YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Glory of the Special Forces E41 CM.mp4

274.97 MB N/A video/mp4 1031 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rogue
6.4

ဒီကားကတော့ Australia ရဲ့ Northern Territory ကိုအခြေပြုပြီး ရိုက်ထားတဲ့ horror ကားတစ်ကားပါ။ မတူညီတဲ့နောက်ခံတွေ ဘ၀တွေရှိကြတဲ့ သာမန်မိသားစုတွေ၊ စုံတွဲတွေ၊ တစ်ယောက်ထဲ ကိုယ့်အကြောင်းနဲ့ကိုယ် လေ့လာရေးထွက်လာတဲ့ လူတွေဟာ… အလည်အပတ်ခရီးစဉ်အတွက် ဒီရေမြစ်တစ်လျှောက်က မိကျောင်းတွေကို ကြည့်ပြီးတောတွင်းသဘာ၀ကို ခံစားဖို့ လှေတစ်စီးထဲမှာ စီးလာကြရာကနေ… တောရိုင်းသားရဲကောင်တွေရဲ့ သဘာ၀အတိုင်းပဲ.. ဘယ်အချိန်မှာ ထပြီး ကိုယ့်ကို အန္တရာယ် ပေးမယ်ဆိုတာ မသိနိုင်သလို… သူတို့ တိုက်ခိုက်လာတဲ့အခါမှာလည်း… လှေထဲမှာပါလာတဲ့လူတွေက အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုစားရမယ်၊ ဘယ်လိုစည်းလုံးကြမယ်၊ ဘယ်လိုသွေးကွဲကြမယ်ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ကြည့်ရမှာပါ။ အဓိကမင်းသားနဲ့ မင်းသမီးဆိုတာထက် ဇာတ်ကောင်တွေအားလုံးရဲ့ မတူညီတဲ့ စရိုက်တွေကို မြင်ရမှာပါ။ သူတို့ မိကျောင်းရန်ကနေ ဘယ်လိုအသက်လုပြီး ပြေးကြမလဲ၊ ဘယ်သူတွေကရော မိကျောင်းပါးစပ်ထဲ ရောက်ကုန်ကြမှာလဲ၊ သူတို့အားလုံး အသက်ရှင်လျက် အိမ်ပြန်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ပါနော်… File size…2.32 GB/ 846.4 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Adventure • Comedy
6.4 2007 99 mins
Rogue
End of Days
6

ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1999 121 mins
End of Days
The Monkey King: The Legend Begins
6.8

The Monkey King ဇာတ်ကားတွေအများကြီးထွက်နေပြီဆိုပြီးရိုးနေပြီဆိုတဲ့ CM ပရိတ်သတ်တွေအတွက် ဒီရှည်လျားတဲ့ဇာတ်ဝတ္ထုကြီးရဲ့ မျောက်ဘုရင် ဘယ်လိုဖြစ်ပေါ်လာကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ The Monkey King: The Legend Beginsဆိုပြီး ယနေ့မှာတော့တင်ဆက်ပြသပေးလိုက်ပြီ အားလုံးသိပြီသားအတိုင်း မျောက်ဘုရင် စွန်းဝူခုန်းက ကောင်းကင်ဘုံမှာပြဿနာရှာလို့ ရူလိုင်မြတ်စွာဘုရားက သူ့ကိုလက်ငါးချောင်းတောင်အောက်မှာအပြစ်ဒဏ်ပေးတဲ့အနေနဲ့ တရားကျင့်ကြံခိုင်းထားခဲ့ပါတယ် ဒီဇာတ်ကားလေးမှာ အားယိဆိုတဲ့ ကလေးမလေးတစ်ယောက် မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင်ဘုံ နတ်ပြည်ထံခေါ်သွားပေးဖို့ လိုက်ရှာပါတယ် ဒီလိုနဲ့ပဲ ဝူခုန်းနဲ့တွေ့ပြီးနောက်ပိုင်း သူ့မိဘတွေအသတ်ခံလိုက်ရကြောင်းကို ကောင်းကင်ဘုံမှာရှိတဲ့ နတ်အရာရှိတွေကိုတိုင်ကြားချင်လို့ ကောင်းကင်ဘုံကိုခေါ်သွားပေးပါလို့ အားယိကတောင်းဆိုပါတယ် ဝူခုန်းနောက် တကောက်ကောက်ရှုပ်တဲ့ကလေးမက ဝူခုန်းဒုက္ခတွေကြုံလာရင် သူအရင်ဆုံးထွက်ကာကွယ်ပေး ဝူခုန်းကိုပျော်ရွှင်အောင်ထား‌ပေးနဲ့ သူငယ်ချင်းတွေဖြစ်လာရော နောက်ဆုံးမှာ အားယိကို ကောင်းကင်ဘုံခေါ်သွားဖို့ ဝူခုန်းကတိပေးခဲ့လိုက်ပါတယ် ကံမကောင်းစွာနဲ့ ဝူခုန်းရဲ့ ရန်ဘက် နဂါးမင်းသားက ဝူခုန်းကိုလက်စားချေချင်တဲ့စိတ်နဲ့ အားယိကိုဖမ်းကာ လက်စားချေမှုတွေစတင်လှုပ်ရှားခဲ့ပါတယ် အားယိကိုသွားကယ်ရင်းဖြစ်လာမဲ့အကြောင်းအရာလေးတွေကိုတော့ ဆက်ပြီးပြောပြသွားမှာမဟုတ်တဲ့အတွက် :') ဇာတ်ကားလေးကိုပဲကြည့်ရှုလိုက်ရအောင် .. Quality : WEB-DL 1080p ,  480p Format : mp4 Genres : Action , Fantasy , Drama Runtime : 1h 20min Subtitle : Myanmar Subtitle ( Hardsub ) Translated By Xing Er Encoded by LK

Action • Thriller
6.8 2022 90 mins
The Monkey King: The Legend Begins
White Elephant
6.3

အသစ်ထွက်လာတဲ့ Action, Thriller ကားသစ်လေးပါ။ အညွှန်းဘာညာ ဘာမှ မပြောခင်မှာ တစ်ခုပြောချင်တာက poster မှာ Bruce Willis ပါပေမဲ့ ဒီကားမှာတော့ သူက main role က ပါတာမဟုတ်ပါဘူး။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... တာဝန်ကျနေတဲ့ ရဲ နှစ်ယောက်က ဂိုဏ်းတခုကို စောင့်ကြည့်နေရာကနေ လုပ်ကြံမှုတခုကို တွေ့လိုက်ရတယ်။ ဒါကို သိတော့ လူရှေ့မှာ မြေသူဌေးအယောင်ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့လက်သား Gabe ကို ဒီမျက်မြင်သက်သေ ရဲ နှစ်ယောက်ကို သတ်ခိုင်းပါတယ်။ ဒီကနေ စလိုက်တဲ့ပြစ်မှုတွေ ပြဿနာအဆက်လိုက်တွေက တဖြည်းဖြည်းပိုကြီးလာပါလေရော။ ဒီပြဿနာမှာ ကြားဝင်ပါနေသူကတော့ မရိန်းတပ်သားဟောင်းပါ။ အရှုပ်အရှင်းတွေကြား သူ့ရဲ့ မရိန်းတပ်သားဟောင်းဆိုတဲ့ ဂုဏ်နဲ့ပါ ရင်းလာရတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.3GB, 547MB & 283MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 32mins Genre : Action, Thriller Translated by Marie Encoded by Kinnov

Drama
6.3 2022 93 mins
White Elephant
Coyote's Deadly Action

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK

Adventure • Comedy • Family • Fantasy
0 2023 92 mins
Coyote's Deadly Action
Pokémon Detective Pikachu
7

CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ အသစ်ကို ပေးစွမ်းမှာပါ ချစ်ဖို့ကောင်းလွန်းတဲ့ ပီကာချူး နဲ့ ကျန်တဲ့ ပိုကီမွန် အကောင်လေးရဲ့ချစ်စရာ ကောင်းပုံကို တစ်၀ ကြီး ကြည့်ရှုခံစားရမှာပါ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့Little Neo ဖြစ်ပါတယ်

Animation • Family • Fantasy • Mystery
7 2019 105 mins
Pokémon Detective Pikachu
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
HER: Chapter 1
8.8

Her – Chapter 1 (2023) =================== IMDb 8.8/10 တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ် Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။ အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေ အလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။ အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊ အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံ စိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Dee နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )

8.8 2023 110 mins
HER: Chapter 1
Bad Boys: Ride or Die
7

ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။ Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်း channel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။ အစဉ်လိုက်ဆိုရင် 1. Bad Boys 1995 2. Bad Boys II 2003 3. Bad Boys for life 2020 4. Bad Boys ride or die 2024 Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး ၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင် ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့ နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ ပတ်သတ်တာပါပဲ။ ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကို ဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့ သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်း အကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်း စုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ သစ္စာဖောက်ရဲတွေကို ဘယ်လို ပြန်တိုက်ကြမလဲ ကြည့်ရမှာပါ။ ထုံးစံအတိုင်း ဟာသတွေနဲ့အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့မို့ အားရစရာပါပဲ။ ကြည့်လိုက်ကြပါ။ Bad Boys ရုပ်ရှင်အားလုံးကိုတော့ ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်လို့ရပါတယ်။ File size… 5.7 GB / 2.72GB / 1.33GB Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv/mp4 Duration….1h 55m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai, Ka Naung Translated by Mr.Anderson

7 2024 115 mins
Bad Boys: Ride or Die
Beyond the Wasteland M
5.9

Beyond the Wasteland (2023) IMDb Rating (5.9) လက်မှာ M ဆိုတဲ့ အမှတ်အသားရှိတဲ့ Marko လိုအမည်ရတဲ့ ကလေးလေးက အပြင်လောကနဲ့ထိတွေ့မှုမရှိဘဲ သူ့အဖေနဲ့ တောအုပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့အဖေက အပြင်မှာ လူဆိုးတွေရှိတယ် အန္တရာယ်များတယ်လို သင်ပေးခဲ့ပြီး အမြဲတမ်း အသက်ရှင်သန်ရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ Marko သူတိုနေတဲ့တောအုပ်ထဲမှာ သူနဲ့ရွယ်တူ Miko ဆိုတဲ့ ကလေးတစ်ယောက်နဲ့ သူ့အမေတစ်ယောက်ကို တွေ့ခဲ့ပြီး Miko နဲ့ သူငယ်ချင်းဖွဲခဲ့တယ်။ နောက်တော့ ​Marko က သူ့အဖေက Miko ရဲ့အမေကို သတ်ခဲ့ပါတယ်လို အထင်မှားပြီး သူ့အဖေကို လူဆိုးလိုထင်သွားခဲ့တယ်။ Marko ရဲ့ အဖေက သူသတ်ခဲ့တာမဟုတ်ကြောင်း Miko ရဲ့အမေကို ကယ်ဖိုကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြပြီးရုတ်တရက် သူ့ရဲ့ဒဏ်ရာကြောင့် ထူးဆန်းတဲ့အမူအရာပြောင်းသွားပြီး သူ “လူဆိုး” အဖြစ်ပြောင်းမသွားခင် Marko ကို ထွက်ပြေးခိုင်းခဲ့တယ်။ တကယ်တော့ Marko အဖေပြောခဲ့တဲ့ “လူဆိုး” တွေဆိုတာ ဗိုင်းရပ်ကူးစက်ပြီး ပြောင်းလဲသွားတဲ့ ဇွန်ဘီတွေဖြစ်ပြီး.. ငယ်ရွယ်တဲ့ ကလေးသာသာရှိသေးတဲ့ Marko တစ်ယောက် သူ့ရဲ့ရုပ်ပြပုံပြင်ထဲကလို “နတ်သမီး” ရှာဖို ထွက်သွားခဲ့တဲ့ခရီးမှာ “လူဆိုး” တွေကို ဘယ်လိုရှောင်မလဲဆိုတာ ထိတ်လန့်ဖွယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (870 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Adventure,Drama,Horror,Science Fiction Duration….01:39:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Crime • Thriller
5.9 2023 96 mins
Beyond the Wasteland M
Borgo
7

ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ် Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

Family • Drama
7 2023 118 mins
Borgo
No Tears for the Dead
6.7

Kang Dong Gun, Kim Min Hee တိုလိုမျိုး ထိပ်တန်း Cast တွေနဲ့ အမိုက်စား အက်ရှင်ဇာတ်ကား။ အမေရိကားမှာ မိခင်စွန့်ပစ်တာခံရပြီး ကြေးစားလူသတ်သမားဖြစ်လာတဲ့ ဂွန်ဟာ တစ်နေ့မှာ အပြစ်မဲ့တဲ့ကလေးမလေးတစ်ယောက်ကို သတ်ခဲ့မိပြီး အဲဒီအရာက သူ့ကိုခြောက်လှန့်နေတယ်။ နောက်ထပ် သူသတ်ရမယ့် ပစ်မှတ်ကလည်း ခင်ပွန်းနဲ့သမီးကို ဆုံးရှုးထားရတဲ့ သူသတ်ခဲ့မိတဲ့ကလေးမလေးရဲ့အမေ ချွဲမွန်ဂယောင်းဖြစ်နေတယ်။ ခင်ပွန်းနဲ့သမီး ဘာကြောင့် အသတ်ခံရလိုက်ရလဲဆိုတာတောင်မသိဘဲ အလုပ်ထဲမှာပဲ စိတ်နှစ်ထားတဲ့ချွဲမွန်ဂယောင်းဟာ ခင်ပွန်းဖြစ်သူ လုပ်ထားခဲ့တဲ့အရှုပ်‌တွေကြာင့် သူ့ပါအန္တရာယ်နဲ့ကြုံလာရတဲ့အခါ….. File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre… Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Adventure • Animation • Comedy • Family • Fantasy
6.7 2014 117 mins
No Tears for the Dead
Chuck Billy and The Marvelous Guava Tree
7.5

ဒီကားလေးကတော့ 2024ခုနှစ်မှာထွက်ထားတဲ့ ဘရာဇီးကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ Chuck ဆိုတဲ့ စိတ်ကူးယဥ်ဆန်တဲ့ ကလေးတစ်ယောက်ဟာ သူဘဝအကြောင်းကို ပုံပြင်လို ပြန်ပြောပြတဲ့ပုံစံဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ Chuck ဟာ မာလကာသီးကို မိခင်ဝမ်းတည်းက အရမ်းတောင့်တသူဖြစ်ပြီး ကြီးလာတဲ့အခါမှာလည်း မာလကာသီးကို အရမ်းစွဲလမ်းတဲ့သူဖြစ်လာပါတော့တယ်။ သူ့ရဲ့တစ်နေ့တာကို သူ့ရွာမှာရှိတဲ့လူကြီးတစ်ယောက်ရဲ့ သစ်သီးခြံကမာလကာသီးကို သွားခိုးခူးစားရင်းအချိန်ကို ကုန်ဆုံးလေ့ရှိပါတယ်။ Chuckက ခေါင်းမာတဲ့သူဖြစ်ပြီး သူများစကားကို နားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်သူမျိုးဖြစ်ပါတယ်။ တစ်နေ့မှာ ရွာမှာရှိတဲ့သူဌေးတစ်ယောက်က ရွာဖွံ့ဖြိုးဖို့ လမ်းဖောက်ရန် ရွာကလူတွေကိုစည်းရုံးပါတော့တယ် ။ ပြဿနာကတော့လမ်းဖောက်ရင် မာလကာသီးပင်ကို ဖြတ်ပြီးဖောက်ရမှာဖြစ်လို့ အပင်ကိုခုတ်ပစ်ဖို့ကြိုးစား ကြတဲ့အခါ Chuckဟာ သူတွေးနိုင်တဲ့နည်းလမ်းတွေနဲ့ တားဖို့သူငယ်ချင်းတွေနဲ့ကြိုးစားပါတော့တယ်။ Chuckနဲ့ သူငယ်ချင်းတစ်စုက တကယ်ပဲ လမ်းခင်းတာကို တားနိုင်မှာလား….. လမ်းခင်းရခြင်းရဲ့နောက်ကွယ်မှာဘာတွေရှိနေမှာလဲ….. သူ့ရဲ့ပုံပြင်လေးက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမှာလဲကို ကြည့်ရှူနိုင်မှာဖြစ်ပါတယ်….. ဒီကားလေးမှာ ရွာရဲ့အလှတရားတွေ ရွာကလေးမှာ ကလေးတစ်ယောက်အဖြစ် နေရတဲ့ခံစားချက်မျိုးလေး တွေကို ခံစားပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ ညွှန်းပါတယ်ဗျာ။ File size… (1.66GB) / (951MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Comedy • Drama
7.5 2024 101 mins
Chuck Billy and The Marvelous Guava Tree
Gentleman’s Agreement
7.2

Gentleman’s Agreement (1947) Rating – 7.2/10 Genre – Drama – Romance Directed by Elia Kazan Rotten Tomatoes- 82% ၁၉၅၄ခုနှစ်မှာ မြန်မာမင်းသမီးကြီး (ဒေါ်) ၀င်းမင်းသန်းပါနဲ့ တွဲသရုပ်ဆောင်ခဲ့တဲ့နာမည်ကြီးမင်းသား Gregory Peck ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ် အခု review ပေးမယ့်ကားကတော့ Gregory Peckရဲ့ Classic movie တွေထဲကတစ်ကားဖြစ်တဲ့ Gentlemans Agreement (1947 ) ကားလေးဖြစ်ပါတယ်။ ဒီ movie က Oscar Winner အဖြစ် Best Picture , Best Director , Best Actress in Supporting Role ဆိုတဲ့ ဆုသုံးဆုဆွတ်ခူးထားတဲ့ Movie လည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းရဲ့ အဓိက Storyline ကတော့ Anti – Semitism လို့ခေါ်တဲ့ အမေရိကားက လူမျိုးခွဲခြားရေး ဂျူးမုန်းတီးရေးကို ရည်ညွှန်းပြီးရိုက်ထားတာပါ Gregory Peck က ဒီထဲမှာ ဂျာနယ်လစ် စကူလာဂရင်းအဖြစ်သရုပ်ဆောင်ထားပါတယ် ၊ သူရဲ့ မိန်းမသေပြီးကတည်းက သားလေးတစ်ယောက်နဲ့ သူ့အမေနဲ့ အတူနေတယ် ၊ တစ်နေ့မှာတော့ သူတို့နေနေတဲ့ ကယ်လီဖိုးနီးယားပြည်ကနေ နယူးယောက်ကို အသိ သတင်းစာဌာနမှာ အလုပ်ရလို့ပြောင်းလာခဲ့တယ် ။ သူ့မိတ်ဆွေ ဂျွန် မီနီဖီးက သူ့ရဲ့ စာအရေးအသားတွေကိုကြိုက်တော့ သူ့ကို အရေးကြီးတဲ့အလုပ်တာဝန်ပေးခဲ့တယ် ။ ဂျူးလူမျိုးမုန်းတီးရေး ခေါ် လူမျိုးခွဲခြားမှုအကြောင်းရေးဖို့တာဝန်ပေးလိုက်တယ် ဂျွန်က သူရဲ့ တူမလေး ကတ်သီ နဲ့လည်း စကူလာဂရင်းကိုမိတ်ဆက်ပေးခဲ့တယ်။ ကတ်သီကလည်း ကွာရှင်းထားသူတစ်ယောက်ဖြစ်ပြီး စကူလာရေးတဲ့ ဂျာနယ်တွေတော်တော်များများဖတ်ရတာကြိုက်တဲ့သူ ။ ကတ်သီက သူ့ဦးလေးကို ဂျူးတွေအကြောင်းရေးဖို့ အကြံဉာဏ်ပေးခဲ့သူဆိုလည်းဟုတ်တယ် ။ အစပိုင်းမှာတော့ စကူလာ ဂရင်းက သူဒီ ဂျူးလူမျိုးတွေအကြောင်းရေးဖို့လက်မခံချင်ခဲ့ဘူး ၊ သူက အမေရိကန် ခရစ်စယာန် တစ်ယောက်ဖြစ်တဲ့ ဂျူး‌လူမျိုးတွေနေရာကနေ ရေးဖို့ အကြံမထုတ်နိုင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူက သူ့အမေနဲ့အဲ‌အကြောင်းတိုင်ပင်ရင်း အကြံတစ်ခုထွက်ခဲ့တယ် ” ကျွန်တော်ဂျူးတွေခံစားချက်သိချင်ရင် ကျွန်တော်သူတို့နေရာမှာရှိနေမှ တကယ်ဘယ်လိုခံစားချက်တွေရှိမလဲဆိုတာသိမှာ‌ ” ဆိုပြီး သူခြောက်လလောက်အထိ ဂျူးအဖြစ်နေဖို့ဆုံးဖြတ်ခဲ့ပြီး ဂျူးမုန်း‌တီးရေးတွေအကြောင်း လူမျိုးခွဲခြား‌ရေးအကြောင်းရေးဖို့လက်ခံခဲ့တယ်။ သူတို့ မိသားစုက နယူးယောက်မှာရောက်တာလည်း မကြာသေးတော့ သူတို့က ဂျူးမိသားစုလို့ပဲ လူတိုင်းကိုသိစေခဲ့ပြီး ဂျူးအဖြစ် နေခဲ့တယ် နောက်ပိုင်းမှာတော့ သူ့သူငယ်ချင်း ဂျူးတစ်ယောက်ဖြစ်တဲ့ ဒေ့ဗ်လည်း နယူးယောက်ကို ‌ရောက်လာခဲ့တယ် သူဂျူးအဖြစ်နေနေစဉ်အတွင်းမှာ သူတကယ်ခံစားလာရတဲ့ လူမျိုးရေးခွဲခြားမှုတွေ ၊ သူ့သားလေးအပေါ်ကျရောက်လာတဲ့ လူမျိုးရေး ခွဲခြားခံရမှုတွေ ၊ ဂျူးအစစ်ဖြစ်တဲ့ ‌ဒေ့ဗ် တွေ့ကြုံခံစားရ‌တဲ့ ခွဲခြားခံရမှုတွေ အများကြီးတွေ့ကြုံခဲ့ရတယ် ။ ဒါ့အပြင် ဂျူးလူမျိုးအဖြစ် နေလိုက်ခြင်းက သူနဲ့ကတ်သီရဲ့ သမီးရည်းစားဆက်ဆံရေးမှာ ဘယ်လိုထိခိုက်နစ်နာမှုတွေရှိလာမလဲ၊ ဘယ်လိုဖိအားတွေခံစားရမလဲ‌ဆိုတာကလည်း စိတ်ဝင်တစားကြည့်လို့ကောင်းတဲ့အကြောင်းအရာတွေပါပဲ။ နောက်ပိုင်းမှာ စကူလာအနေနဲ့ လူတွေလူမျိုးရေးခွဲခြားမှုမလုပ်အောင် ဘယ်လိုကြိုးစားလဲ‌ဆိုတာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး သူနဲ့ ကတ်သီရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းကောင်းပါ့မလား‌ဆိုတာ မျက်‌‌တောင်မခတ်တမ်း စိတ်ဝင်တစားကြည့်ရှုနေရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် တခြားလူမျိုးရေး ဘာသာရေးတွေအကြောင်းလည်းဗဟုသုတရရှိစေနိုင်မယ့် Movie လေးလည်းဖြစ်ပါတယ် စကူလာဂရင်းအဖြစ် Gregory Peck ကတ်သီ အဖြစ် Dorothy McGuire စကူလာ သူငယ်ချင်း ဒေ့ဗ် ဂိုမန်အဖြစ် John Garfield ရုံးက သူငယ်ချင်းဖြစ်တဲ့ အန်နီ အဖြစ် Celeste Holm တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် File size… 4.6 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Romance/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nway Nway Aung

7.2 1947 118 mins
Gentleman’s Agreement