YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Great is the Youth Time E03 (1080p) CM.mp4

297.92 MB N/A video/mp4 67 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
12 Desperate Hours
6.6

ဒီတစ်ခါတော့ Drama/Thrillerဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗယ်လ်ဂျိန်းလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ မိခင်ဝတ္တရား မယားဝတ္တရားကျေပွန်တဲ့ဇနီးတစ်ယောက်ဖြစ်ပြီး အိမ်မှုကိစ္စကိုလည်း အစစအရာရာဂရုစိုက်တတ်သူပါ။ တစ်နေ့မှာ သူ့ယောက်ျားဖြစ်သူအလုပ်သွားနေတဲ့အချိန် သူ့ကလေးနှစ်ယောက်နဲ့အိမ်မှာရှိနေတဲ့အချိန်မှာ လူတစ်ယောက်က သူတို့အိမ်ထဲကို သေနတ်နဲ့ဝင်လာပြီး ပြဿနာရှာပါတော့တယ်။ အမျိုးမျိုးပြဿနာရှာတဲ့အချိန်မှာ ကလေးနှစ်ယောက်ကိုအရမ်းချစ်လွန်းတဲ့ အမေတစ်ယောက်အနေနဲ့ သူ့ကလေးတွေဒုက္ခမရောက်အောင်လို့ သေနတ်သမားကို ပထုတ်ဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီလိုပထုတ်ဖို့ကြိုးစားရင် ဗယ်လ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ သေနတ်သမားရဲ့ဘဝကရောဘယ်လိုလဲ သူကရော ဘာလို့အဲ့ဒီလိုတွေလုပ်နေတာလဲ စသဖြင့် ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။ အညွန်း နဲ့ ဘာသာပြန်ကတော့ 10x05 ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 720p | 480p File size… 691MB | 337MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... 10x05 Encoder ..... Aaron

Action • Adventure • Science Fiction • Thriller
6.6 2023 88 mins
12 Desperate Hours
Beneath the Green
3

ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲက တစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက် နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာ ရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာ မှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့ နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်း မရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ် လို့ထင်နေကြတာပေါ့။ အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှ မမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီး လွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက် တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာ လွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင် ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွား တယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက် လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့် ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလား ဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.2 GB) / (473 MB) / (340 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Sci-Fi Translator.......Tin Myo Lwin Encoder..........SWM

Comedy • Drama • Family • Romance
3 2023 81 mins
Beneath the Green
Hide-and-Never Seek
5

Hide and Never Seek (2016) ကလေးဘဝကလူတိုင်းကစားဖူးတဲ့ တူတူပုန်းတမ်းကို Horror Version လေးတစ်ဖြတ်အနေနဲ့ ကြည့်ရှုရဦးမှာပါ။ VJ Glow ဟာ “Glow World” ဆိုတဲ့ horror channel တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။ channel ကနေ ဝင်ငွေရဖို့အတွက် သူနဲ့ Producerဘတ် တို့က ထူးခြားဆန်းပြား ခြောက်ခြားစရာcontent အသစ်တွေကို ရှာဖွေနေခဲ့ကြတာပါ။ တစ်နေ့မှာတော့ သူတို့ Channel ကို Video တစ်ခုပေးပို့လာခဲ့ပါတယ်။ video ထဲမှာတော့ အထက်တန်းကျောင်းသူလေး ၂ ယောက်က တစ်ယောက်တည်းတူတူပုန်းတမ်းလို့ဆိုတဲ့ ဝိဉာဉ်လောကနဲ့ဆက်သွယ်ပြီးကစားရတဲ့တူတူပုန်းတမ်းကိုကစားနေခဲ့တာပါ ။အဲဒီ video ထဲမှာရိုက်ကူးမိထားတဲ့ ခြောက်ခြားစရာအဖြစ်အပျက်ကို VJ Glow တို့တွေက စိတ်ဝင်စားသွားကြပြီး Channel မှာတင်ဆက်ဖို့အတွက် Video ထဲကအဆောက်အဦးကို ကိုယ်တိုင်သွားရောက်စူးစမ်းကြပါတော့တယ်။ အဲဒီကျိန်စာသင့်အဆောက်အဦးထဲမှာပဲ live broadcast လွှင့်ကြရင်းနဲ့ ဘယ်လို ထူးထူးဆန်းဆန်းကြောက်မက်ဖွယ်တွေဖြစ်လာမလဲ ….. Video ထဲကကျောင်းသူလေးကိုရော ကယ်တင်နိုင်မလား ….ဆိုတာတွေကို ရုပ်ရှင်တစ်ခုလုံးကို ကင်မရာနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ပုံစံအနေနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာကြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 943MB | 435MB | 219MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. ThantSin Encoder ….. August

5 2016 90 mins
Hide-and-Never Seek
Cinderella II: Dreams Come True
5

Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီး တဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရော ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် I လောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီး စင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကို ပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ် ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့ အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲ တွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ် ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရ တာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့ Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမ အန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန် တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီ ကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့ လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ….. Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

5 2001 74 mins
Cinderella II: Dreams Come True
The End We Start From

အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။ သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(845 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Thriller • Crime
0 2023
The End We Start From
Crazy Tsunami
5.7

ဒီနေ့တော့ Crazy tsunami ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဒီဇာတ်ကားလေးကို အမြည်းပြောပြရမယ်ဆိုရင်.. ဆင်ခြေဖုံးရပ်ကွက်ကို ပရောဂျက်ကြီးနဲ့ မြို့ပြအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရှိတယ်.. ဒီလူကို ဆန့်ကျင်နေတာကတော့ အဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေပေါ့… အဲ့ဒေသလေးက ပင်လယ်နဲ့နီးလို့ ပင်လယ်ပျော်မြို့အနေနဲ့ အမှတ်သင်္ကေတ မိကျောင်းတောင် ထားဦးမှာဆိုပြီး ကျန်းဖုန်းဆိုတဲ့လူကို မိကျောင်းသယ်လာခိုင်းတယ်.. သူလည်း သယ်လာတာပေါ့.. ဒါပေမယ့် ၁၀ နှစ်ကျော် ခင်မင်လာတဲ့ သူငယ်ချင်း အိမ်နီးချင်းတွေက ကန့်ကွက်ကြတယ် အဲ့ကိစ္စကို… ဒီကန့်ကွက်တဲ့ထဲ အိမ်ကပျောက်သွားတဲ့ သူ့သမီးလေးလည်း ပါနေတာပေါ့.. သူတို့အငြင်းပွားနေချိန်မှာပဲ ဆူနာမီလှိုင်းလုံးကြီးက အမှတ်မထင် နှုတ်ဆက်လိုက်ပါတယ်.. တစ်ချိန်တည်းမှာပဲ ကျန်းဖုန်းသယ်လာတဲ့ မိကျောင်းကြီးလည်း လွတ်သွားတာပေါ့… မိကျောင်းကြီးနဲ့ ဆူနာမီရေကြီးနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေး ဘာဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်နော်…

5.7 2021
Crazy Tsunami
Zorawar Di Jacqueline

Zorawar Di Jacqueline (2024) တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်း ဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း ဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီး မိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီး ချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာ ရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။ သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်း သူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။ ၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာ သူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲ သူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ)

0 2024
Zorawar Di Jacqueline
Aitraaz
6.6

Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10 ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ရာ့ဂျ်တစ်ယောက်နဲ့ ရှေ့နေပေါက်စလေး ပရီယာတို့ဟာ ဘုရားသခင် ဖန်ဆင်းပေးတဲ့ ဖူးစာအလွဲလေးကနေ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရည်းစားဘဝကနေ လက်ထပ်ကြပြီးတော့ ရင်သွေးလေးလွယ်ထားတဲ့အချိန် ရာ့ဂျ်တစ်ယောက်လည်း ရာထူးတိုးတော့မယ်အချိန်မှာ ကံဆိုးမှုတွေက အဆင်းမှာဘီးတပ်ဝင်လာပါတော့တယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး သူတို့ ကုမ္ပဏီပိုင်ရှင်ရဲ့ အသစ်စက်စက်ယူထားတဲ့ ဇနီးချောလေးကြောင့် ဖြစ်ပါတယ်။ ဒီတစ်ယောက်နဲ့ ရာ့ဂျ်ဟာ ဘယ်လိုတွေ သမိုင်းကြောင်းရှိခဲ့တာလဲ၊ လက်ရှိ သူတို့ဆက်ဆံရေးကို ဘယ်လိုမျိုးတွေ ဆူးခင်းလမ်း ဖြစ်လာစေမှာလဲဆိုတာကို အချစ်ဇာတ်လမ်းလေးကနေ လျှို့ဝှက်သည်းဖိုအဖြစ် ကူးပြောင်းပြီး ပရိသတ်တွေကို အာရုံဖမ်းစားသွားမယ့်ကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.6 2004
Aitraaz
Murder at Honeymoon Hotel
5.9

2016 ခုနှစ်က တောင်ကိုရီးယား-တရုတ် ပူးပေါင်းရိုက်ကူးထားတဲ့ ရယ်ရခက်ခက် ငိုရခက်တဲ့ ဟာသ လူသတ်သမားကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကို အကြမ်းဖြင်းမိတ်ဆက်ပေးရမယ်ဆို.. ဟိုတယ် ဧည့်ကြိုလေး ဝူတကျစ်ဟာ ကိုယ်ဝန်ဆောင် ဇနီးအသစ်စက်စက်လေးကို ဟန်နီးမွန်းမပို့နိုင်လို့ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာပဲ ပျားရည်စမ်းဖို့ စဉ်းစားခဲ့တာပေါ့… တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်မင်းသမီးဆိုသူက သူဟန်နီးမွန်းဖို့ကြံထားတဲ့ အခန်းကိုမှ ရွေးတည်းခဲ့တယ်လေ… ဒီမင်းသမီးက ထူးတော့ ထူးဆန်းတယ်… ညကြီးအချိန်မတော် ကွန်ဒိုတိုက်ခန်းထဲရောက်သွားပြီးတော့… နောက်နေ့မှာ မန်နေဂျာလည်းမပါ… အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မန်နေဂျာကို ပိုက်ဆံပေးပြီး… မှတ်ပုံတင်မအပ် စာရင်းလည်းမသွင်းတဲ့အပြင်.. ဟိုတယ်တောင် အနောက် အရေးပေါ် အခန်းကနေ ဝင်ပြီးတည်းတာနော်… ဒီမင်းသမီးက ဒီဟိုတယ်မှာ ပလတ်စတစ်ဆာဂျရီနဲ့ တွေ့ဖို့ကြံထားတာဖြစ်ပြီး… တိုက်တိုက်ဆိုင်ဆိုင် အဲ့ ဆာဂျရီက ဝူတကျစ်ရဲ့ တစ်ရွာတည်းသား မ်ဝမ်ရဲ့ လက်ရှိယောက်ျားဖြစ်နေပြီး လောင်းကစားအကြွေးရှုံးလို့ ထွက်ပြေးနေရသူပေါ့… ကဲမင်းသမီးနဲ့ ဆာဂျရီနဲ့တွေ့ဖြစ်မှာလား… ဝမ်ဝမ်ကရော ဘာလို့ ဟိုတယ်ရောက်နေတာလဲ… ဝူတကျစ်ရော သူ့ဟန်နီးမွန်းအခန်း မင်းသမီးဆီက တောင်းလို့ရမှာလား… ဇာတ်ကားလေးက အလင်းပြပါလိမ့်မယ်

5.9 2016
Murder at Honeymoon Hotel
Nidarr
5.4

Nidarr 2023 သေမင်းတမန်စစ်ဆင်ရေး Imdb 5.4 ကြမ်းပေ့ ရမ်းပေ့အက်ရှင်ကားတွေစောင့်မျှော်နေကြသူတွေအဖို့ ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးထားပါတယ် ဇာတ်လမ်းအစမှာတော့ အစွန်းရောက်တွေလက်ထဲရောက်သွားတဲ့ ဗိုလ်ကြီးကို သွားရောက်ကယ်တင်ပုံနဲ့စထားပါတယ် ကယ်တင်ရင်းပစ်ကြခတ်ကြတော့ အစွန်းရောက်ခေါင်းဆောင်ရဲ့သားဖြစ်သူပါ ဆုံးပါးသွားခဲ့တယ် ဒီသွေးကြွေးကိုရအောင်ပြန်ဆပ်မယ်ဆိုပြီး ရန်ငြိုးစတစ်ခုတည်ခဲ့တာပေါ့။။။ အချိန်တစ်ခုရောက်လာတဲ့အခါ ဗိုလ်ကြီးရဲ့သားကလည်း ရဲစွမ်းသတ္တိတွေအပြည့်နဲ့ စစ်ဆင်ရေးတွေအောင်မြင်လို့ အရာခံဗိုလ်ထိတောင်ရာထူးတိုးလာခဲ့တယ် တိုင်းပြည်အတွက် အချိန်မရွေးအသက်စွန့်ဖို့အဆင်သင့်ရှိနေတဲ့ တက်ကြွတဲ့စစ်သား သားဖြစ်သူကိုဂုဏ်ယူနေတဲ့ခေါင်းဆောင်တွေမိသားစုက တစ်နေ့မှာတော့ နိုင်ငံအရေးအတွက်မဖြစ်မနေသားဖြစ်သူကိုစစ်ဆင်ရေးထဲထည့်ဖို့အခြေအနေရောက်လာခဲ့တယ် ဒီစစ်ဆင်ရေးက အန္တရာယ်များလွန်းလို့ ရှင်သူမရှိလောက်ဘူးဆိုတာလည်းသိထားပေမဲ့ မတတ်သာတဲ့အခြေအနေကြောင့် သားဖြစ်သူကိုတာဝန်ပေးလိုက်ရပါတယ် ဒီစစ်ဆင်ရေးကိုအောင်နိုင်မှာလား အသက်ရှင်လျက်ပြန်လာနိုင်မှာလားကိုတော့။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Bluri ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ် )

Comedy • Drama
5.4 2023
Nidarr
Crocodile Island
5.5

ဒီကားကတော့၂၀၂၀ထွက်သည်းထိတ်ရင်ဖို တရုတ်ဇာတ်ကားကောင်းလေးပါ Budget 8millionသာရှိပေမယ့် box office ဝင်ငွေ16.7millionထိရခဲ့ပါတယ် Devil`s Sea နယ်မြေတစ်ဝိုက်ကို Bermuda Triangleလို့ခေါလေ့ရှိကြတယ်… အဲ့နယ်မြေရောက်ရင် လျှပ်စစ်သံလိုက်စွမ်းအားနှောက်ယှက်မှုကြောင့် လေယာဉ်တွေမကြာခဏပျက်ကျလေ့ရှိပါတယ်… ဒီလိုနဲ့ လင်ဟောက်နဲ့ရီးရီးတို့သားအဖနှစ်ယောက်စီးလာတဲ့ GZ261လေယာဉ်ဟာ အဲ့နယ်မြေတစ်ဝိုက်မှာပျက်ကျသွားတဲ့အခါ အမည်မသိကျွန်းတစ်ခုပေါရောက်သွားပါတယ်.. အဲ့ကျွန်းပေါမှာ ဧရာမမိချောင်းကြီးအပြင် ပင့်ကူကြီးတွေ တွရှိနေတဲ့အခါ…. သူတို့တွေအသက်ရှင်နိုင်ဖို့ ဘယ်လိုတွေတိုက်ပွဲဝင်ကြရမလဲ.. နောက်ဆုံးမှာလွတ်မြောက်နိုင်ပါ့မလား.. ဇာတ်လမ်းတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ

5.5 2020 86 mins
Crocodile Island
The Mysterious Cloths
6

မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား… ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ… ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်… ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့ ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ… တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်… ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်… ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်…. စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား… လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ… မြဝတ်ရုံရဲ့ တကယ့်ဇစ်မြစ်ကရော ဘာလဲ… ရှီရှပြည်ထောင်နဲ့ လျန်ဝမ်သေဆုံးမှုက တကယ် ပတ်သက်နေတာလား… ဇာတ်လမ်းလေးထဲမှာ အဖြေရှာတွေ့မှာပါ

6 2022
The Mysterious Cloths
Baby Assassins: Nice Days
7.3

Baby Assassins: Nice Days (2024) ************************************ ဒီဇာတ်ကားကတော့ 2021 နဲ့ 2023 မှာ ထွက်ရှိခဲ့တဲ့ Baby Assassins ဇာတ်ကားတွေ ထဲကမှ ၃ ကားမြောက်အဖြစ် 2024 မှာ ထပ်မံထွက်ရှိလာတာတဲ့ Crime-Adventure ဂျပန်ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. တိုကျိုက ထိပ်တန်းလုပ်ကြံရေးသမား နေမကောင်းတာကြောင့် မာ့ဆူယာ ဆုယိုရှိကို သတ်ဖို့ မလုပ်ဆောင်နိုင်တဲ့အတွက် အဲဒီအလုပ်ကို အသက် ၂၀ အရွယ် မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ဖူခါဂဝါ မာဟီရို နဲ့ ဆူအီမိုမို ချီဆတိုတို့က လက်ခံပြီး တိုကျိုကနေ မီယာဇာခီကို လာခဲ့ကြပါတယ် ။ သူတို့ လုပ်ကြံပေးရမယ့်သူကို နောက်ထပ်တစ်ယောက်ကလည်း နာမည်ကြီး လုပ်ကြံရေးသမားဖြစ်တဲ့ ဖူယုမူရာ ခါအိဒဲ ဆိုသူကို ငှားထားတဲ့အခါ လုပ်ကြံရေးသမားများ ထိပ်တိုက်တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ သက်တမ်းနုသေးပြီး ငယ်ရွယ်တဲ့မိန်းကလေးများဖြစ်နေကြတဲ့ လုပ်ကြံရေးသမား ဖူခါဂဝါ မာဟီရိုနဲ့ ဆူအီမိုမို ချီဆတိုတို့ရဲ့လုပ်ဆောင်မှုအပေါ် စိတ်တိုင်းမကျ စိတ်မချတဲ့အပြင် သူတို့အဖွဲ့အစည်း နာမည်ပျက်မှာကို စိုးရိမ်တဲ့ အီရူခနဲ့ သူ့လူဟာ မီယာဇာခီမှာ မိန်းကလေးနှစ်ယောက်ကို ကူညီပေးရင်း သူတို့ရဲ့ပစ်မှတ်အပြင် နောက်ထပ်ပစ်မှတ်တွေကိုပါ ဘယ်လိုမျိုး ရှင်းလင်းသွားကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. ။ (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.8 GB / 844MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Psychological, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

7.3 2024 113 mins
Baby Assassins: Nice Days
Time of EVE: The Movie
7.2

Time of Eve (2010) ———————– IMDB – 7.2/10, MyAnimeList – 7.9/10 ဒီကားလေးကတော့ လုံးဝကို Underated ဖြစ်ပြီးတော့ Sci-fi ပိုင်းတွေကိုကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် Recommended ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့ အကြောင်းရင်းကတော့ ဂျပန်နိုင်ငံရဲ့ အနာဂတ်မှာ စက်ရုပ်တွေကိုအကျယ်အပြန့် အသုံးပြုလာကြတယ်။ ဒီလိုမျိုး လူသားတွေဟာ စက်ရုပ်တွေကို လိုလေသေးမရှိ အသုံးပြုလာနိုင်တဲ့အတွက် ဖြစ်သလိုဆက်ဆံလာကြပြီး တစ်ဖက်မှာလည်း စက်ရုပ်တွေကို သက်ရှိလူတစ်ယောက်လို ဆက်ဆံပြီး နားလည်သဘောပေါက်ပေးတဲ့သူတွေလည်း ရှိလာတယ်။ ဒါပေမဲ့ ဒီလိုစက်ရုပ်တွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံမှုတွေကို ပတ်ဝန်းကျင်မှာ အထင်သေးကဲ့ရဲ့ခြင်းခံရတယ်။ အဲဒီမှာ ဇာတ်ကားလေးရဲ့ MC ဖြစ်သူ Rikuo ကလည်း ပတ်ဝန်းကျင်အတိုင်း ကြီးပြင်းလာလို့ စက်ရုပ်တွေကိုလိုသလိုခိုင်းစေအသုံးပြုရတယ်လို့ပဲ အမြင်ရှိတာပေါ့။ တစ်နေ့မှာသူ့ရဲ့စက်ရုပ် Sammy ဟာ ထူးဆန်းစွာပြုမူနေတာကို သူသတိထားမိလာတယ်။ Sammy ရဲ့လှုပ်ရှားမှုမှတ်တမ်းကို ပြန်စစ်ပြီး သူဘယ်တွေသွားခဲ့လဲဆိုတာကို Rikuo ဟာ သူ့သူငယ်ချင်း Masaki နဲ့အတူခြေရာခံရင်း Time of Eve ဆိုတဲ့ ထူးဆန်းတဲ့ ကော်ဖီဆိုင်လေးကိုရောက်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… အတူတူဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Alyn ဖြစ်ပါတယ်) File size… 1 GB / 506 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Animation, Drama, Romance, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Alyn

Horror • Thriller
7.2 2010 106 mins
Time of EVE: The Movie