YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Ghist Doctor.S1E7.1080p.CM.mp4

1 GB N/A video/mp4 3083 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Philadelphia
7.7

ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင်  AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။ လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး  Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့  အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက အနာကြောင့် သိသွားကြတဲ့အခါ ကိုင်တွယ်ဆဲ အရေးကြီ; အမှုကိုပါ အကြောင်းတစ်ခု ပြပြီး ပြန်ရုပ်သိမ်း ခဲ့တဲ့အပြင် အလုပ်ကပါ ထုတ်ပစ်ခဲ့ပါတယ်။ သူ့ရောဂါကြောင့် အလုပ်ထုတ်တာပါလို့ ယုံကြည်ထားတဲ့ Andrew ကတော့ ရှေ့နေ အဖွဲ့ကို ရင်ဆိုင်ဖို့ စပါတော့တယ်။ ဒါပေမဲ့ သူ့ရှေ့နေ အဖွဲ့ရဲ့ ဂုဏ်သတင်းကြောင့် ဘယ် ရှေ့နေကမှ သူ့ဘက်က မလိုက်ပေးရဲပါဘူး။ ကိုးယောက်မြောက်ထိ အငြင်းခံခဲ့ရပြီး Joe Miller( Denzel Washigton) ဆီ ရောက်လာတဲ့အခါ အမှန်တရားကို  ဖော်ထုတ်ဖို့ လက်ခံခဲ့ပါတယ်။ ရှေ့နေတစ်ယောက်ရဲ့ ရှေ့နေငှါးခြင်းနဲ့ စခဲ့တဲ့ ဒီပွဲဟာ တရားခွင်မှာ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာနဲ့... AIDSရောဂါသည် တစ်ယောက်ကို လူတွေက ဘယ်လိုအဆုံးအဖြတ်ပေးကြမလဲ..ဆိုတာကို Tom နဲ့ Denzel တို့ရဲ့ acting ကောင်းကောင်းတွေနဲ့ သက်ဝင်ခံစား စီးမျောကြည့်ကြပါ။ ဂွတီးဂွကျ အဖြစ်အပျက်တစ်ခုကတော့ ဒီရုပ်ရှင် ရိုက်ကူးဖို့ Tom Hanks ဟာ ၂၆ပေါင် ဝိတ်ချ ခဲ့ရပြီး Denzel Washington ကတော့ ဝိတ်တက်အောင် ချောကလက်တွေ တနင့်တပိုးစားပေးခဲ့ရပါတယ်တဲ့။ Drama အမျိုးအစားဖြစ်ပြီး PG-13 ဖြစ်တာကြောင့် ၁၃နှစ်အထက်လူတိုင်း ကြည့်လို့ရတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။  ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung  မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်... File Size :(3.01GB)(1.02GB) & (343MB) Quality : Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…02း05:00 Genre : Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae

Action • Crime • Thriller
7.7 1993 126 mins
Philadelphia
Boruto: Naruto the Movie
7.6

IMDb - 7.8/10 MyAnimeList - 7.4/10 ဒီကားက​တော့ naruyo shippudenကာတွန်းရုပ်ရှင် ၈ ကားရဲ့​နောက်ဆုံးကားဖြစ်ပြီး boruto seriesထက်အရင် ဇာတ်လမ်းပိုင်းကြိုထွက်လာတဲ့ရုပ်ရှင်ပါ။ ဒီကားမကြည့်ပဲ စီးရီးပဲကြည့်ရင်​ရော ရလား​မေးရင် ရရင်​ဖြေလို့ရသလို ဒီကားက canonပဲလားဆိုရင် ဟုတ်ပါတယ်လို့​ဖြေလို့ရပါတယ်။ boruto စီးရီးမှာဆိုရင် အပိုင်း၅၀​ကျော်​​လောက်မှာ ဒီကားရဲ့ ဇာတ်လမ်းပြန်ပါတာမလို့မကြည့်လည်းရတယ်လို့​ပြောတာပါ။ ဒါ​ပေမဲ့ စီးရီးက ကျက်သ​ရေတုံးစွာ filler​တွေ ၉၀ ရာခိုင်နှုန်း​ လောက်ပါ​တော့ အရမ်းပျင်းဖို့​ကောင်းတဲ့အတွက် စီးရီးကို ကြည့်မ​နေပဲ ဒီရုပ်ရှင်ကိုကြည့်ဖို့ပဲ ကျ​နော်က​တော့ တိုက်တွန်းချင်ပါတယ်။ ဒီကားမှာ​တော့ Narutoတို့​ခေတ်ကလိုပဲ Chuninစာ​မေးပွဲ​ ဖြေတာကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ငှက်​ပျောသီး ဖီးကြမ်းအခိုင်လိုက် ​ဇောက်ထိုးတပ်ထားတဲ့ဆံပင်​ကေနဲ့ ဇာတ်လိုက်ရဲ့ ကျက်သ​ရေတုံးမှု​တွေကိုမြင်ရမှာပါ။ Otsutsukiမျိုးနွယ်​တွေလည်းပါတာမလို့ fight scence​​ ကောင်း​ကောင်း​တွေကိုလည်းမြင်​တွေ့ရမှာဖြစ်ပါတယ်။ File size…1.30GB / 589MB Quality…1080p  / 720p Format…mp4 Duration….1h 35m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Drama • Mystery • Romance • Thriller
7.6 2015 95 mins
Boruto: Naruto the Movie
Night School
6.2

၀၁၉ နှစ်သစ်အချိန်အခါသမယလေးမှာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးမယ့် ပျော်ရွှင်စရာ ရယ်မောစရာ ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်… Kevin Hart , Tiffany Haddish စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေပါဝင်တဲ့အတွက် ပျော်ရွှင်ရယ်မောရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။…. တက်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စာမကြိုးစားချင်ဘဲ အထက်တန်းကျောင်းကထွက်လာတဲ့ လူတစ်ယောက်ဖြစ်ပြီး အပြင်လောကကြီးကို စာသင်ကျောင်းသဖွယ်မှတ်ယူထားသူပေါ့… အထက်တန်းကျောင်းကနေထွက်ပြီး ၁၅ နှစ်ကြာတဲ့အချိန်မှာ အောင်မြင်တဲ့အရောင်းသမားတစ်ဦးအဖြစ်ရှိနေစဉ်ကာလမှာ သူအလုပ်လုပ်ရာဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အလုပ်ကနေပြုတ်ခဲ့ပါတယ်… အထက်တန်းလွှာက အင်ဂျင်နီယာတစ်ယောက်ကို ရည်းစားတော်ထားတဲ့ တက်ဒီဟာ သူ့ရည်းစားစိတ်မပျက်ရလေအောင် အလုပ်ရှာဖို့ကြိုးစားပါသော်လည်း အထက်တန်းမအောင်တဲ့သူ့အတွက် လစာကောင်းတဲ့အလုပ်တွေ မရနိုင်လို့ အထက်တန်းအောင်လက်မှတ်ရဖို့ ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

History • Romance • War
6.2 2018 111 mins
Night School
Haami 2
8.5

Haami 2 (2023) ဒီဇာတ်လမ်းလေးကတော့ IMDb 8.5/10 ရထားတဲ့ ကလေးဉာဏ်ကြီးရှင်ကားလေးပဲ ဖြစ်ပါတယ်။ သုံးတန်းတတ်နေတဲ့ အသက်ရှစ်နှစ်ပဲရှိသေးတဲ့ ကလေးလေးသိဒ္ဓတ္ထကတော့ သင်္ချာနဲ့ပတ်သတ်ရင် အတွက်အချက်အရမ်းတော်ပြီးတော့ မှတ်ဉာဏ်လည်းအရမ်းကိုကောင်းတဲ့ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ သူ့အသက်အရွယ်နဲ့မလိုက်တဲ့စာပေတွေကိုလည်း ဖတ်နိုင်နေပြီးတော့ သိပ္ပံကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ပါ။ သူ့ရဲ့အဖေကတော့ ကျောင်းဆရာလုပ်ချင်ပေမဲ့လည်း ဝင်ခွင့်မအောင်လို့ အရောင်းစာရေးလုပ်နေရတဲ့သူတစ်ယောက်ပေါ့။ တစ်ရက်မှာတော့ သူ့ရဲ့ပညာအစွမ်းကို လူတစ်ယောက်က ဗီဒီယိုရိုက်ထားလိုက်ရာကနေ သူ့ရဲ့ အရည်အချင်းကို မြင်ပြီး ကလေးအနုပညာရှင်တွေစုဆောင်းတဲ့အေးဂျင့်ကနေလာပြီးတော့ သိဒ္ဓတ္ထလေးကို ဗီဒီယိုရိုက်ဖို့အတွက် လာရောက်ကမ်းလှမ်းပါတော့တယ်။ အဖေဖြစ်သူက သူ့သားကို အဲဒီလိုမလုပ်စေချင်ပေမဲ့လည်း အမေဖြစ်သူရဲ့ ဆန္ဒအရ သိဒ္ဓတ္ထလေးဟာ ဗီဒီယိုရိုက်ဖို့အတွက် ဖြစ်လာပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကလေးလေးက နာမည်ကြီးလာပြီးတဲ့နောက် အရည်အချင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲ…… ဉာဏ်ကြီးရှင်ကလေးလေးကို မိဘဖြစ်တဲ့သူတွေကရော ဘယ်လိုတွေ ထိန်းကျောင်းသွားမလဲ…… ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် ဒရမ်မာကားလေးပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Comedy • Romance
8.5 2022
Haami 2
Legend of Changbai Mountain Hunter
5.7

အရမ်းအေးပြီးနှင်းထူထပ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းဒေသမှာ ထူးဆန်းတဲ့ဒေသန္တရဇာတ်လမ်းတွေ အရပ်ပုံပြင်တွေနဲ့ ပြည့်နေတယ်။ မုဆိုးကြီးတစ်ယောက်ရဲ့မိန်းမကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ မြွေကြီးရဲ့သည်းခြေနဲ့ဆေးဖော်သောက်မှ ပျောက်မယ်ဆိုလို့ မုဆိုးကြီးကမြွေသည်းခြေသွားရှာခဲ့တယ် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ရွာသားတွေကဒါက မြွေနတ်ကပြန်ပြီးလက်စားချေတာလို့ပြောကြတယ်။ မိန်းမလဲဆုံး သားလဲပျောက်သွားတဲ့မုဆိုးကြီးက အဲဒီအချိန်ကစပြီး တောထဲမှာတစ်ယောက်ထဲနေနေခဲ့တယ်။ နောက်နှစ်(၂၀)ကြားတော့ ရွာကလူတွေရုတ်တရက်ရူးကုန်တယ်။ မြွေနတ်ကပြန်လာပြီးလက်စားချေတာဖြစ်မယ်ဆိုပြီး မုဆိုးကြီးကို ဖြေရှင်းခိုင်းကြတယ်။ ဒီလိုနဲ့မုဆိုးကြီးနဲ့ လူစိမ်းကောင်လေးတစ်ယောက် နောက်ပြီးတော့ ရူးနေတဲ့မိန်းမကိုကယ်ချင်တဲ့လူကြီးတစ်ယောက်ဟာ တောထဲမှာမြွေကြီးကိုနှိမ်နင်းဖို့ထွက်လာကြပါတယ်။ နှင်းတောကြီးထဲမှာဘယ်လိုအရာတွေကစောင့်နေမလဲ……. နတ်တွေတစ္ဆေတွေကတကယ်ရှိတဲ့အရာတွေလား…… ရူးသွားတဲ့ရွာသားတွေကိုပြန်ကယ်နိုင်ပါ့မလား……

Thriller
5.7 2024
Legend of Changbai Mountain Hunter
Bosco

Fast And Furious ထဲကမင်းသား Tyrese Gibson တို့ Army Of The Dead တို့ Emily The Criminal တို့လို ကားတွေအပြင်တခြားနာမည်ကြီးဇာတ်ကားတွေမှာလည်း ဇာတ်ပို့အနေနဲ့သရုပ်ဆောင်ခဲ့တဲ့မင်းသား Theo Rossi တို့ အပြင် တခြားနာမည်ကြီးတွေလည်းပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ အသစ်ထွက်ထောင်ဖောက်ဖြစ်ရပ်မှန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကို ၂၀၀၄ ခုနှစ်မှာဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံခဲ့ရတဲ့ ကွမ်တေးဘော့စကိုအက်ဒမ်ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းအပေါ်မှာအခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။သူဘာလို့ ဒီလိုတွေဖြစ်လာတာလဲဆိုတာကို ပြောပြရရင်တော့သူ့ငယ်ဘ၀ကိုပြန်သွားကြည့်ရမှာပါပဲ။ငယ်ဘ၀မှာ အဖေနဲ့အမေနဲ့ကကွဲနေကြပြီး အဖေကမူးယစ်ဆေးရောင်းဝယ်မှုတွေ လုပ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရှေ့ကနွားကဖြောင့်ဖြောင့် မသွားတော့နောက်ကနွားကလည်း အဖေ့လမ်းစဉ်အတိုင်းလိုက်ပြီး ငယ်ငယ်လေးကတည်းက ဒီလောကမှာပဲကျင်လည်ကျက်စားခဲ့ပါတော့တယ်။ ကြားထဲမှာလည်း ထောင်တွေခဏခဏကျခဲ့ပြီး နောက်ဆုံး ချမှတ် ခံခဲ့ရတဲ့ထောင်ဒဏ် ၃၅ နှစ်ဆိုတာကတော့ သူ့အတွက်အများဆုံးပါပဲ။ ဒါမျိုးတွေက သူ့အတွက် ထမင်းစားရေသောက်လိုတောင် ဖြစ်နေပေမဲ့ ဒီတစ်ခေါက်ထောင်ထဲဝင်ရတဲ့အခါမှာ ထူးခြားနေတာကတော့ သူ့ကောင်မလေးနဲ့ ရထားတဲ့သူ့ရဲ့ကလေးကမွေးတော့မှာဖြစ်ပြီး မကြာခင်မှာ အဖေတစ်ယောက်ဖြစ်ရတော့မှာပါပဲ။အဲ့ဒီကလေးဇောနဲ့ပဲ ဘော့စကိုတစ်ယောက် ဒီထောင်ကနေထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း သူဘယ်လိုအရာတွေခံစားခဲ့ရလဲ သူဘာတွေဖြစ်ချင်ခဲ့လဲ ထောင်ဖောက်ဖို့ကိုရော ဘယ်လို ကြိုးစားခဲ့မယ်ဆိုတာကို သူ့ဘ၀ထဲဝင်ကြည့်နေရသလို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30 GB / 464 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Adventure • Crime
0 2024 99 mins
Bosco
First Girl I Loved
6.1

IMDb 6.1 Rotten Tomatoes 90% ဒီတစ်ခါမှာတော့2016 Sundance Film Festival မှာ Audience Award ရရှိခဲ့တဲ့ LGBTQ+ကားကောင်းလေး တစ်ကောင်းကို CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းလေးကတော့ လူတောသိပ်မတိုးတဲ့ ကျောင်းမှတ်တမ်းဌာနက ကျောင်းသူလေး Anne နဲ့ နာမည်ကြီး Softball စတား ဖြစ်တဲ့ Sasha တို့ နှစ်ယောက်ကြားထဲက ဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးပါပဲ ။ ကျောင်းမှတ်တမ်း စာအုပ်အတွက် မှတ်တမ်းယူပေးဖို့ Softball ပွဲ လိုက်ကြည့်ရာကနေ Sasha ကို ကြွေသွားတဲ့ Anne ဟာ ဒီအကြောင်းတွေကို သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Cliffton ကို ရင်ဖွင့်ခဲ့ပါတယ် ။ ဒီလိုကနေ “လိင်တူချင်းကြိုက်တယ်”ဆိုတာကို လက်ခံနိုင်ပုံမရတဲ့ Cliffton က Anne နဲ့ Sasha တို့ကြားထဲမှာ ခလုတ်ကန်သင်း တစ်ခုလိုဖြစ်လာပါတော့တယ် ။ ဒါပေမယ့် သူတို့နှစ်ယောက် ဆက်ဆံရေးမှာ ခလုတ်ကန်သင်းဖြစ်နေတာက Cliffton ပဲ မဟုတ်ပါဘူး ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ မိဘ ၊ ဆရာ အကုန်လုံးပါပဲ ။ လိင်စိတ်တိမ်းညွှတ်မှု ၊ အချစ် နဲ့ ပတ်ဝန်းကျင်တို့ရဲ့ သုံးခုပြိုင် လွန်ဆွဲပွဲမှာ နောက်ဆုံးတော့ ဘာက အနိုင်ရသွားမလဲ ဆိုတာကို First Girl I’ve Loved ဆိုတဲ့ ဆယ်ကျော်သက်ရုပ်ရှင် ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဒါ့အပြင် သားသမီးတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ် မိဘတွေရဲ့ တုံ့ပြန်မှု ၊ ကိုင်တွယ်မှု အမျိုးမျိုးကိုလည်း မြင်ရဦးမှာပါ ။ ရိုးရိုးလေးနဲ့ နွေးထွေးတဲ့ Plot ကို Color Grading ကောင်းကောင်းနဲ့ ပေါင်းစပ်ဖန်တီးထားတာမို့ LGBTQ+ ရုပ်ရှင် သဘောကျသူတွေအတွက်ဆို သေချာပေါက် ကြည့်သင့်တဲ့ ကားလေးတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ် ။ File size…1.29 GB / 526 MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

6.1 2016 91 mins
First Girl I Loved
Parijatha Parvam
7.5

Parijatha Parvam (2024) မင်းသားတစ်ယောက် ဖြစ်ဖို့အရေး ဒီတစ်ခါမှာတော့ Comedy, Thriller အမျိုးအစား အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ နယ်မြို့လေးတစ်မြို့က သာမညကောင်လေးနှစ်ယောက် တစ်ယောက်က ဒါရိုက်တာ တစ်ယောက်က မင်းသားဖြစ်ဖို့အတွက် ပရိုဂျူဆာတွေကို ကပ်ရင်း ဇာတ်ကားထွက်ရှိဖို့ ကြိုးစားတဲ့အခါ တိုက်ခိုက်ခြင်းမျိုးစုံကို ကြုံရပါတော့တယ် အဲဒီအချိန်မှာ ပရိုဂျူဆာတစ်ယောက်က သူတို့ကို နှိမ့်ချဆက်ဆံတဲ့အတွက် နှစ်ယောက်သား အဲဒီပရိုဂျူဆာရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ စီစဉ်ပါတော့တယ် ဒါပေမဲ့ ပြန်ပေးဆွဲရတဲ့တကယ့်နောက်ကွယ်က အကြောင်းအရင်းက နှိမ့်ချဆက်ဆံတာကြောင့်တင် ဟုတ်ပါ့မလား ဘာလို့များ တကူးတကကြီး ပြန်ပေးဆွဲတာလဲက တွေးစရာဖြစ်လာပါတယ် ဒီတော့ ဘာတွေဆက်ဖြစ်မလဲ…. ဘယ်လိုတိုက်ခိုက်ခံရလို့ ပြန်ပေးဆွဲတာအထိပါ လုပ်ဖို့ ကြံစည်ရတာလဲ…. နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေမလား…သိချင်ရင် ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team က ဖြစ်ပါတယ်)

7.5 2024 133 mins
Parijatha Parvam
It Comes
6.2

It Comes (2018) ဟိဒဲကိဟာ သိပ်ချောလှပြီး ချစ်ရတဲ့ ဇနီးလောင်းလေး ကာနာနဲ့အတူ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် စိတ်ကူးပျော်ရွှင်နေသူတစ်ယောက်… လက်ထပ်ပြီး မကြာခင် ဟိဒဲကိရဲ့အလုပ်ထဲကို ဧည့်တွေ့တစ်ယောက် ရောက်လာခဲ့ပြီး မဆုံလိုက်ရပေမဲ့ ချိဆာဆိုတဲ့ နာမည်တော့ ပြောသွားခဲ့တယ်။ ဧည့်သည်ရောက်နေကြောင်း အသိပေးလာတဲ့ လုပ်ဖော်ကိုင်ဘက်ကတော့ မကြာခင်မှာပဲ ထူးဆန်းတဲ့ ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ အမှုမဲ့အမှတ်မဲ့နေခဲ့ပေမဲ့ သမီးလေး မွေးလာချိန်မှာ ချိဆာလို့ မှည့်ခဲ့တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း တစ်နေ့ တစ်နေ့ သူ့မိသားစုနဲ့ ဘာတွေလုပ်တယ်၊ ဘယ်လိုအတွေးတွေ ရှိတယ်၊ သမီးလေးကို ဘယ်လိုထိန်းကျောင်းတယ်ဆိုတာ ဘလော့ဂ်ထဲ အမြဲရေးတင်တတ်သူ… မိတ်ဆွေ သူငယ်ချင်းတွေ ဘ‌လော့ဂ် ဖတ်သူတွေ အနေနဲ့တော့ ဟိဒဲကိဟာ ဖခင်ကောင်းတစ်ယောက် အများက အားကျရတဲ့မိသားစုလေးပိုင်ဆိုင်ထားသူ… သမီးလေး ၂နှစ်အရွယ်ရောက်ချိန်မှာ သူတို့မိသားစုအပေါ် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်လာပါတော့တယ်။ ဒါတွေကို ကိုင်တွယ်ပေးနိုင်ဖို့ နိုဇာကိနဲ့မာကိုတို တို့ကို အကူအညီတောင်းပြီးနောက်တော့… သမားရိုးကျထက် မထင်မှတ်ထားတဲ့ Plot Twists တွေပါတာမို့ Horror Fans တွေ အတွက် စိတ်ထဲစွဲစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thu Thu မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 2H 15Min Genre – Drama, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Thu Thu Encoded by Y

6.2 2018
It Comes
Naughty aka Neposlushnaya
4.7

Naughty Girl (2023) ရုရှားစကားပြော ဟော့ဟော့ရမ်းရမ်း ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အီလီယာဟာ သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူလေးဖြစ်ကြီး ပတ်ဝန်းကျင်စိမ်းလန်းရေးအတွက်ဆို ရှေ့ဆုံးက မားမားမတ်မတ်ရပ်တည်သူပါ မက်ဗီဆိုတဲ့ သူဌေးကတော့ အီလီယာတို့မြတ်နိုးရတဲ့ ဘစ်စဗီစကီ သစ်တောပန်းခြံမှာ မိုးမျှော်တိုက် ဆောက်ဖို့ကြံပါတယ် ဒီတော့ကား အီလီယာတို့ကျောင်းသားတစ်သိုက်နဲ့ မက်ဗီတို့ ညှိနှိုင်းဆွေးနွေးပွဲတစ်ခုမှာ ငြင်းခုံရင်း အီလီယာက မက်ဗီကို လူရှေ့သူရှေ့ အရှက်ခွဲလိုက်ပါတယ် ဒါပေမဲ့ အီလီယာတစ်ယောက် ဘောစိနဲ့ ပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ … ပွင့်လင်းမြင်သာစွာ ချစ်ကြတဲ့ ပြကွက်တချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပဲ ဖြစ်ပါတယ်

4.7 2023
Naughty aka Neposlushnaya
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate
The Yin-Yang Master Zero Onmyoji Zero
5.7

The Yin-Yang Master Zero (2024) IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ​Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။ မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲ စိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။ တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။ Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးရေး စခဲ့တယ်။ အဲဒီမှာပဲ Seimei ရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စိန်ခေါ်မဲ့ အန္တရာယ်များတဲ့ လှည့်ကွက်တွေ ပေါ်ပေါက်လာပြီး အာဏာနဲ့ရာထူးကို ဆာလောင်မက်မောတဲ့ လောဘကြီးသူတွေကြောင့် လူတွေဘယ်လို ထိခိုက်ရလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (950 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Fantasy,History,Mystery Duration….01:53:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Action
5.7 2024 112 mins
The Yin-Yang Master Zero Onmyoji Zero
Music Teacher
5.3

Music Teacher (2019) “ဂီတဆရာ” IMDb 6.3 ၂ ၀၁၉ က ရိုမန့်တစ်/ဒရာမာ ဟင်ဒီဇာတ်လမ်းဟောင်းလေးတစ်ပုဒ်အား ပြန်လည်တင်ဆက်လိုက်ပါတယ် ဘီနီဆိုတဲ့ သက်လတ်ပိုင်းဂီတသမားတစ်ယောက်ဟာ အတိတ်ကချစ်သူကြောင့် အခုထိအိမ်ထောင်မပြုသေးဘဲရှိပါတယ် သူဟာ တချိန်က ထက်ထက်မြက်မြက်ရှိလှတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ဂီတဆရာဖြစ်ခဲ့ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့ဝေးခဲ့ရပါတယ် ထိုမိန်းကလေးတစ်ယောက် နာမည်ကျော်အဆိုတော်ဖြစ်လာတဲ့အခါ သူ့ရဲ့ဆရာဟောင်းနဲ့ ပြန်လည်တွေ့ဆုံဖို့ အကြောင်းဖန်လာရာမှာတော့ေ ကြေကွဲဇာတ်လမ်းလေးပဲ ဖြစ်မလား ပျော်ရွှင်တဲ့အဆုံးသတ်လေးပဲဖြစ်မလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.3 2019 101 mins
Music Teacher
Angela’s Ashes

“Angela’s Ashes” (1999) ဇာတ်ကားကို Frank McCourt ရဲ့ Pulitzer Prize ဆုရထားတဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို အခြေခံပြီး Alan Parker က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားက 1930 ခုနှစ်ဝန်းကျင် အိုင်ယာလန်နိုင်ငံ Limerick မြို့မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ မက်ကော့မိသားစုရဲ့ ဘဝကို လှလှပပပြသထားတယ်။ ဇာတ်လမ်းက ဖရန်ကီ မက်ကော့ဆိုတဲ့ ကောင်လေးရဲ့ ငယ်ဘဝကနေ ဆယ်ကျော်သက်အရွယ်ထိ သူ့မိသားစုနဲ့အတူ ဆင်းရဲမွဲတေမှု ရောဂါ သေဆုံးမှုတွေနဲ့ ရင်ဆိုင်ရင်း ဘယ်လိုရုန်းကန်ရသလဲဆိုတာကို ပြသထားတယ်။ ဇာတ်လမ်းအစမှာ ဖရန်ကီတို့မိသားစု နယူးယော့ခ်ကနေ အိုင်ယာလန်ကို ပြန်လာကြတယ် ဒါပေမယ့် အဲဒီမှာ ဘဝက ပိုဆိုးသွားတယ်။ ဖရန်ကီရဲ့ဖခင် မလက်ချီ (Robert Carlyle) က အရက်စွဲနေတဲ့သူဖြစ်ပြီး အလုပ်မရှိ ရှိရင်လည်း ရတဲ့ပိုက်ဆံကို အရက်သောက်ပစ်တယ်။ မိခင် အန်ဂျလာ (Emily Watson) ကတော့ သားသမီးတွေအတွက် အရာရာကို သည်းခံရင်း မိသားစုကို ထိန်းသိမ်းထားရတယ်။ ဖရန်ကီကို အသက်အမျိုးမျိုးမှာ သရုပ်ဆောင်သုံးယောက် (Joe Breen, Ciaran Owens, Michael Legge) က သရုပ်ဆောင်ထားပြီး သူ့ရဲ့ ကြီးပြင်းလာပုံကို သဘာဝကျကျပြသထားတယ်။ ဒီဇာတ်ကားက ဆင်းရဲမွဲတေတယ်ဆိုတာရဲ့ ရက်စက်တဲ့အမှန်တရားကို ဖော်ပြထားပြီး Limerick ရဲ့ မိုးစိုစိမ့်နေတဲ့ ဆင်းရဲရပ်ကွက်တွေကို ပြန်လည်ဖန်တီးထားတာ တကယ်ကို ထိမိတယ်။ ဒ ါပေမယ့် စာအုပ်ထဲက ဟာသဆန်ဆန် ပေါ့ပါးတဲ့ အသံသြဇာကို ရုပ်ရှင်မှာ သိပ်မမိဘူးလို့ ဝေဖန်သူတွေက ပြောကြတယ်။ Emily Watson ရဲ့ အန်ဂျလာသရုပ်ဆောင်ချက်တွေက ဒုက္ခတွေကြားထဲက မိခင်တစ်ယောက်ရဲ့ ခံနိုင်ရည်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ ဖရန်ကီကတော့ ဆင်းရဲတဲ့ဒဏ်တွေက ရုန်းထွက်ဖို့ စာဖတ် စာရေးပြီး နောက်ဆုံးမှာ အမေရိကကို ပြန်ရောက်နိုင်ဖို့ အိပ်မက်မက်ခဲ့တယ်။ ဒီဇာတ်ကားက ၂ နာရီ ၂၅ မိနစ်ကြာပြီး R-rated ဖြစ်ပါတယ်။ ရုပ်ရှင်က စာအုပ်ရဲ့ အနှစ်သာရကို ဖမ်းယူထားပေမယ့် အချို့ဝေဖန်သူတွေက စာအုပ်ရဲ့ ဟာသရောစွက်ထားတဲ့ ခံစားချက်ကို မရနိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ကြတယ်။ Rotten Tomatoes မှာ 52% သာ ရရှိထားပေမယ့် ဆင်းရဲမွဲတေတာတွေနဲ့ မိသားစုရဲ့ ရုန်းကန်ရှင်သန်ရတာကို ခံစားကြည့်ရှုချင်သူတွေအတွက် ဒီဇာတ်ကားက တကယ်ထိမိတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(3.4 GB)/(1.7 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 1999
Angela’s Ashes