ်လေးသာကျန်ရစ်ခဲ့တော့တာပေါ့။ ဒီလိုနဲ့ လန်မ်ရာက ၁၃ရာစုနှစ်က ဒုက္ခသည်လေး ရူမီနဲ့ ကဗျာစာအုပ်လေး တစ်အုပ်အရင်းပြုလို့ ညစဉ်ညတိုင်း အိပ်မက်ထဲမှာ တွေ့ဆုံရင်း ထပ်တူညီတဲ့အခြေအနေမှာ ဒုက္ခတွေကို အတူဖြတ်ကျော်နိုင်မလားဆိုတာ.. ဘာအကြောင်းကြောင့်များ ၂၀ရာစုက လန်မ်ရာနဲ့ ၁၃ရာစုက ရူမီတို့ ကဗျာစာအုပ်လေးကနေတစ်ဆင့် အိပ်မက်ထဲမှာ သွားတွေ့ကြတာလဲဆိုတာ.. လက်တွေ့ဘဝမှာရော သူတို့နှစ်ယောက် အတူရှိနိုင်မလားဆိုတာ.. ကဗျာလေးတွေက သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်တည်မှုတွေကို ဖန်တီးပေးမလဲဆိုတာ.. စတာတွေကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre…Drama, Adventure, Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2021
Lamya’s Poem
The Nun
5.6

ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲ ဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ် (ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။)

5.6 2018 96 mins
The Nun
The Greatest Game Ever Played
7.4

ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်. တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ. အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်. ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်. ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best Sport Movie ဆုကိုပါရရှိခဲ့ပါသေးတယ် အဓိကသရုပ်ဆောင်အနေနဲ့ Transformers ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပြီး 2005 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ Transformers ရုပ်ရှင်မထွက်ခင် ၂ နှစ်လောက်က ထွက်ရှိထားခဲ့တာမလို့ Shia ရဲ့ ငယ်ရုပ်လေးကို Transformers လို အက်ရှင်ဇာတ်လမ်းမျိုးမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်ရမှာပါ. File size…(2.5GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Biography,Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

7.4 2005
The Greatest Game Ever Played
Blackout
5.6

Werewolf ခေါ် သမန်းဝံပုလွေဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Blackout ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.6 ရရှိထားပြီးတခြားရှယ်ကြမ်းတဲ့ ဇာတ်ကားကြီးတွေနဲ့မနှိုင်းယှဉ်ပဲနဲ့ဒီအတိုင်းပေါ့ပေါ့ပါး ပါးလေးကြည့်မယ်ဆိုရင်ကြည့်လို့အဆင်ပြေမဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အစမှာတော့ လူငယ်စုံတွဲလေးနှစ်ယောက် လရောင်အောက်က လယ်ကွင်းထဲမှာ ရိုမန့်တစ်ဆန်ဆန် မူစကူဒူးနေကြတာကို တွေ့ရမှာဖြစ်ပြီး ရိုချင်လွန်းတဲ့ စုံတွဲကိုဘာမှန်းမသိတဲ့ အရာကြီးတစ်ခုက လာကိစ္စချော ပေးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီနယ်မြို့လေးမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပြီး ပဲလှော်ကြားဆားညှပ် သွားတဲ့သူကတော့ အဲ့ဒီနယ်မြို့မှာ အလုပ်လာလုပ်တဲ့ မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင်မီဂဲလ်ပဲ ဖြစ်ပါတော့တယ်။ဒါပေမယ့် ကံကောင်းတာက သူ့မှာသူ့အပေါ် အရမ်းကောင်းတဲ့ လူဖြူသူငယ်ချင်းတစ်ယောက်ရှိနေတာပါပဲ။ အဲ့ဒီသူငယ်ချင်းရဲ့ နာမည်ကချာလီဖြစ်ပြီး ချာလီ့ယောက္ခမကြီး ကတော့ မီဂဲလ်ကိုဘလိုင်းကြီး ကြိတ်မုန်းနေတဲ့ မြို့တော်ဝန် ယောင်ယောင် ဘိုးတော်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲ အဲ့ဒီမြို့လေးမှာ ရက်ရက်စက်စက် လူသတ်မှုတွေဆက်ဖြစ် မြို့တော်ဝန်ရူးက မီဂဲလ်ကိုစွပ်စွဲ မီဂဲလ်ကိုချာလီကကာကွယ်ပေးရင်းနဲ့ သပွတ်အူတွေလိုက်ရင်း နောက်ဆုံးမှာ တကယ့်လူသတ်တရားခံက သူတို့ထင်ထားသလို ဖြစ်မနေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုစိတ်လှုပ်ရှားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.38GB / 1.02GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.6 2023 107 mins
Blackout
The Batman vs. Dracula
6.6

The Batman vs. Dracula (2005) ======================= IMDb Rating – 6.6/10 Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ ပင်ကွင်းလည်း သူများအပြောနဲ့ ရတနာတွေ လိုက်ရှာရင်း ရှေး ခေတ်က ဒရက်ကူလာကြီးရဲ့ အုတ်ဂူကို ဖွင့်မိသွားပါတော့တယ်။ ဒီလိုနဲ့ ပြင်ဆင်ချိန်သာ ရှိမယ်ဆို ဘာကိုမဆို အနိုင်ယူနိုင်တယ်ဆို တဲ့ ဆျာဘတ်နဲ့ ဒရက်ကူလာကြီးတို့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.24 GB) / (560 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Horror Translator…….Leonard Lin Encoder……….SWM

Romance • Thriller
6.6 2005
The Batman vs. Dracula
The Platform El hoyo
7

The Platform (2019) El hoyo IMDb Rating (7.0) / Rotten Tomatoes (81%) ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းကတော့… Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး…… သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။ Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ… အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ… လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ…စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။

History • Drama
7 2019
The Platform El hoyo
Cheta Singh
7.4

Cheta Singh 2023 (ချီတာဆင်းဂ်) ပါလေနဲ့နီမီတို့ဟာ မိဘတွေမရှိတော့ဘဲ အဒေါ်နဲ့အတူနေနေတဲ့ မောင်နှမနှစ်ယောက်၊ အစ်ကိုတစ်ခုညီမတစ်ခုဘဝဆိုတော့ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက်ပေါ့လေ။ ပါလေကတော့ စာအုပ်ဆိုင်မှာအလုပ်လုပ်ပြီး နီမီလေးကို အစစအရာရာပံ့ပိုးပေးသလို နီမီကလည်း အစ်ကိုဖြစ်စေချင်သလို စာမှာရော အားကစားမှာပါတော်တဲ့ စံပြကျောင်းသူတစ်ယောက်၊ တစ်နေ့ သူ့အစ်ကိုဆန္ဒအတိုင်း ရဲအရာရှိဖြစ်လာအောင် ကြိုးစားနေသူရယ်ပါ။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာကို ဆေးအတုလုပ်ချင်တဲ့ လူတစ်စုရောက်လာပြီး သူကြီးနဲ့ပေါင်းလို့ မကောင်းတာတွေအစုံလုပ်ဖို့ ကြိုးစားတာကြောင့် ပါလေတို့မိသားစုကိုထိခိုက်လာတဲ့အခါ… ညီမနဲ့အဒေါ်အတွက်ပဲ တစ်သက်လုံးရှင်သန်လာခဲ့တဲ့သူ၊ မိသားစုကို အသက်ထက်ပိုတန်ဖိုးထားတဲ့ပါလေတစ်ယောက် မိသားစုကိုလာထိပါးချိန်မှာ သားရဲတစ်ကောင်လိုပြောင်းလဲသွားပြီး ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)

7.4 2023 135 mins
Cheta Singh
Diary of a Wimpy Kid
6.2

Diary of a Wimpy Kid (2010) ~ IMDb – 6.2/10, Rotten Tomatoes – 54% ~ စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ “ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်” လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။ Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း အပြစ်မပြောချင်တော့ပါဘူး။ ဒါကတော့ ငပိန်ကောင်လေးရဲ့ ၆ တန်းနှစ်က ဒိုင်ယာရီလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.15GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 34Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 2010 92 mins
Diary of a Wimpy Kid
Memoir of a Snail
8.1

Australian animator နဲ့ filmmaker Adam Elliot ရဲ့ 2024 ထွက် Stop-motion animated flim လေးမို့ Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။ Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီး Director Adam Elliot ရဲ့ဘ၀ကိုလည်း အနည်းငယ်အခြေခံ ရိုက်ကူးထားတာပါတဲ့။ ဒီကားလေးက ထူးခြားတာက ပုံမှန် Adventure သွားတာမျိုးတွေနဲ့ Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကို သဘာ၀ကျကျရိုက်ကူးထားတာပါ။ အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေက ကံဆိုးတတ်တာများပြီး တစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်။ ဒီဂရေ့စ်ကတော့ ပထမအတန်းစားထဲပါတယ်လို့ပြောရမယ်ပေါ့။ အမေကိုယ်၀န်ရှိခါစမှာ သူ့အဖေကားတိုက်ခံရတော့ ကိုယ်တစ်ပိုင်း သေသွားတယ်။အမေဖြစ်သူကလည်း ဂရေ့စ်နဲ့သူ့အမွှာ‌မောင်လေး ဂေးဘတ်ကို မွေးပြီး ဆုံးသွားရော။ အဆိုးတွေများနေပေမယ့်လည်း သူ့ကိုကာကွယ်ပေးမယ့် ဂေးဘတ်နဲ့အတူ ဖခင်ရှိသေးတော့ သူတို့ မိသားစုလေးက ပျော်စရာလေးတွေတော့ရှိတာပေါ့။ ပြသာနာက ဂရေ့စ်ရဲ့ဖခင်ဆုံးသွားတော့ မောင်နှမနှစ်ယောက်က မွေးစားအိမ်တစ်အိမ်စီပို့ခံလိုက်ရတယ်။ဂရေ့စ်က တဖြေးဖြေးအထီး ကျန်လာပြီး သူစုဆောင်းတတ်တဲ့ ခရုလေးတွေလိုပဲ အခွံထဲမှာ ပုန်းနေတော့တာပေါ့။ သူ့ရဲ့မျှော်လင့်ရာက ဂေးဘတ်ဆီက စာတွေနဲ့ ပင်ကီဆိုတဲ့ အဘွားကြီးတစ်ယောက်။ ပင်ကီက သွက်လက်တယ် ပျော်ပျော်နေတယ် ဂရေ့စ်ရဲ့ မီးခိုးရောင်ကမ္ဘာကြီးထဲက အရောင် လေးပေါ့။ ဒါပေမယ့် တစ်နေ့ကျ အဲ့ဒီသူ့ရဲ့ အားကိုးရာလူနှစ်ယောက်မရှိ‌ တော့တဲ့အခါမှာ ဂရေ့စ် ဘယ်လိုဆက်လုပ်မလဲ….. လူအများစုကြုံတွေ့နေရတဲ့ ပုံမှန်ဘ၀က အခက်အခဲတွေ မိသားစု ပြသာနာတွေ အထီးကျန်မှုတွေ ဘ၀ကိုရင်ဆိုင်ပုံတွေကို ဂရေ့စ်ဆိုတဲ့ ကာရိုက်တာကနေတစ်ဆင့် ပြောပြနေသလို သဘာ၀ကျကျလေးပုံဖော် ရိုက်ကူးထားတာမို့ ကြည့်ပြီးရင် အနည်းဆုံးဘ၀ဆိုတာ ဒီလိုပါလား ဆိုပြီး ဟာတာတာကြီးခံစားချင်တဲ့သူတွေအတွက်တော့ အကိုက်ပါပဲ။ ခရုတွေဆိုတာ သူတို့ရဲ့လမ်းကြောင်းကိုဘယ်တော့မှ နောက်ပြန် မသွားဘူးတဲ့။ကြုံရတာ‌‌တွေက ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ် လက်မလျှော့ပဲ ဆက်ရှင်သန်သွားမယ်ဆို အလှည့်အပြောင်းလေးတွေ ကြုံလာရမယ်ဆိုတာကို ရှင်းရှင်းလေးပုံဖော်ထားတဲ့ Animation လေးပါပဲ။ ( Mature themes, sexual references, nudity နှင့် suscide scene တွေကြောင့် Stop-motion animation ပေမယ့် ကလေးများကြည့်ရန် မသင့်တော်ပါ ) File size… (1.36GB) / (707MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre …..Animation , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Thet Khin

Horror • Thriller
8.1 2024 94 mins
Memoir of a Snail
Ballerina From the World of John Wick: Ballerina
7.3

From the World of John Wick: Ballerina (2025) IMDb Rating (7.3) / Rotten Tomatoes (76%) ဂျွန်ဝစ်ရုပ်ရှင်တွေက ခွဲထွက်လာတဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒါရိုက်တာကတော့ Underworld ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Len Wiseman ဖြစ်ပါတယ်။ မင်းသမီး အန်နာဒဲအာမက်စ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကာလကတော့ John Wick 4 မတိုင်မီ အချိန်ပဲ ဖြစ်ပါတယ်။ အရင်ဂျွန်ဝစ်ကားတွေနဲ့တန်းတူ အသားကုန်ကျုံးတဲ့ကားမို့ သေချာပေါက် ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း.. အိဗ်ဟာ ကလေးဘဝမှာ သူ့ရဲ့အဖေ လုပ်ကြံခံရပြီးနောက် ဂျွန်ဝစ်ရဲ့ ဂိုဏ်းဟောင်း ရူစကားရိုးမားထဲကို ရောက်သွားပါတယ်။ အဲဒီမှာ ကြီးပြင်းလာပြီး လေ့ကျင့်ရင်းနဲ့ အရမ်းလှလာပါတယ်။ ဒီလိုနဲ့ ကြေးစားကန်ထရိုက်တွေလုပ်ရင်း အရမ်းလှနေပါတယ်။ တစ်နေ့မှာတော့ သူ့အဖေကို လာလုပ်ကြံသွားတဲ့ ဂိုဏ်းကို ခြေရာခံမိပြီး အရမ်းလှ အရမ်းချဖို့ပြင်ပါတော့တယ်။ အဲဒီမှာပဲ အင်အားအပြည့်နဲ့ ဂိုဏ်းကြီးတစ်ခုကို လက်စားချေဖို့ အရမ်းလှပါတော့တယ်။ အဆုံးထိ ဘယ်လိုလှသွားမလဲဆိုတော့တော့ ရုပ်ရှင်ထဲမှာသာ ဆက်ကြည့်လိုက်ပါတော့။ ဧည့်သည်သရုပ်ဆောင်အဖြစ် ဂျွန်ဝစ်ကြီး Keanu Reeves နဲ့ Girls’ Generation အဖွဲ့က Choi Soo-young တို့ပါဝင်ထားပါတယ်။

Thriller • Comedy
7.3 2025 125 mins
Ballerina From the World of John Wick: Ballerina