YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Giant Fish 2 (2024) 720p WEB-DL CM.mkv

629.13 MB 720p video/x-matroska 265 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Best Man
6

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို "The Best Man"ဆိုတဲ့အက်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ သူဌေးကြီးတစ်ဦးရဲ့သမီးပြန်ပေးဆွဲခံရရာကနေ ပြန်ကယ်ဖို့ တပ်ဖွဲ့တစ်ဖွဲ့ငှားလိုက်ပါတယ်။ အဖွဲ့သားဆုံးရှုံးမှုတွေရှိပေမဲ့ သူဌေးသမီးကိုတော့ ပြန်ကယ်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက် အချိန်တစ်ခုကြာပြီး ကယ်ပေးတဲ့တပ်ဖွဲ့ထဲက အသက်ရှင်ကျန် ရစ်သူအဖွဲ့သားနဲ့ သူဌေးသမီးတို့ ချစ်ကြိုးသွယ်ပြီး လက်ထပ် ကြတော့မယ်ပေါ့လေ။ ငွေကို‌ရေလိုသုံးနိုင်တဲ့ သူဌေးတွေဆိုတော့ မင်္ဂလာပွဲအတွက် ဟိုတယ်ကြီးတစ်ခုလုံးအပြတ်ငှားထားတာပေါ့။ အဲဒီမင်္ဂလာပွဲကို အကြမ်းဖက်သမားတွေ ဝင်စီးတော့ အရင်ကအသက်ရှင်ကျန်ရစ်တဲ့ မင်းသားတို့အဖွဲ့ကလူတွေနဲ့ အကြမ်းဖက်သမားတွေ ဘတစ်ပြန် ကျားတစ်ပြန် ဖိုက်ကြတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.58 GB) / (560 MB) / (325 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Ngwe Zin Encoder..........SWM

Drama • Romance
6 2023 93 mins
The Best Man
BARDO, False Chronicle of a Handful of Truths
7

ဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ရှိနေတာကိုလည်း ဘာဇာတ်ကြောင်းမှမဖြည်ဘဲကို အတွေးထဲဝင်လာအောင် ရိုက်ပြထားတယ်။ အရှိတရားနဲ့ အိပ်မက်တွေ စိတ်ကူးတွေဟာ ရောထွေးနေတယ်။ ဘာက ဘာလဲ သူပြသွားတဲ့တစ်ကွက်ချင်းကိုကြည့်ပြီး တရိပ်ရိပ်တော့ သိလာလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်တော့ မသည်းကွဲချင်ဘူးပေါ့။ ဘယ်အချိန်ထိလဲဆိုရင် သူသတ်မှတ်ထားတဲ့ အချိန်အထိလို့တော့ ပြောရမှာပဲ။ ဆန်းတာက ဒီကားက တစ်ဖက်ကကြည့်ရင် ဟန်များလွန်းတယ်ထင်ရတဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သူတို့ ဒိုင်ယာလော့တွေ စကားတွေအရှည်ကြီးထိုင်ပြောနေကြတာတွေကို ကြည့်ရင်း ဟန်များနေသလို ထင်ရတာနဲ့ တစ်ချိန်တည်းမှာပဲ ဖန်တီးသူရဲ့ ရိုးသားမှုက အလိုလိုသိလာလိမ့်မယ်။ အဲဒီလိုရိုးသားမှုဟာ တာကော့စကီးကားတွေနဲ့ မစိမ်းတဲ့လူတွေအတွက် ပိုပြီးထင်သာမြင်သာရှိမယ်လို့တော့ ထင်ရတာပဲ။ ဒီလိုရိုးသားလိုက် ဟန်များသလိုဖြစ်လိုက်ဆိုတဲ့အချက်ကို တစ်နေရာမရောက်ခင်အထိတော့ ဒီလိုပဲမြင်နေဦးမယ်။ တစ်နေရာအရောက်တော့ ကျွန်တော်တော့ ဒီကားဟာ ရိုးသားတဲ့ဘက် ပိုသွားတယ်လို့ပဲ မြင်မိတော့တယ်။ အမြင်တူချင်မှလည်းတူမယ်။ ဒီရုပ်ရှင်ကို ကြိုက်ချင်မှလည်း ကြိုက်လောက်မယ်ပေါ့။ အာမ တော့ ခံလို့မရဘူး။ သူ့ဇာတ်လမ်းက ဒိုကူဖစ်ရှင်ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းပေါ့။ ထူးတာက ဒီကားထဲက ဇာတ်ကောင်က ရိုက်ချင်တာက သူ့အကြောင်းပေါ့။ ပြဿနာက ဒီဘဲက သူ့အကြောင်းသူရိုက်ချင်တယ်ဆိုပေမဲ့ သူ့အကြောင်း သူမရိုက်ဘူး။ ဟိုးမဆီမဆိုင် မက္ကဆီကိုကနေ ရွှေ့ပြောင်းအခြေချတဲ့လူတွေအကြောင်းတွေ၊ ဟိုးရှေးခေတ်ကလူတွေအကြောင်းတွေ၊ မက္ကဆီကိုသမိုင်းက တချို့အဖြစ်အပျက်တွေအကြောင်းတွေ ကောက်ရိုက်တယ်။ ဒါပေမဲ့ သူ့ခံယူချက်က ဒီအကြောင်းအရာတွေက သူနဲ့တူညီတယ်လို့ ခံစားရတာကို သူရိုက်ထားတာဆိုတော့ ဒီအကြောင်းအရာတွေကို ပြခြင်းအားဖြင့် သူ့အကြောင်းပါ ပြပြီးပြီလို့ ဆိုလို့ရတယ်။ ဘာလို့ ဒီလိုပြသလဲဆို လူတစ်ယောက်က ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုပါစို့... ဒါမှမဟုတ်လည်း ရိုက်တယ်ဆိုပါစို့... ဒါကြီးက အမှန်တရားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ပြောပြရလွယ်တဲ့ ပြောပြချင်တဲ့ အမှန်တွေပဲ ဖြစ်ဖို့တော့များမယ်။ ကိုယ့်မကောင်းကြောင်းကိုယ် ရေးနိုင်တယ်ဆိုတာကလည်း ကိုယ်ပြောပြချင်တဲ့ မကောင်းကြောင်းပဲမလား။ သူက သူ့အကြောင်းကို ဒီလိုအပေါ်ယံကြောကို မရိုက်ချင်ဘူး။ လူတစ်ယောက်အကြောင်းဆိုတာက ဘယ်လိုနေလာတယ် ဘယ်လိုရှင်လာတယ်ဆိုတာထက် တစ်ခါတလေ သူ့ဘဝမှာ သူစကားလုံးနဲ့ပြောဖို့ခက်တဲ့ အတွေးခေါ်တွေ ခံစားချက်တို့ ရှိကောင်းရှိမှာပဲ။ မဟုတ်လည်း ဒီတိုင်းကြီးပြောပစ်ရင် သူများအတွက် ဘာမှမဟုတ်တာတွေဖြစ်သွားနိုင်ပြီး သူ့အတွက်တော့ နက်ရှိုင်းနေတဲ့ဟာမျိုးတွေပေါ့။ ဒီတော့ သူက သူ့အကြောင်းကို စကားလုံးနဲ့လည်းမပြောဘူး။ အရုပ်နဲ့လည်း ရိုက်မပြဘူး။ ဘာနဲ့ ဒိုကူမန်ထရီ ရိုက်ပြသလဲဆို သူရဲ့ Handful of Truths တွေကို သမိုင်းထဲက တချို့ဖြစ်ရပ်တွေမှာ သူ့ကိုယ်သူထည့်ပြီးပြတယ်။ ဒီလိုပြတဲ့နေရာမှာ Chronology ကာလစဉ်အတိုင်း မပြဘူး။ ဗြောက်သောက် ပေါ်လာချင်သလိုပေါ်လာလိမ့်မယ်။ ကာလစဉ်လွဲနေတဲ့ Chronicle လိုမျိုး ပြတယ်။ ဒါပေမဲ့ ဒီလိုပြတဲ့နေရာတွေမှာရော အိပ်မက်လိုနေရာတွေမှာရော သူညှပ်ထားတဲ့ စကားလုံးတွေက ဆန်းသလိုလိုရှိပေမဲ့ သူ့အရင်ကားတွေနဲ့ယှဉ်ရင် သူ့အကြောင်းသူပြောနေတယ်လို့ ထင်ရလောက်အောင် ဇာတ်ကောင်မဆန်နေတာမျိုးတွေကို သူ့ကားတွေကို ရင်းနှီးရင် အလိုလို သတိထားမိလောက်တယ်။ တစ်ဝက်ကျော်လောက်မှာ ကိုယ်တိုင်လည်း သတိထားမိလို့ ဒါရိုက်တာရဲ့ဘဝအကြောင်းရှာကြည့်တော့ ဒီထဲက ဇာတ်ကောင်ရဲ့ဘဝအစပိုင်းက သူ့ဘဝအစပိုင်းနဲ့ ချွတ်စွပ်လိုဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း နောက်ဆုံးအချိန်ကို ဦးတည်တာဆိုတော့ သူ့အကြောင်းလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ထဲက ဇာတ်ကောင်က သူ့အကြောင်းကို ပြောပြဖို့ ဒဲ့မပြောဘဲ False Chronicle of a Handful of Truths ကိုသုံးထားသလိုမျိုး သူလည်း သုံးထားတာသလိုရှိတဲ့ ခံစားချက်မျိုးတော့ ရနေတာပါပဲ။ ရုပ်ရှင်တော်တော်ကြည့်စရှိနေရင် ဇာတ်ကားတစ်ကားရဲ့ ရိုးသားမှုပမာဏကို အလိုလိုခံစားမိနေမှာပဲ မဟုတ်လား။ တစ်ခုရှိတာက ဒီကားကို ဒီထက်နည်းနည်းအရွယ်လွန်ပြီးတဲ့ အချိန်မှကြည့်ရင် ပိုထိလောက်မယ်ဆိုတဲ့ အသိမျိုးလည်း ရနေပြန်တာပဲ။ ပုဂ္ဂလိက အမြင်အရတော့ ကိုယ့်ကိုယ်ကိုယ် ဒီကားကြည့်ဖို့ နောက်မကျသေးဘူးလို့ ထင်ရင် သိမ်းထားလိုက်ပြီး တော်တော်ကြာမှ နည်းနည်းအရွယ်လွန်မှ ကြည့်တာ ပိုကောင်းမယ်ထင်တာပါပဲ။ ၂ခါပြန်ကြည့်လည်းရပေမဲ့ အရသာတော့ မတူနိုင်ဘူးမလား။ BARDO, False Chronicle of a Handful of Truths ဟာ Alejandro ရဲ့ အရင်ကားတွေလောက် ဝေဖန်ရေးသမားတွေရဲ့ မျက်နှာပန်းမလှခဲ့ပေမဲ့ တော်တော်ကောင်းတဲ့ ကားတစ်ကားဖြစ်နေတုန်းဆိုတာတော့ ငြင်းမရသလို ပုဂ္ဂလိက အမြင်အရတော့ Bardo ဟာ သူ့ကားတွေထဲ အရိုးသားဆုံးလည်းဟုတ်သလို Pretentious အဖြစ်ဆုံးလည်း ဟုတ်တဲ့ကားပါပဲ။ ရှေ့ကကားတွေလောက် အားမရသလို ရှေ့ကကားတွေထက် ပိုသဘောကျမိတဲ့ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 811MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 39Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Horror • Thriller
7 2022 160 mins
BARDO, False Chronicle of a Handful of Truths
Stealing Raden Saleh
7.6

ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ်။ လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ်။ ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား? သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား? ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်လာပါတယ်။ အဲ့ဒီအပြင် IMDB မှာ rating 7.5 ရရှိထားပြီး အစကနေအဆုံးထိ ရိုးအီမသွားအောင်ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Proxy ပါ။) File Size          : 2.3GB, 1GB, 511MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 34mins Genre              : Action, Crime, Drama Translated by Proxy Encoded by Kinnov

Horror • Mystery
7.6 2022 154 mins
Stealing Raden Saleh
Mukundan Unni Associates™
7.9

၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါ ခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါ ဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn

Comedy • War
7.9 2022 127 mins
Mukundan Unni Associates™
Riders of Justice
7.3

IMDb....7.7 ,,,Rotten...93% ဒီကာလမှာ ဂျင်းကားတွေခပ်များများကြားထဲက ဒီလို လတ်ဆတ်ကြမ်းထော်နေတဲ့ ratingတွေလာတဲ့ အက်ရှင်ကားက ခပ်ရှားရှားရယ်.... မားကပ် ဆိုတဲ့ စစ်သားကြီးမှာ မိန်းမနဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့မှ ရထားချင်းမတော်တဆ တိုက်မှုမှာ မိန်းမကသေသွားပြီး သမီးနဲ့သူပဲ ကျန်ခဲ့တယ်။ အဲဒီရထားပေါ်မှာပဲ အချက်အလက်တွေကိ တွက်ချက်လေ့လာတတ်တဲ့ ပညာရှင်တစ်ယောက်ပါ ပါလာတယ်။ သူက မသေဘဲ ကျန်ခဲ့ချိန်မှာ ဒီရထားတိုက်မှုဟာ မတော်တဆမဟုတ်ဘူးလို့ သံသယဖြစ်လာတာကြောင့် ဆက်ပြီး စုံစမ်းခဲ့ပါတယ်။ စုံစမ်းရင်းနဲ့ ဒီအမှုဟာ ဆိုင်ကယ်လူဆိုးဂိုဏ်းနဲ့ပတ်သတ်နေတာကို သိလာတဲ့အခါ သိပ္ပံကြမ်းပိုးတွေနဲ့ စစ်သားကြီးပေါင်းပြီး လူဆိုးဂိုဏ်းကို ဘယ်လိုတွေဗျင်းကြမလဲဆိုတာကိုတော့.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Mr.Andersonပဲဖြစ်ပါတယ်... File Size : (1.7 GB) and ( 1 GB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:56:00 Genre :  Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Crime • Drama
7.3 2020 116 mins
Riders of Justice
Shadow in the Cloud
5.9

ဒုတိယ ကမ္ဘာစစ်အတွင်း မုန်တိုင်းထန်တဲ့ ညတစ်ည၊ ပျံတက်လုဆဲဆဲ ဗုံးကြဲလေယာဉ်တစ်စင်းပေါ်ကို ထိပ်တန်းလျှို့ဝှက်ကုန်စည်တစ်မျိုးသယ်ဆောင်လာတဲ့ အမျိုးသမီးလေယာဉ်မှူးတစ်ယောက် တက်လာခဲ့တယ်။ လေယာဉ်ပေါ်က အမျိုးသားတပ်ဖွဲ့ဝင်တွေဟာ အထောက်အထားတွေရော သူတို့ကြောက်ရတဲ့ နာမည်ဆိုးနဲ့အထက်လူကြီးကြောင့်သာ လက်ခံလိုက်ရပေမယ့် အင်တင်တင်ဖြစ်ရုံမက သူ့အပေါ် ရိုင်းရိုင်းပျပျဆက်ဆံတယ်။ ဒါပေမယ့် သူနဲ့ စကားတွေပြောရင်း ဖလှယ်ရင်း ဒီအမျိုးသမီးနဲ့ ဒီကုန်စည်အပေါ်ကိုသံသယတွေကြီးထွားလာပြီး အမှောင်ထဲက တိမ်တွေကြားထဲ အရိပ်တစ်ခုကိုမြင်လိုက်ကြရတဲ့အခါမှာတော့? အဲ့ဒါ ရန်သူ ဂျပန်လေယာဉ်တွေဖြစ်မလား? ဒါမှမဟုတ် လေယာဉ်ကြုံလိုက်တဲ့ မိန်းမကြောင့်ဖြစ်မလား? စစ်အတွင်းကာလ အက်ရှင် နဲ့ အရင်တုန်းက နာမည်ကျော် gremlins မှင်စာတွေနဲ့ Horror ကိုရောမွှေထားတဲ့ကားပါပဲ။ ဇာတ်အစကနေ ပျိုးလာတဲ့ သိချင်စိတ်ကိုအဆုံးထိဆွဲခေါ်နိုင်သလို အထူးပြုလုပ်ချက်တွေလဲ သပ်ရပ်လှပပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ အားလုံးရဲ့ အသည်းကျော်လေး Chloë Grace Moretz ကိုဇာတ်အစကနေအဆုံးထိ တောက်လျှောက်မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.7 GB) and (1 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:23:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Mystery
5.9 2020 83 mins
Shadow in the Cloud
Vive L’Amour
7.4

Vive L’Amour (1994) ~ IMDb – 7.4/10, Rotten Tomatoes – 86% ~ Directed by “Tsai Ming-liang“ ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L’Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L’Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction • Thriller
7.4 1994 118 mins
Vive L’Amour
Rustin
6.6

Rustin (2023) ~ IMDb – 6.6/10, Rotten Tomatoes – 85% ~ Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်… အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။ Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် “မိတ်ဆွေများအသင်း” လို့အဓိပ္ပာယ်ရတယ်။ ပရိုတက်တင့် ခရစ်ယာန်လိုင်းခွဲတစ်ခုပေါ့။ အဲဒီလိုနေရာကနေ ကြီးပြင်းလာတဲ့ လူမည်းတယောက်အနေနဲ့ လူမျိုးရေးခွဲခြားမှုပေါင်းမနည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ သူက လူမျိုးရေးခွဲခြားကြတဲ့ခေတ်မှာ လူမည်းဖြစ်ရုံတင်မကဘဲ လိင်ခွဲခြားမှုများနေတဲ့အချိန်မှာ ဂေးနေတဲ့အပြင် စစ်အေးကာလမှာလည်း ကွန်မြူနစ်ဟောင်းဆိုတဲ့နာမည်ရှိနေပြန်တယ်။ သူ့အတွက် လုပ်ရကိုင်ရတာ သိပ်ကျပ်စေမယ့်အခြေအနေတွေ စုပြုံခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ဆုတ်သလား၊ နောက်မဆုတ်ခဲ့ဘူး။ လူသားအားလုံးအတွက် တန်းတူတရားမျှတမှုအတွက် ကြုံလာသမျှရင်ဆိုင်ခဲ့တယ်။ သူ့ကို အပုပ်ချတာတွေ၊ နှိပ်ကွပ်တာတွေ ခွဲခြားတာတွေ အများကြီးရှိခဲ့တယ်။ သူ့ရဲ့ဖြစ်တည်မှုက လှုပ်ရှားမှုကြီးမှာ အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ရုံကိစ္စတွေမှာတောင် သူ ‌လူရှေ့မထွက်ခဲ့ဘူး။ တနည်းအားဖြင့် နာမည်ဝင်ယူတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူးပေါ့။ ဝါရှင်တန်ချီတက်ပွဲကြီးအပြီးမှာလည်း လိင်တန်းတူညီမျှရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ သူက ဂန္ဓီရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း သက်ဝင်ယုံကြည်တဲ့လူတယောက်။ “ဂန္ဓီကြီးက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အင်ပါယာကြီးကို ဒူးထောက်စေခဲ့တယ်” လို့သူမကြာခဏပြောလေ့ရှိတယ်။ မာတင်လူသာကင်းရဲ့ ငြိမ်းချမ်းရေးဝါဒဟာလည်း သူ့ဆီကနေ တစိတ်တပိုင်း‌မြစ်ဖျားခံခဲ့တယ်။ မာတင်လူသာကင်းရဲ့ “ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်” ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကြီးကလည်း Rustin ကြောင့်သာမဟုတ်ရင် ရှိလာမှာမဟုတ်ဘူးလို့ မာတင်လူသာကင်းက ပြောခဲ့တယ်။ ဒီလိုလူတယောက်အနေနဲ့ အမေရိကန်သမိုင်းမှာ အချိုးအကွေ့ကြီးတခုဖြစ်စေမယ့် ဝါရှင်တန်ချီတက်ပွဲကြီးကို ပဲ့ကိုင်ခဲ့တယ်။ ဒီချီတက်ပွဲအပြီးမှာ သမ္မတကနေဒီရဲ့ လူ့အခွင့်အရေးမူကြမ်းကို တင်သွင်းနိုင်ခဲ့ပြီး လူမျိုးရေးတန်းတူညီမျှမှုတိုက်ပွဲမှာ ခြေလှမ်းကျယ်ကျယ်လှမ်းနိုင်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ Rustin လို့ပေးထားပေမဲ့ သူ့ရဲ့ ဘဝတလျှောက်လုံးကို ချပြထားတာမဟုတ်ဘဲ ဝါရှင်တန်ချီတက်ပွဲကို ကြိုးစားကြတဲ့ ဘဝတစိတ်တပိုင်းကို ချပြထားတယ်။ အခက်အခဲပေါင်းစုံကြုံရတဲ့အပြင် စိတ်သဘောထားမတိုက်ဆိုင်မှုပေါင်းစုံနဲ့ အောင်မြင်ပါ့မလားမသေချာတဲ့ ပွဲကြီးကို မျှော်လင့်ချက်တခုတည်းကိုင်ပြီး အကောင်အထည်ဖော်ခဲ့ကြပုံကို ရိုက်ကူးထားတာပါ။ Cast တွေအနေနဲ့ Rustin နေရာက Coleman Domingo နဲ့ NAACP ရဲ့ ဥက္ကဋ္ဌ Roy Wilson နေရာမှာ Chris Rock အပြင် တခြား Cast တွေကလည်း လက်တွေ့ဘဝကလူတွေနဲ့ အနီးစပ်ဆုံးတူညီအောင် ရှာသုံးထားတာတွေ့ရတယ်။ Coleman Domingo ကတော့ မျှော်လင့်ထားသလိုပါပဲ၊ သူ့ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် ဒီရုပ်ရှင်ကို အတော်လေး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ Chris Rock ကိုတော့ ဘုကလန့်လုပ်တဲ့ ဘိုးတော်ကြီးအနေနဲ့ မြင်ရတာ ရယ်ချင်သလိုလိုဖြစ်နေတာတော့ရှိတာပေါ့လေ။ ခြုံပြောရရင်တော့ Cast တွေရွေးထားတာ အတော်အဆင်ပြေပါတယ်။ ဒီထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတွေအနေနဲ့ NAACP ဆိုတာကတော့ လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု၊ ဩဇာအကြီးဆုံးဆိုရင်လည်းမှန်တယ်။ SNCC ကတော့ ကျောင်းသားများ အကြမ်းမဖက် ညှိနှိုင်းရေးအဖွဲ့ဖြစ်ပြီး ၂၀ ရာစုအလယ်ပိုင်းက လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ UAW ကတော့ ကားလုပ်သားများ ယူနီယံပါ။ ဝါရှင်တန်ချီတက်ပွဲမပြောပါနဲ့၊ အဲဒီခေတ်တုန်းကဖြစ်သမျှ လူ့အခွင့်အရေးလှုပ်ရှားမှုအားလုံးလိုလိုမှာ သူတို့တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဒီရုပ်ရှင်က မပျင်းရဘဲဆွဲခေါ်သွားနိုင်တဲ့အပြင် တကယ်ပြောခဲ့တဲ့ စကားတွေကိုပါ ထည့်သုံးထားတယ်ဆိုတော့ ကြည့်လို့လည်းကောင်း ဗဟုသုတလည်းရ ဆိုတဲ့ သမိုင်းရုပ်ရှင်မျိုးပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 575MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Fantasy • Mystery
6.6 2023
Rustin
Clinic

လီဆာက နိုက်ကလပ်တစ်ခုမှာ ဖော်ချွတ်အကမယ်အဖြစ်လုပ်ကိုင်တဲ့ Single mother ပါ။ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက တင်ကိတ်ရင်ကိတ်ဖြစ်အောင်ပြုပြင်တာကြောင့် တစ်ညတစ်ည ဧည့်သည်တွေဆီက ဘောက်ဆူးအများကြီးရပေမယ့် ဘာမှမပြုပြင်ထားတဲ့ လီဆာတစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနဲ့ မကိတ်တဲ့အတွက် တစ်ညတစ်ည တစ်ပဲခြောက်ပြားပဲရပါတယ်။ ဒါကြောင့် သားတစ်ယောက်နဲ့ရုန်းကန်နေရတဲ့သူမဟာ သူများတွေလို ဘောက်ဆူးတွေအများကြီးရပြီး ကိတ်ထလာအောင် တင်နှင့်ရင်ခွဲစိတ်ပြုပြင်ဖို့ ကျွမ်းကျင်ဆရာဝန်ဆီသွားခဲ့ပေမယ့် သူမမှာ သွေးမတိတ်တဲ့ရောဂါရှိတာကြောင့် ခွဲစိတ်ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ဆေးခန်းကပြန်အထွက်မှာ ဆေးခန်းက ဧည့်ကြိုကောင်မလေးတစ်ယောက်က ဒီဆေးခန်းထက် ဈေးထက်ဝက်သက်သာပြီး ခွဲစိတ်ပေးနိုင်တဲ့ဆေးခန်းရှိ ကြောင်း၊ စိတ်ပိုင်းဖြတ်ပြီးပါက ဆက်သွယ်ဖို့လိပ်စာကတ်ပေးလိုက်ပါတယ်။ မတရားကိတ်ချင်နေတဲ့လီဆာတစ်ယောက် ဒီကောင်မလေးပြောသလို နာမည်လည်းမရှိ ဈေးလည်းသက်သာလွန်းတဲ့ ဆေးခန်းကို သွားလိုက်တဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ခေါင်းကြီးတို့ပဲ ကြည့်လိုက်ကြပါတော့ဗျာ။ File size…(1 GB)/(478 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
Clinic
Extreme Speed Police: The War on Drugs
5.7

လူငယ်ပီပီ အရေးကြုံလာတဲ့အခါ ဘာကိုမှဂရုမစိုက်ပဲ တရားခံကိုအမိဖမ်းနိုင်ဖို့ သွေးဆူပြီး တတ်နိုင်သမျှနည်းနဲ့ ထင်ရာစိုင်းတတ်တဲ့မူးယစ်တိုက်ဖျက်ရေး ရဲအရာရှိတစ်ယောက်အကြောင်းဇာတ်လမ်းဖြစ်ပါတယ်။ မူးယစ်တိုက်ဖျက်ရေး ပေါ်လစီကားတို့ရဲ့ ထုံးစံအတိုင်း ဘဝနဲ့ရင်းပြီးပေးဆပ်လိုက်ရတဲ့သူလျှိုအကြောင်း တခြားသူတွေနားလည်မပေးနိုင်တဲ့ တာဝန်နဲ့သံယောဇဉ်ကြားရွေးချယ်ရတဲ့အခါ တာဝန်ကိုပဲရွေးချယ်ခဲ့ရတဲ့ ရဲတို့ရဲ့ ဘဝတွေကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။

Animation • Drama • Family • History
5.7 2024
Extreme Speed Police: The War on Drugs
A Quiet Place Part II
7.8

A Quiet Place Part 2 (2020) IMDb Rating (7.2) / Rotten Tomatoes (91%) Quiet Place 2 လာပါပြီ။ အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။ အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်း လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ….။ ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။ A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။

7.8 2020 96 mins
A Quiet Place Part II
The Mick and the Trick
5

ဇာတ်လမ်းအစမှာတော့ နာမည်ကြီးဂန္ဓာဝင်လူသတ်သမားကြီး ပတ်ထရစ်ဟာအဝေးတစ်နေရာကနေ အသည်းသန်ပြန်လာပြီး ဒွန်နိုဗန်နဲ့တွေဖို့လုပ်နေတယ်။ ဒွန်နိုဗန်ဆိုတဲ့သူကလည်း မကောင်းတဲ့ ရာဇဝတ်မှုတွေကို လုပ်နေတဲ့သူပါ။ ဒွန်နိုဗန်ဆီရောက်တော့ ပတ်ထရစ်ဟာသူဒီအလုပ်တွေကိုဆက်မလုပ်ချင်တော့ကြောင်း သူထွက်သွားနိုင်ဖို့အတွက်တစ်ခုခုစီစဉ်ပေးဖို့ပြောတယ်။ မလုပ်ပေးရင်ပြဿနာရှာမယ့်ပုံစံမျိုးတော့ ဒွန်နိုဗန်လည်း ကြားကောင်းအောင်လက်ခံလိုက်တယ်။ ပတ်ထရစ်ပြန်သွားတော့ ဒွန်နိုဗန်ကအထက်လူကြီးတစ်ယောက်ကို ဖြစ်ကြောင်းကုန်စင်ပြောပြ လိုက်တယ်။ ဒုစရိုက်လောကကနေလွယ်လွယ်နဲ့ထွက်ရိုးထုံးစံမရှိတော့ ပတ်ထရစ်ကိုရှင်းပစ်လိုက်ဖို့အမိန့်ချလိုက်တယ်။ နောက်တော့ပတ်ထရစ်ကသူ နှစ်ပေါင်း ၂၀ ကြာအလုပ်လုပ်ပေးနေတဲ့ ကားလို့စ်ဆီကိုထပ်သွားပြန်တယ်။ ဟိုရောက်တော့ သူဒီအလုပ်ကို နားတော့မယ်ဖြစ်ကြောင်း ဒီမြို့ကနေထွက်သွားတော့မယ်ဖြစ်ကြောင်း ပြောပြတယ်။ ကားလို့စ်က အစကတော့သဘောမတူချင်ပေမယ့် နောက်ဆုံးမှာအောင့်သက်သက်နဲ့လက်ခံလိုက်ရတယ်။ ပတ်ထရစ်ပြန်သွားတော့ ကားလို့စ်က လူတစ်ယောက်ကိုဖုန်းဆက်ပြီး လုပ်လိုက်တော့လို့ပြောလိုက်တယ်။ ဂန္ဓာဝင်လူသတ်သမားကြီးကို နှစ်ဖွဲ့ပေါင်းပြီးလုပ်ကြံတဲ့အခါမှာ ထင်ထားသလိုဖြစ်မလာတဲ့အခါ်မှာတော့….. File size…1.05GB / 590MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024 96 mins
The Mick and the Trick
The Christmas Room
6

The Christmas Room (2024) IMDb Rating (6.0) မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Grace Dorsey (Maya Jai Pinson) ဟာ ခရစ္စမတ်အတွက် မိသားစုဆီပြန်လာပြီး သူ့အဖိုးရဲ့ ကျန်းမာရေးကို ဘယ်သူမှ မစိုးရိမ်ကြောင်း သိရှိသွားတဲ့အချိန်မှာ မိသားစုအတွက် တာဝန်ယူပြီး အလေးထားဖို့ ကြိုးစားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်က ခရစ္စမတ်ရဲ့ အဓိပ္ပာယ်အပြင် မိသားစုဆက်ဆံရေးတွေကို ထိထိမိမိ ပြသနိုင်တာပါ။ ဒါရိုက်တာ Maya Jai Pinson ရဲ့ လက်ရာဟာ ခံစားမှုတွေနဲ့ စိတ်လှုပ်ရှားစရာအချိန်တွေကို ပေါင်းစပ်ပြီး ပရိသတ်တွေကို ရင်ထဲထိမှန်စေတဲ့ ဇာတ်လမ်းဖြစ်လာစေပါတယ်။ ဒီဇာတ်ကားဟာ ခရစ္စမတ်အချိန်မှာ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family Duration….01:39:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

6 2024
The Christmas Room
Salve Maria
6.5

Salve Maria (2024) IMDb Rating (6.5) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဘာသာစကားပြော drama/thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMDB 6.5 ရထားပြီး ဆု ၁၀ ဆုလည်းရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မာရီယာဆိုတဲ့ အခုမှသားဦးမွေးထားတဲ့စာရေးဆရာမတစ်ယောက်ကိုဦးတည်ထားပါတယ်။ အခုမှသားဦးမွေးထားတဲ့မာရီယာဟာ postpartum depression လို့ခေါ်တဲ့မိခင်တွေခံစားရတဲ့စိတ်ကျရောဂါတစ်မျိုးကို တယောက်ထဲတိုက်ခိုက်နေသူဖြစ်ပါတယ်။ ကလေးကနို့စိုရင်ပြန်အန်တာကို ကလေးဆရာဝန်ကပုံမှန်ပဲလို့ပြောတာကို‌တောင် သူ့မှာစိုးရိမ်တကြီးဖြစ်နေရှာပါတယ်။ အိမ်တစ်ခုမှာပုံမှန်ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း မာရီယာဟာ အကြီးအကျယ်စိတ်ညစ်နေရှာပါတယ်။ ယောက်ျားဖြစ်သူ နီကိုကတော့ ဒါကိုမသိပဲ သူ့အလုပ်ပဲသူလုပ်နေခဲ့ပါတယ်။ မာရီယာကနီကို့ကို ခွင့်ယူဖို့၊သူနဲ့အတူတူကလေးကိုစောင့်ရှောက်ဖို့ပြောပေမဲ့လည်း နီကိုကခွင့်မယူပါဘူး။ ဒီ‌လိုနဲ့တနေ့ကျ ပြင်သစ်အမျိုးသမီးတစ်ယောက်က သူမရဲ့ဆယ်လသားအရွယ်အမွှာလေးတွေကို ရေနစ်သတ်တဲ့သတင်းကိုတွေ့လိုက်ရပါတယ်။ ထိုသတင်းဟာမာရီယာရဲ့ခေါင်းထဲမှာစွဲမြဲနေခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းဟာ မိခင်တစ်ယောက်ရဲ့ဘဝကိုဇာတ်နှေးနှေးနဲ့ရိုက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Akm ဖြစ်ပါတယ်။) File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:48:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Akm

6.5 2024 111 mins
Salve Maria
The Guardians of Zhu Yin
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ရှေးဟောင်းမြို့တော်သို့ စွန့်စားခန်းရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လွန်ခဲ့တဲ့ နှစ်တစ်ထောင်ခန့်က ကျူယင်းရှေ့ဟောင်းမြို့မှာ မျိုးနွယ်စုကြီး ၉ စုရှိပါတယ်။ မျိုးနွယ်စုကြီး ၉ စုရဲ့ ခေါင်းဆောင် ယင်ယောက်မျိုးနွယ်ဟာ ကြယ်ကြွေဥက္ကာခဲနဲ့ ပြုလုပ်ထားတဲ့ ရောင်စုံဖန်ကောင်းကင်ပုလဲစက်နဲ့ ကြယ်တာရာတွေကို ကြည့်ရှုပြီး ကံကြမ္မာကို ပြောင်းလဲနိုင်တယ်တဲ့။ ဒါပေမဲ့ မထင်ထားဘဲ ယင်ယောက်မျိုးနွယ်က ကံကြမ္မာကို ပြောင်းလဲခဲ့တဲ့အတွက် ဥက္ကာပျံကပ်ဘေးနဲ့ ကြုံခဲ့ရပြီး ကျူယင်းရှေ့ဟောင်းမြို့ဟာ ညတွင်းချင်းပျောက်သွားခဲ့ပါတယ်။ ရတနာအားလုံးဟာလည်း မြေအောက်နန်းဆောင်နဲ့အတူ မြှုပ်သွားခဲ့ပါတယ်။ နှစ်တစ်ထောင်ကြာပြီးနောက် နက္ခဗေဒကို ကျွမ်းကျင်တဲ့ မိန်းမပျိုလေး ယင်ဖုန်အန်း၊ ဆရာတူအစ်ကိုဖြစ်သူ စုန့်ချန်းနဲ့ ယင်းရှင်းမျိုးဆက် လျိုချန်ရှန်းတို့ဟာ ယင်းရှင်းခေါင်းဆောင်ကို ကယ်ဖို့အတွက် ကျူယင်းမြေအောက်နန်းဆောင်ကို ဝင်ရောက်ဖို့ အကြောင်းဖန်လာပါတယ်။ မြေအောက်နန်းဆောင်မှာ ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ…… ဘယ်လို လျှို့ဝှက်ဆန်းကြယ်တဲ့ ပုစ္ဆာတွေကို ဖြေရှင်းရမလဲ…… လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဘိုးဘေးတွေ လုပ်ခဲ့တဲ့ အမှားကိုရော ပြန်ပြင်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy • Drama
5.8 2025
The Guardians of Zhu Yin