YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

God Of Gamblers II [1991] (MM Sub).mp4

900.16 MB 720p video/mp4 3076 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ripper Untold
6.2

ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်.... သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Action • Adventure • Fantasy • Horror • Thriller
6.2 2021 85 mins
Ripper Untold
Reincarnation Love
3

အချစ်ဖန်တက်စီဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင် ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာစဉ်အချိန်တုန်းက လူသားတွေနဲ့မိစ္ဆာမျိုးနွယ်တွေဟာ အတူတွဲနေထိုင်ကြတယ်။ မိစ္ဆာမျိုးနွယ်တွေကအသက်ရှည်ပေမယ့် မေတ္တာခေါင်းပါးကြတယ်။ မိစ္ဆာတွေဟာ နတ်ဖြစ်ဖို့အတွက် နှစ်ရာချီကြိုးစားပြီးကျင့်ကြံကြရတယ်။ အဲဒီလိုမှ နတ်နဲ့မိစ္ဆာတွေကြား ငြိမ်းချမ်းမှုတည်မြဲစေပါတယ်လို့ဆိုတယ်။ ပုရှန်းတောင်ကမိစ္ဆာမလေးပင်းချင်ဟာ နတ်ဖြစ်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာကိုလိုက်ရှာရတဲ့အချိန်မှာ မိစ္ဆာနှိမ်နင်သူကောင်လေးနဲ့တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့ဆန့်ကျင်ဘက်အခြေနေတွေကြားက သူတို့နှစ်ယောက်ကြားမှာအချစ်ပန်းတွေပွင့်လာနိုင်မလား...... သူတို့ရဲ့မေတ္တာခရီးကရောဖြောင့်ဖြူးနိုင်ပါ့မလား...... ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးကြည့်ရမှာဖြစ်တဲ့အတွက် CM Chinese fanတွေအဖို့ စိတ်အမောတွေဖြေဖျောက်ဖို့ ကားကောင်းလေးတစ်ကားပဲဖြစ်လို့ ကြည့်ရှုအားပေးဖို့တိုက်တွန်းချင်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Thriller
3 2022 80 mins
Reincarnation Love
I Came By
6.3

Netflix က ထွက်ရှိထားပြီး IMDb 6.1 ရရှိထားသလို Rotten Tomatoes မှာ 69% ရထားတဲ့ ကားလေးပါ။ Overrated ဖြစ်မနေ တာတော့ အသေအချာပါပဲ။ ဘာလို့ဆို ဇာတ်ကားလေးကိုစကြည့်ထဲ ကနေ တောက်လျှောက် ဘာဖြစ်မလဲဆိုတာ မသိရတာမျိုးကားလေး မလို့ပေါ့ဗျာ။ ဒီလိုကားလေးတွေရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းခါနီးထိကို ဆွဲခေါ်သွားပြီးဇာတ်သိမ်းတော့မှ ဇာတ်ရှိန်ကျတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားလေးထဲမှာတော့ ဂရက်ဖတီဆွဲတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ တိုဘီ နဲ့ ဂျေးတို့နဲ့ စတင်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရော်ဘင်ဟုဒ်တွေလိုပေါ့ဗျာ။ ရိုးရိုးသာမန်ဂရက်ဖတီသမားတွေလို လမ်းမတွေ ပေါ်မှာ မ‌‌ဆွဲဘဲ အကျင့်ပျက်ခြစားနေတဲ့သူဋ္ဌေးကြီးတွေရဲ့ အိမ်ထဲခိုးဝင်ပြီး ခြိမ်းခြောက်စာအနေနဲ့ ဂရက်ဖတီတွေ ဆွဲတတ်တဲ့ လူငယ်လေးတွေဖြစ်ပါတယ်။ စနစ်ဆိုးကြီးကို ဒီလိုစတင်တိုက်ထုတ်မယ်လို့ ခံယူထားကြတဲ့ လူငယ်လေး နှစ်ယောက်ပေါ့။ သိုးရေခြုံထားတဲ့ ဝံပုလွေဆိုးကြီးတွေကို ဂရက်ဖတီနဲ့ဖော်ထုတ်နေတဲ့ သိုးငယ်လေး နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမယ်၊ ဇာတ်လမ်းထဲမှာ ဘာတွေဆက်ဖြစ် သွားဦးမလဲကိုတော့ ဒါရိုက်တာ ဘာဘက်အန်ဗာရီရိုက်ကူးထားတဲ့ I Came By ဆိုတဲ့ ရုပ်ရှင်ကားလေးထဲမှာခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.55 GB) / (610 MB) / (354 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......San Thu Aung Encoder..........SWM

Crime • Romance • Thriller
6.3 2022 110 mins
I Came By
In Dream
4

In Dream (2023) လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ် ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီ ဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ် ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ် နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

Action & Adventure • Crime • Drama
4 2023 90 mins
In Dream
Thalainagaram 2

Thalainagaram (2023) ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲ ချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့ သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေ တစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni

Documentary
0 2023
Thalainagaram 2
Motion Detected

ခေတ်မီသူတိုင်း AIကြိုက်ကြတဲ့ ITခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့fieldတစ်ခုစီမှာ AIကိုမှီခိုနေကြပါတယ်။ ဒါကြောင့်လည်းပဲ လူသားတွေတီထွင်ခဲ့တဲ့ AIက overpowering ဖြစ်လွန်းပြီး လူသားတွေကို ကျော်လွန်တော့မှာလားဆိုတဲ့မေးခွန်းတွေ၊ ဒီAIသာ စနစ်တစ်ခုခုချို့ယွင်းခဲ့ရင် errorတက်ခဲ့ရင် human best friend ကနေ အဆိုးဆုံးလူသတ်သမားဖြစ်လာမှာလားဆိုတဲ့ idea‌တွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်လေးကလည်း American Horror stories ရဲ့ Alexaအကြောင်းရိုက်ထားတဲ့ရုပ်ရှင်လိုပဲ Diablo Controlsဆိုတဲ့ကုမ္ပဏီက AI security system အကြောင်း ရိုက်ကူးထားတာပါ။ အဲဗာဟာ အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုရဲ့ ထူးဆန်းစွာ အသက်ရှင်ကျန်နေခဲ့တဲ့လူပေါ့။ ထူးဆန်းစွာလို့ပြောရတာကတော့ အတော်ကိုသွေးဆာနေတဲ့လူသတ်သမားက အဲဗာတို့အိမ်ထဲကို ဖောက်ဝင်ပြီး အဲဗာကိုအကြမ်းဖက်ခဲ့ပေမဲ့ သူ့ကိုမသတ်ဘဲကျော်သွားပြီး တခြားအမျိုးသမီး 2 ယောက်ကိုပဲ သတ်သွားတာပါ။ ဒါပေမဲ့လည်း အဲဗာတစ်ယောက် PTSDနဲ့ သံသယလွန်ကဲရောဂါတွေကြောင့် ဆွေးနွေးကုသမှု ခံယူနေရပြီးတော့ ခင်ပွန်းဖြစ်သူကလည်း အဲဗာကို နေရာသစ် အိမ်သစ် ပတ်ဝန်းကျင်သစ်မှာ စိတ်သစ်လူသစ်နဲ့နားနေနိုင်ဖို့ ကယ်လီဖိုးနီးယားကအိမ်တစ်လုံးကို ခေါ်လာခဲ့ပါတယ်။ အတော်လေး နေရာကျယ်တဲ့ အိမ်ကြီးတစ်လုံးဖြစ်တဲ့အပြင် အဆင့်မြင့်ပရိဘောဂနဲ့ စက်ပစ္စည်းတွေကိုသုံးထားတဲ့ဒီအိမ်ကြီးဟာ အဲဗာတို့ဇနီးမောင်နှံအတွက်တော့ သဘောကျစရာဖြစ်နေတာပေါ့။ အထူးသဖြင့် အိမ်မှာတပ်ဆင်ထားတဲ့ Diablo Controlsရဲ့အဆင့်မြင့်လုံခြုံရေးစနစ်က အိမ်ဖောက်ထွင်းခံရဖူးတဲ့ စိတ်ဒဏ်ရာရှိနေတဲ့အဲဗာအတွက် အသင့်တော်ဆုံးလို့ မီဂေးလ်ကတထစ်ချတွက်နေတာပေါ့။ သူတို့ထက်အရင် ဒီအိမ်မှာနေသွားတဲ့မိသားစုက ပျောက်ချင်းမလှပျောက်သွားတယ်ဆိုတဲ့အချက်ကတော့ ဘဝင်မကျစရာဆိုပေမဲ့ အိမ်ကမျက်စိကျစရာကောင်းလောက်အောင် ခမ်းနားပြီးဆန်းသစ်နေတဲ့အတွက် ငှားဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အိမ်ငှားပြီးပြီးချင်းညမှာပဲ ချက်ချင်းဆိုသလို အရင်မြို့ကို အလုပ်ကိစ္စနဲ့ ပြန်သွားရဖို့ဖြစ်လာတဲ့ ခင်ပွန်းဖြစ်သူကြောင့် အဲဗာတစ်ယောက် 3 ထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.1 GB)/(600 MB)/(290 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre…Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2023
Motion Detected
Dust To Dust
6.1

တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။ (၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။ နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။

Fantasy • Drama • Romance
6.1 2023
Dust To Dust
Misty Creed
5.8

ဒီဇာတ်ကားမှာ Conjuring Curse ရဲ့ပုံစံအတိုင်းပဲ လျှို့ဝှက်ဆန်းကြယ်ပုံဆက်ပြီးသွားထားပါတယ်။ ထူးဆန်းသတ္တဝါကိုနှင်ဖို့ ရွာသားတွေက မြူနတ်ကို မျက်ကန်းမိန်းကလေးနဲ့ လက်ထပ်ပူဇော်ဓလေ့တစ်ခုရှိခဲ့တယ်။ ဝူရှဲ၊ ကျန်းချီလင်နဲ့ ဝတုတ်တို့က မြူတွေဆိုင်းနေတဲ့တောင်တစ်ခုမှာ ထူးဆန်းသတ္တဝါကဒုက္ခပေးနေတယ်ဆိုပြီး အကူအညီတောင်းလာတဲ့အတွက် မြူနှင်းတောင်ကိုရောက်လာခဲ့ကြတယ်။ တောင်ပေါ်ရောက်စမှာပဲ မြူတွေထဲမှာမျက်စိလည်ပြီးလမ်းပျောက်ကြတော့တာပဲ။ မြူနှင်းတွေကြားမှာဘယ်လို အန္တရာယ်တွေက စောင့်နေမလဲ …… ထူးဆန်းသတ္တဝါရဲ့နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……

5.8 2023
Misty Creed
Hi Nanna
8.4

Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ) IMDb 8.4/10 , RT 100% Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ Main cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ် “တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ” ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့… ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ယာ့ရှ်နာနဲ့ ဖေဖေဗီရာ့ဂျ်တို့ ဆုံတွေ့ကြတဲ့အခါမှာ …. ဗီရာ့ဂျ်ရဲ့အတိတ်က ဇာတ်လမ်းက ဘာဖြစ်မလဲ မာဟီလေးကရော သူ့ရောဂါပျောက်ကင်းသွားမလား ယာရှ်နာကရော သူတို့သားအဖနဲ့ ဘာတွေပတ်သတ်နေလဲ စိတ်ဝင်တစားနဲ့ မိဘမေတ္တာ သံယောဇဉ် အချစ်ဇာတ်လမ်းလေးကို ကြည်ကြည်နူးနူး ကြည့်ရှုနိုင်ဖို့ ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်လိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

TV Movie • Romance • Family • Drama
8.4 2023 155 mins
Hi Nanna
Háromezer számozott darab(Three Thousand Numbered Pieces)
6.6

အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေနိုင်သလို ခွဲခြားခံရတယ်လို့ထင်နေသူလူမျိုးစုဟာလည်း အငုံ့စိတ်အားကြီးပြီး တစ်ခုခုဆိုတိုင်း ငါတို့ဟာခွဲခြားခံနေရပါတယ်ဆိုပြီး အရမ်းကာရောသိမ်ငယ်နေခြင်းဟာလည်း လူမျိုးရေးခွဲခြားမှုကို ပုံစံတစ်မျိုးနဲ့ အားပေးနေသလိုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ ဟန်ဂေရီပြဇာတ်ဆရာတစ်ယောက်က ဂျစ်ပစီလူငယ်ငါးယောက်နဲ့ Reality Show တစ်ခုတင်ဆက်တဲ့အကြောင်းပါ။ လူငယ်ငါးယောက်က အရင်က ဆေးသမား၊ ပြည့်တန်ဆာ၊ ရာဇဝတ်ကောင်၊ အနိုင်ကျင့်ခံရသူ စသဖြင့် စိတ်ဒဏ်ရာတစ်ခုခု ရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေခဲ့ရတဲ့ အဖြစ်မှန်တွေ၊ အတွေအကြုံတွေကို တင်ဆက်ရမယ့်အစား အံချော်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ၊ နာကျင်မှုတွေ၊ မညီမျှတွေကို ထုတ်ဖော်ပြသမိကြတဲ့အခါ ပြဇာတ်ဟာ စီစဉ်ထားသလို မဟုတ်တော့ဘဲ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။ ဇာတ်လမ်းဟာ ပြဇာတ်ရဲ့ပြကွက်တွေဘက်ကို ပြလိုက်၊ တကယ့်လက်တွေ့ဘဝဘက်ကို ပြန်သွားလိုက်နဲ့ အတော်လေးတော့ သောင်းပြောင်းထွေလာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်တင်ဆက်နေကျ ဇာတ်ကြောင်းပြောဟန်ကနေခွဲထွက်ပြီး ရသတစ်မျိုးကိုကွဲပြားစွာခံစားလိုတဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ ဟန်ဂေရီစကားပြော ဟန်ဂေရီဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာစတင်ပြသခဲ့ပါတယ်။ ဒါရိုက်တာကတော့ Adam Csaszi ဖြစ်ပြီး Kristof Horvath၊ Agota Benedek၊ Fraciska Farkas၊ Romeo Papai၊ Csaba Gerner စတဲ့ဟန်ဂေရီသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ European Film Festival Palic 2023 မှာ အကောင်းဆုံးဒါရိုက်တာဆုရထားပြီး Tallinn Black Nights Film Festival 2022 မှာလည်း ဆန်ကာတင်နှစ်ဆုရခဲ့ပါတယ်။ IMDb rating ကတော့ 6.6 ရထားပါတယ်။ File size…(1.1 GB)/(749 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Action • Romance • Thriller
6.6 2022 97 mins
Háromezer számozott darab(Three Thousand Numbered Pieces)
Pilot
8

Pilot (2024) ************* ဒီတစ်ခေါက် ကျွန်တော်တို့ Channel Myanmar ကနေ Cockpit ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ Pilot ဆိုတဲ့ ဟာသရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့အားလုံးရင်းနှီးပြီးသား Hospital Playlist ထဲမှ Jo Jung Suk၊ Work Later Drink Now ထဲမှ Han Sun Hwa၊ Twenty-Five Twenty-One ထဲမှ Lee Joo Myung၊ D.P ထဲမှ Shin Seung Hoတို့နဲ့အတူ အခြားသော နာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း အလုပ်လက်မဲ့ဘဝကို ရောက်သွားပြီး စားဝတ်နေရေးပါ ခက်ခဲလာတဲ့အခါမှာတော့ ညီမဖြစ်သူ ဟန်ဂျောင်မီရဲ့ နာမည်ကိုသုံးပြီး သူ့ကိုယ်သူ မိန်းမတစ်ယောက်အနေနဲ့ ဟန်ဆောင်ကာ လေယာဉ်မှူး အလုပ်အသစ်တစ်ခုကို ထပ်ရဖို့အတွက် ကြိုးစားပါတော့တယ်။ ကံကောင်းထောက်မစွာနဲ့ လေယာဉ်မှူးအလုပ်ကို ရသွားတဲ့ ဂျောင်အူတစ်ယောက် မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုဆက်ဟန်ဆောင်မလဲ..။ လုပ်ငန်းခွင်မှာရော ဘယ်လိုအလွဲလေးတွေ တွေ့လာရမလဲဆိုတာ ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အရမ်းပေါက်နေတဲ့ ကားလေးလည်းဖြစ်တာမလို့ အကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပဲနော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။) File size…1.60GB / 720MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Theint, Hnin Wai , Treasure Htet & Hsu Pyae

8 2024 111 mins
Pilot
The Fast and the Furious: Tokyo Drift Fast and Furious 3
6.1

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ The Fast and the Furious: Tokyo Drift (2006) IMDb Rating (6.1) / Rotten Tomatoes (38%) ရှောင်ဆိုတဲ့လူငယ်လေးဟာ တကယ်ပြဿနာအိုးကောင်..ကျောင်းတက်ရင်လည်း ပြဿနာမျိုးစုံတက်သလို ရန်ပွဲတွေလည်းခဏ ခဏဆင်နွှဲလေ့ရှိတယ်။ ဒီလို ဂျစ်ကန်ကန်ကောင်လေးကြောင့်အမေဖြစ်သူဟာ ခဏ ခဏ နေရပ်ပြောင်းရလေ့ရှိတယ်။ နောက်ဆုံးအဆင်မပြေတဲ့အဆုံးအမေဖြစ်သူဟာ ရှောင်ကို အဖေဖြစ်သူနေထိုင်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုလွှတ်လိုက်တယ်။ အဖေနဲ့အတူနေပြီး နိုင်ငံခြားကျောင်းမှာ ခြေငြိမ်မယ်အထင်နဲ့ပေါ့။ သို့ပေမဲ့ ဂျပန်ရောက်မှာ ပိုဆိုးပါတော့တယ်။ File Size : (5.9 GB) /(1.8 GB) / (1.2 GB) Quality : BluRay 4K HEVC/ 1080p HEVC/ 720p Running Time : 1hr 44 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Phyo Pyae/Ka Naung

Romance • Comedy • Drama
6.1 2006 104 mins
The Fast and the Furious: Tokyo Drift Fast and Furious 3
Summer Times Sommartider
6.8

ဂီတလောကမှာ နာမည်ကြီးကျော်ကြားအောင်မြင်တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ရုပ်ရှင်ရိုက်ကူးထားတာတွေကို တွေ့ဖူး ကြမှာပါ။သူတို့နာမည်မကြီးခင် မအောင်မြင်ခင်ကာလတုန်းက ဘယ်လိုရုန်းကန်ခဲ့ရတယ် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာတွေကို အသေးစိတ်ကျကျ ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားမျိုးတွေ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ကလည်း သူတို့ Idol တွေရဲ့ ဘ၀ ဇာတ်ကြောင်းတွေကို မြင်တွေ့ရတဲ့အတွက် အကြိုက်ပါပဲ။ အခုတင်ဆက်ပေးမဲ့ Musical Idol ကတော့ ဆွီဒင်က Gyllene Tider လို့ခေါ်တဲ့ Pop တီးဝိုင်းအဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ကလူငယ်ဘ၀မှာတင် ဆွီဒင်မှာဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တီးဝိုင်းအဖွဲ့တစ်ခုဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေမှာ နိုင်ငံအဆင့် စံချိန်ချိုးနိုင်ခဲ့တဲ့အဖွဲ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကလူတွေဆိုရင်တော့ သိပ်ကြားဖူးကြမယ်မထင်ပေမဲ့ နိုင်ငံတကာနဲ့ သူတို့နိုင်ငံမှာတော့ သူတို့တစ်ခေတ်တစ်ခါမှာ အရမ်းအောင်မြင်ခဲ့ပြီး တက်သစ်စ လူငယ်တီးဝိုင်းလေးတွေအတွက် စိတ်ခွန်အားဖြစ်စေမှာတော့အမှန်ပါပဲ။ ဒီလိုသူတို့အကြောင်းတွေရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေး ကိုတော့ Sommartider လို့နာမည်ပေးထားပြီး လက်ရှိ IMDb Rating 6.8 အထိရရှိတဲ့အတွက် သဘောကျသူတွေများ တယ်လို့လည်းပြောလို့ရပါတယ်။ ဒီ Gyllene Tider ဆိုတဲ့တီးဝိုင်းဖြစ်လာအောင် စတင်တည် ထောင်ခဲ့တဲ့သူကတော့ ပါဟာကန်ဂက်စလေဖြစ်ပြီး သူက စစချင်းမှာတော့ လူကြောက်တတ်တဲ့ အသင်းအဖွဲ့နဲ့မနေတတ်တဲ့ နေရာအကျယ်ကြီးတွေကြောက်တဲ့ ရောဂါသည်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဂီတကတော့ သူ့ရဲ့ရူးသွပ်စွဲလမ်းနေတဲ့ ဝါသနာဖြစ်ပြီး အဲ့ဒီခေတ်မှာထွက်ထားတဲ့ သီချင်းဓာတ်ပြား တော်တော်များများ သူ့ဆီမှာရှိတဲ့အပြင် သူ့ခေါင်းထဲမှာလည်း သီချင်းတွေအပြည့်ပါပဲ။ဒီလိုနဲ့တစ်ရက်မှာတော့ သူ့ကျောင်းက တီးဝိုင်းအဖွဲ့ကိုတွေ့သွားခဲ့ပြီး ကိုယ်ပိုင်တီးဝိုင်းထောင်ချင်တဲ့ စိတ်တွေတဖွားဖွားဖြစ်လာပါတော့တယ်။ အဲ့ဒီအခါမှာတော့ သူ့အရည်အချင်းကိုမြင်တဲ့ ကျောင်းတီး၀ိုင်း အဖွဲ့က သူငယ်ချင်းတစ်ယောက်နဲ့ တခြားသောတီးဝီုင်းအဖွဲ့ဝင် တွေကိုလိုက်လံစုဆောင်းပြီး ဂီတကိုကြိုက်နှစ်သက်တဲ့လူငယ်လေး တွေစုစည်းမိရာကနေ ဆွီဒင်မှာ အရမ်းအောင်မြင်ခဲ့တဲ့တီးဝိုင်း အဖွဲ့တစ်ခု ဘယ်လိုဖြစ်လာခဲ့တယ်ဆိုတာတွေကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ File size… (1.59GB) / (857MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Crime • Thriller
6.8 2025 101 mins
Summer Times Sommartider
You Are Deep In My Heart
6.3

လူတိုင်းမှာ ငယ်ချစ်ဦးဆိုတာတော့ရှိကြပါတယ် ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့အတိုင်း တခြားရည်းစားတွေကိုသာ မေ့ရင်မေ့သွားမယ် ငယ်ချစ်ဦးကိုတော့ မမေ့နိုင်ကြပါဘူး ငယ်ချစ်ဦးနဲ့ ပေါင်းဖက်ရတဲ့သူပဲဖြစ်ဖြစ် ကွဲကွာသွားသူပဲဖြစ်ဖြစ် ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးကို ကြည့်ရင်း ငယ်ချစ်ဦးကို ပြန်တမ်းတကာ ကြည်နူးလို့ရပါပြီနော် ဇာတ်ကြောင်းလေးကတော့….ယုရှန်းဟာ အိမ်မက်တွေအပြည့်ရှိတဲ့ သူဌေးသမီးလေးဆိုပေမဲ့ သူ့အိမ်မက်တွေကို ဖခင်က အပြင်းအထန် ကန့်ကွက်တာကြောင့် အိမ်ပေါ်ကဆင်းလာပြီး သူ့ရဲ့ မင်းသမီးဖြစ်လာဖို့ အိမ်မက်တွေကို ပုံဖော်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ကျင်ယန်ကတော့ DEမိတ်ကပ်ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ယုရှန်းနဲ့ ကျောင်းတုန်းက ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြတာပါ သူတို့ အချစ်ဦးနှစ်ယောက်ဟာ အရင်က မပေါင်းဖက်ခဲ့ရဘဲ အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာသွားခဲ့ကြရပါတယ် အခုလက်ရှိမှာတော့ ယုရှန်းကို ကျင်ယန်က DEမှာ တတ်သစ်စကြော်ငြာမင်းသမီးအဖြစ်ငှားလိုက်ပါတယ် သူတို့ငယ်ချစ်ဦးနှစ်ယောက် ပြန်လည်တွေ့ဆုံကြပြီး သူတို့တွေ ဘယ်လို ပြဿနာတွေကြောင့်ကွဲသွားကြတာလဲ အခုလက်ရှိအခြေအနေမှာရော ပြန်လည်ပေါင်းထုပ်နိုင်ဦးမှာလား ဆိုတာကို ဆက်လက်ကြည့်ကြရင်း တချိန်က အချစ်ဦးကို တကျော့ပြန် တမ်းတလိုက်ကြရအောင်…

Action • Thriller • Crime
6.3 2018
You Are Deep In My Heart