YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

hannibal.s03e07.1080p.bluray {CM}.mp4

568.99 MB N/A video/mp4 445 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Love At First Lie

Right Person ကို Dating app ကနေတဆင့် ရှာနေတဲ့ ထက်မြက်တဲ့အမျိုးသမီးလေး ကိတ်ဟာဆိုရင် ဝေါ်ကာဆိုတဲ့ လူချောလူခန့်နဲ့ တွေ့ကြပါတော့တယ်။ မောင်လူချောက ပိုက်ဆံတွေသုံးပြီး ကိတ်ကို အချိုတွေကျွေးတော့ ကိတ်လည်း တစ်လအကြာမှာ သူဖွင့်ပြောတော့ ချက်ချင်းပဲလက်ခံပြီးတော့ တွဲခဲ့ကြတာပေါ့။ မောင်လူချောအကြောင်းသိထားတာဆိုလို့ ရုပ်ချော ရေလျှံတဲ့ အနုပညာပစ္စည်းကုန်သည်ဆိုတာအပြင် ဘာမှမရှိတော့ အချစ်ဆုံးသူငယ်ချင်းကလည်း သိပ်မယုံနိုင်ဖြစ်နေတော့ ကိတ်ခမျာ ချစ်သူဘက်ကကာပြီး သူ့ကို ဘယ်လောက်ထိချစ်ကြောင်းတွေပြောရတော့တာပေါ့။ တစ်နေ့တော့ ဝေါ်ကာတစ်ယောက် လူဆိုးတွေအလိုက်ခံရာကနေစပြီး သူတို့ကြားမှာ မသင်္ကာစရာတွေဖြစ်လာတော့ ဝေါ်ကာအကြောင်းစုံစမ်းရင်းကနေ ချစ်သူကောင်လေးအကြောင်းသိပြီးတော့ သူတို့တွေဘယ်လိုဆက်ပြီးနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Love at First Lie ဆိုတဲ့ ဒီဇာတ်ကား‌လေးက IMDb 4.9/10 ရရှိထားတာမလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ ဇာတ်ကားလေးဖြစ်မှာပါခင်ဗျာ။

Action & Adventure • Drama • Mystery
0 2023 87 mins
Love At First Lie
Proof of Life
7

Proof of Life(2000) အညွှန်း *********************** ဒီဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာကြီး Taylor Hackord ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Russell Crowe, David Morse, Meg Ryan နဲ့ Pamela Reed တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တယ်ရီသွန်း(Russell Crowe) ဟာ ပြန်ပေးဆွဲခြင်း ညှိနှိုင်းရေးသမားတစ်ဦးဖြစ်တယ်.. သူဟာ ထူးချွန်တဲ့သူဆိုပေမဲ့ တစ်ခါတစ်ရံ ဓားစာခံအသက်ရှင်ရေးဦးစားပေးပြီး စီစဉ်ထားတဲ့အတိုင်းမလုပ်ဘဲ သူစိတ်ကူးပေါက်ရာလုပ်တတ်တဲ့ အကျင့်ဆိုးတစ်ခုတော့ရှိတယ်.. တောင်အမေရိကမှာ ရေကာတာဆောက်ချင်နေတဲ့ ပီတာဘိုးမန်း(David Morse) ဟာ အကြမ်းဖက်အဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်.. အဲ့ဒီနောက် ပြန်ပေးဆွဲခြင်းညှိနှိုင်းရေးသမားဖြစ်သူ တယ်ရီသွန်း(Russell Crowe) တစ်ယောက်အန္တရယ်များလွန်းလှတဲ့ အခြေအနေကြားထဲက ဘယ်လိုကယ်တင်သွားမလဲဆိုတာတွေကိုတော့…. File Size : (3.0GB)(1.1GB) and (356MB) Quality : Blu-Ray1080p5.1ch ,720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Comedy • Crime
7 2000
Proof of Life
Dog Day Afternoon
8

Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရ ကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက် အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင် စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာ ထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့ သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်က သူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံ အခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ သူငယ်ချင်း ၂ ယောက် ဘယ်လို ရုန်းကန်ကြမလဲ။ သူတို့ ဘဏ်ဓားပြတိုက်ခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းတွေ ရှိကြမလဲ ဓားစာခံခေါ်ထားခြင်း ခံရတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလာမလဲ စတာတွေကို အပြင်မှာ တကယ်ဖြစ်ရပ်မှန် ဖြစ်ခဲ့ပါလားဆိုပြီး ခံစားကြည့်ရှုတဲ့အခါမှာ လုံးဝအံ့အားမှင်သက်မှုတွေကို ခံစားစေရမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား….. File size…2.21 GB / 1.37GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 5m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Thriller • Drama
8 1975 125 mins
Dog Day Afternoon
Creepypasta

ခင်ဗျားတို့ရဲ့ဘဝမှာ ကြောက်ရွံထိတ်လန့်စရာ ပုံပြင်တွေကို ကြားဖူးကြမယ်လို့ထင်ပါတယ် ဒီဇာတ်ကားက လိုင်းပေါ်မှာ ထိတ်လန့်ခြောက်ခြားစရာ ဇာတ်လမ်းတွေကို ရေးတင်လေ့ရှိတဲ့ အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေး ပျောက်ဆုံးပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ထူးဆန်းထိတ်လန့်ဖွယ်ရာတွေ အပေါ်ကိုဇာတ်အိမ် တည်ထားပြီး ဒါရိုက်တာတွေဖြစ်ကြတဲ့ Carlos Cobos Aroca, Berkley Brady, Mikel Cravatta သုံးယောက်ပေါင်းစပ်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသားတွေဖြစ်ကြတဲ့ Joie Bauer, Fernando Boza နဲ့မင်းသမီး Silvia Casanovaတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းက အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေးပျောက်ဆုံးပြီးတဲ့နောက် အနီးနားပတ်ဝန်းကျင်မှာ ထူးဆန်းစွာပဲ လူတွေဆက်တိုက်ဆိုသလို ပျောက်ဆုံး လာပါတယ် လူတွေဘာကြောင့် အကြောင်းအမျိုးမျိုးနဲ့ သဲလွန်စရှာလို့မရအောင် ပျောက်ဆုံးနေကြတာလဲ ရဲတွေကရော ဒီကိစ္စကိုအဖြေရှာထုတ်နိုင်ပါ့မလား လူတွေကကော ဘာလို့ထူးဆန်းစွာပျောက်ဆုံးကုန်ကြတာလဲ လူတွေပျောက်ဆုံး မှုတွေက လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ထိတ်လန့်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်နဲ့ တစ်ကယ်ပဲဆက်နွယ်နေတာလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားဟာ Horror ဇာတ်ကားလေးတွေကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ ကြည့်ရှုသူပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်…. File size…1.27 GB / 574 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 23m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Fantasy • Mystery
0 2023 84 mins
Creepypasta
Little Big Soldier
6.9

MDb 6.9/10 , RT -79 တရုတ်ပြည် ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလကို အခြေခံရိုက်ကူးထားတဲ့ Little Big Soldier လို့ခေါ်တဲ့ဂျက်ကီချမ်းရဲ့ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ အခုလို ပြည်မကြီးအဖြစ် မပေါင်းစည်းမိခင်ကာလမှာ တရုတ်ပြည်ကြီးဟာ စစ်တလင်းဖြစ်ပွားနေပြီး ပြည်နယ်တွေဟာလည်း သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေကြပါတယ်။ ချီ၊ ချူ၊ ရန်၊ ဟန်၊ ကျောင်၊ ဝေနဲ့ ချင်းတို့ကတော့ အင်အားအကြီးဆုံးပြည်နယ်နိုင်ငံတွေပါ။ တနေ့မှာတော့ စစ်မက်အင်အားကြီးနိုင်ငံဖြစ်တဲ့ ဝေနိုင်ငံဟာ လီအန်းလို့ခေါ်တဲ့ နိုင်ငံငယ်လေးကို ကျူးကျော်သိမ်းပိုက်ဖို့ စစ်ချီလာနေတုန်း လီအန်းနိုင်ငံရဲ့ ဖီးနစ်တောင်ခြေအရောက်မှာ ခြုံခိုတိုက်ခိုက်ခံရပါတော့တယ်။ ၂ဖက်လုံး အပြင်းထန်စစ်တိုက်ပြီးသကာလမှာ ၂ဖက်လုံးအကျရှုံးများစွာနဲ့ လူပေါင်း ၃ထောင် သေဆုံးခဲ့ရပါတယ်။ ဂျက်ကီချမ်းက လီအန်းနိုင်ငံရဲ့ အညတရ စစ်သည်တော်လေးပါ။ ဂျက်ကီဟာ ကံကောင်းထောက်မစွာနဲ့ ဖီးနစ်တောင် တိုက်ပွဲမှာ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ထိုအချိန်မှာ ရန်သူနိုင်ငံရဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်ကို တွေ့ပြီး (ရန်သူနိုင်ငံရဲ့ဗိုလ်ချုပ်ကြီးကို အရှင် သုံ့ပန်း ဖမ်းဆောင်လာနိုင်ရင် ဆုကြေးအပြင် မြေ ၅ဧက ရမှာပါ) ဗိုလ်ချုပ်ကို သုံ့ပန်းအနေနဲ့ ဖမ်းဆောင်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အညတရစစ်သားလေးနဲ့ ဗိုလ်ချုပ်သုံ့ပန်းတို့ လီအန်းနိုင်ငံသို့ အပြန်ခရီးလမ်းကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျက်ကီတို့ လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေ ကြုံရမလဲ၊ ဘယ်လိုရန်သူတွေနဲ့ ရင်ဆိုင်ရမလဲ၊ လီအန်းနိုင်ငံကို သူတို့တွေပြန်ရောက်ကြပါ့မလား၊ လီအန်းနိုင်ငံငယ်လေးကရော ရန်သူတွေ လက်အောက်ကနေ လွတ်မြောက်နိုင်ပါ့မလား အစရှိတာတွေကို ထိုင်ရာကနေ မထဘဲ ကြည့်ရှု့ရမှာ ဖြစ်မှာပါ။ ဒီရုပ်ရှင်က ဂျက်ကီချမ်းရဲ့ trademark ဖြစ်တဲ့ martial arts prowessကို comedic momentsတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဘတ်ဂျက်လည်း တော်တော်သုံးထားပုံရပြီး တိုက်ခိုက်တဲ့အပိုင်းတွေကလည်း မိုက်လှပြီး တိုက်ခိုက်နေတုန်း အလွဲလေးတွေကလည်း ရယ်နေရပါတယ်။ နိဂုံးချုပ်ပြောရရင် ဒီကားက ကြည့်ရတာ အချိန်ကုန်၊ billကုန် တန်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူက Min Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

TV Movie • Mystery • Drama
6.9 2010
Little Big Soldier
Oru Yamandan Premakadha
5.1

Oru Mandan Premakadha (2019) “မီးတောက်ငယ်လေးတစ်ခု” ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း သူ့ရဲ့ ဘဝ အလှည့်အပြောင်း ဖြစ်သွားချိန်မှာတော့….. ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

5.1 2019
Oru Yamandan Premakadha
Guruvayoor Ambalanadayil
6.9

Guruvayoor Ambalanadayil (2024) “ရည်းစားဟောင်း” IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ … အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.9 2024
Guruvayoor Ambalanadayil
The White Storm
6.7

Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ… ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ…ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ်

6.7 2013 140 mins
The White Storm
Re-LOVE

Re-Love (2022) ************** ဒီကားလေးမှာတော့ Breathlessဆိုတဲ့ရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာမင်းသားကြီး Yang Ik Joon နဲ့ … The Uncanny Counter ထဲက မင်းသားကြီး Yoo Joon Sang တို့အပြင်… Im Seon Woo, Kim Sae Byeok, Kim Joon Han နဲ့ Chung Ye Jin တို့ကို… အဓိကသရုပ်ဆောင်တွေအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ ဒါရိုက်တာ Kim In Seon နဲ့အတူ ဒီရုပ်ရှင်ထဲ မင်းသားတွေအဖြစ်ပါဝင်တဲ့… Yang Ik Joon နဲ့ Yoo Joon Sang တို့က ဒါရိုက်တာတွေအနေနဲ့ မတူညီတဲ့… အချစ်ဇာတ်လမ်းသုံးမျိုးကို ရိုက်ကူးပြသထားတဲ့ Melodrama, Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————— ပထမဇာတ်လမ်းလေးမှာတော့ ရုပ်ရှင်ဒါရိုက်တာ ဆောအူ နဲ့ အီဂျွန် တို့ဟာ… သူတို့ရဲ့ အတွေ့အကြုံတွေကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲပြီး တွဲဖက်ရိုက်ကူးနေကြပါတယ်။ နားလည်မှုရှိတဲ့ချစ်ခြင်းတရားနဲ့ ခွဲခွာခြင်းသဘောကို…. သူတို့နှစ်ယောက်ရဲ့ ရှုထောင့်မှတစ်ဆင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒုတိယဇာတ်လမ်းလေးမှာတော့ ဟာနာက မတွေ့တာကြာတဲ့အဖေဖြစ်သူဆုံးသွားပြီးနောက်.. အဖေဖြစ်သူအိမ်ကိုရှင်းဖို့သွားရာကနေ ဘယ်လိုအမှတ်တရတွေက… သူနဲ့အတူတူပါလာမလဲဆိုတာကိုကြည့်ရမှာပါ။ နောက်ဆုံးဇာတ်လမ်းကတော့ အနေဝေးတဲ့ချစ်သူနှစ်ယောက်ကြား… အတိတ်ကပုံရိပ်တွေပြန်သတိရလွမ်းဆွတ်တာကို သီချင်းစာသားတွေနဲ့တူတူစီးမြောထားတာကိုတွေ့ရမှာပါ.. မတူညီတဲ့ အချစ်ဇာတ်လမ်းလေးတွေအတိုင်း လိုက်ပါစီးမြောရင်း ကြည့်ရှုလိုက်ကြပါဦးရှင်။ ဇာတ်လမ်းအညွှန်းကို Lucien မှရေးသားထားပါတယ် File size… 1.32 GB / 638 MB Quality…WEB-DL 1080p 720p Genres: Romance, Drama, Melodrama Duration: 1 hr 35 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Lucien Encoded By Heather Oo

0 2022
Re-LOVE
The Untouchables
7.9

The Untouchables(1987) IMDb….7.9,,,,,Rotten…..80 ချီကာဂိုမြို့မှာ မြို့မျက်နှာဖုံးလို့တင်စားလောက်တဲ့ လူတစ်ယောက်ရှိတယ်…သူကငွေကြေးချမ်းသာတဲ့အပြင် အစိုးရအသိုင်းအဝန်းကအကြီးအကဲတွေ ရှေ့နေတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်.. သူ့ရဲ့ အဓိက ချမ်းသာမှုက တရားမဝင်အရက်ချက်ရောင်းတာပဲ… ဆိုင်တွေဖြန့်တယ်.. မယူတဲ့ဆိုင်ကို တစ်နည်းနည်းနဲ့ဒုက္ခပေးတယ်…ဆိုင်ကိုဗုံးခွဲတယ်.. ရဲတွေလည်းသူ့ဆီက ငွေကြေးထောက်ပံ့မှုတွေရနေတော့ သူလုပ်နေတဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်.. ဒီလိုနဲ့ ချီကာဂိုမြို့ရဲ့စနစ်တကျပျက်စီးမှုကို ပြုပြင်ပေးဖို့ အထူးအေးဂျင့်တစ်ယောက်လွှတ်လိုက်ပါတယ်… အဲဒီအေးဂျင့်က လူမှန်တစ်ယောက်..သူပြုပြင်နိုင်ရမယ်…ချီကာဂိုမြို့ကိုဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်း သူဖမ်းနိုင်ရမယ်လို့ယုံကြည်တယ်… ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာဘူး.. တိကျတဲ့သတင်းရလို့ ဝင်ဖမ်းတာတောင် ဘာသက်သေမှမရတဲ့အပြင် သတင်းစာမျက်နှာဖုံးမှာ အရှက်ခွဲခံလိုက်ရတယ်… ကိုင်းပရိတ်သတ်ကြီးရေ ဒီကားထဲကမင်းသားကြီး (၃)ဦးကိုတော့ ရင်းနှီးပြီးသာဖြစ်မှာပါ…. Kevin Costner, Sean Connery, Robert De Niro တို့ပါ… ကျွန်တော်သူတို့ကားတွေလည်းရှေ့မှာအတော်များများတင်ခဲ့ပါတယ် …အထူးသဖြင့် Robert De Niro ပေါ့.. .ဒီကားထဲမှာတော့ ဗီလိန်ကြီးပေါ့ဗျာ…ဂျိန်းစဘွန်းမင်းသားကြီးလို့လူသိများတဲ့ , Sean Connery ကတော့ ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့ပါတယ်. ..ကိုင်း အထူးအေးဂျင့်ကြီး အခက်အခဲတွေဘယ်လိုကျော်လွှားမလဲကြည့်လိုက်ပါဦး…. File Size : 2.33 GB & 880 MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Sherlock Encoded by Tiff

7.9 1987
The Untouchables
50 First Dates
6.8

50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။ နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Peter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကို Movie Locos FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Thriller
6.8 2004
50 First Dates
The Heiress and the Handyman

June လို့ခေါ်တဲ့ သူဌေးမလေးဟာ မိဘတွေထားခဲ့တဲ့အမွေတွေကိုမထိန်းသိမ်းနိုင်တာကြောင့် နေ့ချင်းညချင်းဆင်းရဲသွားပြီး အဒေါ်ဖြစ်သူ Birdie ပေးခဲ့တဲ့ နယ်ဘက်ကအိမ်လေးတစ်အိမ်မှာသွားနေဖို့အကြောင်းဖန်လာပါတယ်။ အဲ့ဒီမှာပဲ Bart နဲ့ Nina လို့ခေါ်တဲ့ အိမ်နီးချင်းမောင်နှမနှစ်ယောက်နဲ့ရင်းနှီးခဲ့ပြီး သူ့ဒေါ်အကြောင်းတွေကိုပိုသိလာရပါတယ်။ သူတို့ရဲ့ကောက်ရိတ်သိမ်းပွဲက ပြိုင်ပွဲတွေမှာ အဒေါ်ဖြစ်သူကဗိုလ်စွဲနေကြဆိုတော့ အဒေါ်ဖြစ်သူဆုံးပြီးတဲ့နောက် June တစ်ယောက်ဘယ်လိုမျိုး အဒေါ် Birdie ရဲ့ဂုဏ်ကိုဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…TV Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2024
The Heiress and the Handyman
Shinda Shinda No Papa
5.8

Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး” ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်း လူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီး သားတစ်ယောက် ထွန်းကားခဲ့တာပေါ့။ အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာ အဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာက ကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန် ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကို ဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက် သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။ သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကို အိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာ ဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီး သားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Thriller • Crime
5.8 2024 133 mins
Shinda Shinda No Papa
The Other Side
7.4

ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Drama အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်… အသက် ၄၀ အရွယ် Carlos ဟာ ဒဿနိကဗေဒပါမောက္ခ တစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်းဖြစ်ပါတယ်.. ဇာတ်လမ်းအစ ဆေးရုံတစ်ခုမှာနိုးထလာတဲ့ Carlos တစ်ယောက် ကိုယ့်အမေကိုယ် သတ်ဖြတ်မှုအတွက် အမှုရင်ဆိုင်ရဖို့ဖြစ်လာပါတယ် သို့သော်လည်း Carlos ဟာ အမေဖြစ်သူရဲ့ဆန္ဒအရ သတ်ဖြတ်တာ ဖြစ်ကြောင်းကို သူ့ရှေ့နေရဲ့ဆန္ဒကိုလွန်ဆန်ပြီး ဝန်ခံပြောဆိုကာ အပြစ်မရှိကြောင်း အခိုင်အမာပြောဆိုတဲ့နောက်မှာတော့ ရှေ့နေ ဖြစ်သူဟာ တစ်သက်တစ်ကျွန်းကျမယ့်ဘေးကနေ Carlos ကို ကယ်တင်ဖို့ အခက်အခဲဖြစ်လာပါတော့တယ်.. တစ်ဖက်မှာလည်း တရားလိုရှေ့နေဖြစ်သူ Gloria ဟာ မိန်းမသားများအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အထူးကျွမ်းကျင်သူ ဖြစ်ကာ အမှုတိုင်းလိုလို အနိုင်ယူနိုင်သူတစ်ယောက်ဖြစ်နေပါတယ် ထို့အတွက်ကြောင့်ပင် Carlos ရဲ့ရှေ့နေဟာပိုအကျပ်ရိုက်လာရပြီး ထောင်ဒဏ်အနည်းနဲ့အများ ကျခံရမယ့် ရွေးချယ်မှုကိုသာ လုပ်ဆောင်ဖွယ်ရာရှိလာကာ ကွင်းလုံးကျွတ်လွတ်ဖို့ရာဟာ ဘယ်လိုမှ မမျှော်လင့်နိုင်စရာဖြစ်လို့နေပါတယ်.. ထိုရုံးချိန်းအပြီး တစ်ရက် ထောင်တွင်းအချုပ်ခံထားရစဉ် Carlos ထံသို့ Sierra အမည်ရတဲ့ ရှေ့နေတစ်ယောက်ရောက်ရှိလာပြီး အမှုတွင်ကူညီ ပေးမည့်အကြောင်း ပြောဆိုလာရာ နောက်ရုံးချိန်းမှာပဲ စတင်ရှေ့နေ လိုက်ပေးပြီး စိတ်ဝင်စားဖွယ်ပြန်လှန်ချေပချက်တွေ ကြားသိရတဲ့ နောက်မှာတော့ ယခင်အစိုးရရှေ့နေနဲ့အတူ မျှော်လင့်ချက်မဲ့ခဲ့သမျှဟာ မျှော်လင့်ချက်အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်လာခဲ့တဲ့ နောက်မှာတော့… ဒီကားလေးဟာဆိုရင် ဒဿနိကဆိုင်ရာအတွေးအခေါ်တစ်ခုကို အနုပညာမြောက်စွာ ကျစ်ကျစ်လျစ်လျစ် ဖန်တီးပြသထားပြီး တရားခွင်က ရှေ့နေနှစ်ယောက်ရဲ့အပြန်အလှန် ချေပချက် ထိုး နှက်ချက်တွေ၊ သားအမိနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအပေါ်ရှုမြင်ပုံတွေ၊ နာတာရှည်ရောဂါသည်တို့ရဲ့ မတူညီတဲ့ ဘဝနေထိုင်မှုတွေကို မြင်တွေ့နေကျမဟုတ်တဲ့ ရှုထောင့်ကနေ တင်ပြထားတာဖြစ်လို့ တွေးတွေးခေါ်ခေါ် စဉ်းစဉ်းစားစားရုပ်ရှင် တွေကိုမှ ကြည့်ရှုလိုသူ ရုပ်ရှင်ချစ်ပရိသတ်များအတွက် အချိန်ပေး ရကျိုးနပ်မယ့် ဇာတ်ကားလေးဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ရန် ညွှန်းဆိုလိုက်ရပါတယ်ခင်ဗျာ……………. File size… (2.16 GB) / (1.02 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

7.4 2024
The Other Side
Snakeeater
5.2

ဒါရိုက်တာ Tore Knos ရိုက်ကူးထားပြီးတော့ Isaach de Bankolé, Vasile Flutur နဲ့ Susannah Perkins တို့ ပါဝင်သရုပ်ဆောင် ထားတဲ့ ဒီဇာတ်ကားဟာ Psychological Horror ဇာတ်ကားမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် ပုဂ္ဂလိကစုံထောက် Rick ဟာ သာမန်လို့ပဲထင်ထားတဲ့ အမှုတစ်ခုကို စုံစမ်းရာကနေ သူ့ဘဝ တစ်ခုလုံး ပြောင်းလဲသွားနိုင်တဲ့ အဖြစ်အပျက်တစ်ခုထဲကို ရောက်သွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုက တဖြည်းဖြည်းနက်ရှိုင်း လာတာနဲ့အမျှ ပဟေဠိတွေပိုများလာပြီးတော့ ထူးဆန်းဖြစ်ရပ်တွေ ပိုများလာပါတယ်။ မတိကျမသေချာမှုတွေ သံသယတွေ အမှားအမှန်ခွဲခြားရခက်တဲ့အခြေအနေကနေ သူဘယ်လို ရုန်းထွက်ပြီးတော့ အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲ ဆိုတာကို ကြည့်ရှုသူတွေအနေနဲ့ ရှုစားကြရမှာပါ။ သည်းထိတ်ရင်ဖိုဖြစ်စရာ ထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ပရိသတ်ကိုဆွဲဆောင်ထားပြီးတော့ မမျှော်လင်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေကြောင့် အစကနေအဆုံးအထိ ထိုင်ကြည့်ချင်သွားမှာ သေချာပါတယ်။ File size… (608 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 20m Genre …. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy • Science Fiction • Horror
5.2 2024 80 mins
Snakeeater