YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Gotham (S2) - (12-22).zip

3.34 GB N/A application/x-zip-compressed 2908 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Diabolik
6.1

Diabolik (2021) ၁၉၆၂ ခုနှစ်မှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်။ ဒီယာဘောလစ်ပါ။ ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။ လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။ အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။ သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ အေဗာကန့်ဟာ သေဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက စီးပွားရေးသမားကြီးတစ်ဦးရဲ့ ဇနီးပါ။ သူဟာ အဖိုးတန် ပန်းရောင်စိန်နဲ့အတူ ကလာဗေးလ်ကို ပြန်လာခဲ့ပြီး အဲဒီစိန်ကြောင့်ပဲ အဖိုးတန်တာမြင်ရင် ရေကုန်ရေခမ်းကြိုးစားခိုးယူတတ်တဲ့ ဒီယာဘောလစ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။ တစ်သက်မှာတစ်ခါပဲတွေ့ရမယ့် လူပဲလို့ အချင်းချင်းနားလည်သွားကြတဲ့အခါ သူတို့ချင်း ဘယ်လိုဆက်ဖြစ်မလဲ။ ရာဇဝတ်ဘေးကကော တကယ်ပြေးလွတ်ပါရဲ့လား။ ဒီယာဘောလစ်ရဲ့ ကွက်ကျော်မြင်မှုတွေ၊ အခက်ခဲဆုံးအခြေအနေတွေမှာတောင် တည်ငြိမ်နေပုံတွေအပြင် ဇာတ်လမ်းအလှည့်တွေကိုလည်း မြင်ရမှာဖြစ်တာကြောင့် ရင်ခုန်စရာမရှိတဲ့ဘဝမှာ ရင်ခုန်ချင်ရင် အချိန် ၂ နာရီလောက် ရင်းလိုက်ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 2H 13Min Genre - Action, Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy • Romance
6.1 2021 133 mins
Diabolik
The Matador
6.3

The Matador(2005) ****************** လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်း မိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာ မသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာ လုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊ နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်း သူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီး ပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့် မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။ လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဇာတ်ကားကောင်း ဟုတ်/ မဟုတ် လက်တို့ပြောဖို့ လိုမယ်မထင်ပါဘူးဗျာ။ File Size :(1.9GB)(and (758MB) Quality :Blu-Ray 1080P, 720p Format…mp4 Duration…01:36:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Comedy • Drama • War & Politics
6.3 2005 96 mins
The Matador
Pig
6.7

နီကလက်ကေ့ဂျ်ကို ပေါကားပဲ ရိုက်နေတယ် ဆိုသူတွေအတွက် ချပြလိုက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ သူက ရော်ဘီ ဆိုတဲ့ တောထဲမှာတစ်ယောက်တည်း နေတဲ့ လူကြီးပေါ့။ ရော်ဘီ့မှာ ဝက်မ တစ်ကောင်ရှိတယ်။ အဲဒီဝက်မက သူ့မိန်းမမသေခင် အမှတ်တရ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီဝက်မက မှိုရှာတာတော်ပြီး ရော်ဘီက မှိုတွေရောင်းစားတယ်။ ဒီတော့ သူ ဝက်မကိုချစ်တယ်။ ရော်ဘီဆီကနေ မှိုဝယ်နေကျ ဖောက်သည်ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ညဘက်ကြီးရော်ဘီကို ရိုက်ပြီး ဝက်မကို လုသွားတယ်။ အဲဒီဝက်မကို ပြန်ရဖို့ ရော်ဘီတစ်ယောက် မြို့ပေါ်တက်လာရတော့တာပဲ။ ဒီတော့မှ ရော်ဘီဟာ တစ်ချိန်က မြို့ထဲမှာ လူသိများခဲ့တဲ့ ရာဇဝင်ရှိတဲ့ ဆရာကြီးတစ်ယောက်ဆိုတာ သိလာရတော့တယ်။ လူသတ်သမားကြီးတော့မဟုတ်ဘူး စားဖိုမှူးကြီးမို့လူသိများတာ။ လူသိများပေမယ့် ပြန်လာတော့လည်း သိပ်သောက်ဖက်မလုပ်ကြပါဘူး။ ဒါနဲ့ပဲရော်ဘီတစ်ယောက် တစ်နေရာပြီး တစ်နေရာလိုက်စုံစမ်းရင်း လူမိုက်တွေနဲ့လည်း ရင်ဆိုင်ရတာပဲ။ ရင်ဆိုင်တော့လည်း အထိုးခံရတာပေါ့။ ဒီလိုနဲ့နောက်ဆုံး ဝက်ကို ခိုးသွားတဲ့လူက နယ်နယ်ရရလူမဟုတ်တာကို သိလာချိန်မှာတော့... တစ်ခုတော့ ရှိတယ် တစ်ခုခုကို ဆုံးရှုံးရတဲ့ ခံစားချက်ဟာ အသက်ရှင်နေကြောင်း ဖြစ်တည်နေသေးကြောင်း သက်သေပါပဲတဲ့။ File size…(1.3 GB) and (700 Mb) Quality….web 1080p and 720p Format…mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Mystery • Science Fiction • Thriller
6.7 2021 92 mins
Pig
Beyond the Edge
5.5

မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီး လိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမား အနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ် ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီး နောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေ အားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကို သိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကို တစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့ မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့် ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခု ဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Horror • Fantasy
5.5 2018
Beyond the Edge
Gandeevadhari Arjuna
7.5

Gandeevadhari Arjuna (2023) IMDb-7.7/10 Missionတွေလုပ်ရတဲ့ Agent movieတွေကို နှစ်သက်သူတို့အကြိုက်တွေ့မယ် IMDb 7.7 ရထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ဒီကားထဲမှာတော့ မင်းသားချော Varun Tej ကို အရည်အချင်းမှာ သူမတူအောင်ထက်မြက်ပေမဲ့ အမိန့်မနာခံဘဲ ထင်ရာလုပ်တတ်တဲ့အေးဂျင့်အနေနဲ့ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း ရာသီဥတုဆိုးရွားစွာပြောင်းလဲမှုဒဏ်ကို ကမ္ဘာနဲ့အဝှမ်းခံစားလာရတဲ့အတွက် အမြဲအိပ်ပျော်နေတတ်တဲ့ UNကြီးလည်းနိုးထလာပြီး ရာသီဥတုပြောင်းလဲမှုအတွက် အဓိကကျတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာ စောင့်ကြည့်သူတွေခန့်အပ်ဖို့ အဆိုတင်သွင်းလာပါတယ်။ အိန္ဒိယနိုင်ငံအတွက် စောင့်ကြည့်သူအဖြစ် လျာထားခံရသူကတော့ သစ်တောဝန်ကြီးအာဒီသရာပါ။ စက်ရုံစွန့်ပစ်ပစ္စည်းတွေရဲ့ စွန့်ပစ်မှုကိုကြည့်ရှုစစ်ဆေးအရေးယူရမယ့်သူအဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ မသမာတဲ့လုပ်ငန်းရှင်တစ်စုရဲ့ မဟာရန်သူတော်ကြီးဖြစ်လာတဲ့ဝန်ကြီးအာဒီသရာ၊ သူ့ကို ကာကွယ်ပေးနေတဲ့ ဆရာဖြစ်သူ‌ဗီဂျေးက ဒဏ်ရာရသွားတဲ့နေရာ အာဂျွန်က ဆရာ့ကိုယ်စား ဝန်ကြီးကိုကာကွယ်ဖို့ဖြစ်လာတဲ့အခါ… ဝန်ကြီးရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့အိုင်ရာနဲ့ တစ်ချိန်ကဇာတ်လမ်းလေးကလည်းရှိနေတော့ အာဂျွန်တစ်ယောက် နောက်ဆံတင်းနေပေမဲ့ ဆရာကလည်း အကူအညီတောင်းတာဖြစ်ပြန်၊ တစ်ဖက်မှာလည်း အမေ့ရဲ့ဆေးကုစရိတ်ကြောင့် ငွေလိုနေတဲ့အခါ အလုပ်ကိုလက်ခံပြီး ဝန်ကြီးကိုကာကွယ်ဖို့ ဖိုင်တွဲနံပါတ် ၁၃ ကိုအရယူဖို့ အာဂျွန်တစ်ယောက် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Alex ~ Dee ~ YH ~ ToMo~KKKZ တို့ပဲဖြစ်ပါတယ်

Horror • Thriller
7.5 2023 138 mins
Gandeevadhari Arjuna
I’m a Killer
6.9

I’m a Killer (2016) IMDb-6.9/10 ဒီရုပ်ရှင်ကတော့ 1970 ခုနှစ်ပိုင်း ပိုလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ “သွေးစုပ်ဖုတ်ကောင်” ကွင်းဆက်လူသတ်မှု ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကာတိုဝဇ်မြို့မှာ အမျိုးသမီးတွေ ဆက်တိုက် အသတ်ခံနေပြီး ပါတီဝန်ကြီးဖြစ်သူရဲ့ တူမငယ်ပါ အသတ်ခံလိုက်ရပါတယ်။ ရဲဌာနကလည်း အမှုကိုသုံးနှစ်ကျော်စုံစမ်းစစ် ဆေးခဲ့ပေမဲ့ သံသယတရားခံတောင် ‌ပေါ်မလာတာကြောင့် ရဲမှူးက စုံထောက်ငယ်လေး ဂျန်နက်ဇ် ဂျန်ဆင်စကီးကို စုံစမ်းဖို့အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့စေပါတယ်။ ဂျန်နက်ဇ်လည်း ရနိုင်သမျှ အကူအညီတွေယူပြီး “သွေးစုပ်ဖုတ်ကောင်” ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားရင်း ဝဇ်ကော ကာဆင်စကီးဆိုတဲ့ သံသာတရားခံတစ်ယောက်ကို မိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တိကျသေချာတဲ့ သက်သေမရှိတဲ့အတွက် ဂျန်နက်ဇ်လည်းသက်သေတွေလိုက်လံစစ်ဆေးရင်း ဝဇ်ကောက “သွေးစုပ်ဖုတ်ကောင်” လူသတ်သမား အစစ်လား၊ သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၁၂ ယောက်အတွက်‌ရောတရားမျှတမှုရရှိနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 2.7 GB / 961 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
6.9 2016
I’m a Killer
Teri Baaton Mein Aisa Uljha Jiya
7.1

Teri Baaton Mein Aisa Uljha Jiya (2024) “ချစ်သူရဲ့ စကားသည်သာ… ” IMDb – 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။ အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)

7.1 2024 143 mins
Teri Baaton Mein Aisa Uljha Jiya
Brighton Rock
5.7

ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့ ၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့ အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီး nomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင် ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံ လိုက်ရပါတယ်။ သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာ ကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိ ဖြစ်သွားတာပါ။ ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေ လက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာ ဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။ သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့ အခါမှာတော့…..။ File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.7 2010 111 mins
Brighton Rock
Arnold & Sly: Rivals, Friends, Icons
7.3

Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating – 7.3/10 အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ဆိုင်တာဟာဆိုရင် တအားကိုမှ လက်ပေါက်ကပ်တဲ့ အထိပြိုင်တာပါ။ ရုပ်ရှင်ထဲမှာ မင်း လူ ၂၈ ယောက်သတ်ရင် ငါက ၃၂ ယောက်သတ်မယ်ဆိုတာမျိုး၊ မင်းထက်ပိုကြီးတဲ့ သေနတ်ကိုင်ပြမယ်ဆို တာမျိုးတွေအထိ ပြိုင်ကြတာပါ။ အခု စကားဝိုင်းမှာဆိုရင် သူတို့တွေ ဘယ် လိုတွေပြိုင်ခဲ့ကြလဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဖြုတ်ဖို့ ဘယ်လိုတွေလုပ် ခဲ့သလဲ၊ အချင်းချင်း ဘယ်လိုတွေ အပြန်အလှန်သင်ယူခဲ့လဲဆိုတာကို ကြည့် ရှုရင်း ကျွန်တော်တို့ငယ်ဘဝက အက်ရှင်သူရဲကောင်းကြီးတွေရဲ့ဘဝကို တစ်စိတ်တစ်ပိုင်း လေ့လာခွင့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.19 GB) / (460 MB) Quality…………WEB-DL 1080p / 720p Duration………43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator…….Leonard Lin Encoder……….SWM

7.3 2024 43 mins
Arnold & Sly: Rivals, Friends, Icons
The Beat Beneath My Feet
6.4

IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Drama ဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသော ဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း တွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့် အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။ အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့် Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်း လူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီး သောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုက အခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size… 1.7 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.4 2014
The Beat Beneath My Feet
I’m From the Mountains
5.7

တန်းနစ်အားကစားကို “တော်ဝင်အားကစား” လို့ ခေါ်ကြပြီး လူချမ်းသာတွေသာ ထိတွေ့လို့ရတဲ့ အားကစားလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီလိုအပြောမျိုးက မှားနေကြောင်းကို တရုတ်နိုင်ငံတောတောင်ထဲက ဝ လူမျိုး ပလိုင်းလွယ်တဲ့ လူငယ်လေးတွေက သက်သေပြခဲ့ပါတယ်။ ငယ်စဉ်က အားကစားကျောင်းက ထွက်လာခဲ့ပြီး အခွင့်အရေးမရတာကြောင့် မိသားစု စားဝတ်နေရေးအတွက် အားကစားအိပ်မက်ကို လက်လျှော့ခဲ့ပြီး ကုန်ကားမောင်းနေတဲ့ နည်းပြကျန်းရှောင်ဟုန်ဟာ တပည့်ဖြစ်သူစွန်းချန်ကို ချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးခဲ့ပေမဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒါကို မကျေနပ်တဲ့ နည်းပြကျန်းဟာ ယူနန်တောင်ထဲက သွက်လက်တဲ့ ကလေးတွေကို တန်းနစ်ကစားသမားဖြစ်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။ နည်းပြကျန်းနဲ့ ကလေး ၄ ယောက် တန်းနစ်အားကစားကို ကစားရဖို့အတွက် ဘယ်လို အခက်အခဲတွေ အထင်သေးခံရမှုတွေနဲ့ ကြုံတွေ့ရမလဲ …… တောတောင်ထဲက ကလေးတွေက သာမန်လူတွေထက် ဘယ်လောက် ကြိုးစားအားထုတ်မှုတွေ လုပ်ရသလဲ…… ဆိုတာကို ဖြစ်ရပ်မှန်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
I’m From the Mountains
Stree 2: Sarkate Ka Aatank Stree 2
7.6

Stree 2 (2024) “ဆတ္ထရီ ၂” imdb 7.6/24k တချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကို ရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့ မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။ “အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့က အိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေ နောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။ အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူ မောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက “သူ ပြန်လာပြီ”တဲ့။ ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက် မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Horror • Drama
7.6 2024
Stree 2: Sarkate Ka Aatank Stree 2
Journey’s End
6.7

Journey’s End (2017) IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။ 1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ နာမည်ကျော်” The Space between us “,” Hugo “အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. ” Me before u”,”Love Rosie!” အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin.. ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။ Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။ သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ စိတ်ဖိစီးတာတွေများပြီး အရက်တွေပဲအမြဲသောက်နေတော့ ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ကံကြမ္မာကိုဘယ်လိုရင်ဆိုင်ကြမှာလဲဆိုတာကို သေသေချာချာရိုက်ကူးတင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။) File size…(1.3 GB) / (710 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, War Duration….01:48:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mastero

Action • Crime • Comedy
6.7 2017 108 mins
Journey’s End
The Queen of My Dreams

The Queens of My Dream (2023) က မိသားစုနဲ့ ယဉ်ကျေးမှုအကြောင်းကို နက်နက်နဲနဲရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ အနုပညာမြောက်မှုကို ပြသနေတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်ကတော့ အမေနဲ့ သမီးတို့ရဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး သူတို့ရဲ့ အတူတူနေမှုတွေ၊ ယဉ်ကျေးမှုကွာဟမှုတွေ၊ စိတ်အတွင်းထဲကအရာတွေကို လှပစွာဖော်ပြထားတာဖြစ်ပါတယ်။ အမ်ရီတ် ကာအူးနဲ့ နင်မာရာ ဘူချာ တို့ရဲ့ သရုပ်ဆောင်မှုက ဇာတ်လမ်းကို ပိုမို အသက်ဝင်စေတယ်။ အမ်ရီတ် ကာအူးက သမီးတစ်ယောက်အနေနဲ့ ကိုယ့်အတိတ်ကို ရှာဖွေဖော်ထုတ်ပြီး ကိုယ့်အနာဂတ်ကို တည်ဆောက်ချင်တဲ့ စိတ်ဓာတ်ကို သရုပ်ဖော်နိုင်ပါတယ်။ ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ ရိုက်ချက်တွေက ဇာတ်လမ်းရဲ့ အချို့ အခန်းတွေကို အရမ်းတိကျပါတယ်။ ရုပ်ရှင်ကြည့်ရှုသူကို ဇာတ်လမ်းထဲမှာပျော်ရွှင်စေတဲ့အနေထားတွေနဲ့ စိတ်ကိုသက်သက်သာသာနဲ့ကြည့်ရှု့ရအောင်လုပ်ထားတာပါ ။ ရုပ်ရှင်ရဲ့ ရိုက်ကွင်းတွေက ယဉ်ကျေးမှုအလှတရားကို ဖော်ပြသလို သီချင်းတွေကလည်း ဇာတ်လမ်းရဲ့ ခံစားချက်တွေကို ပိုမို ပေါ်လွင်စေပါတယ်။ ရုပ်ရှင်က ဟာသ၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်ထဲကိုရောက်စေတာမို့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ The Queens of My Dream ဟာ မိသားစုအကြောင်းကို ခံစားချင်သူ၊ ကိုယ့်ယဉ်ကျေးမှုရိုးရာ ယုံကြည်မှုတွေကိုပြန်ပြီးတော့ လေ့လာအာရုံစိုက်မယ့်သူတွေအတွက် ကြည့်သင့်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Comedy
0 2024
The Queen of My Dreams