YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Golden Kamuy 2024 - 720p NF [RMC].mp4

1.25 GB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Weird: The Al Yankovic Story
6.7

ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Adventure
6.7 2022 108 mins
Weird: The Al Yankovic Story
1: Nenokkadine
6.2

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ဝန်ကြီးချုပ်မင်းသား မဟေရှ်ဘာဘူရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.... ဒီဇာတ်ကားမှာတော့ ပုံရိပ်တွေကို မြင်ယောင်နေတဲ့ ရော့ခ်စတားတစ်ယောက်ပေါ့... အပြင်မှာတကယ်မရှိတာကို ရှိနေသလို သူက မြင်ယောင်နေရတယ်... သူ့မိဘတွေကို လူသုံးယောက်က သတ်သွားတယ် သတ်သွားတဲ့ လူတွေကို သူက လိုက်သတ်တယ် ဒါပေမဲ့ အဲ့ဒါဟာ တကယ်မဟုတ်ဘဲ သူ့စိတ်ကူးသက်သက်သာဖြစ်တယ်လို့ လူတွေက ပြောကြတယ်.... ငယ်ငယ်လေးကတည်းက မိဘမရှိ တစ်ကောင်ကြွက်လို့ လူတွေကပြောကြပေမယ့် သူလက် မခံခဲ့ဘူး သူ့မှာမိဘတွေရှိတယ် သူ့မိဘတွေအသတ်ခံခဲ့ရတယ်လို့ပဲ ယုံကြည်ထားတယ်.... ဒီတော့ အဲ့ဒီလူသုံးယောက်ကို လက်စားချေရမယ်ပေါ့.... စိတ်ကူးနဲ့လက်တွေ့ကြားဝေခွဲရခက်နေတဲ့သူဟာ တကယ်ပဲ မိဘတွေအသတ်ခံခဲ့ရတာလား.... ဒါမှမဟုတ် သူ့မှာမိဘတွေရော ရှိရဲ့လား.... ရှိတယ်ဆိုရင်ရော လက်စားချေနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားထဲမှာ လှည့်ကွက်ပေါင်းများစွာနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်.... File size…3.4GB  / 1.76GB Quality…1080p BluRay UNCUT / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Romance
6.2 2014 176 mins
1: Nenokkadine
Madhuram
6.6

Madhuram ဟာ အိန္ဒိယMalayalam ဘာသာစကားနဲ့ ချိုမြိန်မှုလို့ အဓိပ္ပာယ်ရပါတယ် ဟင်းပွဲတစ်ပွဲမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ် အရသာစုံတတ်သလို အမြဲတစေ ချိုမြိန်မနေနိုင်တဲ့ ဘဝဇာတ်ခုံကို ဒါရိုက်တာက ရိုးရှင်းစွာပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကိုယ်ချစ်ရတဲ့သူတွေ အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရတာကို ဆေးရုံစောင့်ကြရင်း တွေ့ဆုံလာကြရတဲ့ မိတ်ဆွေတွေရဲ့… အိမ်ထောင်သက်နှစ်ပေါင်း၄၀ အကြောင်း ကြွားလုံးထုတ်တတ်သူတစ်ယောက်အကြောင်း၊ ရိုးသားကြိုးစားတဲ့ ဆာဘူးတစ်ယောက် ချစ်ရသူကို ပိုးပန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်း ၊ ဘယ်သူကမှ အပြစ်မရှိပါဘဲ မပြေလည်ရတဲ့ ဆက်ဆံရေးတွေအကြောင်း စသည်စသည်…. ချိုချဉ်ငံစပ်ခါးဘဝအစုံစုံကို ရိုက်ကူးထားတဲ့ အပြင် အိန္ဒိယရိုးရာ အစားအစာတွေကိုပါ သွားရည်ကျရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ ဘဝအတွက် သူတို့တွေ ဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦးနော် File size…461MB / 1.97GB Quality…720p HEVC Small Size  Format…Mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Go-O & Honeyey & Allena

Crime • Drama • Romance • Thriller
6.6 2021 122 mins
Madhuram
Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train
8.3

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train (2021) မိစ္ဆာ နှိမ်နင်းသူ တန်ဂျီရို ကာမာဒို ရဲ့ မူဂန် ရထားပေါ်မှာ မိစ္ဆာ တွေ ကို နှိမ်နင်းတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ မိစ္ဆာနှိမ်နင်းသူ ဘယ်လိုဖြစ်လာလဲ ဆိုတာကတော့ ..... သူ့မိသားစု အသတ်ခံရပြီး သူ့ညီမလေးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ညီမကို မိစ္ဆာအဖြစ် ပြောင်းလဲ ခံလိုက်ရပါတော့တယ်။ ဒါကြောင့် မိစ္ဆာနှိမ်နင်းသူ ဖြစ်ဖို့ အများကြီး လေ့ကျင့်ပြီးတဲ့နောက်မှာ ဒီဇာတ်လမ်းမှာတော့ မူဂန် ရထားပေါ်မက မိစ္ဆာတွေကို နှိမ်နင်းရေး ပြုလုပ်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရဲ့ Box Office မှာ နံပါတ် တစ် ရရှိထားပြီးတော့ ဆုပေါင်း ၃ ဆု နဲ့ တစ်ကြိုစာရင်း ၃ ကြိမ် ဝင်ထားပြီး ဖြစ်တဲ့ Animation ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ IMDb - 8.4/10 ရရှိထားပြီးတော့ Rotten Tomatoes - 99 % (Audience Score) ရရှိထားတာပဲ ဖြစ်ပါတယ်။ Animation ကားတွေထဲက ကားကောင်းတစ်ကောင်း ဖြစ်လို့ လက်လွတ်မခံသင့်ကြောင်းပါ။ File size… 2.59 GB Quality…. 1080p Web-dl Format…mp4 Duration…. 1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Idiot MyoKo Encoder ..... August

Crime • Drama • Mystery
8.3 2020 117 mins
Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train
[18+] Beautiful Sisters: Flesh Slave
6.2

ရီကိုဟာ သွားဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူ ကျိုကိုကတော့ သူ့ဆေးခန်းမှာ စာရေးမအဖြစ် ကူညီပေးနေပါတယ်။တစ်နေ့မှာတော့ သူတို့ညီအစ်မဆေးခန်းထဲကို ဝရမ်းပြေး လူဆိုးတစ်ယောက် လူနာယောင်ဆောင်ဝင်ရောက်လာပြီး သူတို့နှစ်ယောက်ကိုချုပ်နှောင်ဖမ်းဆည်းထားပါတော့တယ်။ ဒီလူဆိုးဟာ ချေးငွေလုပ်ငန်းတစ်ခုက ငွေတွေကိုဘုံးပြေးလာတာဖြစ်ပြီး ရဲတွေလက်ကလွတ်အောင် သူတို့ဆီကိုလာပုန်းအောင်းနေတာပါ။ ပုန်းအောင်းနေတဲ့အချိန်မှာ သူတို့ညီအစ်မနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနည်းမျိုးစုံနဲ့စော်ကားနှိပ်စက်ရာက နဂိုကတည်းက မိန်းမချင်းသာ စိတ်ဝင်စားတဲ့ညီအစ်မဟာ ဒီလူဆိုးလက်ကလွတ်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်။ နှောင်းပိုင်းကာလ pink film တစ်ကားဖြစ်ပြီး ကြိုးတုပ်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေ အပြင် ဖော်ပြလို့မကောင်းတဲ့ကွက်ကွက်ကွင်းကွင်းပြကွက်တွေပါဝင်တဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အပြင် မင်းသမီးနှစ်ယောက်လုံးကလည်း တော်တော်လှတဲ့အတွက်ကြည့်ရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Comedy • Romance
6.2 1986 70 mins
[18+] Beautiful Sisters: Flesh Slave
Ballerina

Ballerina (2023) ကလဲ့စားချေတာတွေ တရားမဝင်လောကတွေနဲ့ သက်ဆိုင်တဲ့ Netflixက‌နေ အသစ်ထွက်ရှိလာတဲ့ Actionကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဘဝပေး ‌‌အခြေအနေအရ ကိုယ်ခံပညာပါကျွမ်းကျင်တဲ့အပြင် အကြောက်အလန့်မရှိတဲ့ Jang Ok Ju က ဘော်ဒီကတ်အဖြစ် အလုပ်လုပ်ရင်း ဘဝကို အသက်မဲ့စွာဖြတ်သန်းနေတဲ့ မိန်းကလေးပါ။ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ထားတဲ့ သူ့အတွက် သူငယ်ချင်း Choi MinHee နဲ့တွေ့ပြီး ပြောင်းလဲလာခဲ့ပါတယ်။ ကံဆိုးမှုတွေကြောင့် ပျော်ရွှင်မှုတွေက ကြာရှည်မခံပါဘူး။ သူ့သူငယ်ချင်းဖြစ်တဲ့ ဘဲလေးအကမယ် Min Heeဆီမှာ မူမမှန်တဲ့ကိစ္စတွေဖြစ်လာခဲ့ပြီး သူကိုယ်တိုင် ဝင်ကလဲ့စားချေဖို့ဖြစ်လာပါတော့တယ်။ Min Heeက ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့နေခဲ့ရသလဲဆိုတာအပြင် Ok Juရဲ့ strong female lead character နဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလးပါ။ ဆယ်ကျော်သက် မိန်ကလေးတွေအတွက် ပညာပေးလည်းဖြစ်တဲ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်တယ်ဆိုတာကို ညွှန်းပေးလိုက်ပါတယ်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Milkeux နဲ့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 4k | 1080p | 720p File size… 7.36GB | 1.6GB | 548MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Milkeux & Lai laii Encoder ….. Aaron

0 2023 93 mins
Ballerina
Lost Care
6.4

Lost Care aka Do Unto Others (2023) ~ IMDb – 6.4/10, MyDramaList – 7.7/10 ~ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” – ရှင်မဿဲခရစ်ဝင် ၇:၁၂ ယာဂါဘိုးဘွားကူညီစောင့်ရှောက်ရေးစင်တာ (Yaga Care Center) မှာ အလုပ်လုပ်နေတဲ့ ရှီဘမူနဲနိုရီ (Shiba Munenori) က ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် ကူညီစောင့်ရှောက်ပေးနေတဲ့သူ။ ဘိုးဘွားတိုင်းအပေါ် သူ့မိဘလိုသဘောထားပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံပေးနေလို့ တစ်စင်တာလုံးက လေးစားအားကျနေရတဲ့သူ။ တစ်နေ့ သူတို့စင်တာက ကူညီစောင့်ရှောက်ပေးနေရတဲ့ အုမဲဒါကန်တာရို (Umeda Kantaro) ဆိုတဲ့ အဘိုးတစ်ယောက်ရဲ့အိမ်မှာ စင်တာမှူးဖြစ်တဲ့ ဒန်မိုတိုဟာရု (Dan Motoharu) ကို သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့အပြင် အုမဲဒါကန်တာရိုလည်း သေဆုံးနေပါတယ်။ သူတို့သေဆုံးမှုက လူသတ်မှုလား မတော်တဆသေဆုံးမှုလား ဆိုတာ သိရှိရဖို့ ရှေ့နေမလေး အိုတိုမို (Otomo) က လိုက်စုံစမ်းစစ်ဆေးတော့ ကြင်နာစိတ်အပြည့် စေတနာအပြည့်နဲ့ ဘိုးဘွားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရှီဘမူနဲနိုရီက သံသယအရှိဆုံးလူဖြစ်နေကြောင်း သိသွားရတဲ့အခါ… ၂၀၁၃ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Aki Hamanaka ရဲ့ Lost Care ကို ဒီနှစ်အတွင်းမှာ ဒါရိုက်တာ Tetsu Maeda က ဒီနာမည်နဲ့ပဲ ရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ L မင်းသားကြီး Kenichi Matsuyama က ဘိုးဘွားတွေကိုပြုစုစောင့်ရှောက်ရတဲ့ ကြင်နာစိတ်အပြည့်ရှိ အကူဝန်ထမ်းအဖြစ်သရုပ်ဆောင်ပြီး Kingdom Live Action Movies တွေမှာ တောင်တန်းဘုရင်မ Youtanwa အဖြစ် သရုပ်ဆောင်တဲ့ Masami Nagasawa က ဒီကားထဲမှာတော့ ရှေ့နေမလေးအနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Lost Care ဇာတ်ကားမှာ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတဲ့အလုပ် Kaigo -Caregiving- (ကိုင်းဂို့)၊ ပြုစုစောင့်ရှောက်ပေးရသူ(အကူ) Kaigoshi – Carer- (ကိုင်းဂို့ရှီ) စတဲ့ စကားလုံးတွေကို ခဏခဏကြားနေရမှာဖြစ်ပြီး အဲဒီအလုပ်ရဲ့တာဝန်ကို တစ်စိတ်တစ်ပိုင်း မြင်ရမှာဖြစ်သလို အဲဒီအလုပ်ကိုလုပ်နေသူတွေရဲ့ခံစားချက်ကိုလည်း သရုပ်ဆောင်တွေရဲ့ ဒိုင်ယာလော့ကနေ သိရှိရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီးရင် ကိုယ့်ပတ်ဝန်းကျင်အနားက ပြုစုစောင့်ရှောက်ခံရဖို့ လိုအပ်နေကြတဲ့ သက်ကြီးရွယ်အိုတွေ၊ သက်ဆိုင်ရာမိသားစုဝင်တွေက ပြုစုစောင့်ရှောက်ပေးနေတဲ့ သက်ကြီးရွယ်အိုတွေကို သွားမြင်ယောင်ကြမှာဖြစ်ပြီး ရှီဘမူနဲနိုရီရဲ့ခံစားချက်တွေနဲ့ လုပ်ရပ်တွေကို နားလည်သဘောတူသလို ဖြစ်လာနိုင်ပေမဲ့ အဲဒါတွေဟာ လူသားစံနှုန်းအရရော ဥပဒေအရရော ခွင့်ပြုမထားတဲ့အရာတွေသာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 685MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.4 2023
Lost Care
Demolition
7

-IMDb Rating – 7.0/10 ခံစားချက်ဆိုတာတွေက ကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာ ယန္တာရားအရေခွံနဲ့လူတစ်ယောက် သက်သက်ပါပဲ…။ ဇနီးသည်ကားတိုက်သေသွားပြီးနောက် နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်… အရာရာကို ဖြိုချဖျက်စီးပြီး ဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့ စိတ်ရောဂါသမားတစ်ယောက်… ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့ စိတ်.. အတွေး… ပြောင်းလဲပုံ အဆင့်ဆင့်ကို ဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံး acting skillတွေနဲ့ ပီပီပြင်ပြင် ဖော်ညွှန်းသွားပါတယ်။ ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်း ရိုက်ကူးထားတဲ့ Comedy , Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jake Gyllanhaal (Main castအဖြစ်) သရုပ်ဆောင်ထားတဲ့ ကားတွေဟာ မကောင်းတာ မရှိသလောက်ရှားပါတယ်။ ဒီတစ်ခါ Demolitionမှာလဲ သူ့ရဲ့ အနုပညာမှော်ဝင်စားမှုကို တွေ့ရဦးမှာပါ….. (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7 2015
Demolition
Angry Annie
6.8

Angry Annie (2022) =============== IMDb Rating – 6.8/10 ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.31 GB) / (937 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 59Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

6.8 2022
Angry Annie
Bodyguard Seduction

ချာလီဆိုတဲ့ အမျိုးသမီးဟာ တစ်နှစ်တာ အကောင်းဆုံးမော်ဒယ်ဆုကို သုံးကြိမ်ရရှိထားသူဖြစ်ပြီး အောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင် စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ အမြဲအထက်စီးဆန်လေ့ရှိပြီး လုပ်ချင်တာကိုပဲတဇွတ်ထိုးလုပ်တတ်သူတစ်‌ဦးပါ။ ချာလီတစ်ယောက် နေရင်းထိုင်ရင်းကနေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာခဲ့ပြီး ကုမ္ပဏီဘုတ်အဖွဲ့က ဘယ်သူနဲ့မှ အလုပ်တွဲမလုပ်ချင်တဲ့သူ့ကို သက်တော်စောင့်တစ်ယောက် ငှားပေးခဲ့ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ချာလီဟာ သူရဲ့ သက်တော်စောင့်နဲ့အတူ ဘယ်လိုဖြေရှင်းကြမှာလဲ ရုတ်တရက် အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့ သူ့ရဲ့ သက်တော်စောင့်ကလည်း ယုံကြည်လို့ရနိုင်ရဲ့လားဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.4 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Science Fiction • Action • Horror • TV Movie
0 2022
Bodyguard Seduction
Bunraku
6.1

Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန် ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာ နောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့ အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင် အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကို Bunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့် ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့် သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာ လူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်း ခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အား အကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေ အများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကို ယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမား တစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာ မြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့် အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။ သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့် နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာ ပဲဖြစ်ပါတယ်။ File size…2.33GB , 1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Action • Comedy • Crime
6.1 2010 124 mins
Bunraku
I Love You to the Moon and Back
6

I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့ မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင် အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့ တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါ လောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှ နှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့ အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး ၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကို ရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီး ပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ် ။

6 2024
I Love You to the Moon and Back
First Shift
5

ရဲမေအသစ်လေးတစ်ယောက် အတ္တလန်တာကနေ နယူးယောက်စီးတီးကို တာဝန်ပြောင်းရွှေ့ချထားခံရတာကနေ စတဲ့ဇာတ်လမ်းပါ။ နယူးယောက်စီးတီးက ရဲဌာနမှာတော့ ဘယ်သူနဲ့မှ မတည့်တဲ့ဂွစာတစ်ယောက်နဲ့ ပါတနာအဖြစ် တာဝန်ချခံထားခဲ့ရတယ်။ သူ့ပထမဆုံးကင်းလှည့်တဲ့အဆိုင်းမှာ introvertဖြစ်နေတဲ့ သူ့ပါတနာနဲ့ extrovertဆန်တဲ့ သူနဲ့ကို အထက်လူကြီးက တွဲဖက်တာဝန်ချပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ကြား အဆင်ပဲပြေလာမလား ပြဿနာတွေပဲ ဆက်တက်မလား ကြည့်ရမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့အဆိုင်းမှာမှ ပြဿနာပေါင်းစုံတက်လာတဲ့အခါ သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ တစ်ခုရှိတာက ဒီကားမှာ အမှုကြီးကြီးမားမားတွေကို ပြထားတာမျိုးမရှိဘဲ တကယ်ကြုံနေရသလိုမျိုး ရိုးရှိုးရှင်းရှင်းနဲ့ပဲပြထားတာမို့ လက်တွေ့ကျကျ ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်ရေးသားထားသူတော့ W ပါ ) File size_(1.6GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5 2024
First Shift
Alive

Alive (2014) ************ 2014 ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Park Jung Bumရိုက်ကူးထားတဲ့ Alive ရုပ်ရှင်ကား… သရုပ်​ဆောင် Park Jung Bum, Lee Seung Yeon, Park Myoung Hoonနဲ့ … က​လေးသရုပ်​ဆောင် Shin Haet Bitတို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ​ အလုပ်ရှားပါးတဲ့ ​ဆောင်းရာသီမှာ ရရာအလုပ်လုပ်ပြီး ကြိုးစားရှာ​ဖွေရုန်းကန်​နေရတဲ့ ​ဂျောင်​ချော… စိတ်မနှံ့ဖြစ်​နေတဲ့ အစ်မဖြစ်သူ ဆူ​ယောင်းက ဆိုးလ်ကို​ပြောင်း​နေချင်​ပေမဲ့… အတိတ်ကဖြစ်ရပ်ဆိုးထဲ ပိတ်မိ​နေခဲ့ပါတယ်။ ​ဂျောင်​ချောရဲ့ တူမဖြစ်သူ ဟာနာကလည်း… အ​မေဖြစ်သူ ပြဿနာရှာတိုင်း ဦး​လေးဆီ​မှာ အကူအညီ​သွားတောင်းရ​တဲ့… အရွယ်နဲ့မလိုက်​အောင် ရင့်ကျက်တဲ့က​လေးတစ်​ယောက်ဖြစ်တယ်။ ​အော်တစ်ဇင်သူငယ်ချင်း ​မြောင်ဟွန်းကလည်း… ​ဂျောင်​ချော​နောက်တ​ကောက်​ကောက်လိုက်ရင်း အစ်မဖြစ်သူကို သ​ဘောကျ​နေတာပါ။ ​ ဂျောင်​ချောက ရည်းစားဖြစ်သူနဲ့ အ​ခြေချ​ချင်​ပေမဲ့ ပိုက်ဆံအလိမ်ခံရတာ​ကြောင့် ​ရှေ့ဆက်မတိုးနိုင်ဖြစ်​နေချိန်… ပဲပိစပ်အလုပ်ရုံတစ်ခုမှာ ​ဂျောင်​ချောတစ်​ယောက် အလုပ်လုပ်ဖို့ အခွင့်အ​ရေးရလာတဲ့အခါ… ပိုက်ဆံစုမိပြီး ရည်းစားနဲ့အတူတူ အ​ခြေချနိုင်မလား ဒါမှမဟုတ် လွဲချော်သွားနိုင်မလားဆိုတာကို… ​ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင်… File Size : 1.8GB / 850MB Quality : WEB-DL 1080p / 720p Duration : 2 hr. 46 min. Genre : Drama/Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Heather Oo

0 2014
Alive
The Lord of the Rings: The War of the Rohirrim
6.6

ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကို ထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီး မဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းက ဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Return of the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင် ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်း ကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွား သူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီး ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင် တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင် ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင် ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာ ပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့ မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ the rings of power စီးရီးမှာ စောင့်ကြည့်ရမှာဖြစ်ပြီး တတိယခေတ်ကိုတော့ The hobbit နဲ့ The Lord of the Rings ရုပ်ရှင်တွေမှာ ကြည့်နိုင်ပါတယ်။ File size… (3.59GB) / (1.63GB) / (1.04GB ) Quality… WEB-DL 4K HEVC 1080p HEVC / 720p Format…mkv / mp4 Duration….2h 14m Genre ….. Action , Adventure , Animation , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Animation • Adventure • Drama • Family
6.6 2024 134 mins
The Lord of the Rings: The War of the Rohirrim