YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Happiness Battle (2023).EP7.WEB-DL.1080P(CM).mp4

900.21 MB N/A video/mp4 100 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Last Action Hero
6.4

IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ရုပ်ရှင်ထဲက ဇာတ်ကောင်က အပြင်လောကထဲ ထွက်လာချိန်မှာ ရုပ်ရှင်ထဲကလိုပဲ ဘယ်လိုသတ်သတ်မသေဘူးဆိုတဲ့ သဘောတရားက ဆက်ပြီးတည်ရှိနေနိုင်ပါဦးမလား.. ဆိုတာကိုတော့ အာနိုးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဟာသဆန်ဆန် ဇာတ်ကွက်တွေကို ရုပ်ရှင်ထဲက ရုပ်ရှင်ကားအဖြစ် ရှုစားကြည့်ကြပါဦးလို့.. (ဇာတ်လမ်းတွေကြည့်ရင်းနဲ့ တစ်ခါတလေကျ သရုပ်ဆောင်တွေရဲ့ အပြင်လောကကနာမည်ကို မမှတ်မိဘဲ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်ကိုသာ မှတ်မိတာမို့ သူကတော့ဟိုကားက ဟိုလူနေရာမှာ သရုပ်ဆောင်တာ၊ ဒီလိုမျိုးမှတ်မိတတ်ကြတယ်မလား.. ဒီကားထဲက မက်ဒီဂန်လေးကလည်း ရုပ်ရှင်ထဲကိုရောက်သွားတော့ သရုပ်ဆောင်တွေကို တွေ့ပြီး သူကတော့ ဟိုကားထဲမှာ ဘယ်သူအဖြစ်နဲ့သရုပ်ဆောင်တာ၊ ဟိုလူကတော့ ဟိုကားထဲမှာ ဘယ်သူ့ကိုသတ်လိုက်တာဆိုတာမျိုးက ဟာသဇာတ်ကွက်ပေမယ့် လက်တွေ့ဆန်တာမို့ တချို့အခန်းတွေကျ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နေရာရောက်သွားသလို ခံစားရပြီး ပြုံးမိစေပါတယ်..) File size…(2.3 GB)/(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:11:00 Genre...Adventure, Fantasty, Action, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Romance
6.4 1993 131 mins
Last Action Hero
[18+] An Affair
6.7

~ IMDb - 6.8/10, MyDramaList - 7.5/10 ~ (ကိုရီးယားခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 720p ကိုပဲ ကြည့်ရအဆင်ပြေအောင် ဖန်တီးပေးလိုက်ပါတယ်ခင်ဗျာ) သိပ်မကြာသေးခင်ကပဲ Squad Game နဲ့ Emmy ဆု ရခဲ့တဲ့ လီဂျောင်ဂျေး နုငယ်စဉ်တုန်းက ရုပ်ရှင်ပါ။ City of the Rising Sun ကိုမရိုက်ခင် တစ်နှစ်တည်းမှာ ဒီကားကိုရိုက်ခဲ့ပြီး ဒီရှေ့မှာ သူအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဆိုလို့ ကျွန်တော် သိသလောက် Sandglass ဇာတ်လမ်းတွဲပဲ ရှိတော့ ဒီကားဟာ သူတော်တော်ဝါနုသေးတဲ့အချိန်က ကားပါ။ ဝါနုသေးပေမဲ့ ပါရမီတော့ မနုကြောင်း ဒီရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ ပနံသင့်နေတဲ့ သူ့ဟန်ပန်တွေကြည့်ရင် သိသာပါတယ်။ နောက်ပိုင်းမှာ အကြမ်းပတမ်းကားတွေပဲ အရိုက်များလာတဲ့ လီဂျောင်ဂျေးဟာရိုမန့်မှာလည်း မခေကြောင်း သိနိုင်မယ့်ကားလည်းဟုတ်ပါတယ်။ ဇာတ်လမ်းကတော့ ညီအစ်မနှစ်ယောက်ရှိတယ်။ ညီမက အမေရိကန်မှာ။ သူ့ကောင်လေးက လက်ထပ်ပြီးရင် ဆိုးလ်မှာနေဖို့လာစီစဉ်တယ်။ သူ့ကောင်လေးကလည်း အမေရိကန်မှာပဲ အကြာကြီးနေလာတဲ့သူဆိုတော့ ဆိုးလ်အကြောင်း ဘာမှမသိတော့ သူ့အစ်မနဲ့ အတူ စီစဉ်ခိုင်းလိုက်တယ်။ အစ်မနဲ့ ညီမရဲ့ကောင်လေးတို့ရဲ့ ဇာတ်လမ်းစလာတယ်။ ကားနာမည်ကိုက ဖောက်ပြန်တဲ့ကား ဖြစ်ကြောင်းပြနေပေမဲ့လည်း ဖောက်ပြန်ခြင်းမှာလည်း ရိုမန့်တွေရှိနေကြောင်း ပညာပေးမယ့်၊ ဘဝမှာ ဘယ်သူတွေ ဘယ်လိုပဲထင်ထင် အချစ်ကိုသာကိုးကွယ်သင့်ကြောင်း ပညာပေးတဲ့ ကားပါပဲ။ ဒီရုပ်ရှင်ရဲ့ မြန်မာနာမည်ကို‌‌ ပြောရရင်တော့ မောင်လေးက အချစ်ကို ကိုးကွယ်သတဲ့လား ဖြစ်ပါလိမ့်မယ်။ လတ်တလော ခြံခုန်နေတဲ့ (သို့) ခြံခုန်ဖို့အစီအစဉ်ရှိနေတဲ့ လူတွေ ဘယ်လိုမျက်ရည်ချူရမလဲသိအောင် ပညာယူကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.72GB, 799MB Quality - 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 1H 48Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
6.7 1998 108 mins
[18+] An Affair
Thor: God of Thunder
4.8

ဟုတ်ကဲ့ မမှားပါဘူး။ မာဗယ်ရဲ့အချစ်တော် နာမည်ကျော် ဆရာသောရ်ရဲ့ အသစ်စက်စက်ရုပ်ရှင်ပါ။ ထုံးစံအတိုင်း သောရ်နဲ့ ဆရာလိုကီတို့ရဲ့ အပြိုင်ဇာတ်ပါပဲ။ ဇာတ်လမ်းစစဖွင့်မှာတော့ လိုကီဟာ အကျဉ်းစံနေရပါတယ်။ ခဏအကြာမှာတော့ ထမင်းလာကျွေးတဲ့ကောင်ကို မလှိမ့်တပတ်လုပ်ပြီး လွတ်သွားပါတယ်။ God of Mischief ကြီး လိုကီကို ဂျက်စပဲရိုးကို လှောင်သလို သံတိုင်နောက်လှောင်ထားတာကိုး။ မလွတ်တာကမှ ဆန်းနေမှာပါ။ လိုကီဟာ လွတ်ပြီးပြီးချင်းပဲ အိုဒင်ကိုသွားသတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံပါတယ်။ သူ့သားတွေထဲက တစ်ကောင်ဖြစ်တဲ့ ဧရာမဝံပုလွေကြီးကို အကျဉ်းချထားတာကို လွှတ်ပေးရမှာပါ။ အဲဒီဝံပုလွေကြီးလွတ်သွားရင် အိုဒင်ကို စားပြီး လောကကိုးပါးသစ်ပင်ကို စားပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်မှာပါ။ ပြဿနာကတော့ အိုဒင်ကြီးဟာ မျက်စိတစ်ဖက်ကန်းနေပေမဲ့ စောင်ထာကျနေတဲ့ ကြေးစားလူမိုက်ရုပ်ကြီးထွက်နေပါတယ်။ အိုဒင်အသက်ငင်နေတဲ့ အချိန်မှာပဲ အတ်ဂတ်စ်ကိုပစ်ပြီး ဘယ်တွေအလည်လွန်နေမှန်းမသိတဲ့ ဆရာသောရ် ပြန်လာပါပြီ။ မီးခိုးငွေ့တွေ မြင်ရပါတယ်။ တူကိုင်ထားတဲ့လက်ကြီး မြင်ရပါတယ်။ သောကြီးကြမ်းပါတော့မယ်။ ဟာ ရုပ်မြင်ရပါပြီ။ မုတ်ဆိတ်‌မွေးပဲရှိတဲ့ ထိပ်ပြောင်ကတုံးကြီးပါ။ ရှေးသရုပ်ဖော်ပုံတွေမှာတောင် အဘိုးကြီးဖြစ်တဲ့အထိ ဆံရှည်ခဲ့တဲ့သောရ်ဟာ ခုတော့ ထိပ်ပြောင်ကြီးဖြစ်နေပါပြီ။ ထိပ်ပြောင်ကြီးဟာ တူကြီး ယမ်းပါတယ်။ ယမ်းတာ အထာကျပါတယ်။ မီးခိုးငွေ့တွေကြား ယမ်းရင်း အိမ်ပြန်ရောက်တဲ့ ကလေးလေးလို အပြေးလေးလာပါတယ်။ ထိပ်ကြီးကတော့ ပြောင်နေပါတယ်။ သေခါနီးအိုဒင်ဟာ စောင်စကားတွေများပြီး လိုကီကိုတားဖို့မှာပါတယ်။ ဒီတော့ ဝံပုလွေကြီးကို ချုပ်ထားတဲ့ မစ်ဂတ်ခေါ် ကမ္ဘာကို နှစ်ကောင်သား ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကို နှစ်ထောင်ပေါင်းများစွာ ဘယ်သူမှမတွေ့ခဲ့တဲ့ ဝံပုလွေကြီးကို ချုပ်ထားတဲ့နေရာကို ကမ္ဘာပေါ်ကလူတွေက ဒီအချိန်မှာမှ စတွေ့ပါတယ်။ ရှေးသုသမားပီသကြပါတယ်။ ဗိုက်ကင်းသင်္ချိုင်းလိုလို ဘာလိုလို ပေါက်ကရတွေမျိုးစုံ လျှောက်မှန်းပါတယ်။ တကယ်က ထောင်ကြီးပါ။ ရှေးသုသမားတွေကို မယုံကြပါနဲ့။ အစွမ်းအပြည့်နဲ့ လိုကီဟာ အဲဒီရှေးသုဆိုက်ထဲကို ခွင့်တောင်းပြီးမှဝင်ပါတယ်။ သူ့ရှေ့မှာတင် ရုပ်ပြောင်းသွားတာကိုလည်း ဆရာသမားအစောင့်က သံသယမဝင်ပါဘူး။ ဒါမျိုး အင်းနားလော့ဂျစ်မျိုး ကွီးနေထူးနိုင်ကလွဲ ကမ္ဘာမှာ ဘယ်သူမှ မလုပ်နိုင်သေးတာကို ဒီကားမှာ လုပ်ပြသွားပါတယ်။ ကြုံတောင့်ကြုံခဲရုပ်ရှင်ပါပဲ။ အတိုချုန်း ပြောရရင်တော့ လိုကီက ဝံပုလွေကို လွှတ်ပေး၊ လောကကိုးပါးကို ဖျက်ဖို့ပြင်၊ ကမ္ဘာကစပျက်၊ သောရ်က ရောက်လာ၊ ထုံးစံအတိုင်း လူတွေနဲ့ပေါင်းပြီး ကမ္ဘာကို ကယ်ဖို့လုပ် ဒါတွေပါပဲ။ ထူးတာကတော့ ဒီရုပ်ရှင်မှာ Mjölnir ကို worthy ဖြစ်တဲ့သူ နောက်တစ်ယောက်ပေါ်လာတာပါပဲ။ မာဗယ်ဖန်တွေမကြည့်မဖြစ်ကြည့်သင့်ပါတယ်။ မာဗယ်ကားလောက်နီးနီးကောင်းသလို Mjölnir ကို worthy ဖြစ်တဲ့လူ နောက်တစ်ယောက်ရှိ‌ကြောင်း ပြောကြတဲ့အခါကျ ပါးစပ်အဟောင်းသားမဖြစ်နေဖို့ ကြည့်သင့်ပါတယ်။ သောရ်ထိပ်ပြောင်နဲ့ တော်တော်ဂကြောင်ကျတဲ့ သောရ် ပေါကားဆိုပေမဲ့လည်း ဒတ်နေရာကနေ ထပေါသွားတဲ့ သောရ်ကား၂ကားကို ရင်းနှီးပြီးသားသူတွေအဖို့တော့ သောရ်ပေါတာမဆန်းတော့ပါဘူး။ နောက်ဆုံးကားမှာဆို ဇာတ်တိုက်ကိုပေါပြတာပါ။ မကြည့်ရသေးတဲ့ လူတွေကြည့်ကြစေချင်ပါတယ်။ တိုက်ဂါးဟာ နာမည်ကျော် ဒါရိုက်တာ ပီသစွာပဲ မာဗယ်အဆန်ဆုံး မာဗယ်ကားစစ်စစ်ကို မွေးထုတ်ပေးလိုက်တာပါပဲ။ ဒီကားကလည်း သူနဲ့တစ်နှစ်တည်းထွက်တဲ့ ကားနဲ့အပြိုင်ပေါပါတယ်။ သို့ပေမဲ့ ကြည့်ကြစေချင်ပါတယ်။ တမင်ပေါတာနဲ့ ရုပ်တည်နဲ့ပေါတာလေးပဲ ကွာတာပါ။ တစ်နှစ်ထက်တစ်နှစ် ပေါပြီးရင်း ပေါလာတဲ့ သောရ်ပေါကြီးရဲ့ သောရ်ပေါကားအသစ်ကို ကြည့်ရင်း စိတ်အပန်းဖြေနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ ဟုတ်ကဲ့ ဒီလောက်ပါပဲ။ ကျွန်တော် လူစီဖာပါ။ Size - 1.64GB, 790MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Action, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

4.8 2022 90 mins
Thor: God of Thunder
Hellbender
5.6

Horror movie တွေကိုနှစ်သက်တဲ့ သူတွေတွက်ပါ ဆယ်ကျော်သက်ကောင်မလေးအစ်ဇီနဲ့ သူ့အမေက တောထဲက အိမ်မှာနေရင်း ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းရင်း နေထိုင်ကြတယ် သူတို့ရဲ့အချိန်တွေ metal music တွေကို ဖန်တီးရင်းကုန်ဆုံးကြတယ် ကောင်မလေးက သူ့ရဲ့ ဂီတစွမ်းရည်တွေကို လူတွေရှေ့မှာ ထုတ်ပြချင်ပေမယ့် အမေဖြစ်သူက သူ့ကို ၅နှစ်အရွယ်ကတည်းက လူတွေနဲ့ ဝေးဝေးနေခိုင်းထားခဲ့တာ... ကြမ္မာငင်လာတဲ့ တစ်ရက်မှာ ကောင်မလေးက အမ်ဘာတို့သူငယ်ချင်းတစ်စုနဲ့ ခင်မိပြီးနောက် သူတို့သားအမိက စုန်းအတက်မှော်အတက်တွေနဲ့ ပတ်သတ်တဲ့ hellbenderတွေမှန်း သိလိုက်ရတဲ့ အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ File Size__(1.5GB) / (780MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:23:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by Naing Aung Latt

Adventure • Family • Fantasy
5.6 2021 83 mins
Hellbender
Game of Deceit

ဒီဇာတ်လမ်းလေးဟာ "ကုန်ရှုံးတော့တစ်ခေါက် လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်"ဆိုတဲ့ စကားပုံလေးထဲကအတိုင်း လင်ယူမှားလို့ ဘဝပျက်လုနီးနီးဖြစ်ခဲ့တဲ့ ဂီတဆရာမလေး မာယာရဲ့ အိမ်ထောင်ရေးဇာတ်လမ်းအခြေခံထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ မာယာဟာ ပထမ ခင်ပွန်းဆုံးပါးသွားတာတစ်နှစ်ကြာတဲ့အခါ နောက်အိမ်ထောင်ပြုလိုက်ရာကနေစခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်……… မာယာရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ အီရန် ဟာ အရက်သမား လောင်းကစားသမားဘဝနဲ့အကြွေးတွေနစ်နေတဲ့ ရဲတစ်ယောက်ပါ။ သူဟာ မဟာဖိုဝါဒီ သမားတစ်ယောက်ဖြစ်ခဲ့ပြီး ပထမအိမ်ထောင်နဲ့ကလေးနှစ်ယောက်မွေးထားသူ နောက်ထပ်ကလေးထပ်ယူဖို့ဆန္ဒ မရှိတော့တဲ့မာယာကို ဘယ်လိုတွေအတင်း အကြပ် ကိုယ်ဝန်ဆောင်ခိုင်းမလဲဆိုတာဒီဇာတ်လမ်းလေးထဲမှာကြည်ရှုခံစားရမှာဖြစ်ပါတယ် အီရန်ရဲ့အကြံအစည်ကိုဖျက်စီးဖို့ မာယာက ကျောင်းနေဖော်သူငယ်ချင်း အဲလ် နဲ့ပူးပေါင်းပြီးတော့အီရန့်ကိုလှည့်စားတဲ့အခါမှာ မာယာတို့ပဲအီရန် ရဲ့လက်ထဲက နေလွတ်မြောက်နိုင်မလား အီရန်ကပဲ လှည့်ကွက်ကိုရိပ်မိပြီး ဖျက်စီးလိုက်နိုင်မလားဆိုတာဒီဇာတ်ကားလေးထဲမှာဝင်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျာ....

Action • Adventure • Science Fiction
0 2023 88 mins
Game of Deceit
Hotel Artemis
6

သောက်ရေရှားပါးမှုကြောင့် ရေသန့်ကိုထိန်းချုပ်ထားတဲ့ သူတွေကို ဆန္ဒပြနေတဲ့ပြည်သူတွေနဲ့ မီးခိုးတလူလူဖြစ်နေတဲ့ Los Angeles မြို့မှာ တရားဥပဒေနဲ့မလွတ်ကင်းသူတွေရဲ့ ဆေးရုံလို့ခေါ်လို့ရတဲ့ ပုံပြင်ဆန်ဆန် တည်ရှိနေတဲ့ Hotel Artimis မှာ ဖြစ်ပျက်ခဲ့တဲ့တစ်ညတာအကြောင်းပါ။ ၂၂ နှစ်လုံး Hotel ထဲကမထွက်တဲ့ Nurse ဖြစ်သူ Genie Thomas က Hotel ကိုဦးစီးနေပါတယ်။ သူ့ရဲ့ Hotel ရဲ့တည်းခိုသူတွေကတော့ လက်နက်ကုန်သည်တစ်ယောက်ဖြစ်တဲ့ Acapulco ၊ Honolulu လို့ခေါ်တဲ့ အလုပ်လုပ်ရာမှာ ကျွမ်းကျင်တဲ့ဓားပြတစ်ဦးပေမယ့် ညီဖြစ်သူကြောင့် ဒုက္ခအမြဲရောက်ရတတ်တဲ့ Sharman ၊ လှသလောက်အဆိပ်ပြင်းတဲ့ Nice ခေါ် Niragra ဆိုတဲ့ ကြေးစားလူသတ်သမားမလေး၊ LA မြို့တစ်ဝက်လောက်ကို ပိုင်ဆိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် ဝံပုလွေဘုရင် နဲ့ တခြား မမျှော်လင့်ထားခဲ့တဲ့တည်းခိုသူ ရဲမေတစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေ လူထုအုံကြွမှုအဆိုးဆုံးဖြစ်နေတဲ့ ညတစ်ညထဲမှာ အတူတူလာစုံစည်းကြပြီးဘာတွေဖြစ်ကြမလဲဆိုတာတော့ IMDB Rating 6.1 ရရှိထားတဲ့ Hotel Artemis(2018) ဇာတ်ကားထဲမှာကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (750 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 34min Format : Mp4 Genre : Action , Crime , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-Replica Translated by d3mon Encoded by Thanhtike Zaw

Comedy • Romance
6 2018 94 mins
Hotel Artemis
A Christmas Mystery
6

ခရစ္စမတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရွှေခေါင်းလောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးနေထိုင်တဲ့ ပလဲဆန့်ဘေးဆိုတဲ့မြို့လေး တစ်မြို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးသူတို့ မြို့ရဲ့အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်ကိုပိတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ခရစ္စမတ်အကြို ညမှာ ဆန်တာကလော့စ်လာတဲ့ အသံကိုကြားပြီး ဂျင်မီလေးကထွက်ကြည့်တဲ့ အခါမှာ ဆန်တာရဲ့ စွပ်ဖားလှည်းကနေ တောက်ပနေတဲ့အရာတစ်ခု ကျကျန်ခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ ရွှေခေါင်းလောင်းလေးတွေဖြစ်ပြီး ဂျင်မီက သူ့မြို့ရဲ့သစ်ခွဲစက်ကို ပြန်ဖွင့်နိုင်ပါစေလို့ အဲ့ဒီခေါင်းလောင်းတွေကို ကိုင်ပြီး တောင်းဆုပြုခဲ့ပါတော့တယ်။နောက်နေ့ မနက်မှာတော့သူ့ရဲ့ဆုတောင်းတွေက တကယ်ပြည့်ဝသွားပြီး အဲ့ဒီအကြောင်းကလဲ သူတို့မြို့လေးနဲ့တခြားမြို့တွေ ကိုပါပြန့်နှံ့သွားပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီခေါင်းလောင်းကိုပြတိုက်မှာ ပြသထား ကြပြီး နှစ်တိုင်းခရစ္စမတ်အကြိုနေ့မှာ ခေါင်းလောင်းတီးပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင်နှစ်တစ်ရာရှိခဲ့ပါပြီ။ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီလိုနှစ်တစ်ရာ ပြည့်တဲ့နှစ်မှာပဲ အဲ့ဒီရွှေခေါင်းလောင်းတွေက ပျောက်ချင်းမလှပျောက်ဆုံးသွား ပါတော့တယ်။အဲ့ဒီခေါင်းလောင်းကိုဘယ်သူကခိုးသွားတာလဲ ဘယ်သူတွေကရော အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြမလဲ ဆိုတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာ ခရစ္စမတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…987MB / 476MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

TV Movie • Thriller • Crime • Drama
6 2023 87 mins
A Christmas Mystery
A Cat’s Life
6.1

IMDb 6.1/10 ဒီတစ်ခါမှာတော့ ကြောင်ချစ်သူလေးတွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းလေးကတော့ ကလီးမန့်စ် လို့ ခေါ်တဲ့ ကလေးမလေးတစ်ယောက်နဲ့ ရု လို့ နာမည်ပေးထားတဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဇာတ်လမ်းပါပဲ ။ တိရစ္ဆာန်နဲ့ လူတွေကြားက သံယောဇဥ်ကို ရိုးရိုးလေး ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းလေးမှာ ကလီးမန့်စ် နဲ့ ရု တို့ အချင်းချင်း အမှီသဟဲပြုရင်း ဘယ်လို အတူတူအရွယ်ရောက်လာကြသလဲဆိုတာကို မြင်တွေ့ရမှာပါ. အချိန်တန်လို့ အရွယ်ရောက်တာ ပိုစောတဲ့ ရု က ဟိုးတောအုပ်ထဲကို ထွက်သွားတဲ့အခါ ကလီးမန့်စ်တစ်ယောက် ဘယ်လိုကျန်ခဲ့ရမလဲ ။ ရု လေး ကလီးမန့်စ်ဆီ ပြန်ရောက်လာမှာလား ဆိုတာကိုတော့ My Cat and I , The Great Adventure of Rrou လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ရအောင်နော် ။ ကြာချိန် တစ်နာရီ ကျော်လေးပဲရှိတဲ့ ဒီဇာတ်လမ်းလေးက တိုတိုနဲ့ ရင်ထဲကို နွေးစေမှာပါ .. File size…1.29 GB/ 595 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

6.1 2023
A Cat’s Life
Wake of Death
5.5

Wake of Death (2004) 2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် ကလပ်​လောကက​နေ အနားယူ​တော့မယ်လို့ ဘန်အာချာတစ်​ယောက် လုပ်​ဖော်ကိုင်ဖက်​တွေကို​ပြောပြီး​နောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်​​ယောက် ကင်မ်ဆိုတဲ့ တရားမဝင်​ရွေ့​ပြောင်း​နေထိုင်သူက​လေးကို ကူညီ​​ပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှု​နောက်ကွယ်က တရုတ်ဂိုဏ်း​နောက် ဘန်တစ်​ယောက်လိုက်လံ​ချေမှုန်းရာက​နေ ဘယ်လိုဆုံးရှုံးမှု​တွေ ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ရမလဲ… ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 31Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2004
Wake of Death
The Red Dress

The Red Dress (2023) Horror-Crime ကြိုက်သူတွေအတွက် ဖိလစ်ပိုင်-ဂျပန်သရုပ်ဆောင်များ တွဲဖက်ရိုက်ကူးထားတဲ့The Red Dress ဇာတ်ကားလေးကိုညွှန်းပေးချင်ပါတယ်။ Horror နဲ့ Crime ကို ချိတ်ဆက်ရိုက်ကူးထားတဲ့အတွက် ရင်တထိတ်ထိတ်အရသာကို ခံစားချင်သူတွေ ကြည့်ရှုသင့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျပန်ရောက် ဖိလစ်ပိုင်နိုင်ငံသူ မားမားလျူဟာ စားသောက်ဆိုင်လေးဖွင့်ပြီး ညီမလက်စ်လီနဲ့သမီးလေး ရူနာတို့နဲ့အတူတူ အလုပ်ကြိုးစားနေသူဖြစ်ပါတယ်။ ရုတ်တရက် သူကွယ်လွန်သွားချိန်မှာ ညီမဖြစ်သူ လက်စ်လီက အစ်မရဲ့အိပ်မက်ဖြစ်တဲ့ ဖိလစ်ပိုင်မှာ သမီးလေးအတွက် စားသောက်ဆိုင်ဖွင့်ပေးဖို့အတွက် ဂျပန်မှာပဲ အလုပ်ဆက်လုပ်ရင်း ငွေစုနေခဲ့ပါတယ်။ တစ်နေ့ ဈေးသက်သာပြီးအရမ်းလှတဲ့ အနီရောင်ဝတ်စုံလေးဝတ်မိသွားပြီးနောက်မှာ သူဟာ သရဲတွေကို မြင်လာခဲ့ပါတော့တယ်။ အနီရောင်ဝတ်စုံဝတ်ထားမိတဲ့အခိုက်မှာတော့ သူ့ဘဝမှာ မထင်မှတ်ထားတဲ့အရာတွေ ကြုံတွေ့လာရပါတော့တယ်… အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 579MB | 306MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
The Red Dress
Scouting for Christmas
6.1

Scounting for christmas ကားလေးကတော့ rating 6.1ရှိပြီး. christmasမှာ မိသားစုနဲ့အတူ ကြည့်ပြီး Chill လိုရမဲ့ကားလေးပါ။ ဒီဇာတ်ကားထဲမှာတော့ Single mother တစ်ယောက်ဟာ christmas မှာသူ့သမီးပျော်ရွှင်မှု အတွက် အကောင်းဆုံး ဖြည့်စည်းပေးရင်း တဖက်မှာလဲ အလုပ်တွေနဲ့ ပြည့်နေသူတစ်ဦးပါ။ ကိုယ့်ပျော်ရွှင်မှုအတွက် ဂရုမစိုက်နိုင်တဲ့ သူ့ကို သူသမီးက လက်တွဲဖော်အဖြစ် မုန့်ဖုတ်ဆိုင်က မုန့်ဖုတ်ဆရာ တစ်ယောက်နဲ့ စပ်ပေးဖိုကြိုးစားပါတော့တယ်။ တစ်နေ့မှာ သူ့ရဲ့ကွာရှင်းထားတဲ့ ယောကျ်ားဟောင်း ရုပ်ကြွင်း တူးဖော်ပညာရှင်ပြန်လာတဲ့အခါ သူနဲ့မုန့်ဖုတ်ဆရာ ကြားဘာ ဆက်ဖြစ်မလဲ… သူ့ပျော်ရွှင်မှုကိုပြန်ရှာနိုင်ပါ့မလား သူတိုမိသားစုကြားက ဆံရေးကဘယ်လိုဖြစ်သွားမလဲ…. ဆိုတာကို ပေါ့ပေါ့ပါးပါး နဲ့ကြည့်လိုရမဲ့ကားကောင်းဖြစ်ပါတယ်။ ဒီကားလေးက ပြဿနာတွေကြားထဲ မိသားစုထဲမှာရှိတဲ့ နွေးထွေးတဲ့မေတ္တာတစ်မျိုးကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပြီး. christmas အငွေ့အသက်တွေပါတာမို လာမဲ့christmasမှာ ကြည့်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.39 GB) / (870 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6.1 2024 84 mins
Scouting for Christmas
In the Mood for Love
8.1

Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။ File size… 2 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Arkar Phyo

Action • Crime • Drama
8.1 2000 98 mins
In the Mood for Love