YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Grudge The Revolt of Gumiho 2010 EP16 WEB-DL 720p [CM].mp4

737.56 MB N/A video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
8MM
6.4

အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်... မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစား ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့် ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာ မကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာ မီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။ သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါ ကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့ အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကို ရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ် စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာ သိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီး ဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့ အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာ အစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ… သူ့စုံစမ်းမှုကြောင့် ရုပ်ရှင်ရဲ့ဇာစ်မြစ်ကိုပဲ ဖော်ထုတ်နိုင်မလား၊ သူကိုယ်တိုင်ပဲ ဒုက္ခရောက်မလား… ဒီအရှုပ်ထုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲ ဆိုတာတွေကတော့ ပရိသတ်များစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ ဟောလိဝုဒ်မြေအောက်လောကရဲ့ ညစ်ညမ်းရုပ်ရှင်လောကအကြောင်း ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်များမကြည့်သင့်ပါဘူး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Ninja ပဲဖြစ်ပါတယ်.. File Size :(2.3GB) (823 MB) and (281MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…02:03:00 Genre : Crime,Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Action • Comedy
6.4 1999 123 mins
8MM
Burden
10

ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။ သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, Romance Translated by Poant Encoded by Kinnov

Comedy
10 2022 95 mins
Burden
A Thousand Little Cuts
5.5

Anne ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံမှာနိုးလာပါတယ်။သူဘာလို့ဆေးရုံရောက်နေလဲဆိုတာ ဇဝေဇဝါဖြစ်နေပါတယ်။စိတ်ရောဂါကုဆရာ၀န်က သူ့ရဲ့အတိတ်ကို တူးဆွပေးပြီးထိတ်လန့်စရာ ဖြစ်ရပ်ကို ပြန်မှတ်မိနိုင်အောင် လမ်းပြပေးပါတယ်။ ဒါပေမယ့် Anne ရဲ့မသိစိတ်က တကယ်ဖြစ်ခဲ့တာတွေကို ဖန်တီးထားတဲ့မှတ်ဉာဏ်တွေနဲ့ အစားထိုးပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်နေတဲ့အတွက်မလွယ်ကူပါဘူး။ Anne တယောက်ဟာ တုန်လှုပ်စရာဖြစ်ရပ်ကို မှတ်မိနိုင်ဖို့ နာကျင်ရတဲ့အတိတ်ကိုပြန်သွားရမှာပါ။ Director Josh Brandonရိုက်ကူးထားပြီး မင်းသမီးချော Rebecca Liddiard က အဓိကနေရာကနေပါ၀င်ထားပါတယ်။ဇာတ်လမ်းပြကွက်တွေက အတိတ်နဲ့ ပစ္စုပ္ပန်ကို တစ်လှည့်စီပြနေတာမျိုးပါ။စိတ်ပညာကိုစိတ်၀င်စားရင် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.1GB)/(623.97MB)/(306.2MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
5.5 2022 87 mins
A Thousand Little Cuts
The Sky Is Everywhere
5.8

ဒီနေ့အတွက် Apple TV+ ကနေပြသသွားတဲ့ Drama, Music, Romance ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ ပူဆွေးသောကဆိုတာ နေ့တိုင်း တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ပျောက်ကွယ်သွားသလိုပဲ..... ဘဝမှာ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးရရင် ကမ္ဘာတစ်ခုလုံး ပျက်လုမတတ် ခံစားရပါတယ်....... ဒီဇာတ်ကားထဲမှာလည်း 17 နှစ်အရွယ် ကောင်မလေးတစ်ယောက်၊ သူ့အစ်မ ရုတ်တရက် သေဆုံးသွားပြီးနောက်ပိုင်း သောကရောက်နေတဲ့ လင်နီဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းနဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတာပါ။ သူမသိပ်ချစ်ရတဲ့ အစ်မမရှိဘဲ သူမဘဝ ဘယ်လိုရပ်တည်မလဲ သောကရောက်နေတဲ့ သူမဘဝထဲ ကောင်လေး တစ်ယောက်ဝင်လာနိုင်ချိန်မှာတော့ အရင်လို သူမဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... 2022 ထွက် လူငယ်အကြိုက် ဒရမ်မာဇာတ်ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.9 GB) /(855 MB) / (572 MB) Quality – WebDL 1080p / 720p/480p Duration - 1h 43mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Music, Romance Translator – Parris Encoder – SWM

Drama • Music
5.8 2022 103 mins
The Sky Is Everywhere
Blade Runner
7.9

1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။ အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။ လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:57:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Thanhtike Zaw Translated by Aye Mon Kyaw

Romance • Thriller
7.9 1982 118 mins
Blade Runner
The Hobbit: The Desolation of Smaug
7.6

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.9 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Action & Adventure • Drama
7.6 2013 161 mins
The Hobbit: The Desolation of Smaug
Avatar
7.8

Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်…Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ … လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ အကောင်တွေဖန်တီးတာပေါ့လေ။ကြည့်လို့ကောင်းအောင်လည်း ရုပ်ရှင်ပညာနဲ့ ဂရပ်ဖ်ဖစ်နဲ့ လုပ်လိုက်တာပေါ့။အဲဒီနာဗီတွေနေတဲ့ဆီမှာ ကမ္ဘာစွမ်းအင်အတွက် လိုအပ်တဲ့ဓာတ်သတ္ထုတစ်မျိုးက ထွက်တယ်။ကမ္ဘာစွမ်းအင်လိုအပ်ချက်အတွက် အဲဒီသတ္ထုထုတ်ယူဖို့လိုတယ်။ဒီတော့ လူသားတွေပီပီ ကြံဆကြိုးစားကြရင်းအမေရိကန်မရင်းတပ်ဖွဲ့ဝင်ဟောင်း(အခုတော့ အောက်ပိုင်းမသန်ဖြစ်နေတဲ့ မင်းသား)ကအဲဒီ နာဗီအဖြစ် အသွင်ပြောင်းရတယ်။ Jake လို့ခေါ်တဲ့ မင်းသားကိုသေတ္တာထဲထည့် ခလုတ်နှိပ်လိုက်ရင် သူက နာဗီဖြစ်သွားတာပဲ၊ ပြန်ခေါ်ချင်ရင်ခလုတ်ပိတ်လိုက် လူပြန်ဖြစ်လာတယ်။Jake က လူအဖြစ်ကနေ နာဗီဖြစ်နိုင်လို့ Avatar လို့ ဇာတ်ကားနာမည်ပေးတာပဲ။ဒီတော့ အသားပြာပြာရှိတဲ့လူဆို (အထူးသဖြင့် နေပူထဲများများသွားရတဲ့သတင်းထောက်တို့၊ မားကတ်တင်းတို့ဆို အသားတွေပြာနှမ်းကုန်တတ်တာပေါ့)နာဗီလို့ ခေါ်လို့ရမလား မသိဘူး။ဇာတ်ကားကိုပြန်ဆက်ရရင် Jack က နာဗီဖြစ်ဖြစ်သွားပြီး၊ နာဗီဘုရင်ကြီးရဲ့သမီးတော် နေတရီ နဲ့ ကြိုက်သွားရောဆိုပါတော့။ဒီတော့ ဒီဘက်က သတ္ထုတွေ လိုချင်တဲ့သူတွေကနာဗီတွေကို အပြတ်ရှင်း၊ နာဗီဒေသမှာရှိတဲ့ သတ္ဌုတွေ ယူပေါ့။မင်းသားက လူကနေ ခဏ ခဏ နာဗီဖြစ်ပြီးတဲ့အခါ ဒီစီမံကိန်းကြီးကိုလုပ်နေတဲ့သူတွေက နာဗီတွေရဲ့ လမ်းကြောင်းတွေ၊ အနေအထားတွေကိုအကုန်မှတ်တမ်း ယူထားတယ်။ တစ်ချိန် သူတို့ဆော်မယ်လေ။Jack က နာဗီဖြစ်လာတော့ နာဗီတွေ အေးအေးဆေးဆေး နေတာ၊ သဘာဝတရားနဲ့အလွမ်းသင့်အောင်နေတာ၊ သစ်ပင်တွေမှာ အသက်ရှိတာ၊ အသက်ရှုတာ၊ မျိုးပွားတာတွေကို သိလာတယ်။သဘာဝကြီးဟာ သူ့ဟာသူ သိပ်လှနေတယ်၊ လူတွေ လောဘဇောတက်ကုန်လို့သာကမ္ဘာကြီး ပျက်စီးလာတာ၊ အခုလည်း နာဗီတွေကို အပြတ်ရှင်းဖို့လုပ်နေပြီ။ဒီဇာတ်ကားမှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ပြောဆိုသတိပေးမှုလေးတွေ ထည့်ထားတာပါတယ်။လူနဲ့သဘာ၀ သမူဟဖြစ်မှ၊ သတ္တဝါနဲ့ ပတ်ဝန်းကျင် သဟဇာတဖြစ်မှပျော်ရွှင်စရာကမ္ဘာဖြစ်မယ်ဆိုတာကို မီးမောင်းထိုးပြထားတယ်။လူတွေရဲ့ အတောမသတ်တဲ့လောဘနဲ့ ဒေါသ၊ အတ္တ၊ မာနတွေကိုလည်း ပေါ်လွင် အောင်ရိုက်ပြနိုင်လို့ ဒါရိုက်တာကို ချီးကျူးရမှာဖြစ်ပါတယ်။လူတွေရဲ့ စိတ်အခြေအနေတွေဆိုတာ လူသာမန်တိုင်း ကိုယ့်စိတ်ကိုယ့်အခြေအနေ၊ ကိုယ့်အနာဂတ်ကို ကိုယ်ကိုယ်တိုင် သိနေကြတာပဲဆိုတာကို ပြထားပါတယ်။လူဆိုတာ ပထမတော့ အဖြူ ထည်သက်သက်ပါပဲ။အေးအေးနေတတ်တယ်၊ မျှတတာကိုကြိုက်တယ်၊ အေးချမ်းမှုကို နှစ်သက်တယ်၊ စိတ်ခံစားချက်တွေ ကိုယ်စီရှိကြတယ်။ခုန ဘေးကအရောင်တွေဖြစ်တဲ့ ဒေါသတွေ၊ လောဘတွေ၊ မာနတွေ၊ အတ္တတွေရောထည့်လိုက်တော့မှ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ စစ်တွေစသဖြင့်ဖြစ်လာတာပါဆိုတာကို ဒီ Avatar မှာလည်း တွေ့ရမှာဖြစ်ပါတယ်။နာဗီတွေဟာ ဝိဇ္ဇာ၊ ဇော်ဂျီတွေနဲ့ မတူတာဆိုလို့စစ်တိုက်တတ်တယ်၊ ဓားရေး၊ လှံရေး၊ လေးမြားအတတ်တွေ ကျွမ်းကျင်ကြတယ်။စက်ရုပ်ကြီးတွေ၊ လက်နက်တွေ၊ ရှုးပျံလိုအကောင်ကြီးတွေနဲ့ဖိုက်တင်တွေ၊ အဝဲအပျံ၊ အခုတ်အထစ်တွေကို ကလေးကြိုက်၊ လူငယ်ကြိုက်ရိုက်ပြထားပါတယ်။ဇာတ်ကားမြင်ကွင်းတွေ၊ တွေးဆဆင်ခြင်စရာ ဇာတ်ဝင်စကားတွေကတော့လူကြီးပရိသတ်အတွက် ဆင်ခြင်စရာပေါ့လေ။ ဒါရိုက်တာကလူကြီးကော လူငယ်ပရိသတ်ကော နှစ်ခုလုံးအတွက် ရိုက်ထားပုံရပါတယ်။ဇာတ်ကားအဆင့်ကိုလည်း 12 A လို့ သတ်မှတ်ထားပါတယ်။နောက်ဆုံးတော့ ဇာတ်သိမ်းလိုက်ရင် ကောင်းတဲ့လူတွေသာနောက်ဆုံးမှာ အောင်ပွဲခံတယ်ဆိုတာကို ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းကပြသွားပါတယ်။ လူအများနှစ်သက်တဲ့ဇာတ်သိမ်းမျိုးနဲ့ပဲ ဒါရိုက်တာက ဇာတ်လမ်းကို သိမ်းလိုက်ပါတယ်။ ဒီကားကြည့်ပြီး ဘာရလိုက်သလဲဆိုတော့ ဘယ်လောက်ပဲအခက်တွေကြုံနေပါစေ၊ သူများနဲ့မတူဘဲ ပေါက်မြောက်အောင်သာထိထိရောက်ရောက် စွမ်းဆောင်ပါလေ၊ မုချအောင်မြင်မယ်ဆိုတာရယ်။လူတွေက အသစ်အဆန်းကို သိပ်စိတ်ဝင်စားတယ်ဆိုတာရယ်၊ ကြီးကျယ်တဲ့ အလုပ်မှန်သမျှ၊သမိုင်းဝင်အောင် လုပ်မယ်လို့ ကြံဆသမျှတွေရဲ့ အခြေခံဟာစိတ်ကူးတွေဖြစ်တယ်ဆိုတာကိုတွေကို ရလိုက်ပါတယ်။ ဒီကားဟာ ခေတ်သစ်ရုပ်ရှင်တွေအတွက် နောက်ထပ်ခေတ်သစ်အခုဆီကိုကူးပြောင်းပေးလိုက်တာလို့လည်း ဂျိမ်းစ်ကင်မရွန်းကို ဝေဖန်ရေးဆရာတချို့က မြှောက်ပင့်ကြပါတယ်။ကျွန်တော်ကတော့ ဂျိမ်းစ်ကင်မရွန်းလို ဒါရိုက်တာက ဒီလောက်ပိုက်ဆံတွေသုံးမှတော့ဒီလောက်တော့ဖြစ်သင့်တာပေါ့လို့ ပြောချင်ပါတယ်။ဒါပေမယ့် စိတ်ကူးကိုတော့ ချီးကျူးပါတယ်။အလွန်ကြည့်ကောင်းပါတယ်။ Avatar က စိန်ခေါ်မှုတစ်ခုတော့ ဖြစ်သွားပါပြီ။သူ့ကိုကျော်ဖို့ နောက်ထပ်ဒါရိုက်တာတွေ ရှိလာဦးမယ်ဆိုတာကိုတော့ အသေအချာ ယုံကြည်မိပါတယ်…. (ရုပ်ရှင်အညွှန်းကို မိုးစက်မှော် WordPress မှ ကူးယူဖော်ပြပါသည်။)

Comedy
7.8 2009
Avatar
As I Am
6

ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့ သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်. အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့ တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်. File size… 1.74 GB / 752 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6 2019
As I Am
Fearless Hyena
6.6

ချန်းလုံဆိုတဲ့ လူငယ်လေးဟာ အဘိုးနဲ့အတူ တစ်ရွာပြီးတစ်ရွာ ရွှေ့ပြောင်းနေထိုင်ရင်း ရရာအလုပ်လုပ်ပြီး ဘဝကို ပျော်အောင်ဖြတ်သန်းနေတဲ့လူငယ်လေးဖြစ်ပါတယ်။ အဖိုးဖြစ်သူသင်ကြားပေးတဲ့ ကွန်ဖူးသိုင်းပညာကို ကြိုးစားလေ့ကျင့်ပြီး ပြဿနာပဲရှာနေတတ်တဲ့လူငယ်လေးရဲ့ အရည်အချင်းတွေကို အမြတ်ထုတ်မယ့် လူတစ်စုနဲ့ ဆုံတွေ့လာပါတော့တယ်။ ကလိမ်ကကျစ်ကျတတ်တဲ့ လူတစ်စုစီ ရောက်သွားတဲ့ သူကရော ဘာတွေတွေ့ကြုံရမလဲ၊ အဖိုးက စည်းကမ်းတွေတားမြစ်ထားတာ ဘာကြောင့်များလဲ၊စည်းကမ်းတွေ မလိုက်နာခဲ့တဲ့ အကျိုးဆက်ကို ချန်းလုံတစ်ယောက် တွေ့ကြုံလာရတဲ့အခါမှာတော့ … comedy actionအမျိုးအစားဖြစ်တာကြောင့် ရယ်ရယ်မောမောကြည့်ရမယ့်အပြင် ဟောင်ကောင်မင်းသားကြီး Jackie Chanရဲ့ အသက်၂၀ကျော် ကာလအပိုင်းအခြားမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် old but goldလို့ အပြည့်အဝဆိုနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရိုးရာသိုင်းပညာကားတွေကို လွမ်းနေတဲ့သူတွေအတွက်လည်း ဟာသနှောထားပေမယ့် သိုင်းပညာဘက်မှာလည်း မလျှော့ထားတဲ့ The Fearless Hyena (1979) ကိုကြည့်ပြီး ဘဝအမောပြေနိုင်တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne

6.6 1979 97 mins
Fearless Hyena
A Serious Man
7

IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။ လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးရိုက်ကူးထားတဲ့ ရူပဗေဒပါ‌မောက္ခကြီးရဲ့အလွဲတွေကို သေချာပေါက် အချိန်ပေးရှုစားကြည့်ဖို့တန်ကြောင်း အကြံပေးလိုက်ရင်းနဲ့ပဲ… File size…(1.8 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7 2009
A Serious Man
Krull
6.1

Krull – 1983 Genre – Action,Adventure,Fantasy IMDb – 6.1/10 စကြဝဠာတစ်ခွင် ကြီးစိုးနယ်ချဲ့နေတဲ့ သားရဲကြီး ရဲ့ မဟူရာခံတပ် နဲ့ သတ်ဖြတ်သူတပ်ဖွဲ့တွေဟာ ခရိုးဂြိုလ်ပေါ်ကို ကျူးကျော်စစ်စလာပါတယ်။ စွမ်းအားကြီးမားတဲ့ သားရဲကြီး နဲ့ သတ်ဖြတ်သူ တွေကို ရင်ဆိုင်နိုင်ဖို့ ရန်ဘက်အိမ်နီးချင်းနိုင်ငံများက နန်းမွေခံဖြစ်ကြတဲ့ မင်းသမီးလစ်စာ နဲ့ မင်းသား ကိုလ်ဝင်းတို့ဟာအချင်းချင်းလက်ဆက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ မင်္ဂလာအခမ်းအနားပြီးမြောက်ချိန်မှာပဲ သတ်ဖြတ်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် မင်းသားကိုလ်ဝင်းအနေနဲ့ ဖခင်ဖြစ်သူတာရိုးဘုရင် နဲ့ မင်းသမီးလစ်စာကို တစ်ရက်တည်းမှာ ဆုံးရှုံးရပါတော့တယ်။ ဖခင်သေဆုံးပြီး ပူပူနွေးနွေး ဇနီးဖြစ်သူလစ်စာ ဖမ်းယူခံရချိန်မှာတော့ ကြေကွဲအရှုံးပေးနေသူ ကိုလ်ဝင်းကို ကယ်ဆယ်လမ်းပြဖို့ အသက်ကြီးသူ “ရနီးရာ” တစ်ယောက် ဂရနိုက်တောင်တန်းတွေပေါ်က ဆင်းလာခဲ့ပါတော့တယ်။ မနက်မိုးသောက်ချိန်တိုင်း နေရာတစ်ခုရွှေ့ပြောင်းနေတဲ့ မဟူရာခံတပ်ထဲက မင်းသမီးပျိုလေးကို ကယ်ဆယ်ဖို့ အသက်ကြီးသူ ရနီးရာ ရဲ့ လမ်းပြစေခိုင်းမှုနဲ့အတူ အမိဂြိုလ်တစ်ခုလုံး သူ့ကျွန်မဖြစ်ရေးတာဝန်ဟာ ကိုလ်ဝင်းရဲ့ ပခုံးထက်ကို ရောက်လာခဲ့ပါတယ်။ ကိုလ်ဝင်းအနေနဲ့ စွမ်းအားကြီးလွန်းသူ သားရဲကြီး ကို ရင်ဆိုင်ဖို့ ရှေးကျတဲ့ လက်နက်ဖြစ်တဲ့ ဓားစကြာ၊ မဟူရာခံတပ်ရဲ့ တည်နေရာကို အမြင်နဲ့ညွှန်ပြပေးနိုင်မယ့် မြပုရောဟိတ် စတာတွေကို ရှာပုံတော်ဖွင့်စွန့်စားခန်းတစ်ခုကို အခက်အခဲများစွာကြားကနေ ဟောကိန်းလာနန်းမွေခံထိုက်သူအဖြစ် အဖတ်ဆယ်သက်သေပြရတော့မှာ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့ Ken Marshall, Lysette Anthony တို့ ပါဝင်သရုပ်ဆောင်ထားပြီး Liam Neeson, Robbie Coltane တို့ကိုလည်း အရံသရုပ်ဆောင်အဖြစ် ပါဝင်ထားတာတွေ့ရပါတယ်။ File size… 3.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 1m Genre ….. Action/Adventure/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

6.1 1983
Krull
[18+] Throuple
5

အခုနောက်ပိုင်းလူပြောများလာတဲ့ ခေတ်ပေါ် Relationship ပုံစံတစ်မျိုးဖြစ်တဲ့ Throuple ကိုအခြေခံထားတဲ့နောက်ထပ်ဇာတ်ကားတစ်ကားပါ။ ယဆေးနဲ့ဟန်နာဆိုတဲ့ မိန်းကလေးနှစ်ယောက်၊ပြီးတော့ ဟွမ်ချိုဆိုတဲ့ကောင်လေးတို့ဟာ သုံးယောက်တစ်တွဲပေါင်းသင်းနေထိုင်တဲ့ချစ်သူတွေပါ။တစ်နေ့မှာတော့ သုံးယောက်ထဲက တစ်ယောက်ကိုမတော်တဆဆုံးရှုံးလိုက်ရတဲ့အခါ ကျန်ရစ်သူနှစ်ယောက်ဟာMove on လုပ်ဖို့ ခံစားချက်တွေနဲ့ရင်ဆိုင်ဖို့ အစရှိတဲ့ပြဿနာတွေနဲ့အတူ စိန်ခေါ်မှုအသစ်တွေကိုကြိုးစားရုန်းကန်ရပါတော့တယ်။Sahara Bernales နဲ့ Audrey Avila တို့အပြင် Arah Alonzo ဆိုတဲ့မင်းသမီးအသစ်လေးကို Main Role နေရာကနေ ပွဲထုတ်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(950MB)/(450MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:11:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Action • Family • Music • Romance
5 2024
[18+] Throuple