YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Gen Z E24 CM.mp4

349.49 MB N/A video/mp4 196 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Happy Gilmore
6.6

လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။ File size…(2.82GB)  / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Min Khant Kyi Win

Romance
6.6 1996 92 mins
Happy Gilmore
An Action Hero
6.6

အခုတစ်ခါတက်ဆက်ပေးမယ့်ကားလေးကတော့ Vicky Donor...Andhadhun ဇာတ်ကားများနဲ့ ပရိသတ်အသည်းကိုဖမ်းစားခဲ့တဲ့ ဘောလီဝုဒ်မင်းသားချောလေး အာရွတ်ရှမန်းခူရာနာရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကားနာမည်က အက်ရှင်ဟီးရိုးဆိုတော့ မြင်သာပါတယ် အက်ရှင်ခန်းတွေ ပါမယ်ဆိုတာ...။ ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင် မင်းသားက အောင်မြင်ကျော်ကြားတဲ့ အက်ရှင်မင်းသားတစ်ယောက်ပေါ့နော်။ ရိုက်ကွင်းလေးရှိလို့ မြို့တစ်မြို့ကိုရောက်လာရင်းနဲ့ အဲ့ဒီမြို့က နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ညီဖြစ်သူဟာ မင်းသားနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ရောက်လာခဲ့တယ်။ အခြေအနေတွေဟာ တင်းမာခဲ့ပြီးနောက်မှာ မင်းသားဟာ သူ့ကို မရည်ရွယ်ဘဲ သတ်လိုက်မိပါတယ်။ ဒီတော့ မင်းသားဟာ ပြေးဖို့ဖြစ်လာပါပြီ။ သူအနှစ်နှစ်အလလ ကြိုးစားလာခဲ့တဲ့ အနုပညာအလုပ်ကြီးထိခိုက်မယ့် ဘဝပါပျက်မယ့်အရေးကကနေ လွတ်မြောက်အောင် မင်းသားပြေးနေပါပြီ။ တစ်ဖက်ကလည်း နိုင်ငံရေးသမားကြီးက သူ့ညီအတွက် လက်စားချေဖို့ မင်းသားကို လိုက်နေပါပြီ။ ဆိုတော့ ဘာဆက်လုပ်ရမလဲ သိတယ်မလား ဆက်ကြည့်ကြတော့နော်...။ File size…1.86GB / 831MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Nyein Aye

Romance
6.6 2022 128 mins
An Action Hero
Green Ghost and the Masters of the Stone
5

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Action Drama အမျိုးအစား ဖြစ်ပါတယ် "ချာလီ" ဆိုတဲ့ သူက ကားရောင်းဝယ်ရေး စင်တာရဲ့ဥက္ကဌ ဖြစ်ပြီး ဘဝကို သာမန်လေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ ကမ္ဘာမြေပျက်ဆီးနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာချိန်မှာတော့ သူ့ရဲ့ မွေးစားမိသားစုက သူ့ကို လာခေါ်ခဲ့တယ် သူ ဘဝတစ်လျှောက်လုံး လျှို့ဝှက်ခံခဲ့ရတဲ့ ကိစ္စလေး တစ်ခုကတော့ သူတို့ မိသားစုက ကမ္ဘာမြေက လူသားမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်နေတယ် ဆိုတာပါပဲ သူ့ရဲ့ မွေးစား မိသားစုနဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure, Comedy Quality…. 1080p | 720p | 480p File size…1.2GB | 677MB | 292MB Format… mp4 Duration….1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz Encoder ..... August

Drama
5 2022 81 mins
Green Ghost and the Masters of the Stone
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
[18+] Ahasss

Ahasss (2023) ဂျိတ်ခ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ခိုကိုးရာမဲ့ အိမ်စေကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘော့စ်ဖြစ်သူ မစ္စတာစတုန်းဟေးလ်ကတော့ ချမ်းသာပြီး အပေးအကမ်းရက်ရောပေမယ့် အရက်မူးတဲ့အခါ သွေးဆိုးတတ် သူ့ဇနီးဖြစ်သူကိုနှိပ်စက်ပြီး အကြမ်းပတမ်း လိင်ဆက်ဆံတတ်သူပါ။ သူ့ဇနီးတင်မက သူနဲ့ဘဝတူအိမ်ဖော်အမျိုးသမီး ဂျန်နီကိုလည်းအလွတ်မပေးပါဘူး။ စတုန်းဟေးလ်ကို သူတုန်နေအောင်ကြောက်ပေမဲ့လည်း စတုန်းဟေးလ်ရဲ့ဇနီးသည် အိမ်ရှင်မ အယ်ဒလင်းက သူ့ကိုအထာပေး အစာကျွေးလိုက်တဲ့အခါမှာတော့ အရူးအမဲသားစားမိသလို တန်းတန်းစွဲသွားတဲ့ ဂျိတ်ခ်ဟာ အချစ်အတွက် အသက်ပင်သေသေ ဖင်ညှောင်ရိုးပင်ကျိုးကျိုး စွန့်စားရဲတဲ့သတ္တိတွေရှိလာပြီး မမအယ်ဒလင်းကို ဒီဘဝကြီးက ကယ်တင်ဖို့အတွက် သူ့ဘော့စ် စတုန်းဟေးကိုသတ်ဖို့ကြံပါတော့တယ်။ သူ့အကြံအစည်အောင်မြင်မလား… သူနဲ့အယ်ဒလင်းတို့လွတ်မြောက်ရာမှာနှစ်ကိုယ်တူဘဝထူထောင်နိုင်မလား… ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Science Fiction • Horror
0 2023
[18+] Ahasss
A Heidelberg Holiday
6.9

ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ​ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.9 2023 84 mins
A Heidelberg Holiday
Wiener-Dog
5.9

Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေ တစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်က ပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။ Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီး ခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။ နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကို အိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာက နောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံက သူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။ သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကို ပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ ညီဖြစ်သူ Tommy နဲ့ ချစ်သူ April စုံတွဲဆီကို ပေးထားခဲ့ပြန်ပါတယ်။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ရုပ်ရှင်ကျောင်းက ပါမောက္ခ Dave Schmerz ဖြစ်ပါတယ်။ Career ပိုင်းမှာ မအောင်မြင်တဲ့ Dave ဘဝမှာ ခွေးလေးက သူ့ကိုယ်သူ ပြန်လည်သုံးသပ်မိစေဖို့ အထောက်အကူလေးပါ။ ဒီအပိုင်းမှာတော့ ဒါရိုက်တာက ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေကို သရော်ထားတာလည်း တွေ့ရမှာပါ။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ဘဝနေဝင်ချိန်ကို ရောက်နေတဲ့ နောင်တတွေနဲ့ အဘွားအို NaNa ပါ။ သူကတော့ ခွေးလေးကို Cancer လို့ ခေါ်ပါတယ်။ ဒီအပိုင်းမှာတော့ အဘွားဆီကို လာမတွေ့ဘဲ ငွေလိုမှသာ လာတတ်တဲ့ မြေးဖြစ်သူနဲ့ အဘွား NaNa တို့ရဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာပါ။ ဒီအပိုင်းမှာတော့ သေခြင်းတရား ဘဝရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်စတာတွေနဲ့ ပတ်သက်ပြီး Message ပေးထားပါတယ်။ Wiener Dog က ခွေးချစ်သူတို့ သဘောကျလေ့ရှိကြတဲ့ ခွေးလိမ္မာလေးနဲ့ သခင်တို့ရဲ့ ဇာတ်လမ်းမျိုး မဟုတ်ပေမဲ့ အချိတ်အဆက်မမိတဲ့ အူကြောင်ကြောင် လူလေးယောက်ရဲ့ ဘဝကို ခွေးတစ်ကောင်နဲ့ ချိတ်ဆက်တင်ပြထားပါတယ်။ Dark Comedy အမျိုးအစားဖြစ်ပြီး တွေးစရာ အတွေးစတွေ အများကြီး ကျန်ခဲ့စေမဲ့ ကားကောင်းတစ်ကားဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်) File size… 1 GB / 576 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Juno Saurus

Animation • Action • Comedy • Family
5.9 2016 88 mins
Wiener-Dog
Samurai Detective Onihei: Lawless Love
Nunakkuzhi
7.5

Nunakkhuzhi (2024) “အပျော်မှအပျက်ဆီသို့” ယခုအခါမှာတော့ IMDB 7.5/10 ရရှိထားတဲ့ ဘောလီးဝုဒ်ဟာသကားလေးကို တင်ဆက်ပေးသွားမှာပါ။ မိခင်ဖြစိသူရဲ့ ဖူးဖူးမှုတ်ဂရုစိုက်မှုတွေကြောင့် ကလေးစိတိမကုန်သေးတဲ့ အက်ဘီ… ဖခင်ဖြစ်သူရဲ့ မသေခင်ဆန္ဒကြောင့်အိမ်ထောင်ပြုပီ့း ကုမ္ပဏီကိုဦးဆောင်ခဲ့ရသော်လည်း ကလေးစိတ်မကုန်သေးသော အက်ဘီ… မိန်းမဖြစ်သူနဲ့မင်္ဂလာဦးဗီဒီယိုတွေရိုက်ပြီးသိမ်းထားတတ်တဲ့ အက်ဘီ.. သူဦးဆောင်နေတဲ့ကုမ္ပဏီကို အခွန်ကိစ္စနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးတဲ့အခါ သူ့ကွန်ပျူတာကိုသိမ်းသွားတဲ့အခါ…. သူ့မိန်းမနဲ့ကြားအိမ်ထောင်ရေးအဆင်မပြေဖြစ်လာမလား … သူတို့လင်မယားရဲ့မင်္ဂလာဦးဗီဒီယိုတွေကရော လူံခြုံမှုရှိပါ့မလား… ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာရပြီး ရင့်ကျက်လာမှာလား.. စတာတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team ပဲ ရေးသားပေးထားပါတယ်)

Comedy • Drama
7.5 2024
Nunakkuzhi
Big Sleep
7

Big Sleep (2023) ******************* CM ပရိသတ်ကြီးတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ Busan International Film Festival မှာ (၃) ထပ်ကွမ်းဆုရရှိထားခဲ့တဲ့ ကိုရီးယားနိုင်ငံက အိမ်ပြေးလူငယ်တွေရဲ့ အနာဂတ်ပျောက်တဲ့ပုံစံကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိမ်ပြေးလူငယ်တစ်ယောက်နဲ့ သူ့ကိုဂရုစိုက်တဲ့ လူကြီးတစ်ယောက် ကြုံတွေ့ကြပြီး နှစ်ယောက်သား ဘယ်လိုတွေ ဘဝကိုရှင်သန်ဖြတ်သန်းကြမလဲဆိုတာကို ဇာတ်ကြောင်းအေးအေးလေးနဲ့ ကြည့်ရှုရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဟိုဆိုတဲ့ ကောင်လေးကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ ဂင်ဂီယောင်းက မနက်ခင်းအလုပ်သွားဖို့ လုပ်ရင်း သူ့အိမ်ရှေ့ကကွပ်ပျစ်မှာ အိပ်နေတဲ့ဂီဟိုကို တွေ့သွားပြီး အပြောကြမ်းပေမဲ့ စိတ်ထားကောင်းတဲ့ ဂီယောင်းဟာ ဂီဟိုကိုကြည့်ပြီး သူ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားတဲ့အတွက် ဂီဟိုကို သူ့အိမ်မှာ နေခွင့်ပြုခဲ့ပါတော့တယ်။ ကိုယ်တိုင်က အရှုံးသမားတစ်ယောက်လို နေနေတဲ့ ဂီယောင်းတစ်ယောက် သူ့ထက်ပိုအားနည်းတဲ့ ဂီဟိုကို ဘယ်လိုတွေ နှစ်သိမ့် ဂရုစိုက်ပေးမလဲဆိုတာကို ရင်ထဲထိထိ ကြည့်လိုက်ရ‌အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.54GB / 570MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

7 2023
Big Sleep
Home Sweet Christmas
6.3

*”Home Sweet Christmas”* ဇာတ်လမ်းမှာ Candace Cameron Bure က Sophie အဖြစ် သရုပ်ဆောင်ပြီး Cameron Mathison က Sam အဖြစ်ပါဝင်ထားပါတယ်။ Sophie ဟာ တရားလွှတ်တော်မှာ အောင်မြင်တဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး မိသားစု အိမ်ယာခြံတစ်ခုကို အမွေဆက်ခံရတဲ့အခါ သူ့ရဲ့မွေးရပ်မြေကိုပြန်လာရပါတယ်။ အဲဒီမှာ သူ့ရဲ့ငယ်ဘဝသူငယ်ချင်း Sam နဲ့ပြန်လည်တွေ့ဆုံပြီး ချစ်ခြင်းမေတ္တာနဲ့ ခရစ်စမတ်မုဒ်ကို ပြန်လည်တွေ့ရှိသွားကြပါတယ်။ ဒီဇာတ်လမ်းဟာ ခရစ်စမတ်ပွဲတော်ရဲ့ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာကို ပေါင်းစပ်ထားတဲ့ အေးချမ်းတဲ့ဇာတ်လမ်းဖြစ်ပြီး မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံးဖြစ်ပါတယ်။ File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Banyar Aung

6.3 2024 86 mins
Home Sweet Christmas
He Ain’t Heavy
6.1

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရတဲ့ မောင်တစ်ယောက်အတွက် အစ်မတယောက်ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ မိခင်တယောက်ရဲ့ နာကျင်မှုတွေနဲ့ လူနေမှုဘဝအခက်အခဲတွေအကြောင်းကို ဒါရိုက်တာ David Vincent Smith က ၎င်းရဲ့ ပွဲဦးထွက်ဇာတ်ကားအနေနဲ့ ပုံဖော်ပြသထားတာပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ဒါရိုက်တာ David Vincent Smith ရဲ့ မိသားစုထဲက မူးယစ်ဆေးသားကောင်တယောက်ကို အခြေပြု ရိုက်ကူးထားတာဖြစ်ပြီး မဲလ်ဘုန်းအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့ကာ ရုပ်ရှင်‌ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက် ကောင်းတွေလည်း ရရှိခဲ့ပါတယ် Max ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေကုစားဖို့ကြိုးစားရင်း မူးယစ်ဆေးစွဲသွားတဲ့ လူငယ်တယောက်ဖြစ်ပါတယ် ဆေးသုံးထားတဲ့အခါ မိသားစုအပြင် သူစိမ်းတွေကိုပါရန် ပြုတတ်လာတဲ့ Max ဟာ ဆေးပြယ်ချိန်ဆိုရင်တော့ ဘာတွေ လုပ်မိမှန်း မမှတ်မိတော့ပါဘူး… တနေ့မှာတော့ ဒီအခြေအနေတွေကို ရပ်တန့်ဖို့ အစ်မဖြစ်သူ Jade တယောက် မောင်ဖြစ်သူ Max ကိုအခန်းပိတ်ကာ အတင်းဆေးဖြတ်ပေးဖို့ကြိုးစားပါတော့တယ်.. တချိန်တည်းမှာလည်း ရဲတပ်ဖွဲ့ဟာ Max ရဲ့ ရုတ်တရက် ပျောက်ဆုံးနေမှုနဲ့အတူ Max နဲ့သက်ဆိုင်တဲ့အမှုတခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ် အတင်းဆေးဖြတ်ပေးခံရတဲ့ Max တယောက် မူးယစ်နွံက နေရုန်းထွက်နိုင်မလား… ရဲတွေကရော Max ကို ဘယ်လိုကြောင့် လိုက်လံရှာဖွေနေရပါသလဲ အစ်မဖြစ်သူ Jade တစ်ယောက်ရော အကြံစည်အောင်မြင်သွားမလား စတဲ့ စတဲ့ မေးခွန်းတွေကိုတော့ ဒီကားလေးထဲမှာပဲ ဖော်ထုတ် အဖြေရှာလိုက်ကြပါဦးခင်ဗျာ………… File size… (1.42GB) / (697MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.1 2024 103 mins
He Ain’t Heavy
Madagascar: Escape 2 Africa
6.6

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.6 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

6.6 2008 89 mins
Madagascar: Escape 2 Africa