YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Guns.and.Gulaabs.S01E04.720p.YK(CM).mp4

418.75 MB N/A video/mp4 236 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fullmetal Alchemist: The Final Alchemy
6.3

မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။ Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship တွေနဲ့ Battle Scenes တွေ တစ်ပုံတပင်နဲ့ တော်တော်မိုက်တဲ့ကားပါပဲ။ ရှေ့၂ကားလည်းတင်ပြီးပြီဆိုတော့ ဇာတ်ကြောင်းတော့မရေးတော့ပါဘူး။ အစိမ်းသက်သက်ဖြစ်နေရင်တော့ ကျန်တဲ့ကားတွေလင့်ပါထည့်ပေးထားပါတယ်။ အဲဒီမှာ ဇာတ်လမ်းအကျဉ်းကို ဖတ်ရှုနိုင်ပါတယ်။ ၃ကားလုံးကို အောက်ပါလင့်မှာ ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်။ https://channelmyanmar.org/?s=Full+metal+alchemist ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__02:23:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Drama
6.3 2022 143 mins
Fullmetal Alchemist: The Final Alchemy
Iron Cross: The Road to Normandy
4.3

D-Day လို့ ပြောတာနဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် မရိန်းတပ်တွေ က ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေကို ချီတက်တိုက်ခိုက်တာ ပြေးမြင်ကြမှာပါ။ D-day အကြောင်း အရင်က ရိုက်ထားတဲ့ ရုပ်ရှင်တွေ ရှိပေမဲ့ ဒီ ရုပ်ရှင်ကတော့ တမူထူးခြားစွာ မဟာမိတ်‌တွေကိုပဲသူရဲကောင်းအဖြစ် ဖန်တီး ထားတာ မဟုတ်ပဲ စစ်ပွဲဖြစ်ရခြင်းရဲ့အဓိပ္ပာယ်မဲ့မှုတွေ သဘောသဘာဝ တွေ မြေပြင်မှာ တိုက်နေရတဲ့ စစ်သားတွေရဲ့ ခံစားမှု တွေ ကို အသားပေးရိုက်ကူးထားပါတယ် Klaus Muller လို့ ခေါ်တဲ့ ဂျာမန် စစ်အရာရှိ တစ်ယောက် ရဲ့ စစ်ပွဲပေါ်ရှုမြင် ပုံကို အခြေခံပြီး ရိုက်ကူးထားပါတယ် ပထမဆုံး အရှေ့ဘက် စစ်မြေပြင်မှာ ရုရှားတွေ နဲ့ တိုက်နေရတဲ့ ကလော့ မူလာ က နော်မန်ဒီကမ်းခြေတိုက်ပွဲဆီ ရောက်လာတယ့်အချိန်မှာတော့ ဘယ်လို တွေ ဆက်ဖြစ်မလဲ ဂျာမန်စစ်သားတွေ ရဲ့ ရုရှား စစ်သား ပေါ် အမြင် နဲ့ အမေရိကန်စစ်သားပေါ် အမြင်တွေကိုပါ သိရမှာပါ မထင်မှတ်ထားတဲ့ မဟာမိတ်တပ်သားတွေရဲ့ dark side ကိုလည်းမြင်တွေ့ရမှာပါ နောက်ဆုံး ကလော့စ်တစ်ယောက် မဟာမိတ်တွေကို ခုခံရင်း ဖက်စစ်ဂျာမနီအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာလား စစ်ပွဲ ရဲ့ အရေးမပါမှုတွေ ရက်စက်မှုတွေကို စိတ်ပျက်ပြီး အသက်ရှင်ကျန်ရစ်ဖို့ပဲ ရွေးချယ်သွားမလား သိရမှာပါ Imdb -4.1 File size…(2.19GB/(1.78GB)/(1.04GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Action • Crime • Mystery • Thriller
4.3 2022
Iron Cross: The Road to Normandy
The Heroic Trio
6.4

Michelle Yeoh , Maggie Cheung , Anita တို့သုံးယောက်ပေါင်းလောင်းကျော်ထားတဲ့ ဟောင်ကောင်ဂျက်မသုံးဖော်ဇာတ်ကားလေးလာပါပြီ။ သူတို့သုံးယောက်ငယ်နုတုန်းက ပုံရိပ်အလန်းတွေကိုတစ်ဝကြီးရှုစားရမယ့်အပြင် ၁၉၀၀ ခုနှစ်လောက်က ဟောင်ကောင်အက်ရှင်ကားအကြမ်းကိုကြည့်ရမှာဆိုတော့ ရွှေခေတ်ဇာတ်ကြမ်းတွေပေါ့... ဇာတ်လမ်းကတော့ သုံးလအတွင်း ကလေး (၁၈)ယောက်ပျောက်တာနဲ့စပါတယ်။ ဘယ်လိုမှရှာမတွေ့တဲ့အပြင် ရဲမှူးကြီးရဲ့ကလေးကိုလည်း ခိုးမယ်လို့ပေါ်တင်ပြောပြီး စိန်ခေါ်ပါတော့တယ်။ တစ်ခါတစ်လေ ဥပဒေဘောင်ထဲကလုပ်လို့အဆင်မပြေတဲ့အရာတွေ၊ မလုပ်ရဲတဲ့အရာတွေကို ပြည်သူ့သူရဲကောင်းတွေက မျက်နှာဖုံးတွေနောက်ကွယ်ကနေ ကူညီပေးတတ်ကြတယ်မလား....ဘယ်လိုသူရဲကောင်းတွေလဲဆိုတာ ဆက်လက်ရှုစားကြပါ။ IMDb Rating (6.5)ထိ ရရှိထားပြီး တကယ်လဲ ကောင်းတဲ့အက်ရှင်ဇာတ်ကားမလို့ အက်ရှင်ပရိတ်သတ်တွေအတွက် အမိုက်စားပါပဲ။ File size…(1.8 GB) / (750 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:25:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa

Action • Adventure • Science Fiction
6.4 1993 88 mins
The Heroic Trio
Clean
6.4

လူမိုက် ကလင်းဟာ သူ့သမီးလေးသေသွားလို့ နောင်တတပွေ့တပိုက်နဲ့ အမှားပြင်ဖို့ကြိုးစားနေတာပါ သူပြောင်းလာတဲ့နေရာမှာ အဖွားနဲ့မြေးလေးပဲရှိတဲ့မိသားစုက ကောင်မလေးကို သံယောဇဉ်ဖြစ်ပြီး သူ့သမီးတစ်ယောက်လို စောင့်ရှောက်ပြီး ဇာတ်မြှုပ်နေတာပေါ့ တစ်နေ့ကျတော့ မူးယစ်ဆေးရောင်းဝယ်နေတဲ့ဂိုဏ်းက ခေါင်းဆောင်ရဲ့သားပါတဲ့ ပါတီတစ်ခုမှာ ကလင်းစောင့်ရှောက်ပေးနေတဲ့ ကောင်မလေးကို မတော်မတရားကျင့်ဖို့ ကြိုးစားနေတုန် ကလင်းရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ သူ့သမီးလေးကရောဘာကြောင့်သေသွားတာလဲ မူးယစ်ဂိုဏ်းကရော ဘယ်လောက်လက်စွမ်းထက်မလဲ အစပိုင်းလေးအေးသလောက် နောက်ပိုင်းမှာ ဘာဆက်ဖြစ်မလဲ တိတ်ဆိတ်နေမယ့် အချိန်တွေအတွက်တော့ စီးမျောလို့ကောင်းမယ့်ကားလေးပါပဲ File size…(1.1 GB)/(500 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Horror
6.4 2022 93 mins
Clean
Transformers: The Last Knight
6.1

၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။ သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ် အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့ လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်က ကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊ မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့ စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ ) 4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Adventure • Fantasy
6.1 2017 154 mins
Transformers: The Last Knight
Bumblebee Transformers 6
7.3

အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ် အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီး အခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီး စောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့ အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို ချေမှုန်းမယ့် အကြံနဲ့ပါ… ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်… အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ် ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ် တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ် သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက် သူမ ဘဝထဲကို အချစ်ရဆုံးသူအဖြစ် ရောက်ရှိလာခဲ့ပါတယ်.. တစ်ဖက်မှာလဲ ရန်သူတွေက ဘမ်ဘယ်ဘီး ဆီက ရေဒီယိုထုတ်လွင့်မှုကို အခြေခံပြီး ကမ္ဘာဆီသို့ ဦးတည်လာခဲ့သောအခါ….။ (Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )

Thriller • Drama • Horror
7.3 2018
Bumblebee Transformers 6
All of Us Strangers
8

All of Us Strangers (2023) ~ IMDb – 8/10, RT – 96%, Meta – 90% ~ ဂျပန်စာရေးဆရာ Taichi Yamada ရဲ့ ၁၉၈၇မှာထွက်ခဲ့တဲ့ Strangers ဆိုတဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ ရိုက်တဲ့ ဒါရိုက်တာ Andrew Haigh က ရိုက်သမျှကားတိုင်း မှတ်ချက်တွေကောင်းသလို LGBTQ+ ကားတွေပဲ အရိုက်များတဲ့ ဒါရိုက်တာပါ။ Sherlock စီးရီးထဲ မိုရီယာတီအနေနဲ့ လူသိများခဲ့တဲ့ Andrew Scott နဲ့ Normal People နဲ့ လူသိများသလို Aftersun နဲ့ မနှစ်က အော်စကာဆန်ခါတင်ဝင်ပြီး နာမည်လည်း တော်တော်ရလာတဲ့အပြင် ဒီနှစ်လည်း ဒီကားမတိုင်ခင် Foe ထွက်ထားသေးတဲ့ Paul Mescal တို့ အဓိကသရုပ်ဆောင်ထားတယ်။ ဒီရုပ်ရှင်က Queer ကားဆိုပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးထက် အင်ဒရူးစကော့ရဲ့ဇာတ်ကောင် အဒမ်ရဲ့ ထရော်မာကိုပဲ အဓိကထားတင်ဆက်ထားတယ်။ မကြည့်ခင်ကတော့ ဂေးရိုမန့်ကားသက်သက်ထင်ခဲ့ပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲတယ် ပြောရမှာပဲ။ ရွှေကမ္ဘာလုံးမှာတော့ အင်ဒရူးစကော့က သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပေမဲ့ အော်စကာတော့ ဆန်ခါတင် တစ်ခုမှမဝင်ခဲ့ဘူး။ ဒါပေမဲ့လည်း တချို့ကတော့ လီယိုတို့ ဘယ်ရီတို့ထက် အင်ဒရူးစကော့ ဆန်ခါတင်မဝင်တာက အော်စကာရဲ့ Biggest Snub လို့ ပြောကြတယ်။ အဒမ်နဲ့ ဟယ်ရီဆိုတဲ့ Queer နှစ်ယောက်က လူသူသိပ်မနေသေးတဲ့ နေရာတစ်ခုမှာ အခြေချကြရင်း သူတို့ချင်း ချစ်မိသွားကြတယ်။ သူတို့ရဲ့ အချစ်ဇာတ်ကို အဖြစ်လောက်သာထည့်ထားပြီး အဒမ်ရဲ့မိဘတွေအိမ်ကို အဒမ်သွားတဲ့အကြောင်းတွေ… သူ့ Homosexual ဖြစ်တည်မှုကို သူ့ကိုယ်သူနဲ့ သူ့မိဘတွေ သူ့ဘေးကလူတွေ လက်ခံခြင်း မခံခြင်းအကြောင်းတွေဆီကို ဦးတည်ထားတယ်။ တစ်ခုရှိတာက ဒီကားက ရိုမန့်သက်သက်မဟုတ်ဘဲ Fantasy ပါပါတော့ အရှိတရားကနေ ကင်းလွတ်နေတဲ့ Fantasy ဆန်ဆန်အရာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ ဒီကားရဲ့ Genre ကို Fantasy Romance လို့တော့ လက်ခံဖို့ခက်တယ်။ All of Us Strangers ဟာ လူတစ်ယောက်ရဲ့ ထရော်မာတွေအကြောင်းကို သရုပ်ဆောင်‌ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့‌ ရုပ်ရှင်ပါပဲ။ မဆန်းတော့တဲ့ဇာတ်ကို ဆန်းတဲ့တင်ဆက်ပုံနဲ့ တင်ဆက်ထားတယ်လို့ ပြောရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 585MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 45Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
All of Us Strangers
Assassin’s Creed
5.7

Assassin’s Creed (2016) ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin’s Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin’s Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် အဂူလာရဲ့ မျိုးဆက် ကယ်လမ် လင့်ချ်ဟာ DNA ပေါင်းစပ်ခြင်းကနေတဆင့် မှတ်ဉာဏ်တွေတင်မကဘဲ မူလ Assassin’s Creed အဖွဲ့ဝင် ရဲ့ စွမ်းရည်တွေကိုပါ ပြန်ရလာတဲ့အခါ…..။

5.7 2016 116 mins
Assassin’s Creed
Close-Up
8.2

Close-Up (1990) ~ IMDb – 8.2/10, Rotten Tomatoes – 89% ~ အီရန်နယူးဝေ့ဟာ ၁၉၆၄မှာ Hajir Darioush ရဲ့ Serpent’s Skin နဲ့ စခဲ့တယ်။ ၆၅မှာပဲ သူက Social Documentaries နှစ်ကား ထပ်ရိုက်ခဲ့ပြီး Face 75 ကို ရိုက်ခဲ့တယ်။ ဒီရုပ်ရှင်တွေက အီရန်နယူးဝေ့ရဲ့ အုတ်မြစ်တွေလို့ အားလုံးလက်ခံထားကြတယ်။ နောက် Davoud Mollapour ရဲ့ Shohare Ahoo Khanoom ထွက်ပြီး ၁၉၆၉မှာ Dariush Mehrju က The Cow ကို ရိုက်ခဲ့တယ်။ အဲဒီမှာ အီရန်နယူးဝေ့က ခိုင်မာလာခဲ့တယ်။ ၁၉၇၀မှာတော့ Abbas Kiarostami က သူ့ရဲ့ပထမဆုံး ရုပ်ရှင်တို The Bread and Alley ကို ရိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း The Experience (1973), The Traveler (1974) အပါအဝင် တခြားရုပ်ရှင်ပေါင်းစုံ ဆက်တိုက်ဆိုသလို ဆက်ရိုက်ခဲ့တယ်။ ဒါပေမဲ့ Where is the Friend’s Home? (1987) ထွက်ပြီးနောက်ပိုင်းမှပဲ သူ့ကို နိုင်ငံတကာ ပရိသတ်က စလက်ခံခဲ့ကြတယ်။ အဲဒါနဲ့ခပ်ဆင်ဆင် Homework (1989) ဆိုတဲ့ ဒိုကူမန်ထရီတစ်ကားကိုရိုက်ခဲ့တယ်။ Close-Up (1990) ကလည်း ဒိုကူမန်ထရီလိုဖြစ်နေတော့ ဒီကာလမှာ သူ ဒိုကူမန်ထရီ ၂ကားဆက်တိုက်ရိုက်ခဲ့တယ်လို့ပြောရမယ်။ နောက် And Life Goes On (1992) နဲ့ Through the Olive Trees (1994) ကို ဆက်ရိုက်ခဲ့တယ်။ ဒီ၂ကားနဲ့ Where Is the Friend’s Home? (1987) က သူ့ရဲ့နာမည်ကျော် Koker Trilogy ဖြစ်လာခဲ့တယ်။ ဒီ Trilogy က ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း Taste of Cherry နဲ့ The Wind Will Carry Us တို့လို သူ့မာစတာပိစ်တွေကို ဆက်ရိုက်ခဲ့တယ်။ နောက် Ten (2002) နဲ့ Shirin (2008)… Certified Copy (2010) နဲ့ Like Someone in Love (2012) ကိုတော့ အီရန်ပြင်ပမှာ ရိုက်ခဲ့တယ်။ ၂၀၁၆မှာတော့ ဆုံးပါးသွားခဲ့ပြီး ၂၀၁၇မှာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် 24 Frames ထွက်လာခဲ့တယ်။ ဒါက အီရန်နယူးဝေ့အစကနေ စရိုက်ခဲ့သလို အီရန်စီနီမာရဲ့ အခရာတစ်ယောက်ဖြစ်တဲ့ Abbas Kiarostami ရဲ့ ဒစ္စကိုဂရပ်ဖီပါပဲ။ Close-Up (1990) က တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူမန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက်နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ 24 Frames လို ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးအဆင့်ဆိုရင် Abbas ဟာ ဒီတစ်လျှောက်လုံးမှာလည်း ရုပ်ရှင်ဟာ သေသပ်လှပစွာတည်ဆောက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သူမမြင်သွားဘူးထင်ပါတယ်။ Close-Up (1990)ကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်းပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 875MB Quality – BluRay 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 38Min Genre – Docudrama, Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.2 1990 98 mins
Close-Up
Bachhala Malli
7.3

Bachhala Malli (2024)”မာလီ” ======================= ၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့ အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့ တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲက အာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊ စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။ သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။ သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။ အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့ အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့ လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေက သူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Action • Horror • Drama • Fantasy
7.3 2024 135 mins
Bachhala Malli
The Pass: Last Days of the Samurai
5.9

The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 855MB Quality – BluRay 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 54Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Drama
5.9 2022 114 mins
The Pass: Last Days of the Samurai
A Troll in Central Park
5.3

A Troll in Central Park 1994 ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကို အခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့် စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။ သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့ မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာ ဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ ဆိုတော့ Stanley ကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲ ဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီး ဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။ Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကို လုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။ Central Park မှာ Stanley က Gus တို့မောင်နှမနှစ်ယောက်နဲ့ဆုံပြီး ပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့ သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ ဆိုတော့ Stanley ဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB မှာလည်း 5.3ထိရရှိထားပြီးတော့ ဒီထဲက Soundtrack ဟာဆိုရင်လည်း ပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်ခုရရှိခဲ့ပါတယ်။ ကလေးတွေအပြင် Animation ကြိုက်နှစ်သက်တဲ့လူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size… 1.8 GB / 830MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 16m Genre ….. Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by edrikk

Thriller • Horror • Mystery • Drama
5.3 1994 76 mins
A Troll in Central Park
The War to End All Wars – The Movie

IMDb – 7/10 ပထမကမ္ဘာစစ်လို့ အသုံးအနှုန်းမပေါ်ခင်တုန်းက ၎င်းကိုမဟာစစ်ပွဲကြီး သို့မဟုတ် စစ်ပွဲအားလုံးကိုချုပ်ငြိမ်းစေမယ့်စစ်ပွဲလို့ ခေါ်ဆိုကြပါတယ်။ ၁၉၁၄ ခုနှစ်ကန ၁၉၁၈ ခုနှစ်အထိ စစ်သည်‌ပေါင်း ဆယ်သန်းလောက် သေကြေခဲ့ရပါတယ်။ ခေတ်မီလက်နက်ဆန်းတွေ၊ ဓာတုလက်နက်တွေ အစပြုသုံးစွဲခဲ့တာကြောင့် မကြုံစဖူး သေကြေဒဏ်ရာရတာတွေ များပြားခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ပထမကမ္ဘာစစ်ရဲ့အညတရဖြစ်ရပ်တွေကို Sabaton ဟဲဗီးမက်တယ်လ်အဖွဲ့ရဲ့ ဆယ်ခုမြောက်အယ်ဘမ် “The War to End All Wars” ထဲက မက်တယ်လ်သီချင်း အပြင်းစားတွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ဂျီယမ်ဘုရင် ပထမမြောက် အဲလ်ဘတ်ရေးထားတဲ့ လက်ရေးစာရွက်လေးက စစ်မြေပြင်မှာ လွင့်ပျံသွားပြီး အခြားသောစစ်မြေပြင်တွေဆီ လည်ပတ်ချိတ်ဆက်သွားပြတာပါ။ အစဉ်အတိုင်း စီစဉ်ချပြရရင် ၁) အီဇာမြစ်တိုက်ပွဲ (ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီ) ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂) ကိုလူဘာတာမြစ်တိုက်ပွဲ – သူရဲကောင်း မီလွန်ကာ ဆားဗစ်ခ်ျ (ဆားဘီးယားနဲ့ ဩစတို-ဟန်ဂေရီ) ၁၉၁၄ခုနှစ် နိုဝင်ဘာလ ၃) အနောက်ဖက်စစ်မျက်နှာပြင် ခရစ္စမတ်ယာယီစစ်ပြေငြိမ်းရေး – ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၄) ဂျာမန် မုန်တိုင်းအထူးတပ်ဖွဲ့ စစ်‌ဆင်ရေး – ၁၉၁၅ ခုနှစ် နွေဦးရာသီ ၅) ဂျဒ်လန် ရေတပ်တိုက်ပွဲ (ဗြိတိသျှနဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇွန်လ ၆) ဆွန်းမ် တိုက်ပွဲ – ဒုတိယဗိုလ်မှူးကြီး အေဒရီယန် ‌ဒီဝေါ့တ် (ဗြိတိန်+ပြင်သစ် နဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇူလိုင်လ ၇) အဖြူရောင်သောကြာ‌နေ့ဖြစ်စဉ် – ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၈) ဒွိုင်ရန်တိုက်ပွဲ (ဘူလ်ဂေးရီးယားနဲ့ ဗြိတိန်) – ၁၉၁၇ ခုနှစ် နွေဦးကာလ ၉) ဟာလမ် ငရဲသားစစ်သည် ဟန်နရီဂျွန်ဆင်၏ သူရဲကောင်းဆန်သော တိုက်ပွဲဝင်မှု – ၁၉၁၈ ခုနှစ် မေလ သုံးသပ်ရရင် အန်နီမေးရှင်းတွေက အရမ်းမကောင်းပေမယ့် ကြည့်ပျော်ပါတယ်။ ဒါ့အပြင် ဟဲဗီးလ်မက်တယ်လ်ကြိုက်သူတွေအတွက်ကတော့ အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မယ်။ Yarnhub Animation Studio က ထုတ်လုပ်ပြီး ဇာတ်ညွှန်း Pär Sundström နဲ့ David Webb ဖြစ်ကာ ဒါရိုက်တာကတော့ Vadim Viner ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Comedy • Thriller • Drama
0 2024
The War to End All Wars – The Movie