YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Ghost Walk (2019) 1080p WEB-DL AAC2.0-CM.mkv

1.26 GB 1080p video/x-matroska 57 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sin City
7.4

ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင် သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ် သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ ရမယ့်ရုပ်ရှင်မျိုးပါပဲ။ Sin City အဆက်အနေနဲ့ Sin City: A Dame to Kill For (2014) ဆက်လက်ထွက်ရှိခဲ့ပြီး ဒီမှာ https://channelmyanmar.org/sin-city-a-dame-to-kill-for-2014/ ကြည့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(4.8 GB)/(2 GB) Quality….BluRay(Unrated.Recut.Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:21:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Adventure • Comedy • Family • Fantasy
7.4 2005 124 mins
Sin City
A Wicked Trilogy

လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........2Hrs 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Fantasy, Romance Translator.......C'mon Encoder..........SWM

Action • Thriller
null 2022 156 mins
A Wicked Trilogy
(21+) Sex, Party and Lies
4.6

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အကြမ်းစား စပိန် 21+ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နွေရာသီအားလပ်မှာ ပွဲတော်တစ်ခုကို သွားကဲချင်ပေမဲ့ ဘိုင်ပြတ်နေတဲ့အတွက် ကြံရာမရတဲ့အဆုံး ကလပ်မှာမူးယစ်ဆေးရောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ နီကို နဲ့ တိုနီ ... ဝိတ်တက်လာလို့ ဘဲပစ်ခံလိုက်ရတဲ့အပြင် ဝလာတဲ့အတွက် အလုပ်ပါပြုတ်သွားလို့ လောင်နေတဲ့ကောင်မလေး ပက်ဇ် ... သူငယ်ချင်းမ ပက်ဇ် ကို နှစ်သိမ့်ပေးသလိုလိုနဲ့ သူ့ရဲ့ဘဲ ဘိန်းစားဂီတသမားနဲ့ နောက်ကွယ်မှာခိုးစားနေတဲ့ မစံပယ် … ကိုယ့်ကိုယ်ကိုယ် လက်စဘီယန် ဆိုတာ လက်မခံနိုင်တဲ့ကောင်မလေး မာရီနာ နဲ့ Bisexual စားစော်ကြီး လီယို … အစရှိသဖြင့် လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပျော်အပါးခံစားချက် စရိုက်သဘာဝအစုံကို ခံစားကြည့်ရှူနိုင်မှာပဲဖြစ်ပါတယ်။ (Gay, Straight, Bi, Lesbian, Threesome စတဲ့ အကြမ်းစား sex အခန်းတွေ ဖောဖောသီသီ ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲ ဖြစ်ပါတယ်။) File Size          :  2.6GB, 1.2GB & 473MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 47mins Genre              : Comedy, Drama Translated by  Thar Htet Encoded by Kinnov

Drama
4.6 2009 107 mins
(21+) Sex, Party and Lies
The Mystic Nine: Begonia from Qingshan
5.7

TU ထဲက မုန့်ယောင်လေးရဲ့ The Mystic Nine: Qing Shan Hai Tang (2022) ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... The Mystic Nine ဆိုတဲ့နာမည်ကို C-drama ဖန်တွေစိမ်းနေမယ်မထင်ပါဘူး... ဟုတ်ပါတယ် 2016 မှာ အတော်လေး နာမည်ကြီးခဲ့တဲ့ The Mystic Nine ဒရာမာကို ပြန်ပြီး adapt ထားတဲ့ ရုပ်ရှင်ကားလေးပါ... The Mystic Nine (2016) မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်ကြားက ဂျင်းချိုတွေ စားခဲ့သူရှိပေမယ့် ဘယ်သူမှ သူတို့နှစ်ယောက် ဘယ်လိုဆုံပြီး ဘယ်လို မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုတာ မသိခဲ့ကြဘူး... ဒီအဖြေကို ဒီရုပ်ရှင်ကားလေးက ဖြေပေးပါလိမ့်မယ်... ကျန်းချီရှန်းဟာ အဖေ့အတွက် လက်စားချေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချန်ရှားကိုရောက်လာခဲ့ပါတယ်... ဒါပေမယ့် ချန်ရှားမှာ အာဏာရနေသူ ကျော်ချန်ကျီးက သူလက်စားချေရမယ့်သူဖြစ်နေတာကြောင့် ခိုင်မာတဲ့သက်သေကို ရှာရင်း အာ့ယွဲ့ဟုန်နဲ့ အမှတ်မထင်ဆုံခဲ့ရာကနေ... ကျန်းချီရှန်းရဲ့ ပထမဆုံးသော မိတ်ဆွေအဖြစ်ထိ ဖြစ်လာခဲ့ပါတယ်... တစ်ဖက်က အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက အတော်လေး ထူးခြားတဲ့သူဖြစ်နေပေမယ့် သူလက်စားချေမယ့် ကျော်ချန်းကျီးဟာ အာ့ယွဲ့ဟုန် အဖေနဲ့ ရင်းနှီးသူဆိုတာထက်ပိုတဲ့ တစ်လှေတည်းစီးနေတဲ့ သေဖော်သေဖက်တွေဖြစ်နေတော့... ကျန်းချီရှန်းတစ်ယောက် ကျော်ချန်းကျီရဲ့ အပြစ်ကို သက်သေပြရမယ့် ပစ္စည်းသက်သေ စာရင်းစာအုပ်ကို လက်ဝယ်ရဖို့ အခက်တွေ့သလို... အာ့ယွဲ့ဟုန်မှာလည်း တစ်သက်လုံး သားလိမ်မာအနေနဲ့နေပေးခဲ့တာကြောင့် အဖေနဲ့ ပထမဆုံးခင်မင်တဲ့ မိတ်ဆွေ ကြား အတော်လေး ဗျာများနေရတာပေါ့... \အဆုံးသတ်မှာ မိတ်ဆွေကောင်းတွေဖြစ်သွားမှာ သိပြီးသားဆိုတော့... လက်စားချေနိုင်မှာလား... ပစ္စည်းသက်သေ တကယ် ရနိုင်ခဲ့မှာလား... ဒါ့အပြင် ဒီရန်ငြိုးတွေနောက်မှာ ဘာဖုံးကွယ်ထားတာရှိဦးမလဲ... ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure ,  Runtime : 1h 14min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Nu Moon , Moon Encoded by LK

Action • Thriller
5.7 2022 74 mins
The Mystic Nine: Begonia from Qingshan
Renoir
6.4

အဆိုပါရုပ်ရှင်သည် အမြင်အာရုံတွင် စွဲမက်ဖွယ်ကောင်းပြီး စိတ်ခံစားမှုများကို လှုံ့ဆော်ပေးသည့်ရုပ်ရှင်မျိုးဖြစ်ပါတယ်။ French Riviera ၌ဇာတ်အိမ်တည်ထားသောရုပ်ရှင်၏ ဇာတ်ကြောင်းကား Impressionist ပန်းချီဆရာ Pierre-Auguste Renoir ရဲ့ နောက်ဆုံးနှစ်များ၏ အနှစ်သာရကို လှပစွာဖမ်းယူရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Gilles Bourdos သည် အချစ်၊ အနုပညာနှင့် ခေတ်အပြောင်းအလဲများကြားတွင် ကွဲအက်နေသော မိသားစုတစ်ခု၏ ပြင်းထန်သောပုံတူပန်းချီကိုရေးဆွဲထားသည့်နှယ်ရိုက်ကူးပုံဖော်ထားပါတယ်။ လှပတဲ့ ကင်မရာရိုက်ချက်များအားအသုံးပြုကာ Renoir ၏ အနုပညာစတိုင်ကို ပဲ့တင်ထပ်စေမယ့် ဇာတ်ဝင်ခန်းများကို ရုပ်ရှင်ထဲ၌ ပြန်လည်တည်ဆောက်ဖန်တီးပြခဲ့ပါတယ်။ စိမ်းလန်းစိုပြေသောရှုခင်းများ၊ နေရောင်ဖျော့ဖျော့နှင့် တောက်ပလှသော အရောင်များသည် ရူနွာ ၏ ကမ္ဘာပေါ်ရှိ ပရိသတ်များကို ဖမ်းစားထားသည်များဖြစ်ပါတယ်။ ရုပ်ရှင်၏ အသေးစိတ်နှင့် အချိန်တိကျမှုအပေါ် အာရုံစူးစိုက်မှုသည် ကြည့်ရှုသူများကို အနုပညာနှင့် သဘာဝ ချောမွေ့စွာ ပေါင်းစပ်ထားသည့် 20ရာစုအစောပိုင်းသို့ ပြန်လည်ပို့ဆောင်ပေးသကဲ့သို့ဖြစ်နေပါတော့တယ်။ ရုပ်ရှင်ရဲ့အဓိကဆွဲဆောင်ထားတဲ့အချက်က လူမှုဆက်ဆံရေးအား သိမ်မွေ့စွာရှာဖွေဖော်ထုတ်တာပဲဖြစ်ပါတယ်။ Renoir တစ်ယောက် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို တွန်းလှန်ရင်း၊ သူ၏ အနုပညာဝါသနာဟာလည်း မယိမ်းယိုင်သွားဘဲ ဆက်လက်တည်နေပြီး၊ နောက်ပိုင်းတွင် နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်လာမည့် သားဖြစ်သူဂျွန်၏ ငယ်ရွယ်နုပျိုသောစွမ်းအင်နှင့်လည်း လှပစွာ ဆန့်ကျင်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အဖေနှင့်သား အကြား နူးညံ့သော ဆက်သွယ်မှုကို သိမ်မွေ့စွာ သရုပ်ဖော်ထားပြီး ၎င်းတို့၏ ဘဝအပေါ် နက်နဲသော အနုပညာ၏ လွှမ်းမိုးမှုများအား တစေ့တစောင်း ပြသထားပါတယ်။ Renoir ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်သော ခရီးတစ်ခု၊ အနုပညာအမွေနှင့် ဘဝများကို ပုံဖော်ပေးသည့် ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

Comedy • Drama • Science Fiction
6.4 2012 111 mins
Renoir
Joe
6.5

ဇာတ်လမ်းအညွှန်း သူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့… ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက် ၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာ အလုပ်လာလုပ်ပါတယ်။ ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကို ဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်း နေနေတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီး သူ့အလုပ်သမားတွေအပေါ်မှာတော့ တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့ ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင် နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာ ဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီး ဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။ အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့် ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့ ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့ ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။ ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage က သရုပ်ဆောင်ထားပါတယ်။ ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

Crime • Drama • Mystery
6.5 2013 118 mins
Joe
The Girl on the Train
6.4

' ငါ့အမျိုးသားက ငါ့ကိုအမြဲတမ်းစိတ်ကူးယဉ်တယ်လို့ပြောတတ်တယ် ငါမတတ်နိုင်ဘူးလေ ငါဆိုလိုချင်တာက မင်းဟာရထားစီးနေရင်းနဲ့ ရထားလမ်းဘေးကလူတွေရဲ့ ဘဝကဘယ်လိုလဲဆိုတာ စဉ်းစားကြည့်ဖူးလား??? မင်းမနေဖူးတဲ့ဘဝမျိုးတွေလေ အဲ့ဒါတွေက ငါသိချင်နေတဲ့အကြောင်းတွေပဲ' Emily Bluntရဲ့ 2016နှစ်ကုန်နီးကမှထွက်တဲ့ DVDလေးအကြောင်း လက်တို့ပါရစေ။ ဒီ Movieကို ကျွန်တော့်ဖေးဗရိတ်ထဲကျွန်တော်ထည့်လိုက်ပါတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ခြင်းမတူနိုင်ပါဘူး။ ဒီ Movieဟာ ခံစားသူအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးထွက်နိုင်ပါတယ်။မူရင်းစာရေးဆရာရည်ညွှန်းတာကတော Thrillerပါ။ Paula Hawkinရဲ့ အရောင်းရဆုံးစာအုပ် That Shocked The Worldကို ပြန်ရိုက်တာပါ။ DVDကာဗာမှာ Entertainment Weekly က ' The Darkest,Sexiest,Most Daring Thriller of the Year.'လို့ညွှန်းတာကို ဖော်ပြထားပါတယ်။ ဒီmovieမှာက ဇာတ်ကောင်အများကြီးမပါပါဘူး။ 6ယောက်ပဲပါတယ်။ အဲ့ ဇာတ်ကောင် 6ယောက်ရဲ့ ပတ်သတ်မှုတွေကို တစ်ခန်းခြင်းဆီ ပြီးတော့ အချိန်တွေ လတွေနဲ့ပါ ခွဲပြီးရိုက်ပြထားပါတယ်။ ဇာတ်ရည်မလည်ခင်ထိ အတော်အားစိုက်ကြည့်ယူရပါတယ်။ အစပိုင်းက အနည်းငယ်ပျင်းစရာကောင်းပါတယ်။ တစ်ဝက်လောက်လဲရောက်ရော ဘာဆက်ဖြစ်မလဲ ဘာဆက်ဖြစ်မလဲဆိုတဲ့ထိ စိတ်ဝင်စားစရာကောင်းပါတယ်။ အဓိကကဇာတ်ကောင်က ရေချယ်(Emily Blunt)ပါ။ သူဟာအထီးကျန်ပြီး အရက်စွဲနေတဲ့ တစ်ခုလပ်ပါ။ ယောကျာၤးဖြစ်သူနဲ့လည်း ကွာရှင်းထားပါတယ်။ ယောင်္ကျားနဲ့ကွာရှင်းရတဲ့ အကြောင်းက သူ့မှာကိုယ်ဝန်မရနိုင်တော့လို့ပါ။ အဲ့မှာပဲ သူမဟာ အရက်တွေအလွန်အကျွံသောက်တတ်လာတယ်။အမူးလွန်ပြီးရင် လုပ်မိလုပ်ရာလုပ်တတ်တယ်။မနက်မိုးလင်းရင် ဘာမှမမှတ်မိတော့ဘူး။သူမဟာ သူနေတဲ့နေရာကနေ နယူးယောက်ထိ နေတိုင်းရထားစီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ အလုပ်မရှိလို့ပါ။ သူမအလုပ်ပြုတ်ခဲ့တာကို သူမကပ်နေရတဲ့အိမ်ကသူငယ်ချင်းမသိအောင် နေတိုင်းအပြင်ထွက်ပြနေတာပါ။ဘာကြောင့်လဲဆိုတော့ အလုပ်မရှိရင် အိမ်လခမပေးနိုင်တာကို သူငယ်ချင်းကိုမသိစေချင်တာပါ။ အထီးကျန်နေတာလည်းပါပါတယ်။ ရထားစီးနေရင်းနဲ့ အရမ်းလိုက်ဖက်တဲ့ စုံတွဲ ရိုမန်တစ်ဆန်တဲ့စုံတွဲကို သူမတွေ့လိုက်ရပါတယ်။ အဲ့ဘဝဟာ ရေချယ်အရမ်းလိုချင်ပြီး မရခဲ့တဲ့ဘဝမျိုးပါ။အဲ့ကောင်မလေးကို သူမ မသိပေမယ့် သူမရဲ့စိတ်ထဲမှာသိပါလိုက်ပြီး အမျိုးပုံဖော်ကြည့်နေမိပါတယ်။တစ်ရက်ကြတော့ အဲ့ကောင်မလေးဟာ တခြားအမျိုးသားတစ်ဦးနဲ့ နမ်းနေတာကို ရေချယ်တွေ့လိုက်တယ်။ သူမအရမ်းဒေါသတွေထွက်သွားတယ်။ သူ့စံပြဟာ ဒီလိုဖောက်ပြန်ရသလားဆိုပြ သွားသတ်မယ်စိတ်ကူးပါတယ်။ မူးလည်းအရမ်းမူးနေပါတယ်။ သတ်မယ်ဆိုပြီး ရထားပေါ်ကဆင်းတယ်။ သူမ အိပ်ယာနိုးလာတော့ သူမမှာဒဏ်ရာတွေ သွေးတွေနဲ့ ဒါပေမယ့် ဘာမှ မမှတ်မိတော့ပါဘူး။ အဲ့ကောင်မလေးကတော့ပျောက်သွားခဲ့တယ်။ အဲ့ကောင်မလေးနာမည်က မီဂန် သူမဟာ ဆယ်ကျော်သက်လေး ပုန်ကန်ချင်တဲ့စိတ်ရှိတဲ့ကောင်မလေး။ ပြီးတော့ စိတ်မှာဒဏ်ရာတွေအများကြီးရဖူးတယ်။ ဒါမို့ သူမဟာ စိတ်ရောဂါဆရာဝန်နဲ့ စိတ်ရောကုထုံးတွေပြလေ့ရှိတယ်။ ဆရာဝန်နဲ့တိုင်ပင်လေ့ရှိတယ်။သူ့ကိုယ်သူ မိန်းမပျက်လို့ထင်လေ့ရှိတယ်။ 17နှစ်က အစ်ကိုရဲ့သူငယ်ချင်း Macနဲ့ ကိုယ်ဝန်ဖူးတယ်။ အဲ့ကလေးကို သူမရဲ့နမော်နမဲ့နိုင်မှုကြောင့် သတ်မိသလိုဖြစ်သွားတယ်။ အဲ့မှာပဲ Macက သူမကို စွန့်ခွာသွားတယ်။ သူမဟာပြောတယ်' လိမ်တယ်ဆိုတာဟာ ခရီးထွက်နေရသလိုပဲတဲ့' ။ ပြီးတော့ ' သူတို့ကဘယ်သူတွေဆိုတာအရေးမပါဘူးတဲ့ သူတို့ငါကို ဘယ်လိုခံစားရအောင်လုပ်လဲပဲ အရေးပါတာတဲ့ ကိုယ့်ကိုယ်ကို အာသာဖြေဖျောက်ရသလိုပဲတဲ့ အခြားဘယ်သူမှ မသိဘူးတဲ့ ဒါမို သူမဟာ များများလိမ်ပြီး ဟန်ဆောင်တတ်လာတယ်တဲ့ ' အဲ့လို အတွေးတွေရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်ပါ။ သူမကိုကုသပေးနေတဲ့ ဆရာဝန်နဲ့ လိင်ဆက်ဆံဖို့ကြိုးစားကြည့်တယ်။ သူမပျောက်သွားတော့ ရဲတွေက ဆရာဝန်ကို သံသယဝင်တယ်။ နောက်တစ်ယောက်က ' အန်နာ ' အန်နာဟာ ရေချယ်အမျိုးသားဟောင်းရဲ့ နောက်အိမ်ထောင်။ သူမဟာ ရေချယ်မရခဲ့တဲ့ ကလေးကိုရခဲ့ပြီး ရေချယ့်ခင်ပွန်းဟောင်းနဲ့ သာယာတဲ့ မိသားစုလေးကို တည်ထောင်နိုင်ခဲ့တယ်။ရေချယ်အရက်မူးပြီးသူတို့ကလေးကို ခေါ်သွားဖူးတယ်။တကယ်တော့ ရေချယ်ဟာ ကလေးမရလို့ ကလေးကိုချီကြည့်ချင်ရုံလေးပါ။ အန်တာက အဲ့လို့မထင်ဘူး သူမရဲ့ကလေးကို လာသတ်တယ်ပဲထင်တာ။ အဲ့အတွက် ရေချယ်ကို သူမမုန်းတယ်။ ထူးဆန်းတာက ' မီဂန် 'က အန်နာတို့အိမ်က ကလေးထိန်းဖြစ်နေတယ်။ ဒါပေမယ့် ' မီဂန် 'ဟာ ကလေးထိန်းအလုပ်ကို မုန်းတယ်။ Scott သူက မီဂန်ရဲ့ ယောကျာၤး သူဟာ ကလေးလိုချင်ပြီး မီဂန်ကို သဝန်တိုတတ်တယ်။ မီဂန်ဟာ သူမကို ကုသပေးနေတဲ့ စိတ်ရောဂါဆရာဝန်နဲ့ ဖောက်ပြန်နေတယ်လို့ ထင်နေတယ်။ မီဂန်ပျောက်သွားတော့ ရဲတွေက စကော့ကိုလည်းသံသယဝင်တယ်။ အဲ့မှာ ရေချယ်က စကော့ဆီသွားပြီး မီဂန်နဲ့တခြားအမျိုးသားတစ်ဦးဖောက်ပြန်နေတာ တွေ့တယ်ဆိုပြီးသွားပြောတယ်။အဲ့လိုပြောဖို့အတွက် ရေချယ်ဟာ မီဂန်ကို သိတယ်လို့ စကော့ကို လိမ်ပြောလိုက်တယ်။ စကော့က ဒီလူလားဆိုပြီး စိတ်ရောဂါဆရာဝန်ပုံပြလိုက်တော့ ရေချယ်က ဟုတ်တယ်ဆိုပြီးထောက်ခံလိုက်တယ်။ Tom တွန်က ရေချယ်ရဲ့ခင်ပွန်းဟောင်း။ တကယ်တော့သူဟာ ကြမ်းတမ်းခက်ထန်တဲ့စိတ်ရှိသူတစ်ယောက်ပါ။ရေချယ်ကလေးမရတာကို ရွံရှာလို့ ရေချယ်ကို စိတ်ပိုင်းဆိုင်တာ အနိုင်ကျင့်ခဲ့တယ်။ ရေချယ်အရက်မူးလွန်လို့ သူပါအလုပ်ပြုတ်ရတယ်လို့ ရေချယ်ထင်ယာင်ထင်မှားဖြစ်အောင် ဆိုက်ကိုသွင်းပေးလိုက်တယ်။ ဒါပေမယ့် အလုပ်မှာတော်သူဖြစ်တဲ့အတွက် တခြားအလုပ်ပြန်ရတယ်။တကယ်တော့သူအလုပ်ပြုတ်တာဟာ မစောင့်စည်းလို့တဲ့။ sub.titelမှာတော့ဘန်းစကားသုံးထားပါတယ်။ ' he couldn't keep his dick in his pants.' တဲ့။ အဲ့လို တစ်ကွက်ခြင်းဆီပြပြီးတဲ့နောက်မှာ 'မီဂန်' ရဲ့အလောင်းကို တွေ့ပြီလို့ရဲတွေက ကြော်ငြာလိုက်တယ်။အသတ်ခံရတာဖြစ်ပြီး မီဂန်မှာ ကိုယ်ဝန်ရှိနေတယ်တဲ့။ DNA စစ်ကြည့်တော့ ကလေးဟာ 'စကော့' ရဲ့ရင်သွေးမဟုတ်ဘူးတဲ့။ ဒါဆို မီဂန်ကို သတ်တာ ဘယ်သူလဲ??? ဖောက်ပြန်တယ်လို့သံသယရှိတဲ့ စိတ်ရောဂါဆရာဝန်လား??? သဝန်တိုတတ်တဲ့ စကော့လား??? အမူးလွန်နေတဲ့ ရေချယ်လား???? နောက်ဆုံးဇာတ်သိမ်းကတော့ ကျွန်တော့်ကိုကျေနပ်သွားစေပါတယ်။ စာရေးဆရာရဲ့ဇာတ်အိမ်နိုင်နင်းမှုကတော့ ရေလည်မိုက်တာဗျ။ ထင်မထားတဲ့ အလည့်အပြောင်းလေးတွေနဲ့။ Thanks a lot De Mon \m/ (ရုပ်ရှင်အညွှန်းကို Ko Myo Min Thu FB မှကူးယူဖော်ပြပါသည်။) File size…(955 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action & Adventure • Sci-Fi & Fantasy
6.4 2016 112 mins
The Girl on the Train
God’s Country Song
5.7

God’s Country Song (2023) ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ နိုအာဘရိုင်ယန် ကန်းထရီး အဆိုတော် ဖြစ်ချင်တာကလွဲပြီး တခြား ဘာဆန္ဒမှ မရှိသူရယ်ပါ။ ဒါပေမဲ့ ဒါတွေက သူ့ရဲ့အတိတ်က ဖြစ်ရပ်တွေနဲ့ ပြန်မဆုံမိခင်အထိပါပဲ။ သူ့ရဲ့မန်နေဂျာ လယ်ရီ ဝေါ့ကာ ရဲ့ အကူအညီနဲ့ သူဟာ နာမည်ကြီးတစ်ယောက်အဖြစ်ကို လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာခဲ့ပါတယ်။ ရှိုးပွဲဆိုပြီး တစ်ညမှာ သူ မမှတ်မိတော့တဲ့ ဆုံးပါးသွားပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဆီမှာ သူ့ရဲ့သားဖြစ်သူ ၄ နှစ်သား ဂျေ‌ဂျေ ဆိုတဲ့ ကလေးလေး ရှိကြောင်း သတင်းစကား ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုအာ တစ်ယောက် ဘာတွေ ဆက်လုပ်တယ်ဆိုတာကို ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။ ဒီဇာတ်ကားက သီချင်းကြိုက်သူတွေအတွက်ဆိုလည်း မမှားသလို မိဘမေတ္တာဖွဲ့ ကြိုက်သူတွေလည်း ကြိုက်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hetang Encoder ….. Aaron

5.7 2023
God’s Country Song
My Life as a Zucchini
7.8

ဒီဇာတ်ကားလေးထူးခြားပါတယ်။ ကျွန်တော်စကြည့်တုန်းက ဘာမှမျှော်လင့်မထားပေမယ့် အခုတော့ ကျွန်တော်အကြိုက်ဆုံး stop motion ဇာတ်ကားလို့တောင် ပြောလို့ရပါတယ် ။ အားလုံး stop motion ကာတွန်းလေးတွေကြည့်ဖူးကြမယ် ထင်ပါတယ်။ အများစုကတော့ Shawn The Sheepတို့လို ချစ်စရာ ကောင်းပြီးတော့ ရယ်ရတာမျိုးတွေ များပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစကနေ အဆုံးအထိ မိဘမဲ့ကလေးတွေ ကြုံတွေ့ခဲ့ရတာတွေ၊ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ပျော်စရာတမျိုး၊ ဝမ်းနည်းစရာတမျိုး၊ နွေးထွေးစရာတမျိုး ရသအဖုံဖုံ မြောက်အောင် တင်ဆက်ပေးထားလို့ ကျွန်တော်တော့ တော်တော် သဘောကျပါတယ်။ ဇာတ်လမ်း‌အကျဥ်းက Zucchini (ကျွန်တော်ကတော့ ဖိုးသခွားလို့ ချစ်စနိုးနဲ့ ဘာသာပြန်ထားပါတယ်ခင်ဗျာ) ဆိုတဲ့ ကလေးလေးက သူ့အမေနဲ့ နှစ်ယောက်တည်းအတူနေရတာပါ။ တနေ့ကျတော့ Zucchini က သူ့အမေကို မရည်ရွယ်ပဲ သတ်လိုက်သလို ဖြစ်သွားတာကြောင့် မိဘမဲ့ဂေဟာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမိဘမဲ့ဂေဟာရောက်မှ သူ့ဘဝဟာ စတာပါ။ ဘဝတူကလေး အချင်းချင်းရဲ့ နားလည်မှုတွေ ချစ်ခြင်းတရားတွေ ယုံကြည်မှုတွေ တစ်ယောက်ယောက်တယောက် ကာကွယ်စောင့်ရှောက်ကြပုံတွေကြောင့် ကျွန်‌တော်ကြည့်နေရင်း မျက်ရည်ဝဲမိပါတယ်။ ဇာတ်ကား‌လေးကို ကြည့်ပြီးမှ ကျွန်တော့်မိဘတွေကို ပိုပြီး တန်ဖိုးထားမိပါတယ်။ IMDB အနေနဲ့ 7.8 ရထားပြီးတော့ ခရမ်းချဥ်သီး 99% တောင် ရထားတာမလို့ stop motion ဇာတ်လမ်းတွေထဲမှာတင်မကပဲ animation တွေထဲမှာတောင် rating က အရမ်းကောင်းတဲ့ ထဲ ပါတာမလို့ ဇာတ်လမ်းဘယ်လောက် ကောင်းကြောင်းကတော့ ညွှန်းနေစရာ လိုမယ် မထင်ပါဘူး။ မြင်တွေ့နေကျနဲ့ မတူထူးခြားတဲ့ My Life As a Zucchini ရဲ့ စိတ်ခံစားချက်နဲ့လိုက်တဲ့ အရောင်တင်ဆက်ပြသမှုတွေ ဇာတ်အိမ်ကောင်းမှုတွေကို ခံစားကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ မှတ်ချက် – ပြင်သစ်ဇာတ်လမ်းမလို့ English ဘာသာပြန်ထားတဲ့ စာဖိုင်ကို ပြန်ကြည့်ပြီး မြန်မာမှုပြု ဘာသာပြန်ရတာမလို့ ကျွန်တော်ကြည့်ပြီးပြန်တဲ့ စာဖိုင်နဲ့ ဇာတ်လမ်းထဲက အသံနဲ့က ကွဲနိုင်လို့ ဘာသာပြန်လိုအပ်ရင် နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ။ File size… 863 MB / 372 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

Drama
7.8 2016
My Life as a Zucchini
Our Lady of the Assassins
6.8

‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Crime/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

History • Drama • War
6.8 2000
Our Lady of the Assassins
Kottukkaali aka The Adamant Girl
6.9

Kottukkaali – The Adamant Girl(2024) “ခေါင်းမာသော မိန်းကလေး” IMDb 7.0 ရီဗျူးကောင်းတစ်ချို့ရထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ မီနာဆိုတဲ့ ကောင်မလေးဟာ မတူညီတဲ့မျိုးရိုးက ကောင်လေးတစ်ယောက်နဲ့ မေတ္တာမျှနေတာပါ သူတို့အမျိုးတွေက သဘောမတူကြသလို ဦးလေးဖြစ်သူကလည်း ပန်ဒီဆိုတဲ့ လူနဲ့ လက်ထပ်ပေးဖို့ အတင်းစီစဥ်နေပါတယ် ဒါ့ကြောင့် ခေါင်းမာတဲ့မိန်းကလေးကို မကောင်းဆိုးဝါးဝင်ပူးတယ်လို့ ထင်ပြီး နှစ်ဖက်အမျိုးစုံလင်စွာ ဆရာတစ်ပါးထံ မကောင်းဆိုးဝါးနှင်ဖို့ ခေါ်သွားကြတဲ့အခါ… တကယ်ရော မကောင်းဆိုးဝါးဝင်ပူးတာ ဟုတ်ပါ့မလား လူတန်းစားခွဲခြားမှု၊ အိန္ဒိယကျေးလက်ထုံးစံအယူသီးမှုနဲ့ အချုပ်အနှောင်တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ကို တကယ်ပဲ လွှမ်းမိုးနိုင်သလား ကြည့်ရအောင်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V တို့ပဲ ဖြစ်ပါတယ်

6.9 2024
Kottukkaali aka The Adamant Girl
The Secret Tide of the Chivalrous Courage and Medical Heart
5.7

တရုတ်ကွန်ဖူး ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအပြည့် ခံစားရမဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဖန်းကျားမင်ဟာ ခန်းမြို့မှာ ဆေးပညာအတော်ဆုံး တရုတ်တိုင်းရင်း သမားတော်တစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း လူနာတွေကို အခမဲ့ဆေးကုသပေးတတ်တဲ့အတွက် ဆေးဖိုးဝါးခအတွက် အလှူခံဖို့ မြို့မျက်နှာဖုံးဖြစ်သူ ရှေးဟောင်းပစ္စည်း အရောင်းအဝယ်လုပ်တဲ့ သူဌေးရှန်ရဲ့မွေးနေ့ကို သွားခဲ့ပါတယ်။ သူဌေးရှန်ရဲ့ မွေးနေ့မှာ သူ့ရဲ့ ရှေ့ဟောင်းပစ္စည်းဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ဓ ားပြတိုက်သူက သွမ့်ထျန်းလုံလို့ ပြောခဲ့ပါတယ်။ သွမ့်ထျန်းလုံဟာ ငွေသန္တာကျောက်ဆိုတဲ့ ရှေးဟောင်းရတနာတစ်ခုကိုပဲ အဓိက ရှာခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း ဂျပန်လူမျိုးတွေက သူဌေးရှန်ဆီကနေ ငွေသန္တာကျောက်ကို တန်ဖိုးကြီးကြီး ပေးဝယ်လိုကြောင်း ကမ်းလှမ်းလာခဲ့ပါတယ်။ အဲဒီ ငွေသန္တာကျောက်ကို ဘာဖြစ်လို့ လူအများက လိုချင်နေကြသလဲ…… ငွေသန္တာကျောက်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ…… ဖန်းကျားမင်ကရော ဒီကိစ္စတွေထဲကို ဘယ်လို ဝင်ပါမိသွားသလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2025
The Secret Tide of the Chivalrous Courage and Medical Heart
Circle of Atonement
6.7

Circle of atonement (2015) *************************** မင်းသမီးချောလေး Kim You-Jung ငယ်စဉ်တုန်းက ရိုက်ကူးထားပြီး မင်းသမီး Seo Yea-Ji, မင်းသား Son Ho-Jun, Sung Dong-Il တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystery ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရက်စက်တဲ့လူသတ်မှုတစ်ခုအပြီး ၁၀ နှစ်အကြာမှာ… Nam Chul-Woong(Son Ho-Jun)ဆိုတဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်ဟာ Lee Jung-Hyun (Kim You-Jung)တို့ရဲ့ကျောင်းကို ပြောင်းလာခဲ့ပါတယ်။ Lee Jung-Hyunရဲ့ အဖေကတော့ ထူးချွန်ထက်မြက်တဲ့ စုံထောက် Lee Sang-won (Sung Dong-il) ဖြစ်ပါတယ်။ တစ်ဦးချင်းစီမှာ လျှို့ဝှက်ချက်တွေရှိနေကြတဲ့ သူတို့ ၃ ယောက်ဟာ တကယ်ပဲ ကံကြမ္မာအရ တွေ့ဆုံဖို့ ဖြစ်ခဲ့လေသလား… ဒါမှမဟုတ် တွေ့ဆုံရအောင် တမင်အကြောင်းဖန်ပြီး လက်စားချေဖို့အတွက်ပဲ လာခဲ့လေသလား… အတိတ်က လူသတ်မှုရဲ့နောက်ကွယ်မှာ သူတို့သုံးယောက်ဟာ ဘယ်လိုအကြောင်းတရားတွေနဲ့ ပက်သက်မှုရှိနေသလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.2GB / 510MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Drama
6.7 2015 102 mins
Circle of Atonement
The Phoenician Scheme
6.9

ဒီဇာတ်ကားလေးကတော့ အရင်လကမှ ထွက်ရှိထားပြီးတော့ ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲထိပ်တန်းသရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့အပြင် Rating အားဖြင့် IMDb 6.9/10, Rotten Tomatoes မှာ 78% တောင် ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ အန်နာတိုး ကိုဒါ တဖြစ်လည်း ဇာဇာဟာ တကယ့်ကို ကျိကျိတက်ချမ်းသာပြီးတော့ ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်တဲ့ စီးပွားရေးသမားဖြစ်ပါတယ်။ သူဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု အခွန်ရှောင်မှု ဈေးကွက်ချုပ်ကိုင်မှု လာဘ်ပေးလာဘ်ယူမှု အစရှိတဲ့ စွပ်စွဲချက်ပေါင်းစုံနဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီး သူ့ကို မကျေနပ်တဲ့ စီးပွားပြိုင်တွေ ဂိုဏ်းတွေ အဖွဲ့အစည်းတွေက သူ့ကို ဘုံရန်သူအနေနဲ့ သတ်မှတ်ကာ စုပေါင်းပြီး လုပ်ကြံဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ ဒီလိုနဲ့ အသက်ပြင်းတဲ့ ကိုဒါဟာ လုပ်ကြံရေးသမားတွေလက်ချက်နဲ့ ခြောက်ကြိမ်မြောက်လေယာဉ်ပျက်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ တစ်ဦးတည်းသောသမီး သီလရှင်လောင်းလေးကို အမွေဆက်ခံခိုင်းဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အဲအချိန်မှာပဲ စီးပွားပြိုင်လုပ်ငန်းတွေ စုပေါင်းပြီး ဈေးကွက်ကို ကစားလိုက်တဲ့အခါ ဇာဇာတစ်ယောက် သူ့လုပ်ငန်းကိုင်ငန်းတွေ ကမောက်ကမဖြစ်သွားပြီးသူ့ခမျာ စည်းစိမ်မပျောက်အောင် သူ့သမီး သီလရှင်ပေါက်စလေးနဲ့အတူ သူနဲ့လက်တွဲထားတဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေ စီပွားရေးလက်မဲကြီးတွေကို လိုက်ပြီးတော့ ညှိနှိုင်းရပါတော့တယ်။ ဒီဇာတ်ကားကို ကြည့်ရင်တော့ နားလည်သလိုလို မလည်သလိုလို မမဆောင်း vibe နဲ့ ကြည့်ရမှာဖြစ်ပြီးတော့ သူတို့သားအဖ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File Size… (6.55GB)/(1.57GB)/(939MB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 41m Genre …..Action , Comedy , Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy & Matteo

Action • Crime • Thriller
6.9 2025 102 mins
The Phoenician Scheme