YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Harkara (2023 Tamil TRUE WEB-DL - 1080p - AVC -YK(CM).mp4

2.24 GB N/A video/mp4 1242 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
BlackBerry
7.3

BlackBerry (2023) ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | 371MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
7.3 2023 119 mins
BlackBerry
Fear
4.9

ကြောက်ရွံ့မှုသဘောတရားကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Horror ကားသစ်တစ်ကားဖြစ်ပါတယ်။ ရွန်နဲ့ သူ့ချစ်သူတို့ဟာ ပိတ်ရက်ကို သူငယ်ချင်းတွေနဲ့ အတူတူပျော်ရွှင်စွာ ဖြတ်သန်းဖို့ ခရီးထွက်လာကြပါတယ်။ အခြေအနေက ဗိုင်းရပ်စ်ပိုးတွေ ကူးစက်မှု ငြိမ်နေတဲ့ကာလဖြစ်ပြီး ရွန်က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေအားလုံး ဆုံဖြစ်အောင် လာကြတာပါ။ ရွန်က နာမည်ကြီးအကောင်းအားအကောင်းဆုံး ၀တ္ထုရေးဆရာဖြစ်ပြီး သူ့ရဲ့နောက်ထွက်မယ့်စာအုပ်အတွက် လေ့လာစုဆောင်းနေတုန်းဖြစ်ပါတယ်။ သူတို့တွေ တည်းခိုရမယ့်နေရာက စတော်ဘယ်ရီတည်းခိုရိပ်သာပါတဲ့။ အဲဒီရိပ်သာက လှပတဲ့တောအုပ်ထဲမှာရှိပြီး ပိတ်ရက်ကို အပန်းဖြေချင်သူတွေအတွက် ငှားပေးတာပါ။ အစက ရောက်ရောက်ချင်းမှာ ရွန်က ချစ်သူ ဘီရန်ကာကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တကယ်တမ်းကျတော့ မတောင်းဖြစ်လိုက်ပါဘူး။ ရိပ်သာမှာ သူတို့ကိုချက်ကင်၀င်ပေးတဲ့ အမျိုးသမီးကြီးက သူတို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးပြီး လက်ဆောင်အဖြစ် သူတို့ကိုယ်ပိုင်လုပ်တဲ့ ဝိုင်တစ်ပုလင်းပေးခဲ့ပါတယ်။ ညနေဘက်မှာ ရွန်တို့သူငယ်ချင်းတစ်စု စုဝေးကြတုန်း ရွန်က ဒီဒေသနဲ့ ဒီရိပ်သာရဲ့ သမိုင်းကြောင်းပုံပြင်ကိုပြောပြပါတယ်။ ဒီဒေသက အရင်က အမေရိကန်လက်အောက်မခံခင် စပိန်တွေရဲ့နယ်မြေဖြစ်ပြီး စုန်းမတွေနဲ့ ရိုးရာပွဲတွေ အစီအရင်လိုမျိုး တွေ ရှိခဲ့ပါတယ်တဲ့။ အဲဒီအကြောင်းတွေပြောရင်းနဲ့ ရွန်တို့က သူတို့ရဲ့ ကိုယ်စီအကြောက်ရွံ့ဆုံးအရာတွေကို ဖွင့်ဟပြောခဲ့ကြပါတယ်။ နောက်တော့ အပိတ်အနေနဲ့ လက်ဆောင်ရခဲ့တဲ့ ဝိုင်ပုလင်းကို ဖောက်သောက်ခဲ့ကြပါတယ်။ ဝိုင်က အရသာ ထူးဆန်းတဲ့အတွက် အကုန်တော့ မသောက်ခဲ့ကြပါဘူး။ အဲဒီကနေ ဇာတ်လမ်းစတာပါ။ တီဗီသတင်းမှာလည်း အမျိုးအမည်မသိ အရင်းမြစ်မသိတဲ့ ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် ကျန်းမာရေးဌာနက လူတွေအားလုံးကို အပြင်မထွက်ဖို့ ဂရုစိုက်ဖို့ကြေညာနေပါတယ်။ ရွန်တို့လည်း ရွေးစရာမရှိဘဲ ဒီရိပ်သာကြီးထဲမှာ ပိတ်မိနေကြပါတယ်။ ဒီမှာပဲ အောက်လမ်းအတတ်က အလုပ်စလုပ်နေပြီဖြစ်ပါတယ်။ သူတို့သူငယ်ချင်းတွေအားလုံး ထင်ယောင်ထင်မှားဖြစ်ပြီး ထိတ်လန့်စရာတွေ စဖြစ်လာပါတော့တယ်။ ဆက်ပြောရင် Spoil သလိုဖြစ်တော့မှာမို့ ဇာတ်လမ်းအကျဉ်းကို ဒီမှာတင် ရပ်လိုက်ပါမယ်။ သူတို့ကိုယ်စီ အကြောက်ဆုံးအရာတွေနဲ့ ရင်ဆိုင်ရပြီးနောက် သိလာရတဲ့ အကြောင်းအရာတွေက ဘာဖြစ်မလဲ... ဒီရိပ်သာကြီးနဲ့ ပတ်သက်တဲ့အမှန်တရားကရော ဘာလဲ... အဆုံးသတ်မှာ ဒီကြောက်စရာအဖြစ်ဆိုးကနေ လွတ်မြောက်အောင် သူတို့ဘယ်လို အဖြေရှာကြမလဲ...ဆိုတာတွေကို အသည်းတအေးအေးနဲ့ မျက်တောင်မခတ်တမ်း ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 560MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Romance
4.9 2023 98 mins
Fear
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Romance • TV Movie
7.3 1991 154 mins
Center Stage
Wendell & Wild
6.8

IMDb Rating - 6.5/10 ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ်‌ စက်စက်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ ကလေးမလေးကို ကက်သလစ်‌ကျောင်းအုပ် ဖာသာတစ်ယောက်က သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့ မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင် သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။ အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင် ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက် ကြည့်ရှုပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Settမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(2.32 GB) / (925 MB) / (550 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........Zin Phyo Aung

Crime • Drama • Thriller
6.8 2022 107 mins
Wendell & Wild
New Kung Fu Cult Master 2
4.5

"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ " လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။ တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။ အညွှန်း Lwin Htoo Aung Translator   Jo Jo VA , Yunn Myat Noe Khaing, SST Genre.....Action , Fantasy Quality….WEB-DL 1080p and 720p and 360P File size…1.9GB and 1.1GB and 312MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon, JoJoVa, SST Encoder ..... August

Crime • Drama
4.5 2022 113 mins
New Kung Fu Cult Master 2
The Twilight Saga: Breaking Dawn – Part 2
5.5

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်… Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

5.5 2012 115 mins
The Twilight Saga: Breaking Dawn – Part 2
The Substitute
6

IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့…. ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Science Fiction • Comedy • Horror
6 1996 114 mins
The Substitute
The Man with the Answers
6.8

The Man with the Answers ( 2021 ) ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ လူတစ်ယောက်အကြောင်း ဖြစ်နေခဲ့တယ်။ သူ့သူငယ်ချင်းပြောသလို ကမ္ဘာကြီးက ရိုးရှင်းတဲ့အဖြေတွေနဲ့ ဖြေမရအောင် ရှုပ်ထွေးလွန်းနေတယ်ဆိုတော့ ဒီဟာတွေရဲ့ အဖြေကိုသူတွေ့မတွေ့ မရေရာနိုင်ဘူး။ ရေရာတာကတော့ ဒီရုပ်ရှင်ဟာ လူနှစ်ယောက်နဲ့ ခရီးတစ်ခုကို သေချာလေးသက်ဝင်ခံစားနိုင်အောင်ပြထားတဲ့ ခရီးတစ်ခုအကြောင်း အလှပဆုံးရုပ်ရှင်တစ်ကားဆိုတာပါပဲ။ စိတ်ဟာ မငြိမ်းနိုင်တဲ့အခါ ကြည့်လိုက်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 671MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.8 2021
The Man with the Answers
Jahaan Chaar Yaar

Jahaan Chaar Yaar (2022) “ယောက်ျားတို့အဝေး” Genre – Comedy, Drama တစ်အိမ်လုံးမှာ ယောက္ခမဖြစ်သူကလည်း ခိုင်းစား၊ ယောက်မဖြစ်သူကလည်း ခိုင်းစား၊ ကလေးတွေကလည်း ခိုင်းစား၊ ယောက်ျားဖြစ်သူကလည်း အိမ်ဖော်ငှားရင် ငွေကုန်တယ်ဆိုပြီး မိန်းမဖြစ်သူကို ခိုင်းစားလို့ နေ့စဉ် ပင်ပန်းပြီး စိတ်ညစ်နေရတဲ့ ရှီဗန်ဂီ။ မိန်းမတွေ မကောင်းကြောင်း ပွစိပွစိပြောတတ်တဲ့ ယောက်ျားဖြစ်သူက လက်ပါတဲ့အတွက် အမြဲတမ်း ယောက်ျားဖက်က အမျိုးတွေနဲ့ ထထသတ်နေရပြီး အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ဆာကီနာ။ ယောက်ျားဖြစ်သူက ညညဆို မိုးချုပ်မှ ပြန်လာပြီး အရင်လို ဆက်ဆံရေးမရှိပဲ ဖောက်ပြန်နေတဲ့အပြင် ယောက္ခမကပါ ကြုံရင်နှိပ်ကွပ်ချင်နေလို့ စိတ်ပျက်နေတဲ့ နီဟာ။ စတဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ရက်ကျ သူတို့တွေရဲ့ သူငယ်ချင်းဖြစ်တဲ့ မန်စီဟာ လောကကြီးမှာ အသက်ကြာကြာမရှင်ရတော့လို့ သေခါနီးအချိန်လေးမှာ ဒီ သူငယ်ချင်း ၃ ယောက်နဲ့ တွေ့ချင်ပါတယ်ဆိုပြီး ပလာတာတွေရိုက်ပြီး Ladies only ဘော်ဒါတသိုက် ခရီးတွေထွက် ကဲကြ စွန့်စားခန်းထွက်ကြတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသဒရမ်မာကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama
0 2022 126 mins
Jahaan Chaar Yaar
Red Planet
5.7

Red Planet (2000) IMDb Rating (5.7) / Rotten Tomatoes (14%) 2000 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Red Planet ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Antony Hoffman ကရိုက်ကူးတင်ဆက်ထားကာ IMDb Rating 5.6 ရရှိထားပါတယ်။ သိပ္ပံအက်ရှင်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်ဖို့သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲ့ဇာတ်ကားဟာ Las Vegas Film Critics Society Awards ပွဲမှာ ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်တေး “The Tower That Ate People”. သီချင်းအတွက် Best Song Award အတွက်လည်းလျာထားခြင်းခံခဲ့ရပါတယ်။ သရုပ်ဆောင်တွေအဖြစ် Val Kilmer, Carrie-Anne Moss, Tom Sizemoreစတဲ့သရုပ်ဆောင်တွေက ပါဝင်ထားကြပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lotus Black ဖြစ်ပါတယ်။) File size…(1.9 GB) / (890 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Science Fiction,Thriller Duration….01:47:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Lotus Black

Action • Crime • Drama • Thriller
5.7 2000 106 mins
Red Planet
Er Long Lake Monster
6

တရုတ်ပြည်တုံးပေနယ်က အာ့လုံရေကန်မှာရေမကောင်းဆိုးဝါးမိစ္ဆာရှိတယ်ဆိုပြီးတော့ ဂျပန်ခေတ်ကတည်းကယုံကြည်ခဲ့ကြတယ်။ လက်ရှိခေတ်ကိုရောက်လာတော့ ဒဏ္ဍာရီတစ်ခုသာဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့စုံတွဲတစ်တွဲဟာကန်ရေပြင်ပေါ်မှာလှေစီးနေတုန်း ရေအောက်ကထူးဆန်းတဲ့အရာတစ်ခုကသူတို့လှေကိုဆွဲခေါ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ရေမကောင်းဆိုးဝါးဟာပြန်လည်ထွက်ပေါ်လာပြီဆိုပြီးတော့ အင်တာနက်ပေါ်မှာပြန့်သွားပြီး ခရီးသွားတွေအများကြီးရောက်လာပြီး အာ့လုံရေကန်ကိုလည်ပတ်ကြပါတယ်။ ခရီးသွားတွေများလာတော့ အာ့လုံကန်ရွာလေးရဲ့စီးပွားရေးဟာတိုးတက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒီရေမကောင်းဆိုးဝါးကိုစွဲလမ်းနေတဲ့ဂျပန်သူဌေးကြီးတစ်ယောက်ဟာ အာ့လုံရွာနယ်မြေကိုအပိုင်သိမ်းပြီးတော့စက်ရုံဆောက်ဖို့ကြံစည်နေပါတယ်။ ယွီဟွမ်းဆိုတဲ့အာ့လုံရွာသားတစ်ယောက်ဟာ သူ့တပည့်ကျော်(၃)ရောက်နဲ့အတူ ဂျပန်ကြီးရဲ့အကြံအစည်ကိုတားဖို့ကြိုးစားတဲ့ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Horror • Thriller
6 2025
Er Long Lake Monster
Blade of Destiny : Warlords’Duel
5.5

သိုင်းလောကဆိုတာ ဓားရိပ်တွေပြည့်နေတဲ့ သွေးလွှမ်းတဲ့လောကကြီးတစ်ခုပေါ့။ သိုင်းလောကကြီးကိုအုပ်စိုးနိုင်ဖို့အတွက် လူတွေဟာနည်းလမ်းစုံသုံးပြီးရက်စက်တတ်ကြတယ်။ တစ်နေ့မှာ နတ်လက်နက်ကြီး(၄)ခုလို့တင်စားရတဲ့ လက်နက်ကြီး(၄)ခုထဲက ပီအန့်ဟွားဆိုတဲ့ဓားဟာလောကမှာပြန်ပေါ်လာခဲ့တယ်။ ဒီလက်နက်ကိုရတဲ့သူဟာ သိုင်းလောကကိုအုပ်စိုးနိုင်တဲ့လူဖြစ်ပြီလို့ဆိုကြတဲ့အတွက် ဂိုဏ်းအသီးသီးကသိုင်းလောကသားတွေက ဒီဓားကိုရဖို့အတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြရင်း ကြားထဲမှာအပြစ်မှရှိတဲ့လူတွေလဲသေဆုံးကြရတယ်။ ဒီရှုပ်ထွေးနေတဲ့သိုင်းလောကကြီးကိုတည်ငြိမ်အောင်ဖန်တီးချင်တဲ့ ရည်မှန်းချက်နဲ့ကောင်လေးတစ်ယောက်ဟာ ပီအန့်ဟွားကို တွေ့အောင်ရှာပြီး ဖျက်ဆီးဖို့သူ့ရဲ့တိုက်ပွဲကိုစတင်လိုက်ပါတယ်…….

Comedy
5.5 2025
Blade of Destiny : Warlords’Duel