YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Gen V (2025) S02 E06 1080p HEVC WEB-DL 5.1 [RMC].mp4

580 MB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Adventures of Sharkboy and Lavagirl
5.1

ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို လျော်ပြီး ကားကို အပိုင်သိမ်းထားပြီးကို ကြည့်ခဲ့ကြတယ်။ နောက်ပိုင်း သူ့ထက်တော့ ပိုကောင်းတဲ့ ဘရန်ဒန်ဖရေဆာပါတဲ့ Looney Tunes: Back in Actionတို့ ဂျင်ကာရေးရဲ့ A Series Of An Unfortunate Eventsတို့ ကြည့်ခဲ့ရပေမဲ့ သူတို့ကိုကျော်ပြီး Sharkboy and Lavagirlက ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ DVD ခေတ်မှာ မတူတဲ့ ကားတွေ ဖောခြင်းသောခြင်းကြည့်လာရတဲ့အချိန်ကျတော့ Harry Potter တို့ Lord Of The Ring တို့လိုကားတွေကလွဲ ရုပ်ရှင်တစ်ကားတည်းကို ခဏခဏပြန်ပြန်မကြည့်ဖြစ်ခဲ့ဘူး ဒီလိုနဲ့ အဲဒီကနေ အခုထိ ဒီရုပ်ရှင်ကို ကျွန်တော်ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီကားက မှတ်ဉာဏ်ထဲကတော့ ပျောက်မသွားဘူး။ ဒါပေမဲ့ အမှတ်ရစရာကောင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲ ဒီကားကို ပေါတယ် CGI တွေ ညံ့တယ်ဆိုတဲ့ အသိကြီးက မသိမသာကြီးစိုးနေခဲ့တယ်။ ဒီလိုနဲ့ သတိရပေမဲ့ ပြန်ကြည့်လိုက်ရင် မှတ်ဉာဏ်တွေ ပျက်စီးသွားမှာစိုးတာကြောင့် ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ဒီကားကို ပြန်ရေးရင်း ပြန်ကြည့်ဖြစ်တော့ ထင်ထားတာနဲ့ တက်တက်စင်အောင်တော့လွဲနေတယ်။ ကျွန်တော့်ကိုယ်ပိုင်အမှတ်တရကြောင့်လားတော့မသိပေမဲ့ ဒီကားကို ပြန်ကြည့်ရတဲ့ အရသာက အစောကထင်ခဲ့သလို ပေါလည်းမပေါသလို စုတ်လည်း မစုတ်ပြတ်နေခဲ့ဘူး။ ဇာတ်လမ်းဇာတ်အိမ်ကိုပြောပါတယ်။ ဟိုးတုန်းက အရသာမျိုးရှိနေတုန်းပဲလို့ ပြောရမှာပဲ။ တော်တော်လေးလည်း သဘောကျသွားခဲ့တယ်။ အခုအချိန်ထိလည်း ကျွန်တော်က စိတ်ကူးယဉ်တတ်ဆဲမို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ အားလုံးတော့ ကြိုက်ကြမှာမဟုတ်ပေမဲ့ ၉၇ ၉၈ ၉၉ကာလက ကလေးတော်တော်များများအတွက်တော့ ဒီရုပ်ရှင်ဟာ အမှတ်တရတစ်ခုဖြစ်နေမှာပါပဲ။ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့စိတ်ကူးယဉ်တွေထဲက ကမ္ဘာကြီးမှာ သူ့မှာသူငယ်ချင်း၂ယောက်ရှိတယ်။ Sharkboy နဲ့ Lavagirlပေါ့။ ဆရာတွေ မိဘတွေကတော့ သူ့ကို စိတ်ကူးမယဉ်ဘဲ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ ပြောကြပေမဲ့ သူက သူ့စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်နိုင်တော့ အားလုံးကြားထဲ ငကြောင်လိုလိုဖြစ်နေခဲ့တာပေါ့။ တစ်နေ့ လက်တွေ့ဘဝနဲ့ သူ့စိတ်ကူးယဉ်တွေက အသားကျမနေတဲ့အခါ သူ့ဟာ သူ့စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲဒီမှာ Sharkboy နဲ့ Lavagirlဟာ ကမ္ဘာပေါ်ရောက်လာပြီး သူ့ကို သူ့စိတ်ကူးယဉ်တွေကနေ ဖြစ်တည်လာတဲ့ ဂြိုဟ်ကြီး ပျက်စီးတော့မှာမို့ လာပြန်ပြင်ပေးဖို့ ခေါ်သွားကြတယ်။ ဒီလိုနဲ့ သူ့စိတ်ကူးတွေက တကယ်ဖြစ်နေတာကို သူမျက်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့.... အသစ်ပြန်ဖြစ်တတ်တဲ့ နှလုံးသားတွေအတွက်တော့ ဒီရုပ်ရှင်ဟာ မအိုမင်းနိုင်တဲ့ နေ့ရက်တွေအကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Actino, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2.4GB | 1.1GB | 515MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Drama
5.1 2005 92 mins
The Adventures of Sharkboy and Lavagirl
Shehzada
5.3

IMDb 5.1/10 အခုတစ်ခါတင်ဆက်ပေးမှာကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Kartik Aaryanနဲ့ မင်းသမီး Kriti Sanonတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ ဆေးရုံတစ်ခုမှာ သားယောက်ျား‌လေးရလို့ ပျော်ရွှင်နေကြတဲ့မိသားစုနှစ်ခုရှိနေပါတယ်။ တစ်နေ့တည်းတစ်ချိန်တည်းမှာပဲ မွေးလာခဲ့ရပေမယ့် ကလေးနှစ်ယောက်ဟာတော့ ကံချင်းမတူခဲ့ပါဘူး။ တစ်ယောက်ကတော့ လိုတိုင်းရတဲ့ဘဝမှာ နေရမှာဖြစ်ပြီး တစ်ယောက်ကတော့ ရုန်းကန်ရတဲ့ဘဝမျိုးမှာ နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကံတရားကို ပြောင်းလဲပစ်ချင်တဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်။ ချမ်းသာတဲ့ဘီလျံနာမိသားစုမှာ အလုပ်လုပ်နေရတဲ့ ဗယ်မီကီဟာ သူ့ကလေးနဲ့ အလုပ်ရှင်မိသားစုက ကလေးကို လဲပစ်ခဲ့ပါတယ်။ ကံတရားကမျက်နှာသာမပေးခဲ့တဲ့သူ့ဘဝလိုမျိုး ဒီကလေးလည်း ကြုံတွေ့စေရမယ်။ သူ့သားကတော့ ဘုရင်တစ်ပါးလိုဘဝမျိုးမှာပဲနေရမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားဖြစ်သူဘန်တူကို အမုန်းတရားတွေ လျစ်လျူရှုမှုတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ ဘုရင်တစ်ပါးလိုဆက်ဆံခံနေရတဲ့သူ့သားအရင်းဖြစ်သူ ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိ‌တွေနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲပစ်ခံထားရတဲ့ကံတရားတွေနဲ့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ။ ဘဝအမှန်တွေကိုရော သိသွားကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.24GB / 1.06 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~Yunni~BpL~HM~Cherry

Comedy • Drama • Family
5.3 2023 142 mins
Shehzada
Thunderbird
5

၂၀၂၂ ခုနှစ်ထွက် ရုပ်ရှင်သစ်လေး Thunderbird ကတော့ မှုခင်းအက်ရှင်ကိုကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ လောင်းကစားသမားတစ်ဦးဖြစ်တဲ့ ကင်ထယ်မင်းဟာ တစ်နေ့မှာတော့သူ့ဘဝအလှည့်အပြောင်းဖြစ်သွားစေမယ့်ပမာဏကိုနိုင်ခဲ့ပြီးတော့ Thunderbird ဆိုတဲ့ တန်ဖိုးကြီးကားတစ်စီးကို ရရှိခဲ့တဲ့အပြင် ငွေသားများစွာပါပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကားကိုရောကားထဲကပိုက်ဆံတွေကိုပါ ဆုံးရှုံးဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အစ်ကိုဖြစ်သူ ထယ်ဂယွန်းရယ်၊ ရည်းစားဖြစ်တဲ့ မီယောင်းရယ်နဲ့အတူ ကားကိုလိုက်ရှာရင်း အဲ့ဒီသည်းထိတ်ရင်ဖိုတစ်ညတာအတွင်းမှာ ဘယ်လိုအဖြစ်တွေကြုံတွေ့ရမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့တော့ မင်းသားသစ် Lee Myung Ro ၊ မင်းသမီးသစ် Lee Seol နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် Seo Hyun Woo တို့ကအဓိကပါဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 555MB | 247MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Action • Adventure • Drama
5 2022 97 mins
Thunderbird
The Last 10 Years
7.1

~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~ " ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇) ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ဖြစ်မှာပါ။ ဒီကပရိသတ်တွေ လူသိများတဲ့ မင်းသမီး Nana Komatsu ကလည်း အဓိကနေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက မဆွတ်ရိ(Nana)က အသက်၂၀အရွယ်မှာပဲ အဆုတ်သွေးကြောနဲ့ပတ်သက်တဲ့ရောဂါကြောင့် ၂နှစ်ကျော် ဆေးရုံတက်ခဲ့ရသူပါ။ သူ့ရဲ့ရောဂါက ပျောက်ကင်းအောင်ကုသလို့ မရဘဲ နောက်၁၀နှစ်ထိသာ အသက်ရှင်နိုင်တော့မှာကို မဆွတ်ရိ သိသွားခဲ့ပါတယ်။ ဆေးရုံဆင်းတော့လည်း ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခွင့်မရှိတာကြောင့် အိမ်မှာပဲနားနေရပါတယ်။ သူငယ်ချင်းတွေကတော့ အလုပ်လုပ်ပြီး လက်တွဲဖော်ရှာဖို့ပြောပေမဲ့ လက်ကျန်သက်တမ်းကို သိနေတဲ့သူမကတော့ ဘယ်သူ့ကိုမှ ဘဝထဲမခေါ်ချင်တော့ပါဘူး။ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခုကိုသွားတော့ ငယ်သူငယ်ချင်း ခဇုတိုနဲ့ပြန်ဆုံခဲ့ရပါတယ်။ ခဇုတိုကတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့မိဘတွေရဲ့ဖိအားပေးမှုနဲ့ အလုပ်အဆင်မပြေတာတွေကြောင့် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တဲ့သူပါ။ ဒီလိုနဲ့ အဖြစ်အပျက်တွေကြားမှာ မဆွတ်ရိနဲ့ ခဇုတိုတို့ ချစ်မိသွားကြတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ တစ်သက်လုံးအတူရှိရမှ ပန်းခင်းလမ်းကိုလျှောက်ရမှ ပြည့်စုံတာ မဟုတ်ဘူးဆိုတာ ဒီချစ်သူ၂ဦးက ပြောပြပါလိမ့်မယ်။ လက်တွဲဖော်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပိုင်စိတ်ချမ်းသာမှုထက်ပိုပြီး ငဲ့ကွက်တာ၊ အရေးကြီးတဲ့အခါမှာ ချစ်သူကို ရှေ့တန်းတင် တွေးပေးတာတွေဟာလည်း နွေးထွေးမှုပါပဲ။ စကားဟောင်းလေးအတိုင်းပဲပေါ့။ လူဆိုတဲ့ သတ္တဝါဟာ အချစ်မရှိရင် တစ်ရည်လျော့တတ်တဲ့ အမျိုးမို့ လူဟာ အချစ်နဲ့ကင်းပြီးမနေနိုင်ကြဘူး။ မာယာတွေရစ်သိုင်းထားတဲ့ ဒီလောကဓံတရားအောက်မှာ ဘယ်လူသားကမှလည်း ဒဏ်ရာနဲ့ကင်းပြီးမနေနိုင်ကြဘူး။ အရှုံးတွေကပဲ ပိုချစ်တတ်အောင် သင်ပေးသွားရင်း ကံမဆုံပေမယ့် ချစ်ခြင်းတွေဟာ ဆက်လက်ရှင်သန်နေကြမှာပဲ။ ဒီရုပ်ရှင်ဟာ ဒီအချစ်တွေအကြောင်းပေါ့။ ~ Ref - မောင်သိန်းဇော်၊ သုခမိန်လှိုင်၊ တာရာမင်းဝေ ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.2GB, 661MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Drama • Thriller
7.1 2022 124 mins
The Last 10 Years
Riders of Justice
7.3

IMDb....7.7 ,,,Rotten...93% ဒီကာလမှာ ဂျင်းကားတွေခပ်များများကြားထဲက ဒီလို လတ်ဆတ်ကြမ်းထော်နေတဲ့ ratingတွေလာတဲ့ အက်ရှင်ကားက ခပ်ရှားရှားရယ်.... မားကပ် ဆိုတဲ့ စစ်သားကြီးမှာ မိန်းမနဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့မှ ရထားချင်းမတော်တဆ တိုက်မှုမှာ မိန်းမကသေသွားပြီး သမီးနဲ့သူပဲ ကျန်ခဲ့တယ်။ အဲဒီရထားပေါ်မှာပဲ အချက်အလက်တွေကိ တွက်ချက်လေ့လာတတ်တဲ့ ပညာရှင်တစ်ယောက်ပါ ပါလာတယ်။ သူက မသေဘဲ ကျန်ခဲ့ချိန်မှာ ဒီရထားတိုက်မှုဟာ မတော်တဆမဟုတ်ဘူးလို့ သံသယဖြစ်လာတာကြောင့် ဆက်ပြီး စုံစမ်းခဲ့ပါတယ်။ စုံစမ်းရင်းနဲ့ ဒီအမှုဟာ ဆိုင်ကယ်လူဆိုးဂိုဏ်းနဲ့ပတ်သတ်နေတာကို သိလာတဲ့အခါ သိပ္ပံကြမ်းပိုးတွေနဲ့ စစ်သားကြီးပေါင်းပြီး လူဆိုးဂိုဏ်းကို ဘယ်လိုတွေဗျင်းကြမလဲဆိုတာကိုတော့.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Mr.Andersonပဲဖြစ်ပါတယ်... File Size : (1.7 GB) and ( 1 GB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:56:00 Genre :  Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Crime • Drama
7.3 2020 116 mins
Riders of Justice
Deepwater Horizon
6.9

သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ချီးကျူးခံရပါတယ်။ ရေနံတွင်းကြီးကိုပိုင်တဲ့ BP managers တွေဟာ သတ်မှတ်ထားတဲ့အချိန်ထက် တစ်လနီးပါးလောက်နောက်ကျနေပြီဖြစ်တဲ့လုပ်ငန်းကို အချိန်မီပြီးစီးဖို့ရော၊ ငွေချွေတာတဲ့သဘောရောနဲ့ ပင်လယ်ရေအောက်ဖိအားတိုင်းတာတဲ့ test တစ်ခုကို (Cement test ဟုကြားသည်။ မသေချာပါ။) မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ တကယ်ရေနံတူးကြသူတွေကတော့ Transocean ဆိုတဲ့ Drilling company ကသူများဖြစ်ပါတယ်။ Michael Williams (Mark Wahlberg) က Transocean ရဲ့ Chief electric technician တစ်ယောက်ပါ။ ရေနံတွင်းတူးသမားတွေရဲ့ Captain (Kurt Russell) ကတော့ သင်္ဘောပေါ်ကလူအားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူတာဝန်ရှိတာမို့ BP managers များရဲ့ လက်လွတ်စပယ်ဆုံးဖြတ်ချက်အတွက်အခြေအတင်စကားများကြတယ်။ နောက်ဆုံးတော့ Cement test မလုပ်ရင်တောင် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်တဲ့ Negative pressure test ကိုပြုလုပ်ဖို့သဘောတူကြတယ်။ ဒီ test ကိုပြုလုပ်လိုက်တဲ့အခါ ပင်မရေနံပိုက်လိုင်းမှာ ဖိအားတွေဟာ အန္တရာယ်ရှိအဆင့်ထိ မြင့်တက်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင် လုပ်ငန်းကိုရပ်ဆိုင်းလိုက်ရတော့မှာဖြစ်ပေမယ့် BP representative တစ်ဦး (John Malkovich) က ဖိအားများရင် ရေနံတွေဘာလို့ပန်းထွက်မလာတာလဲလို့ အကြောင်းပြပြီး (သူ့ရဲ့ Bladder effect ဆိုတာတွေရှင်းပြပြီး) ပင်မရေနံလိုင်းရဲ့ဘေး၊ kill line မှာနောက်ထပ် Negative pressure test ထပ်လုပ်စေပါတယ်။ ဒီတစ်ခါမှာတော့ pressure က zero level ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရေနံတူးခြင်းလုပ်ငန်းစတင်လိုက်တဲ့အခါ ရေအောက်ဖိအားတွေတအားတက်လာခဲ့ပြီးနောက်................... Deepwater Horizon ကလည်း ပုံစံခွက်ထဲကနေဖောက်ထွက်ထားတဲ့ဇာတ်ကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရတာ ကျေနပ်နှစ်သိမ့်မှုကိုတော့ပေးစွမ်းနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းလောက်က ထွက်ရှိထားတဲ့ ပုံစံတူ The finest hours ထက်ပိုကြိုက်မိပါတယ်။ The lone survivor ရဲ့ဒါရိုက်တာ Peter Berg ကရိုက်ကူးထားတာပါ။ ဒါကြောင့်လည်း တချို့နေရာတွေမှာ The lone survivor နဲ့ဆင်တူနေတာကို သတိမထားဘဲမနေနိုင်ဘူး။ အထူးသဖြင့် Lone survivor ထဲက တောင်ပေါ်ကခုန်ချကြတဲ့အခန်းတုန်းကလို ခံစားချက်မျိုး ဒီကားမှာ ပြန်လည်ခံစားမိတယ်။ ဒါရိုက်တာဟာ ဇာတ်လမ်းကို overdramatized ဖြစ်သွားမှာစိုးရိမ်ဟန်တူပါတယ်။ ဇာတ်ကောင်မိတ်ဆက်မှုတွေ လိုတာထက်မပိုတာတွေ့ရပါတယ်။ ဇာတ်လမ်းကပိုကျစ်လစ်သွားပေမယ့် ဇာတ်ကောင်များနဲ့သိပ်မရင်းနှီးလိုက်တာကတော့ အပြစ်ပေါ့လေ။ လူဆိုး၊ လူကောင်း၊ သူရဲကောင်းကွဲပြားပေမယ့်လို့ အသေးစိတ်လေးတွေထိ မသွားတာကိုပြောချင်တာပါ။ ရေနံတွေပန်းထွက်လာတာကနေစပြီး အဆုံးထိရောက်တဲ့ဇာတ်ကားရဲ့ action အပိုင်းတွေကတော့ တကယ်ကို ရင်သပ်ရှုမောဖြစ်ဖွယ်ရာပါပဲ။ မီးတောက်ကြီးတွေ၊ ပေါက်ကွဲတာတွေက ပီပြင်လှပါတယ်။ ဒါမျိုးပီပြင်အောင်ရိုက်ခဲ့လို့လည်း budget က သန်းတစ်ရာကျော်ခဲ့တာပေါ့။ လောလောဆယ်ထိတော့ သန်းသုံးဆယ်ကျော်ပဲပြန်ရသေးတယ်လို့ကြားပါတယ်။ ဇာတ်ကားအစမှာ Mark Wahlberg ရဲ့ သမီးဖြစ်သူက ရေနံတူးတာအကြောင်း ကိုကာကိုလာဘူးနဲ့ နိမိတ်ပြသွားတဲ့အခန်းလေးကို ပြီးသွား မှပြန်တွေးရင်းသဘောကျမိတယ်။ သတိထားမိတဲ့ထူးခြားချက်လေးတွေပြောရရင်တော့ Mark Wahlberg ကို A perfect storm ဆိုတဲ့ပုံစံတူဇာတ်ကားမှာ မြင်တွေ့ခဲ့ပြီးပြီးဖြစ်သလို Kurt Russell ဟာလည်း Poseidon မှာပါဝင်ခဲ့ပါတယ်။ ပင်လယ်ပျော်တွေပေါ့။ နောက် Kate Hudson အတွက်လည်း ပထွေးဖြစ်သူ Kurt Russell နဲ့ ပထမဆုံးတွဲဖက်ပါဝင်တဲ့ဇာတ်ကားဖြစ်ခဲ့တာပါ။ ဇာတ်ကားအဆုံးမှာ တကယ့်အပြင်က heroes တွေရဲ့ပုံတွေ၊ news footage တွေကို စာတန်းထိုးရင်းပြသွားတယ်။ ကြည့်ရတာ အဖိုးတန်ပါတယ်။ ဘာသာပြန်ပေးထားတဲ့သူကတော့ အမကြီး Poe Thinzar Kyaw ဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းကိုတော့ Movies We Watch We Feel ကနေကူးယူဖော်ပြခဲ့တာပါ)

Adventure • Comedy • Family • Fantasy
6.9 2016 107 mins
Deepwater Horizon
Rocky Balboa
7.1

လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p 5.1CH/ 720p / 480P Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.1 2006 102 mins
Rocky Balboa
God Bless America
7.1

ဒီတစ်ခါမှာတော့ IMDb 7.1 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးတစ်ခုတင်ဆက်ပေးပါ့မယ် Social media လွှမ်းမိုးလာတာနဲ့အမျှ လူတွေဟာလည်း နေ့ရှိသရွေ့ Cele အကြောင်းတွေ အတင်းတွေ နိုင်ငံရေးအယူအဆတွေ ဝက်ဆိုဒ်ပေါ်မှာတွေ့တာတွေကို ပြောကြဆိုကြရင်း အချိန်ကုန်လာကြပါတယ် အဲ့ဒီလို Social Media လွှမ်းမိုးမှုကို မကြိုက်တဲ့ ဖရန်ခ့်တစ်ယောက်ကတော့ လူ့ဂွစာကြီးဖြစ်နေတာပေါ့ဗျာ ပြီးတော့ ဖရန်ခ့်ဟာ ယဉ်ကျေးမှုပြောင်းလဲလာတာတွေကိုလည်း သဘောကျသူမဟုတ်ပါဘူး ဒီလိုနဲ့ လူ့ဂွစာကြီး ဖရန့်ခ့်ဟာ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပါတော့တယ် အလုပ်ပြုတ်ပြီးပြီးချင်းမှာပဲ သူရဲ့ဦးနှောက်မှာ အကြိတ်တည်နေတာကို ပါ ထပ်သိလိုက်ရပါသေးတယ် ကျန်းမာရေးလည်းမကောင်း အလုပ်လည်းပြုတ် အိမ်ထောင်လည်းကွဲထားတဲ့ ဖရန်ခ့်တစ်ယောက် သူ့ကိုသူ အဆုံးစီရင်ဖို့ကြံစည်ပါတော့တယ် ထိုအချိန်မှာပဲ တီဗီရှိုးတစ်ခုမှာလာတဲ့ ကလိုအီဆိုတဲ့ လူကြီးကို လူကြီးလို မထင်တဲ့ နာမည်ကြီး ကောင်မလေးတစ်ယောက်ဟာ ဖရန်ခ့်အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်နေတာပေါ့ ဒီလိုနဲ့သူဟာ သူ့ကိုယ်သူ အဆုံးမစီရင်ဘဲ ကလိုအီကို သွားသတ်ပါတော့တယ် ဒီလိုနဲ့ သူဟာ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ကို လက်ကိုင်ထားပြီး သူများအတွက် ငဲ့ညှာမကြည့်တဲ့ ယဉ်ကျေးမှုမရှိတဲ့သူတွေကို လိုက်သတ်ပါတော့တယ် သူနဲ့ အတူ အမြင်တူတဲ့ ကလိုအီတို့ ကျောင်းက ကောင်မလေးတစ်ယောက်လည်း ပါလာပါသေးတယ် သူတို့နှစ်ယောက်ရဲ့ သူများနဲ့ မတူတဲ့အမြင်တွေနဲ့ သူတို့ဘာတွေဆက်လုပ်ပြီး ဘယ်လိုများ အဆုံးသတ်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးဗျာ File size…(1.7 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

7.1 2012
God Bless America
Madhouse

ဒီဇာတ်ကားကတော့ စိတ္တဇဆေးရုံမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ကလော့ဒ်စတီဗင်စ်ဆိုတဲ့ အလုပ်သင်တစ်ယောက်က စိတ္တဇဆေးရုံမှာတာဝန်ကျခဲ့ပါတယ် သို့ပေမဲ့အဲ့နေရာက အထောက်ပံ့တွေ အဆောက်ဦးတွေက သိပ်အဆင်မပြေခဲ့ပါဘူး အဲ့ဒါကြောင့် သူကအဲ့ဆေးရုံကို ပိုကောင်းအောင်ပြုပြင်ချင်ပါတယ် ဒါမဲ့ဆေးရုံအုပ်က လက်မခံခဲ့ပါဘူး ပြီးတော့ ဆေးရုံအုပ်က အရမ်းထူးဆန်းနေတော့ စိတ်ထဲဘဝင်မကျဖြစ်လာခဲ့ပါတယ် ထို့အပြင်မှာဆေးရုံကလူနာတွေကလည်း တိုးတက်လာတာရှိမနေခဲ့ပါဘူး သူနာပြုဟန်းဒရစ်ဆိုသူကလည်း လူနာတွေကို ဂရုစိုက်သလိုနဲ့နှိပ်စက်တတ်ပါ‌သေးတယ် အဲ့ဒါကြောင့်စတီဗင်စ်ရဲ့ ဆေးရုံအပေါ်သံသယတွေက ကြီးထွားလာခဲ့ပါတယ် သူစုံစမ်းရင်းကနေ မထင်မှတ်တာတွေသိလာခဲ့တော့ အဲ့ဒါဘာအကြောင်းတွေလည်း ပြီးတော့ဇာတ်လမ်းကအရမ်းထင်မှတ်မထားသလိုဖြစ်လာခဲ့တာကြောင့် ကြည့်ရှူသူတွေအတွက်ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်ကားမျိုးပါ ရင်ခုန်စိတ်လှုပ်ရှားစရာဟော်ရာဆိုတာမျိုးထက် တစိမ့်စိမ့်နဲ့စိတ်ဝင်စားစရာကောင်းအောင်ဇာတ်အိမ်တည်ထားတာကြောင့် လက်လွတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် File size…(1.6 GB)/(792 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Horror • Action • Science Fiction • Comedy
0 2004
Madhouse
HAIKYU!! The Dumpster Battle
7.3

Sport Anime မှာဆိုရင်တော့ Haikyu ကို မသိကြတဲ့လူ ရှားပါလိမ့်မယ်။ သူကတော့ ဘော်လီဘော အားကစားကို အခြေခံထားတဲ့ Anime ကောင်းတစ်ခု ဖြစ်ပါတယ်။ အခု ဒီ ရုပ်ရှင်လေးကတော့ Season 4 အပြီး တိုက်ရိုက်ဆက်စပ်ထားတဲ့ ရုပ်ရှင်လေးပါ။ နောက်ထပ် စီးရီးမလာတော့ပဲ Ending အဖြစ် နောက်ဆုံးရုပ်ရှင်နှစ်ကားထုတ်မယ်ဆိုပြီး ကြေငြာထားရာမှာ ဒီကောင်က ပထမကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသားတို့ Karasuno ကျီးနက်တွေ အစမ်းဆော့ကြည့်တိုင်း ဘယ်တော့မှအနိုင်မရတဲ့ ဟိုးအရင်ကတည်းက ပြိုင်ဖက်ဟောင်းအသင်း ကြောင်ရိုင်းတွေရဲ့ Nekoma အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် အမျိုးသားပြိုင်ပွဲ တတိယအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ကြတာကို ဦးစားပေး တင်ဆက်ထားပါတယ်။ Hinata အနေနဲ့လည်း ဘော်လီဘောအားကစားကို ပေါ့ပေါ့တန်တန် ကစားပေမဲ့ ဉာဏ်အသေပြေးတဲ့ Kenma နဲ့ ပွဲထဲမှာ ဘယ်လိုတွေ ပညာစမ်းကြဦးမလဲ ဘယ်လိုတွေ ဒီအဆင့်ကို ကျော်ဖြတ်ပြီး ဘယ်အသင်းက အနိုင်ရသွားဦးမလဲဆိုတာ ထုံးစံအတိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမယ့် Haikyuu ရုပ်ရှင်လေး ဖြစ်ပါတယ်ဗျာ။ File Size : 914 MB, 490 MB Quality : WEB-DL 1080p / 720p Running Time : 1hr 25min Format : Mp4 Genre : Comedy, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Comedy • Thriller
7.3 2024 85 mins
HAIKYU!! The Dumpster Battle
The Outfit
7

ဒီရုပ်ရှင်လေးကတော့ neo-noir film တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ crime/drama အမျိုးအစားပါ IMDb rating 7 နဲ့ Letterboxd မှာ 3.6 ထိ ရထားပါတယ် Neo-noir ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းမှာ လူကောင်း လူဆိုး ဆိုတာရယ်လို့ ကွဲကွဲပြားပြားမရှိနေဘဲ ဇာတ်ကောင်တွေရဲ့ စိတ်တွင်းကစရိုက်ကို မြင်သာအောင် ရိုက်ပြထားပါတယ် အဓိကဇာတ်ဆောင်အဖြစ် Legendary actor လို့ တင်စားကြတဲ့ Robert Duvall က သရုပ်ဆောင်ထားပါတယ် သူနဲ့ ဆိုးဖော်ဆိုးဖက်အဖြစ် tough guy ကာရိုက်တာတွေမှာ တော်တော်များများတွေ့ရတတ်တဲ့ Joe Don Baker က ပါဝင်ထားပါတယ် ဒီရုပ်ရှင်ဟာ ဒီဇာတ်လမ်းရဲ့ main villain အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Ryan ရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ် neo-noir style အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ၁၉၇၀ ခုနှစ်ကာလတွေရဲ့ သရုပ်ကို ကောင်းကောင်းရိုက်ပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်သမားတစ်ယောက်ဖြစ်သူ မက်ကလင်ဟာ ထောင်ကနေထွက်လာချိန် သူ့ရဲ့ညီဖြစ်သူ အက်ဒီတစ်ယောက် The Outfit ဆိုတဲ့ဂိုဏ်းရဲ့ အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် သူ့ညီအတွက် လက်စားပြန်ချေဖို့ တွဲဖက်ဟောင်းကြီး ကိုဒီနဲ့ ပြန်ပူးပေါင်းပြီး The Outfit ဂိုဏ်းကို တိုက်ဖို့ စီစဉ်ပါတော့တယ် ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်း လူဆိုးလူမိုက်တွေရဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဆိုတာမျိုးပါပဲ အချင်းချင်း အပြန်အလှန် သတ်ဖို့ချောင်းနေကြတဲ့အချိန်မှာ ကံကောင်းတဲ့ကောင်က အသာစီးရတတ်သလိုပေါ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်နဲ့ တစ်ထပ်တည်းကျတဲ့ သရုပ်ဆောင်မှု၊ neo-noir ရုပ်ရှင်ရသ၊ crime, drama ရသကို အပြည့်အဝ ခံစားရမှာပါခင်ဗျ…. File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Heist, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

Comedy
7 1973 103 mins
The Outfit
The Game Changer
5.4

၁၉၃၀ ၀န်းကျင်မှာ ရှန်ဟိုင်းမြိုဟာ မငြိမ်မသက်မှုမျိုးစုံနဲ့။ လီ‌ဇစ်ဟောင်ဟာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောင်းသားသပိတ်တစ်ခုမှာ အဖမ်းခံခဲ့ရလို့ နှိပ်စက်ခံ အကျဉ်းချခံခဲ့ရတယ်။ ထောင်ထဲကနေ ကောင်လေးတစ်ယောက်နဲ့အတူ ထွက်ပြေးလာခဲ့ပြီးနောက်မှာ သူဌေးသမီးလေးတစ်ယောက်ကိုလည်း လူဆိုးတွေလက်ထဲကနေ ကယ်ပေးခဲ့ရပြန်တယ်။ ကယ်ပေးခဲ့တဲ့ကျေးဇူး‌တရားတွေကြောင့် အိမ်ခြေယာမဲ့နေတဲ့သူ့ကို အိမ်ခေါ်သွားခဲ့ချိန်မှာ သူ့အဖေ့ဟာ ရှန်ဟိုင်းရဲ့အာဏာပိုင်ကြီးတွေထဲကတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတွေကို သတ်မိန့်ပေးခဲ့သူကြီးဖြစ်နေတော့ ……။ File size…(2.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:20:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Horror • Fantasy • Thriller • Action
5.4 2017 126 mins
The Game Changer
Snake Woman
5.6

ညီအစ်ကိုလေး၂ယောက်ဟာတောထဲကိုသွားရင် ထူးဆန်းတဲ့ တိရိစ္ဆာန်တစ်ကောင်နဲ့တွေ့ပြီး အစ်ကိုဖြစ်တဲ့သူကပျောက်သွားခဲ့ပါတယ်။ ညီဖြစ်တဲ့သူဟာသူ့ဘဝတစ်လျှောက်လုံး အစ်ကို့ကိုလိုက်ရှာနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ရွာလေးတစ်ရွာမှာမြွေသားပေါက်လေးတွေကိုဖမ်းခဲ့မိလို့ မြွေမကြီးလိုက်တဲ့အမှုကိုဖြေရှင်းရင်း မြွေသခင်ကြီးဆိုတဲ့လူနဲ့တွေ့ပါတယ်။ မြွေသခင်ကြီးတို့ရဲ့လူတွေကိုသတ်သွားတဲ့သတ္တဝါရဲ့လုပ်နည်းလုပ်ဟန်တွေက သူ့အစ်ကိုကိုဖမ်းသွားတဲ့သတ္တဝါနဲ့တူတယ်လို့ယူဆတဲ့အတွက် မြွေသခင်ကြီးတို့အဖွဲ့နဲ့အလုပ်အတူတွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တောထဲမှာအဲဒီထူးဆန်းသတ္တဝါနဲ့တကယ်ကြုံကြတော့ အဲဒီသတ္တဝါကမိန်းကလေးတစ်ပိုင်းမြွေတစ်ပိုင်းဖြစ်နေပါတယ်။ ဒီမိန်းကလေးကဘာကြောင့်ဒီလိုမြွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေရတာလဲ….. ကောင်လေးရဲ့အစ်ကိုကရော ဘယ်ကိုရောက်သွားတာလဲ…… ဒီအရာအားလုံးရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……

Fantasy • Comedy • Romance • Science Fiction
5.6 2025
Snake Woman
Out of the Past
8

ဂျက်ဖ်ဟာ အလွတ်စုံထောက်တစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ နယ်မြိုလေးတစ်မြိုမှာ ဆီဆိုင်ဖွင့်ပြီး ဘ၀သစ်စနေတယ်။ အတိတ်ကိုမေ့ဖျောက်လိုက်ချင်ပေမဲ့ အတိတ်ကတော့ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာဆဲ။ ဂျက်ဖ်ဟာ တစ်ချိန်တစ်ခါက မချစ်သင့်တဲ့မိန်းမတစ်ယောက်ကိုလည်း ချစ်ခဲ့ဖူးတယ်။ အဲဒီမိန်းမကြောင့်ပဲ သူ့ဘ၀ဟာ အလှည့်အပြောင်းများစွာနဲ့ဂနာမငြိမ်ဖြစ်ခဲ့ရပြီး နှုတ်မဆက်ဘဲထွက်သွားခဲ့တဲ့သူမကို မေ့ဖျောက်နိုင်ဖို့ အတိတ်ကိုအတိတ်လိုပဲထားခဲ့လိုက်ချင်ပေမဲ့လည်း…. File size…(1.7 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Film Noir, Crime, Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Romance • Drama
8 1947 97 mins
Out of the Past