YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Gong Bpuuan Guan Hai Liew Chua (2021)Ep.11.mp4

267.94 MB 720p video/mp4 241 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
1944
6.8

ဒုတိယကမ္ဘာစစ်အတွင်းက အက်စ်တိုးနီးယားနိုင်ငံရဲ့ အရှေ့တိုင်းစစ်မျက်နှာစာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကိုအခြေခံ ရိုက်ကူးတင်ဆက်ထားပြီး ရသစုံပေးနိုင်သော စစ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတာပါဘဲ။ ဇာတ်လမ်းအကျဉ်းကတော့ အက်စ်တိုးနီးယားနိုင်ငံဟာ ကြားနေနိုင်ငံအဖြစ် ကြေငြာခဲ့ပေမယ့်လည်း ၁၉၄၀ခုနှစ်မှာ ဆိုဗီယက်ကသိမ်းပိုက်ခြင်းခံခဲ့ရပြီး ၁၉၄၁ခုနှစ်မှာ နာဇီဂျာမန်ရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရတယ်။ သူတို့လက်အောက်သို့ကျရောက် နေစဉ် အတောအတွင်းမှာ ဆိုဗီယက်ကဖွဲ့စည်းထားတဲ့ အက်စ်တိုးနီးယန်းတပ်ဖွဲ့နဲ့ နာဇီတို့လက်နက်တပ်ဆင်ပေးထားတဲ့ အက်စ်တိုးနီးယန်းအဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်ဖြစ်ကြပုံကို စစ်ပွဲရဲ့ ရသအပြင် ဒရာမာဆန်ဆန် ရိုက်ကူးထားလို့ ဆုတံဆိပ်များ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်တို့ကို တင်ဆက်ပေးလိုက်ပါတယ်.. File size…1.97GB / 866MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zwel Zan Aung

Adventure • Comedy • Fantasy • Horror
6.8 2015 100 mins
1944
Next Door
6.8

တိုက်ခန်း အခန်းနံပါတ် ၄၀၅ မှာ ငှားရမ်းနေထိုင်သူ ‘ချန်းအူ’ ... ရက်ပ်ကို သဘောကျပြီး ကာရန်စည်းချက်တွေကို တန်ဖိုးထားတဲ့ ၅ နှစ်မြောက် ရဲသင်တန်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေတဲ့လူငယ်လေး ... ညဘက်မှာ အရက်သောက်တာများသွားပြီး နောက်နေ့ မနက် နိုးလာတော့ သူ့အိပ်ယာဘေးမှာ လူတစ်ယောက် အသတ်ခံထားရတာကို တွေ့လိုက်ရတဲ့ အခါ ... ဖြစ်ချင်တော့ ပုံမှန်ချိန်တွေမှာ ဆူညံလွန်းလို့ ဆက်ဆံရေးသိပ်မပြေလည်ခဲ့တဲ့လူ နေထိုင်တဲ့ အခန်းနံပါတ် ၄၀၄ မှာ ပြန်နိုးလာတာဖြစ်ပြီး ဖြစ်ပျက်ခဲ့တာတွေကိုလည်း ဘာတစ်ခုမှ မမှတ်မိတဲ့အခါ ချန်းအူတစ်ယောက် ဘယ်လို ဆက်ဖြစ်မလဲ? သူအမူးလွန် ကောင်းပြီး အိပ်ပျော်နေချိန်မှာ ဘာတွေဖြစ်သွားတာလဲ? သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လူသတ်မိလိုက်တာများလား? ဒါမှမဟုတ် ချောက်ချ ခံရတာလား? ဆိုတာကိုတော့ ဒီ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hnin Wai Oo ပါ။) File Size          : 1.3GB, 488MB, 252MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 32mins Genre              : Thriller Translated by Hnin Wai Oo Encoded by Kinnov

Romance • Thriller
6.8 2022 92 mins
Next Door
Bandit
6.2

1970 ကျော်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ Crime, Thriller ကားလေးပါ။ နည်းပညာမတိုးတက်ခင်ကာလ စီးပွားရေးကြပ်တည်းနေတဲ့ အမေရိကန်နိုင်ငံမှာ Robert ဆိုသူတစ်ယောက်က ပြစ်မှုတစ်ခုနဲ့ မီရှီဂန် အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။ Robert ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ကနေဒါကိုရောက်တဲ့အခါ သတိထားမိတာက ကနေဒါမှာရှိတဲ့ ဘဏ်တွေက US မှာလို လုံခြုံရေးတွေမတင်းကြပ်ဘူးဆိုတာပဲ။ ဒါနဲ့ပဲ သူက ဘဏ်ဓားပြတိုက်တာကို စလုပ်ခဲ့ပြီး ဘဏ်ပေါင်း 59 ခုကို ဓားပြတိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ လက်ဝတ်ရတနာအရောင်းဆိုင်တွေကိုပါ ဓားပြတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရင် အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ Robert တစ်ယောက် ဘဏ်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဘယ်လိုဓားပြတိုက်လဲ? ဓားပြမတိုက်ခင် သူဘာတွေ ပြင်ဆင်လဲ? ကနေဒါ ပြည့်သူ့ ရဲတပ်ဖွဲ့ရဲ့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခံရတဲ့အခါ လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားမလဲ? ဆိုတာကိုတော့ ဒီဖြစ်ရပ်မှန်ပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးမှာ အတူ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie က ပါ။) File Size          : 2.5GB, 680MB, 344MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 6mins Genre              : Crime, Drama, Thriller Translated by Marie Encoded by Kinnov

Comedy • Romance
6.2 2022 126 mins
Bandit
Fatafati

Fatafati IMDb-8/10 အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါ အဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ် ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရ‌စေလားရှင် (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB / 974MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Cherry~Moon~Saii~Yunni

Drama • Mystery • Science Fiction • Thriller
0 2023 131 mins
Fatafati
My Father’s Violin
6.4

My Father’s Violin (2022) ~ IMDb – 6.4/10, Rotten Tomatoes – 82% ~ ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်… “တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ… သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ မှန်းရလွယ်တဲ့ ရုပ်ရှင်လေးနဲ့ အံတုရမယ်ဆိုလည်း မဆိုးပါဘူး။ နေ့ခင်းနေ့လယ် ကော်ဖီခါးခါးကို ကွတ်ကီးဆိမ့်ဆိမ့်လေးနဲ့ မြည်းရသလိုပေါ့။ နောက်ပြီး ဒီကားထဲက ကလေးသရုပ်ဆောင်လေးဟာလည်း သိပ်ကိုမှ ချစ်ဖို့ကောင်းပါတယ်လို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 940MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.4 2022 112 mins
My Father’s Violin
Bad Sister

Bad Sister (2015) နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။ အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ စစ္စတာရေဘက္ကာကို စစ္စတာဆိုဖီယာ့အပေါ် သံသယဝင်နေသူတွေထဲကတစ်ယောက်ဖြစ်လာစေတဲ့အကြောင်းရင်းဖြစ်ခဲ့တယ်။ စစ္စတာဆိုဖီယာက ဘယ်သူလဲ… ဘယ်ကလဲ… သူ့ရဲ့နောက်ကြောင်းတွေကရော ဘာတွေလဲ…. ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် အကြောင်းအရာတွေပဲဖြစ်တာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 715MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

0 2015 85 mins
Bad Sister
Amelia’s Children
5.7

ဒီရုပ်ရှင်လေးကတော့ ပေါ်တူဂီ horror မူဗီလေးဖြစ်ပြီး ဇာတ်လမ်းတစ်လျှောက်လုံး တစိမ့်စိမ့် စီးမျှောကြည့်ရှု သွားရမယ့်ကား‌လေးပါပဲ။ ဇာတ်လမ်းလေးက အက်ဒ်ဝေါ့ဟာ ငယ်စဥ်ဘဝကတည်းက ကွဲကွာသွားခဲ့တဲ့ မိသားစုနဲ့ပြန်ဆုံစည်းရာကနေစပါတယ်။ မိဘမဲ့ဂေဟာမှာပဲ နေထိုင်ခဲ့ရတဲ့ အက်ဒ်ဝေါ့ဟာ မိသားစုတစ်ခုကို အမြဲလိုချင်နေခဲ့ပြီး အခုအခါ အစ်ကိုဖြစ်သူ၊အမေရင်းဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရတော့ သူတို့ရှိရာ ပေါ်တူဂီနယ်က အိမ်ကြီးကိုထွက်လာခဲ့ပါတယ်…။ သို့ပေမဲ့ အဲ့ဒီဒေသမှာက ဒီအိမ်ကြီးကို လူတွေက ရှောင်ကြ ရှားကြပါတယ်..။ ဘာလို့ဆို ဒီအိမ်ကြီးက စုန်းမအိမ်ကြီးလို့ လူပြောများလို့ပါပဲ။ ဒီအကြောင်းကို မသိတဲ့ အက်ဒ်ဝေါ့နဲ့သူ့ကောင်မလေးဟာ ဒီအိမ်ထဲကို ဝင်သွားပြီးနောက်မှာတော့…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File size…1.68GB / 645MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.7 2024 91 mins
Amelia’s Children
Good Morning
7.8

အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ရယ်လို့ ပြောရမယ်။ တတမိဖျာရိုက်ချက်ကတော့ ဇာတ်ကောင်တွေကို ကျွန်တော်တို့က သူ့ရှေ့က တတမိဖျာပေါ်ထိုင်ရင်း မြင်နေရသလိုဖြစ်နေတဲ့ အပြမျိုးပေါ့။ မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ကတော့ အိုဇုဟာ သူ့ဇာတ်လမ်းရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို လုပ်ပေးနိုင်တဲ့ဇာတ်ဝင်ခန်းကို လုံးဝမပြဘဲ ပရိသတ်ကို သူ့ဘာသာပုံဖော်နိုင်အောင် စကားအရိပ်အမြွက်နဲ့ပဲ ပြတာမျိုးပဲ။ နောက်ပိုင်းဒါရိုက်တာတွေလည်း ဒီအကွက်ကို တော်တော်တော့ သုံးခဲ့ကြတယ်။ အိုဇုနဲ့အဆင်ဆုံးပုံစံကိုတော့ Korredaရိုက်ခဲ့တဲ့ Still Walkingမှာ တွေ့နိုင်တယ်။ အိုဇုဟာ သူ့သက်တမ်းတစ်လျှောက်မှာ နှောင်းလူတွေ ပြောစမှတ်ပြုရမယ့် ကားပေါင်းများစွာ ချန်ခဲ့တယ်။ တိုကျိုစတိုရီဆိုရင် သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်တွေထဲ နံပါတ်သုံးချိတ်ခဲ့သလို အကောင်းဆုံးဂျပန်ရုပ်ရှင်အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့တယ်။ ဒုတိယကတော့ အကီရာကူရိုဆာဝါရဲ့ ဆဲဗင်းဆာမူရိုင်းပါပဲ။ နာမည်ကျော် The Criterion Collectionကလည်း သူ့ကားပေါင်းများစွာကို ပြန်ထုတ်ပေးခဲ့တယ်။ Good Morningကတော့ အဲဒီကားတွေထဲက တစ်ကားပေါ့။ Good Morningဟာ အိုဇု ၁၉၃၂တုန်းက ရိုက်ခဲ့ဖူးတဲ့ အသံတိတ်ရုပ်ရှင် I Was Born, Butကို သူကိုယ်တိုင် ပြန်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ အရောင်နဲ့ရိုက်တဲ့ သူ့ရဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အဓိကအားဖြင်တော့ မီနိုရုနဲ့ အစ်ဆုမိဆိုတဲ့ ကလေးနှစ်ယောက်နဲ့ သူ့မိသားစုကို တည်ထားတယ်။နောက် သူ့ဘေးက အဝိုင်းအဝန်းထဲက သူ့အိမ်နီးချင်းတွေတစ်ဖြစ်လည်း သူတို့သူငယ်ချင်းတွေ သူတို့သူငယ်ချင်းတွေရဲ့မိသားစုတွေကိုလည်း ပေါ်လွင်အောင် ပုံဖော်ပြထားတယ်။ သူတို့ ငယ်ဘဝကို သေချာပုံဖော်ပြဖို့ဆို သူတို့အိမ်နီးချင်းတွေ သူငယ်ချင်းတွေကို မပါမဖြစ်လိုသကိုး။ နောက် အဲဒီကလေးနှစ်ယောက်ရဲ့ ကလေးဆန်ဆန် အတွေးအခေါ်တွေ လုပ်ရပ်တွေ စိတ်ကူးစိတ်သန်းတွေ, အဲဒီအရာတွေကို သူတို့မိဘတွေ ကိုင်တွယ်ဖြေရှင်းရပုံတွေကိုပြထားတယ်။ ဇာတ်ကတော့ ဒီလိုရိုးရိုးလေးပဲ။ ဒါပေမဲ့လည်း ဒီလောက်အချိန်တိုလေးအတွင်းမှာ ၃၀လောက်ရှိမယ့် ခုနလူတွေအားလုံးရဲ့ စရိုက်တွေ ဘဝတွေကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဒီဇာတ်ဟာ ဘာမှတော့ ပေးနိုင်မယ့် ဇာတ်မဟုတ်ပါဘူး။ ဒါပေမဲ့ ရယ်အားထက်ငိုအားသန်အဖြစ်တွေ နွေးထွေးမှုတွေတော့ မြင်ရလိမ့်မယ်။ Korreda ရဲ့ I Wish လို Reply 1988လို အခက်အခဲတွေကြားက နွေးထွေးခြင်းတွေကို မြင်ရမယ့်ဇာတ်ပါပဲ။ ဒီထက်ရှင်းရှင်းလင်းလင်းပြောရရင် အိုဇုဆန်တဲ့ အိုဇုရုပ်ရှင်တစ်ကားပါပဲ။ ဒါတော့မပြောလည်းသိမှာပါ။ အိုဇုမဆန်တဲ့ အိုဇုရုပ်ရှင်ဆိုတာမှ မရှိခဲ့ဘူးကိုး။ File size… 1.7 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.8 1959
Good Morning
Fighter
7.9

Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်……. သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ ….. သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား …… တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Fighter
Kapil Return
6.2

Kapil returns 2024 အိပ်မက်ပန်းတိုင် မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စု ယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ် သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာက ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါ ဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ် ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲ ဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာ ထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.2 2023
Kapil Return
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Ninja II: Shadow of a Tear
6.1

IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။ (ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်….. နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ko Soe Htwe ပဲဖြစ်ပါတယ်။) File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Martial Art, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Htwe

Drama • Comedy
6.1 2013 95 mins
Ninja II: Shadow of a Tear
Dark Nuns
6.5

Dark Nuns 2025 ********************* သဘာဝလွန် ဇာတ်လမ်း အမျိုးအစားကိုမှ “Global Hit”အဖြစ် စံချိန်တင်ခဲ့ပြီး၊ ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Song Hye Kyo, Jeon Yeo Been, Lee Jin Wookတို့နဲ့ Moon Woo Jinတို့ ပါဝင်ထားတဲ့ Dark Nuns ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေး ဟီးဂျွန် (Moon Woo Jin)ဟာ ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေ ရှိနေကြတာကတော့ သီလရှင် ယူနီယာ (Song Hye Kyo)နဲ့ ဖာသာပေါလ် (Lee Jin Wook)ပါပဲ။ ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ ဖာသာပေါလ်ကတော့ ဆေးပညာကိုသာ အားထားရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။ ဝိညာဉ်တွေရဲ့ တီးတိုးစကားသံကိုပါ ကြားနိုင်စွမ်း ရှိတဲ့ သီလရှင် ယူနီယာတစ်ယောက် ယူဆချက် မတူတဲ့ ဒီလို အခြေအနေတွေ ကြားကနေ ဟီးဂျွန်ကို ကယ်တင်ဖို့ အတွက် ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုတော.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။) File Size : 1.12GB/ 790MB Quality : WEB_DL 1080p HEVC/ 720p Format…mp4 Duration…01:55:00 Genre : Thriller, Mystery, Horror, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri, Tiff & Hnin Wai Oo Encoded by Tiff

Drama • Comedy • Romance
6.5 2025 115 mins
Dark Nuns