YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Godzilla Minus One 2023 - 720p Bluray [RMC].mp4

1.22 GB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Men of Sacrifice

CMရဲ့ တရုတ်ကားဖန်တွေ နောက်ပြီး တရုတ်ကားဆို အက်ရှင်မှ ကြိုက်ပါတယ်ဆိုသူတွေအတွက်ကို ဒီတစ်ခေါက် IQIYI က တင်ဆက်ခဲ့တဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် လီတုန်းရှင်းဆိုတဲ့ ငွေမည်းနဲ့ ချမ်းသာနေသူတစ်ယောက်ရဲ့ သမီးဟာ ပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသူက ဖောက်ခွဲရေးဝိဇ္ဇာလို့ နာမည်ကြီးသူတစ်ဦးဖြစ်တော့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းမလဲ... ငွေမည်းနဲ့မသမာလုပ်ငန်းရှင်ဆိုတော့ သေလည်းသေပေါ့လို့ ပစ်ထားမလား.. အသက်နဲ့ရင်းပြီးကယ်တင်မလား... ဆိုတဲ့ရွေးချယ်မှုအောက်မှာ ဘယ်လိုရွေးချယ်မလဲ... နောက်ပြီး ဘာလို့ ဒီလို ပြန်ပေးဆွဲမှုကြီးဖြစ်တာလဲ.... သာမန်သူတို့ချင်းမသင့်မြတ်လို့ဖြစ်တာလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘာလေးနက်တဲ့ အမှုတွဲရှိနေမယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ... အဆုံးသတ်ချိန်ထိ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးမလို့ CM တရုတ်ကားဖန်လေးတွေလည်း လက်လွတ်မခံဘဲကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Mystery
0 2022 75 mins
Men of Sacrifice
(18+) Still Life of Memories
4.3

¶ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့ ကံ့ကော်ပန်းခြောက်တစ်ပွင့် ဒါသက်ငြိမ် ပန်းချီကားပဲ¶ ထူးအိမ်သင်ရင် သက်ငြိမ်သီချင်းကို တိုးတိုးလေးငြီးမိရင်း ဒီဇာတ်ကားလေးရဲ့အညွှန်းကို ပုံဖော်ကြည့်မိသည်။ အနုပညာတွင် still art လို့ခေါ်တဲ့ သက်ငြိမ်အနုပညာ ဆိုတာ ခံစားရနက်နဲသည် ပန်းချီတို့ ဓာတ်ပုံတို့သည် သက်ငြိမ်အနုပညာပင်ဖြစ်သည်။ မိုနာလီဇာပန်းချီကားတို့ ဗင်းဆင့်ဗန် starry night အာလူးစားသူများ အစရှိသည်ကနေ ပူလစ်ဇာဆုရ ဓာတ်ပုံများထိ သက်ငြိမ်များပင်..... ခေတ်တွေပြောင်း ရာစုနှစ်တွေကြာညောင်းပါစေ ပန်းချီကား ဓာတ်ပုံကားချပ်များက စကားလှမ်းပြောနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကြားရသည့်အသံတွေတော့ တူမည်မဟုတ်။ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို စီးကရက်ဖွာရင်း ခံစားတတ်သူတွေအတွက် ယခုရုပ်ရှင်က အသိမ်မွေ့ဆုံး သက်ငြိမ်တစ်ခုကို ရုပ်ရှင်အနုပညာထဲတွင် ထုဆစ်ပြသပေးထားသည် ရုပ်ရှင်ပွဲတော်များတွင်လဲ ဆုများရရှိခဲ့ပြီး ပန်းချီပညာ ဓာတ်ပုံပညာ ဒဿနများပြည့်ဝစွာဖော်ကျူးထားသော သက်ငြိမ်ပန်းချီကားတစ်ချပ် မိတ်ဆွေတို့အတွက် တစ်ကိုယ်ရည်ညချမ်းတွေကို အဖော်ပြုပေးနိုင်မှာပါ File size…3.24GB / 1.06GB Quality…1080p BluRay  /720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama • War
4.3 2018 107 mins
(18+) Still Life of Memories
Chhatriwali
6

အခုတစ်ခါမှာတော့ မင်းသမီးချောလေး ရာကူးပရိဆင်းရဲ့ ပညာပေးဇာတ်ကားလေးကို တင်ဆက်ပေးပါတော့မယ်။ ကျားမတန်းတူညီမျှရေးဆိုတာဘာကိုပြောတာလဲ အလုပ်ခွင်မှာတန်းတူနေရာပေးတာလား အမျိုးသမီးများကို sexual harassment မလုပ်တာလား အမျိုးသမီးအခွင့်အရေးကို လေးစားလိုက်နာရမှာလား ယနေ့ခေတ်မှာ ပညာပေးပေါင်းစုံ အခွင့်အရေးလှုပ်ရှားသူတွေက နည်းလမ်းပေါင်းစုံနဲ့ဖော်ပြနေတဲ့ အရာတစ်ခုပါ တကယ်တော့ ဒီနိုင်ငံမှာမှမဟုတ်ပါဘူး ကမ္ဘာတစ်ဝှမ်းမှာအမျိုးသမီးတွေကို အတိတ်မှာနှိမ်ချဆက်ဆံခဲ့ကြပါတယ် ဘာသာတရားရော ယဉ်ကျေးမှုအရရောပါပဲ အိန္ဒိယကတော့ အားလုံးသိကြတဲ့အတိုင်း တော်တော်ဆိုးဆိုးပါပဲ အခုခေတ်မှာတော့ ခေတ်မှီလာတာနဲ့အမျှ သူတို့လဲ ရှေးရိုးစွဲအမြင်တွေကို တွန်းလှန်နေကြပါပြီ အဖြစ်မှန်ကိုရိုက်ကူးထားတဲ့ padman လိုဇာတ်ကားမျိုးထွက်ခဲ့သလို အခုကားလေးကတော့ သားဆက်ခြားကျန်းမာရေးကိစ္စကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ တားဆေးတွေရဲ့ဆိုးကျိုးနဲ့ အဖော်ဆောင်သင့်ပုံလေးတွေကို ဟာသနဲ့နှော တင်ဆက်ထားပုံအရ ပရိသတ်ကြီးတို့ကို ကိုယ်တိုင်လဲကြည့် အကုန်လုံးကိုလဲ ညွှန်းဆိုပေးသင့်တဲ့ ပညာပေး ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…1.54GB / 703MB Quality…1080p True WEB DL / 720p Format…mp4 Duration…1h 56mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Sai Thu Rein ~ Nyein Aye

Comedy • Fantasy • Horror • Thriller
6 2023 117 mins
Chhatriwali
83
7

အခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ် အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ် တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် အားလုံးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်... (ဇာတ်လမ်းအညွှန်းကိုတော့ Thar Htet က ရေးပေးထားပါတယ်) File Size          :  3.1GB, 1.7GB, 859MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 42mins Genre              : Biography, Drama, History Translated by  Thar Htet & Kit Encoded by Kinnov

Comedy • Drama • Family
7 2021 163 mins
83
Weathering with You
8

သဘာဝ ၏ ရင်သွေးငယ် "နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodaka ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ် ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ ကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား? ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်... အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ ဆိုတော့ ဇတ်လမ်းကိုတော့ အားလုံးအလွတ်နီးပါးရနေကြလောက်ပါပြီ။ ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါရစေ။ မိုရီရှိမာ ဟိုဒါကာ(Morishima Hodaka) ဆိုတာက သူနေတဲ့ ကျွန်းမြို့လေးကနေ တိုကျိုမြို့ကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက် အာမာနို ဟီနာ(Amano Hina) ကတော့ တိုကျိုမြို့ကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေး တိုကျိုမြို့ကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်...ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြို့ကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့ ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့...... အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် "Weathering with you" ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်.... ရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ် အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ တကယ်ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပေါ့ အခုချိန်ကလည်း မိုးတွင်းရောက်နေပြီဆိုတော့ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲ ဇာတ်ဝင်တေးနဲ့ နောက်ခံတီးလုံးတွေကလည်း ထုံးစံအတိုင်း ရှယ်တွေပါ... နားကြပ်လေးတပ်ကြည့်သင့် (ဒီကားထဲမှာပါတဲ့ cameo အခန်းလေးတွေကလည်း ပရိသတ်ကို အတော်လေးဆွဲဆောင်ထားနိုင်ခဲ့ပါတယ်) ကဲ အညွှန်းလည်း အတော်လေးရှည်သွားပြီမို့လို့ … အခုပဲ ကြည့်ရှု့ခံစားကြည့်လိုက်ကြပါဦး။ အညွှန်းကိုတော့ မားရဲကရေးသားပေးထားပါတယ် Quality – Blu-ray 1080p/720p Duration – 1hr 52min Format – Mp4 Translator – IdiotMyoKo Synced and Edited by CM Encoder – YK,Myoko

Action & Adventure • Sci-Fi & Fantasy
8 2019 112 mins
Weathering with You
Indiana Jones and Raiders of the Lost Ark
8.4

Indiana Jones and Raiders of the Lost Ark (1981) IMDb Rating (8.4) / Rotten Tomatoes (93%) ++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) ~ Y ~ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။

8.4 1981 115 mins
Indiana Jones and Raiders of the Lost Ark
Race to the Summit
6.7

Race to the Summit (2023) ==================== IMDb Rating – 6.7/10 CM ပရိသတ်ကြီးအတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Netflix က ထုတ်လုပ်တဲ့ Documentary Film တစ်ခု တင်ဆက် ပေးလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား တောင်တက်သမား အူလီ ဆက်ခ် အကြောင်းကို လိုက်လံ့မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ် ရှင်ပါ။ အူလီဆက်ခ်ဟာ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မွေး ဖွားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့ နီပေါနိုင်ငံမှာ တောင်တက်ရင်း မတော်တဆဖြစ်ပြီး ဆုံးပါးသွား ခဲ့တာပါ။ သူဟာ ကမ္ဘာတစ်လွှားက နာမည်ကြီးတောင်တွေကို ထိန်း ကြိုးမပါဘဲ အမြန်တက်ရင်း စံချိန်တွေတင်ခဲ့တဲ့သူပါ။ အရမ်းအန္တရာယ် များတဲ့ တောင်တွေကို ထိန်းကြိုးမပါဘဲ တက်ခဲ့တာမို့ မီဒီယာတွေ ကြားမှာ၊ တောင်တက်သမားတွေကြားမှာ အရမ်းကို နာမည်ကြီးပါ တယ်။ အူလီဆက်ခ်တစ်ယောက် ဒီစံချိန်တွေကို ဘယ်လိုတင်ခဲ့တာလဲ၊ ဘယ် လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာမှတ်တမ်းရုပ်ရှင်ထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.75 GB) / (792 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Adventure, Sport Translator…….Leonard Lin Encoder……….SWM

Comedy • Romance
6.7 2023 90 mins
Race to the Summit
Bullhead

ဒီတစ်ခါမှာတော့ ဘယ်ဂျီယံဇာတ်ကားလေးတစ်ပါးဖြစ်တဲ့ Bullhead ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ဂျက်ကီဟာ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်တဲ့မွေးမြူရေးသမားတစ်ယောက်ပါ တစ်နေ့သူတို့ဆီကအသားတွေကိုတင်သွင်းချင်တယ်ဆိုပြီး မာဖီယာတစ်ယောက်ကဆက်သွယ်လာပါတယ် အဲ့ရက်ပိုင်းအတွင်းမှာပဲ အသားပိုတိုးအောင်တိရစ္ဆာန်တွေထဲကို ဟော်မုန်းဆေးတွေတရားမဝင်ထိုးခြင်းကို စုံစမ်းစစ်ဆေးရတဲ့ ဒါအဲမ်ဆိုတဲ့ရဲတစ်ယောက်အသတ်ခံရပါတယ် ဂျက်ကီကလည်း အဲ့ဒီလူသတ်မှုမှာညသူတို့နဲ့အလုပ်တွဲလုပ်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့ပက့သက်နေမလားဆိုပြီး သံသယဝင်နေခဲ့ပါတယ် သူတို့နဲ့တွေ့ဆုံကြည့်တဲ့အခါမှာ အဲ့ဒီမာဖီယာရဲ့တပည့်တစ်ယောက်က သူ့ရဲ့ငယ်ငယ်ကသူငယ်ချင်းဒီယဲဒရစ်ဖြစ်နေတာကိုသိလိုက်ရပါတယ် အဲ့အချိန်မှာ သူ့ရဲ့ငယ်ငယ်ကနာကျင်စရာအဖြစ်အပျက်ဆိုးကြီးကအတွေးထဲပြန်ဝင်လာပါတယ် ဂျက်ကီငယ်ငယ်က ဘာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲ သူငယ်ချင်းဒီယဲဒရစ်နဲ့ရောဘာလို့ဝေးကွါခဲ့ရတာလဲ မာဖီယားတွေလက်အောက်မှာအလုပ်လုပ်နေတဲ့ဒီယဲဒရစ်ရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ File size…(1.8 GB GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2011
Bullhead
Come and See
8.4

Come and See ( 1985 ) IMDb Rating (8.4) / Rotten Tomatoes (90%) Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ The Thin Red Lineတို့ Platoonတို့လိုကားတွေ ဒီနောက်ပိုင်းထွက်တဲ့1917တို့ All Quiet on the Western Frontရဲ့ ဗားရှင်း၃ခုလုံးတို့အကောင်းဆုံးဆိုတဲ့စာရင်းဝင် စစ်ကားမှန်သမျှဟာ စစ်ကိုဆန့်ကျင်တဲ့ကားတွေ ဖြစ်နေတာတော့ သမိုင်းတစ်လျှောက် အနုပညာရဲ့ရပ်တည်ချက်ကို ပြနေသလိုလိုပါပဲ။ Come and See ဟာ ဆိုဗီယက်ရုရှား ရုပ်ရှင်ဒါရိုက်တာ Elem Klimovရဲ့ အအောင်မြင်ဆုံးကားဖြစ်သလို သူ့ရဲ့နောက်ဆုံးပိတ်ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ Klimov ငယ်ဘဝက စစ်တွင်းအတွေ့အကြုံတွေကို နည်းနည်းထင်ဟပ်နေတယ်လို့လည်း ဆိုထားတယ်။ Klimov ဟာ Come and See နောက်ပိုင်းမှာတော့ ဘာရုပ်ရှင်မှ မရိုက်ခဲ့ပါဘူး။ သူလုပ်နိုင်သလောက် လုပ်ပြပြီးပြီလို့ ခံစားရလို့လို့လည်း ပြောခဲ့တယ်။ Greatest Films of all Time စာရင်းမှာ အဆင့်၄၁ချိတ်နေတဲ့ကားကို ရိုက်ပြီးပြီဆိုတော့ သူပြောသလိုဟုတ်ရင်လည်းဟုတ်ပါလိမ့်မယ်။ သူနဲ့ဇာတ်ညွှန်းတွဲဖက်ရေးတဲ့သူကလည်း ဒီစစ်ကို တကယ်တိုက်ခဲ့တဲ့သူဆိုတော့ ဒီဇာတ်လမ်းရဲ့ အများစုကတော့ သူတို့အတွေ့အကြုံတွေကပဲ လာတယ်လို့ ပြောရပါမယ်။ ပြတာတွေကလည်း အပေါ်ကစာရင်းထဲက စစ်ကားတွေအားလုံးမှာ အရက်စက်ဆုံးလို့ပြောရပါမယ်။ တစ်နည်းနဲ့ပြောရရင် သူကစစ်တိုက်တာထက် စစ်ရဲ့နစ်နာသူတွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ကားလို့ပြောရမယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယစစ်လယ်ကာလ ၁၉၄၃မှာ တည်ထားတယ်။ သူတို့ဆီက ယောက်ျားလေးအများစု တိုက်ပွဲဝင်နေရတဲ့ကာလပေါ့။ အဲဒီကာလမှာ ကလေးသာသာကောင်လေးတစ်ယောက်က စစ်တော်တော်ဝင်တိုက်ချင်ခဲ့တယ်။ မြေကြီးတွေပတ်တူးပြီး မြေကြီးထဲက လက်နက်ရှာနေခဲ့တယ်။ လက်နက်ရှိမှ လက်ခံမကိုး။ ဘယ်သူတွေဘာလို့မြုပ်ထားကြလဲတော့ မပြောတတ်ဘူး။ ဒီလိုနဲ့ကောင်လေးဟာ လက်နက်ကို တွေ့သွားတော့ စစ်ထဲလိုက်သွားခဲ့တယ်။ အဲဒီနောက် အနိဠာရုံအတိနဲ့ သူမမြင်ဖူးခဲ့တဲ့လောကကို သူမြင်ခဲ့ရတယ်။ Come and See ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာရဲ့ Revelation 6- Four Horsemen & Six Sealsထဲက Apocalypse ဖြစ်ဖို့ ဘုရားသခင်ရဲ့ Seals ၄ခုပွင့်ပြီးတဲ့နောက်မှာ four living beasts ထဲက တစ်ကောင်က ပြောခဲ့တဲ့စကားပါပဲ။ တစ်နည်းအားဖြင့် Come and See ဆိုတာကလည်း Apocalypse Now လို့ပြောတာပါပဲ။ ဒါပေမဲ့ Come and See ဟာ Apocalypse Now ထက် အများကြီး ပိုရက်စက်တဲ့ ရုပ်ရှင်, ပိုရက်စက်တဲ့ အနိဠာရုံတွေအကြောင်းပါပဲ။ ရုပ်ရှင်အစက ကောင်လေးဟာ စစ်ဟာ ဘယ်လောက်ရက်စက်လဲ မသိခဲ့ပါဘူး။ ဒီတော့ သူ့မှာဝင်တိုက်ချင်စိတ် အပြည့်ရှိခဲ့တယ်။ တကယ်တမ်းဝင်တိုက်တဲ့အခါမှာ စစ်ရဲ့အနိဠာရုံတွေကို မခံစားနိုင်ဘဲ ရူးသွားခဲ့တယ်။ ဆယ်ကျော်သက်ကောင်လေးအဖြစ်ကနေ နေ့တွင်းချင်းပဲ အိုမင်းရင့်ရော်သွားခဲ့တယ်။အနိဠာရုံတွေဟာ လူတွေကို ရူးသွားစေနိုင်တဲ့အကြောင်း ကျွန်တော်တို့ ခဏခဏမြင်ခဲ့ပြီးပါပြီ။ Come and See ကလည်း ဒါကိုပြထားတဲ့ မာစတာပိစ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ဒီရုပ်ရှင်ရဲ့ အရက်စက်ဆုံးဆိုတဲ့အရာတွေမလာခင်မှာ လှပတဲ့အရာတစ်ချို့အရင်လာခဲ့တယ်။ ကောင်လေးဟာ အနိဠာရုံတွေနဲ့ ပက်ပင်းမတိုးခင်မှာ သူ့အချစ်ကို တွေ့ရှိသွားခဲ့တယ်။ မိုးစက်တွေ နူးညံ့ခြင်းတွေ အနွေးဓာတ်တွေ နေရောင်ခြည်တွေနဲ့ စိမ်းစိုနေအောင်လှနေတဲ့‌ တောအုပ်ကလေးကို သူတွေ့ရှိသွားခဲ့တယ်။ ချစ်ချင်တယ်ဆိုတဲ့ ကောင်မလေးကို သူတွေ့ရှိသွားခဲ့တယ်။ အနိဠာရုံတွေရဲ့အရှေ့မှာ ဒီလိုအရာကို အရင်ထည့်တာက ဒါရိုက်တာက နောက်လာတော့မယ့် ရက်စက်ခြင်းတွေအတွက် ကျွန်တော်တို့ကိုရော ဇာတ်ကောင်တွေကိုရော သက်ညှာတဲ့အနေနဲ့ ခဏလေးစိတ်အေးစေခဲ့တာလား။ ဒါမှမဟုတ် ပိုရက်စက်လိုက်တာလားတော့ မသိနိုင်ဘူး။ အခုတော့ ချစ်ချင်ခဲ့တဲ့ကောင်မလေးရဲ့ ခြေထောက်တွေဟာ သွေးစိမ်းရှင်ရှင်ယိုလို့။ သေချာတာတော့ အဲဒီမျက်ဝန်းတွေဟာ ဒီကမ္ဘာမှာ အချစ်ရှိပါတယ်လို့ ဘယ်တော့မှ မယုံတော့မယ့်မျက်ဝန်းတွေ ဖြစ်သွားခဲ့ပြီ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

8.4 1985
Come and See
Captain Ron
5.8

ဟောင်းပေမဲ့ ရယ်မောနေရဆဲဖြစ်တဲ့ 1992 ခုနှစ်ထွက်ဟာသရုပ်ရှင်ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အမွေရတဲ့ရွက်‌လှေကို ပြန်ရောင်းဖို့အတွက်သွားယူကြရင်း အပြန်လမ်းခရီးမှာ စွန့်စားခန်းမျိုးစုံကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆုံးသွားတဲ့ ဦးလေးဖြစ်သူဆီကနေ အပျော်စီးရွက်လှေတစ်စီးကို ချီကာဂိုကဟာဗေးမိသားစုအမွေရလိုက်ပါတယ်။ လှေကိုပြန်ရောင်းဖို့အတွက်ဆို လက်ရှိလှေရှိနေတဲ့ ကျွန်းကနေ မိုင်ယာမီကို ပြန်သယ်လာရမှာဖြစ်လို့ မိသားစုတစ်ခုလုံးလှေကိုသွားယူခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရွက်လွှင့်ဖူးတဲ့အတွေ့အကြုံမရှိကြတာမလို့ မာလိန်မှူးတဖြစ်လဲ ရွက်လွှင့်နည်းတွေသင်ပေးလို့ရအောင် ကျွန်းပေါ်ကဒေသခံ ကပ္ပတိန် ရွန်ကိုငှားပြီး မိုင်ယာမီကိုပြန်ရွက်လွှင့်လာခဲ့ကြရင်း ပြောင်းမြောက်လှတဲ့ ကပ္ပတိန်ရွန်ရဲ့ ပဲ့ကိုင်စွမ်းရည်တွေတောင် ဘဝတစ်သက်စာမမေ့နိုင်မဲ့စွန့်စားခန်းတွေကိုဘယ်လိုဖြတ်ကျော်ကြရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File Size : 3.1 GB, 1.6 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

5.8 1992
Captain Ron
The Lifeguards
5.7

The Lifeguards (2024) IMDb Rating (5.7) ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Comedy ဇာတ်ကားလေးတစ်ခုပဲ ဖြစ်ပါတယ်။ မိုက်ခ်ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က စည်းနဲ့ကမ်းနဲ့နေထိုင်ကာ အိမ်တွင်းပုန်းစာကြမ်းပိုးလေးတစ်ယောက် ဖြစ်ပါတယ်။ နွေရာသီမှာ အလုပ်တစ်ခုခု လုပ်ထားမယ်ဆိုရင် ကောလိပ်ရောက်နိုင်ချေ များတယ်ဆိုပြီးတော့ သူတို့မြို့လေးက ရေကူးကန်မှာ lifeguard သွားလုပ်ပါတော့တယ်။ အလုပ်ကိုရောက်မှ သိလိုက်ရတာက နွေရာသီမှာ အလုပ်လာလာလုပ်ကြတဲ့ တခြား lifeguards တွေအကုန်လုံးက အရမ်းဗရုတ်ကျကြတာပါပဲ။ သူ့လိုပဲ အသက်မပြည့်သေးတဲ့ ကလေးတွေပါလည်း အရက်တွေသောက်ခိုင်း၊ ညဘက်တွေ ပါတီပေးနဲ့ မနက်ဘက် တာဝန်ချိန်ရောက်ရင် hangover ဖြစ်နေတတ်တဲ့ တသိုက်ပါ။ သူလည်း အစကတော့ ပါတီတွေ မသွားဘဲနေပေမယ့် သူတို့အဖွဲ့ထဲက အမ်မာဆိုတဲ့ တက္ကသိုလ်ကျောင်းသူ မမကို စိတ်ဝင်စားသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(1.8 GB) / (930 MB) Quality….WEB-RIP 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:47:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nway Oo K Zaw

5.7 2024
The Lifeguards
Holy Mother La Abadesa
6

Holy Mother (2024) IMDb Rating (6.0) ၉ ရာစုအလယ်ခေတ်ကတစ်ကျော့ပြန်ခေတ်လို့‌သမုတ်ကြပေမဲ့ တစ်ဖက်မှာလည်း အမှောင်မိုက်ဆုံးအခြမ်းရှိနေပါတယ်။ အမ်မာက အသက် ၁၇ နှစ်သာရှိသေးပေမဲ့ ခရစ်ယာန်ကျောင်းထိုင်သီလရှင်အဖြစ်ခံယူခဲ့ပြီး သူတို့နေထိုင်တဲ့ဒေသမှာ လူဦးရေတိုး‌တက်အောင်လုပ်ဖို့ဆိုတဲ့ သမိုင်းပေးတာဝန် (ဝါ) ဖခင်ပေးတာဝန်ကို ထမ်းဆောင်ဖို့ဖြစ်လာပါတယ်။ သူမက နာခံတတ်တဲ့သူဖြစ်တဲ့အလျောက် သူ့တာဝန်သူ စည်းဘောင်တွေကြားထဲကနေ ရအောင်လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သူတို့ဒေသထဲမှာ မော်ရ်တွေရဲ့ကျူးကျော်မှုရန်ကရှိနေ‌သေးတဲ့အပြင်ကိုမှ ကျောင်းတိုက်ထဲမှာပါ အရှုပ်တော်ပုံကိစ္စတွေဖြစ်လာပါတော့တယ်။ ဒီလိုအရှုပ်ကိစ္စ‌တွေနဲ့ အလယ်ခေတ်ရဲ့ဖိုဝါဒီကြီးစိုးမှုတွေကြားကနေ စစ်စတားတစ်ယောက် ဘယ်လိုတွေရုန်းကန်မလဲဆိုတာကြည့်ရှုရမဲ့ စပိန်ဘာသာရေး ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.5 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:57:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

6 2024 122 mins
Holy Mother La Abadesa
The Watcher
5.3

The Watcher (2000) IMDb Rating (5.3) / Rotten Tomatoes (11%) နာမည်​ကြီး John Wick မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ပိုင်းမှာလူကြိုက်များခဲ့တဲ့ မှုခင်းကားလေးပါ။ ဒေးဗစ်အယ်လန်ဂရစ်ဖင် ဆိုတဲ့သွေးအေးလူသတ်သမားက အချိန်နဲ့အလိုက် မိန်းကလေးတွေကိုရွေးချယ်ပြီးနေ့စဥ်စောင့်ကြည့်ကာ စနစ်တကျ သတ်လေ့ရှိပါတယ်။ ဂျိုလ်ကန့်ဘဲကတော့ ဒီလူသတ်သမားကိုမဖမ်းနိုင်လို့စိတ်ညစ်ပြီး FBI ကထွက်ကာ ချီကာဂိုကိုပြောင်းလာပြီး စိတ်ဒါဏ်ရာရနေသူပါ။ နောက်တော့အသတ်ခံရတော့မည့်ကောင်မလေးတွေရဲ့ ဓာတ်ပုံတွေရရှိလာပြီး လူသတ်သူက သဲလွန်စများ ပေးလာတာကြောင့် ချီကာဂိုမှာတင် အမှုကိုဆက်ကိုင်ခဲ့ပါတယ်။ ထို့နောက် ဂျိုလ်နဲ့ ဂရစ်ဖင် ဘယ်လိုတွေများတွေ့ကြပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kavil ဖြစ်ပါတယ်။) File size…(2.9 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Mystery,Thriller Duration….01:38:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Kavil

Drama • Thriller
5.3 2000 96 mins
The Watcher
Mystery Men

IMDbs 6.1/10 Rotten Tomatoes (60%) အူတက်အောင်ခွီချင်ရင် ဒီစူပါဟီးရိုးဟာသကားကြည့်.. ဇာတ်လမ်းအကျဥ်းကတော့ ချန်ပီယံမြို့တော်ကြီးမှာ သိပ်ကို စူပါဟီးရိုးဖြစ်ချင်တဲ့ စူပါဟီးရိုးရူးတစ်သိုက်ရှိကြပါတယ် အမျိုးမျိုးကြိုးစားပေမဲ့ တလွဲတွေချည်းလုပ်တော့ လူတွေရဲ့ စိတ်ဝင်စားအသိမှတ်ပြုခြင်းမခံရတဲ့တစ်သိုက်ပေါ့…. တစ်နေ့ ဂန္ဓဝင်လူဆိုးတစ်ယောက်ထောင်ထဲကလွတ်လာပြီး တမြို့လုံးကိုကာကွယ်ပေးလေ့ရှ်ိတဲ့ တကယ့်စူပါဟီးရိုးအစစ်ကလဲ လူဆိုးဆီမှာဖမ်းခံထားရတဲ့အခါ လူရာဝင်ချင်တဲ့ သူတို့တစ်သိုက်ဟာ ချန်ပီယံမြို့တော်ကြီးကို လူဆိုးဖျက်ဆီးမဲ့ရန်က ကာကွယ်ဖို့ ကြိုးစားပါတော့တယ် ဖမ်းခံထားရတဲ့စူပါဟီးရိုးကို သူတ်ို့သွားကယ်တဲ့အခါရော​ ဂန္ဓဝင်လူဆိုးနဲ့ချတဲ့အခါရော အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ အူတက်နေအောင်ရယ်ရမဲ့ သိပ္ပံအက်ရှင်ဟာသကားလေးဖြစ်ပါတယ်နော်… File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Adventure, Fantasy, Action, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si

Drama • Romance
0 1999
Mystery Men
Sacramento
5.9

Sacramento (2025) IMDb Rating (5.9) / Rotten Tomatoes (84%) ပေါ့ပေါ့ပါးပါး comedy အမျိုးအစားကြည့်ချင်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။ Sky High (2005) ထဲက မင်းသား Michael Angarano ၊ Superbad (2007) ထဲက Michael Cera ၊ The Twilight Saga ရဲ့ မင်းသမီး Kristen Stewart နဲ့ Mr. & Mrs. Smith series ထဲက Maya Erskine တို့ သရုပ်ဆောင်ထားကြပါတယ်။ ရစ်ကီက ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှ အလေးမထားတဲ့ သူတစ်ယောက်ပါ။ ဂလန်းကတော့ စိတ်လှုပ်ရှားလွယ်ပြီး ကလေးအဖေ ဖြစ်လာခါနီးသူပါ။ တစ်နေ့မှာ နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ ရစ်ကီတစ်ယောက် ဂလန်းရဲ့ အိမ်ရှေ့ကို ရောက်ချလာပါတယ်။ ဂလန်းက ရစ်ကီကို ဟက်ဟက်ပက်ပက် မဆက်ဆံပေမယ့် နောက်ဆုံးမှာ ဘော်ဒါအကန့်နဲ့ ထမင်းစားဖို့ လိုက်သွားပါတယ်။ အပြန်လမ်းရောက်တော့ ဆတ်ခရီမန်တိုမြို့ဆီ ကားမောင်းရင်းသွားရအောင်လို့ ဆွယ်တော့အကြောင်းအရင်း မေးကြည့်တဲ့ အခါ ဖခင်ဖြစ်သူရဲ့ ပြာကို သွားကြဲမှာဖြစ်ကြောင်း ပြောလာပါတယ်။ ဂလန်းလဲ မယုံပေမယ့် လိုက်သွားပေးလိုက်ပါတယ်။ တကယ်ရော ပြာကြဲဖို့ သွားတာလား။ ဂလန်းထင်သလို နောက်ကွယ်က ဇာတ်လမ်းတွေ ဘာရှိဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Boomer ဖြစ်ပါတယ်။) File size… (2 GB) / (990 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:29:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Boomer

Adventure • Animation • Family • Fantasy
5.9 2025 89 mins
Sacramento