YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Handsome Guys (2024) WEB-DL 1080P (CM).mp4

1.78 GB N/A video/mp4 10476 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Spiderwick Chronicles
6.6

The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10 ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ် အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော် ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကို ကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သ တ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက် ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(1.7 GB) / (729 MB) / (487 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Arr Khun Winchester Encoder..........SWM

Comedy • Drama • Romance
6.6 2008 95 mins
The Spiderwick Chronicles
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Love Therapist

အသဲကွဲရောဂါကိုခံစားဖူးကြပါသလား? အသဲကွဲတဲ့အချိန်ကျရင် ဘယ်လိုရုန်းထွက်ကြလဲ? လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်ရာလုပ်တန်တဲ့ ရှောင်ယာက ချစ်ရတဲ့ခွဲခွါခြင်းခံရတော့ အသဲကွဲပြီး အသဲကွဲတာကို အထူးကုတဲ့စိတ်ရောဂါဆရာဝန်ချန်ရန်ဆီရောက်လာတယ် အချစ်ရှိရင် အခက်အခဲကနေကျော်ဖြတ်နိုင်တယ် အချစ်ရှိတာရှိရင် ဒဏ်ရာကလုံးဝပျောက်ကင်းမှာ ဆိုတဲ့ ချန်ရန်ကအသဲကွဲရောဂါကိုကုသတဲ့နေရာမှာအရမ်းနာမည်ကြီးတယ် နာမည်လည်းကြီးသလို ကုသတဲ့နည်းလမ်းကလည်းအတော်ကိုထူးဆန်းတယ် တစ်ခြားဆရာဝန်တွေလို အိပ်ငွေ့ချမေးမြန်းတာမဟုတ်ဘဲနဲ့ လူနာနဲ့အတူအိပ်ပြီး အိမ်မက်ထဲမှာကုသပေးတာ ရှောင်ယာရဲ့အိမ်မက်ထဲဝင်ပြီး သူရဲ့ဇာတ်လမ်းထဲဝင်ပြီး အသဲကွဲရောဂါကိုကုသပေးခဲ့တာ -ကုသနေစဥ် ရှောင်ယာရဲ့အိမ်မက်ထဲမှာဘာတွေဖြစ်ပျက်ကြမလဲ? -ရှောင်ယာအချစ်ရေးကဘယ်လိုဖြစ်မလဲ -ချန်ရန်က ရှောင်ယာရဲ့အသဲကွဲရောဂါကို ကုသပေးနိုင်မလား? စတာတွေကို စိတ်ကူးယဉ်ဆန်ဆန် စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်လို့ အားလုံးအတူတူကြည့်လိုက်ကြရအောင်နော်! [ Reviewed By Hnin Wut Hmon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Fantasy • Horror
0 2017 75 mins
Love Therapist
Company
6.7

ဒီကားလေးကတော့ ဘောလီးဝုဒ်နာမည်ကျော် ရုပ်ရှင်စတားတွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ မှုခင်းအက်ရှင် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။  ဇာတ်လမ်းအကျဉ်းကတော့ ဈေးလမ်းထဲက သာမန်လူမိုက်တွေဖြစ်နေပေမဲ့ ရည်မှန်းချက်ကြီးတဲ့ ချန်ဒူ တို့အဖွဲ့ဟာ မွန်ဘိုင်းမြို့ရဲ့ အကြီးဆုံးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မာလစ်ခ်ဘာဟီ ဆီမှာ အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဂိုဏ်းစတားတစ်ယောက်လုပ်လာတဲ့ မာလစ်ခ် ကလည်း အလုပ်လုပ်ရာမှာ စေ့စပ်တိကျပြီး ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ချန်ဒူ ကိုတခြားသူတွေထက် မျက်နှာသာပေးရင်း တဖြည်းဖြည်းညီအစ်ကိုရင်းချာပမာ ဖြစ်လာခဲ့ကြပါတယ်။ နဂိုကမှ ဂုဏ်သတင်းကြီးလှတဲ့ မာလစ်ခ်တို့ဂိုဏ်းမှာ ချန်ဒူလို အရည်ချင်းရှိတဲ့ သစ္စာခံတစ်ယောက်ရောက်လာတဲ့အခါ ကျားကိုတောင်ပံတပ်ပေးလိုက်သလို တစ်နယ်လုံးမှာ ပြိုင်စံရှားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပါတော့တယ်။ မာလစ်နဲ့ချန်ဒူ မွန်ဘိုင်းဒုစရိုက်လောကမှာ အတိုက်အခိုက်တွေကိုဖြေရှင်းနေချိန် တစ်ဖက်မှာလည်း ဘရိန်းကောင်းလွန်းပြီး သူတာဝန်ကျတဲ့နေရာတိုင်းမှာ ရာဇဝတ်မှုဖြစ်ပွားနှုန်းတွေကျကုန်တယ်လို့ နာမည်ကျော်လှတဲ့ရဲမှူးကြီးဟာ မွန်ဘိုင်းကိုရောက်လာပြီး မာလစ်ခ် တို့ကို ထောင်ထဲထည့်ဖို့ ကြိုးစားပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကျောရိုးတည်ထားပြီး နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့အတွက် ကြည့်ရှုခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်) File Size          :  2.5GB, 1.2GB & 586MB Quality            : 1080p WebRip, 720p WebRip & 480p Format            : mp4 Duration         : 2hr & 22mins Genre              : Action, Crime, Drama Translated by  Thar Htet Encoded by Kinnov

Horror
6.7 2002 156 mins
Company
Diabolik
6.1

Diabolik (2021) ၁၉၆၂ ခုနှစ်မှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်။ ဒီယာဘောလစ်ပါ။ ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။ လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။ အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။ သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ အေဗာကန့်ဟာ သေဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက စီးပွားရေးသမားကြီးတစ်ဦးရဲ့ ဇနီးပါ။ သူဟာ အဖိုးတန် ပန်းရောင်စိန်နဲ့အတူ ကလာဗေးလ်ကို ပြန်လာခဲ့ပြီး အဲဒီစိန်ကြောင့်ပဲ အဖိုးတန်တာမြင်ရင် ရေကုန်ရေခမ်းကြိုးစားခိုးယူတတ်တဲ့ ဒီယာဘောလစ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။ တစ်သက်မှာတစ်ခါပဲတွေ့ရမယ့် လူပဲလို့ အချင်းချင်းနားလည်သွားကြတဲ့အခါ သူတို့ချင်း ဘယ်လိုဆက်ဖြစ်မလဲ။ ရာဇဝတ်ဘေးကကော တကယ်ပြေးလွတ်ပါရဲ့လား။ ဒီယာဘောလစ်ရဲ့ ကွက်ကျော်မြင်မှုတွေ၊ အခက်ခဲဆုံးအခြေအနေတွေမှာတောင် တည်ငြိမ်နေပုံတွေအပြင် ဇာတ်လမ်းအလှည့်တွေကိုလည်း မြင်ရမှာဖြစ်တာကြောင့် ရင်ခုန်စရာမရှိတဲ့ဘဝမှာ ရင်ခုန်ချင်ရင် အချိန် ၂ နာရီလောက် ရင်းလိုက်ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 2H 13Min Genre - Action, Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy • Romance
6.1 2021 133 mins
Diabolik
Cross the Line

Cross the Line (2022) ဟယ်ရစ် နဲ့ မာယာ တို့ ချစ်သူနှစ်ဦးက အိပ်မက်တွေကိုယ်စီနဲ့ သင်္ဘောကြီးပေါ်မှာ သန့်ရှင်းရေးလုပ်သားအနေနဲ့ လုပ်ကိုင်ဖို့ လာခဲ့ကြတာပါ။ နှစ်ယောက်သားကတော့ ဒီအလုပ်ကို ပိုက်ဆံများများ ရှာနိုင်ဖို့အတွက် ယာယီအနေနဲ့ပါ။ သူတို့ရဲ့ရည်မှန်းချက်ကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နိုင်ဖို့ပါပဲ။ မာယာက သူ့အမေရဲ့ကျန်းမာရေးစားရိတ်အတွက် ဝင်ငွေ ပိုရမလားရယ်လို့ လာလုပ်တာပါ။ ဒါပေမဲ့လည်း သင်္ဘောပေါ်မှာ လုပ်ကိုင်ကြရင်းနဲ့ ထင်သလောက် ဝင်ငွေမရကြတဲ့အခါ မာယာကို ခန္ဓာကိုယ် ရင်းပြီး အလုပ်လုပ်ဖို့ လာဆွယ်တဲ့လူရှိတဲ့အခါမှာ မာယာ ဘာလုပ်ဖြစ်မလဲ ဟယ်ရစ်ကလည်း မာယာအတွက် မှောင်ခိုကုန်ကူးလုပ်ငန်းမှာ ဝင်ပြီး လုပ်ရပါတော့တယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချစ်လမ်းခရီးက သာယာဖြောင့်ဖြူးပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 645MB | 346MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

0 2022
Cross the Line
Death Notice
6.2

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ “သေဆုံးခြင်းအကြောင်းကြားစာ” များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Darker က ဘယ်သူဖြစ်မလဲ…… အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ…… ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။

6.2 2023
Death Notice
Heir of the Witch
5.1

လူတကာအနှိမ်ခံရတဲ့ အပ်ချုပ်သမလေး အန်နာဟာ အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေရပေမယ့် အတိတ်ကအရိပ်ဆိုးတွေရဲ့ ခြောက်လှန့်မှုကြောင့် အထီးကျန်နေရသူလေးဖြစ်ပါတယ်။ ရည်းစားသနာလည်းမရှိသလို ပညာရေးကအစ နောက်ကျပြီး လူတကာရဲ့ခိုင်းဖတ်လို ဆက်ဆံခံရသူလည်းဖြစ်ပါတယ်။ အဒေါ်နဲ့ အတူအမေရိကကိုထွက်ပြေးလာတဲ့ အန်နာဟာ အဖွားဆီက အပ်ချုပ်တော်တဲ့ အမွေရခဲ့ပေမယ့် အပ်ချုပ်ပညာနဲ့ လောက်လောက်လားလား အသက်မွေးခွင့် မရရှာပါဘူး။ အန်နာတို့မျိုးရိုးဟာ မကောင်းဆိုးဝါးစုန်းမတစ်ယောက်ရဲ့ ကျိန်စာသင့် နေရတာကြောင့် အန်နာ့လက်ထက်မှာ ကျိန်စာစူးသလိုလိုဖြစ်နေပေမယ့် ကံစီမံရာအတိုင်းလက်မခံဘဲ ညင်းဆန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်း သူငယ်ချင်းဖြစ်သူ ကလိုဝီဆီမှာ ကူညီလုပ်ကိုင်ပေးရင်း ကလိုဝီနဲ့ထိပ်တိုက်တွေ့ရမယ့် အဖြစ်မျိုးကြုံရသလို အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေတဲ့ သူမဘဝလည်း စုပ်လည်းစူးစားလည်းရူးအဖြစ်မျိုး ရောက်ရှိလာပါတော့တယ်။ မျိုးရိုးစဉ်ဆက်စူးတတ်တဲ့ကျိန်စာကို အန်နာတစ်ယောက်ဘယ်လိုချိုးဖျက်မလဲ.. အပေါင်းအသင်းဝင်ဆံ့အောင် ဘယ်လိုဆက်ကြိုးစားမလဲ.. အန်နာရဲ့အစွမ်းနဲ့ ကျိန်စာကိုချိုးဖျက်နိုင်မလား ကျိန်စာကပဲ အန်နာကိုဝါးမျိုသွားမလား အန်နာရဲ့အတိတ်ကအရိပ်ဆိုးတွေဆိုတာ ဘာတွေဖြစ်မလဲ ဘယ်လိုအဖြစ်မျိုးတွေ ကြုံခဲ့ရလို့ အန်နာရဲ့ဘဝဟာ လူတောမတိုးနိုင်ဖြစ်နေရသလဲဆိုတာ Heir of the Witch ရုပ်ရှင်မှာ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။ File size…1.30GB / 567MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Animation • Science Fiction • Adventure • Family • Action
5.1 2023
Heir of the Witch
Sanjuro
8

၁၉၆၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်အဖြူအမည်း ရုပ်ရှင်ဖြစ်ပါတယ်။ Director Akira Kirosawa ရဲ့ 1961က ထွက်ရှိခဲ့တဲ့ Yojimbo ဆိုတဲ့ ရုပ်ရှင်ရဲ့ sequel လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူငယ် ဆာမူရိုင်းလေး ကိုးယောက်ဟာ သူတို့ရဲ့ သခင် Mutsuta ဆီမှာ အမှုထမ်းလို့နေပါတယ်။ တစ်နေ့ သူတို့ရဲ့ အသနားခံလွှာကို Mutsuta က တရားရုံးမှာ ဆုတ်ဖြဲလိုက်တဲ့အတွက် သူတို့ထဲက တစ်ယောက်က Kikui ဆိုတဲ့ ကြီးကြပ်သူကို ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။ သူတို့ ကိုးယောက်က နတ်ကွန်းအဆောင် တစ်ခုထဲမှာ ဆွေးနွေးနေကြတုန်း ဆာမူရိုင်း တစ်ယောက်က သူတို့ပြောတာကို ကြားသွားပါတယ်။ ဒီဆာမူရိုင်းက Sanjuroလို့ခေါ်ပြီး ဘယ်သူ့ကိုမှ အမှုမထမ်းတဲ့ လျှောက်သွားနေတဲ့ ဆာမူရိုင်းဖြစ်ပြီး Kikui ဆိုတဲ့ ကြီးကြပ်သူကို မယုံဖို့ သတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူသတိပေးတဲ့အတိုင်း Kikuiက Mutsuta ကို ခြစားမှုနဲ့ လုပ်ကြံပြီး ဖမ်းခေါ်သွားပြီးတော့ တပည့် ကိုးယောက်ကို ရှင်းပစ်ဖို့ သူ့လူတွေကို လွှတ်ခဲ့တာပါ။ ဒါနဲ့ Sanjuroက သူတို့ကို Kikuiရဲ့လူတွေ လက်ထဲက ကာကွယ်ပေးရင်း Mutsuta ကိုပါ Kikui လက်ထဲက ဘယ်လိုပြန် ကယ်မလဲဆိုတာ ကြည့်ရမှာပါ။ လွန်ခဲ့တဲ့ နှစ်၆၀ကျော်က ရုပ်ရှင်ကား ပေမယ့် အောင်မြင်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ ရုပ်ရှင်အဟောင်းတွေ ကြည့်ရတာ နှစ်သက်သူတွေ သဘောကျစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

8 1962 96 mins
Sanjuro
The Patriot
7.2

၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာ သူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာ သူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီး မိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။ သို့သော်က မပါတ်သတ်လိုပေမယ့် ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့ တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့ သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။ တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကို စောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူက ဒဏ်ရာရလာခဲ့ပါတယ်။ သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီး နှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန် ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကို ဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန် ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက် တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့ တပိုင်းတစကူညီရပါတော့တယ်။ Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားက ထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲ တမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်း ဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေက အမြင်ဆန်းသစ်နေပါတယ်။ နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ် အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ ဒီဇတ်ကားကို ဘာသာပြန်ပေးသူကတော့ ထက်အောင်လင်း ဖြစ်ပြီး အညွှန်းကိုလဲ သူကိုယ်တိုင် ရေးပေးထားပါတယ်… File size… 2.8 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 55m Genre ….. Action/Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Aung Lin

7.2 2000 165 mins
The Patriot
When Romance Meets Destiny
6.3

When Romance Meets Destiny (2005) ********************************** ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း *************** အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူ‌ရိုးလူအေးကြီးပါ .. ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ .. တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် .. တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် .. လွန်ခဲ့တဲ့ ၇ နှစ်တုန်းက သူ့ရဲ့ ခံစားချက်‌တွေကို ဖွင့်ပြောခွင့်မရခဲ့တဲ့ ဂွမ်ရှစ်တစ်ယောက် ဒီတစ်ခါမှာရော ယွန်းဂယောင်းကို ဖွင့်ပြောခွင့်ရသွားမလား…. မိန်းကလေးတွေကို အတည်မတွဲဘဲ ပွေရှုပ်ဖို့လောက်ပဲ တွေးနေတတ်တဲ့ ဂွမ်ထယ်ကရော ဂယောင်းဂျယ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘယ်လိုတွေ ပြောင်းလဲသွားမှာလဲ အစရှိတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် .. (အညွှန်းကို May Thet Khaing မှ ရေးသားထားပါတယ်) File size…1.4GB / 663MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet Khaing Encoded by AHtet

6.3 2005 104 mins
When Romance Meets Destiny
First Contact
4.1

First Contact (2023) IMDb Rating (4.1) သိပ္ပံပညာရှင် Ian Bradach သေဆုံးသွားပြီးနောက်မှာ သူ့အိမ်ကိုကွဲကွာသွားတဲ့ Casey နဲ့ Dan ဆိုတဲ့မောင်နှမ ၂ယောက်နေထိုင်လျက်ရှိပါတယ်။ သူ့တို့၂ယောက်ဟာ Ian ဘာတွေလုပ်နေခဲ့လဲဆိုတာကိုရှာဖွေကြရင်း Ian ရဲ့တွေ့ရှိမှုတွေထဲကတစ်ခုဟာ စကြာဝဠာကြားထဲ့ Portal တစ်ခု ဖွင့်ပေးနိုင်ပါတယ်။ Ian ကတော့ အဲဒီ Portal ကနေဝင်လာတဲ့လူအဖွဲ့အစည်းကနေ သင်ယူနိုင်ဖို့ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ် မကောင်းတဲ့သတ္တဝါတွေပါ Portal ကနေဝင်ရောက်လာပါတယ်။ ဒီသတ္တဝါတွေရဲ့ သဘာဝက ကပ်ပါးကောင်တွေလိုပါပဲ. လက်ခံကောင်တစ်ခုလိုပါတယ်။ သူကတော့ အရင်ရောက်လာပြီး Kevin ဆိုတဲ့လူရဲ့ ခန္တာကိုယ်မှာနေထိုင်နေပါတယ်. သူ့ရဲ့အကြံအစည်ကတော့ လူသားတွေကိုမျိုးသုန်းအောင်လုပ်ဖို့ပါ။ ထို့နောက် Casey နဲ့ Dan က သူ့အဖေတွေ့ရှိမှုကို တွေ့သွားခဲ့ပြီး ကောင်းတဲ့ဘက်ကသတ္တဝါက ဝင်ရောက်လာက သူတို့ကိုသတိပေးခဲ့ပါတယ်။ သူတို့တွေဒီမျိုးသုန်းမှုကို ဘယ်လိုတားဆီးသွားမလဲဆိုတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(1.1 GB) / (570 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction Duration….01:29:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Son Gohan

Comedy • Drama • Romance
4.1 2023 89 mins
First Contact
Maniacs: Field of Screams (2010)

2001 : Maniacs : Field of Screams (2010) 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ 2001 : Maniacs ဆိုတဲ့ဇာတ်ကားရဲ့ ဒုတိယမြောက်ထွက်ရှိလာတဲ့ Field of Screams ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပထမဇာတ်ကားအတိုင်း ဒီတစ်ကားမှာလည်း သွေးသံတရဲရဲနဲ့ မကြည့်ရက်စရာ killing scene တွေနဲ့ ဇာတ်ကားကို စိတ်၀င်စားဖို့ကောင်းအောင် ဆွဲဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့အရင်က သောင်းကျန်းခဲ့သမျှ ဟိုးလေးတကျော်ကျော်ဖြစ်ပြီးတဲ့နောက် ဒီတစ်နှစ် နှစ်ပတ်လည်ရောက်တဲ့အချိန်မှာ သူတို့ဆီကို လာတဲ့သူမရှိတော့တဲ့အတွက် သူတို့က တကူးတက ‘က’ ကားကြီး ပျော်ပျော်စီးပြီး လူသတ်ဖို့ လိုက်ရှာကြပါတော့တယ်။ ဒီတစ်ခေါက်ရော ဘယ်နှယောက်က သူတို့ထောင်ချောက်ထဲ၀င်လာမလဲ၊ ဒီတစ်ခေါက်ရော ဘယ်နှယောက်အသက်ပျောက်ပြီး ဘယ်နှယောက်လွတ်မြောက်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရဦးမှာပါ။ အမေရိကန်ပြည်တွင်းစစ်အတွင်း တောင်ပိုင်းနဲ့မြောက်ပိုင်းတိုက်ခိုက်ခဲ့စဉ်က စစ်ရှုံးသွားခဲ့တဲ့ တောင်ပိုင်းသားတွေရဲ့ မပြီးဆုံးနိုင်တဲ့ အညိုးအတေးနဲ့ အစွဲတွေက ဒီဇာတ်ကားမှာရော ဆက်ပြီးကြီးထွားနေဦးမလား။ အပြစ်မဲ့တဲ့သူတွေ ဘယ်နှယောက်လောက် အသက်ဆုံးရှုံးနေရဦးမလဲ…. ဇာတ်ကားဆို သွေးသံတရဲရဲနဲ့ သတ်မှဖြတ်မှ ကြိုက်တဲ့သူတွေအတွက် ဆက်လက် တင်ဆက်ပေးလိုက်ပါပြီ။ (အသတ်အဖြတ်၊ အပြောအဆို ၊ ခပ်ကြမ်းကြမ်းပြကွက်တွေကြောင့် R-Rated ဇာတ်ကားတွေဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။)

Documentary
0 2001 86 mins
Maniacs: Field of Screams (2010)
A Nanny to Die For
3.4

A Nanny to Die For (2024) IMDb Rating (3.4) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိထားတဲ့မိသားစု သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ——————— ဆာရာနဲ့ မာ့ခ်တို့ဟာ တစ်​ဦးတည်သောသမီးလေးကို ပိုင်ဆိုင်ထားတဲ့ သာယာတဲ့အိမ်ထောင်မိသားစုလေးပါ။ သူတို့ရဲ့သမီးလေး အက်ရှ်လေဟာ ဆယ်ကျော်သက်ဝန်းကျင်ထဲကိုဝင်စပြုလာပါတယ်။ ဒီလိုနဲ့ ဆာရာကလည်း အလုပ်ပြန်လုပ်တော့မယ်ဆိုပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချရတော့တာပေါ့။ ဒီလိုနဲ့ပဲ ဆာရာနဲ့မာ့ခ်တို့ လင်မယားတို့နှစ်ယောက် ကိုယ်စီအလုပ်လုပ်ရတော့မှာမလို့ ကလေးနဲ့ အိမ်ကိုကြည့်ဖို့ဆိုပြီး ကလေးထိန်းတစ်ယောက်ကို အင်တာဗျူးရင်းလိုက်ရှာပါတော့တယ်။ အဆင်မပြေမှုများစွာဖြစ်ပြီးနောက်ပိုင်းမှာ မထင်မှတ်ထားစရာနဲ့ဘဲ ဂျက်စမင်လို့ခေါ်တဲ့ လူငယ်မိန်းကလေးတစ်ယောက်ဟာ သူတို့ရဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတာကိုတွေ့သွားပါတယ်။ အစပိုင်းမှာတော့ ဆာရာတို့မိသားစုနဲ့ လိုလေသေးမရှိအောင် အဆင်ပြေနေကြမယ့် ဂျက်စမင်ရဲ့နောက်ကွယ်က သရုပ်မှန်က ဘယ်လိုလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ရင်တလှုပ်လှုပ်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.9 GB) / (850 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:25:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

Comedy
3.4 2024
A Nanny to Die For
Viy Forbidden Empire
5.3

Viy (2014) Forbidden Empire Nikolai Gogol ရဲ့ Viy ဆိုတဲ့ဝတ္ထုကိုအခြေခံထားတဲ့ ရုရှား Dark Fantasy အမျိုးအစား မှော်ဇာတ်ကားပါ… ဇာတ်လမ်းကတော့… ၁၈ ရာစုနှစ်မှာ မြေပုံရေးဆွဲသူတစ်‌ယောက်ဖြစ်တဲ့ ဂျော်နသန်ဂရင်းဟာ ‌မြေပုံပေါ်မတည်ရှိသေးတဲ့ ထရန်စ‌ဗေးနီးယားမြေတွေကို ရေးဆွဲဖို့အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တောအုပ်တွေကြားက လူသူမသိတဲ့ သီးခြားဖြစ်နေတဲ့ ထူးဆန်းတဲ့ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပြီး ဆန်းကြယ်တဲ့ သတ္တဝါဆန်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒေသခံတွေက အဲဒီအကောင်ကြီးကို ဗွီလို့ခေါ်ကြပြီး ‌အင်မတန်မှကြောက်ရွံ့ကြပါတယ်။ အဲဒီနေရာကနေ ထွက်သွားနိုင်ဖို့အတွက်ကြိုးစားရင်း ကျိန်စာသင့်နေတဲ့မြေက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ လမ်းစတွေ့လာတဲ့အခါ ဂျော်နသန်က စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သူဘယ်လိုမျိုးတွေတွေ့ကြုံရမလဲနဲ့ အဲဒီအကောင်ကြီးရဲ့ အရင်းအမြစ်ကရော ဘာလဲဆိုတာကိုတော့…။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phu Thet Khin မှ တင်ဆက်ထားပါတယ်။)

Romance • Comedy
5.3 2014 128 mins
Viy Forbidden Empire