YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Gong Bpuuan Guan Hai Liew Chua(2021).EP 1.mp4

293.15 MB N/A video/mp4 607 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Motion Detected
4.9

ခေတ်မီသူတိုင်း AIကြိုက်ကြတဲ့ ITခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့fieldတစ်ခုစီမှာ AIကိုမှီခိုနေကြပါတယ်။ ဒါကြောင့်လည်းပဲ လူသားတွေတီထွင်ခဲ့တဲ့ AIက overpowering ဖြစ်လွန်းပြီး လူသားတွေကို ကျော်လွန်တော့မှာလားဆိုတဲ့မေးခွန်းတွေ၊ ဒီAIသာ စနစ်တစ်ခုခုချို့ယွင်းခဲ့ရင် errorတက်ခဲ့ရင် human best friend ကနေ အဆိုးဆုံးလူသတ်သမားဖြစ်လာမှာလားဆိုတဲ့ idea‌တွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်လေးကလည်း American Horror stories ရဲ့ Alexaအကြောင်းရိုက်ထားတဲ့ရုပ်ရှင်လိုပဲ Diablo Controlsဆိုတဲ့ကုမ္ပဏီက AI security system အကြောင်း ရိုက်ကူးထားတာပါ။ အဲဗာဟာ အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုရဲ့ ထူးဆန်းစွာ အသက်ရှင်ကျန်နေခဲ့တဲ့လူပေါ့။ ထူးဆန်းစွာလို့ပြောရတာကတော့ အတော်ကိုသွေးဆာနေတဲ့လူသတ်သမားက အဲဗာတို့အိမ်ထဲကို ဖောက်ဝင်ပြီး အဲဗာကိုအကြမ်းဖက်ခဲ့ပေမဲ့ သူ့ကိုမသတ်ဘဲကျော်သွားပြီး တခြားအမျိုးသမီး 2 ယောက်ကိုပဲ သတ်သွားတာပါ။ ဒါပေမဲ့လည်း အဲဗာတစ်ယောက် PTSDနဲ့ သံသယလွန်ကဲရောဂါတွေကြောင့် ဆွေးနွေးကုသမှု ခံယူနေရပြီးတော့ ခင်ပွန်းဖြစ်သူကလည်း အဲဗာကို နေရာသစ် အိမ်သစ် ပတ်ဝန်းကျင်သစ်မှာ စိတ်သစ်လူသစ်နဲ့နားနေနိုင်ဖို့ ကယ်လီဖိုးနီးယားကအိမ်တစ်လုံးကို ခေါ်လာခဲ့ပါတယ်။ အတော်လေး နေရာကျယ်တဲ့ အိမ်ကြီးတစ်လုံးဖြစ်တဲ့အပြင် အဆင့်မြင့်ပရိဘောဂနဲ့ စက်ပစ္စည်းတွေကိုသုံးထားတဲ့ဒီအိမ်ကြီးဟာ အဲဗာတို့ဇနီးမောင်နှံအတွက်တော့ သဘောကျစရာဖြစ်နေတာပေါ့။ အထူးသဖြင့် အိမ်မှာတပ်ဆင်ထားတဲ့ Diablo Controlsရဲ့အဆင့်မြင့်လုံခြုံရေးစနစ်က အိမ်ဖောက်ထွင်းခံရဖူးတဲ့ စိတ်ဒဏ်ရာရှိနေတဲ့အဲဗာအတွက် အသင့်တော်ဆုံးလို့ မီဂေးလ်ကတထစ်ချတွက်နေတာပေါ့။ သူတို့ထက်အရင် ဒီအိမ်မှာနေသွားတဲ့မိသားစုက ပျောက်ချင်းမလှပျောက်သွားတယ်ဆိုတဲ့အချက်ကတော့ ဘဝင်မကျစရာဆိုပေမဲ့ အိမ်ကမျက်စိကျစရာကောင်းလောက်အောင် ခမ်းနားပြီးဆန်းသစ်နေတဲ့အတွက် ငှားဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အိမ်ငှားပြီးပြီးချင်းညမှာပဲ ချက်ချင်းဆိုသလို အရင်မြို့ကို အလုပ်ကိစ္စနဲ့ ပြန်သွားရဖို့ဖြစ်လာတဲ့ ခင်ပွန်းဖြစ်သူကြောင့် အဲဗာတစ်ယောက် 3 ထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.1 GB)/(600 MB)/(290 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre...Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Crime • Drama
4.9 2022 80 mins
Motion Detected
The Storage
5.3

ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Drama/comedy ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေး ချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ - စတိုးဆိုင်တစ်ခုရဲ့ သိုလှောင်ခန်းထဲမှာ ရော့စ်ကုနဲ့ ရာ့နီနန် နှစ်ယောက်သား တာဝန်ယူပြီး လုပ်ပေးရပါတယ်။ ရော့စ်ကုက အဲဒီစတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ ကယ်ရီတာနဲ့ ဇာတ်လမ်း လေးတွေ ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ ကယ်ရီတာက သူ့မှာ ကိုယ်ဝန်ရှိကြောင်း ရော့စ်ကုကို ဖွင့်ပြောလာပါတယ်။ ရော့စ် ကု ကတော့ကလေးကို ဖျက်ချပစ်ဖို့ ပြောပေမဲ့ ကယ်ရီတာက တော့ ကလေးကို မွေးဖြစ်အောင်မွေးမယ်လို့ ပြောပြီး သူနဲ့အတူ တူလာမနေရင် သိုလှောင်ခန်းထဲက ပစ္စည်းတွေကို သူခိုးခဲ့တဲ့ အကြောင်းကို မန်နေဂျာကို အကြောင်းကြားမယ်လို့ပါ အကြပ် ကိုင်ခြိမ်းခြောက်ပြီး သူနဲ့ မိသားစုတစ်ခုကို တည်ထောင်ဖို့ ပြော ခဲ့ပါတယ်။ နောက်ပိုင်းမှာ သိုလှောင်ခန်းထဲကနေ ရော့စ်ကု ခိုးယူနေတဲ့ကိစ္စ တွေကို သူဌေးသိသွားမှာလား၊ ကယ်ရီတာနဲ့အတူတူ သူတို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဘဝလေးမှာ မိသားစုတစ်ခုကို တည်ထောင်နိုင် မလားဆိုတာကို ကြည့်ရှူလို့ရမယ့် ဇာတ်လမ်းလေးတစ်ခုပဲဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.47 GB) / (671 MB) / (391 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......June Encoder..........SWM

Drama • History
5.3 2011 99 mins
The Storage
Future Is a Lonely Place
6.8

ဒီတစ်ခေါက်မှာတော့ ဂျာမန် Action/Drama ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားရဲ့ မူရင်းနာမည်ကတော့ "Die Zukunft ist ein einsamer Ort" ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဖရန့် ဟာ သူ့ယောက်ဖ ဓားပြတိုက်ပြေးလာတာကို ကိုယ်စား၀င် အဖမ်းခံခဲ့ပြီး ‌ထောင်အချခံလိုက်ရပါတယ်။ ဒါပေမယ့် သူထောင်အကျခံခဲ့တဲ့ အကြောင်းပြချက်က ဒီတစ်ခုတည်းမဟုတ်ဘဲ တခြားရည်ရွယ်ချက်တစ်ခုပါ ရှိနေခဲ့ပါတယ်။ လက်စားချေဖို့ပါ။ သူအငြိုးရှိနေတဲ့ ဆေးရောင်းသမားတစ်ဦးကို တိုက်ခိုက်ဖို့ကြံစည်ရင်း ဆေးအရောင်းအ၀ယ်လောကထဲ ရောက်ရှိသွားတဲ့အခါ သူ့အကြံအစည် အောင်မြင်နိုင်ပါ့မလား။ ဘယ်လိုအန္တရာယ်တွေ၊ အခက်အခဲတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Action • Thriller
6.8 2021 101 mins
Future Is a Lonely Place
A Turtle's Tale: Sammy's Adventures
6

လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ "လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ"တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ "Count on me" နဲ့ "Talking to the moon", Michael Jackson cover ဆိုထားတဲ့ "Ain't no sunshine" အပြင် "California dreamin", "Love will find a way" တို့လို နာမည်ကြီးသီချင်းတွေ ပါဝင်မှာဖြစ်လို့ ကြည့်ရှုရတန်စေမှာပါ။ 2010 ခုနှစ်က ထွက်ရှိခဲ့တာဆိုပေမဲ့ animation တွေက လန်းနေဆဲဖြစ်ပြီးတော့ plot ကလည်း အရိုးလေး အဆန်းဆုံးလေးဖြစ်လို့ ခံစားကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါ‌ရစေနော်။ File size…2.1GB / 1GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet

Horror • Mystery • Thriller
6 2010 88 mins
A Turtle's Tale: Sammy's Adventures
Infinite
6.6

သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ မင်းသားမင်းသမီးတွေကလည်း သိပြီးသားလူတွေပါပဲ။ ဇာတ်လမ်းကတော့ လူဝင်စားအယူအဆတွေကို အခြေခံထားပါတယ်။ ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။ သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။ ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။ နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။ သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန် သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့ တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေ တက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ နှစ်ဖွဲ့လုံးအတွက် အရေးအကြီးဆုံးလူဖြစ်နေတာကြောင့် အပြိုင်အဆိုင် လာလုကြပါတော့တယ်။ ကမ္ဘာကြီးရဲ့ ကံကြမ္မာကပါ သူ့အပေါ်မှာ မူတည်နေတာကို သိသွားတဲ့အခါ... File Size :(900 MB) Quality : Web-DL 720P Format…mp4 Duration…01:48:00 Genre : Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Comedy • Drama
6.6 2021 106 mins
Infinite
The Wandering Moon
7

The Wandering Moon ( 2022 ) ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • TV Movie
7 2022
The Wandering Moon
Land of Gold
6.7

ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အားပေးကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ဗျ။ File size…(1.8 GB)/(870 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Thriller • Romance
6.7 2022
Land of Gold
To All a Good Night
7.7

To All a Good Night (2023) =================== To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာ ကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီး တော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေ အားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။ အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ် ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ် ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ် ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDb rating 7.7 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.97 GB) / (722 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thy Santa Encoder……….SWM

7.7 2023
To All a Good Night
Unknown
6.4

Unknown 2006 (IMDB 6.4/10) Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲ အဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့ Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့ သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ် သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲ ဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာ အစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 557MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.4 2006 85 mins
Unknown
Undercover Brother
5.9

Undercover Brother (2002) ==================== IMDb Rating – 5.9/10 အမေရိကားနိုင်ငံမှာ အာဖရိကန် – အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ “The Man” ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် “The Man” မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ “ဘရားသားဟုဒ်” လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် “ဘရားသားဟုဒ်” အဖွဲ့အနေနဲ့ ဒီကိစ္စဟာ “The Man” ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် အရင်လို မဟုတ် ဘဲ စုံစမ်းဖို့ခက်ခဲနေပါတော့တယ်။ ဒီအချိန်မှာ ကယ်တင်ဖို့ ရောက်လာတာကတော့ သူ့ဟာသူ တစ်ကိုယ်တော်လှုပ်ရှားနေတဲ့ “Undercover Brother” ခေါ် သူလျှိုဘရား သားပဲဖြစ်ပါတယ်။ သူဟာ ဘယ်လိုမျိုးတွေတော်နေလို့ “ဘရားသားဟုဒ်” ကနေ လက်တွဲခေါ်ချင်နေရ တာလဲ၊ သူ့အနေနဲ့ “ဘရားသားဟုဒ်” ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ “The Man” ရဲ့ အကြံအစည်တွေကို ဖော်ထုတ်နိုင်ပါ့မလား၊ “The Man” ရဲ့ အကြံအစည် တွေကရော ဘာတွေလဲ၊ သူနဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ရဲ့ သမ္မတဝင်အရွေးမခံဘဲနဲ့ ကြက်ကြော်ဆိုင်ပဲ ဖွင့်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကရော တစ်နည်းနည်းနဲ့ပတ်သတ်နေ မလား… ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဒီ “Undercover Brother” ဆိုတဲ့ spy action comedy ကားလေးကိုကြည့်ရင်းနဲ့ ရှာဖွေဖော်ထုတ်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.8 GB) / (823 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy Translator…….Fiona Gillen Encoder……….SWM

Drama
5.9 2002 86 mins
Undercover Brother
Running on Empty
5.8

Running on Empty က ဒါရိုက်တာ/ဇာတ်ညွှန်းရေးဆရာ အသစ်ဖြစ်တဲ့ Daniel Andre ရဲ့ ပထမဆုံး debut film ဖြစ်ပြီးတော့ Lucy Hale, Dustin Milligan နဲ့ Francesca Eastwood တို့ပါဝင်သရုပ်ဆောင် ထားတဲ့ Comedy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Life Day Count(LDC) လို့ခေါ်တဲ့ ကိုယ်သေဆုံးမဲ့ရက်ကို ကြိုတင်တွက်ချက်လို့ရတဲ့ သိပ္ပံနည်းပညာသစ်ထွန်းကားနေတဲ့ ကာလမှာ Mort တစ်ယောက် သူ့ရဲ့ရည်းစားနဲ့အတူနေဖို့ အိမ်ဝယ်ဖို့ လုပ်ရင်း သူ့ရဲ့ LDC ကိုတွက်လိုက်မိတဲ့အချိန် သူ့မှာ အသက်ရှင်ဖို့ တစ်နှစ်တောင်မကျန်တော့တာကို သိလိုက်ရပါတယ်။ သူ့ရဲ့သေဆုံးမဲ့ရက်ကိုသိလိုက်ရပြီးနောက် သူ့ရည်းစားကသူ့ကို ပစ်သွားခဲ့ပြီး လူတွေရဲ့ LDC ပေါ်အခြေခံပြီး matching လုပ်ပေးတဲ့ dating service ကနေတဆင့် Kate ဆိုတဲ့ကောင်မလေးကို တွေ့ဆုံခဲ့ရပြီးနောက်…. File size…2GB / 781MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Crime • Drama • Thriller
5.8 2024
Running on Empty
Decoded
6

မိုက်ကျားဆိုတဲ့ ကလောင်နာမည်နဲ့ ၂၀၀၂ ခုနှစ်မှာ ရေးသားထုတ်ဝေလို့ တရုတ်အစိုးရ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ ကုဒ်ဖျက်သူဝတ္ထု ကို အခုတော့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့ပါပြီ… ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်ကာလခေတ်နှောင်းပိုင်း ဆိုက်ဘာစစ်ပွဲကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး… ” တိုင်းပြည်ဆိုတာ ငါတို့အသက်ကိုစတေးပြီးတောင် ကာကွယ်သင့်တဲ့ အရာ” လို့ သင်ပေးတဲ့လူတစ်ယောက်စကားကြောင့်… “တိုင်းပြည်ဆိုတာ ချစ်တဲ့သူ၊ မိတ်ဆွေ၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေ စုဝေးရာ အိမ်” လို့ ပြောပြခဲ့တဲ့ လူတစ်ယောက်ကြောင့် … နာမည်ကောင်းမရလည်း… နာမည်ဂုဏ်မဖော်လိုဘဲ တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့တဲ့ လျို့ဝှက်ကုဒ် ဖြေသူ သင်္ချာကိန်းဂဏန်းပါရမီရှင် ရုံကျင်းကျန်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူး ပုံဖော်ထားတာဖြစ်တယ်… ရုံကျင်းကျန်းက တစ်မူထူးခြားတဲ့ ပညာရှင်ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိပေမယ့် သင်ပြပေးသူမရှိဘဲ သင်္ချာကို ထူးချွန်သူဖြစ်လို့ သင်္ချာပညာရှင် ပါမောက္ခ Liseiwicz ရဲ့ အလေးပေးခံရပြီး လူဦးနှောက်ကို အသုံးပြုပြီး ဖန်တီးတဲ့ ကွန်ပျူတာအကြောင်းနဲ့ ကုတ်အကြောင်းကို နားလည်ခဲ့ပါတယ်… အပေါ်မှာပြောသလိုပဲ ဆိုက်ဘာစစ်ပွဲကာလဖြစ်လို့ ကုတ်ဖြေသူကို တိုင်းပြည်က လိုအပ်ချိန်မလို့ ရုံကျင်းကျန်းက အထူးတပ်ဖွဲ့ အမှတ် ၇၀၁ မှာ လျို့ဝှက် မစ်ရှင်ဆောင်ရွက်ဖို့ ကြောင်းဖန်လာပါတယ်…. လျို့ဝှက်မစ်ရှင်ဖြစ်တဲ့အတွက် သူ့စွမ်းဆောင်မှုကိုသာသိကြပြီး နောက်ကွယ်က ကြိုးစားအားထုတ်သူကိုတော့ မသိခဲ့ကြတာ ယနေ့တိုင်ပါပဲ… ရုံကျန်းကျင်းက ငါဘယ်သူဆိုတာထက် ငါ့လုပ်ရပ်က ဘာဆိုတာ အရေးကြီးကြောင်း ပြသခဲ့တဲ့ ယုံကြည်ချက်နဲ့ အသက်ရှင်ခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ဦးပါ… “Decoded” ဇာတ်ကားလေးက သာမန်အချစ် အလွမ်းအမုန်း စိတ်ကူးပုံဖော်ထားတဲ့ ကားမျိုးမဟုတ်ဘဲ မတူကွဲပြားတဲ့ လျှို့ဝှက်လုပ်ငန်းစဉ်တွေနဲ့ ပါရမီရှင် ရုံကျန်းကျင်းရဲ့ ထူးခြားတဲ့ အတွေးတွေနဲ့အတူ လက်ဗလာကနေ လက်ရှိဘဝကို ရောက်အောင်ကြိုးစားခဲ့တဲ့ တစ်ခေတ်တစ်ခါက သူတို့သမိုင်းကြောင်းရဲ့ တစ်ခန်းတစ်ကဏ္ဏကို ပုံဖော်ရိုက်ကူးထားတဲ့ကားမို့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…

6 2024
Decoded
Scrooged
6.9

Scrooged (1988) ~ IMDb – 6.9/10, Rotten Tomatoes – 71% ~ ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ပါတယ်။ ဒီကားမှာ တခြားခရစ္စမတ်ကားတွေထက် ထူးခြားတဲ့အချက်က နောက်ဆုံးသီချင်းကို တစ်ကားလုံးပါသမျှလူတွေ အတူတူဆိုသွားကြတာပါပဲ။ ဒါကသိပ်တော့မထူးခြားသလိုဖြစ်နေမှာပေမဲ့ သူတို့အတူတူဆိုကြတဲ့ သီချင်းက ခရစ္စမတ်နဲ့သိပ်လိုက်ဖက်သလို သိပ်လှတဲ့သီချင်းဖြစ်နေတာက ပိုထူးခြားသွားစေတာပါပဲ။ Jackie DeShannon ရဲ့ “Put a Little Love in Your Heart” ပါပဲ။ 1969 တုန်းက Hot 100 မှာ နံပါတ်၄ချိတ်ခဲ့တဲ့ သီချင်းဖြစ်သလို ကမ္ဘာကြီးကို အချစ်တွေနဲ့ ဖြည့်ချင်ခဲ့တဲ့ သီချင်းလည်းဟုတ်တော့ ခရစ္စမတ်နဲ့သိပ်လိုက်တဲ့သီချင်းဖြစ်နေတယ်။ ကမ္ဘာကြီးက အချစ်တွေနဲ့ပြည့်နေတယ်လို့တော့ မလိမ်ချင်ပါဘူး။ အခုရော နောင်ရော ကမ္ဘာမှာ အချစ်ထက် ကျန်တာတွေနဲ့ ပိုပြည့်ဝနေမှာပါပဲ။ တစ်ခါတလေတော့လည်း ကမ္ဘာကြီးထဲ အချစ်လေးနည်းနည်းထည့်ကြည့်လိုက်တာ မမှန်တောင် မမှားဘူးပေါ့။ Put a little love in your heart… And the world will be a better place And the world will be a better place For you and me You just wait and see Take a good look around And if you’re looking down Put a little love in your heart… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.1GB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.9/10 Format – mkv, mp4 Duration – 1H 41Min Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Comedy • Romance
6.9 1988 101 mins
Scrooged
I Am The King
6.4

I Am The King (2012) ********************* IMDb….. 6.4 I am the King ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ သမိုင်း​နောက်ခံ ဟာသရုပ်ရှင်ကားဖြစ်ပြီး သရုပ်​ဆောင်​တွေက​တော့ Ju Ji-hoon, Park Yeong-gyu, Baek Yoon-sik, Byun Hee-bong, Kim Soo-ro နဲ့ Lee Haneeတို့ အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ အိမ်​ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်း​​ညောက ​ သောက်စားမူးယစ်ပြီး ​ပျော်​ပါး​နေတာ​ကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယ​မြောက်သား​တော် မင်းသားချွန်း​ညောကို အိမ်​ရှေ့စံအဖြစ် တင်​မြှောက်လိုက်ပါ​တော့တယ်။ ဒါပေမဲ့လည်း မင်းသားချွန်း​​ညောဟာ တိုင်းပြည်​ရေးကို စိတ်မဝင်စားဘဲ စာ​​ပေ​ကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။ ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာ​ကြောင့် နန်း​တော်ထဲက ထွက်​ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်း​​ညောနဲ့ တစ်ပုံစံတည်းတူတဲ့ အ​စေခံ​ဒေါ့ချီဆိုသူကလည်း နန်း​တော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သား လူလဲကာ ​ဒေါ့ချီက အိမ်​ရှေ့စံအစား နန်း​တော်ထဲက ဖိအား​တွေခံစားရပြီး မင်းသားချွန်း​​ညောက အ​စေခံအစား နှိပ်စက်ခံရတဲ့အချိန်…. တိုင်းပြည်ရဲ့ ပကတိအ​ခြေအ​နေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့ မင်းသားချွန်း​ညောအ​နေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလား ဒါမှမဟုတ် ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ပါဦးရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Stary ပဲ ဖြစ်ပါတယ်။) File Size : 2.11GB/ 0.98GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

Thriller
6.4 2012 120 mins
I Am The King