YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Golden Mask (2022) (Ep35).mp4

296.76 MB N/A video/mp4 756 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rogue
6.4

ဒီကားကတော့ Australia ရဲ့ Northern Territory ကိုအခြေပြုပြီး ရိုက်ထားတဲ့ horror ကားတစ်ကားပါ။ မတူညီတဲ့နောက်ခံတွေ ဘ၀တွေရှိကြတဲ့ သာမန်မိသားစုတွေ၊ စုံတွဲတွေ၊ တစ်ယောက်ထဲ ကိုယ့်အကြောင်းနဲ့ကိုယ် လေ့လာရေးထွက်လာတဲ့ လူတွေဟာ… အလည်အပတ်ခရီးစဉ်အတွက် ဒီရေမြစ်တစ်လျှောက်က မိကျောင်းတွေကို ကြည့်ပြီးတောတွင်းသဘာ၀ကို ခံစားဖို့ လှေတစ်စီးထဲမှာ စီးလာကြရာကနေ… တောရိုင်းသားရဲကောင်တွေရဲ့ သဘာ၀အတိုင်းပဲ.. ဘယ်အချိန်မှာ ထပြီး ကိုယ့်ကို အန္တရာယ် ပေးမယ်ဆိုတာ မသိနိုင်သလို… သူတို့ တိုက်ခိုက်လာတဲ့အခါမှာလည်း… လှေထဲမှာပါလာတဲ့လူတွေက အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုစားရမယ်၊ ဘယ်လိုစည်းလုံးကြမယ်၊ ဘယ်လိုသွေးကွဲကြမယ်ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ကြည့်ရမှာပါ။ အဓိကမင်းသားနဲ့ မင်းသမီးဆိုတာထက် ဇာတ်ကောင်တွေအားလုံးရဲ့ မတူညီတဲ့ စရိုက်တွေကို မြင်ရမှာပါ။ သူတို့ မိကျောင်းရန်ကနေ ဘယ်လိုအသက်လုပြီး ပြေးကြမလဲ၊ ဘယ်သူတွေကရော မိကျောင်းပါးစပ်ထဲ ရောက်ကုန်ကြမှာလဲ၊ သူတို့အားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ပါနော်… File size…2.32 GB/ 846.4 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Adventure • Comedy
6.4 2007 99 mins
Rogue
Eighth Grade
7.2

IMDb - 7.4/10_____Rotten - 99% ဒီရုပ်ရှင်ကားဟာ ဆုပေါင်း ၆ ဆုလောက် ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဆုရဖို့ စကာတင် ၃ ခါ လောက် ရှိခဲ့ပါသေးတယ် အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတဲ့ ကေလာဒေး ဆိုတဲ့ ၈ တန်းကျောင်းသူ ဆယ်ကျော်သက် ရဲ့ ဘဝ ဖြတ်သန်းမှု လေးကို ပုံဖော်ထားတာပါ ကေလာ မှာ သူ့ကို ချစ်ပေးမဲ့ အဖေသာ ရှိပြီး အမေ မရှိတော့ပါ ဒီတော့ ကာ တိုင်ပင်ရလောက်တဲ့ အနေအထားတစ်ချို့ အဖေဆီမှာ မရှိတဲ့ အတွက် အဖေက ဘယ်လိုပဲ အမေနေရာက ဂရုစိုက်စိုက် ကေလာ အတွက် တစ်ချို့ ကိစ္စတွေမှာ သင်ကြားပြသပေးမဲ့သူ မရှိပါဘူး ကေလာ ဟာ ရုပ်နည်းနည်းဆိုးပြီး ဗိုက်ပူပူ ခါးတုတ်တုတ် ကလေးမလေးပါ ဒါကြောင့် ကျောင်းမှာ သူဟာ အပယ်ခံလိုလို ဘာလိုလိုတွေ ဖြစ်ပြီး ကျောင်းရဲ့ ဆယ်လီတွေကြား သူ့ကိုကြိုက်မယ့် ကောင်လေးလဲ မရှိပါဘူး သူ့မှာ အဖော်ကောင်းဆိုလို့ သူပိုင်တဲ့ Youtube Channel လေး တစ်ခုရှိပါတယ် အဲ့ဒီမှာ သူတင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက် ရဲ့ စိတ်နေစိတ်ထား ဘယ်လို လေ့ကျင့်ပြင်ဆင်ရမယ် ဘာညာတွေ လျှောက်ပြော လျှောက်လုပ်ပြ နေပေမဲ့ အပြင်က လက်တွေ့ ဘ၀ မှာတော့ သူက လူကြောက်တက်ပြီး လူတွေနဲ့ ခပ်ဝေးဝေး နေချင်သူ တစ်ယောက်သာ ဖြစ်နေခဲ့ပါတယ်.... ကေလာ အနေနဲ့ နောက်ဆုံးမှာ သူငယ်ချင်းတစ်ချို့ ထားကြည့်မယ် လူငယ်တွေ လုပ်နေကြ အရာတစ်ချို့ လုပ်မယ် ကစားပွဲတွေ ပါတီတွေ တက်မယ် ရည်းစားထားကြည့်မယ် လို့ ဆုံးဖြတ်ပြီး အကုန်လျှောက်လုပ်ဖို့ ဆုံးဖြတ်ပါတယ် ဒါပေမဲ့ သူလုပ်လိုက်တိုင်း အရာရာတိုင်း တလွဲတွေ ဖြစ်ဖြစ်သွားတာပါပဲ.... ဆယ်ကျော်သက် တစ်ယောက်ရဲ့ အလွဲလေးတွေ စိတ်တိုင်းမကျတာတွေက ကျနော်တို့လို့ ငယ်ဘ၀ ကို ပြန်သတိရစေပါတယ် ဒီဗီဒီယို ကိုသားသမီး အငယ်လေးတွေ ရှိတဲ့ မိဘတွေ လဲ ကြည့်သင့်ပါတယ်... ရုပ်ရှင်ကို ဘာသာပြန်ပေးထားတာကတော့ May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်.... File Size - 673 MB Quality - Blu-Ray Rip 720p File Type - mp4 Duration - 01:33:00 Translator - May Thu Encoder - Thit San Khant

Comedy • Drama • Sci-Fi & Fantasy
7.2 2018 94 mins
Eighth Grade
Vivarium
6.1

Sci-fi / Thriller ကားကောင်းကြိုက်သူများအတွက် လတ်တလောထွက်ထားပြီး Now you see me တို့ Zombie Land တို့ထဲက မင်းသား Jesse Eisenberg ပါဝင်ထားတဲ့ကားလေး။ လူငယ်စုံတွဲ တတွဲက အတူနေဖို့အိမ်လေး တအိမ်ကိုလိုက်ရှာနေခဲ့တယ်။ အိမ်ရာစျေးနှုန်းတွေကလည်း သိတဲ့အတိုင်း တဖြည်းဖြည်းမြင့်တက်လာနေတယ်။ အသိတယောက်ကလည်း အိမ်ရာကောင်းကောင်းတွေ့ရင် လက်မနှေးဖို့ ရတုန်းယူထားဖို့အကြံပေးသွားသေးတယ်။ အဲနေ့ညနေမှာပဲ သူတို့စုံတွဲက အိမ်ရာတွေရောင်းတဲ့နေရာမှာ အိမ်ခြံမြေအကျိုးဆောင်နဲ့ သွားတွေ့ ခဲ့ကြတယ်။ အကျိုးဆောင်ပုံစံကတော့ တမျိုးကြီးပဲ။ ထောင့်မကျိုးတာလည်း မဟုတ် ရိုင်းစိုင်းတာလည်းမဟုတ် တမျိုးကြီးဖြစ်နေပေမယ့် အပြောကောင်းတော့ သူတို့အိမ်ရာကို ပုံထဲတင်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကျိုးဆောင်အပြောအရ နေရာကလည်းအဆင်ပြေမယ့်ဆင်ခြေဖုံးနေရာ အိမ်ရာတွေကိုလည်း လူတွေကဝယ်ပြီး နေရာရွှေ့လာကြတော့မှာ။ အိမ်ရှာနေတာလည်း ကြာနေပြီမလား။ အဆင်ပြေရင်တော့ ဝယ်လိုက်ကြမယ်စိတ်ကူးနဲ့ပေါ့။ အဲလိုနဲ့ သူတို့အိမ်ရာတွေဆီသွားခဲ့ကြတယ်။ အိမ်တွေကတော့ ပုံစံတူတွေပဲ။ အဲလိုနဲ့ သူတို့ကြည့်ရမယ့် အိမ် အမှတ်ကိုးကိုရောက်လာကြတယ်။ အိမ်အကြောင်းကို ရှင်းပြနေရင်း သူတို့နောက်ဘက်ကိုသွားလိုက်ချိန်မှာပဲ အကျိုးဆောင်က ထွက်ခွာသွားတော့တယ်။ အဲဒါနဲ့ သူတို့လည်း အဲအိမ်ရာဝင်းထဲကနေ ပြန်ထွက်ဖို့ လုပ်တဲ့အခါမှာတော့ ဝင်္ကပါလိုဖြစ်ပြီး အိမ်အမှတ်ကိုး ကိုပဲ ပြန်ရောက်လာလာနေတယ်။ သူတို့ ဘယ်လိုပဲ ထွက်ဖို့ ကြိုးစား ကြိုးစား ထွက်မရခဲ့တဲ့အပြင် သူတို့ဆီကို မမျှော်လင့်တဲ့ အရာတခုပါ ရောက်လာတဲ့ အခါမှာတော့ သူတို့ ဘယ်လိုဆက်ဖြစ်ကြမှာလဲ ထွက်နိုင်သွားမှာလားဆိုတာတွေကို စိတ်ပါဝင်စားစွာ ကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။ ကဲ Stay Home ကာလမှာ အိမ်ထဲကနေထွက်ဖို့ကြိုးစားတဲ့ ကားလေးကို ကြည့်လိုက်ကြပါအုံး။ နောက်ပြီး အပြင်ကပြန်ရောက်တိုင်း လက်ဆေးဖို့မမေ့ကြပါနဲ့။ လက်ဆေးတိုင်းလည်း စက္ကန့် ၂၀ကြာအောင် ဆေးကြပါစို့။ Stay Home Watch Movie and save lives .. File Size : ( 917 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 37 min Format : Mp4 Genre : Comedy , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by NightFury Encoded by Moe Myint Lwin

Drama • Science Fiction
6.1 2019 97 mins
Vivarium
Outsource
3.5

Outsource (2022) ဒီဇာတ်ကားထဲမှာဆိုရင်တော့ ဂျော်ဒန်မင်းသားကြီး Bashar Atiyat ကတော့ ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားကို Mission: Impossible နဲ့ Bourne Movies တွေရဲ့ Budget Version လို့တောင်ပြောလို့ရပါတယ်။ ဇာတ်လမ်း Plot ကလည်းကောင်းတဲ့အပြင် ကြည့်ရလည်း မဆိုးလှပါဘူး။ ဒီဇာတ်ကားကိုတော့ ဘာရှာဆိုတဲ့ ဇာတ်ကောင်အပေါ် အခြေခံပြီးဇာတ်အိမ်တည်ထားတာပါ။ ဘာရှာဆိုတာက အရင်က နိုင်ငံတကာ စပိုင်ဖြစ်ခဲ့ဖူးတဲ့သူပေါ့။ သူဟာ အတိတ်မှာအဖြစ်ဆိုးတွေဖြစ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံပိုင်စပိုင်ဘဝကို စွန့်လွှတ်ပြီး အလွတ်တမ်း ကြေးစားစပိုင်အဖြစ်ကိုပြောင်းခဲ့တာပေါ့။ တစ်နေ့မှာတော့ သူ့ သူငယ်ချင်းဟောင်း ဖိလစ်ပိုင်ရဲမှူးတစ်ယောက်က အကူအညီတောင်းလို့ ဖိလစ်ပိုင်က မြေအောက်အဖွဲ့အစည်းတွေကို မြေလှန်ပေးဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ စစ်ဆင်ရေးလုပ်ပြီး မကြာခင်မှာပဲ ဖိလစ်ပိုင်က ကြေးစားလူသတ်သမားတစ်ဦးကြောင့် မင်းသားကြီးရဲ့ မိတ်ဆွေရဲမှူးကြီးက ဆုံးသွားရှာပါတယ်။ ဒီလိုနဲ့ပဲ မင်းသားကြီးကပါ ဂွင်ဆင်ခံလိုက်ရပြီး သူ့ကိုပါ အမှုပတ်သွားပြန်ပါတော့တယ်။ အဲ့လိုနဲ့ပဲ ဘာရှာတစ်ယောက် သူ့ကိုယ်သူဘယ်လို ကာကွယ်သွားမလဲ... တဖြေးဖြေးနဲ့ ဇာတ်ရှုပ်လာတဲ့ မြေအောက် ဒုစရိုက်အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ... ဆိုတာကို ဒီဇာတ်ကားမှာ ရသပေါင်းစုံနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Drama
3.5 2022 102 mins
Outsource
Mission: Impossible – Fallout
7.7

Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.7 2018 147 mins
Mission: Impossible – Fallout
Dead in a Week Or Your Money Back
6.3

Dead in a Week Or Your Money Back (2018) ~ IMDb – 6.3/10, Rotten Tomatoes – 52% ~ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ ‌စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။ ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။ ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ဆက်သွယ်လာတဲ့ စာအုပ်တိုက်ကနေ မိန်းမချောလေး အယ်လီနဲ့ ဆုံလာတဲ့အချိန်မှာ သေချင်တိုင်း သေလို့မရတဲ့ ဝီလျံရယ်၊ ပဲလှော်ကြား ဆားညပ်မယ့် အလှလေး အယ်လီရယ်၊ အလုပ်အပေါ် အရမ်းသိတတ် တာ၀န်ကျေပြီး ဝီလျံကို မရရအောင် သတ်ပေးမယ့် လုပ်ကြံရေးသမားကြီး လက်စ်လေတို့ သုံးယောက် ဘယ်လိုတွေလွဲပြီး ဘယ်လိုတွေ ခွီရမလဲ ဆိုတာ ဒီ Dark Comedy ရုပ်ရှင်‌လေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 680MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Action • Thriller • Mystery • Crime • Horror
6.3 2018 90 mins
Dead in a Week Or Your Money Back
Sound of Freedom
7.8

Sound of Freedom (2023) =================== IMDb Rating – 7.8/10 IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.86 GB) / (774 MB) Quality………..WEB-DL 1080p / 720p Duration……..2Hr 11Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator……Thiha Yan Naing Encoder……….SWM

7.8 2023 131 mins
Sound of Freedom
Pain Hustlers
6.5

Pain Hustlers (2023) “ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ” တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက အရှုပ်တော်ပုံအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ခရစ်အီဗန် နဲ့ အမ်မလီဘလန့်တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဘယ်ဖြစ်ရပ်မှန်လဲဆိုတော့ အမေရိကန်ရဲ့ ဘိန်းစွဲကပ်ဘေးလို့ခေါ်တဲ့ Opioid Crisis ကာလ (၁၉၉၉-၂၀၁၆) အတွင်းကို အခြေခံထားတာပါ။ လူပေါင်း ၄၅၀၀၀၀ လောက် ဘိန်းပါတဲ့ဆေးဝါးတွေကြောင့် သေဆုံးခဲ့ရတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာ လမ်းပေါ်က မူးယစ်ဆေးတွေအပြင် ဘိန်းပါတဲ့ဆေးတွေကို မဆင်မခြင်ညွှန်းခဲ့တဲ့ ဆရာဝန်တွေကြောင့်လည်းဖြစ်ခဲ့တာပါ။ အဲဒီအမှုအခင်းနောက်ပိုင်းမှာ ဆေးဝါးမသမာမှုတွေ အနည်းငယ်လျော့နည်းသွားပေမဲ့ သဘောတရားကတော့ ဒီနေ့ခေတ်အထိ တစ်ကမ္ဘာလုံးမှာ ပြန့်နှံနေတုန်းပါပဲ။ အခုချိန်ထိ ကမ္ဘာအနှံ့က ဆရာဝန်တွေဟာ ဆေးပေးဖို့ ရွေးချယ်တဲ့အခါ ဆေးဘရန်းပေါင်းများစွာထဲက သူတို့လက်စွဲဘရန်းတွေကိုပဲ သီးသီးသန့်သန့်ညွှန်းနေကြတတ်တုန်းပါပဲ။ အချို့ဆရာဝန်တွေဟာ ကျင့်ဝတ်အတိုင်း သင့်တော်တဲ့ ဆေးကိုရွေးပေမဲ့ အချို့ကတော့ အခွင့်အရေးပေးတာများတဲ့ ဈေးပိုကြီးတဲ့ဆေးတွေကိုပဲ လက်စွဲထားပြီး ညွှန်းနေကြတုန်းပါပဲ။ ဆရာဝန်တစ်ယောက်ဟာ Vitamin-C လို အားဆေးလေးကိုတောင် ဘရန်းတစ်ခုတည်းပဲ စွဲစွဲမြဲမြဲညွှန်းပေးရင် အားဆေးကုမ္ပဏီက နောက်ဆုံးပေါ် အိုင်ဖုန်းတွေ ထွက်တိုင်းလက်ဆောင်ပေးတဲ့အထိ စွမ်းပါတယ်။ အခြားဆေးတွေဆိုရင် တွေးကြည့်လို့ရမှာပါ။ ဆေးကုမ္ပဏီဝန်ထမ်းကို ငယ်ငယ်ချောချောလေးတွေ ရွေးခန့်တာကလည်း… (အရည်အချင်းနဲ့ သွက်သက်လက်လက်ရှိလို့ရွေးရင်းတိုက်ဆိုင်သွားတာ ပြောတာပါ)။ ဆိုတော့က ဒီရုပ်ရှင်ကိုတော့ Crime, Drama, Dark Comedy ကောင်းတစ်ခုပါလို့ပဲ ညွှန်းချင်ပါတယ်။ ကြည့်ရင်း တရားပေါက်လာဖို့ တင်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 875MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 2Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.5 2023
Pain Hustlers
Make a Bow and Kiss
5.7

Make a Bow and Kiss (2017) Genre – Drama,Romance IMDb – 5.7/10 ဂျပန်လေးပစ်အားကစား(ကျူဒို)ကို အရမ်းသဘောကျတဲ့ Kishimoto တစ်ယောက် ဘွဲ့ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ ကြိုးစားရမှာမလို့ ကျူဒိုအသင်းခေါင်းဆောင်နေရာကို တစ်ခြားသူကိုလွှဲပေးဖို့ဖြစ်လာပါတော့တယ်။ ကျူဒိုကိုအများကြီးသဘောကျတာကြောင့် ငယ်ငယ်တည်းကဒီအားကစားကို ဆော့ခဲ့ပေမယ့် စကားလည်းနည်းပြီးတော့ ရှက်ကြောက်တတ်တဲ့အကျင့်စရိုက်ကြောင့် Kishimoto ကတစ်ယောက်တည်းပဲလေ့ကျင့်၊ တစ်ယောက်တည်းပဲကြိုးစားပြီး ပြိုင်ပွဲတွေကိုဝင်ပြိုင်တာပါ။ ဒါကြောင့် ရသင့်သလောက်ရလဒ်ကိုမရပဲ ဆုနဲ့အမြဲလွဲချော်နေသူပါ။ တစ်ဖက်မှာတော့ ကျူဒိုကိုစိတ်မဝင်စားပေမယ့် ပြိုင်ပွဲတိုင်းကိုလည်း နိုင်ပြီး အရည်အချင်းရှိတဲ့ Mikamiဟာ အသင်းခေါင်းဆောင်နေရာကို ဆက်ခံဖို့ဖြစ်လာပါတယ်။ စီနီယာ Kishimoto ကိုလည်း တိတ်တိတ်လေးသဘောကျနေတဲ့ Mikami တစ်ယောက် အရှက်အကြောက်ကြီးတဲ့ စီနီယာမမ Kishimoto ကို ကျူဒိုဆက်ဆော့ပြီး အဖွဲ့ကမထွက်အောင် ကူညီလေ့ကျင့်ပေးရင်းနဲ့ ချဉ်းကပ်ဖို့လုပ်ပါတယ်။ အရာရာဦးဆောင်ပြီးတော့ သူ့သဘောအတိုင်းပဲဖြစ်စေချင်တဲ့ Mikami နဲ့ ရိုးသားပြီး နုံအတဲ့ Kishimoto တို့ရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး တင်ဆက်ပေးထားတာကြောင့် မလွတ်တမ်းကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size… 1.2 GB / 561 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

5.7 2017 99 mins
Make a Bow and Kiss
Give Me A Ride
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဟာသ အမောပြေဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ရွာမှာကလေးတွေစာဖတ်တတ်ဖို့အတွက် လုပ်အားပေးဆရာမ အနေနဲ့ အမေကိုအတိုက်အခံလုပ်ပြီးဆင်းသွားတဲ့ ယွီရှောင်း၊ အခွေဆိုင်လေးဖွင့်ထားပြီး အသက် (၃၂) ထိမိဘလုပ်စာထိုင်စားနေတဲ့အစ်ကိုဖြစ်သူ ယွီလျန်ရှန်း။ အမေဖြစ်သူက သမီးကိုပြန်ခေါ်လာဖို့အတွက် သားကိုမျိုးစုံခြိမ်းခြောက်တဲ့အခါ သားဖြစ်သူကယွီရှောင်းကိုရှာဖို့ခရီးစထွက်ပါတော့တယ်။ အဲ့အချိန်မှာပဲရှေးဟောင်းပစ္စည်းတွေကိုမှောင်ခိုသွင်းရောင်းချနေတဲ့ ယုခါမိန်းကလေး၊တရုတ်ပြည်မိန်းကလေးတွေကို M နိုင်ငံအထိလူကုန်ကူးရောင်းချနေရာကနေ မှောင်ခိုဂိုဏ်းကို အပြစ်လုပ်မိလို့ တရုတ်ပြည်ဘက်ထွက်ပြေးလာပြီး တရုတ်ပြည်မှာလည်း ဆက်လက်လူကုန်ကူးနေတဲ့ အစ်ကိုဟေး။ ဒီအမှုနှစ်ခုကို ရဲစခန်းမှဖြေရှင်းနေတဲ့အချိန် ယွီလျန်ရှန်းကလည်းညီမဖြစ်သူကိုရှာဖို့ ထွက်လာတဲ့အချိန် လမ်းမှာဓါးပြအဖွဲ့ ကုရှောင်မန့်ကောင်မလေးနဲ့ တွေ့ဆုံခဲ့တာပေါ့။ကုရှောင်မန့်က ယွီလျန်ရှန်းကိုသိမ်းသွင်းပြီ းလုယက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ သူရဲ့ကြင်နာမှုကြောင့် မလုယက်နိုင်ခဲ့ဘူးဖြစ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ထန်ခေတ်မှာတိဘက်ဘုန်းကြီးကိုင်ဆောင်ရာ ပုတီးကို မှောင်ခိုတင်သွင်းနေတဲ့ ယုခါမိန်းကလေးတို့အဖွဲ့နဲ့တွေ့နေတဲ့အချိန်မှာ ယွီရှောင်းကအစ်ကိုဟေးနဲ့တွေ့ပြီး တျောက်မျိုးနွယ်ညီအစ်ကိုနှစ်ယောက်က ထောင်ထဲကထွက်လာလို့ မိန်းမ မယူနိုင်ဖြစ်နေတာကြောင့် ယွီရှောင်းကိုအတင်းအဓမ္မလက်ထပ်ဝယ်ယူဖို့ အစ်ကိုဟေးနဲ့တွေ့ဆုံရန်ထွက်လာချိန်၊ ယွီလျန်ရှန်းကလည်းညီမဖြစ်သူရှာဖို့ထွက်လာတဲ့အချိန်၊ ကုရှောင်မန့်တို့ကလည်းလုယက်ဖို့ဂွင်ဖမ်းနေတဲ့အချိန် ဒီလိုတွေ တိုက်ဆိုင်သွားတဲ့အချိန်မှာတော့ အလွဲလွဲ အချော်ချော်များနှင့်ဟာသလေးတွေ ရောနှောပြီးတင်ဆက်ပြသထားတာကြောင့် ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

Drama • Romance • Comedy
6 2024
Give Me A Ride
Dahmer
5.6

Dahmer (2002) IMDb Rating (5.6) / Rotten Tomatoes (73%) အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။ ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။ ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။ အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။ လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။ သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ – ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။ ၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့် လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။ သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီး တစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။ သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။ ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။ Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy Renner( ဂျယ်ရမ်မီရမ်းနား) ကိုအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ “ယောကျာ်းလေးတွေပဲ ဘာစိတ်ပူစရာရှိလဲ ထောင်အပြင်တန်းမရှိဘူး“ပြောတတ်ကြပေမယ့် လိင်စိတ်မူမမှန်သူတွေရှိနေတတ်တာကို ဒီဇတ်ကားကမီးမောင်းထိုးပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Horror, Thriller Duration….01:42:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Comedy • Adventure
5.6 2002 101 mins
Dahmer
Splashback
7.5

Splashback (2024) IMDb Rating (7.5) ခပ်ဆန်းဆန်း ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၆၉ မှာ လကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်ခြေချနိုင်ခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ သမိုင်းသစ်တစ်ရပ်အတွက် လူတွေအောင်ပွဲခံနေကြပေမယ့်၊ မထင်မရှား George Losser ဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့အရေးမပါဘူးထင်ရတဲ့ တီထွင်မှုအသေးစားလေးကို ရာထူးကြီးပိုင်းတွေနဲ့ ရင်းနှီးပြီး အရေးပါအရာရောက်တဲ့ ယောက်ဖဖြစ်သူ ဂျက်ကို ချပြဖို့ကြိုးစားပါတယ်။ ဂျက်က အလကားပါလို့သဘောထားတဲ့ပစ္စည်းလေးကို အမှတ်မထင် နီးလ်အမ်းစထရောင်းက စိတ်ဝင်စားသွားတဲ့အခါမှာတော့ ဘယ်လိုပစ္စည်းလေးလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(580 MB) / (410 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, History Duration….00:29:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

Action • Drama • Science Fiction • Thriller
7.5 2024 29 mins
Splashback
An Ideal Husband
6.8

An Ideal Husband (1999) IMDb Rating (6.8) / Rotten Tomatoes (85%) ဒီတစ်ခါမှာတော့ Oscar Wilde ရဲ့ ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ An Ideal Husband ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Rupert Everette, Jeremy Northam, Julian Moore နဲ့ Cate Blanchett တို့ကအဓိကပါဝင်ထားပါတယ်။ ဆာရော့ဘတ်ချေလ်တန်နဲ့ လေဒီဂါးထရုချေလ်တန်တို့လင်မယားဟာ အင်္ဂလိပ်နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး လူအများရဲ့လေးစားအားကျခြင်းကိုခံထားရသူတွေပါ။ ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့အမျိုးသမီးတစ်ယောက် လန်ဒန်ကိုပြန်ရောက်လာချိန်ကစပြီး ရော့ဘတ်တစ်ယောက်အတွက် အိပ်မက်ဆိုးတွေဖြစ်လာပါတယ်။ မစ္စစ်ရှယ်ဗလီဟာ ရော့ဘတ်ငယ်ရွယ်စဥ်ကမှားခဲ့ဖူးတဲ့အမှားတစ်ခုကိုအကြပ်ကိုင်ပြီး သူမလိုချင်တာတွေကို ခြိမ်းခြောက်တောင်းဆိုပါတယ်။ အဲ့ဒါကြောင့် ရော့ဘတ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ လော့ဒ်ဂေါရင်းဆီကိုသွားပြီး အပူကပ်ကာ အကူအညီတောင်းရပါတယ်။ လော့ဒ်ဂေါရင်းကလည်း မစ္စစ်ရှယ်ဗလီနဲ့ အတိတ်မှာပက်သက်မှုရှိခဲ့ဖူးပါတယ်။ ထိုမိန်းမအကြောင်းကို ကောင်းကောင်းသိနေတဲ့လော့ဒ်ဂေါရင်းကလည်း သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့မိန်းမက သူတို့အားလုံးကြားမှာ လင်မယားအချင်းချင်းပြဿနာတက်အောင် သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝင်မွှေသွားခဲ့ပါတယ်။ သူတို့အားလုံး မစ္စစ်ရှယ်ဗလီ မွှေသွားတဲ့ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ကြပါ့မလား အရာအားလုံးကိုအရင်လိုအဆင်ပြေအောင်ပြန်လုပ်နိုင်ကြပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (1.8 GB) / (790 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:38:02 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Rubyjane

Drama • Comedy
6.8 1999 97 mins
An Ideal Husband
Padakkalam
5.6

Padakkalam (2025) “လေးယောက်ပေါင်း လောင်းကျော်” သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။ အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်က ဆရာရန်ဂျစ် မှော်လိုလို‌စုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ဆုံးမှာ‌ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.6 2025 123 mins
Padakkalam