YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hard.Days.2023.1080p.(CM).mp4

1.88 GB 1080p video/mp4 163 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
On a Wing and a Prayer
6.4

ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။ နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်‌ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ လေဆိပ်တာ၀န်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကြိုးစားရပါတော့တယ်။ တာ၀န်ရှိသူတွေက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပြီး အခန့်မသင့်ရင် လေယာဉ်ကို သမုဒ္ဒရာထဲ ပျက်ကျနိုင်အောင် ညွှန်ကြားထားကြပါတယ်။ ဒက်ကတော့ သူ့မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမောင်းနှင်ပါတယ်။ ဒက်တို့မိသားစု မြေ‌ပြင်ကို ဘေးကင်းကင်း ဆင်းနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်လို ဒုက္ခတွေကြုံရဦးမလဲ၊ ဘယ်သူတွေက ကူညီပေးမှာလဲ၊ ဘုရားသခင်ကရော နောက်ဆုံးမှာ ကယ်တင်‌ စောင်မပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ ဇာတ်ကားတစ်ကားလုံးနီးပါးက လေယာဉ်ကိုမြေပေါ် ဆင်းဖို့ တာ၀န်ရှိသူတွေနဲ့ကြိုးစားနေတာကို ရိုက်ထားတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ပတ်သက်တာကို ကြိုက်နှစ်သက်တဲ့လူတွေ ကြည့်ရှုသင့်တဲ့ကားတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai Kay Khaing မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 805MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai Kay Khaing Encoded by Y

Drama
6.4 2023 102 mins
On a Wing and a Prayer
Rupture
4.9

ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ... အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။ တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Horror • Thriller
4.9 2016 102 mins
Rupture
Sirf Ek Bandaa Kaafi Hai
7

IMDb rating 7.3 အထိရရှိထားပပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြု ဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူ့ကိုတရားစွဲတဲ့အခါ ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေတို့ရဲ့ အားပြိုင်မှုကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဒိုင်ယာလော့အလန်းတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး တစ်ခန်းမှကို ပစ်ရက်စရာမရှိ ဇာတ်ရှိန်မကျပဲနဲ့ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကို အစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့ မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆို အဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲ ဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့ ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့ အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ် စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲ နာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု ဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ် ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့ အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့ ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ် အူကြောင်ကြောင် ဂြိုလ်သား PK ရယ်က ဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့ ခုဒီဇာတ်ကားထဲမှာလည်း ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့ အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို တရားစွဲတဲ့ပုံစံနဲ့ ရှယ်ဖဲ့ထားပါတယ် ဒီဆရာသခင်ကြီးရဲ့ သောက်ကျင့်မကောင်းပုံတွေက ကိုယ်တိုင်ကြည့်ရင် ပိုဒေါသထွက် ပိုခံပြင်းရမှာ သေချာပါတယ် နောက်ပြီး အမှန်တရားဘက်မှာ ဘာဖြစ်ဖြစ်ရပ်တည်မယ်ဆိုတဲ့သူတွေအတွက် ဒီကားကတော့ အားဆေးတစ်ခွက်ပါပဲ အဲ့တော့ ဘာသာရေးခုတုံးလိုက်ဂျင်းအတောင့်လိုက်ထည့်တာတွေ နိုင်ငံရေး စီးပွားရေးသမားတွေရယ် နေရာတကာဝင်ပါတာတွေ တရားခွင်မှာ အပြန်အလှန်နဲ့ မာန်ပါပါနဲ့အနိုင်ကျဲရတာတွေကို ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားလေးက ဆန္ဒတွေဖြည့်ဆည်းပေးမဲ့ ချွေးသိပ်ဆေးလေးတစ်ခွက်ဆိုတာ ညွှန်းဆိုပေးလိုက်ပါတယ် ဆင်ခြင်တုံတရားမပါတဲ့ ကိုးကွယ်မှုဆိုတာ အဆိပ်သက်သက်ပါပဲ File size…1.52GB / 695MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 7mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin~Sai~BpL~Yunni~Thaik San

Drama • Fantasy • Mystery
7 2023 127 mins
Sirf Ek Bandaa Kaafi Hai
Cracked
6.8

ထင်မ် အဖြစ် Nichkhun ရုကျ အဖြစ် Pat Chayanit ရေချယ် အဖြစ် Nina Nutthatcha ဇာတ်လမ်းအကျဉ်း ရုကျက အကြောင်းအရင်းတစ်ခုကြောင့် မွေးရပ်မြေချင်းမိုင်ကနေ နယူးယောက်မှာ သမီးဖြစ်သူ ရေချယ်နဲ့ နှစ်ဦးတည်းနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက် သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့် ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ် ဒီအချိန်မှာပဲ ရုကျရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့ ဖခင်​ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ် ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုကျရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့ သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုကျက ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ပန်းချီကားတွေမှာ အက်ရာတွေရှိ​နေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ် ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲ ပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲ ပန်းချီဆရာပကွန် ၊ ရုကျနဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ် Genre.....Horror, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 413 MB| 219MB Format… mp4 Duration….1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin Encoder ..... August

Drama • Mystery • TV Movie • Thriller
6.8 2022 20 mins
Cracked
WWII: The Long Road Home
5

ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.7 GB) / (822 MB) / (530 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......Tin Myo Lwin Encoder..........SWM

Drama • History • Romance
5 2019 90 mins
WWII: The Long Road Home
American Hustle
7.2

ဒါရိုက်တာကြီး David O. Russell ရိုက်ကူးထားပြီး Christian Bale, Amy Adams, Bradley Cooper, Jeremy Renner, Robert DeNiro နဲ့ Jennifer Lawrence တို့ သရုပ်ဆောင်ထားတဲ့ ၂၀၁၃က ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ…… IMDb – 7.2, RT – 92% ထိရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ အဲဒီလောက်ရလို့ ဆုအနေနဲ့ကြည့်ရင်လည်း အော်စကာ နိုမီက ၁၀ခု တကယ်ရရှိသွားတဲ့ ဆုက ၇၀ နဲ့ နိုမီချည်းပဲကို စုစုပေါင်း ၂၂၇ခုထိ ရရှိခဲ့တဲ့ကားလေးပါပဲ….. ဇာတ်လမ်းလေးကတော့ မာဖီးယားဂိုဏ်းနဲ့ ရဲတွေရဲ့အရှုပ်တော်ပုံအကြောင်းပါပဲ ဇာတ်လမ်းကို သိပ်ညွှန်းစရာမလိုလောက်အောင် ဒါရိုက်တာတွေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုကြည့်လိုက်တာနဲ့ “မီးလက်ဝါး”လိုကားတောင် ကြည့်ကောင်းသွားမယ်ဆိုတာ ရဲရဲကြီးအာမခံရင်းနဲ့ပဲ စောင့်မျှော်နေသူတွေရော တကယ့် ရုပ်ရှင်ကားကောင်းကိုကြည့်ချင်သူတွေရောပါ လက်မလွှတ်တမ်းကြည့်လိုက်ကြပါဦးလို့…………. File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:18:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield

Action • Comedy • Science Fiction • Drama
7.2 2013 138 mins
American Hustle
Transmorphers: Mech Beasts

နာမည်ကြည့်လိုက်တာနဲ့ စက်ရုပ်ကားဆိုတာ အထူးတလည်ညွှန်းနေစရာမလိုပါဘူး….။ ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကို သုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့ လူသားတွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့ လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်…။ လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက် ကမ္ဘာ့မျက်နှာပြင်အောက်သို့ ‌‌ရွေ့ပြောင်းနေထိုင်ရင်း ခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်…။ နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ….။ ဇာတ်လမ်းက အခုမှစမှာပါ….။ ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲ စက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်….။ ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာ နောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ…..။ File size…1.47GB / 743MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Thriller
0 2023
Transmorphers: Mech Beasts
Rest in Peace
5.9

Rest in Peace ( 2024 ) အာဂျင်တီးနားရုပ်ရှင်လောကဟာ လက်တင်အမေရိကရဲ့ အဖွံ့ဖြိုးဆုံးရုပ်ရှင်လောက ၃ခုထဲက တစ်ခုပါပဲ။ နောက်နှစ်ခုကတော့ မက္ကဆီကိုနဲ့ဘရာဇီး။ မက္ကဆီကိုမှာတော့ Alfonso Cuarónတို့ , Alejandro González Iñárrituတို့ , Guillermo del Toroတို့လို နာမည်ကျော် ဒါရိုက်တာတွေပေါ်ထွန်းပြီးသား ဘရာဇီးမှာတော့ City of God ဒါရိုက်တာ Fernando Meirellesတို့, The Motorcycle Diariesဒါရိုက်တာ Walter Sallesတို့လိုလူတွေ ပေါ်တာကြာပြီပေမဲ့ အာဂျင်တီးနားမှာတော့ သိသလောက် အဲဒီလောက်နာမည်ကျော်တွေတော့ မရှိသလောက်ပဲ။ အာဂျင်တီးနားအာဂျင်တီးနားရုပ်ရှင်တွေနဲ့ ကျွန်တော်တော့ တော်တော်စိမ်းသေးတယ်ဆိုတာထက် ကြည့်ဖူးတာတောင် ၅ကားပြည့်မယ်မထင်ဘူး။ ဒါလည်း အင်တာမှာ ပေါ်ပြူလာဖြစ်လာတဲ့ ကားတွေလောက်ပါပဲ။ တနှစ်ကနဲ့ မနှစ်ကတော့ အင်တာမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အာဂျင်တီးနားကားတစ်ကားစီထွက်ခဲ့သေးတယ်။ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Argentina, 1985ရယ် မနှစ်က ဒီမှာလည်း လူတော်တော်ကြည့်ခဲ့ကြတဲ့ When Evil Lurksရယ်ပေါ့။ ကျွန်တော်ကြည့်ဖူးသလောက်နဲ့တော့ အာဂျင်တီးနားကားတွေရဲ့ ကိုယ်ပိုင်ဟန်ကို Cultureကို မမြင်ရသေးဘူး။ ဒါပေမဲ့လည်း When Evil Lurksတုန်းက သူ့ဟော်ရာက တော်တော်ဟော်ရာပီသခဲ့သလို Rest in Peace ( 2024 )မှာတော့ သူတို့လူနေမှုဘဝကို ရေးတေးတေးတော့ မြင်လာသလိုရှိလာတယ်။ ရှေ့ကကားတွေလည်း မြည်းကြည့်ပြီးပြီ သိပ်မမြည်းဖူးသေးတဲ့ အာဂျင်တီးနာစီနီမာကို ဆက်မြည်းကြည့်ချင်တယ်ဆို Rest in Peaceဟာ တော်တော်ကြည့်ကောင်းမယ့်ရုပ်ရှင်ပါပဲ။ လောလောဆယ်တော့ တခြားထင်ထင်ရှားရှား အာဂျင်တီးနားကားလည်းမရှိသေးတော့ ရွေးစရာလည်းမရှိပါဘူး။ သူ့အရသာကတော့ အီရန်လိုလို ဘာလိုလိုပါပဲ။ အီရန်ကားကြိုက်ရင်လည်း ကြည့်လို့မမှားဘူး။ လောလောဆယ်တော့ ရှေ့က အာဂျင်တီးနားနှစ်ကားထက်ပိုတဲ့ rotten tomatoes rating 100% အပြည့်ရထားတယ်။ နောက်တော့ နည်းနည်းကျဦးမှာပေမဲ့ ဇာတ်ကတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကောင်းတဲ့ကားပါပဲ။ ဇာတ်ကတော့ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အာဂျင်တီးနားက လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဇာတ်။ သူ့မှာ ငွေတိုးတွေလည်း‌ချေး ရှိသမျှမိတ်ဆွေတွေဆီကလည်း ချေးထားပေမဲ့ သူ့လုပ်ငန်းကို လည်ပတ်ဖို့ ငွေမလောက်နေသလို သူ့အလုပ်သမားတွေကိုလည်း လခမပေးနိုင်နေဘူး။ သူ့သမီးအတွက် ၁၃နှစ်ပြည့် အရွယ်ရောက်ခြင်းအထိမ်းအမှတ်ပါတီ Bat Mitzvah ကောက်လုပ်ပေးပြီး ကလေးတွေအတွက် ကျောင်းလခလည်း မပေးနိုင်, အမျိုးတွေဆီက ယူထားတဲ့ငွေတွေလည်းမပေးနိုင်တဲ့ အခြေအနေဆိုက်နေတာ။ ငွေတိုးသမားကလည်း သူ့မိသားစုနဲ့ ခြိမ်းခြောက်နေပြီ။ သူ့မှာ ငွေဝင်စရာလမ်းဆိုလို့ အသက်အာမခံပဲရှိတယ်။ ဒီလိုနဲ့ သူက‌ ငွေကိုရအောင်ကြံဖန်ရှာပြီး ငွေတိုးသမားကို ပေးဖို့သွားတဲ့လမ်းမှာ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ ဒုံးနဲ့တိုက်တာကနေ သူသွားတဲ့လမ်းက အဆောက်အဦးတစ်ခုပြိုပြီး လူတွေသေကြကြေကြတယ်။ သူကတော့ သေသလား ရှင်သလားမသိရတော့ဘူး။ သူ့မိသားစုက သတင်းမှာတွေ့ပြီး အခင်းနေရာကိုလာရှာပေမဲ့ သူ့လက်ဆွဲအိတ်ပဲတွေ့ရပြီး သူ့အလောင်းလည်း မတွေ့ခဲ့ရဘူး။ အဲဒီကနေ ဘယ်လို ထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမလဲ ဆက်ပြတယ်။ အလှည့်အပြောင်းတွေက ဇာတ်ကို ဆန်းသွားစေပေမဲ့ ထင်မှတ်ထားတဲ့ အလှည့်အပြောင်းဆိုတာက ဟို ချက်ကော့ရဲ့ သေနတ်လိုပဲ။ ဇာတ်လမ်းတစ်နေရာမှာ နံရံမှာ သေနတ်ချိတ်ထားတယ်လို့ပါရင် အဲဒီသေနတ်ကို ဇာတ်လမ်းတစ်နေရာမှာ ပစ်ကိုပစ်ရမယ်ဆိုတာမျိုးပဲ။ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျွန်တော်တို့ဖြစ်လာတော့မယ်ထင်မိတဲ့အရာဟာ သိပ်မကြာခင်ဖြစ်သွားတတ်တယ်။ ရိုးရှင်းတဲ့ တင်ဆက်ပုံပဲသုံးထားပေမဲ့ သူ့ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့တော့ ကောင်းနေတာပါပဲ။ မြည်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.5GB | 728MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

5.9 2024
Rest in Peace
Wild Strawberries
8.1

Wild Strawberries ( 1957 ) အတိတ်မှာ ငါတို့မေ့ထားခဲ့တဲ့ အပွင့်တစ်ပွင့်ရှိနေလိမ့်မယ်။ တစ်ခါတလေ မသိလိုက်ဘာသာ ငါတို့အတိတ်ထဲမှာ အပွင့်တစ်ပွင့်ပွင့်နေလိမ့်မယ်။ တစ်နည်းပြောင်းပြောရရင် ဆူးကလေးတစ်ချောင်း ရှိကောင်းရှိနေနိုင်တယ်။ ဘဝဟာ ရှုပ်ယှက်လိုက်ပုံများ အပင်ကိုမြင်လို့ အပွင့်ကိုမမြင်နိုင်ခဲ့တဲ့ နေ့တွေ, ငါတို့အတ္တဟာ မြူတွေလိုရစ်သိုင်းလို့ အဲဒီအပွင့်ကို ဖုံးလွှမ်းထားတဲ့နေ့တွေ ရှိကောင်းရှိနေမှာပဲ။ ငါတို့အတွက် မေ့မေ့ပျောက်ပျောက် စကားတစ်ခွန်းက ဆူးတွေရစ်သီလို့ အဲဒီအပင်မှာ ဆိုင်းနေချင်လည်းဆိုင်နေလိမ့်မယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အချိန်ကာလတစ်ခု ခြားထားတယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အစွဲတစ်ခု ခြားထားတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား အလင်းနှစ်တွေခြားထားတယ်။ အနေကြာလာရင် မင်းသိမှာပါ။ ဘဝဟာ အခိုင်မာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်တဲ့။ ငါတို့ဟာ မျက်ရည်တွေခန်းခြောက်နေတဲ့ မဟာယောက်ျားသားတွေလို့ ငါတို့ကိုယ်ငါတို့ တံဆိပ်ကပ်ကြတယ်။ လိုအပ်ချက်တွေပါပဲလို့ ငါတို့ကိုယ်ငါတို့ နားချကြတယ်။ အလှဆုံးအပြုံးတွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ စွဲလမ်းတွေသော အငွေ့အသက်တွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ အလံကို တလူလူလွှင့်လို့ အမှားတွေကြားမှာ အားလုံးကိုယ့်အကြောင်းပဲလို့ ငါတို့ယုံကြည်ဖူးကြတယ်။ တစ်ခုခုအပေါ် အခြေခံပြီးတော့ “ငါ”ဆိုတာကို တည်ဆောက်ကြတယ်။ ငါဟာ လက်တံမရှိတော့တဲ့ နာရီတစ်လုံးပေါ့။ ငါဟာ အပင်ကိုခုတ်လို့ အပွင့်ကိုမမြင်ခဲ့တဲ့ အပြစ်သားပါပဲ။ ကမ္ဘာကြီးက တင်ကြိုခွင့်လွှတ်ပြီးသားတဲ့ ။ ဒါပေမဲ့ အထီးကျန်ခြင်းကိုအမွေလိုပေးလို့ ကမ္ဘာကြီးက ငါ့ကိုပစ်ပယ်။ ဒီဘဝတွေဟာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ခဲ့ကြတယ်။ ဒီအဖြစ်တွေဟာ တစ်ကြိမ်တစ်ခါပဲ ရှိခဲ့ကြတယ်။ ဘာမှထပ်ပေးစရာမရှိတော့တဲ့အခါ ကမ္ဘာက ငါတို့ကို နှင်တတ်လား။ ခွေးအဖြူလေးတစ်ကောင် ငါမြင်ဖူးတယ်။ အဲဒီခွေးလေးက ခွေးတစ်ကောင်အနေနဲ့ ရနိုင်တဲ့ အဆုံးစွန်သောအရာကို သွားခဲ့တယ်လို့ ငါထင်ပါတယ်။ သူနာကျင်နေတဲ့အချိန်တစ်ခုမှာ ထပ်တူလိုမျိုး ဖက်ငိုပေးခဲ့တဲ့ မေတ္တာတရားကို သူပိုင်ခဲ့ရတယ်။ သိပ်တော့ မကြာလိုက်ပါဘူး။ ကမ္ဘာကြီးကနေ အဲဒီခွေးကလေး ထွက်သွားခဲ့တယ်။ ကမ္ဘာကြီးမှာ သူဘာမှ ထပ်ရစရာမရှိတော့ပုံပါပဲ။ အကောင်းဘက်ကလှည့်တွေးကြည့်ရင်း ငါလည်း အဲဒီလိုပဲထင်လိုက်တယ်။ ကျွန်တော်တို့ဇာတ်ကောင်ကြီးကတော့ သိပ်များများစားစားမရခဲ့သလို သိပ်များများစားစားလည်း မယူခဲ့ဖူးဘူး။ သက်ဆိုးလို့ပြောရလေမလား… ရှည်တယ်။ သူ့အတိတ်က အပွင့်တွေဟာ သီးချိန်တန်မှာ အခုတော့ စတော်ဘယ်ရီရိုင်းတွေဖြစ်လို့ အဲဒီအသီးကို သူစားရတော့မယ်။ ကဲပါလေ ဘယ်လောက်ထိအတ္တတွေများများ စက်ဝိုင်းပတ်လည်တွေလည်လို့ ငါတို့သမိုင်းမှာ အဲဒီစတော်ဘယ်ရီရိုင်းတွေကို ငါတို့ပြန်လှည့်ကြဖို့ကောင်းတယ်။ ဒါဟာ ပြန်လှည့်မကြည့်ဖြစ်ခဲ့တဲ့ စတော်ဘယ်ရီရိုင်းတစ်ချို့အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 1.44GB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8.1 1957
Wild Strawberries
The Fire Inside

The Fire Inside ဇာတ်ကားက စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်ကောင်အဓိကကတော့ သူရဲ့အိပ်မက်ကို လိုက်ချင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ််။ သူဟာ လက်ဝှေ့လောကမှာ အောင်မြင်ချင်တဲ့သူဖြစ်ပြီး၊ အခက်အခဲတွေကြုံရပါတယ်။ ဒါပေမယ့် သူဟာ စိတ်အားထက်သန်တွေ လျော့သွားတတ်သူမဟုတ်ပါဘူး။ သူရဲ့ရင်ဆိုင်မှုတွေကိုကြည့်ပြီး တော့ပြန်ပြီးစိတ်အားထက်သန်လာအောင် လုပ်ပေးနိုင်တဲ့ဇာတ်ကားပါပဲ။ ဒါရိုက်တာ ရေချယ် မော်ဆန်က ဇာတ်လမ်းကို တင်ဆက်ရာမှာ ရှုခင်းတွေ၊ စိတ်ကူးတွေအပြည့်အဝ ထည့်သွင်းထားပြီး မိန်းကလေးရဲ့ စိတ်အခြေအနေတွေကို ခံစားရစေပါတယ်။ ဇာတ်ကောင်ရဲ့ရင်ဆိုင်မှုတွေက ပရိသတ်ကို လည်းဘယ်လိုကျော်လွှာရမလဲဆိုတာမျိုးကို အားဖြစ်စေခဲ့တယ် လမ်းပြတဲ့သူ ကိုယ်စားပြုပေးတဲ့သူတစ်ယောက်ဖြစ်ပေးခဲ့တယ်။ ဒီဇာတ်ကားဟာ လူတိုင်းရဲ့ အိပ်မက်တွေနဲ့ ရင်ဆိုင်ကြိုးစားနေတဲ့သူတွေအတွက် အဓိပ္ပာယ်ရှိပါတယ်။သူဟာ အခက်အခဲတွေကို ကျော်လွှားပြီးတော့ လက်တွေ့ကျတဲ့ အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ အခက်အခဲတွေကြောင့် ဘယ်လို မချိုးမလှဖြတ်လို့မရတဲ့အခါမျိုးမှာလည်း အောင်မြင်ဖို့အတွက်မဖြစ်မနေကြိုးစားနေခဲ့တယ်။ “The Fire Inside” ကတော့ အိပ်မက်တွေကို ယုံကြည်စွာလိုက်ခဲ့တဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပေးတဲ့ ဇာတ်ကားတစ်ကားပါပဲ။ အားလုံးကိုလည်းကြိုးစားလာဖို့အတွက်အားဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ Imdb rating 7-10 ၊ File size…(1.6 GB)/(912 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

History • Drama
0 2024
The Fire Inside
Submarine
7.3

Submarine (2011) IMDb – 7.3 IMDb မှာ rating 7.3 ရရှိထားတဲ့ ဟာသ-ဒရာမာ အမျိုးအစား ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Submarine ဇာတ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းဟာဆိုရင် အရွယ်ရောက်လာပုံကို ဟာသဆန်ဆန်ပုံဖော်ထားပေးပြီး ဆယ်ကျော်သက်ဘဝရဲ့အတွေ့အကြုံတွေကို ထင်ဟပ်ပြထားနိုင်မှုကြောင့် ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။ အရွယ်ရောက်ချိန်မှာ ကြုံတွေ့ရတတ်တဲ့ အချစ်ဇာတ်လမ်းနဲ့ မိသားစုရေးရာအကြောင်းတွေကိုပါ ထည့်သွင်းပြထားတဲ့အတွက် လက်တွေ့ဆန်မှုကိုပါခံစားနိုင်မှာဖြစ်ပါတယ်။ Oliver Tate ဆိုတဲ့ကောင်လေးတစ်ယောက် အရွယ်ရောက်ချိန်မှာ ဘာတွေကြုံတွေ့ရသလဲ…ဆယ်ကျော်သက်အတွေးတွေကရော ဘယ်လိုရှိလဲ…မိသားစုနဲ့ရော အခြေအနေဘယ်လိုလဲ…အချစ်ဇာတ်လမ်းကရော အဆင်ပြေပါ့မလား ဒါတွေအားလုံးကို Submarine ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားနိုင်မှာဖြစ်ပါတယ်။ ကြည့်ရတာတန်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လို့ညွန်းပေးလိုက်ပါရစေ။ File Size – 3.28 GB/ 777 MB Quality – BluRay 1080p/ 720p Duration – 1:38:53 Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Theint Waddy Lynn Encoded by – Treasure Htet

Action • Crime • Thriller
7.3 2011 97 mins
Submarine
Predator: Killer of Killers
8.8

Predator ကာတွန်းရုပ်ရှင်အသစ် လာပါပြီ။ ဒါရိုက်တာကတော့ Prey နဲ့ The Boys ရဲ့ ဒါရိုက်တာ Dan Trachtenberg ပါပဲ။ ဗိုက်ကင်း၊ ဆာမူရိုင်း၊ စစ်သည် စသဖြင့် ခေတ်ပေါင်းစုံက သတ္တိခဲတွေကို စုပြီး ပရက်ဒေတာ ဂြိုလ်ပေါ်မှာ တိုက်ခိုက်ခိုင်းတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းကောင်း အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းမို့ ကြည့်လိုက်ကြပါဦး။ အရင်ထွက်ခဲ့တဲ့ ကားအားလုံးကိုလည်း အစဉ်လိုက် Channel Myanmar web နဲ့ App မှာ ကြည့်နိုင်ပါတယ်။ Prey (2022) Alien vs. Predator (2004) Aliens vs. Predator: Requiem (2007) Predator (1987) Predator 2 (1990) Predators (2010) The Predator (2018) ++++++++++++++ File size… ( 4.59 GB ) / (1.37 GB) / ( 834 MB) Quality… WEB-DL 4K HEVC , 1080p HEVC /720p Format…mkv / mp4 Duration….1h 30m Genre …..Action , Adventure, Animation , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Horror
8.8 2025 85 mins
Predator: Killer of Killers