YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Guzaarish 2010 BluRay 1080p HEVC Hindi DTS HDMA 5.1(CM) .mp4

2.04 GB N/A video/mp4 1210 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
See How They Run
6.5

ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။ အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ ) File Size__(GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:33:00 Type__Comedy, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing Aung Latt

Action • Fantasy • TV Movie
6.5 2022 98 mins
See How They Run
Munafik 2
5.5

ဒီသရဲကားကို တစ်ယောက်ထဲကြည့်ရဲရင် တော့အကောင်ပဲ (သရဲမကြောက်တဲ့ကောင်) အခု Munafik 2 ဆိုတဲ့ကားလေးက မလေး သရဲကားပါ Munafik 1 ကတော့ 2016 ကရိုက်ခဲ့တာဖြစ်ပြီး ကျွန်တော်လဲမကြည့်ဖူး တော့မသိပါဘူး ဒီကားလေးကြည့်မှ မလေးလဲ တော်တော်လေးရုပ်ရှင်အဆင့်တန်း တိုးတက်လာပြီဆိုတာ သိလိုက်ရတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ မလေးဆိုတဲ့အတိုင်း အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပေါ့ သိကြတဲ့အတိုင်းပဲ မွတ်ဆလင်မှာ စွန်နီနဲ့ ရှီရတ် ဆိုပြီးဘာသာ ရေး ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပါတယ် တချို့ကြပြန်တော့ လဲ ဘာသာရေးခု တုံးလုပ်ပြီး လိမ်စားညာစားလုပ်တာတွေ ရှိပါတယ် ထိုအထဲမှာမှ အာဘူဂျာဆိုတဲ့ ဘိုးတော်ကအဆိုးဆုံးပါ သူ့ဂိုဏ်းထဲမ ဝင်တဲ့သူ သူ့အဆုံးမလမ်းစဉ်တွေမလိုက်နာ တဲ့သူဆို သူ့တပည့်တွေနဲ့ နှိပ်စက်ကလူ ပြုတဲ့အပြင် အောက်လမ်းအတိုက်နဲ့လဲ တိုက်တတ်ပါသေးတယ် ဒါကို သမာသမတ် ရှိတဲ့ တရားပြဆရာလေး အဒမ်နဲ့ ထိပ်တိုက် တွေ့ဖို့ အကြောင်းဖန်လာတဲ့တစ်နေ့ အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင် ဘုရားနဲ့ မိစ္ဆာ ဘယ်လိုအားပြိုင်ထားလဲ ဆိုတာကြည့်ရမှာပါ ဘာသာရေးကားလဲဟုတ်သလို သရဲကားလဲ ဖြစ်နေပြန်ပါတယ် ဒါကတော့ စပွိုင်းသလိုဖြစ် သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ကြပါ ကျွန်တော်ဒီလအတွင်းမယ်ပြန်ခဲ့တဲ့ Asian သရဲကားတွေတော်တော်များများသူ့ဟာနဲ့သူ အတော်လေး ဒီဇိုင်းကာလာလန်းနေတယ် ဒါပေမယ့်ဒီကားလေးကကြောက်ဖို့အ ကောင်းဆုံးလို့ဆိုရမှာပါ ဒီကားထဲကသရဲတွေက လူတွေမကြောက် လောက်တဲ့အကွက်တွေကိုသိနေပြီ ပုံမှန်ခြောက်နေကြအကွက်နဲ့ခြောက်မှာ မဟုတ်တော့ပါဘူး အာ့ကြောင့်ကြည့်နေရင်း အာ ဒီအခန်းက အပေါ်ကကျလာမှာလေ အောက်ကရောက်လာမှာ ဘာညာမှန်းပြီး ကြည့်ရင်တော့ သေးပါထွက်ကျသွားပါလိမ့် မယ် အာ့ကြောင့်ကြည့်ရဲရင်အကောင်လို့ပြော ခဲ့တာပါ ကဲ လေကြောရှည်မနေတော့ဘူး ညရောက်တာနဲ့ ဒေါင်းပြီး တံခါးပိတ်မီးပိတ် နားကြပ်တပ်ပြီး ထိတ်လန့်ခြင်းအနုပညာကို ကောင်းကောင်းကြီးခံစားကြည့်ကြပါကုန် rating အနေနဲ့ IMDb မယ် 7.8 အထိရထား ပါတယ် ဂျင်းကား မဟုတ်တာကို အာမခံပါတယ်.... ရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Drama
5.5 2018 104 mins
Munafik 2
Gulliver Returns
5.7

ကလေးဘဝတုန်းက "ဂါလီဗာနဲ့ လူပုလေးများ"ဆိုတဲ့ အိပ်ရာဝင် ပုံပြင်ကို မကြားဖူးတဲ့သူမရှိပါဘူး လူပုလေးတွေနေတဲ့ ကျွန်းကိုရောက်ရှိသွားခဲ့တဲ့ ဂါလီဗာရဲ့အကြောင်းပေါ့ ဒီ Animationမှာတော့ ဂါလီဗာဟာ သူအရင်က ရောက်ရှိဖူး၊ အကူအညီပေးဖူးတဲ့နိုင်ငံတစ်ခုကို ပြန်လည်ရောက်ရှိသွားတဲ့အကြောင်း ရိုက်ကူးထား တာပါ။ အားလုံးသိထားတဲ့အတိုင်း ဂါလီဗာဟာ လူဘီလူးကြီး ဖြစ်ရမယ်၊ အဲဒီနိုင်ငံက တိုင်းသူပြည်သားတွေက ပိစိလေးတွေ ဖြစ်နေရမယ်၊ ဒါဟာ သမာရိုးကျပုံပြင်ပါပဲ၊ ထိုနိုင်ငံကို ဂါလီဗာ လာကူခဲ့စဉ်က သမိုင်းမှတ်တမ်းမှာလည်း ဒီအတိုင်းပါပဲ၊ဒါပေမဲ့နှစ်ပေါင်း၄၀ကြာထွက်သွားပြီးမှ ပြန်ရောက်လာတဲ့ ဂါလီဗာကြောင့် ထိုနိုင်ငံသားတွေ ဦးနှောက်ခြောက်ရပါတော့တယ်၊ ရှေးလူကြီးတွေရဲ့ ရှေ့ဖြစ်အဟောအရ နှစ်ပေါင်း ၄၀ကြာချိန်မှာ ဂါလီဗာပြန်ရောက်လာတာမှန်ပေမယ့် သူတို့မှတ်တမ်းထဲကလို ဧရာမလူဘီလူကြီးမဟုတ်ဘဲ သူတို့ရဲ့ရွယ်တူ ကောင်လေးတစ်ယောက် ဖြစ်နေလို့ပါ။ ကိုယ့်နိုင်ငံဆီ ဟောကိန်းအတိုင်းပြန်ရောက်လာတဲ့သူ၊ သူ့ကိုယ်သူဂါလီဗာလို့ တွင်တွင်ပြောနေတဲ့သူက တစ်သက်လုံးထင်လာသလို လူဘီလူးကြီး ဟုတ်မနေတာကြောင့် အတု အယောင်ဆောင်ဆိုပြီး မယုံကြသလို ဂါလီဗာကိုယ်တိုင်လည်း ဆွမ်းခံရင်းငှက်သင့်ဆိုတဲ့အတိုင်း လူဘီလူးအယောင်ဆောင်မှုနဲ့ ကွပ်မျက်ခံရမယ့် ကိန်းကိုဆိုက်သွားပါတယ်။ ဒါပေမဲ့ အကောင်းထဲကအဆိုးလို့ ပြောရမလိုပဲ ဂါလီဗာကွပ်မျက်ခံရခါနီးမှ နိုင်ငံကြီးကို စစ်အင်အားနဲ့ တိုက်ခိုက်သိမ်းပိုက်ခံရမယ့် အခြေအနေတစ်ခုပေါ်လာတဲ့အခါ ဂါလီဗာအတုဆိုတဲ့ ဂါလီဗာနဲ့ တိုင်းသူပြည်သားအပေါင်းတို့ တူတူပူးပေါင်းပြီး တိုက်ပွဲဝင်ရပါတော့တယ်။ Animation ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စရာတွေအများကြီးပါသလို ဂါလီဗာဆိုတဲ့ ဇာတ်ကောင်နဲ့လိုက်ဖက်တဲ့စွန့်စားခန်းတွေ အက်ရှင်တွေကိုလည်းမြင်ရမှာဖြစ်လို့ ပိတ်ရက်မှာ မိသားစုနဲ့ဖြစ်စေ ချစ်ရသူနဲ့ဖြစ်စေ တစ်ကိုယ်တည်းဖြစ်စေ စိတ် လက်ပေါ့ပါးစွာ ရယ်ရယ်မောမော ကြည့်ရှူအပန်းဖြေနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:30:00 Type__Animation, Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Adventure • Science Fiction
5.7 2021 90 mins
Gulliver Returns
Padmaavat
6.9

သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရှုတင်ဖျက်စီးခံခဲ့ရပါတယ်။ ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။ မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး နဲ့ဟိန္ဒူဘုရင့်မိဖုရားတို့အကြား လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ဖြစ်ပျက်ခဲ့တဲ့ ရာဇဝင် တစ်ခုကို အခြေခံရိုက်ကူးထားပြီး ရာဇဝင်မှာ မွတ်စလင်မ်ဘုရင်ကဟိန္ဒူဘုရင်နဲ့မျိူးနွယ်တွေအပေါ် မတရား၊အနိုင်ကျင့်၊စော်ကားခဲ့မူ တွေကြောင့် ရားဂျ်ပူးသ် ဟိန္ဒူမျိုးနွယ်ဝင်တွေဟာ နှစ်ပေါင်းရာနဲ့ချီ မွတ်စလင်မ်ဘုရင်ကို မုန်းတီးခဲ့ကြတာပါ။ ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်နဲ့ထပ်တူမဖြစ်ပါဘူး။ ရုပ်ရှင်ဆိုတဲ့အတွက်ကြောင့် ပရိသတ်စိတ်ဝင်စားနိုင်မဲ့ ဇာတ်ညွှန်းကိုပြင်ဆင်ရေးသားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Spoiler Alert! ဇာတ်လမ်းကို Ranveer Singh နဲ့စထားပါတယ်။ Ranveer ဟာသူ့ဦးလေးဖြစ်သူ ဒေလီရဲ့ဘုရင် Sultan Jallaluddin Khilji နဲ့လာရောက်တွေ့ဆုံပြီး ဦးလေးရဲ့ သမီး Aditaya Rio ကို တောင်းပါတယ်။ Aditya ကလည်း Ranveer ကို ကြိုက်နေတဲ့အတွက်သူတို့၂ ဦးကို ဘုရင်က လက်ထပ်ပေးလိုက်ပါတယ်။ မင်္ဂလာဆောင်တဲ့ နေ့မှာတောင် ရန်ဘီးက တခြားမိန်းမတွေနဲ့ပျော်ပါးနေလို့မျိုးနွယ်ထဲက လူကြီးတစ်ဦးက တားတဲ့အခါ အဲ့လူကို သတ်ပစ်ပြီး မင်္ဂလာဆောင်ခန်းမကိုဝင်ရောက်လာခဲ့ပါတယ်။ အဲ့နေ့ကစပြီး Adiya ဟာ Ranveer ပေးတဲ့ ဒုက္ခတွေကိုခါးဆီးခံရတော့တာပါပဲ အဲ့အချိန် တဖက်မှာတော့ Depika (ဘုရင့်သမီးတော်)ဟာတောထဲ အမဲလိုက်နေရင်း သမင်တစ်ကောင်ကို မြှားနဲ့ပစ်ရာမှာ ရှာဟိဒ်ကပူးရ်(Rajput ဘုရင်)ကို မှားပြီးပစ်မိရာကနေ ၂ ယောက်ဆုံကြပါတယ်။ သူ့ကြောင့် ဒါဏ်ရာ ရနေတဲ့ ရှာဟိဒ်ကို ကုသပေးရာကနေ သူတို့၂ ယောက် ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ်။ ရှာဟိဒ်မှာ မယားကြီးရှိပေမဲ့ ရှာဟိဒ် ဒီပီကားနဲ့လက်ထပ်တာကိုကြိုပြီး မသိခဲ့သလို နန်းတော်ကို ခေါ်လာတော့မှ မယားကြီးက သိရပါတယ်။ ဒီလိုနဲ့Depika ရဲ့ အလှ နဲ့လိမ္မာရေးခြား ရှိမူကြောင့် Rajput တိုင်းပြည်မှာ Padmavati မင်းသမီးကို ဘုရင်နဲ့တန်းတု ချစ်ခင်လေးစားလာကြပါတယ်။ (ဒီနေရာမှာ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်/ဟိန္ဒူ ဘုရင်တွေ အကုန်မိန်းမတွေ လိုချင်သလောက်ယူပြီး မယားငယ်ယူပြီးရင် မယားကြီး ချောင်ထိုးခံရတာ၊မိန်းမတွေမှာ စောဒကတက်ခွင့်မရှိတာ၊သူတို့ကိုတလေးတစား အသိပေးတိုင်ပင်တာမျိုးမရှိ စတာတွေကတော့ တူညီတာ တွေ့ရပါတယ်။) အဲ့နောက်မှာတော့ Rajput နယ်ကြီးပျက်သုန်းဖို့အကြောင်းခံဖြစ်လာမဲ့ ဂုရုကြီးလို့ခေါ်တဲ့ ရှာဟိဒ်ကပူးရ် ကိုးကွယ်တဲ့ဘုန်းကြီးတပိုင်းလူတပိုင်းဆီ ဒီပီကားကို ခေါ်သွားပါတယ်။ ဒီပီကားအလှကိုမြင်ပြီး ဂုရုကြီး နှာဗူးထကာ ညဘက်ရှာဟိဒ်နဲ့ဒီပီကား မင်္ဂလာဦးညကို သွားချောင်းတာ မိပြီးပြည်နှင်ဒါဏ်ပေးခံလိုက်ရပါတယ်။ တဖက်မှာလည်း ရန်ဘီးကတိုင်းတွေပြည်နယ်တွေကို စစ်ခင်းပြီး အနိုင်တိုက်ရာမှ နံမည်ကြီးလာပြီး ဦးလေးလည်းတော်ပြီး ယောက္ခထီးလည်းတော်စပ်တဲ့ဒေလီဘုရင်ကို ဖြားယောင်းပြီး သတ်ပစ်ကာ ထီးနန်းကို သိမ်းပိုက်လိုက်ပါတယ်။ Rajput ကနေ နှင်ထုတ်ခံရတဲ့ ဂုရူကြီး ဒေလီကိုရောက်လာပြီး နှာဗူးဘုရင် ရန်ဘီးကို ဒီပီကားရဲ့အလှအကြောင်း သွေးထိုးပါတော့တယ်။ အဲ့မှာ ရန်ဘီး heat တက်ပြီး Rajputကို စစ်ချီပါတယ်။၆ လတိတိ ဝိုင်းထားတယ်။ စစ်လည်းမတိုက်ရ၊ဘာကြောင့်မှန်းမသိ ကွင်းပြင်ထဲ ၆လကျော် ဒုက္ခခံနေရတဲ့အောက်ခြေစစ်သည်တွေ စိတ်ပျက်ပြီး ပြန်မယ်ဖြစ်နေတဲ့အချိန်စစ်သူကြီးက ရန်ဘီးကို လာပြောပြတယ်။ အဲ့မှာ ဘုရင်တွေ၊စစ်ဗိုလ်ချုပ်ကြီးတွေ အောက်ခြေစစ်သားတွေကို ဂျင်းထည့်တဲ့အလုပ်ကို ရန်ဘီးက ထွက်လုပ်ပါတယ်။ ဒီကိုရောက်နေတာ မိန်းမတစ်ယောက်ကို နှာဗူးကြဖို့ဆိုတာမသိတဲ့ အောက်ခြေစစ်သားတွေကို ခပ်တည်တည်နဲ့ရန်ဘီးက မိန့်ခွန်းပြောပါတယ်။ ငါတို့ခိရ်ဂျီမျိုးနွယ်တွေမှာ အိပ်မက်တစ်ခုရှိတယ်။ ငါတို့ရဲ့ ဘာသာရေးအမှတ်အသားပါတဲ့အလံကို တလောကလုံးမှာ စိုက်ထူနိုင်ဖို့ပဲ။ အဲ့အတွက်ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ငါတို့တစ်ယောက်ကိုတစ်ယောက်လက်မလွှတ်ရဘူးလို့ကျိန်ဆိုထားကြတယ်။ ဒါပေမဲ့ ဒီကနေ့တော့မင်းတို့က ငါ့ကိုထားပြီးထွက်သွားကြတော့မယ်။ ကောင်းပြီ ငါတို့ရဲ့ အိပ်မက်ကို မေ့လိုက်ကြတာပေါ့ဆိုပြီး အလံကို မြေကြီးပေါ် ပစ်အချ စစ်သည်တွေက ရန်ဘီးရဲ့ အမျိုး၊ဘာသာ မျိုးချစ်စိတ်စတဲ့ ဂျင်းကို တကယ်ထင်ပြီး ဝေးဝါးအော်ပြီး မပြန်ကြတော့ဘူး။ နောက်ဆုံး ဟိုလီပွဲတော်နေ့ရောက်တဲ့အချိန် ချစ်ကြည်ရေးလုပ်ကြရအောင်ဆိုပြီး ရန်ဘီးက အကြံနဲ့ကမ်းလှမ်းပြီးရှာဟိဒ်ကပူးရ်ရဲ့ နန်းတော်ကို ဧည့်သည်အဖြစ်သွားတယ်။ အဲ့မှာ ဒီပီကားကို ပြပါလို့ပြောတော့ ရှာဟိဒ်က ဒေါသထွက်၊နောက်ဆုံး စစ်ပွဲက ရှောင်လွှဲဖို့ဒီပီကားကို ၅ စက္ကန့်မှန်ထဲကနေ အပြ နေထိုးတဲ့ လိုက်ကာကိုပါ ဖွင့်လိုက်တော့ ဒီပီကားမျက်နှာကိုသေချာတောင် မမြင်လိုက်ရဘူး။ အဲ့လောက် အဖြစ်သည်းလားဆိုပြီး ရှာဟိဒ်ကို ဖျားယောင်းပြီး ရန်ဘီးဖမ်းခေါ်သွားတယ်။ ရှာဟိဒ်ကို ပြန်လိုချင်ရင် ဒီပီကား ဒေလီကိုလာရမယ်ဆိုပြီးတောင်းဆိုတော့ ရှာဟိဒ်ကိုကယ်ဖို့ဒီပီၤကားဒေလီသွားတယ်။ ဒီပီကား ဒေလီမရောက်ခင် ရန်ဘီးပျော်ပြီး သီချင်းတပုဒ်နဲ့အရူးလိုပဲ ကတယ်။အဲ့မှာ သူ့ရဲ့တူက သူ့ကို ပြန်လုပ်ကြံ ပေမဲ့ မအောင်မြင်ဘူး။ ဒီပီကား ဒေလီရောက်တော့ ရန်ဘီးရဲ့ အနှိပ်စက်ခံဇနီး Adiyaအကူအညီနဲ့ရှာဟိဒ်ကိုဒီပီကား ကယ်ထုတ်လာနိုင်တယ်။ ရန်ဘီးသိတော့ သူ့မိန်းမကို သတ်မိန့်ပေးတယ်။ အဲ့မှာနောက်ဆုံးအနေနဲ့Adiya က ရန်ဘီးကို ဆုတခုပေးတယ်။ နင့်ရဲ့ ဆန္ဒတွေ၊ဖြစ်ချင်တာတွေ အားလုံးပြည့်ဝပါစေ။ဒါပေမဲ့Padmavati ကို ရယူသိမ်းပိုက်ဖို့ဆန္ဒတော့ ဘယ်တော့မှ မပြည့်ပါစေနဲ့လို့ပြောပြီး သွားလိုက်တယ်။ ရန်ဘီးဒေါသပုန်ထပြီး Rajput ကို စစ်ခင်းဖို့ထပ်အသွားးးဘာတွေဆက်ဖြစ်လဲ၊ ဒီပီကားးကို နောက်ဆုံး ရန်ဘီးမြင်ခွင့်တွေ့ခွင့်၊သိမ်းပိုက်ခွင့်ရမလားးဆိုတာကတော့ ဇာတ်လမ်း၊သရုပ်ဆောင်၊ဆက်တင်အပြင်အဆင် ဘာတစ်ခုမှပြောစရာမလိုလှအောင် လှပ၊သေသပ်၊အဆင့်မြင့်တဲ့ ရုပ်ရှင်တစ်ကားးဖြစ်တာမို့ပြသနာပေါင်းများစွာတက်ပြီး ရုပ်ရှင်ကြည့်တဲ့သူတွေနဲ့ရုပ်ရှင်ရုံတွေကို တိုက်ခိုက်မယ်လို့ခြိမ်းခြောက်ခံထားရတာတောင် ဖွင့်ရက် ရုံတင်တာ ကုဋေ ၂၀ နီးပါးရပါတယ်။ ဒါတောင် ပြည်နယ်ကြီး ၆ ခုမှာ ရုံတင်ခွင့်မရပါဘူး။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး BBC ကနေတောင် ရီဗြူးသတင်း လွှင့်ပေးခံရပြီး အိန္ဒိယမှာတင်မက တကမ္ဘာလုံးမှာပါ လှုတ်ခတ် ခဲ့ပါတယ်။ Min ThetNaing (ဇာတ်လမ်းအညွှန်းကို Bollywood Update News Myanmar FB-Page မှကူးယူဖော်ပြပါသည်) File size…(7.8 GB)/(2.7 GB)/(1.3 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:43:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Than Htike Zaw Translated by Zaw Htoo

Comedy • Drama
6.9 2018 164 mins
Padmaavat
God's Country Song
7.5

God's Country Song (2023) ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ ကန်ထရီးစတား နိုအာဘရိုင်ယန် တစ်ယောက် နာမည်ကြီးလာတာနဲ့အမျှ အတိတ်က အခြေအနေ နဲ့ အရက်စွဲလမ်းမှုက သူ ပန်းတိုင် ရောက်ဖို့ အတားအဆီးဖြစ်နေတာပါ။ ဒါပေမဲ့ သူ့အတွက် ရွေးချ့အတွကရှိသော ကိစ္စတခကိစကိုတော့ အရေးတကြီး လုပ်ရမှာပါ။ အဲဒီဆုံးဖြတ်ချက်တွေကိုတော့ သူ့ရအနီးအနားက လူတွေက စောင့်မျှော်နေပါတယ်။ သူ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ပြီး ဘဝကို အောင်မြင်အောင် ဖြက်သန်းသွားနိုင်မလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်ပြီး ကြည့်လိုက်ကြရ‌အောင်ဗျာ။ ဒီဇာတ်ကားက ကန်ထရီးသီချင်းကြိုက်တဲ့သူ တော်တော်များများအတွက်တော့ တော်တော့်ကြိုက်ပါလိမ့်မယ်။ romance ကားကြိုက်တဲ့သူတွေလည်း အသေအချာ အကြိုက်တွေ့ပါလိမ့်မယ်။ ဇာတ်ကားက ကန်ထရီးသီချင်းတွေရယ် စွဲလမ်းမှုအကြောင်းတွေရယ် ဘာသာရေးရယ် အချစ်ရယ်ကို သေချာရောစပ်ချယ်မှုန်းပြသသွားလို့ ရင်ထဲ ထိမယ့် ကားကောင်း တစ်ကား ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hetang Encoder ..... Aaron

Action • Crime • Drama
7.5 2023
God's Country Song
The Angels' Share
7

IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်

Drama • Music • Romance
7 2012 101 mins
The Angels' Share
Dawn of the Planet of the Apes
7.3

IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။ လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။ အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ ၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။ ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေ လွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီး လူတော်တော်များများ သေကုန်ကြပါတယ်။ Caesar ဦးဆောင်တဲ့ မျောက်တွေကတော့ San Francisco မြို့နားကတောထဲမှာ အေးအေးဆေးဆေးနေနေ ကြပါတယ်။ ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသား Malcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊ မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားတာကနေစပြီး ဘာတွေဖြစ်လာကြမလဲဆိုတာ…………။ ဒီဇာတ်ကားက အကောင်း ဆုံး အထူးပြုလုပ်ချက်တွေနဲ့ ပုံဖော်တင်ပြထားပါတယ်။ ကောင်းမွန်တဲ့ အထူးပြု လုပ်ချက်တွေကြောင့် လူဝံတွေရဲ့ ဒေါသ၊ ဆုံးရှုံးမှု၊ နာကြည်းချက်နဲ့ ခံစားမှုတွေကို ပရိသတ်တွေကပါ လိုက်ပါခံစားရပါတယ်။ အထူးသဖြင့် လူဝံ ခေါင်းဆောင် Caesar အဖြစ် သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေး မှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။ Caesar အဖြစ် သရုပ် ဆောင် Andy Serkis က သရုပ် ဆောင်ထားတာပါ။ နောက်တစ်ခု မှတ်မှတ်ရရ ဝေဖန်ရေးဆရာတွေ ပြောကြ တာကတော့ Dawn of the Planet of the Apes ဇာတ်ကားဟာ ခေါင်းဆောင်မှုအရည်အသွေး တွေကို အထူးအမွှမ်းတင်ထားတဲ့ ကားလို့ ဆိုပါတယ်။ အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊ အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကို ထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကျိုးနဲ့ သဘောတရားကို လည်း လူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။ ဘာသာပြန်  ကျော်ကျော် (CU-Mdy) ရဲ့ စာဖိုင်ကို အသုံးပြုထားပြီး Myanmar & English  ၂ မျိုး ပြောင်းလဲ ကြည့်ရှုနိုင်တဲ့ BluRay Movie အဖြစ် တင်ဆက်ပေးထားပါတယ်။ ဒီရုပ်ရှင်ကားကို Myanmar & English စတဲ့ Subtitle ၂ မျိုးကို ပြောင်းကြည့်နိုင်သလို စာတန်းထိုး ကိုလဲ ဖျောက်ပြီး ကြည့်နိုင်ပါတယ် မြန်မာစာ ရှိသော မည်သည့် ကွန်ပြုတာ ၊ လပ်တော့ ၊ Device မဆို Phone & Tablet မဆို မြန်မာစာ မရှိသော MKV စနစ်ကို Support လုပ်သော Device များတွင်လဲ Subtitle ကို ပြောင်းကြည့် ဖျောက်ကြည့်နိုင်ပါသည်။ File Size - 4.1 GB Quality - Bly-Ray 1080p Format - mkv Duration - 02:10:00 Subtitle - English & Myanmar (Unicode/Zawgyi) Translator - ကျော်ကျော် (CU-Mdy) Encoder - Thit San Khant

Action & Adventure • Drama • Mystery
7.3 2014 130 mins
Dawn of the Planet of the Apes
Collateral Damage
5.5

မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre…Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …Pyi T nyein

Adventure • Drama
5.5 2022
Collateral Damage
House Party
4.4

House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေ​ပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ တစ်ချက်တစ်ချက် သွေးထွက်သံယို​ပြကွက်တွေပါဝင်လို့ Rated R သတ်မှတ်ထားတာကြောင့် တစ်ချိန်လုံးဆဲတာတွေကြားနေရမှာပါ။ ရှေ့ကမှီငြမ်းထားတဲ့ ဇာတ်ကားလိုမျိုး ယခုကားမှာလည်း နာမည်ကြီး Celebrityတွေ အဆိုတော်တွေ ကစားသမားတွေ cameo အနေနဲ့ အများအပြားပါဝင်ထားပါသေးတယ်။ အဲဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာမောစရာ ကြည့်ချင်တယ်ဆိုရင်တော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ House Party ရုပ်ရှင်ကားကို ကြည့်ရှု့ကြည့်ဖို့ အကြံပြုလိုပါတယ် File size…(2.62GB) / (1.11GB) /794MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

4.4 2023
House Party
Juang
7

ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က “တိုက်ပွဲ”လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ပြန်လိုက်ပါလာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ကိုဗစ်ကာလတုန်းက လမ်းတွေပိတ်၊ ကားတွေစစ်၊ ဖြတ်သန်းခွင့်မရှိရင် မသွားရဆိုပြီး တားမြစ်မိန့်တွေလည်း ထုတ်ခဲ့တာမို့ အဲဒါအမိန့်ကို ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေနဲ့ အဲဒီအမိန့်ကို မလွှဲမရှောင်သာ ဖောက်ဖျက်ရတဲ့သူတွေ၊ ကိုယ်မှန်တယ်ထင်ရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတ္တသမားတွေ၊ ကိုယ်အဆင်ပြေဖို့ပဲအရေးကြီးပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေရဲ့ အတ္တလောဘတွေ၊ ပစ္စည်းမလောက် လူအင်အားမရှိဘဲ ရှေ့တန်းက တိုက်ခိုက်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲတွေ၊ အရေးကြုံရင် ရှိတဲ့ပစ္စည်း ရှိတဲ့လူအင်အားနဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေး ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဗဟုသုတတွေ၊ ကိုဗစ်ကာလရဲ့ နာကျင်ဖွယ်၊ သံဝေဂရဖွယ် ဒုက္ခမျိုးစုံကိုပါ ကွင်းကွင်းကွက်ကွက် မြင်သာအောင် ထည့်သွင်းရိုက်ကူးထားတာမို့ ခံစားချက်မျိုးစုံရရှိစေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာအမှန်ပါ။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller • TV Movie
7 2022
Juang
Polaris
5.3

Polaris (2022) ============ ဒီ “Polaris” ဆိုတဲ့ Documentary လေးမှာတော့ ဟာရက်မိုးခမ်းနစ်ရှ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို လိုက်လံကြည့်ရှုကြရမှာ ပဲဖြစ်ပါတယ်။ သူဟာ ငယ်ဘဝမှာ မိခင်ဖြစ်သူကဆေးစွဲပြီး ဖခင်ဆိုတာ လည်း ဘယ်သူဘယ်ဝါရယ်မှန်းမသိဘဲ ကြီးပြင်းလာခဲ့ရတဲ့သူတစ်ဦးပါ။ အခုချိန်မှာ သူ့အတွက် မိသားစုဆိုတာ ညီမဖြစ်သူလေလာနဲ့ လေလာရဲ့ သမီးဖြစ်သူ အင်နာယာရယ်ပဲရှိတာပါ။ ဟာရက်ဟာဆိုရင် Iceland ရေခဲပိုင်းဒေသတွေမှာ လှေသင်္ဘော ကပ္ပတိန် တစ်ဦးအနေနဲ့လုပ်ကိုင်နေတဲ့သူပေါ့။ ဒီ Documentary မှာဆိုရင် သူ့အနေနဲ့ အမျိုးသားတွေပေါများတဲ့အလုပ်ခွင်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာနဲ့ အညီ လိင်ပိုင်းဆိုင်ရာထိကပါးရိကပါးလုပ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာ တွေအကြောင်းနဲ့ သူ့ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် ခု အသက် ၃၅ ဝန်း ကျင်ထိ ချစ်ခြင်းမေတ္တာကိုရှာဖို့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အကြောင်းကိုတွေ့မြင်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo zin ဖြစ်ပါတယ်) File Size……….(795 MB) / (370 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Sci-Fi Translator…….Fiona Gillen Encoder……….SWM

5.3 2022 89 mins
Polaris
Nice Girls
5.5

ပြင်သစ်ဟာသဇာတ်လမ်း‌လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ လျူလီမန်ဟာ သူနဲ့မောင်နှမလိုရင်းနှီးတဲ့ လူဒိုပျောက်လို့လိုက်ရှာနေပါတယ်။ နှစ်ယောက်လုံးကစုံထောက်‌တွေဖြစ်ကြပြီး လူဒိုပျောက်တာ ဆယ်‌ရက်လောက်ရှိနေပါပြီ။ တစ်ဖက်မှာလည်း နိုင်ငံတကာထိပ်သီးအစည်းအဝေးပွဲရှိတဲ့အတွက် ရဲဌာနတစ်ခုလုံးက လုံခြုံရေးပေးရဖို့အလုပ်ရှုပ်နေတဲ့အတွက် လျူလီမန်တစ်ယောက်ပဲ လူဒိုကိုအသည်းအသန်ရှာဖွေနေပါတယ်။ အဲ့အချိန်မှာ လေဆိပ်မှာလူဒိုကိုရှာတွေပြီဆိုသတင်းကြားတာနဲ့ သွားကြည့်တဲ့အခါမျှော်လင့်ထားသလိုမဟုတ်ဘဲ လူဒိုအလောင်း ကိုသာပြန်ရပါတယ်။ စုံထောက်တစ်ယောက်ကဂျာမနီမှာသေဆုံးတာဖြစ်တဲ့အတွက် သတင်းမပေါက်ကြားစေဖို့ပြည်ထဲရေးက အမိန့်ချလိုက်ပြီး စုံစမ်းဖို့အတွက်ဂျာမန်စုံထောက်တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ ဂျာမန်စုံ‌ထောက်နဲ့ လျူလီမန်စုံစမ်းတဲ့အခါ မြို့မျက်နှာဖုံးအိမ်ခြံမြေ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပက်သက်နေတာကို သိသွားတဲ့အခါမှာတော့…… File size…1.92GB / 1.08GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Crime
5.5 2024
Nice Girls
Running Turtle
6.6

Running Turtle (2009) ************************* CM ကနေ ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ Action/Comedy အမျိုးအစား ကားဟောင်း ကားကောင်းလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Hospital Playlist ထဲက Jung Kyung-ho,Kim Yoon Seok, Sun Woo Sun,Jina Kim စတဲ့ သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** ကျေးလက်စီရင်စုတစ်ခုက လောင်းကစားစွဲနေတဲ့ စုံထောက် ဂျိုဖီးဆွန်း နွားလောင်းပွဲမှာ သူနိုင်ထားတဲ့ နိုင်ကြေးတွေကို ဝရမ်းပြေး ဆုန်းဂီထယ်ယူသွားတာခံလိုက်ရပြီးတဲ့နောက် ဆုန်းဂီထယ်ကို ဖမ်းဖို့လုပ်ရာကနေ အလွဲလွဲအချော်ချော်ဖြစ်ပြီး အလုပ်ပါပြုတ်သွားကာ ဖွတ်မရ ဓားမ ဆုံးပါတော့တယ်။ ဂျိုဖီးဆွန်းတစ်ယောက် ဆုန်းဂီထယ်ကို ဘယ်လိုဖမ်းသွားမလဲ နောက်ဆုံးမှာ သူ့ငွေတွေနဲ့ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်လို့ ရနိုင်သွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thway က ရေးသားထားပါတယ်) File Size – 1.96 GB/ 827 MB Quality – WEB-DL 1080p/ 720p Duration – 1h 57m Format – mp4 Genre – Comedy, Crime, Drama, Thriller Subtitle – Myanmar Subtitle (Hard Sub) Translated by – PanNu Thway Encoded by – Treasure Htet

6.6 2009 117 mins
Running Turtle