YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

gi6-doompatrol-s03e09-1080p(CM).mp4

619.36 MB 1080p video/mp4 69 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Princess Aurora
5.9

Princess Aurora (2005) ================= ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ဆိုက်ကိုလူသတ်ကားမျိုးမဟုတ်ဘဲ ဇာတ်အိမ်ခိုင်ခိုင်နဲ့ မိဘမေတ္တာကို ပေါ်လွင်အောင် ဖော်ပြထားတာကြောင့် ကြည့်ကို ကြည့်သင့်ပါတယ်နော်။ မင်းသမီး Uhm Jung-Hwa ဟာဆိုရင် လည်း အခုလက်ရှိ ၂၀၂၃ မှာ ongoing ပြသနေတဲ့ Doctor Cha ဇာတ်လမ်းတွဲရဲ့ အဓိကမင်းသမီး Dr. Cha Jung-Sook ပဲဖြစ်ပါ တယ်။ ကဲ...နာမည်ကြီး မင်းသားမင်းသမီးကြီးတွေနဲ့အတူ ၂၀၀၅ ကို ခဏလောက် ပြန်သွားလိုက်ရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.8 GB) / (770 MB) / (445 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Khaing Khin Encoder..........SWM

5.9 2005 106 mins
Princess Aurora
Heaven
5.9

Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ် စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ် ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni

Mystery • Thriller
5.9 2019 90 mins
Heaven
Detective vs. Sleuths
6.5

CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ် ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲ ဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာ‌ဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Thriller , Mystery Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

6.5 2022 102 mins
Detective vs. Sleuths
Love Mocktail 2
5.5

ဘဝမှာအချစ်ရဆုံးလူတွေနဲ့ကွေကွင်းခဲ့ရတဲ့လူတွေရှိကြမယ်ထင်ပါတယ် ဒါက ဘုရားသခင်ရဲ့ကစားပွဲလား ဘဝရဲ့သင်ခန်းစာလား အချစ်စစ် နဲ့‌ ဆုံတွေ့ခဲ့ရပေမယ့်ထင်မထားတဲ့ဘဝရဲ့အဆစ်အပြောင်းကြောင့် အချစ်ရဆုံးလူကိုဆုံးရှုံးခဲ့ရတဲ့ အာဒီတစ်ယောက် လောကဓံရိုက်ချက်တွေကြားမှာ အလူးအလဲခံစားနေရပါတယ် ဒါပေမယ့်တစ်နေ့မှာ ချစ်ရတဲ့နစ်ဒီ့ရဲ့ဝိဉာဉ်နဲ့ မထင်မှတ်ဘဲ စကားပြောနိုင်လာပြီး ဘဝကိုတစ်ဖန်ပြန်စလာနိုင်ခဲ့ပါတယ် နစ်ဒီက အာဒီတစ်ယောက်ခံစားနေရတာ မကြည့်ရက်လို့သာ ခေတ္တပြန်လာခဲ့ရပေမယ့် သူ့မှာလည်းအချိန်ကအများကြီးမရှိနေတော့ အာဒီရှေ့ လျှောက်ပျော်ဖို့အရေး နစ်ဒီဘာတွေလုပ်မလဲ နစ်ဒီ့ဝိဉာဉ်ကလွဲရင်ဘယ်သူ့ကိုမှမျက်လုံးထဲမမြင်တဲ့အာဒီကရော ဘာတွေဆက်ဖြစ်သွားမလဲ ဇာတ်လမ်းကိုအဓိက support ပေးတဲ့ လွမ်းမောဖွယ်သီချင်းတွေဟာဆိုရင်လည်း အဆွေး mood ဝင်နေတဲ့ ကြည့်ရှုသူတွေအတွက်‌တော့လုံးဝအကြိုက်တွေ့စေမှာမို့ လွမ်းမောကြည့်ရှုနိုင်ရန် တင်ဆက်ပေးလိုက်ရပါတယ်ရှင် (အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…2.1GB / 1GB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Sutbtitle (hard sub) Encoder….YK Translated by Yunni & Haruko & Poe & Yate

Action • Adventure • Crime • Drama • Thriller • Western
5.5 2022 140 mins
Love Mocktail 2
Kung Fu Panda
7.2

DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ… လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ… ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်… ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်… သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်.. အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်… ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီး ကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်… သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမား ငါးယောက်လည်းရှိပါတယ်… သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်…. တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပပါတော့တယ်… ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်… ‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့် သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်… ‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက် ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်… ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ… ‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့ အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်… ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ… ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီး မမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့….. ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက် ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်… ‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲ ဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး….. IMDb rating 7.5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး အသံသရုပ်ဆောင်သူများထဲမှာလည်း နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ဂျက်ကီချန်း ၊ အင်ဂျလီနာဂျိုလီ စသဖြင့် ပါဝင်သရုပ်ဆောင်ထားပါတယ်… မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း ပြောကြားရင်းနဲ့ ခံစားကြည့်ရှုပေးကြပါဦးလို့….. File size…(1.5 GB)/(738 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by... Nyi Than Lwin

Adventure • Drama • Fantasy
7.2 2008 90 mins
Kung Fu Panda
Trikonam
9.5

ဒီတစ်ခေါက်မှာလည်း လူထောင်ကျော်က Vote ပေးထားပြီး IMDB မှာ၉.၅ အထိရရှိထားတဲ့ Mystery, Thriller အမျိုးအစား အိန္ဒိယဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလို့ရေးလို့မရလောက်အောင်ကို ဇာတ်လမ်းကရှုပ်ထွေးသလို ရိုးရှင်းလွန်းနေတဲ့ အခါမှာတော့ ဒီရုပ်ရှင်က ကြည့်တဲ့သူရဲ့ခံစားချက်အပေါ်မူတည်ပြီး ဇာတ်လမ်းက ကွဲသွားနိုင်လောက်တဲ့အခြေအနေပါ ဒါရိုက်တာတင်ပြချင်တဲ့ အကြောင်းအရင်းကတော့ လောဘ ဒေါသ မောဟ ဆိုတဲ့အထဲက ဒေါသရဲ့ နောက်ဆက်တွဲတွေကို ပြချင်တာပါ။ ဒီဇာတ်လမ်းမှာ ဇာတ်ကောင်မိသားစု သုံးစုပါဝင်ပြီး မတူညီတဲ့ စိတ်ခံစားချက်တွေကို အခြေခံတည်ဆောက်ထားပါတယ် ဒီတော့ ဒေါသရဲ့မကောင်းတဲ့နောက်ဆက်တွဲတွေဟာ ဘယ်လိုအကျိုးများရှိမှာလဲဆိုတာကိုတော့ ဒါရိုက်တာက နောက်ထပ်တမျိုးတစ်ဖုံတင်ဆက်ထားမှုကိုတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦး အညွှန်းကိုတော့ Lwin Htoo Aung က ရေးသားထားပြီး ဘာသာပြန်ကတော့ Lwin Htoo Aung နှင့်Yunni တို့ပဲဖြစ်ပါတယ်

Adventure • Animation • Comedy • Family
9.5 2022
Trikonam
High and Low
8.4

High and Low (1963) ~ IMDb – 8.4/10, RT – 96%, Meta – 90% ~ အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ဘယ်ဟာက ပိုသာမလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံးအနေနဲ့ အရသာရှိတာတော့ အမှန်ပဲ။ နောက်တစ်ခုက ဒီကားကို ကောင်းကင်နဲ့ငရဲလို့ ပေးထားတာကို နားလည်နိုင်ပေမဲ့ ဇာတ်ကားအဆုံးမှာ နည်းနည်းတော့ တစ်မျိုးဖြစ်နေမိကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီကားရဲ့ ဂျပန်နာမည်က ကောင်းကင်မှ ငရဲသို့လို့ ပေးထားတာကို သိထားရင် အဆင်ပြေလောက်ပြီလို့ ထင်ရတာပဲ။ သူ့နာမည်နဲ့ဇာတ်ကားက အဟကို ကျွန်တော့်လို စိတ်မတင်မကျဖြစ်ကောင်းဖြစ်နေနိုင်မယ့်လူတွေအတွက် ကြိုပြောပြထားခြင်းပါပဲ။ ဆိုခဲ့သလို ဇာတ်က စစဖွင့်လိုက်ပြီဆိုတာနဲ့ တော်တော်လေးစိတ်ဝင်စားစရာကောင်းနေတယ်။ နာမည်ကျော်ဖိနပ်ကုမ္ပဏီက ဒါရိုက်တာလူကြီးတစ်ယောက်အိမ်ကို တခြားဒါရိုက်တာတွေလာပြီး နားချတယ်။ ချမရတော့ အဲဒီဒါရိုက်တာကို ဖြုတ်ဖို့ ကြံကြတယ်။ အဲဒီဒါရိုက်တာကလည်း မခေဘူး။ နောက်ကွယ်မှာ ရှယ်ယာတွေခိုးဝယ်ထားတာတွေရော ထပ်ဝယ်ဖို့ ပြင်ထားတာတွေရောက ကုမ္ပဏီတစ်ခုလုံးရဲ့ ရှယ်ယာထက်ဝက်လောက်ဖြစ်တော့မယ်။ သူအပိုင်သိမ်းတော့မယ်ပေါ့။ ကံဆိုးချင်တော့ သူကျန်တဲ့ရှယ်ယာတွေအတွက် ငွေချေရမယ့်ညမှာပဲ သူ့သားကို ပြန်ပေးဆွဲပြီး ယန်း သန်း၃၀တောင်းခံရတယ်။ သားသမီးဇောနဲ့ သူက ပေးမယ်။ ငွေကအများကြီးထပ်ရှာလို့ရတယ် ဘာညာလုပ်တာပေါ့။ ပြီးမှသိလိုက်ရတာက သူ့သားမဟုတ်ဘဲ သူ့ဒရိုင်ဘာရဲ့သားကို ပြန်ပေးဆွဲသွားတာဖြစ်နေတယ်။ သူပေးရမယ့်ငွေဆိုတာကလည်း သူရှယ်ယာဝယ်ချင်လို့ ရှိသမျှအကုန်‌ပေါင်နှံထားတဲ့ငွေတွေ။ ဒီတော့ ဒီငွေမရှိရင် သူဘဝပျက်မယ်။ သူ့သားအတွက်တော့ ပေးလိုက်နိုင်ပေမဲ့ ဒရိုင်ဘာရဲ့သားအတွက်ကျ သူပေးဖို့ လက်တွန့်နေတယ်။ ပြန်ပေးသမားကလည်း ကလေးမှားမှန်းသိသွားပေမဲ့ သူမပေးရင် ဘာဖြစ်ဖြစ် သတ်မှာပဲလို့ ခြိမ်းခြောက်လာတယ်။ ဇာတ်ကားနာမည်နဲ့ ဒီဇာတ်အဖွင့်ကို ပေါင်းစပ်ကြည့်လိုက်ရင် ဘယ်လိုဇာတ်မျိုးဖြစ်မလဲ ခင်ဗျားသိနေပြီလို့ ရေးတေးတေးထင်လာစရာအကြောင်းရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒီဇာတ်က ဒီထက်အများကြီး အကွေ့အကောက်များသလို သူ့တင်ပြချင်တဲ့ အကြောင်းအရာကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီထိရေးပြခဲ့တာက ဇာတ်ရဲ့အစပဲရှိသေးတယ်။ နောက်မှာ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ခင်ဗျားမြင်လာရလိမ့်မယ်။ ရဲတွေက ပြန်ပေးသမားကို ဖမ်းဖို့ကြိုးစားတာကလည်း စုံထောက်ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ကောင်းသလို ပြန်ပေးသမားနဲ့ ဒါရိုက်တာ အဓိကကာရိုက်တာနှစ်ယောက် ငရဲနဲ့ကောင်းကင်ကြား အားပြိုင်ကြတာကလည်း သူတို့ချမယ့်ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေကိုလိုက်ကြည့်ရင်း အသည်းလန့်ချင်စရာကောင်းတယ်။ High and Low ကို အကောင်းဆုံး သည်းထိတ်ရင်ဖိုစုံထောက်ကားတစ်ကားလို့ ဆိုကြတယ်။ လွန်တော့မလွန်ပါဘူး။ မင်းသားတွေကလည်း ကူရိုဆာဝါထုံးစံအတိုင်း သူသုံးနေကျ လက်ရှိမှာ ဂျပန်ဂန္ထဝင်မင်းသားကြီးတွေ ဖြစ်သွားကြတဲ့ဘဲတွေချည်းပဲ။ Toshiro Mifune လို ဂန္ထဝင်မင်းသားကြီးရော၊ Ran ထဲက Tatsuya Nakadai ရော၊ To Live ထဲက Takashi Shimura ရောသုံးထားတယ်။ ဒီရုပ်ရှင်ကို မက္ကဘတ်ကို ကူရိုဆာဝါရိုက်ပြထားတဲ့ Throne of Blood မဟုတ်တဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးလို့ တစ်ချို့က ဆိုကြတယ်။ ကူရိုဆာဝါရဲ့ တင်ပြပုံကြောင့် ဒီဇာတ်ဟာ ပိုမိုကျယ်ပြန့်သွားတယ်လို့လည်း ဆိုကြတယ်။ High and Low ကို မာတင်စကောဆဲစီက 39 Essential Foreign Films for a Young Filmmaker စာရင်းထဲ ထည့်ထားသလို အကောင်းဆုံးဂျပန်ရုပ်ရှင်ကားများစာရင်းမှာလည်း နံပါတ်၁၃ချိတ်ထားခဲ့တယ်။ ဒီဘာတွေညာတွေအသာထားပါဦး… ကူရိုဆာဝါတင်ပြတဲ့ စုံထောက်ကားတစ်ကားကို ဘယ်လိုဘယ်ပုံနဲ့ မြင်ရမလဲ တွေးကြည့်ရုံနဲ့တင် High and Low ဟာ တော်တော်လေး ရင်ခုန်စရာကောင်းနေပါပြီ။ နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဒီရုပ်ရှင်ဟာ တခြားကူရိုဆာဝါရုပ်ရှင်တွေထက် ပရိသတ်မရွေးတဲ့ တင်ပြပုံမျိုးလည်း ပိုင်ထားပါတယ်။ စုံထောက်ကားပရိသတ်တွေကြည့်လည်းအဆင်ပြေသလို ရုပ်ရှင်ကောင်းကြိုက်သူတိုင်းအတွက်လည်း ကြည့်လို့ ကောင်းတယ်ဆိုတာထက် အများကြီးပိုစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 1.15GB Quality – 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 1963
High and Low
Something You Said Last Night
5.6

Something You Said Last Night (2022) ~ IMDb – 5.6/10, RT – 93%, Meta – 78% ~ ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိ‌သေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာ‌‌ကားလေးပါပဲ။ ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 770MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.6 2022 96 mins
Something You Said Last Night
The Garfield Movie

လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ် ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး…ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(5.2 GB)/(2 GB)/(1 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:41:00 Genre… Science Fiction, Comedy, Family, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

0 2024
The Garfield Movie
A Quiet Place Part II
7.8

A Quiet Place Part 2 (2020) IMDb Rating (7.2) / Rotten Tomatoes (91%) Quiet Place 2 လာပါပြီ။ အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။ အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်း လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ….။ ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။ A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။

7.8 2020 96 mins
A Quiet Place Part II
Powder
6.9

Powder 2024 ပေါင်ဒါ မှောင်ခိုလောကမှာ ကျင်လည်နေတဲ့ ဘိန်းရာဇာကြီး ဘရုစ်လီ သူ့ရဲ့လက်ရုံးတွေကတော့ နယ်စပ်ကနေ မှောင်ခိုသယ်ဖို့ အရာရာကူညီနေတဲ့ ဂျိဗ်စ် နယ်စပ်ကသယ်လာတာကို မြို့ထဲဖြန့်ပေးတဲ့ အန်နာချီနဲ့ ဂျိဗ်စ်နဲ့အန်နာချီတို့အရှုပ်မှန်သမျှ နောက်ကလိုက်ရှင်းရတဲ့ ကြေးစား မလိကာတို့ပါ။ ဒီတစ်ခါ သူတို့ရဲ့မဟာအကြံကတော့ ဘိန်းဖြူကို ပေါင်ဒါမှုန့်ဘူးထဲထည့်ပြီး မှောင်ခိုသယ်ဖို့ပါပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အစီအစဉ်ချွတ်ချော်ပြီး ကုဋေချီတန်တဲ့ ဘိန်းဖြူပေါင်ဒါဘူးက သူများလက်ထဲရောက်သွားတဲ့အခါ… ဘိန်းဖြူဆိုတော့ပေါ်ပေါ်ထင်ထင်ကလည်း ရှာလို့မဖြစ်လေတော့ ဒီဘိန်းဖြူပေါင်ဒါဘူးကို ပြန်ရယူဖို့လုပ်ရင်း ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲဆိုတာ အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)

6.9 2024
Powder
From Up on Poppy Hill
7.4

အဖေဖြစ်သူ စစ်ပွဲအတွင်းမှာဆုံးသွားပြီး အမေဖြစ်သူက အဝေးမှာရောက်နေတဲ့အတွက် Umiတို့မောင်နှမတွေက အဘွားအိမ်မှာ အတူနေရင်း Umi က “အစ်မကြီး အမိအရာ”ဆိုတဲ့စကားအတိုင်း ညီမငယ်လေးနဲ့ မောင်ငယ်လေးကို ကြည့်ရှုစောင့်ရှောက်ရင်း ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီ‌လိုနဲ့ တစ်နေ့ ကျောင်းကန်တင်းမှာ Shun ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အမှတ်မတင် တွေ့ဆုံပြီးနောက် ရင်ခုန်တတ်လာပါတော့တယ်။ Shun တို့သူငယ်ချင်းအဖွဲ့က ကျောင်းရဲ့အသင်းတိုက်အဆောက်အဦး ဖြိုချမခံရဖို့အရေး အစွမ်းကုန်ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ရက် Umi ရဲ့ညီမလေးကိုအကြောင်းပြုပြီး Shun နဲ့ Umi တို့ ခင်မင်သွားကြပါတော့တယ်။ ဒီလိုနဲ့ Shunတို့ရဲ့ အသင်းတိုက်အဆောက်အဦးကြီး ဖြိုချမခံရဖို့အတွက် Umi ကူညီပေးတာတွေ… Shun နဲ့နှစ်ယောက်ကြားက ပြဿနာတွေကို ရင့်ကျက်စွာ ဖြေရှင်းပုံတွေကို လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါစို့ File Size : 1.3 GB, 637 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Animation, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

7.4 2011 91 mins
From Up on Poppy Hill