YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Goblin.2016.S1EP16.BluRay1080P(CM).mp4

889.16 MB 1080p video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Failan
7.2

~ IMDb - 7.5/10, RT - 86%, MyDramaList - 7.4/10 ~ Failan ကို Calla, One Day, Maundy Thursday တို့ကို ရိုက်ခဲ့တဲ့ Song Hae-sung ရဲ့ အကောင်းဆုံးရုပ်ရှင်ဖြစ်သလို ချွဲမင်ဆစ်ရဲ့ ပါဖောမင့်န်အပြောင်မြောက်ဆုံး ရုပ်ရှင်လို့လည်း တစ်ချို့က သတ်မှတ်ကြပါတယ်။ ချွဲမင်ဆစ်ဟာ ပတ်ချန်းဝုရဲ့ Old Boy တို့ Lady Vengeance တို့၊ ကင်ဂျီ၀န်းရဲ့ I Saw The Devil တို့နဲ့ အတော်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဇာတ်ရုပ်တွေမှာ လုံးဝပီပြင်အောင် သရုပ်ဆောင်ခဲ့ဖူးသလို ခု Failan နဲ့ ကင်ဂျီ၀န်းရဲ့ The Quiet Family တို့မှာ Comedy ဆန်ဆန်ဇာတ်ရုပ်ဆိုလည်း အံ၀င်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဆိုလည်း မမှားပါဘူး။ Failan ဟာ ကိုရီးယားကား‌ပေမဲ့ ဟောင်ကောင်မင်းသမီး Cecilia Cheung ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Cecilia Cheung ဟာ စတီဖင်ချောင်ရဲ့ King of Comedy ရုပ်ရှင်နဲ့အတူ အောင်မြင်လာတဲ့ ဟောင်ကောင်မင်းသမီးတစ်လက်ဖြစ်ပြီး ဒန်ရီရယ်ဝူ၊ အန်ဒီလောင်တို့အပြင် Big Bang ရဲ့ T.O.P နဲ့လည်း Out of Control ဆိုတဲ့ကား ရိုက်ခဲ့ပါသေးတယ်။ 2017 date တပ်ထားပေမဲ့ ဒီနေ့အထိတော့ ဒစ်ဂျစ်တယ်အနေနဲ့ ထွက်မလာခဲ့ပါဘူး။ အချစ်ဆိုတာ လူတွေမျိုးပွားကြအောင် သုံးတဲ့ သဘာ၀တရားရဲ့ပရိယာယ်တစ်ခုပဲတဲ့။ ဒီစကားကို ဘယ်ပညာရှင်ကြီး ဆိုမိန့်‌ခဲ့လေသတည်းတော့ ကျွန်တော်လည်း မသိဘူးပေါ့။ လူဆိုတဲ့သတ္တဝါဟာ ထက်ခြမ်းကွဲလာကတည်းက လိုနေတဲ့တစ်ခြမ်းကို ရှာခဲ့ကြတာပဲ။ လွဲရင်းကွဲရင်းပါပဲ။ တစ်ခါတလေ အချစ်ဟာ အချိန်အခိုက်အတန့်နဲ့လည်း မဆိုင်သလို တစ်စုံတရာဖြစ်နေခြင်းနဲ့လည်း မဆိုင်ပါဘူး။ ဘယ်သူကမှ ဘာမှမဟုတ်ကြတဲ့ ဒီကမ္ဘာမှာ ဘာမှဟုတ်မနေတဲ့ လူ၂ယောက် တစ်ယောက်အတွက်တစ်ယောက် တစ်စုံတရာဖြစ်ခဲ့ကြခြင်းတွေပေါ့။ အောင်မြင်ခြင်းတွေ ကြီးကျယ်ခြင်းတွေ လိုမလိုတော့ မသေချာပေမဲ့ အရှုံးတွေကပဲ ပိုချစ်တတ်လာအောင် သင်ကြားပေးသွားခဲ့ပါပြီ။ ဒီရုပ်ရှင်မှာလည်း အဲဒီလိုပဲ။ ဘ၀မှာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိလို့ လူမိုက်လုပ်ပေမဲ့ လူမိုက်လုပ်တာတောင် ဖြစ်ဖြစ်မြောက်မြောက်ရှိမနေတဲ့ လူတစ်ယောက်နဲ့ တရုတ်ပြည်မှာ အားကိုးစရာ ဘာမှမရှိတော့လို့ ကိုရီးယားရောက်လာရာက ကိုရီးယားက သူ့အဒေါ်တွေပါ အမေရိကားပြောင်းသွားကြလို့ တစ်ကိုယ်တည်းဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။ သူတို့၂ယောက်ဟာ မျက်နှာချင်းဆိုင် တစ်ခါမှ မတွေ့ဖူးကြဘူး။ တစ်ယောက်ကိုတစ်ယောက်တော့ တစ်ကြိမ်တစ်ခါစီပဲ တွေ့ဖူးကြတယ်။ သူတို့ကြားက အဆက်အစပ်ဆိုလို့ လည်စည်းနီလေးတစ်ထည်၊ စာလေးနှစ်စောင်၊ တရုတ်မလေး ကိုရီးယားမှာ နေလို့ရအောင် အေဂျင်စီက သူတို့ကို အကြင်လင်မယားအဖြစ် မှတ်ပုံတင်ပေးထားတဲ့ စာချုပ်ထဲက လက်ထပ်ခြင်းတစ်ခု ဒါပဲရှိတယ်။ ဒါပေမဲ့ ဒီလိုဘ၀နာနာမှာပဲ သူတို့ရဲ့ အချစ်တွေကတော့ မြင်နေကြုံနေကျ အချစ်ဇာတ်လမ်းတွေထက်တောင် ခမ်းနားနေခဲ့တယ်။ တစ်ခါမှ မျက်လုံးချင်းမဆုံဖူး၊ ဘာမှလည်း မဆက်စပ်တဲ့ လူ၂ယောက်ရဲ့ အချစ်တွေ ဘာကြောင့် ဒီလောက်ခမ်းနားနေခဲ့လဲ မေးလာရင် အရှုံးတွေကြောင့်လို့ပဲ ဖြေရမှာပါပဲ။ ဒီရုပ်ရှင်ဟာ အရှုံးတွေကနေ ပိုချစ်တတ်လာစေခဲ့တဲ့အကြောင်းပေါ့။ " အချစ်များအကြောင်း အရှုံးတွေကပဲ အချစ်တွေကို ပိုပြီးချစ်တတ်လာအောင် သင်ကြားပြသခဲ့လိမ့်မယ်လို့ ငါတို့ ဘယ်သိခဲ့မှာလဲ။ အိပ်ပျော်တဲ့ ညတွေကိုရဖို့ အိပ်မပျော်တဲ့ညတွေကို အရင်းအနှီးပြုခဲ့ရတယ်ဆိုတာကရော ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ဘူး။ အချစ်တွေ ပုံပြင်တွေလို လွယ်လွယ်ပြောကြပါစေ။ " ~ သုခမိန်လှိုင် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 934MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 55Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7.2 2001 115 mins
Failan
Patriot Games
6.7

Patriot Games (1992) ~ IMDb - 6.8/10, Rotten Tomatoes - 72% ~ ဒီဇာတ်ကားက​တော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်​​ဆောင်ထားသလို ပါတိုင်း​သေ မင်းသားကြီး Sean Bean နဲ့ အချစ်​တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်​​လောက်တဲ့ကားပါ။ အိုင်းရစ်ရီပတ်ဘလစ်တပ်မ​တော်လို့ ​ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး ​မြောက်အိုင်ယာလန်ကို ဗြိတိန်​တွေရဲ့လက်​အောက်က ခွဲထွက်ဖို့ ကြိုးစား​နေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က ​အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့​ပေမဲ့ မ​​အောင်မြင်ခဲ့ပါဘူး။ သူတို့ကို တားဆီးခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ ဇာတ်လိုက်​ကျော်ကြီး ဂျက်ရိုင်ယန်ပါပဲ။ ဒါ​ပေမဲ့ လုပ်ကြံမှုကိုတားဆီးရင်း IRA တပ်သားတစ်ဦးဖြစ်တဲ့ ရှောင်ရဲ့ ညီကို ဂျက်တစ်​ယောက် သတ်မိခဲ့ပါတယ်။ ညီဖြစ်သူ​သေဆုံးသွားလို့ အခဲမ​ကျေတဲ့ ​ရှောင်က မူလမစ်ရှင်ဖြစ်တဲ့ ဗြိတိန်မင်းသားကို​တောင် ဂရုမစိုက်​တော့ဘဲ အ​မေရိကန်အထိလိုက်ပြီး ဂျက်နဲ့ သူ့ရဲ့မိသားစုကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားပါ​တော့တယ်။ IRA အဖွဲ့ဝင်ရဲ့ အငြိုးကိုခံလိုက်ရတဲ့ ဂျက်အ​နေနဲ့ သူ့မိသားစုကို အသက်​ဘေးက ကာကွယ်ဖို့ ဘယ်​လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှူခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 775MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 57Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama • Mystery
6.7 1992 117 mins
Patriot Games
A Chance Encounter
7

A Chance Encounter (2022) ==================== “ကျွန်တော့်ကို အိပ်မက်တွေထဲကနေ လမ်းပြပေးပါ ကျွန်တော် ခင်ဗျားကိုပဲ အိပ်မက်မက်နေပါ့မယ်” တဲ့။ လွမ်းမောဖွယ်ရာ အချစ် ဇာတ်လမ်းတွေမှာဆိုရင် အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ အခြေခံထားတဲ့ ဇာတ်လမ်းတွေကပိုလှပတတ်ကြတယ် ထင်ပါတယ်။ ဂီတာလေးတစ်လက်နဲ့ ရိုးရာသီချင်းတွေကို သီဆိုတတ်ပြီး နာမည်ကြီး သီချင်းတစ်ပုဒ် ထွက်ရှိထားတဲ့ အဆိုတော်မလေး ဂျိုစီဒေး နဲ့ မိခင်ရဲ့ အမှတ်တရရှိရာ အီတလီကို လာရင်း စာ‌ရေးဖို့ ကုန်ကြမ်းရှာတဲ့ စာရေး ဆရာလေး ဟာလ်ဖလင်းတို့ရဲ့ အမှတ်မထင် တွေ့ဆုံမှုလေးကနေ လိပ်ပြာ လေးတွေကို ပျံစေခဲ့ပါသတဲ့။ နှစ်ယောက်သား နေ့တိုင်းလျှောက်လည်ကြရင်း အိမ်ပြန်ချိန်ဆို ဟာလ်က “ဒီနေ့အတွက်ကဗျာ” ဆိုပြီး ဂျိုစီ့ကို ကဗျာတစ်ပုဒ်ရွတ်ပြတတ်သလို အဲဒီ ကဗျာလေးကိုပဲ ဂျိုစီက သီချင်းတစ်ပုဒ်အဖြစ် အသက်ပြန်သွင်းတတ်ပါ တယ်။ ဒီတော့ အလှနတ်ဘုရားလို့ ခေါ်တွင်ကြတဲ့ အီတလီမှာ ဆုံမိကြတဲ့သူ နှစ်ယောက်ကို ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ ပုံဖော်ပေးထားတဲ့ ရိုမန့် ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(936 MB) / (368 MB) Quality…………WebRip 1080p / 720p Duration………1Hr 31mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Music, Romance Translator…….May Thet Khine Soe Encoder……….SWM

Comedy • Drama • History • Music
7 2022 91 mins
A Chance Encounter
Nanpakal Nerathu Mayakkam
8.2

Nanpakal Nerathu Mayakkam (2023) Drama IMDb 8.3/10 အခါတစ်ခါမှာတော့ မာလယာလမ် မင်းသားကြီး မမ်မူးတီးရဲ့ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးပါ့မယ်။ သူ့ကားတွေရဲ့ထူးခြားချက်က ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး စဥ်းစားစရာအချက်တွေ အများကြီးပေးပါတယ်။ ခု ဒီကားမှာလည်း ဒီလိုပါပဲ။ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးကအပြန်မှာ သူဟာ လမ်းခုလတ်မှာ ကားကိုရပ်ခိုင်းခဲ့ပြီး ကားပေါ်ကလူတွေအားလုံးအိပ်ပျော်နေချိန်မှာ ဆင်းသွားခဲ့ပါတယ်။ သူ အချိန်အတော်ကြာပြန်မလာတဲ့အခါမှာ လိုက်လံရှာဖွေကြရင်း သူဟာ တခြားရွာက လူတစ်ယောက်ပုံစံဖြစ်နေပြီး သူတို့ကိုလည်း လုံးဝ မမှတ်မိတော့ပါဘူး။ မာလယာလမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူဟာ လမ်းခုလတ်က တမီလ်ရွာလေးက လူတစ်ယောက်ဖြစ်သွားခဲ့ပြီး တမီလ်ဘာသာစကားကို မနှစ်မြို့တဲ့သူဟာ တမီလ်လို ချောချောမွေ့မွေ့နဲ့ စကားပြောနေခဲ့ပါတော့တယ်။ ဘာကြောင့်လဲ… ဘာဖြစ်လို့လဲ… ဘာဖြစ်သွားတာလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ခေါင်းခြောက်လိုက်ကြပါဦးနော်။

8.2 2022
Nanpakal Nerathu Mayakkam
High & Low The Worst
6.7

High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အရင် High & Low ဇာတ်ကားတွေထဲက မူရာယာမတို့ တိုဒိုရိုကီတို့လို ဇာတ်ကောင်အဟောင်းတွေလည်း ပြန်ပါပြီး ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်လမ်းအသစ်တွေကိုလည်း မြင်ရမှာမို့ High & Low ပရိတ်သတ်တွေအနေနဲ့ အလွမ်းလဲပြေရမှာ ဖြစ်သလို နောက်ဆက်မယ့် ဇာတ်ကားတွေအတွက်အချိတ်အဆက်တွေလည်း မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ အရင် High and Low ဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆို ဒီ High and Low: The Worst ကိုလည်း ဆက်ဆက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။ File size…2.34GB / 1.19GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Damien

Drama • Comedy
6.7 2019
High & Low The Worst
Month of Madhu
8.4

Month Of Madhu (မာဒူတို့ရဲ့ ဘဝ) IMDb – 8.3/10 အခုတစ်ခါမှာတော့ ဒရာမာကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် မတူညီတဲ့ အခြေ‌‌အနေမှာ ရှိနေတဲ့ မာဒူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် USမှာကြီးပြင်းတဲ့ အသက်၁၉နှစ်ပဲရှိသေးတဲ့ မာဒူမာသီဆိုတဲ့ အိန္ဒိယ‌သူကောင်မလေးက သူ့ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယမြေပေါ်ကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ သူမကတော့ USသူ ပီပီ ပျော်ပျော်ပါးပါးပေါ့ပေါ့လေးနဲ့ပဲ ဘဝကို ဖြတ်သန်းနေသူ တစ်ဦးပေါ့။ နောက်ထပ် မာဒူဆူဒ်ဟန်ရောင်ဝ် ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အသက်တွေကြီးလာခါမှ မိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ ကြေကွဲအဘိုးကြီးဖြစ်နေရရှာသူတစ်ဦး။ ပေါ့ပေါ့ပါးပါးကောင်မလေး မာဒူနဲ့ ကြေကွဲအဘိုးကြီး မာဒူတို့ တွေ့ကြတဲ့အခါမှာတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငိုတစ်လှည့် ကြည်နူးစရာတစ်လှည့်နဲ့ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားကောင်းလးတစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Mystery • Thriller
8.4 2023 140 mins
Month of Madhu
¡Salta! (Salta)
6.4

IMDb 6.4 ရရှိထားတဲ့ ပြင်သစ် Family / Drama / Sci-fi ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Salta ဆိုတာက ပြင်သစ်လို Jump ခုန်ကူးတာလို့ အဓိပ္ပာယ်ရပါတယ်။ ခုန်ကူးတယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က အချိန်တစ်ခုကနေ တစ်ခုကို ခုန်ကူးရင်း အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ သိပ္ပံရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အော်စကာ ၁၃ နှစ် နဲ့ တီယို ၁၁ နှစ်တို့က ညီအစ်ကိုနှစ်ယောက်ပါ။ ဒီညီအစ်ကိုက စရိုက်လက္ခဏာတော့ အရမ်းကွဲပြားပါတယ်။ အစ်ကိုဖြစ်သူအော်စကာက ငြိမ်ပြီး အရှက်အကြောက်ကြီးသလောက် ညီဖြစ်သူတီယိုကတော့ မျောက်ရှုံးတဲ့သူတစ်ယောက်ပါ။ အော်စကာတို့ ညီအစ်ကိုနှစ်ယောက်က အဖွားဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်။ သူတို့ရဲ့အမေဖြစ်သူကတော့ အချိန်ခရီးသွားခြင်းကိုလေ့လာရင်းနဲ့ ပျောက်ချင်းမလှ ပျောက်သွားပြီး အတိတ် ဒါမှမဟုတ် အနာဂတ်ကိုရောက်ရှိသွားတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်လို့ အော်စကာကယုံကြည်ထားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်က အမေဖြစ်သူလေ့လာနေတဲ့ အချိန်ခရီးသွားတဲ့ တွင်းပေါက်တစ်ခုကိုရှာတွေ့သွားပြီး ဒီတွင်းပေါက်ထဲကိုခုန်ချပြီး အချိန်ခရီးသွားလိုက်တဲ့နောက်မှာတော့… အော်စကာနဲ့တီယိုဟာ လက်ရှိအချိန်ကာလာကနေ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်တဲ့ အနာဂတ်မှာပြန်ဆုံသွားတဲ့အခါမှာတော့ တစ်ယောက်ကတော့ လူကြီးဖြစ်သွားပြီးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အချိန်ခရီးသွားလာခဲ့တဲ့ အချိန်ကာလက ကလေးအရွယ်လေးပဲရှိနေပါသေးတယ်။ ဒီလိုနဲ့ ပုံမှန်အချိန်ကာလကို ပြန်ပို့ပေးဖို့အတွက် အသက်အရွယ်ရော ခေတ်ပါ ကွာသွားပြီဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက် အချိန်စီးကြောင်းတလျှောက် ခရီးသွားကြဖို့ရာ နည်းလမ်းတွေကိုရှာဖွေရင်း အချိန်ခရီးသွားကြရင်း အမေဖြစ်သူကိုပါ ရှာတွေ့သွားမလားဆိုတာကိုတော့ စိတ်၀င်တစားနဲ့ ဆက်လက်ကြည့်ရှုရမှာပါ။ IMDb 6.4 ပဲရှိပေမဲ့ သရုပ်ဆောင်ရော plot twist တွေပါ ကောင်းတဲ့ရုပ်ရှင်လေးဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုဖို့ တန်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(1.3 GB)/(630 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy, Family, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.4 2023 85 mins
¡Salta! (Salta)
Eivom Theater on Garosu Street
5.5

Eivom Theater on Garosu Street (2024) ************************************** 2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမ​ပေါ်က အီဘုံးရုပ်ရှင်ရုံ) ဒီဇာတ်ကား​လေးက​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ အပန်း​ဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်း​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ ဂါရိုဆူလမ်းမ​​ပေါ်က အီဘုံးရုပ်ရှင်မှာ စု​ဝေးကြတဲ့ ရုပ်ရှင်​လောကသားများ၊ လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာ​နေတဲ့ ဒါရိုက်တာအီ၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်​ပေမဲ့ လတ်တ​လော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံ​တွေ့​နေရတဲ့ ထုတ်လုပ်​ရေးစီအီးအိုဂင်၊ ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တ​လော နာမည်ရ​နေတဲ့ သရုပ်​ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်​ဆောင်များ၊ ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ​ဝေဖန်ထိုးနှက်ဖို့​ရောက်လာတဲ့ movie review youtuber ပရိုဂင်၊ အ​ကြောင်းပြချက်တစ်ခုစီရှိ​နေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ​ရောက်ရှိလာတဲ့အခါ… သရုပ်​ဆောင်​တွေရဲ့ အခက်အခဲ၊ သရုပ်​ဆောင်​လောကရဲ့ အရှုပ်အ​ထွေး၊ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အ​တွေးအ​ခေါ်၊ ဇာတ်ကားတစ်ခုအတွက် မြှုပ်နှံရတဲ့ ကြိုးစားအားထုတ်မှု​တွေအ​ကြောင်းကို အချိန်တိုအတွင်း ​ဖော်ပြသွားပြီးတော့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ၊ သရုပ်​ဆောင်နဲ့ ဒါရိုက်တာ၊ ဒါရိုက်တာနဲ့ Youtuberကြားထဲက အထင်အမြင်လွဲမှားမှုတွေကို ​ဖြေရှင်းပြီး အချင်းချင်းပြန်လည်သင့်မြတ်သွားတာကို ရှူ​ထောင့်မျိုးရုံက​နေ ပုံ​ဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်း​ကောင်းတစ်ခုဖြစ်ပါတယ် File size…1.36 GB / 496 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Stary Encoded by AHtet

Drama • Crime • Mystery
5.5 2024 96 mins
Eivom Theater on Garosu Street
Richie Rich
5.4

Richie Rich (1994) ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။ သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။ ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။ ထပ်ပြီး ပြောရရင် ကစ်ဇုန်တို့ ပုတက်တို့ စွယ်စုံတို့က ကျွန်တော်တို့ ငယ်ဘဝကို တော်တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ရွှေသွေး၊ တတိုင်းမွှေး၊ မိုးသောက်ပန်းတို့လိုကာတွန်းတွေကတော့ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နေရာယူထားပေမဲ့လည်း သူတို့ကတော့ ဗမာကာတွန်းတွေများခဲ့တယ်။ ဇာတ်လမ်းတွေလည်းပိုကြမ်းသလို ကွာလတီလည်းပိုကောင်းတဲ့ ကစ်ဇုန်တို့ပုတက်တို့ကိုတော့ ပိုသဘောကျခဲ့ကြတာပေါ့။ ဘဲကပ်စေး၊ အချိန်ခရီးသွားစွန့်စားခန်းထွက်တဲ့ကြွက်၊ ဂျက်ဟတ်၊ ရစ်ချီရစ်၊ ငှက်ပျောသီးလူသား၊ စကူဘီဒူး၊ နောက်ဆုံး စပိုက်ဒါမန်းတို့ တင်းတိုက်တန်တို့လို စူပါဟီးရိုးဇာတ်လမ်းတွေအထိ ဒီဂျာနယ်တွေမှာ ကျွန်တော်တို့ အရင်ရင်းနှီးခဲ့တယ်လို့ ပြောရမယ်။ ကွာလတီကောင်းကောင်းနဲ့ နောက်မှထွက်တဲ့ အိန်ဂျယ်ဂျာနယ်တို့ ဘာတို့မှာလည်း ဒီလိုရင်းနှီးရတာတွေ ရှိသေးတယ်။ စွယ်စုံကတော့ ဇာတ်လမ်းအကောင်းဆုံး။ ကစ်ဇုန်နဲ့ပုတက်ကတော့ ကဏ္ဍအစုံဆုံးနဲ့ Panel တွေအလှဆုံး။ အဲဒီ့နောက် ပုတက်က လစဉ်ပြောင်းသွားတော့ တတိုင်းမွှေးဆန်ဆန် တွက်ပီတို့ မောင်မောင်ဇာတို့နဲ့ ပြောင်းထုတ်တဲ့အထိတော့ ကောမစ်ဂျာနယ်ခေတ်က ကောင်းခဲ့ပါသေးတယ်။ အခုတော့ ဘာမှမရှိကြတော့ဘူး။ ဒီ ရစ်ချီရစ် တဖြစ်လဲ မောင်ချမ်းသာ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ အမှတ်တရလို့ပဲ ပြောရမှာပါပဲ။ ဒီလိုခေတ်မှာ ဒါတွေပြန်ကြည့်ရတာကလည်း လွမ်းစရာကောင်းနေပြန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 960MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 35Min Genre – Slapstick, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.4 1994
Richie Rich
Nandhan
7.9

Nandhan 2024 “ကျေးရွာအုပ်ချုပ်ရေးမှူး” IMDb – 8.9/10 အသစ်ထွက်ရှိလာတဲ့ ကျေးလက်အငွေ့အသက်အပြည့်နဲ့ ဇာတ်အနိမ့်အမြင့်တွေခွဲခြားခံရတဲ့ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ရယ် ရာထူးလိုချင်သူတွေကြားက ပြဿနာတွေ နောက်ပြီး နင်းပြားတွေရဲ့ဘ၀ ဖိနှိပ်ခံရမှုတွေကိုမီးမောင်းထိုးပြထားတဲ့ တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဗာနန်ဂန်ကူဒီကျေးရွာမှာ ရွာသူကြီးနေရာအတွက် ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေကြပါတယ်။ စီစဉ်နေကြပါတယ်လို့ ပြောပေသိ ဆယ်စုနှစ်တစ်ခုလောက်အုပ်စိုးခဲ့တဲ့ ဇာတ်မြင့်က ရွာသူကြီး ကိုပူလင်ဂမ်ကပဲဆက်လက်တင်မြှောက်ခံရဖို့များနေပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုကြောင့် ရွာသူကြီးနေရာ ဝင်အရွေးခံလို့မရတဲ့အချိန်မှာတော့ သူ နှိမ်ချပြီး အောက်တန်းစားလို့သတ်မှတ်ထားတဲ့ သူ့အိမ်က အိမ်အကူ ကိုဇ်ပါနန်ကို ရွာသူကြီးနေရာပေးဖို့ ကြံစည်တဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama • Family
7.9 2024
Nandhan
The Apprentice
7.2

The Apprentice (2024) IMDb Rating (7.2) / Rotten Tomatoes (82%) အမေရိကန် ရဲ့ သမ္မတဟောင်းတစ်ယောက် ဖြစ်သလို လက်ရှိအချိန်မှာလည်း ရီပါဘလီကန် ပါတီဘက်ကနေ အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက် ရွေးချယ်ခံနေတဲ့ ကမ္ဘာကျော် ဘီလျံနာ ဒေါ်နယ်ထရန့် ရဲ့ လောလော လတ်လတ် ထွက်ထားတဲ့ Biopic ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်မှာ ဒေါ်နယ်ထရန့် ဆိုပြီး ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ ရှေ့နေ ရွိုင်ကုမ်း နဲ့ ဒေါ်နယ်ထရန့် တို့ရဲ့ ဆက်ဆံရေး ရှုထောင့်ကနေ ပြသထားပြီး အနိုင်ရဖို့အတွက် ဘာမဆို လုပ်ရဲတဲ့ ထရန့် ရဲ့ စရိုက်ကို သေချာ ပုံဖော်ထားပါတယ်။ Winter Soldier အဖြစ် နာမည်ကြီးတဲ့ မင်းသား Sebastian Stan က ဒေါ်နယ် ထရန့် အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် သတ်မှတ်လို့ရတဲ့အထိ ထရန့်နေရာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Succession နဲ့ နာမည်ကြီးတဲ့ မင်းသား Jereme strong က ရှေ့နေ့ ရွိုင်ကုမ်း အဖြစ် သရုပ်ုပ်ဆောင်ထားပြီး Rating တွေလည်း ကောင်းသလို ထရန့် ဘယ်လိုလူလဲဆိုတာ၊ သူဘာကြောင့် အောင်မြင်တာလဲဆိုတာတွေကို တစ်စွန်းတစ်စ မြင်နိုင်မှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(13.4 GB) / (4.7 GB) / (1.8 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History Duration….02:02:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

Drama • Romance
7.2 2024 122 mins
The Apprentice
Sea Lions of the Galapagos
7.8

Sea lions of Galapagos (2025) IMDb Rating (7.7) အခုမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ DisneyNature ရဲ့ Documentary Filmတစ်ခုပါပဲ။ ပစိဖိတ်သမုဒ္ဒရာထဲမှာ လူသားတွေနဲ့ တစ်ခြားသတ္တဝါတွေနဲ့ ကွာခြားကာတည်ရှိနေတဲ့ အရောင်အသွေးစုံလင်လှပစွာတည်ရှိနေတဲ့ ဂလာပဂိုစ့်ကျွန်းတွေတည်ရှိနေပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဂလာပဂို့စ်ကျွန်းတွေပေါ်က ကျွန်းတစ်ခုမှာမွေးဖွားလာတဲ့ ပင်လယ်ခြင်္သေ့ဖျံပေါက်လေး လီယိုရဲ့ စွန့်စားခန်းတွေပါပဲ။ အကောင်ပေါက်လေးဘဝ သူ့မိခင် ရေကူးသင်ရာကနေ စလို့ အရွယ်ရောက်စအချိန်မှာ သူက မွေးဖွာရာအိမ်ကနေ ထွက်သွားပြီး ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရပါတော့တယ်။ ပင်လယ်ခြင်္သေ့ဖျံအထီးတွေအတွက် ခေါင်း‌ဆောင်နေရာကို ပိုင်ဆိုင်ပြီး အုပ်စုတစ်ခု၊ အိမ်တစ်အိမ်ကို ပိုင်ဆိုင်လာနိုင်ဖို့ဆိုတာ ကိုယ်တိုင်တိုက်ခိုက်ယူရမယ့်အရာပါ။ အဲ့အတွက်လီယိုက အိမ်ကနေစွန့်ခွာပြီး ပင်လယ်ပြင်တစ်လျှောက်စွန့်စားသွားလာကာ ကြီးထွားလာခဲ့ပါတယ်။ သူ့ခရီးစဥ်တစ်လျှောက်မှာ ရေအောက်လောကအလှအပတွေသာမက တစ်ခြားမျိုးစိတ်တွေ့နဲ့ တွေ့ဆုံကြုံကြိုက်မှုတွေလည်း ပါဝင်လို့နေပါတယ်။ အဲ့လိုနဲ့ လီယိုတစ်ယောက် ပင်လယ်ပြင်ကျွန်းစုတွေကြား သွားလာရင် ရင့်ကျက်ကြီးထွားသန်မာလာပါတော့တယ်။ လှည့်လည်သွားလာရင်း ခိုနားစရာအိမ်ရှာဖွေနေခဲ့တဲ့ ဒီဖျံကောင်ငယ်လေးက သူ့ရည်ရွယ်ချက်ဖြစ်တဲ့ အိမ်တစ်ခု မိသားစုအုပ်စုတစ်ခုကို ပိုင်ဆိုင်လာဖို့ ကြိုးစားပုံတွေကို သဘာဝအလှအပတွေနဲ့အတူ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (5.2 GB) / (2.6 GB) / (1.8 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure Duration…. 01:22:22 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

7.8 2025 83 mins
Sea Lions of the Galapagos
Taboo Area
5.6

ထူးခြားတဲ့ကမ္ဘာကိုခေါ်သွားတဲ့ ကားလေး ဘာသာပြန်ပေးလိုက်ပါတယ်… ဒီကားလေးမှာတော့ ရွှေတွေထွက်တယ် ရွှေတွေတွေ့ရတယ်ဆိုတဲ့ ဂူကို စိတ်ဝင်စားပြီးတော့သွားတဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အသေဆိုးနဲ့ကြုံကြတဲ့ သမိုင်းကြောင်းလေးကနေ အစပျိုးခဲ့တာပေါ့… ဟုတ်ပါတယ် လောဘနဲ့ ရွှေတွေရှာဖို့သွားရင်း ထူးဆန်းတဲ့ အကောင်တွေကိုက်တာ ခံရပြီးသေခဲ့ရတာပါ… အဲ့တာကို အနှစ် ၂၀ ကြာတော့ ပညာရှင်လိုလို သုတေသီလိုလိုနဲ့ ရုပ်ရှင်ရိုက်ထွက်လာတဲ့ အဖွဲ့က ဒီတောထဲရောက်လာတာပေါ့… ပြောတာတော့ လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ လူရိုင်းကြီးကိုရှာဖို့တဲ့…. ဒီလိုနဲ့ပဲ လူရိုင်းကြီးမတွေ့ဘဲ လွန်ခဲ့တဲ့ နှစိ ၂၀၀ က မျိုးသုဉ်းသွားတဲ့ လိပ်ပြာကို မြင်လိုက်… ထူးခြားတဲ့ ဦးနှောက် ၂ ခုနဲ့ လူတူအရိုးကိုတွေ့လိုက်နဲ့…. အဆုံးသတ်မှာ လူရိုင်းပဲတွေ့မလား… အရင်အဖွဲ့လို ထူးဆန်းကောင်တွေကိုက်လို့သေမလား… တခြားဘာလျို့ဝှက်ချက်တွေရှိသေးတယ်ဆိုတာတော့ ဇာတ်ကားလေးသာ ကြည့်လိုက်ကြပါတော့လို့

5.6 2025
Taboo Area